Commentတွေတက်လို ့ရတဲ့ပျော်ရွှင်မှု
လူ ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန် ၃ချိန်ရှိတယ်တဲ့။ ရှင်လိင်ပြန်တဲ့နေ ့၊ ထောင်ကထွက်တဲ့နေ ့၊ မင်္ဂလာဆောင်တဲ့နေ ့တဲ့။(ကြားဘူးတာကို ရေးတာကြောင့် မှားခဲ့ရင်လည်း ပြင်ပေးကြပါဦး)။ သေသေချာချာ သတိထားပြီးစဉ်းစားကြည့်မယ်ဆိုရင် အဲဒါအမျိုးသားတွေအတွက်ကိုပဲ ရည်ရွယ်သလားလို ့ထင်မိပါတယ်။
ဟုတ်တယ်လေနော် ရှင်လိင်ပြန်တယ်ဆိုတာက ဘုန်းကြီးလူထွက်တာ၊ မိန်းကလေးတွေ အတွက် မယ်သီလရှင်လူထွက်တာကိုရော ထည့်တွက်လို ့ရသလား။ ထောင်ကထွက်တယ်ဆိုတာကို စဉ်းစား
ကြည့်မယ်ဆိုရင်လည်း အမျိုးသားအများစုကသာလျှင် ခိုက်ရန်ဖြစ်ပွားမှုကစလို ့ထောင်ကျပြီး
ထောင်ထွက်တဲ့နေ ့က ပျော်တာကို ဆိုလိုတယ်လို ့ထင်ပါတယ်။ အမျိုးသမီးတွေ ထောင်ကျတာ
ရှိသော်လည်း ရာခိုင်နှုန်းနည်းတယ် မဟုတ်ပါလား(ရန်တော့ ဖြစ်ကုန်တော့မယ်ထင်တယ်)။
အဲနောက်ဆုံးမင်္ဂလာဆောင်တဲ့နေ ့အပျော်ကတော့ ကျွန်မလည်း မသိပါဘူး။ ရွာသူရွာသားထဲက
အိမ်ထောင်ရှင်တွေကို ဗျူးကြည့်တာ ကောင်းပါလိမ့်မယ်။ စာတွေပေတွေထဲမှာ ပါတတ်တဲ့
အပျော်သုံးမျိုးထဲမှာ ကျွန်မထပ်ဖြည့်ချင်တာက မန ္တလေးဂေဇက်မှာ ကိုယ်ရေးတဲ့စာကို
ကွန် မန် ့တွေပေးတဲ့အခါ ရတဲ့ ပျော်ရွှင်မှုပါပဲ။ အမှတ်တစ်သိန်းပြည့်ဖို ့ဆိုတာ ကျွန်မအတွက်ကတော့ မြိတ်ကနေ မြစ်ကြီးနားကို မျှော်ကြည့်ရသလို အဝေးကြီးပါပဲ။ စရေးခါစမှာတော့ စိတ်ညစ်ခဲ့ဘူးပေမယ့် အခုတော ့ ပျော်နေပါပြီ။ ငယ်ငယ်ကတည်းက စာရေးတာ
ဝါသနာပါခဲ့လို ့မဂ္ဂဇင်းတွေကို စာမူတွေ ပို ့ခဲ့ပေမယ့် အယ်ဒီတာ မမြင်တဲ့အတွက်ကြောင့် ဟာသကဗျာ တစ်ချိ ု ့က လွဲရင် ဝတ္တုတို၊ ဝတ္တုရှည်ဆိုရင် တစ်ခါမှ မပါခဲ့ဘူးပါ။ (အထင်ကြီးသွားပြီ
မဟုတ်လား ဟဲဟဲ)
တစ်ခါမှ ဖော်ပြခြင်း မခံရတဲ့အတွက်ကြောင့် ကိုယ်ရေးတာ ဇာတ်အိမ်မကောင်းတာလား၊ အရေးအသားမကောင်းတာလား၊ ဘယ်နားလိုသလဲဆိုတာကိုလည်း ပြင်ဆင်နိုင်ဖို ့လည်း အဝေဖန်
ခံခွင့်မရခဲ့ပါဘူး။ အခုရွာထဲမှာ စာရေးတော့ ကောင်းတာ ဆိုးတာကို ကွန်မန် ့ကတစ်ဆင့် သိရပါတယ်။
ဖတ်လို ့ကောင်းရင်၊ စိတ်ဝင်စားရင် ကွန်မန် ့တက်ပါတယ်။ ဖတ်လို ့မကောင်းတဲ့ စာဆိုရင် တစ်ခုမှကို
