တောသား၊မွေးစားသားနဲ ့ဘဝသမား
တောသား ၊ မွေးစားသား နဲ ့ဘဝသမား
…………………………….
ကျမ လူမှုရေးနဲ ့ပတ်သတ်ပြိး လူငယ်တွေကိုအားပေးတဲ ့ စာစုတွေရေးလေ ့ရှိပါတယ်။
ကျမနှစ်သက်မိတဲ ့ဆောင်ပါးလေးကတော့ ဆီဖြစ်တဲ ့နှမ်းတလုံးနဲ ့ဒါဏ်ရာများနဲ ့အိုးကလေးပါပဲ။
ကျမတိုဟာလူတစ်ယောက်စိဖြစ်တယ်..။
မွေးဖွားပြိးကာလ၊မိမိကိုယ်ကိုဘာကောင်မှန်းမသိသေးတြ ့ဘဝ။
အဲ ့ဒိလို ဘဝတွေမှာ အားငယ်စရာကောင်းလှပါတယ်..။
ကြိးမားတြ ့ကောင်းကင်ကို ကြည့်ပြိးကျမ..အမြဲရေရွတ်တတ်တာက..”ငါ ကဘာလည်း…
ငါ့ဘာလို ့..အထိးကျန်စွာတယောက်တည်းလူလာဖြစ်ရတာလဲ”….မကြာခဏပေါ့..
တခါတရံ..ကျမဘဝဟာ..ပျောက်ဆုံးနေသလိုခံစားရပါတယ်..။
အထူးသဖြင့် လူငယ်တွေဟာလူဖြစ်တဲ ့အပေါ်မှာအားငယ်စိတ်တွေရှိကြတယ်…။
ကျမဘဝဆို..မိဘရင်းတွေမရှိခဲ ့လို ့လည်း..စိတ်ပျက်အားငယ်ဘူးခဲ ့ပါတယ်။
ရန်ကုန်မြို ့..မှာမွေးတဲ ့သူတွေ၊ မိဘရင်းတွေကမွေးတဲ ့သူတွေ အကြောင်းတော့ကျမမသိပါဘူး..။
ကျမတို ့လိုတောကလူတွေပိုပြိးအားငယ်တတ်လို ့ထင်မိပါတယ်..။
ပြိးတော့မွေးစားကလေးဘဝနြ ့ကြိးပြင်းရလို ့လည်း..။
.ကျမကိုကျွေးမွေးရတြ ့မိဘတွေကိုလည်း..အားနာခဲ ့ဘူးပါတယ်။
ပြိးတော့..ငယ်စဉ်ကတည်းကစိတ်ဒါဏ်ရာလေးတွေ….သိမ်ငယ်မိခဲ ့တာအမှန်ပါ။
တောကလူငယ်တွေအားငယ်တယ်၊မွေးစားကလေးဘဝကအားငယ်စရာဆိုလို ့ကျမလိုပဲ တစ်ကမ္ဘာလုံးကတောသားတွေ၊မွေးစားကလေးတွေလည်း…..အားငယ်ခြင်းကို
ခံစားရတယ်ဆိုတဲ ့အကြောင်းလေးတွေရှိပါတယ်..။
…………………………………………………………..
