ပိုင်းလုံးလေးရဲ့ ရင်ဖွင့်သံ
ပိုင်းလုံး တဲ့လေ… ။ နာမည်က နားကြားစိုးနေလား …. ။
အင်း းးးးးးးးးးးးး ရှင် တို့အတွက်တော့ ဒီနာမည်က နားကြားပြင်းကတ်ပေမဲ့ ကျွန်မကတော့ အခေါ်ခံရလွန်းလို့ ရိုးနေပါပြီ ။
ချီးမွမ်းခုနှစ်ရက် ကဲ့ရက်ခုနှစ်ရက်ပါတော် … ။ ပတ်ဝန်းကျင်ကို ကျွန်မ ဂရုမစိုက်ပါဘူး …. ကိုယ့်ဝမ်းပူဆာ မနေသာ မို့လား … ။ သံသယာ ပါတာတွေ မပါတာတွေ ကျွန်မမသိဘူးလေ… တုံးတဲ့လူက ခံပဲပေါ့ … ။ ကျွန်မကိုယ်တိုင်ဆို ဒီလို ပစ္စည်းတွေ ဝယ်ဖို့ မပြောနဲ့ ကိုင်ရဲတဲ့ သတိ္တတောင် မရှိပါဘူး .. ဈေးတွေက ခေါင်ခိုက်နေတာကိုး … ရရစားစား ဘဝမှာ လက်ထဲရောက်လာတာလေး ဆုတ်ကိုင်နိုင်ဖို့ အရေးကြီးတယ်မို့လားရှင် ။
နာမည်ခေါ်တာပဲ ပဲ့ပါသွားတာမှမဟုတ်တာ ခေါ်ချင်တာ ခေါ်ကြပါစေ ။ ကျွန်မကတော့ အလကားရတဲ့ လက်ဆောင်ဆိုတာမျိုးကို ကြိုက်မှ ကြိုက်လေ … ။ သိတယ်မဟုတ်လား …. ပုရိသလေ … အလကားတော့ ဘယ်ရပါ့မလဲ … ကျွန်မလည်း တတ်သလောက် မှတတ်သလောက်လေး ထုတ်သုံးပြီး ချွဲထားရတာ … ။
ဟင်း ဟင်း ဟင်းဟင်း းးးးးးးးးးး ကျွန်မကို ပညာစုံလှပြီ မထင်နဲ့နော် … ။
ဆရာ့ ဆရာမကြီးများလို မဟုတ်သေးဘူးရှင့် …ကျွန်မက အခုမှ ပညာသင်အဆင့်လေ … ။ အနေချောင် အစားချောင်ယုံလောက်ပါပဲ …..။ စီးပွားဖြစ် မကြံရသေးပါဘူး … ။ သူများတွေလို တိုက်တွေ ကားတွေ ရယုံ မကြံတတ်သေးဘူးလေ… ။
ရှင်တို့ သိရဲ့လား … လူတွေက အတင်းသာ ပြောရလျှင် ထမင်းမေ့ ဟင်းမေ့လည်း … ကျွန်မကလည်း ထမင်းသာ စားရမယ်ဆိုလျှင် အတင်းလည်း ဂရုမစိုက်နိုင်ပါဘူး … ။ လူတိုင်း ဒီလိုပါပဲ ဘဝရပ်တည်မှူအတွက် ရတဲ့နေရာကနေ ယူရမှာပါပဲ … ။
လက်ရှိအလုပ်လား … အင်း… လူမြင်ကောင်းအောင် ထိန်းလုပ်နေရတာပေါ့ … တကယ်တမ်းစီးပွားဖြစ်တာ ဒီအလုပ်က မဟုတ်ဘူးလေ … ကျွန်မ ချွဲတတ်မှ ကျတတ်တာပဲ …။ ကျွန်မရဲ့ စီးပွားရေးက ကျွန်မရဲ့ ပြောဆို ဆက်ဆံ သွားလာမှူတွေနဲ့ တိုက်ရိုက်အချိုးကျတယ်ရှင့် ။
သူ့အသက်လား … ကျွန်မစိတ်မဝင်စားလို့ မေးမကြည့်မိပါဘူး … အဓိကက သွားမပါလျှင်နေပါစေလေ …ကားပါလျှင်ပြီးရောမို့လား … နောက်တော့လည်း အဲ့ဒီပါတဲ့ကား ကျွန်မလက်ထဲ ရောက်မလာဘူးလို့ ဘယ်သူ တထစ်ချပြောနိုင်မှာလဲ …။ သူ့မိန်းမကြီးဆီတော် သူမပြန်တော့တာ ကြာပြီပဲ … ။ ဘာကံတွေ ညာကံတွေ ကျွန်မမသိဘူး … နောက်ခါလာနောက်ဈေးပဲ …လောလောဆယ် ကျွန်မ ဝအောင်စားပြီး လှအောင် ဝတ်ရဖို့က အဓိကပဲ … ။
