မဆုံးတဲ့… သီချင်း—၂၄

naywoon niAugust 14, 20111min2195

ကိုမြင့်ဇော်တို့ဆီ ပြန်ရောက်တော့ ငှက်ပျောသီးတွေကို စားပွဲပေါ်တင်ပေးလိုက်တယ်..။ ကိုမျိုးက အိတ်ထဲက ဆေးလိပ်နဲ့ မီးခြစ်ထုတ်ပြီး ဆေးလိပ်ဖင်ကို အရက်ခွက်ထဲနှစ်ပြီး ပါးစပ်မှာတေ့ပြီးတော့ အရက်ကိုရှေ့ကိုရောက်အောင် မှုတ်လိုက်ပြီး မီးညှိ…။တစ်ဖွာနှစ်ဖွာ အားရအောင်ဖွာ ရှိုက်လိုက်သေးတယ်..။ ဆေးလလိပ်မီး ညီသွားအောင် လုပ်လိုက်တာပါ..။ ပြီးမှ…….။
“ နေဝန်းနီကတော့ လုပ်ပြီ….။ ငါတို့ကို မျောက်တွေများအောင့်မေ့ နေသလားမသိ…။ ငှက်ပျောသီးနဲ့ အရက်မြည်းခိုင်းနေပြီ…..။ ကိုမြင့်ဇော်ရေ…..ကြည့်လုပ်ဦး”
ကိုမြင့်ဇော်က ပြုံးလို့…။ အရက်ခွက်ကို ယူသောက်လိုက်တယ်..။ နောက်ဆုံး နှုတ်ခမ်းနဲ့ ဖန်ခွက်ခွားလိုက်တော့ နှုတ်ခမ်းစွန်းနဲ့ မေးစေ့ပေါ်ကျသွားတဲ့ အရက်တွေကို လက်ခုံနဲ့သုတ်ရင်းက ……..
“ အဲသဟာပြောတာပေါ့ … နေဝန်းနီ ‘ သောက်ဆင့်’ တက်တယ်ဆိုတာ…။ မောင်နေ ….ရာ ဒီကချင်လေးကို သင်ပေးလိုက်စမ်းပါဦး…”
နေဝန်းနီကို အရက်နဲ့ ငှက်ပျော တွဲစပ်ပုံကိုပြောခိုင်းနေတယ်..။
“ ဒီလို ….ကိုမျိုး ရ အရက်သမား….အဲ အရက်ဆရာကြီးတွေက အရက်နဲ့ တွဲ စပ်မသောက်ရတာ တွေကို ခွဲပြထားတယ်လေ……။ အရက် ဂျင်းဆား ရောစပ်ထား တွဲဖက်မသောက်ကောင်း တဲ့…။ အပူအစပ် အငံနဲ့ အရက်မမြည်းရဘူးပေါ့ဗျာ…။ ဘာလို့လည်းဆိုတော့ သွေးတိုးတို့ လက်တုန်တာတို ဆံပင်တွေ စောစောဖြူတာတို့ ဖြစ်လို့တဲ့ဗျ…။ အဲဒိတော့ အရက်သောက်တဲ့သူတွေဟာ အသီးအနှံ များများစားပေးရမယ်လို့ဆိုတယ်..။ ငှက်ပျောသီးက ဒီလိုကိုမျိုးရဲ့..။ ငှက်ပျောသီးက စားလိုက်ရင် အစာအိမ်ထဲ တန်းရောက်သွာတာမဟုတ်ဘူးတဲ့..။ အူရဲ့ နံရံတွေမှာ သူ့ရဲ့ အဖတ်တွေနဲ့ ကပ်နေသေးတယ်တဲ့..။ ငှက်ပျောသီးနဲ့တူတာက ကိတ်မုန့်ပေါ့ဗျာ..။ ဘာလို့ အဲဒိလိုစားထားရသလဲဆိုတော့ အူထဲကိုဆင်းလာမဲ့ အရက် ကိုကြိုခိုင်းတာဗျ…။ အရက်က ပါလာမဲ့ အယ်လ်ကိုဟောလ် ဓါတ်နဲ့ အငွေ့တွေကို စောစောက အဖတ်တွေက စုတ်ယူပြီး အစာအိမ်ထဲကနေ ဝမ်းထဲပါသွားတယ်ပေါ့ဗျာ..။ အူနံရံတွေမှာ အဲဒိလိုကာမထားဘူးဆိုရင် အရက်က စားသွားလို့ အူပါးတာတို့…။ ငှက်ပျောသီး အဖတ်တွေက အရက်ရဲ့ ဓါတ်နဲ့ အငွေ့တွေကို စုတ်ယူထားလိုက်တော့ အမူးကိုလည်း သက်သာစေတာပေါ့..။ သွေးထဲရောက်သွားမဲ့ အယ်လ်ကိုဟော ဓါတ်ကိုလည်း လျော့ချထားပြီးသားဖြစ်တာပေါ့…။ ဒါကြောင့် အရက်သမားရဲ့ ဆေးအဖြစ်စားတာ အမြည်းအဖြစ် မြည်းတာမဟုတ်ဘူးဗျ….။”
အဲဂလိုပြောလိုက်တော့ ကိုမျိုးက
“ ဟား ဟား …….ကိုယ့်ကိုကိုယ် အရက်သမားဖြစ်ပြီ အောင့်မေ့နေတာ ခုမှ အရက်ဆရာနဲ့လားတိုးနေပါပကောလား ကိုမြင့်ဇော်ရယ်……..အရက်သောက်တာမူးချင်လို့ သောက်တာပဲ အမူးသက်သာအောင်လုပ်ရတယ်လို့…..။”
တဲ့..။ လို့ပြောတော့…….ကိုမြင့်ဇော်က
“ ပုံမှန်အတိုင်းသောက်လို့ မမူးတော့ ပိုသောက်နိုင်တာပေါ့ဟ”
တဲ့လေ…။ကောင်းရော………အဲဒိလိုနဲ့ နောက်ထပ် တစ်လုံးကုန်တော့ မိမာဆီ သွားဖို့ သတိရလာတယ်..။ ထိုင်နေတဲ့ ဆိုင်ရှေ့က လမ်းအတိုင်း အရှေ့ဘက်တက်လာခဲ့ကြတယ်….။ နဲနဲ မှောင်စပျိုးနေပြီ…။ ဒီဘက်အပိုင်းက မီးပျက်နေသေးတယ်….။ မိုးလေးကလည်းဖွဲဖွဲကျနေတာပေါ့…………..ဒါနဲ့