တက်မလာတာပါ။ ကျွန်မရေးခဲ့တဲ့ စာမူတွေထဲမှာ ကွန်မန့်တစ်ခုမှ မတတ်တဲ့ စာမူတစ်ခုလည်း ရှိပါတယ်။
အဲဒီနေ ့ကဆို စိတ်တောင်မကောင်းဘူး။ ဪ ငါတော်တော်လိုပါသေးလာပေါ့။ မနေ့ကလို
ကွန်မန် ့လေးတွေ တက်ပြီဆိုရင် ဘာရယ်မဟုတ် ပီတိတွေဖြာပြီး အီအီးတွေပါနေတာ။
စိတ်ကြည်နူးတာပေါ့နော်။ ကို်ယ်ရေးထားတာ ကိုယ့်ဟာကိုယ်ဘာတွေရေးတယ်ဆိုတာ သိတာပေါ့နော် ဒါပေမယ့် ကွန်မန့်တစ်ခုက ညွှန်းတဲ့ စာကြောင်းတွေကိုပြန်ဖတ်လိုက်၊ ရေးတာလိုသေးတယ်ဆိုလည်း ပြန်ပြီး ဘယ်လိုရေးရင်ကောင်းမယ်ဆိုပြီး စဥ်းစားလိုက်နဲ့ ပျော်ရပါတယ်။
ကဲ..အခုလည်း တစ်ပုဒ်ရေးပြီး တင်လိုက်ပါပြီ။ ကွန်မန် ့တွေပဲတက်မလား၊ တစ်ခုမှ မရပဲနေမလား။
ဘယ်သူတွေ ဘယ်လို ပြောကြမယ်ဆိုတာ ကျွန်မစောင့်ဖတ်လိုက်ပါဦးမယ်။
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
26 comments
aungnng87
August 5, 2011 at 12:02 pm
ဒါဆိုဒို.လည်းကွန်းမန့်.ပေးလိုက်ပြီ။ လကဗျာလေးပျော်စေဖို.။ အားပေးပါတယ်။ဆက်ရေးပါ။
zawmyothu
August 5, 2011 at 12:11 pm
ကွန်.မန်.တွေ စောင်.ဖတ်နေတယ်ဆိုတော.
“အရေးအသားကောင်းပါတယ်ဗျာ”
ဖားထားမှ ဟီးးးးးးးး
moonpoem
August 5, 2011 at 12:20 pm
ရပါတယ်ရှင် ပွင့်ပွင့်လင်းလင်းဝေဖန်ကြပါ။ အဲဒါမှ ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်မှာပေါ့။
ဒါပေမယ့် အားပေးတဲ့ aungnng87, zawmyothuuကိုရော ဖတ်တဲ့လူတွေကိုပါ
ကျေးဇူးအများကြီးတင်ပါ်တယ်။
hmee
August 5, 2011 at 1:03 pm
ညီမရေ ကိုယ့်ကို ကွန်မန့်ပေးစေချင်ရင် ကိုယ်ကလဲ သူတပါးကို ကွန်မန့်ပေးရတယ်နော်။ အပြန်အလှန်ပေါ့။ မဂ္ဂဇင်းမှာ ကဗျာပါဘူးတယ်ဆိုတော့ တော်ပါတယ်နော်။ တကယ်ချီးကျုးတာနော်။
susunosuki
August 5, 2011 at 4:14 pm
မဆိုင်ဘူးနဲ့တူပါတယ်။ ကိုယ်ကြိုက်မှကိုယ်ပေးမှာပေါ့။ အပြန်အလှန်ဆိုတာဘာလဲ။ အတုံအလှည့်တော့ သိတယ်။ စာရေးတာ ကောင်းပြီးပေးချင်မှပေးမယ်။ ဥပမာ ”နေဝန်းနီ” ရဲ့ပိုစ့်တစ်ခုဆိုရင် ကောင်းလွန်းလို့ ဖတ်ဖတ်ပြီးပြီးချင်း ၁၅ မိနစ်လောက်ငြိမ်သွားရတယ်။ ဘာမှမလုပ်နိုင်ဘူး။ စဉ်းစားစရာတွေများသွားတယ်။ နောက်တစ်နေ့ကျမှ ကျွန်တော်မန့်လိုက်တယ်။ အဲဒီပိုစ့်ဟာ ကွန်မန့်အများဆုံးမဟုတ်ပါဘူး။
