Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” နေဝင်ချိန် “

poochAugust 14, 20111min3296

 

ဧရာဝတီအကြောင်းကို မြင်နေ ကြားနေရတာတွေကြောင့်  စိတ်ထဲမကောင်းဘူး .. ကိုယ်တိုင်ကလည်း သွယ်ဝိုက်သော နည်းအားဖြင့် ဧရာဝတီ ထဲမှာ ကျင်လည် ကျက်စားနေတဲ့ ရေလုပ်သားတွေ နဲ့ (အလုပ်သဘောအရ)ခဏာတာ ပတ်သတ်ခဲ့ဖူးတာကြောင့် တကယ့်လက်တွေ့ သူတို့ဘဝတွေ ဟာ ဘယ်လို ခက်ခဲကြမ်းတမ်းတယ် ဘယ်လိုရုန်းကန်ရတယ်ဆိုတာတွေကို  မြင်ဖူးခဲ့ပါတယ်.. စိတ်ဝင်စားတယ်ဆိုရင် ဧရာဝတီ မြစ်ကမ်းဘေးကို တရက်လောက် သွားပြီး နေထွက်တဲ့ အချိန်ကနေ နေဝင်တဲ့ အချိန်ထိ သွားပြီး ထိုင်ကြည့်စေချင်ပါတယ် ..ဘဝတွေ ဘဝတွေ …ကိုယ်တခါမှ မကြုံဖူး တဲ့ အနေအထားမျိုးမှာ ဘယ်လိုသဘာဝတွေ ဘယ်လို လူနေမှု ပုံစံတွေနဲ့ ရှင်သန်နေကြတယ်ဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်..စစချင်းတော့ သူတို့လူနေမှုစရိုက်ဟာ ကြမ်းတမ်းလိုက်တာ ၊ ညစ်ပတ်လိုက်တာ ၊ ရိုင်းလိုက်တာလို့ သူတို့ပြောပုံဆိုပုံ နေပုံထိုင်ပုံတွေကြောင့် စိတ်ထဲမှာ ဘဝင်မကျမိပါဘူး

ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့ကျင်လည်ကျက်စားရတဲ့ ဘဝတွေကြောင့် ဒီလိုတွေဖြစ်နေရတယ်ဆိုတာ တွေ့ခဲ့ရတယ်  ။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးပေါ့လေ  ။ အခုတော့ ဒီဧရာဝတီကြီးကို အမှီပြုနေရတဲ့ ဘဝတွေကို အပြောင်းအလဲတွေဖြစ်စေမဲ့ အကြောင်းတွေကို ကြားရမြင်ရတဲ့အခါ  အဲ့ဒီဘဝတွေနေရာက အစားဝင်ပြီး ခံစားကြည့်မိတယ်။  သူတို့ရင်ထဲမှာ သူတို့စိတ်ထဲမှာ ဘာတွေကို ပြောချင်လုပ်ချင်ဖြစ်ချင်နေပါလိမ့် ။ သူတို့တွေရဲ့ ရင်ဖွင့်သံတွေကိုရော ဘယ်သူတွေက အရေးလုပ်ပြီးနားထောင်ပေးမှာပါလိမ့်။

ဖတ်ဖူးတဲ့ လူထုစိန်ဝင်းရေးတဲ့ ဆောင်းပါးတပုဒ်ထဲက ကိုယ်မှတ်မိသလောက်လေးကို ပြန်ပြောပြရရင်…