တစ်ခါကဂျော ့ဝါရှင်တန်ဆို တဲ ့သူတစ်ယောက်အမေရိကန်ပြည်ထောင်စုမှာရှိတယ်။
သူဟာတောသားပါ။
ဒါပေမဲ့ကြိုးစားခဲ ့တဲ ့တစ်နေ ့မှာတော့သမ္မတဖြစ်သွားပါတယ်။
သူသမ္မတဖြစ်တော့ သူ ့ရဲ ့ရွာ ကလူ ကြိးတွေကိုအိမ်ဖြူတော်ကိုလာလည်ဘို ဖိတ်တယ်။
ဂါရပြုတဲ ့သဘောမျို းလည်းတယ်..။ဇာတိကိုမမေ ့ကြောင်းလည်းပါတယ်။
မိတ်ဆွေ၊ဆရာသမား၊အပေါင်းအသင်းတွေတစ်ပြုံကြိးအဖိတ်ခံရတယ်..။
အဖိတ်ခံရတဲ ့သူတွေလည်းအတော်ပျော်သွားကြပေမဲ ့ သူတို ့မှာစဉ်းစားစရာတွေရှိလာတယ်..။
အဝတ်အစား၊ ။တောသားတွေပဲ။သူတို ့ရဲ ့Sunday Best နဲ ့ပဲတက်မယ်ပေါ့လေ။အဆင်ပြေပါတယ်။
သို ့သော်အိမ်ဖြူတော်ရောက်ရင်……….သူတို ့ဘာလုပ်ရမလဲ ။သူတို ့မသိကြပါ။
သူတို ့ဟာ သမ္မတထည်းခင်းတဲ ့ နေ ့လည်စာကိုသူတို ့ဘယ်လိုစားမလဲ…။
ဒိတော ့သူတို ့တွေထဲ ကအသက်အကြိးဆုံးလူတစ်ယောက်ကပြောတယ်..
”သမ္မတလုပ်သလို..တို ့လိုက်လုပ်ရအောင်…..’ဒါဆိုမကောင်းဘူးလား”
”ကောင်းပါတယ်”အားလုံးသဘောတူကြတယ်။
ဒါနဲ ့ပဲသူတို ့ဟာသမ္မတဖိတ်တဲ ့အချိန်မှာအိမ်ဖြူတော်ကိုအရောက်သွားခဲ ့ကြတယ်။
အိမ်ဖြူတော်ရောက်တောသမ္မတကကြိုတယ်..။စကားစမြည်ပြောပြိးသမ္မတကသူတို ့ကိုထမင်းစားပွဲဆိကို ဥိးဆောင်ခေါ်သွားတယ်။
သမ္မတကစားပွဲ ထိပ်မှာထိုင်တယ်။သူတို ့ကသက်ဆိုင်ရာထိုင်ခုံတွေမှာထိုငြ်ကတယ်။
သမ္မတကပန်ကန်ပြားသေးသေးလေးတခုကိုကိုင်လိုက်တယ်။သူတို့လည်းလိုက်ကိုင်လိုက်တယ်။ ပြိးတော့စားပွဲပေါ်မှာတင်ထားတဲ ့နို့ကရားလေးကိုကိုင်တယ်။
သူတို ့ကလည်းကရားလေးကိုကိုင်တယ်။သမ္မတက ပန်းကန်ပြားလေးထဲ နို ့ထည့်တယ်။
သူတို ့ကလည်းလိုက်ထည့်တယ်။
ပြိးတော့သမ္မတကနို ့ပန်းကန်လေးကိုစားပွဲ အောက်ကိုချပြိး သူ ့ကြောင်လေးကို ခေါ်တယ်..” မီ..မီ..မီ ”ပေါ့………..
ကဲ…….သူတို ့ဘာလုပ်ရမလဲ…..
သူတို ့လည်း ´´မီ..မီ..မီ..“လို ့ခေါ်ရမလား…
သို ့မဟုတ်ပန် ကန်ပြားက နို ့ကိုဒိအတိုင်းထားရမလား…။
ကျမဖတ်ခဲ ့ရတဲ ့အထဲ မှာတော့သူတို ့ဘာလုပ်တယ်ဆိုတာမပါပါဘူး။
ဒါပေမယ့်စဉ်းစားကြည့်ပါ…။
မျော် လင့်ချက်အပြည့်အဝနဲ ့လာခဲ ့တဲ ့သူတို ့ဘယ်လောက်အားငယ်သွားမလဲဆိုတာ……..