မကောင်းပဲလဲမန့်ချင်မန့်မယ်။ ဥပမာ ”kai” ဆိုရင် ဖိုရမ်မှာ ပြောရမယ့်အကြောင်းအရာကို post မှာ ရေးလာရင် တားမြစ်တဲ့ပုံစံ မန့်မှာပေါ့။
ပိုစ့်ကောင်းခြင်းမကောင်းခြင်း (အကျိုးပြုစာ) သည့် ကွန်မန့် အရေတွက်နှင့် မဆိုင်။ ဝိုင်းစုခိုင်သိန်း ရေကူးဝတ်စုံဝတ်တဲ့ပုံတင်တဲ့ ပိုစ့်ကိုကြည့်လေ။ များလိုက်တဲ့ကွန်မန့်။ စာဘယ်နှလုံးများပါလို့လဲ။
နောက်တစ်ခုက ကြိုးစားဆဲ စာတကယ် ရေးချင်တဲ့ လူများကို အကြံပေးချင်ပါတယ်။ ကိုယ့် ပိုစ့်မှာ ”ဖတ်လို့ကောင်းပါတယ်” ”ခံစားရပါတယ်” ဆိုတာမျိုး မန့်တာနဲ့ မကျေနပ်နေပါနဲ့။ စာဖတ်သူကို ဖတ်ပြီးရင် အတွေးတစ်ခု၊ အပျော်တစ်ခု၊ ရသတစ်ခု၊ သုတတစ်ခု ရလိုက်နိုင်အောင်ကြိုးစားပါ။
hmee
August 5, 2011 at 6:09 pm
@susunosuki ရေ ပို့စ်ကောင်းလို့ ကွန်မန့်များတယ်။ မကောင်းလို့ ကွန်မန့်နည်းတယ်လို့ မှီဆွေးနွေးတာမဟုတ်ပါ။ တချို့ စာတွေ ၊ဓါတ်ပုံတွေဆို ဘာတခုမှ မပေးပဲနဲ့ ကွန်မန့်တွေများတာလည်း သိပါတယ်။ အခု မှီပြောတာက စာရေးသူခြင်း ကိုယ်ခြင်းစာလို့ ပြောတာနော်။ ကိုယ်ရေးလိုက်တဲ့ပို့စ်လေးမှာ ချီးကျုးတာဖြစ်ဖြစ်၊ အပြစ်ပဲတင်တင် ဘယ်လိုကွန်မန့်မျိုးမဆို လိုချင်တာကို ကိုယ်တိုင်ခံစားရလို့ ပြောတာပါ။ ကိုယ်အပင်ပန်းခံပြီး စိုက်ထားတဲ့ အပင်လေးက အသီးသီးလာလို့ ဝမ်းသာရတဲ့ ဝမ်းသာမှုမျိုးပါ။ အသီးချိုတာ၊ ချဉ်တာက နောက်မှ သီးလာရင်ကိုပဲ ဝမ်းသာရတာကို ပြောတာပါ။ ကိုယ်တောင် ဒီလို လိုချင်မှတော့ သူတပါးလည်း လိုချင်မှာပါပဲ ဒါ့ကြောင့် ကိုယ်စိတ်ကျေနပ်ရင် ကျေနပ်သလို၊ ထောက်ပြစရာရှိရင်လည်း ထောက်ပြ၊ ပြစ်တင်ဝေဖန်မယ်ဆို ဝေဖန် တခုခု တော့ ပြောပေးသင့်တာပေါ့။ ပြီးတော့ ကျွန်မစာရေးရင်လည်း ကိုယ်တွေ့တွေကိုယ်ပဲ သီးသန့်ရေးပါတယ်။ ညဘက် အလုပ်အားချိန် ပို့စ်တင်ပြီးတာနဲ့ နောက်နေ့မနက် အစော အိပ်ရာနိုးရင် ဘာအလုပ်မှ မလုပ်သေးပဲ ကျွန်မ ဂျီတော့မှာ ကွန်မန့်လေးများ ဝင်လေမလားလို့ စစ်ပြီးမှ အလုပ်လုပ်တာပါ။ ကိုယ့်အပင်လေးက သီးတဲ့ အသီးကို ပီတိဖြစ်ချင်တဲ့ သဘောပါ။ စာကောင်းရဲ့နဲ့ ကွန်မန့် မရှိရင် ကျွန်မကတော့ ပေးဖြစ်အောင်ပေးတယ် ကိုယ်ခြင်းစာလို့ပါ။ ကွန်မန့်က ဘာပဲ ဖြစ်ဖြစ် စာရေးသူအတွက် အားဆေးတလက်မို့ သူတပြန်ကိုယ်တပြန် ရန်ဖြစ်ကာမှ ဖြစ်ရော့ ပေးသင့်တယ်လို့ ဆိုလိုခြင်းပါ။