တိုင်းပြည်တပြည်တိုးတက် ဖို့ဆိုရင် လူလတ်တန်းစားတွေများများရှိလာဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူလတ်တန်းစားတွေကမှ ကိုယ်ကျင့်တရား ကို ထိန်းသိမ်းစောင့်ရှောက်နိုင်တာပါ။ ပြောရရင် အခြေခံလူတန်းစား တွေက ပညာရေးကလည်းချို့တဲ့ တနေ့လုပ်မှ တနေ့စားပြီး ဆင်းရဲလွန်းတော့ မကောင်းမှုဒုစရိုုက်ဆိုရင်လည်း လွယ်လင့်တကူ ကျူးလွန်နိုင်ပါတယ်။ မကောင်းဘူးဆိုတာ သိနေအုန်းတော့ အူမမတောင့်တော့ သီလမစောင့်နိုင်တော့ပါဘူး။ ငွေကြေးချမ်းသာတဲ့ လူများကြတော့ လည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး  ကိုယ့်ဖို့ပဲ ကိုယ်ကြည့်တဲ့ တကိုယ်ကောင်းသမားတွေ တွေ ဖြစ်ကုန်ပါတယ်။ အပြိုင်အဆိုင်များတဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ ကိုယ်ကျိုးကလွဲရင် ဘယ်သူ့အကျိုးမှ မကြည့်နို်င်တော့ပါဘူး။ငွေဆိုမှ ငွေပါပဲ။

လူလတ်တန်းစားဆိုတာက မကောင်းမှုဒုစရိုက်ကို မကျူးလွန်ဖြစ်အောင် ကိုယ်ကျင့်တရားကိုထိန်းသိမ်းနိုင်တဲ့ လူတန်းစားတွေပါ။ ငွေကြေးကလည်း အထိုက်လျောက်အဆင်ပြေတယ် ပညာဉာဏ်ကလည်း ရှိတဲ့အခါ အူမတောင့်တော့ သီလလည်းစောင့်နိုင်တယ်။ ထိန်းထိန်းသိမ်းသိမ်းနေတတ် တွေးတတ် ဆင်ခြင်တတ်လုပ်ဆောင်တတ်တယ်။ ဒါကြောင့်မို့ တိုင်းပြည်တပြည်မှာ လူတန်းစားကွာဟမှုအရမ်းကြီးပြီးဖြစ်မနေသင့်ဘူး ။ လူလတ်တန်းစားတွေ များများရှိနေဖို့လိုတယ်လို့ ဖတ်ခဲ့မှတ်ခဲ့ဖူးပါတယ်။( ကိုယ်မှတ်မိသလောက်ကို ပြန်ရေးတာမို့လို့ ဆရာကြီးရဲ့ မူရင်းလောက်တော့ မပြည့်စုံပါဘူး။ )

လက်တဆုပ်စာ လူတန်းစားတချို့ရဲ့အတ္တ ကြောင့်…

ဧရာဝတီဘေးက အခြေခံလူတန်းစားတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးရမဲ့ အစား  ……ဟိုးအောက်ဆုံးထိရောက်အောင်များ မတော်တဆ တွန်းချမိခဲ့ရင် အူမမတောင့်လို့ သီလမစောင့်နိုင်ခဲ့တော့ရင်  သူတို့ဘဝတွေလည်းနစ်မွန်းမယ်။ တတို်င်းပြည်လုံးလည်း နစ်နာမယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရ မဲ့အစား ဆုတ်ယုတ်မှုတွေ ဖြစ်လာတဲ့အခါ …..ဒီဘဝတွေကို ဘယ်သူက ကူညီလို့ဖေးမမှာလည်း….. ဘယ်သူတွေက တာဝန်ယူမှာလည်း….

အို…ဧရာဝတီရေ  .. နင်တကယ်နေဝင်တော့မှာလား..

နင့်ရဲ့ နေ့သစ်တွေ အရုဏ်ဦးတွေကို နောက်ထပ်မြင်ဖို့ရာ … အားမွေးပြီး စောင့်မျှော်နေတဲ့ ဘဝတွေကို နင်တကယ် ထားခဲ့တော့မှာလား….