ကျမဆိုလိုတာကလေ…..တောသားဖြစ်တာပဲဗျာ..ဟုတ်
ဘာလို ့အားငယ်ကြပါသလဲ လို ့…တောသားဖြစ်တာအားငယ်စရာမှမဟုတ်တာ…ကိုသိရအောင်တင်ပြတာ
…………………………………………………………
ကျမ..သိတတ်တဲ ့အရွယ်..ကျမကျောင်းစနေတော့.ကျမအသက်၄နှစ်မပြည့်သေးပါဘူး။
အမတွေအကိုတွေက..ကျမနဲ ့အသက်ကွာကြပေမဲ ့သူတို ့တွေကကျမကိုစာသင်ပေးလို ့
ကျမအတန်းစာတွေကို..ကျောင်းနေတဲ ့အရွယ်…၅နှစ်ကလေးတွေနဲ ့ကျမစာလိုက်နိုင်ပါတယ်။
တနေ့တော့.အမေကကျမကို“သားရေ…´´လို ့ခေါ်ပါတယ်(ကျမအကိုတွေအောက်မှာနေရလို´`့သား´´လို ့ပဲကိုယ့်ကိုကိုယ်ပြောသလို အမေကလည်းသားလို ့ပဲခေါ်ပါတယ်)
မွေးစားသားနဲ ့သားအရင်းအကြောင်းကိုပြောပြတယ်…။
ပြိးတော့..
“သားရေ….မင်းက..အမေ ့ဗိုက်ထဲ ကမွေးခဲ ့တာမဟုတ်ဘူးသားကမွေးစားကလေးပါ´´လို ့ပြောပါတယ်..။
ပြိးတော့အမေ က…
“မွေးစားသားနြ ့သားအရင်း ကိုမင်းကိုပြောပြိးတြ ့နောက်…
သားရေ..အိမ်ရှေ ့ကမောင်ညို ကမွေးစားသား…
မင်းလည်းအမေ ့ရဲ ့မွေးစားသားပါဘဲ..ဘာကွာလည်း..သားရေကြည့်ပါ“ တဲ ့….
ဟုတ်တယ်..အမေပြောသလိုပါဘဲ..မောင်ညို ကျောင်းမနေရပါဘူ၊တအိမ်လုံးအလုပ်တွေကိုကလေးတစ်ယောက်နြ့မတူအောင်လုပ်နေရပါတယ်…ကျမသိပြီလေ…မွေးစားသားနဲ ့သားအရင်းရဲ့ကွာခြားပုံကို….။
ကျမနေရတာသားအရင်းနဲ ့မခြားပါဘူး..ကျမကံကောင်းခဲ ့ပါတယ်…ဒါကြောင် ့
“အမေ ့…..သား က အမေ ့သားပါ ´´လို ့ပြောခဲ ့ပါတယ်…။ဒါကြောင့်ကျမမွေးစားသားဖြစ်ရလို ့စိတ်မကောင်းမဖြစ်မိခဲ ့ပါဘူး။
ကံဆိုတာအမြဲတန်းကိုယ့်ဘက်မှာရှိမနေ ခဲ ့ပါဘူး…..
ကျမမွေးစားမိဘတွေကျမ၁ဝနှစ်သမိးအရွယ်မှာရှေ ့ဆင့်နောက်ဆင် ့ကွယ်လွန်ခဲ ့ကြပြန်တယ်…
ကျမတကယ့်ကိုအားငယ်ကြေကွဲရပါတယ်…ကျမဘဝဘယ်လို ရှေ ့ဆက်မလဲပေါ့….အတွေးတွေနဲ ့ပါ။
ကျမအဲ့ဒိအချိန်က..ကလေးပေမဲ ့ကျမအဖေအေမေကွယ်လွန်သွားလို ့ဝန်းနည်းကြေကွဲမိတာထက်ကျမဘယ်လိုဆက်နေရမလဲကိုတွေးပူအားငယ်နေမိတာတော့..အမှန်ပါ။
ကျမအဖေ ့..က မကွယ်လွန်ခင်မှာကျမ ကိုပြောခဲ ့ပါတယ်.
