နောင်တကင်းရာသို့ (နန္ဒသိန်းဇံ)
ဘဝ အဘိဓမ္မာစာပေတွေ၊ အတွေးအခေါ်စာပေတွေ၊ ဗုဒ္ဓဝါဒစာပေတွေ ရေးလေ့ရှိတဲ့ ဆရာနန္ဒသိန်းဇံရဲ့ ဝတ္ထုကောင်းလေးတပုဒ်ကို လမ်းကြုံလို့ ဝေမျှလိုက်ပါတယ်။
အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အတွေးအခေါ်တခုကို တင်ပြထားတဲ့ ဒီဝတ္ထုတိုလေးက စာဖတ်သူမိတ်ဆွေကို လေးနက်တဲ့ အတွေးတခုခုတော့ ပေးစွမ်းနိုင်လိမ့်မယ် ယူဆပါတယ်။ ခံစားကြည့်လိုက်ပါဦး
အားလုံးကို လေးစားလျှက်…
Good Idea
နောင်တကင်းရာသို့ (နန္ဒသိန်းဇံ)
(၁)
သူပြောနေတဲ ့အကြောင်းအရာကို ကြားဖူးပြီးဖြစ်ပေမဲ ့ သူ ့ဇာတ်အခင်းအကျင်းက မူရင်းနှင့် အတန်ငယ် ကွဲလွဲနေတဲ ့အတွက် ကျွန်တော်က နားစိုက်ထောင်နေပါတယ်။ သူ့ဇာတ်အခင်းအကျင်းက ဒီလိုပါ။
သဲကန္တာရကြီးကို ဖြတ်ကျော်ပြီး ခရီးသွားကြမည့် ခရီးသည်တစ်စုဟာ နေ ့အချိန်မှာ ပူပြင်းလွန်းတဲ ့အတွက် အပူသက်သာတဲ ့နေရာတစ်ခုမှာ နားနေကြတယ်။ သူတို့က ညပိုင်းလထွက်လာတဲ ့အချိန်မှ ခရီးဆက်မယ်လို ့သဘောတူထားကြတယ်။
လထွက်လာတဲ ့အချိန်မှာ ခရီးသည်တွေက ခရီးထွက်ဖို ့ပြင်ဆင်ကြတယ်။ အဲဒီ ခရီးသည်တွေထဲက လူငယ်တစ်ဦးဟာ ခရီးမဆက်ခင် ခြေထောက်မှာ ဒဏ်ရာအနည်းငယ်ရနေတဲ ့ သူ့ရဲ ့ကုလားအုပ်ကို ကောင်းကောင်းသွားနိုင် မသွားနိုင် စမ်းသပ်တဲ ့အနေနဲ ့အနီးဝန်းကျင်ကို လှည့်ပြီးမောင်းကြည့်တယ်။ ခပ်လှမ်းလှမ်းအရောက်မှာ တွင်းကြီးတစ်တွင်းကို တွေ ့တယ်။
ဒါနဲ ့ကုလားအုပ်ပေါ်ကဆင်းပြီး တွင်းကြီးထဲ ငုံ့ကြည့်လိုက်တော့ လရောင်ကြောင့် ပြိုးပြိုးပျက်ပျက်လင်းလက်နေ တဲ ့အရာတွေကို တွင်းကြီးအောက်ခြေမှာ မြင်နေရတယ်။ ဒီလူငယ်က အဲဒီ ပြိုးပြိုးပျက်ပျက် အရာတွေဟာ
အင်မတန် တန်ဖိုး ရှိတဲ ့စိန်တုံးတွေ၊ ကျောက်သံပတ္တမြားတွေလို ့ထင်နေတယ်။
ဒါကြောင့် ကုလားအုပ်ပေါ်ပြန်တက်ပြီး သူ ့လူတွေဆီကို အမြန်ပြန် လာပြီး တွင်းကြီးထဲက အရာတွေအကြောင်း၊ အဲဒီ တွင်းထဲဆင်းဖို ့ ရသမျှကြိုးတွေ ယူခဲ့ဖို ့အကြောင်းပြောတယ်၊ ရသမျှကြိုး တွေယူပြီး တွင်းကြီးဆီကို သွားကြတယ်။ စောစောက လူငယ်ဟာ ရသမျှကြိုးတွေကို ဆက်ပြီး အရင်အဦးတွင်းကြီးထဲကို ဆင်းတယ်။ တွင်းက
