ရွှေအိုးထမ်းလာတဲ့သား Part III
မနက် ၅ နာရီ လောက် ကတဲ က ကားကြီးကွင်းထဲ တွင် လင်းလင်း တစ်ယောက် စိတ်လှုပ်ရှားခြင်း ကြီးစွာ ဖြင့် စောင့်နေခဲ့သည် ။ မမ လိုက်ပါလာသော ကားဆိုက်သောအခါ မမ ကို ခေါ ်ပြီး လဘက်ရည် ဆိုင် တစ်ဆိုင် သို ့အရင်ဝင်သည် ။
“ ပြောစမ်းပါဦး…မ ရယ် .. မောင် ဖြင့် တစ်ညလုံး အိပ်လို ့ကို မပျော်ဘူး ၊ ဘာတွေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ”
“ အင်း….မောင်…မမ ကို ဟိုတယ်တစ်ခု အရင်လိုက်ပို ့ပေး ၊ အဲဒီမှာ ၂ ရက်လောက် နေမယ် ၊ ပြီးမှ အမျိုးသမီးဘော်ဒါဆောင် တစ်ခု ကို ပြောင်းနေမယ် ၊ အခု သွားရအောင် ၊ ဟိုတယ် ရောက်မှ အေးဆေး ပြောပြတော့မယ် ”
မန်းတလေး မြို ့လယ်ခေါင် ဟိုတယ်ကြီး တစ်ခု သို ့မမ ကို လင်းလင်း လိုက်ပို ့ခဲ့သည် ။
“ ဒီလို ကွာ မောင် ရာ… မမ ရဲ ့ဘော့စ် က မမ ကို ကြံနေတာ မမ သူ ့ဆီမှာ အလုပ် စ ဝင် ကတဲက ပဲ …။ မနေ ့က..ဖြစ်ချင်တော့ ရုံးမှာ ဘော့စ် ရယ် ၊ ဒရဝမ် ရယ် ၊ မမ ရယ် ၃ယောက် ပဲ ရှိတယ် ”
“ နေပါဦး …အခု ဟာ က ဦးကိုကို နဲ ့ပတ်သက်နေတာလား ”
“ မမ ပြောတာ ကို ဆုံးအောင် နားထောင်ပါဦး မောင် ရယ်…၊ မနေ ့က ရုံး က ဘော့စ် ခေါ ်လို ့သူ ့အခန်း ထဲ ကို ဝင်သွားတော့…မမ ကို သူ အဓမ္မကြံတယ် ။ ”
“ ဘာ…သူ က မမ ကို အဓမ္မကြံတယ် ဟုတ်လား….၊ ဘဲကြီး က နှမချင်း ကိုယ်ချင်းမစာ ၊ တောက်….တွေ ့မယ်ဗျာ…” လင်းလင်း တစ်ယောက် ဒေါသကြီးစွာဖြင့် ဟိုတယ်အခန်းထဲရှိ အမှိုက် ထဲ့စရာ ခြင်း၊ ထိုင်ခုံ များ ကို ပြေးကန်သည် ။
“ နေပါဦး မောင် ရယ်… သူ ကြံပေမယ့် အထ မမြောက်ခဲ့ပါဘူး ၊ ဒါပေမယ့် သူ က ခြိမ်းခြောက်လာတယ် …. သူ ့ကို လက်မခံ ရင် ဒရဝမ် ကို ပါခိုင်းပြီး မမ နဲ ့သူ နဲ ့ဘာဖြစ်ပါတယ် ဆိုပြီး လိုက်ဖွ မယ် တဲ့..”