“.သားရေ..မင်းအတွက်ပဲအဖေစိတ်ပူပါတယ်..ငါ့သားရေ….ဘာအတွက်ကြောင့်မှ…
စိတ်အားငယ်မနေ ပါနဲ ့….ဘာပဲဖြစ်ဖြစ်အဖေကတော့မင်းအတွက်အမြဲရှိနေမယ်´´
လို ့ကျမကိုအားပေးစကားတွေပြောခဲ ့ပါတယ်။
ကျမအကိုအမတွေကိုတော့..သူတို ့ရဲ ့အဖိုးအဖွားများတာဝန်ယူနိုင်ပေမဲ ့..ကျမလိုမွေးစားကလေးတစ်ယောက်ကိုတော့တာဝန်ယူဘို ့ရာခက်ခဲ ကြမှာပါ။
ကျမဘဝအတွက်နောက်ထပ်မျော်လင့်ခြင်းရောင်ခြည်ပေါ်လာပါတယ်…
ကျမကိုပြည်မြို ့ကအဖေ ့ရဲ ့သူငယ်ချင်းက….မွေးစားမယ်ဆို တဲ ့
ရှေ ့ပြေးတမာန်ပြန်စာလေးတစ်စောင်ရောက်လာခဲ ့ပါတယ်….။
ဟုတ်တယ်..နော်..ကျမဘဝအတွက်….အားငယ်တြ ့အချိန်တိုင်း
အဖေ့အမြဲရှိနေတယ်ဆို တဲ ့အဖေပြောခဲ ့တဲ ့အားဆေးကြောင့် အားငယ်စိတ်ပျက်နေမဲ့အစားကျမကအဖေဒိုင်ယာယိထဲ ကလိပ်စာကူးပြိးအဖေ ့မိတ်ဆွေ ကိုကျမစာရေးဆက်သွယ်ခဲ့တာကြောင့်ပါ။
ကျမစဉ်းစားမိတယ်…
အားလုံးမှာအားနည်ချက်ကိုယ်စီရှိကြပါတယ်။ကံ တရားကအမြဲတန်းပဲဆိုးမလာနိုင်ဘူး
အဆိုးပြိးရင်..ကောင်းတာပဲလာတော့မယ်..ဆိုတာ…အလုံးစုံသိရှိနားလည်မိပါတယ်။
……………………………………………..
ဘဝဆိုတာပန်းခင်းလမ်းမဟုတ်တော့ အခက်အခဲဆိုတာကိုယ်မထင်မှတ်ထားတဲ့
တစ်ချိန်မဟုတ်တစ်ချိန်ချိန်မှာတော့ ရောက်လာမှာပဲ…အားပျက်လက်လျော့ညည်းညူနေမယ့်အစားအခက်အခဲတွေကိုရင်ဆိုင်၊ ဖြေရှင်း၊ကျော်လွှားမှသာ ကျမတို ့တည်ငြိမ်ရင့်ကျက်သူတစ်ဦးအဖြစ်ရပ်တည်နိုင်မှာပါ။
လူတွေမှာ ချို.ယွင်းချက်၊အားနည်းချက်၊အပြစ်အနာအဆာတွေကကျမ တိ်ု.ရဲ.ဘဝတွေကိုအလွှန်တရာစိတ်ဝင်စားဖို.ကောင်းအောင်ဖန်တီးပေးခဲ.သလိုကိုယ်.ဘဝရဲ.ဆု
လာဘ်တွေလဲဖြစ်တယ်။
လူလောကထြ ကလူ ့ဘဝဆိုတာ..ရခဲလှပါတယ်..ကျမတို ့ဘဝပေါင်းများစွာရပ်တည်ရအုံးမှာပါ။
ဘယ်လိုလူစားမျိုးဘဲဖြစ်ဖြစ်တောသားပဲဖြစ်ဖြစ်..။မွေးစားကလေးဘဝပဲဖြစ်ဖြစ်
ကျမတို.ကကောင်းကွက်လေးတွေကိုမြင်တတ်ဖို.လိုပါတယ်။အဲဒီချို.ယွင်းချက်၊အားနည်းချက်၊အပြစ်အနာအဆာတွေကို
မှန်မှန်ကန်ကန်အသုံးချနိုင်အောင်တည်.ပေးလိုက်နိင်ရင်တော.ဒါတွေဟာစိတ်ပျက်
အားငယ်စရာတွေမဟုတ်တော.ပဲဘဝရဲကောင်းချီးပေးမှုတွေဖြစ်လာမှာပါ။
ကျမပြောချင်တာက………
မင်းဟာ..စကြဝဠာထဲ ကသေးသေးလေးပါ။
မင်းဘာလုပ်လုပ်ဘာမှမဖြစ်ဘူး။အားငယ်စရာပါ..။
နှမ်းတစ်စေ ့ကဆိမဖြစ်နိုင်ပါဘူး….
