COMMENT မိတ်ဆွေများသို့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သာသနာရေးလျှောက်ထားလွှာကို တင်ပြပေးတဲ့ အတွက် TRue answer ကို ကျေးဇူးတင်ပါတယ်။ အဲဒီ လျှောက်ထားလွှာ ဆီက အဆီအနှစ်ကို ထုတ်မယ်ဆိုလျှင် အချက်နှစ်ချက်ပဲရှိတာကို တွေ့ရမှာ ပါ။
(က) မြင့်မြတ်သော လွတ်လပ်ရေးဆိုတာ ဘာသာတရား
တိုင်း ကာလ၊ ဒေသမရွေး လွတ်လပ်စွာ ဟောပြော
နိုင်ခြင်း။
(ခ) ကြောက်ရွှံ့၊စိုးရိမ်၊ပူပန်ခြင်းမှ ကင်းလွတ်ပြီး လူအ၊
လူန ဘဝမှ လွတ်မြောက်စေခြင်း။
ဒီအချက်နှစ်ချက်ဟာ အဆီ၊အနှစ်ထုတ်လိုသူတွေ ဆင်ခြင်ပွားများ သံ ဝေဂယူစပဲပေါ့။ ရအောင်ယူနိုင်ကြပါစေ။
khon yenaung က စာတွေ အတော်များများ ဖတ်ထားပြီးဖြစ်မယ် ထင်ပါတယ်။ စာများများဖတ်ဖို့ တိုက်တွန်းတာအတွက် ကျေးဇူးပဲ။ စာဖတ် တယ်ဆိုတာ ကိုယ်ပိုင်အသိဉာဏ်နဲ့ နေနိုင်သူ ဖြစ်ဖို့ စာဖတ်ရတာလို့ ထင်ပါ တယ်။ ကိုယ့်အိမ်မှာ ကားတစ်စီးတိုက်စာလောက် ရှိတဲ့သူတွေတောင် ရှိ တယ်လို့ ကြားဖူးပါတယ်။ ပိဋတကတ်သုံးပုံကိုတောင် အာဂုံဆောင်နိုင်သူ တွေ ရှိနေကြတာပဲ။ သူတို့တွေဟာ ကိုယ်ပိုင်အသိဉာဏ် ရသွားကြပါရဲ့လား။
ဒီလိုပြောလိုက်လို့ ဒီသူတွေက်ို စော်ကားပုတ်ခတ်တယ်လို့လဲ မလုပ်လိုက် ပါနဲ့အုံး။ အသိဉာဏ်ဆိုတာ ဟိုသူ့ဆီကအမှန်၊ ဒီသူ့ဆီကအမှန်၊ ကိုယ်လေ့ လာထားမိသမျှထဲက အမှန်တရားတွေကို မွှေနှောက်၊စပ်ဟပ်၊ဖလှယ်ပြီး မ ကျေပျက်တော့ပဲ လူကိုငြိမ်းအေးစေတဲ့ အမှန်တရားကို ထိုးထွင်းသိမြင်တတ် တာလို့ ပြောရမယ် ထင်ပါတယ်။ စကားလေး နှစ်ခွန်းထဲကြားရတာနဲ့ သော တာပန် ဖြစ်သွားတဲ့ တက္ကတွန်းကြီး တစ်ယောက်အကြောင်းကိုသိမှာပါ။
ကာလာမသုတ်ကိုတောင် ထုတ်ဆောင်ပြလာသူဆိုတော့ အသေးအ မွှားလေး ဖြစ်မှာပါ။ အဲဒီ စကားနှစ်ခွန်းရဲ့ အဆီ၊အနှစ်ဟာ ပျောက်ချက်သား ကောင်းနေပါတယ်။ ဟိုကျမ်းညွှန်း၊ ဒီကျမ်းညွှန်း၊ ဟိုဘုရားညွှန်း၊ ဒီဘုရား ညွှန်း အဲဒါတွေမပါပဲ ထုတ်ဖော်ပေးဖို့ အချိန်တန်နေပါပြီ။ ကာလာမသုတ်အ တိုင်း ပြောတာပါနော်။
ကြောင်ကြီးပြောတာက ကိုရိုးက အတ္တဘက်ဆန်လွန်းပြီး ဘဟာအီ သာသနာက အနတ္တဘက်ဆန်လွန်းတယ်။ အတ္တ၊ အနတ္တဆိုတဲ့ စကားတွေ ဟာ ဟိုး……လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅၀၀)ကျော်က အိန္ဒိယမှာ ပြောခဲ့တဲ့ စ ကားတွေပါ။ ပုဂံခေတ်က စကားကိုတောင် ပညာရှင်တွေကြားမှာ ငြင်းခုံနေ ကြရတာမဟုတ်လား။ ဒီကနေ့ ပြောနေတဲ့ မြန်မာစကားစစ်စစ်ကိုတောင်မှ ငြင်းခုံနေကြလေရဲ့။ လက်ရည်(ရေ)တစ်ပြင်တည်း ဆိုတာ ဘယ်လိုဖြစ်တာ မျိုးကို ပြောတာပါနဲ့ပေါ့။ ကိုယ်မသိတဲ့ စကားတွေကို ဘယ်အကျိုးမျှော်ကိုး ပြီး ပြောနေကြတယ်မသိ။ ပြောတဲ့စကားကိုက မသိတာကြီးဖြစ်နေတော့ မျှော်တဲ့အကျိုးကလည်း မသိတာကြီးပဲဖြစ်မှာပါ။ မသိတာကြီး မျှော်ရတာ ဟာ ရွှံ့ညွှန်ထဲ တိုးဝင်နေရသလို မွန်းကြပ်စရာကောင်းလှပါတယ်။
aungnng ကတော့ အသက်(၇၀)ကျော်(၈၀)လောက်ရှိတဲ့ ဘာသာ မဲ့တစ်ယောက်ရဲ့ အတွေ့အကြုံနဲ့အယူအဆကိုသာ သိချင်တာဆိုပဲ။ ပြဿ နာတစ်ခုခု၊ ကြောက်စရာ တစ်စုံတစ်ရာကို ကိုယ်တိုင်တွေ့ကြုံ၊ရင်ဆိုင်ဘူးသူ ကိုမှ အတွေ့အကြုံရှိသူလို့ မှတ်ယူလိုပုံရပါတယ်။ အဆိပ်ခွက်ကို အဆိပ်ခွက် ဟုတ်မဟုတ် သောက်ကြည့်ပြီးမှ ရရှိမယ့် အတွေ့အကြုံမျိုးကိုတော့ ဘယ်သူ မှ လိုချင်မှာ မဟုတ်ပါဘူး။ ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာကို ဘယ်နည်း ဘယ် ပုံ ဖြေရှင်းရမယ်လို့ ထိုးထွင်းသိတတ်သူ ဖြစ်ဖို့ပဲလိုတာပါ။ အသက်ကြီးတာ၊ ငယ်တာ၊အတွေ့အကြုံရှိတာ၊မရှိတာနဲ့ သိပ်ပြီးပတ်သက်မှာ မဟုတ်ပါဘူး။ ကိုယ့်ပြဿနာမှ ကိုယ်မဖြေရှင်းတတ်ရင် အားကိုးစရာတွေရဲ့ နောက်ကိုပဲ လိုက်နေရတော့မှာပေါ့။ အားကိုးစရာတွေရဲ့ နောက်ကိုပဲ လိုက်နေလို့ကတော့ လိုက်လို့မဆုံး…မဆုံး…မဆုံး…မဆုံး…………………
ရွှေငုံးမင်းအမြီးမျှော်သလို
အမေကျော် ဒွေးတော်လွမ်းလိုက်ပုံက
ကန်းမိုက်ထုံ ကြိုက်ကြုံထွေးရစ်တော့
လမ်းလိုက်ပုံ မိုက်ဂုဏ်မို့ပါလို့ ကိုယ့်အားမှ မကိုးချင်
ပျို့နားက အဆိုးသင်တယ် မိုးတခွင်ထောင်ဆဲ
အဆိုးမြင်အမိုက်မျိုး သိုးဖြစ်မည်မလွဲ။
7 comments
kai
August 2, 2011 at 3:18 pm
အခုအောက်ကစာတွေကို အီးမေးလ်နဲ့ရတာပါ..။
ဘယ်ဟာကကူးထားတယ်..။ ဘယ်ဟာကမူရင်း မရှင်းပါဘူး..။ ဒါပေမဲ့.. ဖတ်သင့်တယ်ထင်လို့ တင်ပေးလိုက်တာပါ..။ အောက်ကမျဉ်းအောက်ကစာတွေက..ဘာမှမထိမတို့ထားတဲ့… မူရင်းအတိုင်းဖြစ်ပါကြောင်း..။
=================================
သခင်အောင်ဆန်း ပြောတဲ့ မြန်မာ
by Hnin Waiwai on Sunday, July 31, 2011 at 4:24pm
မြန်မာနဲ့ ဗုဒ္ဓဘာသာအပေါ် ဗိုလ်ချုပ်အောင်ဆန်းအမြင်
Burma and Buddhism By Aung San
