“ဆရာဝန်များဖြင့် တည်ဆောက်သောတိုင်းပြည်”
“သားရယ် ကျောင်းမြန်မြန်ပြီးအောင်လုပ်ပါကွယ် ဆရာဝန်ဖြစ်ရင် ထမင်းမငတ်တော့ဘူး ဂုဏ်သိက္ခာဆိုတာလဲတိုင်းတာလို ့မရဘူး ” ဟု စာမေးပွဲတဖုန်းဖုန်းကျနေသော ဆေးကျောင်းသားကြီး ကျွန်တော်အား အမေပြောလေ့ရှိသော စကားများဖြစ်သည်။ ကျွန်တော်သည် ငယ်စဉ်က ကြီးလျှင် ဆရာဝန်လုပ်မည်ဟူသောရည်မှန်းချက် မထားခဲ့ဖူးပါ။ သို ့ရာတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်ကောင်းကောင်းရခဲ့သောအခါ မိဘများအလိုကျ ဆေးကျောင်းသားတစ်ဦး ဖြစ်လာခဲ့ရသည်။ အစပထမတွင် ကျွန်တော်သည် ဆေးတက္ကသိုလ်ကျောင်းတော်သား ဖြစ်ခွင့်ရသည်ကို အများနည်းတူ အလွန်အင်မတန် ဂုဏ်ယူခဲ့သည်။ အသိုင်းအဝိုင်းကြားတွင် မျက်နှာသာပေးခံရမှု၊ မိဘများ၏ ပီတိဖြင့်ဂုဏ်ယူနေမှု တို ့ကြောင့် ကျေနပ်စရာနေ ့ရက်များဖြစ်ခဲ့သည်။ သို ့သော်စာမေးပွဲ အကြိမ်ကြိမ်ကျလေသောအခါ မိသားစုအတွင်း ဆည်းလည်းသံ တဖြည်းဖြည်းပျောက်ကွယ်ကာ အထက်ပါစကားစုသည်လည်း အမေ၏ လက်သုံးဆုံးမစကား ဖြစ်လာခဲ့သည်။
ယခုအခါ အနည်းငယ်မျှသိသောအသိကလေးဖြင့် မိမိကိုယ်ကိုမိမိ သုံးသပ်ကြည့်သောအခါ ကျွန်တော်သည် မိမိနှင်မအပ်စပ်သော လမ်းပေါ်လျှာက်လျှက်ဖြစ်နေခြေပြီ။ ပြန်မေးမိသည် “ငါဘာဝါသနာပါတာပါလိ့မ်” ဟု။ ထိုအခါ ကျွန်တော်ငယ်စဉ်က ဖြစ်ချင်ခဲ့သော အင်ဂျင်နီယာကြီး တီထွင်ပါရဂူကြီး အိပ်မက်တို ့ကား ပျောက်ကွယ်ခဲ့သည်မှာကြာလေပြီ။ ယခုအတွးတို ့သည် ကျွန်တော်၏ ပင်ကိုအရည်အသွေးညံ့ဖျင်းမှုအား ဖုံးကွယ်ရန် “ဝါသနာမပါခြင်း” အား ရမယ်ရှာခေါင်းစဉ်တပ်ကာ ရသေ့စိတ်ဖြေအတွေးတစ်ခု သို ့မဟုတ် ဆင်ခြေတစ်ခု ဖြစ်ကောင်းဖြစ်ပါမည်။ သို ့သော် လူတို ့၏ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းတွင် ဝါသနာဟူသည် ကြီးကျယ်သော နေရာမှနေပြီး အဆုံးအဖြတ်ပေးနေသည်ကို မည်သူမျှမငြင်းနိုင်ပေ။
ကျွန်တော်တို ့နေ ့စဉ်နှင့်အမျှ ကြားသိနေရသည် “သားကြီးလျှင်ဘာလုပ်မယ် ဆရာဝန်ကြီးလုပ်မယ် ” စသည်ဖြင့်။ မဖြေတတ်သောကလေးကိုလည်း ဖြေတတ်အောင်သင်ပေးနေသော မိဘအများကို မြင်တွေ ့နေရသည်။ မိမိတို ့သားသမီး၏ ဝါသနာကို ဖော်ထုပ်ပြီး မြေတောင်မြှောက်ပေးမည့်အစား ယူခုကဲ့သို ့ ခေါင်းထဲရိုက်သွင်းနေခြင်းသည် အင်မတန်မှားယွင်းသည်ဟု ထင်ပါသည်။ ကျွန်တော်တို ့နိုင်ငံတွင် ဆရာဝန်များသာ အရေးပါဆုံးသောလူတန်းစား တစ်ရပ်ဖြစ်နေလေပြီလော။ ဆရာဝန်များကိုသာ လိုအပ်နေပါသလော။ အမှန်တစ်ကယ်တော်သော ဗိသုကာပညာရှင်များ၊ ဖြောင့်မှန်သော ဥပဒေပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ စိတ်ဓါတ်အဆင့်အတန်း မြင့်သည့်ကျောင်းသားများ မွေးထုပ်ပေးနိုင်သော ဆရာများ စသည်ဖြင့် အခြားအခြားသော ပညာရှင်များမလိုတော့ပြီလော။ ကျွန်တော်တို ့ကဲ့သို ့ ဝါသနာအရင်းမခံပဲ အမှတ်ကောင်းရုံမျှဖြင့် ဆေးကျောင်းရောက်လာပြီး အမှန်တစ်ကယ်ဖြစ်ချင်ပြီး အမှတ်မမှီလိုက်သောသူတစ်ယောက်အား ဖယ်ထုပ်ထားခဲ့ရခြင်းမှာ တိုင်းပြည်အတွက် မည်မျှနစ်နာမည်နည်း။ မမှန်းဆနိုင်ပေ။ ထိုတစ်ယောက်သည် လူ ့အသက်ပေါင်း များစွာကယ်မည့် ကုထုံးထွင်မည့်သူလည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။ အရည်အချင်းပြည့်မှီခြင်း မရှိပဲ ဆရာဝန်ဖြစ်သွားသော ဆရာဝန်သည်လည်း လိုင်စင်ရ လူသတ်သမား ဖြစ်သွားနိုင်သည်။ ကွာဟချက်ကြီးမားလှသည်။
ကျွန်တော်ဆိုလိုသည်မှာ ကျွန်တော်တို ့မြန်မာနိုင်ငံတွင် တော်သော၊ ထက်သော လူမြောက်များစွာရှိသည်။ သို ့သော် လူမှန်နေရာမှန်တွင်မရှိကြဟု ထင်ပါသည်။ ဂုဏ်သိက္ခာ နှင့် ငွေကြေး ကိုဆရာဝန်ဖြစ်လျှင် အလွယ်တကူရပြီဟူသော အယူအဆကို စွန် ့လွှတ်ချိန်တန်ပြီဟု ထင်ပါသည်။ ဆရာဖေမြင့်၏ ဂျီးနီးယပ်စ် စာအုပ်တွင် ဝါသနာမပါသော အလုပ်ကိုလုပ်လျှင် ဆီဆုံလှည့်သောနွားကဲ့သို ့ပျင်းရိဖွယ် ခရီးမတွင်ဖြစ်တတ်သည်ကို သတိပေးထားပါသည်။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း မရှိသေးသော သားသမီးများကို အမှန်ဆုံးလမ်း ရွေးချယ်ပေးနိုင်ကြစေဖို ့ ကျွန်တော် ထင်မိ မြင်မိ သမျှကို တင်လိုက်ရခြင်းပါ။ အမှားပါ ပါကခွင့်လွှတ်ကြပါ။
27 comments
etone
August 6, 2011 at 9:04 am
စာရေးသူ ရေးသားချက် အချို့နဲ့ ပတ်သတ်ပြီး ကျွန်မဆွေးနွေးလိုပါတယ် … ။
ရှေးယခင်ခေတ်တုန်းကတော့ ဆေးဆရာ ဆိုတာ .. သေသူကိုတောင် ငုတ်တုတ်ထထိုင်နိုင်စေတယ်ဆိုတဲ့အတွေးမျိုး … လှေနှံဓါးထစ် မှတ်သား ခဲ့ကြတယ် … ။ ဘာရောဂါဖြစ်ဖြစ် ဆေးဆရာနဲ့ ့ တွေ့လျှင် ဌုံဖွ မန်းတာနဲ ့ပျောက်ပြီလို့ ယူဆထားခဲ့ကြတယ် .. ဒါကြောင့်လည်း အရေးပါ အရာရောက်တဲ့လူ … ဆိုပြီးနေရာပေး ရင်းကနေ … ယခုခေတ်တွေအထိ ဒီအယူစွဲ ရှိနေတုန်းလိုပါပဲ .. ။လူအများက အရေးပေးခံရတဲ့လူတွေဖြစ်လို့ ….. မျက်နှာပွင့်၊ လူလေးစား ၊ ဂုဏ်ရှိတယ်လို့လည်း .. မှတ်ယူကြတာ ဖြစ်ပါလိမ့်မယ် .. ။ဒါဟာ လွဲမှားတယ်လို့ ထင်ပါတယ် ။
နောက်တစ်ခုက … ဒီနိုင်ငံရဲ့ အစိုးရ အသိမှတ်ပြု တက္ကသိုလ်တွေထဲမှာ … ဆေးတက္ကသိုလ်ဟာ အမှတ်အမြင့်ဆုံးပါ … ။ တော်ရုံအမှတ်နဲ ့ မရနိုင်တာရယ် .. စရိတ်စက အတော်လေး ပေးပြီးမှ ကြေးကြီး ပညာရေးကို သင်ခဲ့ရတာတွေကြောင့်လည်း … ခက်ခဲတယ်ဆိုပြီး … မိဘတိုင်းက သားသမီးတိုင်းကို ပို့ ချင်တာတော့ … မိဘတွေရဲ့ လောဘပါပဲ … ။ ဒါပေမဲ့လည်း …သိတဲ့အတိုင်းလေ … လူ့အသက်ကို ကယ်ဖို့ သင်ထားတဲ့ ပညာဆိုတာကလည်း … ဆုံးဖြတ်ချက်မှန်ကန်ဖို့ လိုနေတယ်… ဒါအပြင် စေတနာလေးလည်း ပါမှ … ။ ဒီတော့ ဝါသနာမပါပဲ မိဘက တွန်းပို ့လို့ ဆေးကျောင်းတက်ရတဲ့ ကလေးတွေကိုတော့ ..