Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိပ်မက်ဆိုးတွေပဲ ညတိုင်းမက်ချင်တယ်

moonpoemAugust 4, 20111min44413

ကျွန်မငယ်ငယ်လေးကတည်းက စလို ့ ထူးဆန်းတဲ့ အရာတွေ ဖြစ်တတ်တာ တစ်ခုတေ့ာရှိတယ်။
အခြားတော့ မဟုတ်ပါဘူး။ ညညမက်တဲ့ အိပ်မက်တွေက အပြင်လောက
မှာ ပြောင်းပြန်ဖြစ်တတ်တာပါ။ အကြားအမြင်ပေါက်တဲ့လူတို ၊့ ဆဋ္ဌမအာရုံရတဲ့လူတွေကတော့
ဘဝမှာ ဘာဖြစ်မယ်ဆိုတာကို အိပ်မက်တစ်ဆင့် သိရှိကြရပြီး ၊ ကျွန်မကတော့ ပြောင်းပြန်ဖြစ်နေတာ
ဘာကြောင့်ပါလိမ့် ဆိုတာ အခုချိန်ထိ တကယ့်ကိုနားမလည်နိုင်တဲ့ အရာတစ်ခုပါ။

ငယ်ငယ်ကတော့ သတိမထားမိပေမယ့် အလယ်တန်းကျောင်းသူဘဝကစလို ့ အိပ်မက်တွေထဲကနဲ့ ဆန် ့ကျင်ဘက် ပြောင်းပြန်ဖြစ်တတ်တာကို သိလာတယ်။ အသေးအဖွဲလေးတွေတော့ မပြောတော့ပါဘူး။ ၁ဝတန်းအောင်စာရင်းမထွက်ခင် တစ်ပတ်လောက်အလိုက ကိစ္စကိုတော့
ပြောပြချင်ပါတယ်။ အဲဒီနေ ့ညက ကျွန်မအိပ်မက်ထဲမှာ ဂုဏ်ထူး၄ဘာသာထွက်ပြီး အမှတ်ပေါင်းက
156မှတ်ရတယ်တဲ့။ အိပ်မက်ကနေ နိုးလာတော့ ရယ်နေတာပေါ့။ ဘယ်နှယ့် ဂုဏ်ထူး၄ဘာသာထွက်ပြီး အမှတ်က အောင်မှတ်တောင် မရှိဘူးဆိုပြီးတော့လေ။ အဲဒီအိပ်မက်အကြောင်းကိုလေ အိ်မ်ကမိသားစုတွေ ပြောပြတော့ သူတိ ု့ကလည်း ရယ်နေကြတယ်။
နင့်ကို ချဲဂဏန်းပေးတာဖြစ်မယ်ဆိုပြီးတော့ တောင် စကြပါသေးတယ်။

တကယ် ့အောင်စာရင်းထွက်တဲ့ နေ ့မှာ ကျွန်မက ဂုဏ်ထူး ၂ဘာသာပါပါတယ်။ အဲဒီအထိလည်း
သတိမထားမိသေးဘူး။ အမှတ်စာရင်းထွက်တဲ့နေ ့မှာ အမှတ်ပေါင်းက 444တဲ့လေ။
အဲဒီအချိန်မှာ အိပ်မက်ထဲက ရမှတ်နဲ ့လုံးဝပြောင်းပြန်ဖြစ်နေတာကို သွားပြီး သတိထားမိလိုက်တယ်။
၁ဝတန်းက တစ်ဘာသာတစ်ရာ၊ အမှတ်ပေါင်း၆၀ဝ နဲ ့တွက်တာမဟုတ်လား။ အိပ်မက်ထဲမှာ 156ဆိုတော့ 600ထဲကနှုတ်လိုက်ရင် 444 ရနေတယ်လေ။ အဲဒီအချိန်ကစလို ့ကျွန်မ ညဆိုရင် ဘာတွေမက်မလဲဆိုတာ စိတ်ဝင်စားလာခဲ့ပါတော့တယ်။

မနှစ်က ဝါဆိုမှာ ကျွန်မအဘွား အသည်းအသန်ဖြစ်နေတယ်ဆိုပြီး မေမေက ဖုန်းလှမ်းဆက်ပါတယ်။
မိသားစုက မန္တလေးမှာ ကျွန်မက ရန်ကုန်မှာဆိုတော့ ဝေးနေတဲ့အတွက် ကျွန်မဘက်က အဘွားနေကောင်းလာအောင် ဆုတောင်းပေးရုံကလွဲလို ့ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အဲဒီနေ ့ညက
ကျွန်မအိပ်မက်မက်တယ်။ ကျွန်မအဘွားက သူဝတ်နေကျ ဖလံထည်အကျင်္ ီလေးကိုဝတ်၊ ချည်ထည်
လုံချည်လေးနဲ ့ကျွန်မကို စကားလာပြောတယ်။ သမီးလေး အဘွားသွားတော့မယ် လိမ်လိမ်မာမာနေနော်တဲ့။