၁၉၃၅ ခုနှစ်၊ ဧပြီလထုတ်၊ ဂန္တလောက(The world of Books) မဂ္ဂဇင်းမှာရေးသားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ဒီဆောင်းပါးကို “ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” စာအုပ်ထဲက ထုတ်နှုတ်တင်ပြလိုက်ပါတယ်၊ ဗိုလ်ချုပ်ရဲ့ ဆောင်းပါးတွေကို ရှာဖွေတင်ပြသူ ဆရာဦးမြဟန်ကလည်း ဒီဆောင်းပါးဟာ ဗိုလ်ချုပ်ရဲ့ စာပေလက်ရာထဲက ပထမဆုံး ရှာဖွေစုစောင်းမိတဲ့ ဆောင်းပါးတစ်ပုဒ်လို့ ပြောထားပါတယ်၊ ကျွန်တော် နေထိုင်နေတဲ့ နိုင်ငံလွတ်မြောက်ဖို့အတွက်ပဲ ဗိုလ်ချုပ်ဟာ စဉ်းစားနေတာမဟုတ်ပါဘူး။ ဘာသာရေးကိုလည်း အလေးထားကြောင်း စာဖတ်သူများသိရပါ့မယ်။
မြန်မာလူမျိုးတွေ ဖြတ်သန်းနေကြရတဲ့ မျက်မှောက်ခေတ် စပ်ကူးမတ်ကူးကာလကြီးထဲမှာ အရေးအကြီးဆုံးကတော့ ပြုပြင်ရေးဩဇာထင်ထင်ရှားရှား အကျိုးသက်ရောက်မှုတွေပါပဲ။ လူငယ်တွေကတော့ အခြေအနေကို အပြည့်အဝသတ်ိပြုမိကြပြီး ၊ မြန်မာပြည်ကြီး ပြန်လည်တည်ဆောက်ရေးမှာ ကျရောက်လာတဲ့ မိမိတို့တာဝန်ကို ထမ်းဆောင်ဖို့ လက်မနှေးကြပါဘူး။ သူ့ခေတ် သူ့အခါကအမြတ်တနိုးတလေးတစား ထားကြ၊ အလေ့အထဖြစ်လာလို့ အတည်ဖြစ်လာတဲ့ မှိုတက်ပစ္စည်းတွေ မျက်မှောက်ခေတ် အခြေအနေတွေနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူးဆိုတာကို လူငယ်တွေသဘောပေါက်လာကြတယ်။ ငယ်ရွယ်နုပျိုသေးတဲ့ မြန်မာပြည်ဟာ နိုင်ငံရဲ့ ပြသ၁နာတွေကို ဝေဖန်ရေးစိတ်နဲ့ ချဉ်းကပ်နေပြီး အရှိအတိုင်းမြင်အောင် ကြည့်နိုင်ဖို့ကြိုးစားနေတယ်။ အရာရာကို ဘက်မလိုက်တဲ့ ရှုထောင့်ကနေ ရှုမြင်တတ်လာတဲ့အတွက် အမှိုက်တောင်းထဲ ထည့်သင့်တဲံ့ ရှေးရိုးစဉ်လာနဲ့ ဓလေ့တွေ၊ ထိန်းသိမ်းစောင့်ရှောက်ပြီးတိုးတက် ကောင်းမွန်အောင် ပြုလုပ်သင့် မွမ်းမံသင့်တဲ့ ရှေးရိုးစဉ်လာတွေ၊ ဓလေ့တွေအများကြီးကို တွေ့လာကြတယ်။ အရင်ခေတ်ကာလတွေတုန်းကလိုပဲ အတိတ်ကို ဖက်နေတဲ့သူတွေ၊ တစ်စုံတစ်ရာပြင်ဆင်တာကို ရှုံ့ချတတ်သူတွေလည်းရှိကြပါသေးတယ်။ မြန်မြန်ဆန်ဆန်ပြောင်းလဲရေးကို အဆက်မပြတ်တောင်းဆိုနေသူတွေလည်းရှိတာပါပဲ။ ဒီလိုအစွန်းရောက်မှုတွေကြားမှာ ဗုဒ္ဓဘာသာ မဇ္ဈိမပဋ္ဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ခင်းပေးထားပါတယ်။
ဗုဒ္ဓဘာသာကို သိပ္ပံ နည်းကျတဲ့ဘာသာလို့ပြောဆိုကြတယ်။ ဘာကြောင့်လဲ။ ဗုဒ္ဓဘာသာက အရာရာကိုဆုံးဖြတ်ရာမှာ ဝေဖန်ရေးက်ို ကိုက်တံအဖြစ်သုံးထားလို့ပဲ။ တစ်ခါက ဗုဒ္ဓရှင်မြတ်ကိုယ်တိုင်ပဲ သူ့ဝါဒကို မျက်စိမှိတ်မယူကြလို့ လူတွေကိုဟောတော်မူဖူးတယ်။ အရာတစ်ခု မှန်မမှန် ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကာလာမအမျိုးသားတွေကို မြတ်စွာဘုရားက ဟောသလိုမိန့်မြွက်တော်မူခဲ့ပါတယ်။