သနားမိတယ် .. တသက်လုံး .. လူဖြစ်ရှုံးသလိုပဲ လုပ်ချင်တာ လုပ်ခွင့်မရလို့ပါပဲ …. ။ ကျောင်းနေ တုန်း အရွယ်ကတော့ … မိဘတွေရဲ့ အထောက်ပံ့ယူနေရတာမို ့… သူတို့ဖြစ်ချင်တဲ့ပုံစံခွက်ထဲကို လောင်းထည့်ခံရတာပါပဲ … ။ မိဘကတော့ မှန်းတာပေါ့ ..အမြင့်ဆုံးကို…။ သားသမီးရဲ့ အရည်ချင်းပေါ်မူတည်ပြီး ရလာတဲ့ အမှတ်က မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့အခါ … ရင်ထုမနာဖြစ်ရပြန်တယ် … ။
တကယ်တော့ တိုင်းပြည်တစ်ခုမှာ … ဆရာဝန်တင်မကပါဘူး … တခြား ကျွမ်းကျင်ပညာရှင်တွေ အများကြီးလည်း လိုအပ်ပါတယ် … ။ ဒါပေမဲ့ မိဘတွေရဲ ့သားသမီးပေါ်ထားတဲ့ မျှော်လင့်ချက်ကသာ တစ်ခုတည်းလိုလိုဖြစ်နေတတ်တာပါ … ဒါကြောင့်လည်း သူတို့ တချိန်က လက်ခံထားတဲ့ ဂုဏ်ရှိတယ်ဆိုတဲ့အဖြစ်မျိုး ရယူပိုင်ဆိုင်ချင်ကြတာပေါ့ … ။
ကျွန်မတစ်ခုပြောကြည့်မယ်… ဟုတ်မဟုတ်တော့မသိဘူး ကျွန်မလက်ခံနားလည်ထားတာပါ …။
ဆရာဝန်တိုင်း ဂုဏ်ရှိတာ မဟုတ်ပါဘူး … ဆရာဝန်ဆိုတဲ့ဘွဲ့တစ်ခုတော့ တက္ကသိုလ်က ပေးလိုက်လို့ ရပေမဲ့ .. ဂုဏ်ဆိုတာမျိုးက သူတပါးက မိမိအပေါ် မှာ သတ်မှတ်ပေးတာမျိုးပါ ။ သမ္မာ သမတ်မကျတဲ့ ၊ စာနာထောက်ထားမှူမရှိတဲ့လူ … ငွေကြေးတစ်ခုပဲ မျက်လုံးထဲ မြင်တတ်တဲ့ ဆရာဝန်မျိုးဆိုလျှင် … ဘွဲ့တော့ရှိပြီး ဂုဏ်မရှိတဲ့လူလို့ ပဲ ကျွန်မက သတ်မှတ်ပါတယ် … ။ မိမိရဲ့ စိတ်ဓါတ်နဲ့ ပြုမူ ဆောင်ရွက်မှူတို့ကို အချိုးချ အသုံးပြုတဲ့အချိန်မှသာ ဂုဏ်ဆိုတာမျိုး … တခြား လူက သတ်မှတ်တာလို့ ..နားလည်ထားပါတယ် .. ။ဒါကြောင့်လည်း .. ရှေးလူကြီးတွေ လက်ခံထားတဲ့… အယူကိုလုံးဝ ကန့်ကွက်ချင်ပါရဲ့ .. ။ ဂုဏ်ဆိုတာမျိုးက ငွေပေးဝယ်လို့ မရတာကို လှေနံဓါးထစ် မိဘတွေ လက်ခံပေးနိုင်လျှင် သိပ်ကောင်းမှာပါပဲနော် ။ 🙄
pay sote sote
August 6, 2011 at 9:26 am
ကျွန်တော်လဲ အမပြောတာနဲ ့တစ်သဘောထဲပါပဲခင်ဗျာ ဒါပေမဲ့ အခုမှစိတ်ပါလို ့သာရေးလိုက်ရတယ် ပထမဆုံး ရေးဖူးတာဆိုတော့ ချပြချင်တာကို အမလို ရှင်းရှင်းလင်းလင်းမပြောတတ်သေးဘူးခင်ဗျ နောက်နောင်မှားတာတွေများ တွေ ့ရင်လဲ ဖေးမကူညီပေးပါခင်ဗျာ အခုလိုဝင်ဆွေးနွေးပေးတဲ့အတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ်.. ကျွန်တော်တို ့မျှော်လင့်သလို အခြေအနေမျိုး မြန်မာနိုင်ငံမှာ မကြာတဲ့အချိန်အတွင်း ရောက်လာနိုင်ပါစေလို ့ပဲ မျှော်လင့်ရတော့မှာပဲ အမရေ…..