အိပ်မက်ကနေ လန် ့နိုးတော့ ကျွန်မမှာ ငိုလိုက်ရတာ ပြီးတော့ မနက်မိုးလင်းတော့ စောစောစီးစီး အိမ်ကိုဖုန်းလှမ်းဆက်လိုက်တယ်။ မေမေ ဘွားဘွား ဆုံးသွားပြီ မဟုတ်လားလို့ပေါ့။ အဆဲခံလိုက်ရတာ ပွက်လောကိုညံသွားတာပဲ ။ မနေ ့ညကတင် ဆလိုင်းချိ်တ် ဆရာဝန်ပြောင်းကုလိုက်တာ ဆေးဓာတ်တည့်သွားပြီး ကောင်းသွားတယ်တဲ့။ ဟဲဟဲ အဲဒီတော့မှ ကျွန်မလည်း ငိုရာကနေ ရယ်နိုင်သွားတယ်။
အင်း အဲတော့ ညတိုင်း အိပ်မက်ဆိုးတွေပဲမက်ချင်တယ်လို ့ဆုတောင်းတာ မလွန်ပါဘူးနော်။

ပြီးတော့လေ ဆုတောင်းမိတဲ့ အိပ်မက်တစ်ခုရှိသေးတယ်။
မန္တလေးဂေဇက်မှာ အမှတ်၁သိန်းပြည့်လို ့ သူကြီးက ဆုချတယ်ဆိုတဲ့ အိပ်မက်ထက် ရေးတာ အရိုးဆွေးနေပြီ အမှတ်တက်မလာလို ့သူကြီး က ရိုက်တယ်ဆိုတဲ့ အိပ်မက်မျိုးပဲ မက်လိုက်ချင်ပါရဲ ့။

13 comments

  • hmee

    August 4, 2011 at 12:49 pm

    တောင်းတဲ့ဆုနဲ့ ပြည့်ပါစေနော်။ မမှီတော့ ရေးတာ ကြာပြီ အခုထိတောင် တသောင်းမပြည့်သေးဘူး။ ကိုယ်ကလည်း အာရုံလာမှ ရေးတာမို့ ရမှာလည်း မဟုတ်။ 🙂 😛

    • moonpoem

      August 4, 2011 at 12:57 pm

      ဘဝတူတွေပါပဲ မမှီရယ်။ စိတ်ကူးရမှာရေးတာမို ့လို့ ရထားတဲ့ အမှတ်လေးဘဝက သနားစရာပါ။

  • ogre

    August 4, 2011 at 1:19 pm

    ဘာမှအားမငယ်နဲ့
    စာကောင်းကောင်းလေးတွေသာရေးကြပါဗျာ
    အမှတ်ကအဓိက မဟုတ်ပါဘူး
    ကိုရေးလိုက်တာလေး သူများတွေဖတ်ပြီး သုတ/ရသ တစ်ခုခု ရရင်
    သူတို့ပေးတဲ့ကောမက် လေးတွေ ဖတ်ပြီး
    ကျွန်တော်ကတော့ ကျေနပ်နေတတ်တာပဲဗျ…။။။။။

  • pan pan

    August 4, 2011 at 2:17 pm

    ကိုယ့်ပိုစ့်မှာ သူများတွေ ကွန့်မန့်များများပေးတော့ ပျော်တာပေါ့
    ရတဲ့အမှတ်ထက် အပျော်ကပိုပါတယ်
    ကျွန်မဆို ကွန့်မန့်စရတုန်းက ပျော်လိုက်တာ၊ အပြင်မှာတောင် ပြုံးမိတဲ့ထိပဲ
    မလမင်းကဗျာရေ…စိတ်ကူးရလို့ပဲရေးရေး ဘယ်လိုကြောင့်ပဲရေးရေးပေ့ါ
    အဓိကက ကိုယ်ရဲ့ပိုစ့်လေး လူများများစိတ်ဝင်စားရင် ကျွန်မတော့ကျေနပ်တာပါပဲ

  • နွယ်ပင်

    August 4, 2011 at 2:32 pm

    ဒီဆိုဒ်မှာကတော့ အားလုံးက အမှတ်ရဖို့ထက် ပွိုင့်တိုးတာထက်
    ကိုယ်ရေးလိုက်တဲ့ပိုစ့်လေးကို ဖတ်ပြီး ကွန်မန့်တွေရေးပေးနေရင်ပဲ
    ကျေနပ်နေပါပြီလေ .. အဲတော့ သူကြီးပေးတဲ့ ဆုဆိုတာလည်း မကြာမီလာမည် မျှော်ပေါ့ ………… 🙂