ထင်ထားတာထက် ပိုပြီးနက်နေတော့ ကြိုးက အောက်ကို မရောက်ဘူးဖြစ်နေတယ်။ ဒါနဲ့ အပေါ်ကလူတွေက ကြိုးစားပြီး ကြိုးကိုဆက်တယ်၊ နောက်ဆုံးမှာ မိမိတို ့ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကိုပါ ကြိုးအဖြစ် အသုံးပြုကြတယ်။
မကြာခင် စောစောက လူငယ်ဟာ တွင်းအောက်ခြေကိုရောက်တယ်၊ ရောက်တော့မှ သူထင်ထားတာနဲ့
တကယ့်လက်တွေ ့ဟာ တခြားစီဖြစ်နေတာကို တွေ ့ရတယ်။ တကယ်က လရောင်ကြောင့် သူမြင်ခဲ့ရတဲ ့ပြိုးပြိုးပျက်ပျက် အရာတွေဟာ စိန်တုံးတွေ မဟုတ်ဘဲ လရောင်ကြောင့် လင်းလက်နေတဲ ့မြွေမျက်လုံးတွေဖြစ်နေတာတဲ ့။
ဧရာမမြွေကြီးတွေ တွင်းရဲ ့အောက်ခြေမှာ စုပြုံနေကြတာတဲ့။ အပေါ်ကနေပြီး တွင်းထဲကို ငုံ ့ကြည့်နေသူတွေကလည်း
အဲဒီ မြွေမျက်လုံးတွေကို တကယ့် စိန်တွေလို ့ထင်ပြီး ဆင်းဖို ့တကဲကဲ လုပ်နေကြတယ်။ အောက်ရောက်သွားတဲ့ လူငယ်က အပေါ်ကလူတွေကို “ဟေး မဆင်းကြ နဲ ့… စိန်တွေမဟုတ်ဘူး၊ မြွေတွေ … မြွေတွေ…” လို ့လှမ်းအော်ပြောတယ်။
ဒီလိုအော်တာကို အပေါ်က လူတွေက သူတို ့ကို ဆင်းမလာစေချင်လို ့… စိန်တွေကို မရစေချင်လို ့အော်တာလို ့ထင်ပြီး တစ်ဦးသောသူက စိန်လောဘတက်ပြီး ဆင်းလိုက်သွားတယ်။ ပထမဆုံးလူငယ်ရဲ ့ အသံပျောက်သွားတယ်၊ မြွေပေါက်ခံရလို ့သေသွားတာဖြစ်မှာပေါ့၊ အော်သံမကြားရဘဲ ဆိတ်ငြိမ်နေ တာကိုပဲ တခြားလူတွေက သူတစ်ဦးထဲ စိန်တွေကို ကြိတ်ပြီးယူနေတာလို ့ထင်နေတယ်။ အပေါ်က ကြည့်တော့
လရောင်မှာ တကယ်ပဲ စိန်တွေလို ကျောက်သံပတ္တမြားတွေလို ပြိုးပြိုးပျက် လက်နေတာ
မြင်ရတော့ အော်ပြောသူရဲ ့စကားကို မယုံနိုင်ဘူးပေါ့။
ဒုတိယဆင်းသွားသူကလည်း အောက်ရောက်တော့ တကယ့်မြွေတွေဖြစ်မှန်း သိရတယ်၊ ဒါကြောင့်
ပထမ ဆင်းသွားသူလိုပဲ အပေါ်ကို အော်ပြောတယ်။ “ ဆင်းမလာကြနဲ ့၊ စိန်တွေမဟုတ်ဘူး၊
မြွေတွေ…” လို ့အော်တယ်၊ ဒါပေမဲ ့ လည်း အပေါ်က လူတွေက … ဒီကောင်တွေ တို ့ကို
ဝေမျှမပေးချင်တာနဲ ့ကြိတ်ပြီးစိန်တွေကို ယူနေကြပြီလို ့ထင်တယ်။ ဒီလို အထင်နဲ
့တစ်ယောက်ပြီးတစ်ယောက် လိုက်ဆင်းကြတယ်။