Endless
August 6, 2011 at 10:04 am
ကိုယ့်ညီလို့ပဲ ခေါ်လိုက်ပါမယ်… ကိုယ် တစ်ခုလောက် ဆွေးနွေးချင်ပါတယ်… ညီလေး ပြောနေတဲ့ ပုံအရဆို ညီလေး စိတ်မပါပဲ ဆေးကျောင်းကိုရောက်လာခဲ့တယ်… စာမေးပွဲတွေကျတယ်… ကိုယ့်ညီအရင်းတစ်ယောက်လို သဘောထားပြီးပြောရမယ်ဆိုရင်… ညီလေး အခု ဘာဆက်လုပ်ဖို့ စဉ်းစားလဲ.. ဥပမာ.. ကျောင်းပြီးအောင် ဆက်တက်မလား၊ ကိုယ် ဝါသနာ ပါရာကိုပဲ (ကျောင်းဆက်မတက်ပဲ လုပ်မလား)ကိုယ်လဲ အဲလိုတွေးဘူးတယ်… ကိုယ်တို့ ဒုတိယနှစ်တုန်းက ဆရာ ဦးမင်းဆွေ ပြောတဲ့ စကားရှိတယ်… ငါကတော့ မတတ်တဲ့သူကို အအောင်မပေးနိုင်ဘူး… မင်းတို့တွေ မတတ်ရင် မအောင်ဘူး.. ကျတော့ အပြင်ထွက်ပြီး… လုပ်ကိုင်စားသောက်ပြီး မြန်မြန် သထေး ဖြစ်တာပေါ့ တဲ့… ကိုယ်တွေ့ကို ပြောရရင် ကိုယ် ၁ဝ တန်းအောင်တော့ ဘာသာစုံထွက်တယ်… ဆေးကျောင်းကို လုံးဝ မတက်ချင်ပါဘူး… ကွန်ပျူတာ တက်မယ်ဆိုတော့… အိမ်ကမေးတယ်.. မင်းက စာစီ စာရိုက် လုပ်စားမလားတဲ့… အမေတို့ ဖြစ်စေချင်တဲ့… ဆေးကျောင်းကို အရင် ပြီးအောင်တက်လိုက် ပြီးမှ ကွန်ပျူတာကို အပြင် ကနေ လိုက်စား ပါတဲ့… ကိုယ်တို့ နှစ်က မကွေးမှာ သွားတက်ရတယ်… ပြီးမှ မန်းလေး ပြောင်းရတာ… ကိုယ်တို့ လည်း ဆေးကျောင်းမှာ… ကျလိုက် အောင်လိုက်ပဲ… မကွေးမှာတော့ တော်တော် ကဲခဲ့ဘူးတယ်… မန်းလေး ပြောင်းပြီးနောက်ပိုင်းမှာ… ပုုံမှန် ကြိုးစားလာလိုက်တာ.. အေးဆေးဖြစ်သွားတယ်… . အခု ချိန်မှာ ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်ထားတယ်… ရပ်ကွက်ထဲမှာ ဘယ်သူ ဘာဖြစ်ဖြစ်.. ညကြီး အချိန်မတော်လည်း လာခေါ်ကျတယ်… အိမ်မှာ အမေ မိဘ ဘယ်သူပဲ ဘာဖြစ်ဖြစ် ကိုယ်က ကူညီပေးနိုင်တယ်… ဆိုလိုတာက… ကိုယ်သာ ကျုပ်စိတ်မပါဘူးဗျာ ဆိုပြီး ဒီအတိုင်း ထိုင်နေခဲ့မယ် ဆိုရင်… ဒီအချိန်မှာ ကိုယ် ဘဝရောက်နေမလဲ ဆိုတာ မစဉ်းစားတတ်ဘူး…. ပျက်စီးပြီး လမ်းမပေါ်မှာ ဝေလေလေ ဖြစ်နေမယ်နဲ့တူတယ်…. ကိုယ် ကုပေးလိုက်လို့ သက်သာသွားတဲ့ လူနာ တစ်ယောက်က ဆရာရယ် ကျေးဇူးတင်ပါတယ် ဆိုတဲ့ ပီတိကို ညီလေးကိုယ်တိုင် မခံစားဘူးသေးလို့ မသိတာ ဖြစ်ပါလိမ့်မယ် … နောက်ပိုင်း ဆေးကုရင်း မသိတာကို ပြန်ဖတ်၊ ဆရာတွေကိုမေး၊ CME တွေ တက် အဲလိုနဲ့ တဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကို ဖြည့်ဆည်းရတာပဲ ကိုယ့်ညီ… ဘယ်လိုပဲ ဖြစ်ဖြစ်
ညီလေး ကို ညီတစ်ယောက်အနေနဲ့ အကြံပေးချင်တာက… ညီလေးရာ ဆေးကျောင်းကို ရောက်လာခဲ့ ပြီးပြီလေ… အဲ့ အနေထားမှာ နောက်ပြန်လှည့်ဖို့ မစဉ်းစားနဲ့တော့… ကိုယ် ဖြစ်ချင်တာကို သေချာသိအောင်လုပ်… ပြီးရင် ကျောင်းပြီးတာနဲ့ သေချာ ဆုံးဖြတ်ထားတဲ့ လမ်းကို လိုက်ပေတော့… ကိုယ်ကတော့ ကိုယ့်ညီ အနေထားနဲ့ အဲလို အကြံပေးချင်တယ်. ၁ဝ တန်းအောင်ကာစ ကလေးတစ်ယောက် လာမေးရင်တော့… အခု ညီလေး ပြောပြတဲ့ ဝါသနာနဲ့ ကိုက်မယ့် လမ်းကို ရွေးဖို့ တိုက်တွန်းမိမှာ… အဲလို တိုက်တွန်းရင်လဲ တချို့ မိဘတွေက မကြိုက်ကြဘူး… ထားပါတော့… ကိုယ့်ညီ … ဆုံးဖြတ်ချက်ကို မှန်မှန် ကန် ကန် ချနိုင်ပါစေလို့ ပြောချင်ပါတယ်…
pay sote sote
August 6, 2011 at 10:46 am
ကျေးဇူးအထူးတင်ပါတယ်ဗျာ အခုလိုအကြံပေးတာ ကျွန်တော်လဲအဲဒိလိုပဲ ဆုံးဖြတ်ထားရတော့တာပါ ကိုယ်ကတက်ခဲ့မိပြီးအချိန်တွေကုန်ခဲ့ပြီကိုး အခုပို ့စ်တင်တာကလဲ..ကျွန်တော့်လိုများ နောက်ထပ်ဖြစ်မယ့် ဖြစ်လတ္တံ ့ ညီတွေ ညီမတွေ များရှိရင် (ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံအတွက်ပေါ့ ) နစ်နာစရာတွေဖြစ်မှာစိုးလို ့ တတ်နိုင်သလောက်အကြံပေးတာပါ.. ဝါသနာမပါပေမဲ့ သာမန်အောင်မြင်ရုံတော့ သာမန် EQ နဲ ့ပဲရမယ်ထင်ပါတယ်.. ကျေးဇူးအထူးပါပဲ အကိုရေ….