”’ကလေးဘဝမှစ၍ ကြားနာမှတ်သားခဲ့ရခြင်းသည်လည်း ဟုတ်တယ် မှန်တယ်လို့ အစွဲအမြဲမယူကြနှင့်၊ မိဘဘိုးဘွားစသည် တို့မှဆင်းသက်၍(ပရံပရ-အဆက်ဆက်)မှတ်ယူလုပ်ကိုင်ရိုးဖြစ်၍လည်း အစွဲအမြဲမှတ်ယူမထားကြနှင့်။ ဣတိကိရ-ဒီဟာကဒီလိုတဲ့ဟုအခြားတစ် ယောက်ပြောလိုက်ရုံဖြင့်လည်း အစွဲအမြဲမှတ်ယူမထားကြနှင့်။ ဒီအယူအဆဟာ ငါတို့သင်အပ်သော ကျမ်းစာနှင့် ညီနေရုံဖြင့်လည်း အတည်တကျမှတ်ယူမထားကြနှင့်။ မိမိဘာသာကြံစည်အပ်သော အရာကိုလည်း ဟုတ်လှပြီ မှန်လှပြီဟု အစွဲအမြဲ မှတ်ယူမထားကြနှင့်။ တစ်စုံတစ်ခုပြုလုပ်ဘို့ အကြောင်းအထောက်အထားကိုစဉ်းစားရာ ဝယ် အထောက်အထားကောင်းကိုရ၍ သဘောကျသဖြင့်လည်း အစွဲအမြဲမယူကြနှင့် ။ သူပြောအပ်သောအယူဝါဒသည် ငါတို့စဉ်းစားထားသော အယူဝါဒနှင့် ညီပေသည်ဟု အယူဝါဒချင်းတူရုံဖြင့်လည်း အစွဲအမြဲ မမှတ်ယူနှင့်။ ဤရသေ့ရဟန်းကား ယုံကြည်အပ်သောပုဂ္ဂိုလ်တည်း၊ ဒီလိုပုဂ္ဂိုလ်၏ စကားကို လေးလေးစားစားမှတ်သားထိုက်သည်ဟုလည်း စွဲစွဲမြဲမြဲ မှတ်ယူမထားကြပါနှင့်။ ကာလာမအမျိုးသားတို့ ဤကျင့်ဝတ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိကဲ့ရဲ့စရာလည်းဖြစ်၏၊ ထိုအကျင့်အကြံ အလုပ်အကိုင်ကို ပြုလိုက်လျှင် စီးပွားမဲ့ ဒုက္ခရောက်ဖို့ဖြစ်၏ဟု ကိုယ်တိုင်နားလည်သောအခါ ထိုအကျင့်ထိုအပြုအမူများကို စွန့်လွတ်လိုက်ကြ။ စီးပွားတိုးတက်၍ သုခရဖို့အကျင့်များဟု ကိုယ်တိုင်နားလည်ထားသော အကျင့်အကြံအပြုအမူများကိုသာ လိုက်နာပြုကျင့်ကြ။”’
မြန်မာနိုင်ငံဟာ ရာစုနှစ်တွေချီပြီး ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင် ဗုဒ္ဓဘာသာရဲ့ အဓိကဘာသာရဲ့ အဓိကကျတဲ့ အနှစ်သာရ ဒီကာလာမသုတ် ဝေဖန်ရေးအမြင် ခေါင်းပါးနေတယ်ဆိုတာ တွေ့ရပါမယ်။
၁။ ဗိုလ်ချုပ်ဟာကာလာမသုတ်ကို Buddhism in England. Jan-Feb 1933 ကနေ ထုတ်နှုတ်တင်ပြထားပါတယ်။ ဘာသာပြန်သူကတော့ မူရင်းပါဠိကို စကားပြေချောချောနဲ့ မြန်မာပြန်ထားတဲ့ မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကဘိဝံသရေး အနာဂတ်သာသနာရေးစာအုပ်ကနေ ထုတ်နှုတ်တင်ပြထားပါတယ်။
၂။ မြေအုတ်များ ပြိုလေရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့ ဆိုတဲ့ ဂန္တလောကမဂ္ဂဇင်းရဲ့ ကြွေးကြော်သံကို ရောင်ပြန်ဟပ်ရေးထားတာဖြစ်တယ်။
