မြန်မာ့ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုဟု ဆိုကြရာဝယ်..
ဒီနေ့မှပဲ သူကြီးက https://myanmargazette.net/61381/uncategorized-other/copypaste မှာ ဆွေးနွေးဖို့ဖိတ်ခေါ်ထားတာ တွေ့မိလို့ အဲလို စာကြောင်းလေးငါးကြောင်းလောက် ရေးထားတဲ့ Post တစ်ခုမှာ ဝင်မန့်ရင် နောင်ကို အဲလောက်ပဲရေးမယ့်သူတွေအတွက် အားပေးအားမြှောက်ဖြစ်မယ်ဆိုတာ တွေးမိလို့ ဒီနေရာကနေပဲ ကိုယ်ပိုင်အာဘော်ကို ရေးလိုက်ရသပေါ့ဗျာ။
ပြောရမယ်ဆိုရင် ဒို့မြန်မာတွေ သိပ်ပြောနေကြလွန်းတဲ့ မြန်မာ့ ဝတ်စားဆင်ယင်မှုကိုပဲ အဓိကထားပြောကြည့်တာပေါ့။
မြန်မာအမျိုးသားဆိုရင် ပုဆိုး(လုံချည်)နဲ့ တိုက်ပုံ၊ အမျိုးသမီးဆိုရင် ရင်ဖုံးနဲ့ ချိတ်ထမီပေါ့ (ယောကျာ်းဝတ် ချိတ်ထမီများကို မဆိုလို)။ ဒီတော့ကာ အဲဒီဝတ်စုံတွေက မြန်မာတွေဖာသာ သီးသန့်တီထွင်ခဲ့တဲ့ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန် ဖြစ်ပါရဲ့လား? ခုနေမှာ သိပ်ပြောနေကြလွန်းတဲ့သူတွေ သမိုင်းနဲ့ယှဉ်ကြည့်ကြပါစို့လို့ ပြောချင်တယ်။ ကျွန်တော်ကိုယ်တိုင်ကလဲ သမိုင်းပညာကို လေ့လာလိုက်စားနေတာ မဟုတ်တဲ့အတွက် ကိုယ်ပိုင်အမြင်တစ်ခုကိုပဲ ဆွေးနွေးကြည့်တာပေါ့။ ခေတ်အဆက်ဆက် မြန်မာတွေ ဝတ်စားဆင်ယင်မှုကို သေချာကြည့်ကြမယ်ဆိုရင် ပြယုဒ်အနေနဲ့ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကိုပဲ မြင်မိကြမှာပေါ့။ ဘာလို့လဲဆိုတော့ မြန်မာအမျိုးသားတွေဟာ ရှေးကတည်းက အဝတ်အစားကို အဲလောက်မခင်တွယ်ခဲ့ကြလို့ပဲနေမယ်လို့ မြင်မိပါတယ်။ ဒီတော့ ဆိုလိုရင်းကို ဆက်ပါမယ်။
ဝတ်စားဆင်ယင်မှု ပြောင်းလဲမှုအကြောင်းပြောမယ်ဆိုရင် ဒို့မြန်မာမလေးတွေ တစ်ကယ်ပဲ လုံမလေး၊ မလေးလုံ ဖြစ်ခဲ့ကြပါရဲ့လား? ခေတ်တစ်ခေတ်ရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဝတ်စားဆင်ယင်မှုတွေ ပြောင်းလဲခဲ့ကြတယ်ဆိုတာ ကြည့်တတ်ရင် မြင်မိမယ်ထင်ပါတယ်။ ပုဂံခေတ်လောက်ကဆိုရင်တော့ မြန်မာလို့ခေါ်နိုင်တဲ့ လူမျိုးတွေ ဝတ်စားဆင်ယင်ခဲ့တာ ရင်စည်းလေးသက်သက်နဲ့၊ ဗိုက်သားအလှလေးတွေကို ဖော်ပြနေတဲ့ India ဝတ်စားဆင်ယင်မှုပဲ ဖြစ်ပါတယ်။ နောက်တော့ တရုတ်တွေ မြန်မာပြည်နဲ့ ကူးသန်းရောင်းဝယ်မှုပြုလာတော့ မြန်မာအမျိုးသားတွေက တရုတ်ဝတ်စုံအပေါ်ပိုင်းကိုယူ၊ အောက်ပိုင်းကိုတော့ ဘင်္ဂါလီဝတ်စားပုံ လုံချည်ကို ပါတ်၊ တိုက်ပုံနဲ့ ပုဆိုး ခုတိုင်အောင် မရိုးတော့သကိုးဗျ။ ပြည်တွင်းမှာပဲနေတဲ့သူတွေအဖို့တော့ ဒါ ငါတို့ဝတ်စုံကွဆိုပြီး ဂုဏ်ယူနေကြပေမယ့် အပြင်မှာနေရတဲ့သူတွေအဖို့တော့ မူရင်းပိုင်ရှင် လူမျိုးတွေနဲ့တွေ့ရင် အတော်လေးကို ရှက်စရာကောင်းသားဗျ။ အဲလိုကို ရှေးကတည်းက မြန်မာတွေက သူများဟာကို ကူးချခဲ့တာလား။
