ပုံရိပ်စစ်
ကျွန်မဟာ အထီးကျန်လမ်းမှာ
လျှောက်နေတယ်…..
ဒါ ကျွန်မ သိကျွမ်းတဲ့
တစ်ခုတည်းသော လမ်းပါ
ဒီလမ်းက ဘယ်ကိုရောက်မှာလဲ
ကျွန်မ မသိဘူး
ဒါပေမဲ့ ဒီလမ်းက ကျွန်မအိမ်ပဲမို့
တစ်ကိုယ်တည်း လျှောက်နေရပါတယ်။
ဟာလာဟင်းလင်း လမ်းမကို
ကျွန်မ လျှောက်လာတယ်
အပိုင်းအစ အိပ်မက်များရဲ့
လမ်းလယ်ကောင်မှာပေါ့
မြို့ကြီးက အိပ်စက်နေလေရဲ့
ကျွန်မကတော့ တစ်ယောက်တည်းပဲ
ဘယ်ဟာ ဆိုးကောင်းဆိုတာ
မျဉ်းတွေရဲ့ကြားမှာ
ကျွန်မ မှန်းဆကြည့်မိတယ်
အသက်ရှင်ဖို့ လိုအပ်တဲ့
အဓိကအရာတွေကို ဆန်းစစ်ရင်း
ကျွန်မ တစ်ကိုယ်တည်း
ဆက်လျှောက်ခဲ့မိပါတော့တယ်…..
ရေးသားသူ – မနောဖြူလေး
7 comments
weiwei
August 12, 2011 at 1:05 pm
http://myanmargazette.net/55264/creative-writing
တင်ပြီးသားကြီးနော် … တစ်လပဲ ရှိသေးတယ် ….
manawphyulay
August 12, 2011 at 1:51 pm
ဟုတ်ကဲ့ပါရှင်။ ပိုစ့်က တင်ပြီးသားကို မေ့ပြီးတင်လိုက်တာ ပြန်ပြီး မတင်ရသေးတာစစ်ပြီး ပြန်ပြင်ပေးလိုက်ပါတယ် မမဝေရေ… မတွေ့တာကြာပြီ နေကောင်းတယ်ဟုတ်… မဝေတို့နားရောက်ရင် သတိရတယ်။
weiwei
August 12, 2011 at 1:24 pm
ပို့စ်ကို ပြန်ပြင်လိုက်တယ်ဆိုတာ သူများတွေသိအောင် ပြန်ရှင်းပြပေးပါအုန်းနော် ..
တော်ကြာ မဝေက ကြောင်တောင်တောင်နဲ့ ထိပ်ဆုံးကနေ မဟုတ်တာတွေ မန်းထားတယ်လို့ ထင်နေကြအုန်းမယ် …
nozomi
August 12, 2011 at 1:48 pm
မဝေကြီး ပြောတာ မှန်ပါတယ် စာဖတ်သူကို ရှင်းပြပြီးမှ ပြင်သင့်ပါတယ်
ဘာမှမပြောတော့ မန်းထားတဲ့ လူနေရာက တမျိုးကြီး ဖြစ်နေပါတယ်
ဒီပို့စ်က ရိုးသားစွာ မှားယွင်းမှုလား ဟိုတစ်ခါလို သူများဟက်ပြီး ဝင်ရေးသွားတာပါ ဆိုတာမျိုးလား
manawphyulay
August 12, 2011 at 1:55 pm
ကွန်နက်ရှင်တက်တာ နောက်ကျနေတာကို နည်းနည်းပါးပါး စောင့်ဖတ်စေချင်ပါတယ်ရှင်။ ဒီလောက်ကတော့ မနောတို့လည်း နားလည်မှုရှိပါတယ်ရှင်။ သူများကို အရောက်ပို့မယ်ဆိုတာကြီးပဲ nozomi ရေ…. 🙁
Mee2
August 12, 2011 at 3:06 pm
ဟိ ဟိ ။ရေးတာလေးကောင်းပါတယ် မမမနော ရေ။အထီးကျန်နေတာလဲ တခါတလေကောင်းသလိုပါဘဲ။နားငြီးပါတယ်။မိန်းကလေး တစ်ယောက်က အိမ်ထောင်ပြ ုလိုက်ရင်အားလုံးရှုံးနိမ့်သွားတယ်လို ့ခံစားရတယ်။ကျွန်မအမြင်ပါနော် ။
MaMa
August 12, 2011 at 5:58 pm
မနောရေ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း ရှိသားပဲ။ လမ်းလေးနည်းနည်း လွဲနေတာကလွဲရင်ပေ့ါ။ 🙁