“ အဲဒါနဲ ့….. ”
“ ဒါနဲ ့…..မမ လည်း ၊ ရှင် ကြိုက်သလို ဖွ လို ့ပြောခဲ့ပြီး အလုပ် ထွက်လာခဲ့တာပဲ မောင်ရယ် ၊ မောင့် ကို အားကိုးပြီး ဒီကို ပြေးလာခဲ့လိုက်တာပဲ ၊ …………မောင်…….မောင် မကို တစ်ကယ်ချစ်ရဲ ့လားဟင် ”
လင်းလင်း တစ်ယောက် မမ ကို ဖက်လိုက်ရင်း ပြောလိုက်သည် ။
“ စိတ်ချပါ မမ ရယ် ၊ မမ ကို ချစ်မှတော့ မမ ဖြစ်တဲ့ ပြဿနာ ကို မောင်လည်း အတူတူ ရင်ဆိုင်ရမှာပေါ့ ၊ ဒါနဲ ့အခု ဒီမှာ အနားယူလိုက်ဦးနော်…. မောင် အိမ်ပြန်ပြီး လုပ်စရာရှိတာတွေ လုပ်လိုက်ဦးမယ် ၊ နေ ့လည် ထွက်လို ့ရရင် ထွက်ခဲ့မယ် ၊ တစ်ကယ်လို ့နေ ့လည် ကို မအားခဲ့ရင် ညနေ မှ ဆုံမယ်…ဟုတ်ပြီလား ”
“ နေဦး..မောင် ၊ ဦးကိုကို က ပြောလိုက်တာ တစ်ခု ရှိသေးတယ် ၊ မမ နဲ ့မောင် နဲ ့ချစ်နေကြတာ ကို သူ သိတယ် တဲ့ ။ မမ က သူ ့ကို လက်မခံရင် မောင့် အိမ် ကို လှမ်းပြီး မမကြောင်းတွေ လှမ်းပြောမယ် တဲ့ ။ မမနဲ ့မောင် ့ကို ဝေးကြရအောင် သူ လုပ်မယ် လို ့မမ ကို ခြိမ်းခြောက်ထားတယ် မောင် ရဲ ့ ။ ဒီအချိန်လောက် ဆို မောင့် ဖေဖေ နဲ ့မေမေ တို ့ဆီ ဦးကိုကို က ဖုန်းဆက် ပြီးနေလောက်ပြီ ။ မောင့် ဖေဖေ နဲ ့မေမေ တို ့က သူ ့စကားတွေ ယုံပြီး မောင့်ကို မမ နဲ ့သဘောမတူ ဘူး ဆိုရင် ဘယ်လို လုပ်ကြမလဲဟင်… ”
လင်းလင်း တစ်ယောက် စိတ်အရမ်းရှုပ်သွားသည် ။ ဆံပင်များ ကို လက်နှင့် ဖွလိုက်ရင်း
“ မ ကို မောင်မေးဦးမယ် ။ ဦးကိုကို က ဖေဖေ တို ့ကို လှမ်းပြီး ဖုန်းဆက်ပြောရလောက်အောင် မမ က ကော တစ်ခြား ဘာတွေ လုပ်ခဲ့သေးလဲ ဟင် ၊ အကုန်ပြောနော် ၊ မောင် က အိမ်ရောက်ရင် ဖေဖေ တို ့မေမေ တို ့နဲ ့ရင်ဆိုင် ရတော့မှာ ”
“ အာကွာ….ဘာလဲ မောင် က ပါ မမ ကို မယုံတော့ဘူးလား ၊ ဟင့်……မောင့် ကို အားကိုးပြီး တစ်နယ်တစ်ရပ် က နေ မောင့်မျက်နှာ တစ်ခု ထဲ နဲ ့မမ အားကိုးတကြီး လာခဲ့ရတာပါ ၊ မောင် က ပါ မ ကို မယုံဘူး ဆိုရင် မမ အနေ နဲ ့ကိုယ့် ကို ကိုယ် သတ်သေဖို ့ပဲ ရှိတော့တယ် ”