နောင်တော့ အလောင်းမင်းတရားကြီး ယိုးဒယားကိုအောင်မြင်၊ အနုပညာရှင်တွေကို မြန်မာပြည်တွင်းခေါ်ဆောင်ခဲ့ရာကစလို့ မြန်မာအမျိုးသမီး ဝတ်စုံတွေလဲ အဲဒီပုံစံတွေ ဖြစ်ခဲ့ကြတာ ခုထိပါပဲ။ ကိုလိုနီခေတ်နှောင်းပိုင်းကာလရောက်လာတော့ မြန်မာမလေးတွေ မှန်ဇကာပါးလေးတွေနဲ့ ရင်ဘတ်အပေါ်ပိုင်း ဟာလာကျင်းခဲ့ကြပြန်ရော.. အဲဒီခေတ်ကလဲ ယခုအချိန်မှာ ဝတ်စားဆင်ယဉ်မှုအကြောင်းပြောနေကြတဲ့ ဖွားဖွားတို့ကိုယ်တိုင်ဝတ်ဆင်ခဲ့ကြတာကို ခုနေမှာ ဝိုင်းပြီး အပြစ်တင်နေတဲ့ ဖိုးဖိုးတို့ကိုယ်တိုင်ကပဲ ရင်ခုန်ခြင်းများစွာနဲ့ စွဲမက်ခဲ့ကြတာပဲဆိုတာ ငြင်းနိုင်ကြပါ့မလား? ၁၉၉ဝ နှောင်းပိုင်းကာလတွေမှာတော့ မြန်မာမလေးတွေ ခြေသလုံးတုတ်တုတ်ကြီးတွေကို မပေါ်ပေါ်အောင် ထမီတိုတိုလေးတွေဝတ်၊ ပေါင်တုတ်တုတ်ကြီးတွေ မြင်ရအောင် ဂျင်းဘောင်းဘီ အောက်ရှူးကြီးတွေဝတ်နဲ့ အဲဒီအချိန်က ခေတ်စားခဲ့တဲ့ English ဇာတ်ကားတွေကို အတုယူခဲ့ကြတာပါပဲ။ ၁၉၉၆ နောက်ပိုင်းမှာတော့ တရုတ်ဇာတ်ကားတွေ ပြန်လည်နေရာယူလာတာကနေတစ်ဆင့် မြန်မာမလေးတွေလဲ ထမီအကောင်းတွေကို ပေါင်ရင်းလောက်ထိဖြဲပြီး ပိုင်ဟွေ့လုပ်ခဲ့ကြတာပေါ့။ ခုချိန်မှာတော့ ကိုရီးယားကားတွေ ခေတ်စားလာရာကနေစပြီး မိန်းကလေးတွေ တိုတက်လာကြတာပါပဲ။
ဒီတော့ကာ ခေတ်တစ်ခေတ်မှာ ခေတ်ရဲ့အလိုကိုလိုက်ပြီး မြန်မာမိန်းကလေးတွေကတော့ ဝတ်စားဆင်ယင်ကြမှာပါပဲ.. ကိုယ်ပိုင်ယဉ်ကျေးမှုစစ်စစ်ကို ရှေးအစဉ်အလာအရ မဖန်တီးနိုင်ခဲ့ဘဲ ရှေးက ဝတ်စားဆင်ယင်မှုအကြောင်းပဲ ပြန်ပြောနေကြရင် နုနယ်ပျိုမြစ်၊ တက်ကြွတဲ့ လူငယ်မျိုးဆက်တစ်ခုကို ဖန်တီးနိုင်ပါ့မလား? နိုင်ငံတစ်ကာမှာ ဝင်ဆန့်မယ့် လူငယ်မျိုးဆက်တွေ ဖြစ်လာနိုင်ပါ့မလား? ကိုယ့်နိုင်ငံကျဉ်းကျဉ်းလေးဆိုတဲ့ အမြင်ကနေ အပြင်ဘက်ကို မျှော်ထွက်ကြည့်ပြီး အမြင်ကျယ်ကြစေလိုပါတယ်။ မိန်းကလေးတွေကတော့ မြန်မာ့သမိုင်း အစဉ်အဆက်ရော၊ ကမ္ဘာ့သမိုင်း အစဉ်အဆက်မှာပါ လှမယ်ထင်ရာကို ဝတ်ဆင်ကြတာပါပဲ။ လူကို လူလိုပဲ မြင်စေလိုပါတယ်။ ဟီရိဩတ္တပ္ပတရားဆိုတာ တွင်တွင်ကျယ်ကျယ်ကြီးသုံးနေကြပေမယ့် သေချာဆိုလိုရင်းကို နားလည်ဖို့လိုပါတယ်။ လူအများအလယ်မှာ အရှက်လုံအောင် ဝတ်စားထားရင် ပြီးတာပါပဲ။ ကိုယ်ပိုင်အလှတွေကို ပေါ်အောင်လုပ်ကြတာတော့ မိန်းကလေးတွေရဲ့ လှချင်တဲ့သဘာဝပါပဲ။ အဲလိုဝတ်စားဆင်ယင်မှုတွေကို ကဲ့ရဲ့ရှုံ့ချတဲ့အမြင်နဲ့ လိုက်ကြည့်ပြောဆိုနေကြခြင်းဟာ မြန်မာမှာတော့ ကောင်းတယ်ဆိုပေမယ့် နိုင်ငံတစ်ကာအမြင်နဲ့ကြည့်ရင်တော့ သိပ်ကို အောက်တန်းကျရာကျပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွေးအမြင်တွေ ကျယ်ပြန့်ကြစေလိုပါတယ်.. ဝါးလုံးခေါင်းထဲ လသာနေတာ ကိုယ်ဖြတ်သန်းခဲ့တဲ့ခေတ်၊ စနစ်ကြောင့်လို့ ဆိုနိုင်ပေမယ့် အမြင်ကျယ်ကျယ်မကြည့်တတ်သရွေ့ကတော့ ကိုယ်နဲ့တန်တဲ့ဟာပဲ ကိုယ်ရကြမှာပါပဲ။ ဒီတော့ ဝတ်စားဆင်ယင်မှုအပေါ်မှာ မြင်တဲ့အမြင်တစ်ခုကို ပြောင်းလဲကြည့်ကြပါစို့လို့…….
25 comments
MaMa
August 16, 2011 at 8:04 am
ဓားခုတ်ရာ လက်ဝင်မလျှိုတော့ဘူး။ ကိုယ့်ဖက်ကကြည့်တော့ လက်ဝါး သူ့ဘက်က ကြည့်တော့ လက်ဖမိုးဆိုတာလို အမြင်တွေဆိုတာ ဘယ်လိုမှ မတူနိုင်တာကြောင့် သူများမျက်ချေး မကြည့်ပဲ ကိုယ့်မျက်ချေးပဲ ကိုယ်မြင်အောင်ကြည့်ပြီး အစွန်းလွတ်အောင် နေနိုင်ရင် အကောင်းဆုံးပေ့ါ။
ရှူံးနိမ့်မှုများနဲ့.. လူ
August 16, 2011 at 9:00 am
မမကတော့ ပေါက်ကွဲနေသလိုပဲ.. ကျွန်တော်ကတော့ ကိုယ်မြင်ရာ ကိုယ်ပြောမှာပဲလေ
ကိုယ့်အယူအဆတစ်ခုကိုတော့ လွတ်လပ်စွာ ပြောပြ၊ ဆွေးနွေး၊ ငြင်းခုန်သင့်တယ် ထင်တာပဲ
mr.lone
August 16, 2011 at 8:20 am
အရမ်းရမ်းကိုထောက်ခံပါသည် ။ ကိုလူ ရေ ယဉ်ကျေးမှုနဲ့ပတ်သက်လို့ သိတာလေး တွေရှိရင်လည်း မျှဝေပေးပါဦး ။ ဒီစာလေး ဖတ်ရလို့ ကျေးဇူးတင်ပါတယ် ။
pan pan
August 16, 2011 at 9:24 am
ကြုံဖူးတယ်၁၉၉ဝနှောင်းပိုင်းလောက်က မိန်းကလေးတွေ ထမီတိုတိုဝတ်တယ် (ကိုယ်တွေနဲ့ဆို အစ်မကြီးတွေပေါ့)
တချို့အပေါ်က ရှပ်အင်္ကျ၊ီ တီရှပ်ပွပွရှည်ရှည်ကြီးနဲ့
အင်္ကျ ီကရှည်လွန်းရင် ဒူးခေါင်းလောက်ထိရောက်တယ်
ထမီကို ဒူးဖုံးဝတ်တယ်
အဲဒီတော့ အင်္ကျ ီနဲ့ထမီကအချိုးမပြေတော့ ထမီကတစ်ထွာလောက်မြင်ရရင် ကံကောင်း
ကျွန်မတို့ အသက်လည်းခုနကအစ်မကြီးတွေလောက်ရောက်တော့ မိန်းကလေးတွေ ထမီကို စည်ပင်သာယာလုပ်ကြတယ်
ကိုယ်တိုင်တောင် အဲလိုဖြစ်သွားတယ်
တမင်သက်သက်လုပ်တာတော့မဟုတ်ပါဘူး
အရပ်ပုတော့ ထမီကရှည်သွားတာ