အံမယ် .. ရှင်တို့က တီးတိုးဝေဖန်တယ်လား … သတိ္တရှိလျှင် ကျွန်မလိုပဲ ပိုင်းလုံး လုပ်ကြည့်ပါလားဟင် … ဒါမှ ကိုယ့်တန်ဖိုးကိုယ်သိမှာ … ကျွန်မသိတဲ့ တန်ဖိုးက ဟိုးခေတ်ကလို ဘီးဆံပတ်နဲ့ ခေတ်မဟုတ်တော့ဘူးလေ…. ပိုက်ဆံ ဘယ်လောက်ရှာနိုင်လဲ ဆိုတဲ့အပေါ် မူတည်ပြီး ကျွန်မက တန်ဖိုး ဖြတ်တာရှင့်…. ။
ဘာ……..ရှင်တို့ လည်း စိတ်ဝင်စားတယ်လား … ပိုင်းလုံးအလုပ်ကို … ။
အထွေထူး မလိုပါဘူး …ရုပ်လေး ရွက်ကြမ်းရေကျိုဆိုလျှင်တောင် ပိုက်ဆံခဏချေးညှားပြီး ဆံပင် မိတ်ကပ် အသားရေ လူမြင်သာအောင် သွားပြင်လိုက်ဦး …. ။ နောက်ပြန်ရှာလို့ လွယ်တယ်… ။ ဒီခေတ်ထဲ ပိုက်ဆံပေးလျှင် တကိုယ်လုံးတောင် ပေါင်းတင်လို့ ရနေပြီပဲ …ကျွန်မလို ရုပ်ခံမရှိတဲ့လူတောင် အဆင်ပြေအောင် ပြင်ဆင်တတ်သေးတာပဲ … ရှင်တို့လည်း …ဒီလောက်တော့ဖြစ်ပါတယ် .. ။
ဒါနဲ့ … မေ့လို့ … ရှင်တို့ စကားပြောလည်း ညက်ရမယ်နော်…. ။ အပြင်မှာ ဘီလူးရုပ်ဖြစ်တောင် မျက်နှာချင်းဆိုင်ဖြစ်ဖြစ် ၊ ချက်တင်လေး ၊ ဖုန်းလေးပြောလျှင် အိစိအိစိ လုပ်တတ်ရမယ် …. ။ ဦးဦးအရွယ်ဆိုလည်း အကိုကြီးတို့ … ကိုတို့ … ခေါ် … သားအရွယ်လည်း မောင်တွေ ဘာတွေ ခေါ် ဒါမှ သဘောတွေ့ မနောခွေ့မှာ … ။ စီးပွားရေးအရ ပုပုကွကွ ၊ နုနုရွရွတွေကိုလည်း …. ကြောင်အော်သံလို ညှောင်နာနာလေးပြောတတ်ရဦးမယ် … ။ ကျူကျူပါအောင်လည်း ဇာတ်နာနာနဲ့ ဘဝဇာတ်ကြောင်း ဟုတ်တာရော မဟုတ်တာရော ပြော တတ်ရဦးမယ် .. ဒါမှ သနားမှာလေ … ။ နည်းနည်း အသည်း မာတဲ့လူနဲ့ တွေ့လျှင် မျက်ရည်လေး နှစ်စက်သုံးစက်လောက် အကယ်ဒမီ မင်းသမီးအိုက်တင်နဲ့ … သူမြင်အောင် ငိုပြရဦးမယ်လေ … ဒါမှ ကူညီပါရစေ ဆိုပြီး …. ခြင်္သေ့တွေ ၊ ဆင်တွေ မွေးဖို့ ပေးမှာပေါ့ …။
တစ်ခါတစ်လေ ပြိုင်ချိန်းလို့ နှစ်ယောက်တိုးလျှင်လည်း … အရူးကွက်နင်းရတာပေါ့ … သိတဲ့အတိုင်းလေ… အကြောင်းမလှလို့ မင်းသမီးမဖြစ်ပေမဲ့ ကျွန်မက ဒါမျိုးတွေ ပိုင်ပါတယ်… ။