“ မဟုတ်သေးဘူး လေ… မောင်ပြောတာ က မောင့် ဖေဖေ တို ့က ပြောလာရင် မောင် က မဟုတ်ဘူး ဆိုတာ ပြန်ငြင်းလို ့ရအောင်လေ…. မ… ကလဲကွာ ၊ ကဲကဲ…ငိုမနေ နဲ ့တော့ ၊ မမ ကို မောင် ယုံပါတယ်၊ အရမ်းလည်း ချစ်တယ် ၊ အိမ်မှာ မောင့်ဘာသာ ကြည့်ကောင်းအောင် မီးစင်ကြည့်က လိုက်မယ် ၊ ဟုတ်ပြီလား ”
“ မောင်….မကို လမ်းမခွဲသွားပါနဲ ့နော်..၊ မောင် မရှိရင် မ ……သေရလိမ့်မယ် ၊ မောင့်ကို အရမ်းချစ်တယ် ကွယ် ၊ မောင့်ကို မ ပိုင်ဆိုင်ချင်တယ်၊ မနဲ ့မောင် နဲ ့လက်ထပ်ကြရအောင်နော် ” မမ တစ်ယောက် လင်းလင်း ကို တင်းကြပ်စွာ ဖတ်ရင်း ပြောလိုက်သည် ။
“ အာ…နေပါဦး… မ..ရာ …၊ အခုလောလောဆယ် ဖေဖေ တို ့နဲ ့နားလည်မှု ရအောင် အရင် ရှင်းလိုက်ဦးမယ်… အားလုံးပြီးမှ မောင် တို ့လက်ထပ်ကြမယ်…အိုကေနော် ”
“ မောင် တစ်ကယ်ပြောတာနော်…မ..မျက်နှာကို ကြည့်စမ်းကွာ…သေချာအောင် ထပ်ပြော ”
“ အင်း….အခု ပြဿနာတွေ ရှင်းပြီးတာနဲ ့မ ကို မောင် လက်ထပ်မယ် ၊ ဟုတ်ပြီလား ”
“ အိုကေ…..ဒါမှ မ…. မောင်လေး ကွ ၊ ဪ…ဒါနဲ ့အိမ်ရောက်လို ့ဖေဖေ တို ့မေမေ တို ့က ဆူနေရင် မောင် အသာငြိမ်နေလိုက်ပါနော်…. ”
“ ဟူး……..အင်း ကောင်းပြီလေ ၊ မောင် ညနေ အလုပ်ပြီးမှ ပဲ လာခဲ့တော့မယ်နော်….မ..အေးဆေး အနားယူနေဦး ”
“ အိုကေ..ဘိုင့်ဘိုင် ”
လင်းလင်း တစ်ယောက် မမ ကို ဟိုတယ်တွင် ထားခဲ့ပြီး အိမ်သို ့အရင်ပြန်လာခဲ့သည် ။ အိမ်ထဲအဝင် အိမ် အကူ ကောင်မလေး က
“ ကိုလင်း….ဦးဦး က ကိုလင်း ကို မျှော်နေတာ…ထမင်းစားခန်း မှာ စောင့်နေတယ်…..ကိုလင်း သွားလိုက်ပါဦး ”
“ အေးအေး….ဪ… ဒါနဲ ့ နင်လာဦး…….. ငါ့ ဖေဖေ တို ့မေမေ တို ့ပုံစံ က ဘယ်လိုနေလဲ ”
“ ရှင်….. ၊ ကိုလင်း ပြောတာ ကျွန်မ နားမလည်ဘူးကော ”
“ ဒီလိုလေ ဟာ… ငါ့ ဖေဖေ နဲ ့မေမေ တို ့ ပုံစံ က ဒေါသဖြစ်နေတာလား ”
“ မဖြစ်ပါဘူး …၊ အလုပ်ကိစ္စ အသစ် လို ့ပြောနေကြတာ တော့ ကျွန်မ ကြားခဲ့ရတယ် မှတ်တာပဲ ”
“ အေးအေး…ကောင်းပြီ ၊ ကောင်းပြီ … ထားတော့ ၊ နင် လုပ်စရာရှိတာ သွားလုပ် တော့ ”
လင်းလင်း တစ်ယောက် ကုတ်ချောင်း ၊ ကုတ်ချောင်း နှင့် ထမင်းစားခန်း သို ့ဝင်သွားလိုက်သည် ။ ထမင်းစားခန်း အတွင်း တွင် ဖေဖေ က သတင်းစာ ဖတ်နေသည် ။ မေမေ က တော့ သူ ့ကို စောင့်မျှော် နေသည့် ပုံစံ ။