ဆင်းသူတိုင်းက အောက်ရောက်ရင် အပေါ်က လူတွေကို “ မဆင်း နဲ ့၊ စိန်တွေမဟုတ်ဘူး၊ မြွေတွေ…မြွေတွေ…” လို ့အော်တယ်။ အော်သူက အော်ပြေပေမဲ ့ ဆင်းသူကလည်း ဆင်းလိုက်တာပဲ၊ ဒါနဲ ့နောက်ဆုံးမှာ
ခရီးသည်အားလုံးဟာ အဆိပ်ပြင်းထန်လှတဲ ့မြွေတွေရဲ ့အစား အမျိုခံရပြီး အသက်ကုန်သွားကြတယ်…တဲ ့။
ကြားဖူးတယ်မဟုတ်လား၊ ‘ ဃရာဝါသ ကိစ္စမြားမြောင် လူတို ့ဘောင်’ ဆိုတာလေ။ အင်မတန်မှ
ဒုက္ခတွေ များတယ်၊ အိမ်ထောင်ကျပြီဟေ ့ဆိုတာနဲ ့တစ်နေ ့ပြီးတစ်နေ ့သားကိစ္စ၊ သမီးကိစ္စ၊ မယားကိစ္စ၊ ယောက္ခမကိစ္စ၊ ဟိုလူ ့ကိစ္စ၊ ဒီလူ ့ကိစ္စ၊ ဟိုအရေးကိစ္စ၊ ဒီအရေးကိစ္စတွေနဲ ့ ရှုပ်လိုက်တာမှ အသက်ရှင်ခိုက် ကိုယ့်ဘဝကိုယ်
အဓိပ္ပါယ်ရှိအောင် မနေရတော့ဘူး။
စကားတစ်ခုရှိတယ်။ လူ ့ဘဝဖြစ်စဉ်မှာ အဖြစ်အပျက် သုံးခုရှိတယ်တဲ့၊ မွေးဖွားခြင်း၊ အသက်ရှင်နေထိုင်ခြင်းနဲ ့သေခြင်း ဆိုတာပဲတဲ ့။ မွေးဖွားခဲ့တာကိုတော့ မမှတ်မိတော့ဘူး၊ သေခြင်းတရားနဲ ့ကြုံလာတော့ တုန်လှုပ်ခြောက်ခြားလာတယ်။ ဘဝမှာ အသက်ရှင်နေခိုက် နေဖို ့တော့ မေ ့သွားတယ်” ဆိုတဲ ့စကားပေါ့။ အမှန်က ဘဝ အသက်ရှင်ခိုက်
နေဖို ့ကို မေ့တာတော့ မဟုတ်ဘူး။ နေဖို ့ကို အချိန်မရ ဖြစ်သွားတာ။
သားကိစ္စ၊ မယားကိစ္စ၊ စီးပွားရေး ကြီးပွားရေးကိစ္စ ကိစ္စပေါင်းစုံနဲ ့ အဓိပ္ပါယ်ရှိ အောင် နေဖို ့အချိန်မရတာပါ။
ဒါကြောင့် ဃရာဝါသဆိုတဲ ့အိမ်ထောင်သားမွေး အလုပ်ကို မလုပ်ကြနဲ ့၊ မိန်းမမယူကြနဲ
့ အင်မတန်ဒုက္ခများတယ်လို ့ရှေးလူကြီးတွေက ပြောခဲ ့ကြတာပဲ။
ဒါပေမဲ ့… စောစောက တွင်းကြီးထဲဆင်းတဲ ့ပုံပြင်ထဲက အော်ပြောသူတွေလိုပေါ့ဗျာ။ ဆင်းမလာကြနဲ ့လို့ ရှေ့က
အော်ပေမဲ ့နောက်လူကလည်း ဆင်းတာပဲ။ အဲဒီအတိုင်းပဲ၊ ရှေ ့က လူတွေက အိမ်ထောင်မပြုကြနဲ ့၊ မိန်းမမယူကြနဲ ့လို ့ပြောပေမဲ ့… နောက်လူတွေ အိမ်ထောင်ပြုကြတာပဲ၊ မိန်းမယူဖြစ်အောင် ယူတော့တာပဲ။ ဒုက္ခတွင်းကြီးအကြောင်း စဉ်အဆက် သတိပေးပြောသူက ပြောပေမဲ ့ခုန်ချသူကလည်း ခုန်ချနေတာပဲ။
တစ်ဦးပြီးတစ်ဦး စဉ်ဆက် ခုန်ချလျက်ပေါ့ဗျာ…။
(၂)
သူက ဆက်ပြောပြန်ပါတယ်။ “ ကျုပ်တို ့ဗုဒ္ဓစာပေမှာ ဥပမာတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့