……….xxxxx မိမာရေ့………. အမြဲ သတိရှိဦး လောကဓံကို x x x x တို့နှစ်ယောက်တွန်းလှန်ရင် းးး ………… မဝေးတော့တဲ့ အနာဂါတ်တစ်ခုက လက်တစ်ကမ်း အလိုမှာ…………မိမာ x x x x x x ကိုယ်သိပ်ချစ်ရလို့ပါ…….။ မင်းပါးနုနု နမ်းခွင့်ပြုပါ ..မိမာ တစ်နယ်ဆီများဝေးးခဲ့ရင်လေ……….မိမာလက်ရေး ဝိုင်းဝိုင်းလေးနဲ့ ရေးပို့လိုက်ပါ….။ ကိုယ်မျှော်နေမယ်မိမာ………….မိမာရေ……………….
စည်းလည်းမကျ –ဝါးလည်းမကျ သီချင်းအစ အဆုံးရတာလည်းမဟုတ်ပဲနဲ့ သံသေးသံေကြောင်နဲ့ အော်ရင်း လမ်း80 ပေါ်ရောက်လာခဲ့တယ်…။ မိုးက နဲနဲ ပိုသည်းလာတယ်…..။ သောက်ထားတဲ့ အရက် အငွေ့ ပျံထွက်လို့ ကောင်းရုံလောက်ပါပဲ…။ တစ်ယောက်မှ အဆောင်းမပါဘူး…။ အဲဒိလိုနဲ့ မိမာတို့ အဆောင်ရှေ့ ရောက်လာခဲ့တယ်…။ သုံးယောက်သား ပေါ့ပေါ့ ပါးပါး လေးပဲ…။ မိမာက အဆောင်ရှေ့ ဝန်းတံခါးပေါက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ရပ် စကားပြောနေတယ်..။ တံခါးဝမှာ စိုက်ထားတဲ့ ဗန်ဒါပင်က မိုးလုံနေတာကိုး……….။ နေဝန်းနီကို မြင်တော့
“ ဟဲ့ နေဝန်း…။ ပေါ်လာသေးသကိုး”
မိမာက သူ့သူငယ်ချင်းနဲ့ စကားပြောနေတရာက လှမ်းပြောတယ်…။ တော်သေးရဲ့ …။ ဒီဘက်ပိုင်းကျတော့ မီးကလာနေတယ်…။ တစ်လမ်းထဲတောင်မှ..။ အနောက်ဘက်ခြမ်းက ပျက်နေသေးတယ်..။
“ လာမှာပေါ့ဟ ငါပြောပြီးသားပဲ…။”
နေဝန်းနီက ပြန် ပြောလိုက်ရင်းက အဆောင်ရှေ့မှာ ချထားတဲ့ တန်းလျားမှာ ဝင်ထိုင်လိုက်တယ်…။ ကိုမျိုးက လမ်းမှာ အော်လာရတာမောလို့လားမသိဘူး ရေတောင်းသောက်တယ်..။
“ မိုးရွာနေလို့လေ….”
မိမာက ရယ်ကျဲကျဲ ပြောရင်း တန်းလျားမှာဝင်ထိုင်တယ်…။ ပြီးတော့
“ငါ စာကျက်နေရင်း သူငယ်ချင်းလာလို့…။ ခု သူ့ကို ပြန်ပို့ မလို့ ဟ နင်တို့ရောက်လာတာနဲ့…။ ”
လို့ ဆက်ပြောတော့ ကိုမြင့်ဇော်က —
“ အဲဒါဆို နင့်သူငယ်ချင်းကို လိုက်ပို့လိုက်လေ…။ ငါတို့လည်းလိုက်ပို့မှာပေါ့ သွားရအောင် တော်ကြာ အဆောင် ပိတ်သွားလိမ့်မယ်”
အဲဂလိုဝင်ပြောတော့ မိမာ သူငယ်ချင်းက
“ အမလေး လိုက်ပို့စရာမလိုပါဘူး…။ မိမာ ငါသွားပြီ အနံ့ နဲ့တင် မူးသွားပြီ”
ကိုမြင့်ဇော်က မျက်စောင်းထိုးရင် မိမာကိုပါ နှုတ်ဆက်ပြီး ပြန်သွားလေရဲ့……….။
“ ဟဲ့ ထီး ယူသွားပါလား”
မိမာက လှမ်းပြောတော့
“ အမူးပြေအောင် မိုးဖွဲ အောက်မှာပဲ လမ်းလျှောက်တော့မယ်ဟေ့…။ အဲဒိက ဇိုးတွေပဲ မိုးမိပြီး မနက်ဖန် စာမေးပွဲ မဖြေနိုင်မှာ စိုးရင် ပေးလိုက်တော့…။”
တဲ့ လှမ်းအော်သွားသေးတယ်…။
“ နေဝန်း…. နင်မူးလာပြီလား”
မိမာက သူ့ငယ်ချင်းပြောသွားတာကို သဘောကျ ပြုံးနေရင်းက လှမ်းမေးတယ်..။
“ သံပုရာရည် မသောက်တော့ဘူးနော်”
တစ်ချိန်လုံးငြိမ်နေတဲ့ ကိုမျိုးက ဝင်ပြောတယ်…။
“ အံမာ …ဘယ်သူကတိုက်မယ် ပြောထားလို့လဲ…။ နေဝန်း…နင်က နင့် သူငယ်ချင်းတွေကို အကုန် သံတော်ဦးတင်ထားပြီးပေါ့…။”
ကိုမျိုးကိုပြောရင်း …နေဝန်းနီ ပုခုန်းကို လှမ်းရိုက်ပြီး ရန်တွေ့လိုက်သေးတယ်..။။