“ ဟော..သားလေး… ပြန်လာပြီ အဖေကြီး ၊ သား…မုန် ့စားမှာလား ၊ မေမေ ကော်ဖီ ဖျော်လိုက်မယ်နော် ”
“ ဖေဖေ သား ကို စောင့်နေတယ် ဆို ”
“ ဟုတ်တယ်……မနက်ကတည်း က သား အပြင်ထွက်သွားတယ် ဆိုလို ့၊ သား ကို ဖေဖေ ပြောစရာ ရှိလို ့စောင့်နေတာ ”
“ ဘာများပါလိမ့်..ဖေဖေ ၊ သားဆီ ဖုန်းဆက် လိုက်လည်း ရနေတဲ့ဟာ ”
“ ဖုန်းဆက်ပြောရင် မင်း က လမ်းလွှဲနေမှာ စိုးလို ့ပေါ့ကွ ၊ ဒီလို ဟေ့….. ဖေဖေ့ မိတ်ဆွေ ကိုကျော် က ဟိုနေ ့က ကားအသစ် တစ်စီးဝယ်ပြီး ၊ သူ ့သား ကို မောင်းစေချင်တယ် ၊ ဦးစီးစေချင်တယ် ။ ဒါပေမယ့် ကိုကျော့်သားလေး က ဘာမှ မတတ်သေးဘူး ၊ နားမလည်သေးဘူး ၊ ဒီတော့ ကိုကျော် က ဖေဖေ့ ကို အကူအညီ တောင်းလာတယ် ။ သား အနေနဲ ့ ကိုကျော့် ကား ကို မောင်းပေးဖို ့ရယ် ၊ ကိုကျော့် သားလေး ကို လိုအပ်တာ သင်ပေးဖို ့ရယ် ။ အဲဒါ ဖေဖေ လည်း သဘောတူ လက်ခံ လိုက်တယ် သား ”
“ အာဗျာ… ဖေဖေ ကလဲ ၊ သား အခု လည်း ကိုထွန်းနဲ ့အတူ အိမ်က ကား လိုက်နေတဲ့ဟာ ဗျာ ၊ သား က ဘယ်လိုလုပ် ရမှာ လဲ ၊ နှစ်ကိုယ်ခွဲ ရမှာလားဟင်….ပြောပါဦး ”
“ အိမ်က ကား ကို ကိုထွန်း ဦးစီးလိမ့်မယ် ၊ မင်း က ကိုကျော့်ကား ကို ၊ ကိုကျော့်သား နဲ ့ သွားမောင်းချေ ၊ ကိုကျော် ဆိုတာ မင်း ငယ်ငယ် ကလေး တဲ က ဖေဖေ တို ့နဲ ့ဆိုးတူကောင်းဖက် တွဲလာတဲ့ သူ ၊ ဒီတော့ သား က ၊ ကိုကျော့် ကို အကူအညီပေးရမယ် ၊ သား မကူညီ ဘူး ဆိုရင် ဖေဖေ ကိုယ်တိုင် သွားမောင်းမယ် ”
“ အာ…အဲဒီလိုကြီးတော့ လုပ်စရာ မလိုပါဘူး ဖေဖေ ရယ် ၊ သား ပဲ သွားမောင်း လိုက်ပါ့မယ် ”
“ ဒါဆိုရင်….သား ဘယ်နေ ့စ ပြီး ကိုကျော့် ကားပေါ ်တက်မလဲ ၊ ဖေဖေ ကိုကျော် ့ကို ဖုန်းဆက် ထားရအောင် လို ့ ”
“ ဒီနေ ့23 ဆိုတော့ 26 ရက်နေ ့မှ စတက် မယ် ဗျာ ၊ အခု သား အနားယူလိုက်ဦးမယ် ၊ ဒီနေ ့ ဟို ဖေဖေ ဝယ်ခိုင်းတဲ့ အုတ်တွေ ကိုထွန်း ကို ပဲ လွှဲ လိုက်တော့မယ်နော် ”
“ ကောင်းပြီလေ…. ဒါဆို 26 ရက် နေ ့ က စပြီး သား တာဝန်စယူ မယ် လို ့ကိုကျော် ့ ကို ဖေဖေ ပြောလိုက်တော့ မယ်နော် ၊ အခု သား နားချီတော့ ၊ အုတ် ကိစ္စ နဲ ့ တစ်ခြား ခိုင်းစရာ ရှိတာ ကို ကျန်တဲ့သူ ကို ဖေဖေ ခိုင်းလိုက်မယ် ”
