နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလားအပိုင်း(၃)
M.Sc အောင်ထားတဲ့ အမတစ်ယောက်ကတော့ သူ့အမျိုးသားကလဲ ဝန်ထမ်းပါ၊ကလေးတွေ ငယ်စဉ်မှာတော့ အမနဲ့ကလေးတွေက တစ်မြို့၊ သူ့အမျိုးသားကတစ်မြို့နဲ့နှစ်ပေါင်းများစွာ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ကြတယ်။ သမီးလေးတွေ ကိုးတန်းဆယ်တန်းမှာ ကျောင်းကောင်းတဲ့ မြို့ကြီးမှာလည်းထားချင်ရှာ တာပေါ့။ အဲဒီအချိန် ဒီဆရာဝန်မကို ပိုသေးတဲ့မြို့လေးကို Transfer ထွက်လာပါတယ်။ သူလည်း စေလွှတ်ရာသွားရင်း သူ့အမျိုးသားတာဝန်ကျရာတိုင်းမြို့ကြီးတစ်မြို့(ရန်ကုန်၊ မန ္တလေးမဟုတ်ဘူးနော်) ကို ရွှေ့ပေးဘို့ အသနားခံတာ၊ စာသင်နှစ် နှစ်ဝက်သာကျိုးသွားရော ပြောင်းမပေးပါဘူး။ ဒါနဲ့သူလည်း ကလေးတွေ ရှေ့ရေးအတွက် Absconded အလုပ်က ထွက်ပြေးလိုက်ရပါတော့တယ်။ အဲဒီအတွက် ပြစ်ဒဏ်က (၁၅ နှစ်လောက်နိုင်ငံ့တာဝန်ထမ်းခဲ့သူပါ) ဆမ ၅ နှစ် ပိတ်ခံရပါတယ်။ ဆမ မရှိတဲ့ ဆရာဝန်ဟာ စိတ်ထဲ မလုံခြုံပါဘူး။ ကိုယ်ပိုင်ဆေးခန်းလည်း မဖွင့်ရဲ၊ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုယ့်နာမည်နဲ့ မလုပ်ရဲပါဘူး။
အဲဒီလိုဘဲ သားသမီးရှေ့ရေးကိုကြည့်ပြီး ဒီနိုင်ငံကိုစွန့်ခွါရတဲ့သူတွေ အများကြီးပါဘဲ။ နယ်မှာ နေတုံးက ကျွန်မတူလေးရဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ မောင်မောင်ဆိုတဲ့ ကလေးလေးဟာ သူ့အဖေက သွားဆရာဝန်၊ အမေက ဆရာဝန်ပါ။ ဆိုလိုတာက Gene ကိုက ဉာဏ်ရည်မြင့်ပါတယ်။ အဲဒီကလေးဟာ သိပ်တော်ပါတယ်။ genius ကလေးပါဘဲ။ သူငယ်တန်းတောင်မတက်ရသေးခင် ကာတွန်းတွေကို သွက်သွက်ကြီးဖတ်နို်င်နေပါပြီ။ နောက်တစ်ယောက်က အောင်အောင်ဆိုပါတော့။ သူ့မိဘက ဆယ်တန်းတောင်မအောင်တဲ့ ကုန်သည်တွေပါ။ ချမ်းသာပါတယ်။ သူ့ဉာဏ်ရည်က သာမာန် ပါဘဲ။ သူငယ်တန်းကနေ စတုတ္ထတန်းထိ စာမေးပွဲတိုင်းမှာ မောင်မောင်က အမြဲပထမပါ။ အောင်အောင်က အဆင့် ၅ လောက်မှာရှိပါတယ်။ မူလတန်းကျောင်းကနေ အထက်တန်းကျောင်းပြောင်းပြီးတော့ နောက်ပိုင်းမှာ မေးလိုက်ရင် အောင်အောင်က ပထမအမြဲရသွားတယ်။ မောင်မောင် လေးကအဆင့် ၃ လောက်ရောက်သွားတယ်။ ကလေးက အဲဒီအတွက် မျက်နှာမကောင်းရှာပါဘူး။ သေချာမေးကြည့် တော့မှ အောင်အောင့်အမေက အောင်အောင့်ကို အတန်းပိုင်ဆရာမအိမ်မှာ ညအိပ်ကျူရှငထားပေးလိုက်ပါတယ်။ ဖိဖိစီးစီး သင်ပေးလို့တော်လာတယ်လို့ပြောနိုင်ပေမယ့် မောင်မောင် လေးခမျာ မှာသူဖြေတာတွေ ဘယ်လိုမှန်မှန် ရသင့်တဲ့အမှတ်မရလို့ စိတ်ဓာတ်တွေကျလာပါတယ်။ အဲဒါကို သူ့မိဘတွေ မခံစားနိုင်ကြပါဘူး။ အဲဒီအချိန် သူ့အဖေရဲ့ မိတ်ဆွေက ပြည်ပကသွားဆေးခန်းမှာ အကူ လိုတယ်ဆိုတော့ အဲဒီသွားဆရာဝန်ဟာ ဆေးခန်းအကူအဖြစ်နဲ့ ထွက်သွားပါတော့တယ်။ မကြာခင် ဆရာဝန်မနဲ့ သူ့ကလေးတွေပါ လိုက်သွားပါတယ်။ ဒီနေရာမှာ ကျွန်မတို့တိုင်းပြည်ဟာ သွားဆရာဝန် တစ်ယောက်၊ ဆရာဝန်တစ်ယောက် သာမက အနာဂတ်ရဲ့လူတော်လေးတွေပါ ဆုံးရှုံးသွားရပါတယ်။