လူမြင်မှာစိုးသေးလား … စိတ်မပူနဲ့ ရှင် … လူလစ်တဲ့နေရာမှာ သွားတွဲ ….. ဒီထက်သေချာချင်ရင် ခရီးတွေ ဘာတွေ ထွက်လိုက် … တည့်တည့်တိုးတဲ့ လူမရှိလျှင် ပတ်ဝန်းကျင်က မသိပါဘူး … ။ ကျွန်မတို့ဘဝဒီလိုပဲပေါ့ … ရေပေါ်ဆီလို နေရတာပေါ့လေ.. ။
ဟိုကောင်မတွေ … အတင်းပဲ တုပ်ပြီး ကျွန်မကို မနာလိုဘူးတဲ့လား … အင်းလေ…လောလောဆယ် ကျွန်မက သူတို့ ထက် အဆဆအရာရာသာနေတာကိုး … ဘေးမှာကလည်း ပံ့ပိုးပေးမဲ့လူတွေက ပုံလို့ … နာမည်လေးသာ ဆိုးတာ … လိုတိုင်းတရတဲ့ ဘဝကို ဒင်းတို့မှ မသိသေးပဲကိုး … ။
ကဲကဲ ရှင်တို့ကို ပြောပြနေရတာနဲ့ ကျွန်မ သွားလာဖို့ နောက်ကျနေပြီ … ဒီနေ ့လည်း အန်ကယ်ကြီး … အဲ … ကိုကိုကြီးနဲ့ ချိန်းထားတာရှင့် … ။ ဘယ်သွားမလဲတော့ ကျွန်မမပြောတော့ပါဘူး … ဆီလို အပေါက်ရှာယိုချင်နေတဲ့ ရှင်တို့ ပါးစပ်ကို ကြောက်လွန်းလို့ပါ … ။ တွေ့တော့လည်း မသိချင်ယောင်ဆောင်သွားပေါ့ရှင် …. ။ အတင်းပြောရတာ ဝါသနာလို့ ဆိုလျှင်လည်း … ကျွန်မကပဲ မျက်နှာပြောင်တိုက်ပြီး …. လမ်းတွေ့တဲ့အခါ ပြုံးပြရမှာပေါ့ရှင် ။ ။
33 comments
PaukPhaw
July 20, 2011 at 4:51 pm
လာ..လာ..အရှစ်ကလေး.
မျက်နှပြောင်တိုက်ပြီး ရှင်းကြနေနဲ ့
ကယ်ကယ်ကြီး..အဲ..တိုတိုရီးတို ့..ဒိုးဖို ့အချိန်တန်ဘီ
ဘယ်လဲ..လာမမေးနဲ ့..ကြောဝူး…တတ်ဘလိုက်
😉
usnczn
July 20, 2011 at 4:59 pm
တနလာင်္နေ့က အင်တာနက်ဂျာနယ် မှာ
ဟိုတယောက်က ပြထားတဲ့ ပစ္စည်းတွေက
လက်ဆောင်ရထားတာတွေချည်းဘဲတဲ့…..။
အလကားရတဲ့ လက်ဆောင်တော့ မဟုတ်လောက်ဘူးပေါ့နော်။
Foreign Resident
July 20, 2011 at 6:54 pm
Which week & Who ?
as I have to find this journal & download it.
intro
July 21, 2011 at 12:10 pm
ဆုန်သင်းပါရ် နဲ့ Dell Laptop ကိုပြောချင်တာပါ… ဆုန်သင်းပါရ်က ဒီ Dell Laptop တစ်လုံးက အမေရိကသွားသုံးက လက်ဆောင်ရတာပါလို့ ပြောခဲ့ပါတယ်… ယခုအပါတ်ထုတ် အင်တာနက်ဂျာနယ်မှာပါ…
Foreign Resident
July 21, 2011 at 12:44 pm
Dear intro,
It might be normal present.
Generally, Dell laptop is not very expensive ( 500 to 1500 $ only ).
I saw one celebrity’s fan give a pure present of around 3000 $.