လင်းလင်း တစ်ယောက် အံ့ဩခြင်း များစွာဖြင့် ထွက်လာခဲ့သည် ။ ထင်ထားသည်မှာ ဖေဖေ နှင့် မေမေ တို ့က ၊ မမ ကိစ္စနဲ ့ပတ်သက်ပြီး တစ်ခုခု ပြောလာမည် ဟု ။ ယခု မူ တော်တော်ကြီး ထူးဆန်းနေသည် ။ နောက်…မစဉ်းစားတော့ပဲ မမ ဆီသို ့ထွက်လာခဲ့သည် ။ ဟိုတယ် သို ့အရောက် မမ ရေချိုးနေသဖြင့် ခဏ စောင့်နေရသေးသည် ။
“ ဟင်…မောင် အလုပ် မသွားဘူးလား ၊ မောင့်အိမ်ကိုရော ရောက်ခဲ့ရဲ ့လား… ”
“ အင်း..ရောက်ခဲ့ပါတယ်..။ မောင် .. သဘက်ခါ ထိ အားတယ် ၊ အခုလောလောဆယ် မမ ကို မန်းတလေး ရဲ ့သွားစရာ လည်စရာ နေရာစုံ လိုက်ပို ့မယ် ။ ဘုရားကြီး လည်း သွားဖူးမယ် ”
“ အင်း..သွားကြတာပေါ့..၊ ဒါနဲ ့မောင့်ဖေဖေ နဲ ့မေမေ က ဘာပြောသေးလဲ ဟင် ”
“ ဘာမှ မပြောပါဘူး ၊ အားလုံး အေးဆေးပါတယ် ၊ မ အဆင်ပြေရင် သွားကြ ရအောင်လေ ”
သို ့နှင့် မမ နှင့် လင်းလင်း တို ့ ဘုရားကြီး ၊ မန်းတလေး တောင် ၊ ဦးပိန် တံတား ၊ ကန်တော်ကြီး ၊ စစ်ကိုင်းတောင် ၊ မင်းကွန်း အစရှိသဖြင့် သွားရောက် လည်ပတ် ပျော်ပါးခဲ့ကြလေသည် ။ မမ တစ်ယောက် က တော့ အပျော်ကြီး ပျော်နေသည် ။ လင်းလင်း က တော့ စဉ်းစားခြင်း များစွာဖြင့် ။ ရန်ကင်းတောင် မှ အပြန် ရေတံခွန် တောင် ပေါ ်သို ့ဆက်တက် ဖြစ်သည် ။ ရေတံခွန်တောင် ပေါ ်သို ့နှစ်ယောက်သား အတူ တက်ရင်း ရေတံခွန်တောင် နှင့် ပတ်သတ်သည့် စကားတစ်ခွန်း ကို ပြန်သတိရနေသည် ။ “ ရေတံခွန် တောင် ကို အတွဲတွေ မတက် ရဘူး ၊ တက်သမျှ အတွဲ မှန်သမျှ ကွဲကြတာပဲ ” … ငယ်တုန်းက သူငယ်ချင်းကောင်မလေး တွေ ပြောသော စကားဖြစ်သည် ။
“ မောင်…”
“ ဟင်…ဘာလဲဟင် ”
“ မောင့် မျက်နှာကြည့်ရတာ သိပ်မပျော်သလို ပဲကွာ ၊ မောင့် မိဘ တွေ က မောင့် ကို ဘာမှ မပြောလိုက်တာ တစ်ကယ်ကြီးလား ၊ မ ကို အမှန်အတိုင်း ပြောနော် ”
“ ဪ… မ ကို မောင် က ၊ ဘယ်တုန်း က ညာခဲ့ဖူး လို ့လဲ ၊ မောင် သိပ်မပြုံးဖြစ်တာ က အတွေးလွန်နေလို ့ပါကွာ ၊ မောင် သဘက်ခါ ကြ ဖေဖေ့ မိတ်ဆွေ တစ်ယောက် ရဲ ့ကားကို သွားဦးစီးပေးရမှာ ဆိုတော့ … အဲဒါကို စဉ်းစားမိနေတာ ”