သံသရာဆိုတဲ ့ ရေပြင်ကျယ်ကြီးဟာ ကျယ်ဝန်းလှတဲ့အတွက် ကူးမြောက်ဖို ့ခက်ခဲရတဲ့အထဲ ‘ ဝဲ ’ ဆိုတာ ရှိသေးတယ်တဲ ့။ ရေပြင်ကျယ်ကြီးမှာ ရှိနေတဲ ့ဝဲလှည့်နေတဲ ့အထဲရောက်သွားရင် အဲဒီဝဲက လှည့်ပတ်စုတ်ယူ ဆွဲဆောင်သွားတာ ပြင်းထန်လို့ အဲဒီဝဲထဲကနေ ပြန်ထွက်ဖို ့ပေါ်လာဖို ့သိပ်ခက်ခဲတယ်။
မာတုဂါမဆိုတဲ ့မိန်းမဟာ အဲဒီရေပြင်ကျယ်မှာ ရှိတဲ ့ဝဲနဲ ့တူတယ်တဲ ့ဗျ။ အဲဒီမိန်းမရဲ ့ အချစ်၊ အကြိုက်၊
အမူအနွဲ ့မူယာမာယာထဲရောက်သွားလို ့ကတော့ ယောက်ျားတစ်ဦးအဖို ့ပြန်ပေါ်လာဖို ့မလွယ်တော့ဘူး၊ အမယ်… ဒီလိုမာတုဂါမ မိန်းမရဲ ့အဖမ်းအယူခံရပြီး တဏှာရာဂ ဝဲကြီးထဲ ရောက်ရတာကိုပဲ ယောက်ျားဆိုတဲ ့သူက ဂုဏ်ယူနေ တတ်သေးတယ်။ ငါ ့မှာ မိန်းမတွေ ကြိုက်နှစ်သက်တဲ ့ရုပ်လက္ခဏာရှိလို ့၊ ငါကတော်တဲ ့တတ်တဲ
့ယောက်ျားဖြစ်လို ့၊ အစွမ်းအစရှိတဲ ့သူမို ့လို ့မိန်းမတွေက ငါ့ကိုကြိုက်တာ…ဆိုပြီး မိန်းမဝဲထဲ ရောက်တာကိုပဲ ဂုဏ်ထူးဝိသေသလို ့ထင်တတ်သေး့တယ်တဲ့ဗျ၊
အင်း… ရှိစေတော့၊ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ရေးဆိုတဲ ့ဃရာဝါသ ဝဲထဲနစ်မြုပ်ပြီဆိုရင်တော့ ထွက်စရာလမ်းက အခက်သားလား၊ ပြောခဲ ့တဲ ့အတိုင်း သားကျွေးမှု၊ မယားကျွေးမှု၊ ဂုဏ်သိက္ခာ ရရှိရေးဆိုတဲ ့အမှုကိစ္စတွေနဲ့
လုပ်လိုက်ရတဲ ့ စီးပွားရေး၊ ကြီးပွားရေးတွေ ပြီးနိုင်တယ်ရယ်မရှိဘူး။ ဆုံးနိုင်တယ်ရယ် မရှိဘူး…။”
(၃)
အထက်ပါ သူ ့စကားတွေကို နားထောင်ရင်းက ကျွန်တော့်ညာဘက်တွင်ထိုင်ရင်း ကျွန်တော့်လိုပဲ နားထောင်နေတဲ ့ကျွန်တော့်မိတ်ဆွေ လူပျိုကြီးကို လှမ်းကြည့်လိုက်တော့ သူက လှုပ်ရှားလာပြီး အသံခပ်နိမ့်နိမ့်နဲ ့“ ကျုပ်ကတော့ “တွင်း နက်ကြီးထဲ အတင်းခုန်ချခဲ ့တာပဲ၊ ဘယ်လိုဖြစ်ပြီး မကျတာလဲ မသိပါဘူးဗျာ။
ဝဲတွေစုပ်ချင်လည်း စုပ်ဆိုပြီး မျှောလိုက်လာတာ ဘယ်ဝဲကမှလည်း ကျုပ်ကိုယ်ကို
ဆွဲယူမသွားဘူး။ အဲဒီအဖြစ်ဟာ ကံကောင်းတာလား၊ ကံဆိုးတာလား … ပြောစမ်းပါအုံး…”
ဟု ကျွန်တော့်ကို ပြောနေပါတယ်။