ဘာသာပြန်သူမှတ်ချက်
မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်လို့ နိုင်ငံရေးစာပေကြေညက်သူအနေနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းကို သိထားကြပါတယ်။ ဗိုလ်ချုပ်က ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ စာပေကိုလည်း ကြေညက်သူဖြစ်တယ်ဆိုတာ ဒီဆောင်းပါးက သက်သေထူနေပါတယ်။ ဗိုလ်ချုပ်ဟာ ၁ဝ တန်းကို ပါဠိဂုဏ်ထူးနဲ့ အောင်ခဲ့သူဖြစ်တယ်။
မြန်မာဗုဒ္ဓဘာသာတွေဟာ ယခုလောလောဆယ်လုပ်နေတာထက် နည်းနည်းလေးပိုပြီးနက်နက်ရှိုင်း ရှိုင်း တူးဆွသင့်တယ်။ အပေါ်ယံ ကျင့်ကြံရုံသက်သက်ဖြင့် အားရကျေနပ်မနေသင့်။ ဥပမာပြောရရင် ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ သင်္ကြန်၊ မီးထွန်းပွဲတွေကျင်းပနေတာကို ဝေဖန်ရေးအမြင်နဲ့ ဆန်းစစ်ကြရအောင်။ ဗုဒ္ဓဘာသာကို ကျင့်သုံးရာမှာ ဒီလိုပွဲကျင်းပနေကြတာဟာ အရေးကြီးသလား။ ရှေးတုန်းကတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး တရားနာအောင် ဘုရားဖူးအောင်၊ ပညာမဲ့တွေ အယူဝါဒမှားယွင်းသူတွေ၊ ဘာသာရေးမကိုင်းရှိုင်းသူတွေကို ဆွဲဆောင်ခဲ့ရတာ။
ရတနာ့သုတ်မှာ အခမ်းအနားတွေ အနှစ်သာရမရှိပုံကို တင်ပြထားတယ်။ ကျုပ်တို့ယဉ်ကျေုးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဓာတ်လိုအပ်ချက် နွမ်းသွားခဲ့ပြီ။ ဒါကြောင့်မို့ ဘာသာမှာအရေးကြီးပါဝင်တဲ့ ဝေဖန်ဆန်းစစ် စိတ်ဓာတ်ပြန်ဖော်ဆောင်ကြဘို့နဲ့ ၊ မြန်မာပြည်ကို ပတ်သက်နေတဲ့ ပြဿနာတ်ိုင်းကို ဖြေရှင်းရာမှာ လက်တွေ့အသုံးချခြင်းဟာမြန်မာစစ်စစ်တိုင်းရဲ့ မဖြစ်မနေ လုပ်ဆောင်ရမဲ့ တာဝန်ဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရပြီးပြန်လ ည်ချမ်းသာကြွယ်ဝလာစေချင်ရင် အမြစ်တွယ်နေတဲ့ မိရိုးဖလာ ယဉ်ကျေးမှုတွေကို အမြစ်ကနေတွန်းလှန် ဖျက်ဆီးရမှာ စိတ်မသက်မသာ ဖြစ်နေတာကို ခြေမှုန်းရမယ်။ ဟောင်းနွမ်းရွတ်တွနေတဲ့ မြေအုတ်တွေကို ကျောက်အုတ်တွေနဲ့ အစားထိုးပစ်ရလိမ့်မယ်။
အတွဲ ၁၊ အမှတ် ၅၊ ၂၀၁ဝ ဇွန် ၅ ရက်နေ့ထုတ်၊ မော်နီတာ သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
manawphyulay
August 2, 2011 at 5:03 pm
ဖတ်တော့ ဖတ်လိုက်တာပဲ မီးက ငယ်တေးရို့ ထင်တယ် သိပ်နားမလည်ဘူး။ ဖစ်နေတယ်…
char too lan
August 2, 2011 at 5:50 pm