“ အင်းပါ…မောင် ဘာမှ မဖြစ်ဘူး ဆိုရင်လည်း ပြီးတာပဲ ”
ည ၈ နာရီ ကျော် တွင် မမ ကို ဟိုတယ် သို ့ ပြန်ပို ့ပေးပြီး လင်းလင်း တစ်ယောက် အိမ်ပြန်လာခဲ့သည် ။ ဧည့်ခန်းထဲ က အဖြတ် မေမေ က လှမ်းခေါ ်သဖြင့် ဝင်ထိုင်ရသည် ။
“ သား…. သဘက်ခါ ရန်ကုန် ရောက်ရင် ဒီ တွင်းပိုးကြော် အထုပ်လေး ဦးကိုကို ကို ဝင်ပေးလိုက်ပါကွယ် ၊ သူ က မင်းအဖေ ကို မှာထားတာ ကြာနေပြီ ”
“ ဗျာ……….ဦးကိုကို ဟုတ်လား…..ဟို အရင် တစ်ခါ က မေမေ တို ့မုန် ့ပို ့ခိုင်းလို ့သား သွားပို ့ပေးဖူးခဲ့တဲ့ တစ်ယောက် ဆီလား ၊ အင်ဂျင်နီယာလေ ”
“ အင်း ဟုတ်တယ် ၊ သူ ့ကုမ္ပဏီ ရုံးခန်း ကို သားရောက်ဖူးပါတယ် ၊ သား ကို လည်း သူ သိတယ် ၊ နောက်ဆို ဖေဖေ့ လုပ်ငန်းကို သား အကုန်ဦးစီး တဲ့အခါ သူနဲ ့တွဲ အလုပ် လုပ်ရမှာ ”
“ သား မသွားချင်ဘူး မေမေ ၊ ကိုထွန်း ကို ပဲ ခိုင်းလိုက်ပါလား ”
“ ဘယ်ကောင်းပါ့မလဲ သားရယ် ၊ ကိုယ်နဲ ့တစ်ချိန်ကြ စီးပွားတွဲ လုပ်ရမယ့် သူ ပဲ ၊ လေးစားသမှု နဲ ့သားကိုယ်တိုင် သွားပို ့ပေးမှ တော်ကာ ကြမှာပေါ့ ၊ ဦးကိုကို က လည်း သားကို တွေ ့ချင်နေတာ ၊ ဖုန်းဆက်တုန်းက တောင် သားအကြောင်းပြောနေသေးတယ် ၊ သား နဲ ့သူ နဲ ့တွဲ လုပ်ရင် အားလုံး အောင်မြင်မယ် ဆိုတဲ့ အကြောင်း ”
“ ကဲပါလေ…. ၊ ထားပါတော့ ၊ သားသွား ပို ့လိုက်ပါ့မယ် ”
သို ့နှင့် ၂၆ ရက်နေ ့သို ့ရောက်ပြီး လင်းလင်း တစ်ယောက် ဦးကျော် ကား ကို လိုအပ်သည် များ စစ်ဆေးပြီး အစမ်းမောင်းကြည့်သည် ။ အားလုံး အဆင်ပြေသည် နှင့် ၂ရ ရက်နေ ့တွင် ဦးကျော် သား (မျိုးကျော်) နှင့် အတူ ခရီးသည် များ တင်ပြီး ရန်ကုန် သို ့ထွက်လာခဲ့သည် ။ တစ်လမ်း လုံး အေးအေး ဆေးဆေးပင် ၊ မျိုးကျော် ဆိုသည့် ချာတိတ် က လည်း လိမ္မာ ပါးနပ်သည် ။ လင်းလင်း ကားမောင်းသည် ကို ဘေးက နေ သေချာ လေ့လာ ရင်း လင်းလင်း ခိုင်းသမျှ ကို ကျိုးနွံ စွာ လုပ်ပေးရှာသည် ။ ရန်ကုန် သို ့အရောက် ကားကွင်း သို ့ဝင် ၊ ခရီးသည် များ ဆင်းပြီး ၊ လင်းလင်း သို ့ဂိတ်ပိုင် ကားထိုးသည့်နေရာ တွင် ကားကို ရပ်လိုက်ပြီး ဂိတ်မှူး ထံ အကြောင်းကြားရန် ဂိတ်ထဲ သို ့ဝင်လိုက်သည် ။ ဂိတ်အဆောက်အဦးထဲ ဝင်ဝင်ချင်း