etone
August 6, 2011 at 9:53 am
ကော့မန့်များတာ ပို့စ်ကောင်းလို့ .. မကောင်းလို့ ဆိုတာနဲ့ … တစ်ခါတစ်လေမှာ မပတ်သတ်ပြန်ဘူးလေ .. ။
ပို့စ်ကောင်း၊ စာရေးသားကောင်းပေမဲ့ စိတ်ဝင်စားမှူ အားနည်းတဲ့ အကြောင်းရာမျိုးဆို ဝင်ဆွေးနွေးတဲ့လူ နည်းချင်နည်းမှာပေါ့လေ.. ။ တစ်ခါတစ်လေ .. ပို့စ်က မကောင်းပဲနဲ့ကို .. ကော့မန့်ပေးတဲ့ လူအများကြီးရှိနေတတ်တယ် … ။ ကော့မန့်သာ ပေးနေတာ ..ငြင်းခုံ နှိပ်ကွပ် … ပြောချင်တဲ့အကြောင်းရာ လာပြောနေလျှင်လည်း စိတ်ညစ်စရာကြီးပါ … ။
pan pan
August 5, 2011 at 1:10 pm
ပီတိတွေဖြာနိုင်တဲ့လူများကျတော့ အီအီးတွေတောင်ပါကုန်ပြီ
ကိုယ်တွေများမှာတော့ ခုထိဝမ်းချုပ်နေတုန်း 😛
မြိတ်ကနေ ခုဘယ်ရောက်နေပြီလဲ
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ အဲ….မြစ်ကြီးနားဘယ်ရွေ့မလဲ နော..။
manawphyulay
August 5, 2011 at 1:42 pm
ကော့မန့်ပေးတယ်ဆိုတာ လွယ်လွယ်ပေးရင် ကောင်းပါတယ်။ ကြိုးစားပါ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ ကော့မန့်မျိုးကိုလိုချင်တာလား။ ဒါမှမဟုတ် အမြင်ကို အမြင်အတိုင်း ရေးထားတာကိုဝေဖန်ခံရတာ နှစ်သက်ပါသလား။ အမျိုးမျိုးရှိပါတယ်။ ကော့မန့်လာပေးတိုင်းတော့ ပီတိမဖြစ်ပါနဲ့နော်။ ဝေဖန်တာကိုလည်း ခံရရင် တိုးတက်မှုပိုရှိပါတယ်။ ဒီတော့ ဆက်လက်ကြိုးစားပါ။ ကြိုးစားနေသူများအတွက် အောင်မြင်မှုဆိုတာ အနီးလေးမှာ ရှိနေပါတယ်လို့ ပြောလိုက်ပါရစေရှင်….. များများဖတ်ပါ၊ များများရေးပါ၊ များများ သူများကိုဝေဖန်နိုင်ပါစေနော်…
windtalker
August 5, 2011 at 1:46 pm
လကဗျာ ပါ ဆိုမှ
လ ပေါ်ထိ ကဗျာ တက်ရေးမှာပေါ့နော် ၊ ဟီဟိ ( စ တာနော် )
အားပေးပါတယ် ဗျာ
ကျုပ် လည်း သူကြီး ဆီ က ၁ သိန်း ကို စောင့်ရင်း
တစ်ဘက်ကလည်း ကိုယ် ဝါသနာ ပါတဲ့ စာရေးခြင်းအတွက်
ဒီ ဂေဇက် မှာ လာပြီး ကြိုးစားပမ်းစား ရေးသားနေတာပါ
မပူနဲ ့
၁သိန်းပြည့်လို ့
သူကြီးဆီ က နေ ပိုက်ဆံ ထုတ်ပြီးရင်
ကဗျာတွေ လပေါ်သွားရေးနိုင်အောင်