5 comments

  • captainamerica

    August 14, 2011 at 6:30 pm

    အဘနီသူရဇ္ဖမဂဇင်းမှာဒီနာမည်နဲ.ပဲစာရေးသေးလား… သိချင်လို.နော် တစ်ခြားဘာကိစ္စမှမရှိဝူး ….

  • naywoonni

    August 14, 2011 at 11:04 pm

    အဘ… ဂဇက်တက်နဲ့ မာတီ မှာပဲ စွဲစွဲမြဲမြဲ ရေးပါတယ်ကွယ်…။ ဘယ်မှာမှ မရေးရပါဘူး…။ (ရေးပို့ရင်လည်း ပယ်ခံရတာများလို့ စိတ်ကုန်ပြီး အင်တာနက်ပေါ် ေ ရာက်လာတာပါ) ဘာလဲ နာမယ်တူတာ တွေ့လို့လား…။ အဘနီ မဟုတ်ပါဘူး လို့ပဲ ဖြေပါရစေ ပေါ့နော် ……။

  • windtalker

    August 15, 2011 at 12:06 am

    မန်းတလေး က ဆိုရင်တော့
    အတူသောက်ချင်မိသား
    သိသလောက်
    မှတ်သလောက်
    အလာပ
    သလာပ
    ဘာညာသာရကာ
    ပြောဆိုကြရင်း
    အဘ နဲ ့မောင်ပေ

  • Shwe Ei

    August 15, 2011 at 3:46 pm

    ဒီတော့ ငှက်ပျောသီးနဲ့မြည်းရင် အသက်ရှည်နိုင်တယ်ပေါ့နော်။

  • captainamerica

    August 16, 2011 at 9:43 pm

    ဟုတ်ကဲ့ဗျာ ရှင်းသာွးပါဘီ အဘနီရေ

Leave a Reply