“ မင်္ဂလာပါ ၊ မောင်လင်းလင်း ၊ ရန်ကုန်မြို ့ကြီး က မင်း ကို နွေးထွေး လှိုက်လှဲ စွာ ကြိုဆိုပါတယ် ” ဦးကိုကို တစ်ယောက် ပြုံးရွှင်စွာ ဖြင့် ၊ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလာသည် ။
——————— ရွှေအိုးထမ်းလာတဲ့သား ကို Part IV တွင် ဇါတ်သိမ်းမည့် အကြောင်း ၊ ယခုမူ ခဏ နားခွင့်ပြုပါရန် လေးစားစွာဖြင့် ——————————
အားလုံးကို ကျေးဇူးတင်ပါသည် ။
9 comments
koyinmaung
July 23, 2011 at 3:59 pm
ok ဖတ်လို့ကောင်းပါတယ် ဇာတ်သိမ်းပိုင်းမျော်နေပါမယ်။။
MOEPWINTPHYU
July 23, 2011 at 4:01 pm
အမြန်ုသိမ်းပါဗျို ဇာတ်သိမ်းသိချင်လှပြီ
ogre
July 23, 2011 at 4:50 pm
အင်း…စောင့်ရအုံးမှာပေါ့
မြန်မြန်တော့ရေးနော်..သိချင်လှပြီ။။
True Answer
July 23, 2011 at 7:34 pm
မြန်မြန်လေးဗျို့
007James
July 23, 2011 at 8:16 pm
ဇာတ်လမ်းက good နေပြီ။ဇာတ်သိမ်းကို မျှော်နေမယ်။
moethidasoe
July 25, 2011 at 10:13 am
ဘယ်မဂ္ဂဇင်းမှာ ထည့်မှာလဲ .. ဖတ်လို့လဲ ကောင်းတယ် .. မြှုပ်ကွက်လေးတွေလဲ လှတယ် .. ဇာတ်လမ်းတွဲတွေ ထုံးစံအတိုင်း ကောင်းခန်းဆိုရင် ဖြတ်တာလဲ လှတယ်
windtalker
July 25, 2011 at 10:30 am
ကျေးဇူးတင်ပါတယ် ၊ ဒေါက်တာ့ ဆီ က ဒီလိုမျိုးကြား ရတဲ့ အတွက် အရမ်း ဝမ်းသာမိပါတယ် ။ ဂေဇက် မှာ က ၅ဝ တန်း တွေ များတာ ဆိုတော့ ကျွန်တော့် ဇါတ်လမ်းလေး ကို သိပ် မဖတ်လောက်ဘူး လို ့ထင်နေတာ ။ ဇါတ်သိမ်း က သိမ်းစရာ များနေတော့ အုန်းစားနေတာ ၊ ဒီနေ ့တော့ ကောင်းမယ် ထင်သလိုလေး သိမ်းလိုက်ပါတယ် ။ ဖတ်ကြည့် ကြပါဦး ။
pan pan
July 25, 2011 at 10:38 am
မြန်မြန်လေး နောက်ဆက်တွဲလေးလာပါ
ဦးကိုကိုနဲ့တွေရင် ဘာတွေပြောဖြစ်မလဲဆိုပြီး လည်ပင်ရှည်နေပြီ….. မျှော်ရတာ
နွယ်ပင်
July 25, 2011 at 10:43 am
မေပေါင် တို့က အဖြတ်အတောက် ကျွမ်းပါတယ်ဆိုမှ
ပညာကတော့ ပြသလားမမေးနဲ့ မြန်မြန်ဇာတ်သိမ်းပါတော့ဗျို့