“ဥပမာပြောရရင် ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ သင်္ကြန်၊ မီးထွန်းပွဲတွေကျင်းပနေတာကို ဝေဖန်ရေးအမြင်နဲ့ ဆန်းစစ်ကြရအောင်။ ဗုဒ္ဓဘာသာကို ကျင့်သုံးရာမှာ ဒီလိုပွဲကျင်းပနေကြတာဟာ အရေးကြီးသလား။
ရှေးတုန်းကတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး တရားနာအောင် ဘုရားဖူးအောင်၊ ပညာမဲ့တွေ အယူဝါဒမှားယွင်းသူတွေ၊ ဘာသာရေးမကိုင်းရှိုင်းသူတွေကို ဆွဲဆောင်ခဲ့ရတာ။”
အဲ့လိုပွဲတွေကိုမကြိုက်ပေမယ့်
ပွဲတွေနဲ့ဆွဲဆောင်ရတယ်လို့ ဆိုထားတာတော့… လွဲနေပီထင်တယ်
moethidasoe
August 4, 2011 at 11:23 am
ဒီခေတ်မှာ ဘုရားဟောနှင့် မညီတာတွေ ပြောရင် အများကြီးပဲ
တရားသဘောနှင့် ကြည့်ရင် အမြင် မကြည်စရာတွေ အများကြီးပဲ
အဲဒါတွေ့တိုင်း ပြောနေရင်လဲ ကိုယ့်အလုပ် ကိုယ် လုပ်ရမှာ မဟုတ်တော့ဘူး
မပြောပဲ ထားရင်လဲ လူ့တာဝန် မကျေမှာလဲ ကြောက်တယ် ..
အဲဒီတော့ ဘာလုပ်ရမှာလဲ လို့ ..
လောလောဆယ်တော့ .. ကံငါးပါးလုံအောင် အတတ်နိုင်ဆုံး ထိန်းနေတယ်
Shwe Ei
August 4, 2011 at 1:12 pm
ပွဲတွေနဲ့ဆွဲဆောင်ရတယ်လို့ ဆိုထားတာတော့… လွဲနေပီထင်တယ်. I think all kind of religious festivals has main intention. Especially not to forgot charity based on Buddha Doctrines.
Mee2
August 4, 2011 at 1:52 pm
မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်လို့ နိုင်ငံရေးစာပေကြေညက်သူအနေနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းကို သိထားကြပါတယ်။ ဗိုလ်ချုပ်က ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဆိုင်ရာ စာပေကိုလည်း ကြေညက်သူဖြစ်တယ်ဆိုတာ ဒီဆောင်းပါးက သက်သေထူနေပါတယ်။ ဗိုလ်ချုပ်ဟာ ၁ဝ တန်းကို ပါဠိဂုဏ်ထူးနဲ့ အောင်ခဲ့သူဖြစ်တယ်။
(မော်နီတာဂျာနယ်မှာ ဗိုလ်ချုပ်အကြောင်းတွေရေးခွင့်ရတာထူးခြားချက်ပါ။ဝယ်ဖတ်စရာဂျာနယ်ကောင်းတခုတိုးလာတောပေါ့)
koyo
August 11, 2011 at 3:42 pm
ကိုယ့်မှာ ရောဂါဖြစ်နေပြီဆိုလျှင် ကိုယ့်မှာဖြစ်နေတဲ့ရောဂါကို အရင်သိအောင်လုပ်ရပါလိမ့်မယ်။ ကိုယ့်ရောဂါ မှ ကိုယ်မသိလျှင် ဘာဆေးသောက်ရမှာဆိုတာ မသိတော့ သူများပေးတဲ့ဆေးက ကိုယ့်ရောဂါကို ပြောက်စေ
မှာလား မပြောက်စေမှာလား မသိဖြစ်ပြီး ဆေးဒဏ်သင့်တာကို ခံရစရာရှိပါတယ်။
ကိုယ်က ဘာဖြစ်နေလို့လဲ
ကိုယ်က ဘာဖြစ်ချင်တာလဲ ဒါတော့ သေသေချာချာသိအောင် လုပ်ကြစေချင်ပါတယ်။