Gmail Account သစ် ဖွင့်ဖို့ ဖုန်းနံပါတ် မလိုပါဘူး။ စမ်းကြည့်ပါလား။
အခုအချိန်အခါမှာ G-Talk အကောင့်သစ်လေးတစ်ခုရဖို့ သာမန်အားဖြင့်ခက်ခဲနေပါတယ်။ ဒီပြသနာတွေကို http://bluworld.org/registration/account/signup.php ကနေဖြေရှင်းပေးလိုက်တာကို ဝမ်းသာဖွယ်ရာ တွေ့ရှိရပါတယ်။ ကဲ ဘယ်လိုလုပ်ရမယ်ဆိုတာပြောပြမယ်နော်။
အရင်ဆုံး အထက်က ပြထားတဲ့ Website ကိုဝင်လိုက်ပါ။ ပြီး ဖြည့်စရာရှိတာဖြည့်ပြီး Continue လုပ်ပါ။ 10% ကနေ 90% ထိ Loading လုပ်ပါလိမ့်မယ်။ ပြီးသွားရင် Security Question တွေ ဖြည့်ခိုင်းသည်ကို ဖြည့်လိုက်ပါ။ ပြီးရင် I Acept my create account ကိုနှိပ်ပါ။ အဲအခါကျရင် အကောင့်သစ်ဖွင့်ခြင်း ပြီးဆုံးပါပြီခင်ဗျာ။
ဒါပေမယ့် aungaung လို့ အကောင့်သစ်ဖွင့်ရင် Gmail မှာတော့ aungaung@gmail.com လို့ ရေးရပါတယ်။ gtalk ဝင်ရာမှာလည်း aungaung လို့ ရိုက်ထည့်လိုက်ရုံနဲ့ ဝင်လို့ရပါတယ်။
ဒီ BluMail မှာတော့ aungaung လို့အကောင့်ဖွင့်ရင် gmail gtalk မှာ aungaung@blumail.org လို့ ရေးပြီး အကောင့်ဝင်ရပါမယ်။ ကဲ..စမ်းသပ်ရင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေနော်။
Connection ကောင်းရင်ကောင်းသလို အဆင်ပြေပါလိမ့်မယ်ခင်ဗျာ။ (မသိသေးသူများအတွက်သာ ရည်ရွယ်ပါသည်။)
ချစ်သူမြို့တော်ဆိုဒ်တွင် အညာသားလေး ရေးသားတင်ပြထားသည်ကို မြန်မာပြည်ကလူများ အသုံးကျမည် ထင်၍ ပြန်လည်မျှဝေပေးလိုက်ခြင်း ဖြစ်ပါသည်။
18 comments
MOEPWINTPHYU
July 20, 2011 at 5:25 pm
အကောင်အသစ်ဖွင်ချင်နေတာ ကျေးဇူးပါ လုပ်ကြည်လိုက်အုံးမယ်
PaukPhaw
July 20, 2011 at 5:49 pm
တစ်ကယ်တော့ Bluworld.org ကလုပ်ပေးထားတဲ့ Google App Email တစ်ခုပါ
ကိုယ်က ဇာတ်ရှိန်တတ်ပြီး အရေးကြီးအချက်အလက်တွေ သိမ်းပြီးကာမှ Bluworld က ဒေဝါလီခံတာတို ့..
အကြောင်းတစ်ခုခုကြေင့် ကိုယ့်အီးမေးလ် ကို ဖျက်ပစ်လိုက်တာတို ့ဆိုရင်တော့ သေပြီဆရာပေါ့
ဝင်လာသမျှသော username@blumail.org မှန်သမျှကို Bluworld@blumail.com သို ့မဟုတ် Bluworld.org က Admin က ပိုင်ပါလိမ့်မယ်..ယုံကြည်ရင်တော့ ကိုးစားကြပါ
တစ်သက်လုံး သုံးစားခွင့်ရှိမယ်ဆိုရင်တော့ ဝမ်းသာစရာပါပဲ
TRUTH
July 21, 2011 at 1:27 am
စမ်းဖွင့်ကြည် ့ပြီးပါပြီ ။ ဖွင့်တဲ့လူအရမ်းများနေလို ့ Try again ပဲပြောနေပါတယ်။နောက်တစ်ခါ အဆင်ပြေရင်ထပ်ဖွင့်ကြည် ့ပါဦးမယ်။ တင်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Foreign Resident
July 21, 2011 at 4:55 am
For your information, be careful villagers,
“http://bluworld.org/” is not a g-mail.
You cannot trust it like real g-mail.
If you live in Myanmar,
if you don’t need to do electronic money transfer with this account,
then, it’s quite OK.
But, in foreign countries, your e-mail is important.
Because, it may attached to your Bank Account or your credit Card.
Because, you can send & receive money from your e-mail.
For example,
Yesterday, I sent money, from my e-mail, to XXX e-mail,
through Paypal ( Paypal monitor money transaction ).