moethidasoe
August 6, 2011 at 10:57 am
အဆုံးမရှိ ပြောတာ မှန်တယ် .. လောကမှာ လုပ်ချင်တိုင်း လုပ်လို့ မဖြစ်တာတွေ ရှိခဲ့ကြမှာပဲ
မိဘစကား နားထောင်ငြား သံပြား ကျောက်စောင်း ကြိုသော်ပြောင်း၏ ဆိုတဲ့ စကားကို မိဘတွေ အဆင့်ဆင့် လက်ကိုင်ထားပြီး ကျင့်သုံးနေကြတာ ယနေ့အထိပဲ
တို့လဲ ဖြစ်ချင်တာ အင်ဂျင်နီယာပါ .. ဒေသကောလိပ် ဆိုတာ စပေါ်တဲ့အချိန်မှာ သချင်္ာယူရင် အင်ဂျင်နီယာ ဘိုင်အိုယူရင် ဆရာဝန်လိုင်း ခွဲထွက်မယ့် အချိန်မှာ မိဘတွေကို မလွန်ဆန်နိုင်လို့ ဘိုင်အို ယူခဲ့ရတယ်
ဒါပေမယ့် ကျောင်းကို မိဘတွေ ခြစ်ခြစ်ခြုပ်ခြုပ် ထားပေးရတယ် ဆိုတာ စာမေးပွဲ အကျ မခံချင်ဘူး .. အဲဒီတုန်းက အဖေက ၄၅ဝ ကျပ်စား ..
ဒီတော့လဲ ဆက်လျှောက်မယ့်လမ်းကို မပျောက်အောင် ကြိုးစားခဲ့တာ အခု ဆရာဝန်ဖြစ်တယ် .. ဆရာဝန်အလုပ်နဲ့ ညီအောင် လုပ်တယ် ..
ပေစုတ်စုတ်လဲ ဘဝကို အမှန်တိုင်း မြင်အောင် ကြိုးစားပါ .. မိဘတွေရဲ့ စေတနာရယ် ကိုယ် လိုက်နိုင်မယ် ဆိုရင် ကြိုးစားလိုက်ပါဆောင်ရွက်ပါ .. တကယ်က မလုပ်ချင်ရင် အစကတည်းက ညှိနှိုင်းပြီး လျှောက်ရမယ့်လမ်း .. အခုတော့ လျှောက်နေတာ တဝက်ရောက်နေပြီ ဆိုတော့ ကုန်သွားတဲ့ အချိန်တွေ ငွေတွေကို လေးစားသောအားဖြင့် ကောင်းအောင်သာ ဆက်ကြိုးစားဖို့ တိုက်တွန်းပါရစေ
AKKO
August 6, 2011 at 11:13 am
ဒီလိုပါပဲ မိဘတွေရဲ့ တွန်းအားပေးမှူနဲ့ … ကြိုးစားကျက်မှတ်လို့ ရလာတဲ့ ရလာဒ်လေးကို ဆုတ်ကိုင်းရင်း …. ဝါသနာပါရာကို ရွေးချယ်ခွင့်ရခဲ့ပေမဲ့… တကယ်တမ်းမိဘတွေရဲ့ စိတ်ဆန္ဒကို လိုက်လျောခဲ့ရတာချည်းပဲကိုး .. .။ ဖြစ်ချင်တာ မဖြစ်ရပေမဲ့ ဖြစ်သင့်တာ လုပ်ရတော့လည်း လက်ရှိအနေထားမှာ အကောင်းဆုံး ကြိုးစား ကျင့်ကြံသင့်ပါတယ် … ။ ရတာလို လိုတာမရတဲ့ လောကကြီးပါ .. လက်ရှိအကောင်းဆုံးအနေထားကိုပဲ ဖန်တီးရမှာပါ … ။
ဆရာဝန်ဖြစ်လာခဲ့ပေမဲ့ … ဝါသနာမပါတာ ပါတာထက် လုပ်သင့်တာ လုပ်တဲ့အခါ … ရလာတဲ့ ပီတိက … ဘာနဲ ့မှ နှိုင်းယှဉ်မရနိုင်အောင်ပါပဲ …။ ဆရာဝန်ဖြစ်လို့ … ကိုယ်တာဝန်ယူပြီး ကြည့်ရှူပေးရတဲ့ လူနာ နေကောင်းသွားတဲ့အခါ သူပျော်သလို ကိုယ်လည်း ပျော်တာပဲ .. အဲ့ဒီအချိန်ကျမှ မိဘတွေရွေးပေးခဲ့တာ မှန်ပါလားဆိုတာမျိုး တွေးပြီး ကျေးဇူးတင်မိတော့တယ် … ။ စိတ်ကောင်းလေးသာ ထားကြည့် … ဒီအလုပ်က ပီတိစားနေတာနဲ ့တင် ထမင်းမေ့ ဟင်းမေ့ပါပဲ ။ ဆေးရုံဘက်တွေ ၊နယ်ဘက်တွေ သွားရတဲ့အခါ .. ပိုလို့တောင် ကြည်နူးမိပါသေးတယ် ။ 🙂
moehmaung
August 6, 2011 at 3:35 pm
သေချာတာပေါ့….ကျွန်တော်ဆို မိဘက ဆရာဝန်…မိဘတွေက ဆရာဝန်အလုပ်ကလွဲပြီး တစ်ခြားအလုပ်ဆိုရင် ထမင်းငတ်မယ်လို့တောင်ထင်နေတာ…တစ်ခြားအလုပ်တွေကနေ ချမ်းသာအောင်လုပ်ပြချင်တာ ကျွန်တော့ ရည်ရွယ်ချက်ပဲ….လူတွေဘာလို့ လှေနံဓားထစ်မှတ်နေကြတာလည်း…အရမ်းသိချင်မိတယ်