ပိုလို ့တောင်အားငယ်သွားစေနိုင်တြ ့စကားပါ။
ဒါပေမယ့်လေ….လူတွေဟာအင်မတန်အားကောင်းတဲ ့စိတ်ဓါတ်တွေရှိကြတယ်။
ကျမတို ့လောကကြိးကိုအနိုင်ယူ ကြရအောင်..နော်
လူသားတွေရဲ ့အနေအထားကစိတ်ဝင်စားစရာကောင်းပါတယ်။
တစ်ဥိးတစ်ယောက်ချင်းဆိုတာ ဘာမှအားမရှိဘူးထင်ရပေမယ့်
ဒိတစ်ဥိးချင်းရဲ ့အင်အားကသာလျှင် စုပေါင်းအင်အား ဆိုတာဖြစ်လာတာလေ။
နှမ်းတစ်စေ ့ကဆိမဖြစ်နိုင်ပါဘူး….
ဒါပေမယ့် နှမ်းတစ်စေ ့မှမရှိရင်လည်းဆိမဖြစ်ဘူးနော်….
ချစ်သောဧဒင်မောင်နှမအားလုံးတချို ့က နှမ်းဖြစ်လို ့ ဘာအတွက်ကြောင့်မှအားငယ်မနေပါနဲ ့
စာကိုး။ ။ဒေါက်တာခင်မောင်ညို(ဆီဖြစ်တဲ ့နှမ်းတလုံး)
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
10 comments
ရွှေဘိုသား
July 26, 2011 at 9:30 pm
ကျေးဇူးပဲနော် တင်ပေးလို.
တော်တော်လည်း ကောင်းပါတယ်
စဉ်းစားစရာတွေ အများကြီးပဲ
shweaeimsi
July 27, 2011 at 10:18 am
ကျေးဇူးပါ…..
နင်ရေးတာလည်းကောင်းပါတယ်…ကောမက်လာမပေးရဲဘူး..
အဲ ့ဒိ..နင်ရေးတဲ ့အောက်တန်းစား..ဘာညာတွေ ထဲ မှာ….ကောမက်တွေ ကရန်ဖြစ်နေသလိုဘဲနော်….ကြောက်တယ်ဟ…
ငါ့ကယောင်လည်လည်နဲ ့ဒိထဲနေနေရတာ…
PaukPhaw
July 26, 2011 at 9:40 pm
” ဘာတွေဘဲဖြစ်နေနေ..အဖေလာမယ်စိတ်ချ ” ဆိုတာလေး ဘယ်ရောက်သွားတုန်း.
အမှတ်တမဲ့တွေ ့ပြီး လာကြည့်တော့ ” တောသား၊မွေးစားသားနဲ ့ဘဝသမား ” ဖြစ်သွားလို ့
shweaeimsi
July 26, 2011 at 10:49 pm
အော်..ဆော်ရီးပါ..
အဲ ့ဒါကဆိုဒ်ကလူတွေ ဖတ်ရအောင်…ဆရာဖေမြင့်စာတင်ပေးတာ…
ကွန်ပျူတာကိုဆိုဒ်တွေ ကောဖွင့်ထားတာ..မှားသွားလို ့ပါ
ကြောင်ကြီး
July 27, 2011 at 6:44 am
ငယ်ငယ်က လူတွေလဖက်ရည်သောက်ရင် အောက်ခံပန်းကန်ပြားလေးထဲထည့် တဖူးဖူးမှုတ်သောက်လေ့ရှိတာ သမတကြီးဝါရှင်တန်အကြောင်းပါလို့ သတိရသွားတယ်။ ဒုတိယကမာ္ဘစစ်တွင်း မြန်မာပြည်ကိုရောက်တဲ့ အမေရိကန်စစ်သား (တောနယ်ပိုင်းက) တွေသောက်တာကို အတုယူပြီး လိုက်သောက်တာလို့ ပြောတာပဲ။ ဒီဖက်ခေတ်မှာ အဲဒီအလေ့အကျင့် မတွေ့ရတော့ဘူး…. ပို့စ်နဲ့တော့ မဆိုင်ဘူး၊ သတိရတုံး ပွားကြည့်လိုက်တာပါ… 😀
pan pan
July 27, 2011 at 9:53 am
ခုနောက်ပိုင်း အဲလိုပန်းကန်ပြားလေးထဲ လက်ဖက်ရည်ထည့်သောက်ရင် တောဆန်တယ်ကြားဖူးတာပဲ
တချို့ကပြောတော့ စတိုင်ပဲ့တယ်တဲ့
shweaeimsi
July 27, 2011 at 10:13 am
တကယ်တော့ပန်ပန်….