ဒီလိုသားသမီးရှေ့ရေးဦးစားပေးပြီးထွက်သွားကြပေမယ့် သူတို့တွေ နိုင်ငံရပ်ခြားမှာ သိပ်ပျော် နေကြတယ်လို့ မစွပ်စွဲလိုက်ကြပါနဲ့။ မကြာသေးခင်က ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့အဖေဆုံးသွား တယ်။ သူငယ်ချင်းကပြည်ပမှာ။ သူ့အဖေ ပြည်တွင်းမှာ နာမကျန်းဖြစ်နေတဲ့ အချိန် ပြန်လာလို့လည်း မရတော့ စိတ်ထဲမှာ မချင့်မရဲခံစားနေရရှာပါတယ်။ မိဘအပေါ် တာဝန်မကြေဘူးလို့ ဝမ်းနည်းနေရှာ တယ်။ ကျွန်မတို့ ဘယ်လိုဖျောင့်ဖျပေမယ့် တစ်သက်လုံး ဒီအတွက်ကို Guilty အပြစ်ရှိသလို ခံစား သွားရရှာပါတော့မယ်။ ဘယ်သူမဆို ကိုယ့်မိဘ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် နေချင်ကြ မှာပါ။ ကိုယ့်ရေမြေမှာ ကိုယ့်စကားကို သွက်သွက်ပြောပြီး နေချင်ကြမှာပါ။
လူဆိုတာရေကြည်ရာ ၊ မြက်နုရာ ရှာတတ်တာ ကမာ္ဘဦးအစထဲကပါ။ ကျွန်မတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့အခြေအနေတွေ ဖန်တီးပေးနိုင်ရင် ဒီလိုတိိုင်းပြည်ကို စွန့်ခွာရတဲ့ အဖြစ်တွေ ဖြစ်လာမယ်မထင်ပါဘူး ။
10 comments
pan pan
August 17, 2011 at 9:23 am
ဟိုးအရင်က တရုတ်တွေ၊ ကုလားတွေ ဒီမှာလာအလုပ်လုပ်ရတယ်
ဒီကအလုပ်ကြမ်းတွေလုပ်ပြီး ရတဲ့ငွေနဲ့ သူတို့နိုင်ငံက မိသားစုကို ပြန်ထောက်ပံ့နိုင်သတဲ့
ခုတော့ ပြောင်းပြန်ဖြစ်နေပြီ
ယိုးဒယားမှာတစ်ခုတည်းမှာတောင် မြန်မာနိုင်ငံကလူဦးရေ လေးသန်းလောက်ရှိနေပြီတဲ့
weiwei
August 17, 2011 at 9:33 am
ကျွန်မရဲ့ကိုယ်တွေ့တွေ အဲဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးရှိခဲ့ပါတယ်။ ငွေကြေးကြောင့်မဟုတ်ပဲ စိတ်ကျေနပ်မှုမရလို့ မချင့်မရဲနဲ့ပဲ ပြည်ပကိုထွက်ခွာသွားသူတွေ အများကြီးပဲ။ လူတော်တွေ ဆုံးရှုံးခဲ့ရတာပေါ့ …
နွယ်ပင်
August 17, 2011 at 9:36 am
ဒီလို အဖြစ်အပျက်မျိုး အသိထဲက အစ်မတစ်ယောက်လဲ ဖြစ်ဖူးတယ်
ဒီက သူ့အဖေက နေမကောင်းလို့ သူ့ကိုလှမ်းမှာတော့ သူကလဲ ပြန်လာလို့မရ
ငွေကြေးအရတော့ ပြည့်စုံအောင် ထောက်ပံ့ပေးနိုင်ပေမယ့် နောက်ဆုံးခရီးကို
သွားရမယ့် အဖေကလည်း သမီးကိုတွေ့ချင် သမီးကလဲ အဖေကိုတွေ့ချင်နဲ့
သူ့မှာတော်တော်လေး ခံစားရတာ ဖုန်းပြောတိုင်း ငိုနေလို့ မနည်းဖျောင်းဖျခဲ့ရတယ် …….