susunosuki
August 6, 2011 at 5:15 pm
မိဘတွေကတော့ အကောင်းဆုံးကိုမျှော်လင့်တယ်။ ဖြစ်အောင်လုပ်ကြတယ်။ သူတို့မှာ စေတနာကများတယ်။ အသိပညာနိမ့်တယ်။
ကျွန်တော့် အစ်ကိုဝမ်းကွဲတစ်ယောက်နည်း အရမ်းတူနေတယ်။ ကျလိုက်တဲ့ စာမေးပွဲ။ ကျွန်တော် အဝေးသင်ကို အခေါက်ခေါက် တတ်ပြီး ဖြေတာဝလို့ ကျောင်းပြီးခဲ့တာကြာပြီ။ သူခုထိကျောင်းမပြီးသေးဘူး။ ဆယ်တန်းအောင်တာတော့ စောတယ်။ အဒေါ်ဆို ကျောင်းခေါ်ချိန်မပြည့်တာကို သွားသွားတောင်းပန်ရလွန်းလို့ ကျောင်းအုပ်နဲ့ တောင်ရင်းနှီးနေပြီလို့ကြားတယ်။
pay sote sote
August 6, 2011 at 5:25 pm
မှန်ပါတယ်ခင်ဗျာ ဆရာဝန်အလုပ်ဆိုတာ အင်မတန်ကုသိုလ်ရသလို တခြားအလုပ်တွေနဲ ့မတူတဲ့ ပီတိတွေပေးနိုင်မယ်ဆိုတာ ချွန်းချက်မရှိလက်ခံပါတယ်.. ဒါပေမဲ့ ကျွန်တော်အခုုပို ့စ်မှာ ပြောချင်တာက ဆရာဝန်အလုပ်ရဲ့ ကောင်းခြင်းမကောင်းခြင်းကိုပြောလိုတာမဟုတ်ပါဘူးခင်ဗျာ.. ဝါသနာကိုအရင်းခံပြီး တစ်ကယ်သူ ့နေရာနဲ ့သူ တော်တဲ့လူတွေ နယ်ပယ်စုံမှာ ရှိလာစေချင်တဲ့ စိတ်နဲ ့ပါခင်ဗျာ.. ဥပမာ.. တစ်ကယ်လို ့များ အကိုတို ့သာ အကိုတို ့ဝါသနာပါတဲ့ အင်ဂျင်နီယာဆိုအင်ဂျင်နီယာပေါ့ အဲဒီလိုရွေးချယ်ခဲ့မယ် ဆို အကိုတို ့ရဲ့အောင်မြင်မှုက.. အခုဒီအောင်မြင်မှုထက်အဆပေါင်းမြောက်များစွာ သာ သာမနေနိုင်ဘူးလို ့ ပြောနိုင်ပါ့မလား…ပီတိအားဖြင့်တော့ ယှဉ်နိုင်ချင်မှယှဉ်နိုင်ပါမယ်… မိကျောင်းမင်းရေခင်းပြတယ်တော့ မထင်ပါနဲ ့ခင်ဗျာ ကျွန်တော်ထင်မိသလောက်ဆွေးနွေးကြည့်တာပါ .. မှားတာရှိရင်ခွင့်လွှတ်ပါ..
Foreign Resident
August 7, 2011 at 2:25 am
Agree, Pay Sote Sote,
“တစ်ကယ်လို ့များ အကိုတို ့သာ
အကိုတို ့ဝါသနာပါတဲ့ အင်ဂျင်နီယာဆိုအင်ဂျင်နီယာပေါ့
အဲဒီလိုရွေးချယ်ခဲ့မယ် ဆို အကိုတို ့ရဲ့အောင်မြင်မှုက..
အခုဒီအောင်မြင်မှုထက်အဆပေါင်းမြောက်များစွာ
သာမနေနိုင်ဘူးလို ့ ပြောနိုင်ပါ့မလား”
But, it’s life, so so,
I am a successful sailor, but, never interested in sailing.
nozomi
August 7, 2011 at 10:56 am
Foreign Resident က လုပ်တာတော့ သင်္ဘောသား ဖြစ်ချင်တာက လေယာဉ်မှူးထင်တယ်
လေယာဉ်ပုံ လေးကို အမြတ်တနိုးရွေးထားတာတွေ့လို့ 😀
Foreign Resident
August 8, 2011 at 10:20 am
Dear Nozomi,
In fact, I wanted to be a Military Officer, when I was young.
But, fortunately, I didn’t try DSA
as I heard that the rice in “Bo Yway A Phwet” is very hard.
Lucky me, now I don’t need to kill anybody.