It might be expensive for Myanmar people,
but you need to consider, some got very good salary ( let say, 30000 to 40000 $ per month ), So, they don’t need to care about 3000 $.
pan pan
July 20, 2011 at 4:59 pm
မetoneရယ်…ရေးလည်းရေးတတ်ပါပေတယ်
ဒီပိုစ့်ထဲက ပိုင်းလုံးက ဒီတိုင်းသာဆိုရင် ဟိုဟာသာသာရယ်ပေ့ါ
အင်း…..မော်တာဂဲတွေလိုဆိုရင်တော့ စပွန်ဆာပေ့ါနော် 😛
MOEPWINTPHYU
July 20, 2011 at 5:02 pm
သူများအတင်းလဲ မပြောတတ်ပါ ကိစိကွစိဘာညာကိကွ ဘဝကိုပေါတန်စွာနေပြီ နောက်ဘဝကို ဘယ်လိုရင်ဆိုင်မလဲ
နောက်ဘဝကို ယုံကြည်တယ်
good
July 20, 2011 at 5:17 pm
ခံစားချက်အတိုင်း ရေးထားသလိုဘဲ။
etone
July 21, 2011 at 8:14 am
ဒါပေါ့ … ပိုင်းလုံးနေရာကကို ဝင်ခံစားပြီးရေးလိုက်တာ ဟားဟား 😀 😀
moethidasoe
July 20, 2011 at 5:36 pm
အရေး ညက်တယ် .. တော်တော်ကြာ စိတ်ပါတဲ့လူတွေများလာလို့ ပိုင်းလုံးဦးရေတိုးနေဦးမယ်
hmee
July 20, 2011 at 6:01 pm
ဒေါ်အီးတုံးကတော့ လုပ်ချလိုက်ပြန်ပြီ။ သူပဲကြံကြံဖန်ဖန် တွေးတတ်တယ်။ တယောက်ယောက်ကို အင်တာဗျုးထားပြီး ပြန်ရေးတာလား။
etone
July 21, 2011 at 8:16 am
တစ်ယောက်ယောက်ကို အင်တာဗျူးထားတာတော့ မဟုတ်ပါဘူး မမှီရေ … မြင်ရတွေ့ရ အချိုးမကျတာလေးတွေကို မပြောလျှင် မနေနိုင်လို့ …. ရေးချလိုက်တာ 😀
naywoonni
July 20, 2011 at 6:04 pm
အဲဒိလို အစ မျိုးကလည်း ဒီလိုနေရာ စာလာမဖတ်ဘူး…။ ဒီလိုနေရာရောက်အောင်လာတဲ့ သူကလည်း အဲဒိလို အစမျိုး တစ်ယောက်မှ မပါဘူး ….။ ဒီတော့ကာ -ိုင်း -ုံး ဦးရေ တိုးလာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်…။ နော် ဟုတ်လား ………. ရွာသူများ ………..
cobra
July 20, 2011 at 6:19 pm
ဘယ်လိုကြီးလဲဟ။
windtalker
July 20, 2011 at 6:39 pm
etone က ဂေဇက် ရဲ ့satire ဆရာမ ကြီး ဆိုတာ အခု ဒီပို ့စ် နဲ ့သိလိုက်ရပါပြီ ။ ဖတ်လို ့အရမ်းကောင်းဗျာ ။
ရွှေဘိုသား
July 20, 2011 at 6:50 pm
မော်ဒယ်မလေးများနှင်.မင်းသမီးများကို ဇာတ်ကားရိုက်ရာမှာသုံးဖို.
ရွှေဘိုသနပ်ခါး စပွန်ဆာ ပေးလိုပါသည်။
မှတ်ချက်-အလကားတော. ဘယ်ဟာမှမရဘူးနော်
ကြောင်ကြီး
July 21, 2011 at 6:17 am
ရွှေဘိုသားရေ…. မင်းရဲ့သနပ်ခါးနဲ့ သူတို့လေးတွေကို လိမ်းကျံပေးဖို့ ဦးကြောင် တာဝန်ယူသကွဲ့။ ဦးကြောင်လက်ရာကို စပွန်ဆာတွေ လက်ဖျားခါသွားစေရမယ်… 😎
Foreign Resident
July 21, 2011 at 9:31 am
I don’t think မော်ဒယ်မလေးများနှင်.မင်းသမီးများ use သနပ်ခါး recently.
Give up ရွှေဘိုသား & U ကြောင်ကြီး, sorry !!!
R Ga
July 20, 2011 at 6:54 pm
မင်းသမီး လုပ်နေတဲ့ ပို်င်းလုံးကြီးကြီးတွေကပိုဆိုးတယ်။
chitpyae
July 21, 2011 at 7:13 am
ဘုရားဘုရား …. ရွှေဘိုသားက စပွန်ဆာပေးပီးတော့ ဦးကြောင်က ရွာသူတွေကို …လိမ်းပေးမတဲ့ ….