ရွှေဘိုသား
July 21, 2011 at 9:41 am
ကျေးဇူးတင်တယ်ဗျာ
ဒါပေမဲ. ဒီဆိုဒ်က အာမခံ မရှိဘူးဗျ
အကောင်.အသစ်လိုချင်ရင် ပြောဖွင်.ပေးမယ်
ဂျီမေးအကောင်.နော်
etone
July 21, 2011 at 10:22 am
Blu mail က Blu main ပါပဲ … gmail / gtalk နဲ့ feature သာဆင်တာ … blumail.org နဲ့ပဲ ဆုံးတယ် … ဘယ်လိုမှ gmail.com မရဘူး … ။ သူ့ကြည့်ရတာ ဝင်ကစွပ်ကောင်နဲ့ တူတယ် … သူများ အခွံထဲ ဝင်ပြီးမှ အသက်ရှင်ရလို့ပါပဲ ။
manawphyulay
July 21, 2011 at 11:32 am
အဲအကောင့်ကို ဂျီးမေးလ်ဝင်ချင်ရင်တော့ http://mail.google.com/a/blumail.org ဆိုရင် မေးလ်စစ်လို့ရပါတယ်။ စမ်းသပ်ကာလပေါ့လေ… ဂိုဂယ်ပလပ်လိုပေါ့…
PaukPhaw
July 21, 2011 at 11:41 am
ဒီလိုမျိုးမေးလ်တွေလိုချင်ရင် သူကြီးဆီမှာတောင်းကြည့်
username@myanmargazette.net
Google က ကိုယ်ပိုင် ဒိုမိန်းရှိတဲ့သူမှန်သမျှကို Google Application Email အကောင့် (၅၀) ပေးထားပြီးသားပဲဟာ
များကြီးလုပ်ပေးချင်ရင်တော့ ဝယ်ပေါ့…
manawphyulay
July 21, 2011 at 12:08 pm
သူဂျီးက ရောင်းဖို့စီစဉ်ထားပုံပါပဲ။ အဲလိုမေးလ်တွေ သူတစ်ယောက်ထဲအသုံးပြုနေပုံပဲလေ…
kohtet
July 21, 2011 at 12:11 pm
ကျေးဇူးအထူးတင်ပါတယ်…Gtalk မှာဝင်လို့ရပြီဗျ…Gmail မှာတော့မရသေးဘူး…
..တစ်ချို့ကြော်ငြာတွေတွေ့တယ်
gmail account အသစ်လုပ်ချင်ရင် ၉၀၀ဝ ကျပ်တဲ့….
zawmyothu
July 21, 2011 at 1:30 pm
@blumail.org သုံးရင် သူငယ်ချင်းတွေ Invite လုပ်တဲ.အခါမှာ @gmail.com ပြောင်းပြီး invite လုပ်မှ အဆင်ပြေမယ်။
g talk ဝင်တဲ.အချိန် (sign in) user name နေရာမှာ @blumail.org ပါ ရေးမှ ဝင်လို.ရမယ်ဗျ။
မမလေး
July 23, 2011 at 10:35 pm
အဲ့ဒါ ဒီမှာပဲတင်ထားတာတွေ့ဖူးလို့ တစ်ခါလုပ်လိုက်ပြီးပြီ … မဆိုးတော့ မဆိုးပါဘူး .
မမလေး
July 23, 2011 at 10:37 pm
တစ်ခုမကောင်းတာက … gtalk လို တစ်ခါတည်းဝင်ရတာမဟုတ်ဘူး … browser ဖွင့်ရတာကိုမကြိုက်တာ …
@leprechaun
July 24, 2011 at 1:57 am
ဒါက Gmail Client က လုပ်ပေးတာမှ မဟုတ်တာ။ တခြား Mail Provider တစ်ခုပါ။ အဲဒီလို တခြား မေးလ် အသစ် တစ်ခု လိုချင်ရင်တော့ http://www.bing.com ကို သွားပြီး Live mail ဒါမှမဟုတ် Hotmail အကောင့် ဖွင့်လို့ ရပါတယ်။ Microsoft Cop.. ကနေ ထောက်ပံ့ပေးထားတာပါ။ Gmail ထက် မသာပေမယ့် Gmail လောက်နီးပါး ကောင်းမွန်ပါတယ်။ Microsoft က ဆိုတော့ အပြ်ည့်အဝ အာမခံချက် ရှိတယ်လေ။ သူ့ အကောင့် ပုံစံက username@live.com, username@hotmail.com ပါပဲ။
မီးမီး သော်
August 18, 2011 at 11:01 am
ဟိုဘက်မှာ အဆင်မပြေလို ့ဒီပို ့စ်ဖက်ဝင်လာမိပါတယ်။ဘယ်လိုမှ လုပ်မရဘူးဖြစ်နေတယ် ဟင်း. နောက်မှဘဲ try တော့မယ်။ကွန်နက်ရှင်ရေ နင့်ကိုတော့ ငါစိတ်ကုန်တယ်
zawthulay
August 18, 2011 at 1:51 pm
ကျေးဇူးတင်ပါတယ်.. ကျွန်တော်တော့ တစ်ခုဖွင့်လိုက်ပီဗျ .. လွယ်သားပဲ
နေဝန်းနီ
February 1, 2012 at 9:28 pm
အဲဒိဆိုဒ်က ခုတော့ မရတော့ဘူး
awra-cho
February 2, 2012 at 10:22 am
Sorry, BluMail is not available in your country. လိုု့ပြောနေကြောင်းပါ၊