My avatar is not ordinary aircraft,
It is the world best fighter jet – F-22
( world only fifth generation fighter jet )
still affectionate to military.
intro
August 8, 2011 at 11:29 am
“But, fortunately, I didn’t try DSA”
🙂 The great lucky for you, bro..
naywoonni
August 6, 2011 at 7:02 pm
ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်လာမိမှတော့ ပြီးဆုံးအောင်လုပ်လိုက်ပါကွာ…။ ဘယ်သူမှ ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ အသက်မွေး ဝမ်းကြောင်း မရှိခဲ့ ကြ …။ မရခဲ့ကြပါဘူး..။ ဒါဟာ တို့တိုင်းပြည်ရဲ့ ချစ်စရာကောင်းတဲ့ လွဲချော်မှုလေးတွေပါ..။ ငါ့ညီ တစ်ယောက်ထဲ မဟုတ်ပါဘူး..။
MaMa
August 6, 2011 at 7:57 pm
အဲဒီပုံပြင်ကို ဟိုးးးးးးးးးးး ရှေးရှေးတုန်းကလို့တောင် ပြောလို့ရတယ်။ ဖြစ်ခဲ့တာတွေ ကြာခဲ့ပါပြီ။ ခုလည်း တွေ့ရမယ် နောင်လည်းတွေ့ရမှာပါ။ ကိုယ့်တုန်းက ဒီလိုလွဲချော်မှုလေးတွေကို ကိုယ့်နောက်တစ်ဆက်မှာ မဖြစ်ရအောင် ကြိုးစားဖို့ပဲ ရှိတော့တာပေ့ါ။
windtalker
August 7, 2011 at 12:13 am
အင်း
ကျွန်တော် သာ မောင်ပေ မဖြစ်ခဲ့ဘူး ဆိုရင်
ကျွန်တော် လဲ အခုချိန် ဆရာဝန် တစ်ယောက် ပေါ့
တတိယနှစ် ကျောင်းသား ဘဝ မှာ
ကိုယ့်ဘာသာ ကိုယ် ကျောင်းထွက်လာခဲ့တယ်
Foreign Resident
August 7, 2011 at 2:26 am
Really !!! ???
Foreign Resident
August 7, 2011 at 2:14 am
Too bad, Myanmar want to become a Doctor,
as this profession will give short term benefits ( in micro view ).
Singapore Ex Prime Minister Lee Kwan Yu said ( in macro view )
He will encourage the best brains of Singapore to become a scientist,
Because, it is quite easy to train the Medical Doctors,
( as They just need to follow the theory & practice, they are barely followers )
But, it is very difficult to get a good scientist,
( as they will invent the theory, they are not follower, they are inventors )
Therefore, we need our best brain to become a scientist.
pay sote sote
August 7, 2011 at 9:42 am
MaMa ပြောတာ မှန်ပါတယ် နောင်တစ်ခောတ်မှာ ဆက်မဖြစ်ရအောင်ပဲကြိုးစားကြရဖို ့ပါ.. အခုဖြစ်နေတဲ့ ကျွန်တော်တို ့လိုလူတွေ အတွက်ကတော့ ဆက်လျှောက်ကြရရုံပါပဲ.. ဒါပေမဲ့အခု ဖြစ်နေတဲ့အခြေအနေအရ မြန်မာနိုင်ငံရဲ့ အမှတ်အများဆုံး လူတွေအားလုံးနီးပါး ဆေးကျောင်း ရောက်လာကြတာတော့ လွဲချော်မှုကကြီးလွန်းတယ်ထင်ပါတယ်..ဖြစ်လေ့ဖြစ်ထရှိတာပဲဆိုပြီး လစ်လျှူရှုထားလို ့မသင့်တော့ဘူးထင်ပါတယ် ဦးနှောက်ကောင်းမကောင်း အမှတ်နဲ ့အတိအကျတိုင်းတာလို ့မရပေမဲ့.. ယေဘုယျအားဖြင့်တော့ပြောလို ့ရပါတယ်..ဆယ်တန်းတက်နေတဲ့ကျောင်းသူကျောင်းသားအများစုရဲ့ ပန်းတိုင်အဖြစ်ပြစရာ ဒါပဲရှိတော့သလိုဖြစ်နေလို ့ပါ.. ဟုတ်မဟုတ်တော့ ဂျာနယ်တွေ စာစောင်တွေမှာ အပြိုင်အဆိုင် ဆေးတက္ကသိုလ်ဝင်ခွင့် ဘယ်နှစ်ယောက်ရလဲ.. ကြော်ညာနေတာ တွေ ့နိုင်ပါတယ်..ဒီအမှတ်အများဆုံးလူတွေ ဆေးပညာနယ်ပင်အပြင် အခြားနယ်ပယ်တွေမှာရော မလိုတော့ဘူးလား.. ဝါသနာကိုသာအခြေခံပြီးရွေးချယ်ရင်တော့ နယ်ပယ်စုံမှာလူမျှသွားမယ်ထင်ပါတယ် ဒါကလဲ shuffle လုပ်လို ့ရမယ့်နည်းကို ကျွန်တော်ထင်တာပြောတာပါ.. ဒီလမ်းကိုလျှောက်ပြီး၊ လျှောက်ဆဲ လူတွေအနေနဲ ့ ကိုယ့်နည်းကိုယ့်ဟန်နဲ ့ကျေနပ်နေနိုင်ပေမယ့်.. မြန်မာနိုင်ငံတိုးတက်လိုစိတ်နဲ ့တွေးမယ်ဆိုရင် Foreign Resident ပြောသလိုပဲ scientists တွေ လိုအပ်လာပါပြီ… scientists လို ့ခေါ်နိုင်မယ့် ပညာရှင်မျိုးတွေ ကတော့ ဝါသနာအရင်းခံနဲ ့ဘဝကိုရင်းပြီး ပညာရပ်ထဲမြှုပ်နှံမယ့်လူမျိုးတွေမှသာ ဖြစ်နိုင်မယ် ထင်ပါတယ်…
Foreign Resident
August 7, 2011 at 10:37 am
“မြန်မာနိုင်ငံရဲ့ အမှတ်အများဆုံး လူတွေအားလုံးနီးပါး ဆေးကျောင်း ရောက်လာကြတာတော့”
In fact, Myanmar Maritime University & UFL ( English & Chinese ) entrance mark is a lot higher than Institute of Medicine.