  • windtalker

    August 4, 2011 at 2:35 pm

    လကဗျာ က စာတော်တာပဲ
    ဒေါက်တာ ဖြစ်မယ် မှတ်တယ်
    ကိုယ် ကြိုးစားပမ်းစား ရေးတင်တဲ့ ပို ့စ် အတွက်
    ကွန်မင့် တက် တာ ကို မကြိုက်တဲ့ သူ
    ရှိမယ်လို ့လုံးဝ မထင်ကြောင်း ပါ ။

    • moonpoem

      August 4, 2011 at 4:33 pm

      အမလေးလေး အထင်ကြီးနေလိုက်တာ windtalkerရယ် ။ ကျွန်မတို ့နှစ်က ဆေးကျောင်း အမှတ်က482မှတ်ရှင့်။ အနားတောင် မကပ်နိုင်ပါဘူး။

  • alinsett

    August 4, 2011 at 6:32 pm

    ဘာပဲပြောပြော ကိုယ် ကတော့ အဆိုးတွေ ထဲ မှာလည်းအကောင်းဆိုတာရှိနေတတ်ပါလားလို ့ သိသွားပြီ။
    အဲဒီ အိပ်မက်တွေ က တကယ် မက်တာဆိုရင်ပေါ့ ။ အိပ်မက်ဆိုးတွေ နဲ ့ရင်းပြီး……မက် ပေး ရဲ တဲ ့အထိ( ကောင်းတာတွေ သာ ဖြစ်လာစေချင်လို ့) စဉ်းစားပေး လို ့ လူသားအားလုံးကိုယ် စား…
    ကိုယ်တော့ လကဗျာကို ကျေးဇုူးတင်တယ် ။ တကယ်ပါ။

  • aungnng87

    August 5, 2011 at 12:18 pm

    ကိုယ့်အတွက်ကအိမ်မက်က တခါတခါ တည့်မှန်ပေမဲ့ တခါတခါ ဘာမှဖြစ်မလာဘူး။

  • bluerose

    February 23, 2012 at 2:34 pm

    အိမ်မက်ဆိုတာပြောင်းပြန်ကောက်ရတယ်ဆိုတာတကယ်မှန်သွားပြီပေါ့နော်

  • manawphyulay

    February 23, 2012 at 3:09 pm

    အင်း ဒါကြောင့် ရှေးလူကြီးတွေက ပြောတယ်။ အိမ်မက်မက်ရင် အိမ်မက်ကို ပြောင်းပြန်ယူရတယ်ဆိုပဲ ခုတော့ အဲလိုယူရမလိုဖြစ်နေပြီနော်… ခုရော ဘာတွေမက်သေးလဲ။ မနောကျတော့ တစ်မျိုး မဖြစ်ခင်ကိစ္စတွေ မက်တတ်တယ်။ အိမ်မက်ကတော့ မက်ခဲတယ်။ မက်ရင် မှန်တာများတယ်။ခုတော့ မက်တော့ဘူး။

  • jujuma

    February 23, 2012 at 5:30 pm

    အိမ်မက်က တော့အမျိုးမျိုး ရှိနိုင်တယ်ဗျ….
    သန်ခေါင်ကျော်အိမ်မက်..မနက်ပိုင်းအိမ်မက် .. ဆောင်းတွင်းအိမ်မက် အစရှိသဖြင့်ပေါ့နော်..
    များသောအားဖြင့် မနက်ပိုင်းမက်တဲ့ အိမ်မက်က မှန်တာများပါတယ်.ကိုယ်တွေ့ပါ …
    ပြီးတော့ ကိုယ်နေတဲ့အိမ်တွေ ..အဆောက်အဦးတွေ ပြိုကျတယ်လို့ မက်ခဲ့ရင် အသိတစ်ယောက်ဒါမမဟုတ် ကိုယ့်ဆွေမျိုးထဲကတစ်ယောက် သေဆုံးတယ်ဆိုတဲ့သတင်းကြားရတော့တာပါပဲ ကိုယ်တွေ့ပါ..

  • လကဗျာရေ…ဒါလေးကတိုက်ဆိုင်မှုဖြစ်မှာပါ။၆၀၀-၁၅၆=၄၄၄ဆိုတော့တိကျနေတယ်နော်။
    ဘယ်လိုဘဲဖြစ်ဖြစ်ပါ တခါတရံမှာ အိမ်မက်တွေဟာ အတိတ်စိမ်းပေးတတ်စမြဲပါ။

Leave a Reply