ကျွန်တော် သူ ့ကို ထိုနေ ့က ချက်ချင်း စကားမတုံ ့ပြန်နိုင်ခဲ ့ပါ။ ‘ ဝဲ ’ ဆိုတဲ့နေရာမှာ အလှည့်အပတ်၊ အညာ အလှိုင်း၊ အဖြီးအဖြန်းတွေနဲ ့မိန်းမကို ဆက်ဆံတတ်တဲ ့‘ ယောက်ျား ’ ကို အလင်္ကာပြုရင်ကော မဖြစ်နိုင်ဘူးလားလို ့တွေးနေမိတဲ့
အတွက် ဖြစ်ပါတယ်။ ပြီးတော့ ဃရာဝါသ ကိစ္စမြားမြောင် လူတို ့ဘောင်ဆိုတဲ ့အတိုင်း များမြောင်လှတဲ့ ပြဿနာတွေကြားမှာ ပြုမိမှား၊ ပြောမိမှားခြင်းတွေနဲ ့ရလိုက်ရတဲ ့မဆုံးနိုင်တဲ့ နောင်တတွေအကြောင်း
အတွးဆန် ့နေတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
(Perfect မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၈)
3 comments
mandalarthu
July 28, 2011 at 9:42 pm
Good idea of sharing such this article to us!
Thanks for sharing NandarTheinzan’s philosophy about marriage and life,yes,
it is true that some people are trying to escape from the cage after their marriage ,but
at the same time,others ,trying to come into the cage of marriage without knowing the
troubles of it.In real situation ,some repent that they have married like the people who think of diamonds instead of seeing the snakes in your story.
Whatever it might be,we,humans should take care of everything before we decide sth for our lives.
Thanks a million for sharing such good philosophy of life and good ideas .
forever
July 29, 2011 at 4:25 pm
တချို.က စိန်တွင်းထင်လို. ဆင်းကြတာ
တချို.ကြတော.လဲ မြွေတွင်းမှန်း သိရက်ခုန်ဆင်းကြတာဘဲ
ငါ.ဝမ်းပူဆာ မနေသာဘူးလေ….
pan pan
July 29, 2011 at 4:41 pm
ကိုယ်နဲ့မတည့်ဘူးဆိုတဲ့အစားက ပိုအရသာရှိသလိုပေ့ါ
ဆေးလိပ်ကြိုက်တဲ့လူ ဆေးလိပ်မကောင်းမှန်းသိတယ်၊ ဖြတ်မရဘူးဆိုတာလိုပေ့ါ
ပုထုဇဉ်ရဲ့ ပင်ကိုယ်သဘာဝစိတ်ကိုက ရှုပ်တော့ ရှုပ်မှပျော်တာပေ့ါ
-ျီးစားလောက်ဟာ မစင်ပုံမှာပျော်တယ်
သိတဲ့လူက ရွံတယ်
အရိယာသူတော်ကောင်း(ဘုရား၊ ရဟန္တာတွေများ)ကျတော့ လူ့ဘဝစည်းစိမ်တွေကို မစင်၊ အညှီအဟောက်လို ရွံရှာသွားကြတယ်