ရွာသူများ သတိသာထားနေပေတော့ …… 🙂
ကိုအာဂ ရေ မင်းသမီးလုပ်နေတဲ့ သူတွေက ပိုဆိုးတော့မပေါ့ … သူတို့ရဲ့ အလှပြင်စရိ်တ်တွေ ….အဝတ်အစားဖိုးတွေနဲ့ တခြားတခြားသော အဖိုးအခတွေက ပိုများသကိုး ရှင့် ဟုတ်တယ်ဟုတ် .. 🙂
မိုက်ကယ်ဂျော်နီအောင်ပု
July 21, 2011 at 9:01 am
အင်းးးးးးးးးးးးး
ဖတ်ရင်း ဖတ်ရင်းနဲ့ အဆုံးမှာ
ဘယ်မေးလ်းကရပါတယ်ဘာညာ လာမယ်မှတ်နေတာ
ကိုယ်တိုင်ရေးထားတာဆိုတော့
တော်တော်ကဗျာဆန်တာဘဲ
သိပ်ကောင်းတာဘဲကွယ်ဖတ်လို့
( ပိုင်လုံးမဆိုတာ နာမည်သာမကောင်းတယ် လင်ယူစရာလည်းမလိုဘူး
ဝင်ငွေလည်းဖြောင့်တယ် အပျင်းလည်းပြေတယ် ဘာညာ ထပ်ပြီးဖြည့်တင်းရေးသားလိုက်ရင်
ဘဲရီး ဂွတ်ထဖြစ်သွားမယ် )
ကိုယ်တိုင် ပရက်တီကယ်ဆင်းပြီး အိပ်စပီးရီးယန့်ကို ရေးထားသလားးးးးးးးးးးးးးးးးးလို့ 😀 😀 😀
etone
July 21, 2011 at 9:05 am
အဘပုကတော့ စော်စော်ကားကား ကျုပ်ကို ပရယ်တီကယ်ဆင်းခိုင်းနေပြန်ပြီ … ။
အေးဆေးပဲနေပါရစေ အဘပုရယ် … ကျုပ် အဲ့ဒီလိုင်း ထဲဝင်လိုက်လျှင် ပိုင်းလုံးမတွေ ထမင်းငတ်ကုန်မှာ စိုးလို့ … သဘောပေါက် … 😛 😛 😛
Foreign Resident
July 21, 2011 at 9:34 am
Bravo M J A Pu !!!
သိပ်ကောင်းတာဘဲကွယ်ဖတ်လို့
( ပိုင်လုံးမဆိုတာ နာမည်သာမကောင်းတယ် လင်ယူစရာလည်းမလိုဘူး
ဝင်ငွေလည်းဖြောင့်တယ် အပျင်းလည်းပြေတယ် ဘာညာ ထပ်ပြီးဖြည့်တင်းရေးသားလိုက်ရင်
ဘဲရီး ဂွတ်ထဖြစ်သွားမယ် )
ရွှေဘိုသား
July 21, 2011 at 9:31 am
ဦးကြောင် လိမ်းပေးချင်သပဆိုလည်း ကိုယ်.ရွာသားကြီးမို. အာနာတာနဲ.
ပါးပြင်လေးလောက်တော. လိမ်းပေးခွင်.ပြုပါ.မယ်
ကျန်တဲ.နေရာတွေကိုတော. ကိုယ်တိုင်ပဲ လိမ်းပေးလိုက်မယ်ဗျာနော်
ရွာသူတွေကို လိမ်းမပေးပါဘူး မချစ်ပြည်.ရာ
ရွာသူတွေကလည်း ဟော.ရှော. တွေဆို ရွှေဘိုသနပ်ခါးလိမ်းမှာမဟုတ်ဘူး
မင်းသမီးတွေကမှ တောသူ ကားလေရိုက်ရင်လိုအပ်မှာ
မမအိတုန် ကွင်းမဆင်းလိုက်နဲ.နော်
သူတို. ထမင်းငတ်လို. ဝိုင်းရိုက်နေလိမ်.မယ်
နွယ်ပင်
July 21, 2011 at 9:58 am
etone ရေ အရေးအသားက ကောင်းသလို ပြောထားတာလေးတွေကလဲ ညက်နေတာပဲ
အပြင်မှာကတော့ ပိုင်းလုံး = စပွန်ဆာတွေက မော်ဒယ်လောကမှာ မရှိမဖြစ်ပါပဲ
စပွန်ဆာမရှိရင်တောင် မျက်နှာငယ်ရတယ်ဆိုပဲ …..