လမ်းစရိတ် ၁၀၀၀ဝကျပ် စပွန်ဆာပေးမယ်
weiwei
August 5, 2011 at 2:11 pm
ကွန်မန့်တက်တိုင်း ပျော်စရာမကောင်းဘူး … တခါတလေ ထိုင်ငိုချင်စိတ်ပေါက်လောက်အောင် စိတ်ညစ်ရတဲ့ ကွန်မန့်တွေလဲ ရှိတတ်ပါတယ် …
အခုတင်တဲ့ပို့စ်ကိုပဲကြည့်လေ … ပို့စ်တစ်ခုတင်ရလောက်တဲ့ ပို့စ်တစ်ခု မဟုတ်လို့ ဖိုရမ်မှာပဲ ရေးတင်သင့်တယ်လို့ ဝေဖန်လိုက်ပါရစေ …
ဝေဖန်တာလိုချင်တယ်ဆိုလို့ ဝေဖန်ပေးလိုက်တာနော် … 🙂
char too lan
August 5, 2011 at 2:16 pm
မမန်းဘူးကွာ ဘာဖြစ်လဲ 😛
moethidasoe
August 5, 2011 at 2:39 pm
လက်စသတ်တော့ လကဗျာက အပျိုဖြစ်ကြောင်း ထည့် ကြေညာတာလား။
comment အတွက်ကတော့ စိတ်ချပါ စိတ်မဆိုးကြေး
MaMa
August 5, 2011 at 2:40 pm
စာရေးတဲ့သူအချင်းချင်း ကိုယ်ချင်းစာပါတယ်။ ကိုယ့်ပိုစ့်လေးတစ်ခု တင်မိပြီဆိုရင် ဘာကော်မန့်တွေများ လာမလဲဆိုပြီး မျှော်ရတာ အမောပေါ့။ ဘယ်လိုပဲ ကော်မန့်ပေးပေး ကိုယ့်တင်ပြချက်အပေါ် သူတို့ရဲ့ (စာဖတ်သူရဲ့) ခံစားချက်တွေမို့ အလေးထားရမှာပါ။ ကဗျာလမင်းလို့ ဘာသာပြန်ပေးဖူးတာ မှတ်မိမလားတော့ မသိဘူး။ ကိုယ့်ရဲ့ စာရေးချင်စိတ်က ကဗျာလမင်းတို့လို မထက်သန်ပေမယ့် ရွာထဲရောက်တော့ ကိုယ်ပြောချင်တာလေးတွေ ရေးရင်းပြောရင်းနဲ့ပဲ ပိုစ့်တွေ တင်ဖြစ်သွားတယ်။ ပိုစ့်တွေတင်ရင်းနဲ့ပဲ ကော်မန့်လေးတွေ မျှော်မိသွားတယ်။ အဲဒီနည်းနဲ့ပဲ ရွာလည်နေတော့တာပဲ။
moonpoem
August 5, 2011 at 2:53 pm
မမကိုမှတ်မိပါတယ်။ ဝေဝေကိုလည်းကျေးဇူးတင်ပါတယ်။ မမနောကိုရောပေါ့။
ဆက်လက်ကြိုးစားပါဦးမယ်
ogre
August 5, 2011 at 3:34 pm
တစ်ခါတစ်လေလဲ
ကော့မက် တွေနဲ့ရန်ဖြစ်နေရတတ်တယ်နော် ..ကလေးမ
စာတွေ့မဟုတ်ဘူးငါတွေ့။။။
moonpoem
August 5, 2011 at 3:42 pm
ရေးတဲ့သူကရေးပြီးပေးမယ့်ကွန်မန့်ပေးသူချင်းရန်ဆက်ဖြစ်တာတွေလည်းရှိတယ်နော်။အတွေးအခေါ်ချင်း မတူတဲ့အခါ အယူအဆမတူတဲ့အခါလည်း ဖြစ်တတ်ပါတယ်ogreပြောတာလည်းမှန်ပါတယ်
kai
August 5, 2011 at 3:57 pm
ရွာသားတွေက… ကွန်မန့်လေးတွေရေးချင်လာအောင်.. အခုလိုအပြန်အလှန်ဆွေးနွေးပုံလေးလုပ်သွားတာကောင်းပါတယ်..။
(ကျုပ်အနေနဲ့က) အဲဒီလိုဖြစ်ကြစေချင်တာပါ..။
ဆိုတော့..