If I am not wrong, last year Male entrance marks are,
Myanmar Maritime University is about 25 marks more than Institute of Medicine.
siamonone
August 7, 2011 at 10:12 am
ကျွန်တော်လည်း ပဲ ဆေးကျောင်းသား တစ်ဦးပါ။ ကျွန်တော်ဖြစ်ချင်တာက Billionaire! ။ အရင်ကတော့ ငြည်းခဲ့ဖူးတယ်။ ဝါသနာမပါဘဲတက်ရတာ ဒါကြောင့် စာမကျက်ချင်ဘူး။ မကျက်နိုင်ဘူး။ အောင်တာ ရှုံးတာ ငါနဲ့ မဆိုင်ဘူး။ ဒါပေမယ့် ခုတော့နားလည်လာပြီ။ ကိုယ်ဖြစ်ချင်တဲ့ Billionaire ဖြစ်ဖို့ အရင်ဆုံး စာကျက်ရမယ် ဆိုတာ။ တနေ့ ကိုယ်ရောက်ရမယ့် တစ်နေရာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင် ကျေနပ်နိုင်မယ့် နေရာ ရောက်ဖို့ ဘယ်လောက်ဘဲ ဝေးကွာနေပါစေ ဆက်လျှောက်လို့ကတော့ ရောက်ကိုရောက်မှာဘဲ လို့လေ။ Were there’s a will, there’s a way! ဆိုသလိုပါဘဲ။ ကျွန်တော် Billionaire ဖြစ်ချင်တယ် ဒါကြောင့်ခု ဘာလုပ်သင့်သလဲ ဆိုတော့ .. စာကျက်သင့်တယ် လို့ဘဲ ထင်မိပါတယ်။
hmee
August 7, 2011 at 11:13 am
ဖြစ်ချင်တာ မဖြစ်တဲ့ဘဝ ဖြစ်ချင်တာ ဖြစ်စမ်းကွာလို့ မတွေးပါနဲ့။ ရနေတာကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီးမှ တခြားကိုယ်လုပ်ချင်တာ ပေါင်းလုပ်ပေါ့။
pay sote sote
August 7, 2011 at 11:16 am
ဟုတ်ကဲ့ပါခင်ဗျာ…
Mee2
August 7, 2011 at 12:16 pm
အင်းခက်တော့လဲခက်သားနော်။ကုသိုလ်လည်းရဝမ်းလဲဝတဲ့အလုပ်မို ့မဝေဖန်ရဲပါဘူး။ဒါပေမယ့် တက္ကသိုလ်ဝင်တန်းမှာအကောင်းဆုံးကြိ ုးစားအမှတ်ကောင်းကောင်းရလာပီ။ကဲကျွန်မ တို ့က တိုက်တွန်းဖို ့သင့်ရဲ ့လား။နင်ကဆေးကျောင်းသွား။နင်ကတော့ ဆေးဝါးကျွမ်းကျင်. အဲလို ကောင်းပေါ့မလား။မိမိဝါသနာပါရာရွေးချယ်ခွင့်ပေါများပါသောအမိမြန်ပြည်ရဲ ့ပညာရေး ထွန်းကားနေခြင်းပေါ့။ဒါပေမယ့် တခုတော့သေချာပါတယ်. ဘယ်ပညာဘဲဖြစ်ဖြစ် တကယ်တတ်အောင်သင်ခဲ့ရရင်၊သင်ယူခဲ့ရင်. အောင်မြင်မှာပါ။ဘာလို ့ဒီလိုပြောရသလဲဆိုရင်မြန်မာပြည်မှာရှိတဲ့ ဘယ်အသက်မွေးတက္ကသိုလ်မှစာကိုစာနဲ ့တူအောင်မသင်ကြလို ့ပါ။တကယ်တမ်းကျောင်းပြီးလာပြီး. အလုပ်လက်မဲ့တွေအများကြီးပါ။ဆေးကျောင်းလို ့မဟုတ်ပါဘူး ဘယ်ကျောင်းက ပြီးပါစေနော်။ကျွန်မတို ့မြိ ု့မှာ ငုပ်တုတ်လေးထိုင်ပြီး ငှားထားတဲ့ဆေးခန်းခလေးကြေအောင်ရုန်းကန်နေရတဲ့ ဆရာဝန်ပေါက်စ တွေချည်းပါဘဲ။စိတ်ပျက်စရာကြီးနော်
ကြောင်ကြီး
August 8, 2011 at 9:57 am
ကြောင်ကြီးကို မိဘက ဆေးကျောင်းတက်စေချင်တာ ကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ပြီး အဝေးသင်တက်ခဲ့တယ်။ မိဘက တက်စေချင်တာလို့ပဲ ပြောတာနော်၊ ကိုယ်ရတဲ့ အမှတ်က ၆ဘာသာပေါင်း ၂၅ဝကျော်ရုံလေးဆိုတော့….. 🙁
မှတ်ချက်။ ဒါတောင် ဘာသာတိုင်း ခိုးချခဲ့တာ။
pay sote sote
August 8, 2011 at 10:04 am
ကောင်းဗျာ..ဟဟ မှန်လိုက်တဲ့ဆုံးဖြတ်ချက်ပါပဲ
maungmoenyo
August 8, 2011 at 10:38 am
If you really want to be a medical doctor, ask your self..do you really care a patient as a person )(not just as a patient)..if not, your choice to become a doctor is not right!
remember…you need to be a caring person consistently!