တောဆန်တယ်လို ့တော့မမြင်မိသေးပါဘူး
စိးပွားရေးရုှု ့ဒေါင့်ကကြည့်ရင်….
စားပွဲ ထိုးလေးကိုင်လာတာဖိတ်ကျတယ်လေပုံကန်ပြားထဲ ကိုဒါကြောင့်
လက်ဖက်ရည်နှမြောလို လက်ဖက်ရည်ခွက်ထဲ ကနေ
့အပြားထဲ ကဖိတ်သွားတဲ ့ဟာပါသောက်တာလို ့မြင်မယ်….
ဟိဟိ..ဟိုအပေါ်က..ဥိးကြောင်လို လူကြီးတွေ ကတော့….
မြန်မြန်အေးချင်လို ့..ထဲ ့သောက်တာနေမှာ
MOEPWINTPHYU
July 27, 2011 at 1:08 pm
တောသာလဲလူပဲ ရန်ကုန်မြိုပေါ်မှာချမ်းသာသူအများစုမှာတောသားများဖြစ်ကြောင်းသတင်ပေးလိုက်ရပါတယ်
kai
July 27, 2011 at 2:42 pm
ထောက်ချင်တာလေးတခုက..
သမ္မတဂျော့ဝါရှင်တန်က..အိမ်ဖြူတော်မှာ မနေလိုက်ရဘူးလို့.. မှတ်မိတယ်..။
ဂျော့ဝါရှင်တန်က.. နယူးယောက်မှာ နေသွားတာ…။
အိမ်ဖြူတော်က.. ၁၈၀ဝ ခုနှစ်ကမှ ပြီးတာကိုး..
shweaeimsi
July 27, 2011 at 3:22 pm
ကျေးဇူးပါပြောကြားပါစေ….
ဒီလိုကျနော့်ကိုထောက်ပြနိုင်တြ ့ကောမက်ကို..ကျနော်မျော်လင့်နေတယ်ပြောကြားပါရစေ…
လေးစားပါတယ်သူကြီးရေ…….
ဒီပို စ့်ကိုကျနော်…စရေးကတည်းက..အဲ ့ဒါကိုသတိမထားမိပါဘူး….
ကျနော်ရဲ ့ထုံးနှောင်ဖွဲ ့ပြေလျှော ့ချိန်ဘလော ့ထဲ က သူငယ်ချင်း(ကိုကို) ကစထောက်ပြပါတယ်…။
ကျနော်ကို မူရင်းပေးဖတ်ပါတယ်…..
ကျနော်ရေးတာ…တကွက်လိုနေပါတယ်..
ဒါကိုကျနော်မပြင်ချင်တော့ဘူး..
အိမ်လို ့မတွေးဘဲ ဧည့်ဆောင်ကလားဆိုတာ…စာအုပ်မှာလည်းမညွှန်းဆိုထားဘူး
ဒါကိုသိသူက…ကျနော်သူငယ်ချင်း(ကျနော်အရမ်းလေးစားသူပါ)
အခုလည်းသူကြီး..(ကျနော်လေးစားသွားပြန်ပြီဗျာ)
ဒီလို ထောက်ပြနိုင်တာ….တော်ယုံစာဖတ်အားမဟုတ်ဘူး…
လေးစားပါတယ်သူကြီးရေ…
ဒီလိုကောမက်မလာရင်..ကျနော်လည်း…..သိပ်အထင်ကြီးတတ်တဲ ့သူမဟုတ်ဘူးလေ…