တညင်သား
August 17, 2011 at 10:10 am
””’လူဆိုတာရေကြည်ရာ ၊ မြက်နုရာ ရှာတတ်တာ ကမာ္ဘဦးအစထဲကပါ။ ကျွန်မတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့အခြေအနေတွေ ဖန်တီးပေးနိုင်ရင် ဒီလိုတိိုင်းပြည်ကို စွန့်ခွာရတဲ့ အဖြစ်တွေ ဖြစ်လာမယ်မထင်ပါဘူး ။””’
ပြင်ပ ရောက်နေသူတယောက်အနေနဲ့ ထောက်ခံ လိုက်ပါတယ် ..အကယ်၍ အခွင့်သာလို့ ပြန်လာခဲ့ကြမယ်ထင်ပါတယ် …အဲဒီလို ပြန်လာတဲ့အခါလဲ မိမိတို့ ပိုမို သိရှိတတ်ကျွမ်းထားသောပညာရပ်များဖြင့် နိုင်ငံတော်ကြီးကို အကျိုးပြုကြပါအုံးလို့လဲ တိုက်တွန်းပါရစေခင်ဗျား…………..
MaMa
August 17, 2011 at 10:15 am
ဒါတွေကလည်း ပြောင်းရွှေ့သွားတဲ့ ပထမမျိုးဆက်မှာပဲ ခံစားရတာပါ။ သူတို့တွေက ဆင်းသက်လာတဲ့ မျိုးဆက်တွေကြတော့လည်း ဟိုက သဘာဝတွေ၊ ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေဖြစ်သွားကြလို့ အဖေအမေက မြန်မာပြည်ပြန်လာလည်ရင်တောင် မလိုက်ချင်ကြပြန်ဘူး။ ဟူးးးးးးးး မောစရာတွေချည်းပါပဲ။
🙁
pwint pwint
August 17, 2011 at 1:22 pm
နှစ်သက်လွန်းလို ့ ကူးယူဖြန် ့ဝေခွင့်ပြုပါ။
padonmar
August 17, 2011 at 8:00 pm
ကျွန်မရဲ့ ကဗျာမမီ စာမပီကို Pwint Pwint က နှစ်သက်တယ်ဆိုလို့ ဘဝင်တောင်မြင့်သွား တယ်၊
ခွင့်တောင်းဖို့တောင်မလိုပါ။
Foreign Resident
September 2, 2011 at 5:29 am
Dear Padonmar,
Your article “ နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ” is really great &
Now, your article spread out all over the Myanmar communities.
( Face Book, G-mail & now, even web pages )
I even received your article in My G-mail a lots of times.
— http://www.irrawaddyblog.com/2011/09/blog-post_4912.html—
—http://www.naytthit.net/?p=18262—
—http://drkokogyi.wordpress.com/2011/09/01/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%80%E1%80%AD%E1%80%AF-%E1%80%90%E1%80%80%E1%80%9A%E1%80%B9%E1%80%99%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF/—
—http://www.freedomburma.org/2011/08/blog-post_31.html—
—http://www.pnsjapan.org/2011/09/blog-post_760.html—
—http://www.lanpyakye.com/2011/09/blog-post_3757.html—
Congratulations !!!
Well done & you really made the good job !!!
myanpyithar
September 2, 2011 at 12:03 pm
အင်မတန်ကောင်းပါတယ်..
နိုင်ငံရပ်ခြားဆိုတာ..အမြဲနေဘို့ကောင်းတဲ့အရပ်မဟုတ်တာလူအများစုလက်ခံပါတယ်.
မလွဲသာကြလို့ပါ..ကိုယ့်တိုင်းပြည်ကောင်းမွန်တိုးတက်ဘို့..ရောင်နီတော့သန်းလာနေပြီလို့
မဝံ့မရဲထင်နေမိပါကြောင်း….
မီးမီး သော်
September 2, 2011 at 1:12 pm
“““လူဆိုတာရေကြည်ရာ ၊ မြက်နုရာ ရှာတတ်တာ ကမာ္ဘဦးအစထဲကပါ။ ကျွန်မတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့အခြေအနေတွေ ဖန်တီးပေးနိုင်ရင် ဒီလိုတိိုင်းပြည်ကို စွန့်ခွာရတဲ့ အဖြစ်တွေ ဖြစ်လာမယ်မထင်ပါဘူး ။”””
တနေ ့မှာတော့အားလုံးပြန်လာကြမှာပါ။သူတို ့ကလာပါခေါ်နေစရာမလိုပါဘူး။
တနေ ့မှာတော့အာဏာရူးစစ်ခွေးတွေပြေးရမယ့်အလှည့်ရောက်လာမှာပါ
တနေ ့မှာတော့ နုယင်ဘတ်လို နေရာမှာနင်တို ့ဒူးထောက်ရပါလိ်မ့်မယ်။