…စာ။သတင်း၊ကဗျာ၊ဝတ္ထု၊ဓါတ်ပုံကိုတင်..
အဲဒါကို ဖတ်ပြီး..ရွာသားတွေကလာရောက်ဝေဖန်ဆွေးနွေးတာကို …မူရင်းစာပိုင်ရှင်က ဒိုင်ခံပြန်ဆွေးနွေးပေါ့..။
မူရင်းစာပိုင်ရှင်ဟာ.. ဦးဆောင်ဆွေးနွေးသူပေါ့..။
အဲဒါမျိုး…။
good
August 5, 2011 at 4:12 pm
post ရေးတဲ့ သူက အားရှိ စရာ မြိတ် နဲ့ မြစ်ကြီးနား တဲ့၊ ပူတာအို နဲ့ ကော့သောင် ထိ ဝေးလည်း လမ်းရှိ ရင် ရောက် မည်ပ။ ပူပါနဲ့ ဂျ။
True Answer
August 5, 2011 at 4:24 pm
ကျွန်တော့်ပိုစ်မှာ ကွန်မန့်တက်ရင် ကျွန်တော်လည်း ဝမ်းသာတယ်ဗျ ။ ကျွန်တော့်ပိုစ်မှာ ကွန်မန့် သုံးလေးခုထက် ပိုထက်မရှိပါဘူး။
မိုက်ကယ်ဂျော်နီအောင်ပု
August 5, 2011 at 6:11 pm
ကိုယ့်ဘာသာ ရေးဇရာရှိဒါ မရေးဘဲနဲ့
ကော်မန့်ကိုလိုခြင်နေဒယ်
ကော်မန့်က ဘာလုပ်လို့ရမာဒုန်း
သွားးးးးးးးးးးးး
ရေးဘူး
…
တိန်!!!!!!
ရေးပြီးပြီဟ
ရွှေဘိုသား
August 5, 2011 at 8:27 pm
လူလည် ကိုယ်အပျိုစင်ဖြစ်ကြောင်းက ကြေညာသွားသေးတယ်
အဲလိုခံစားဖူးတယ်ဗျ စရေးတဲ. ပို.စ်ဆို မှတ်မိသေးတယ် 11 ယောက်မှာ 10 ယောက်က
ဆက်ရေးဖို. ကောင်းပါတယ်လို.ပြောတာ 1 ယောက်က ပတ်ပတ်စက်စက် ကိုဝေဖန်သွားတာ
ဒါပေမဲ.လည်း အခုကျတော. ကိုယ်ရေးရပြီးရောဆိုတဲ. ဘယ်သူပေးပေး မပေးပေး ဆိုတဲ. စိတ်ကလေး
ရှိဖို. မွေးနေတယ်ဗျ ဒါကလည်း မဖြစ်နိုင်သေးပါဘူး ညဘက် မောင်းလောင်းထားသလို မနက်မောင်းအောင်
မလား စောင်.ရသလို
ကွန်မန်. လေးများရှိမလားလို. ရင်ခုန်ရတယ်ဗျ
ရည်းစားမရှိတော.လည်း ဒါလေးနဲ. ရင်ခုန်ရတာပေါ.ဗျာ
ကျနော်လည်း လူပျိုဗျ ကြော်ညာသွားပြီ ဟဲဟဲ
nature
August 5, 2011 at 10:33 pm
ကွန်မန့်တက်လာရင်ပျော်တယ်ဆိုပေမဲ့ သူကြီးကွန်မန့်ကိုတော့ တကယ်ကြောက်တယ်ဗျ။ သိုင်းကွက်ပေါင်းစုံတတ် ပြီးနှံ့စပ်တဲ့ သူကြီးရဲ့ မေးခွန်းလေးတခုကို ဖြေဘို့ ဒေါင်းတောက်အောင် စဉ်းစားရတယ်။ ဆံပင်တွေတောင် ပိုဖြူလာတယ်။