6 comments

  • pooch

    August 14, 2011 at 4:05 pm

    လိုင်းမကောင်းလို့ ပုံတွေကို ဆိုဒ်သေးလိုက်တာ လက်လွန်သွားတယ် သူကြီးကူညီလို့ရရင် နည်းနည်းဆိုဒ်ပြန်ကြီးပေးပါ အုန်းဗျို့….. ပုံကလည်း အစဉ်လိုက်တင်ဖို့ရာ ရှေ့နောက်လွဲသွားတယ် .. ဒီကော်နက်ရှင်နဲ့တော့ သက်ဆိုးရှည်မှာ မဟုတ်တော့ ဘူး …. စိတ်ညစ်တယ်…ကူပါအုန်းသူကြီးရယ်..

  • မြင်ကွင်းကလှလှ
    သဘာဝလဲကျကျ

    လွမ်းစရာ ဧရာဝတီပါလား ဟရို့
    နောက်ထပ်တင်ပေးအုံးနော်…………………………….

  • MaMa

    August 14, 2011 at 4:40 pm

    (နင့်ရဲ့ နေ့သစ်တွေ အရုဏ်ဦးတွေကို နောက်ထပ်မြင်ဖို့ရာ … အားမွေးပြီး စောင့်မျှော်နေတဲ့ ဘဝတွေကို နင်တကယ် ထားခဲ့တော့မှာလား….)
    pooch ရေ အရေးအသား ကောင်းပြီး ပေးချင်တဲ့ ရသလေးကို ပေးစွမ်းနိုင်ပါတယ်။
    ပုံလေးတွေလည်း ကောင်းတယ်။ အောက်ဆုံးက နေရောင်ခြည်လေးက ရေမှာ အရိပ်ဖြစ်နေတဲ့ပုံကို အကြိုက်ဆုံးပဲ။

  • မီးမီး သော်

    August 14, 2011 at 6:24 pm

    ပို ့စ်လေးအရမ်းကောင်းပါတယ်။နေဝင် ဆည်းဆာရော၊ဆရာ့စကားနဲ ့ပါ ပူးပေါင်းထားတော့ ပိုအနစ်သာရရှိတဲ ့ဧရာဝတီ လွမ်းချင်းပေါ့။pooch ရေ ဓါတ်ပုံလေးတွေက အထက်အောက်လွဲနေတော့ ကြည့်ရတာတမျိ ုးပါဘဲ။စိတ်ပျက်စရာ ကွန်နက်ရှင် မြန်မြန်သေပါစေ တောင်ဆုတောင်းရမလား

  • Shwe Ei

    August 15, 2011 at 3:53 pm

    ဘယ်လိုဘဲဖြစ်ဖြစ်ကြည့်ကောင်းပါတယ်။ ဖတ်လို့လဲကောင်းတယ်။

  • TTNU

    August 18, 2011 at 10:41 pm

    ပုံလေးတွေကြည့်ရုံနဲ့ကို နေဝင်ချိန် ကိုခံစားမိပါတယ်။ ဓါတ်ပုံတွေရယ် စာသားတွေရယ် ပေါင်းလိုက်တော့ (၂) ခေါက်တောင် ပြန်ဖတ်မိပါတယ်။

    ဧရာဝတီ အကြောင်းပြောကြသူတွေ သူ့နည်းသူ့ဟန်နဲ့ တင်ပြကြတာကောင်းပါတယ်။ အခုလိုနေဝင်ချိန်နဲ့ ရူပက အလင်္ကာ တင်ပြထားတာ သဘောကျတယ်။ ဒါပေမဲ့ နေဝင်ချိန်ရှိသလို နေထွက်ချိန်လည်းရှိတာမို့ ဧရာဝတီ အတွက် အကောင်းဆုံးမျှော်လင့်ထားကြပါစို့။ တို့များရဲ ့ ဧရာဝတီက တန်ခိုးရှင်ပါ။

    ကိုယ်ကတော့ ကိုယ့်နေဝင်ချိန် ကို ပြင်ဆင်နေတယ်။ ဘယ်တော့ ဆိုတာ ဘယ်သူမှ မသိနှိုင်ဘူးမဟုတ်လားကွယ်။

Leave a Reply