ရွှေဘိုသား
July 21, 2011 at 10:02 am
သူတို.မော်ဒယ်တွေက ပြတ်သားတယ်နော်
ရော. ပတ္တမြား ရော. နဂါးပဲ
ဒီလိုပြတ်သားမှ မော်ဒယ်လုပ်ရတာ မျက်နှာမငယ်ရတာကိုးဗျ
athaylay
July 21, 2011 at 1:42 pm
ခေတ်ကြီးကိုက လည်သူစားကြေးဖြစ်နေတယ်။
Yan Shin
July 21, 2011 at 2:17 pm
အီတုန်းရေ
အသက်ဝင်လိုက်တာ
ကိုယ်တွေ့ကို ပြန်ပြောနေသလားအောက်မေ့ရတယ်။
နဲနဲအကြံပြုခြင်တာက
ပညာပေးလေးလည်းထည့်ပေးစေခြင်တယ်။
ဥပမာ ကွာ
ပိုင်းလုံးလုပ်နေပေမဲ့ ခေတ်ရောဂါ၊ ကူးစက်မှု့တွေကိုလေ့လာထားရကြောင်း သိထားရကြောင်း
ဆောင်ရန်ရှောင်ရန်တွေ လိုကိုလိုအပ်ကြောင်း
ပြီးတော့လဲ အသက်နဲ့အမျှ တန်ဘိုးလည်းကျလာကြောင်း ခေတ်ရှိတုန်း အချိန်ကိုနားလည်ပြီး စုဆောင်း အရင်းအနှီးလုပ်နေကြောင်းတွေ
စသည် ထည်ရေးပေးရင် ပညာပေးရသဝတ္တု တိုလေးဖြစ်သွားမလားလို့။
အားလုံးကို sorry နှော်…………………..
ဆရာကြီးလုပ်တာ မဟုတ်ရပါဘူးလို့.
meelay
July 21, 2011 at 3:29 pm
etone ရဲ့ ဒီလိုအရေးအသားတွေကို အရမ်းကြိုက်တယ် …. 🙂
နီလေး
July 21, 2011 at 4:20 pm
ဂွတ်တယ်အရေးအသားက
AKKO
July 21, 2011 at 4:49 pm
မမတုန်တို့ကတော့ Gossip, Rumor တင်ပြီး ဆော်နေပါ ပကောလား … ။ 😛 😛 😛 😛
ဆူး
July 21, 2011 at 11:58 pm
ခရီးတခုသွားတုန်းက ဘိုးတော်ကြီးက အသက် ၅ဝ လောက် ရှိမယ် သူနဲ့ အတူ ပါလာတဲ့ ကောင်မလေးက အသက် ၂ဝ ဝန်းကျင် ဘယ်သူနဲ့မှ မစကားမပြောဘူး တယောက်တည်း ဘိုးတော်ကြီး နဲ့ လက်မှတ် ၂စောင် ဆိုတော့ ဟိုတယ် အခန်းက အစ တခန်းတည်းပေါ့.. အစကတော့ သတိမထားမိဘူး ရက်ကြာတော့ မြင်တာ များတော့ သတိထားမိလာတယ်။ အသက် ၂နှစ်ကျော် ကလေးတယောက်က သီချင်း ထ ဆိုတာ.. ဟဲလေး သီချင်း ကျွှန်တော် ရှာချစ်ခဲ့တဲ့ မိန်းမတွေထဲ ဒီကောင်မလေးက အောက်သက်ကျေတယ် ဆိုပြီး မပီကလာ နဲ့ ဆိုတော့ ကားပေါ်မှာ တစီးလုံး ဝက်ဝက်ကွဲ ထ ရီလိုက်ကြတာ.. လောကမှာ ဒီလို လူတွေလည်း တကယ်ရှိတယ်။
nature
July 22, 2011 at 9:32 pm
ကျနော်စဉ်းစားမိတာတခုရှိတယ်။ ပိုင်းလုံး ဆိုတာ ဘာအဓိပါယ်လဲဆိုတာ။ ပိုင် + လုံး ကို ခေါ်ရာကနေ ပြောင်းလာတာ ထင်တယ်။ အပိုင်လုံးခြင်း ဖြစ်မယ်။ ပိုင်းလုံးနဲ့ မယားငယ် တူတူပဲထင်တယ်။