ကိုပေါက်(မန္တလေး)
August 5, 2011 at 10:54 pm
ဆက်ရေးဖို. ကောင်းပါတယ်လို.ပြောတာ 1 ယောက်က ပတ်ပတ်စက်စက် ကိုဝေဖန်သွားတာ
အဲဒါ ကိုပေါက်ဆိုတဲ့သူလား။
သူများတွေတော့ မသိဘူး ကျနော်ကတော့ ကော်မင်းတက်လာရင်ပျော်တယ်။
ကော်မင်းပေးပြီဆိုကတည်းက သူသေချာဖတ်လို့ ကော်မင်းပေးချင်စိတ်ရှိလို့ဆိုတာသေချာသွားပြီ။
ကြိုက်တာမကြိုက်တာ တစ်ပိုင်း ထောက်ခံတာ မထောက်ခံတာ တစ်ပိုင်းဘဲ။
ကျနော်ကိုယ်တိုင်လဲ ဖတ်တိုင်းမမန်းဘူး။
မန်းတယ်ဆိုရင်လဲ (စချင်နောက်ချင်တာကလွဲပြီး)သေချာဖတ်ပြီးသေချာမန်းပါတယ်။
ကော်မင်ဆိုတာ ရေးသူအတွက်တွန်းအားတစ်ခုလို့ခံယူပါတယ်။
ကောင်းတယ်လို့ပြောရင် ဆက်ပြီးဒီအတိုင်းလျှောက်မယ်။
မကောင်းဘူးလို့ပြောရင် အခါခါပြန်ဖတ်ပြီးနောင်ကောင်းအောင်ရေးဘို့ကြိုးစားမယ်။
ဒါကတော့ ကျနော်လက်ခံထားတဲ့အတွေးလေးပါ။
pannu
August 6, 2011 at 1:15 am
ကျနော်လဲ အားပေးပါတယ်..
ဆက်ရေးပါနော်…
အကိုကြီး အမကြီးတွေလိုတော့ မရေးတတ်လို့ပါ..
windtalker
August 6, 2011 at 1:41 pm
ကဲကဲ
ဒီလိုဆိုရင်
မောင်ပေ့ အတွက် လုပ်ကွက် တစ်ခု တွေ ့သွားပြီ
အပေါ်က ကွန်မင့် အရ ဆိုရင်
လကဗျာ ဟာ အပျို
ရွှေဘိုသား ဟာ လူပျို
ခင်ဗျား တို ့နှစ်ယောက်
အပြင် မှာ
မတော်မတဲ့ ချော်ချဲ ့ပြီး တွေ ့ဆုံ ဖြစ်ခဲ့လို ့
တစ်ယောက်နဲ ့တစ်ယောက် ချစ်ကြိုက် သွားမိလို ့
မင်္ဂလာ များ ဆောင်ဖြစ်သည် အထိ ဖြစ်လာမယ် ဆိုရင်
မင်္ဂလာဆောင် စရိတ် ကို သက်သာသော အတိုးနှုန်း နဲ ့ ထုတ်ချေးမယ်
အရစ်ကျ စနစ်နဲ ့ပြန်ဆပ်ရမယ် ဗျာ ။
ဒီတော့
ကျုပ် ပြောသလို ဖြစ်လာနိုင် မလာနိုင်
တင်ကြို စဉ်းစား ပြီး ၊စိတ်ကူးယဉ်ထားကြပေါ့နော်
ဟီဟိ
့စတာနော်
နစ်နာစေလိုသော သဘောလုံးဝ ပါဘူး နော်
စိတ်မဆိုးရဘူးနော်
ဒါပဲ..ဟိ