ဖြတ်ဝတ်၊ ခေါက်ဝတ်တာလည်းမကြိုက်တော့ မူရင်းဆိုဒ်အတိုင်းဝတ်တော့ ခေတ်အလိုက်မဟုတ်ဘဲ စည်ပင်သာယာဖြစ်သွားတယ်
ခုထိပဲ 😀 😀
ရှူံးနိမ့်မှုများနဲ့.. လူ
August 16, 2011 at 9:55 am
ခုချိန်မှာ ကွန်ပျူတာကျောင်းသူတွေ၊ GTC ကျောင်းသူတွေလဲ အဲလိုဝတ်နေကြတာတွေ့ပါတယ်.. ကျွန်တော်အထက်တန်းကျောင်းသားတုန်းကဆိုရင်လဲ ကျွန်တော်တို့ကျောင်း ကော်ရစ်ဒါကြီးဆိုလဲ ပြောင်လက်နေတာပဲ.. သန့်ရှင်းရေးသမားကိုမလိုတာ.. ကိုယ်ကိုယ်တိုင်လဲ ချက်ပြုတ်ဝတ်သပေါ့လေ.. ခုတော့ ရင်ခေါင်းထိ တက်ဝတ်တဲ့အရွယ်ရောက်နေတော့ အဲလိုတွေပြန်မြင်ရင် လွမ်းသား… 🙁 🙁
Foreign Resident
August 16, 2011 at 11:59 am
Hello, ရှူံးနိမ့်မှုများနဲ့.. လူ,
Which age is ရင်ခေါင်းထိ တက်ဝတ်တဲ့အရွယ် ??? 🙂
pan pan
August 16, 2011 at 4:42 pm
ကျွန်မအထင် ၅၀ဝန်းကျင်နေမှာပေါ့
၅ဝမကျော်သေးတောင် ၅ဝနားနီးနီးပေ့ါ
ဘာလို့လဲဆိုတော့ အနီးအနားမှာတော့ အဲလိုပဲတွေ့ရလို့
ကြောင်ကြီး
August 16, 2011 at 9:54 am
ဝတ်စားဆင်ယင်မှုကို ယနေ့အချိန်မှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြခြင်းဟာ ခေတ်အခြေအနေကို အားမလိုအားမရမှုတွေနဲ့ ဒွန်တွဲနေတယ် ထင်ပါတယ်။ ဖော်ခြင်းနဲ့တော်ခြင်းတွဲနေရင်၊ ဒါမှမဟုတ် အဲဒီရေစီးကြောင်းနှစ်ခု အားကောင်းနေရင် သိပ်ပြသနာရှိမယ်မထင်ပါ။ အခုတော့ တော်ခြင်းပျောက်ဆုံးနေတဲ့အခါ ကိုယ်အားပေးအားမြောက်ပြုစရာမရှိတာမို့ ကျန်တဖက်ကိုပဲ ဆဲရသလို ဖြစ်ရပါတယ်။ ယူအက်စ်မှာ ဖောက်ပြန်နေတဲ့၊ သစ္စာမဲ့နေတဲ့ အမျိုးသမီးအိမ်ထောင်သည်၊ လူလွတ်များစွာရှိပါတယ်။ သို့ပေမယ့် ကိုယ့်ဘဝကိုယ်ကြောင်းနိုင်၊ လောကအတွက်အသုံးဝင်တဲ့အခါ လူတောမတိုးမဖြစ်ပါဘူး။ (လူဝင်ဆံ့တာနဲ့တခြားစီနော်) တော်ခြင်းဆိုတာမှာလည်း တော်နိုင်ဖို့ အခွင့်အလမ်း အခြေအနေ ပတ်ဝန်းကျင် ရှိမှဖြစ်မှာမို့ ပြောလိုက်ရင် နိုင်ငံရေးဖက်ပဲ ပြန်ရောက်သွားပါလိမ့်မယ်။။ ဒီတော့ မိန်းမသားတို့ပင်ကိုယ်အလှ၊ လွတ်လပ်စွာဝတ်စားဆင်ရင်ထုံးဖွဲ့ခွင့်ကို ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်စွမ်း၊ အမှီအခိုကင်းခြင်း၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတို့နဲ့ တပါတည်း တွဲဖက်အားပေးလှုံ့ဆော်သင့်ပါတယ်။ နို့မို့ရင် ကိုယ့်အသွေးအသားကို ကာမတဏှာခံစားမှုအတွက်၊ သူတပါးကိုမှီခိုရပ်တည်ရေးအတွက် ကြော်ငြာရောင်းချခြင်းထက် မပိုနိုင်ပါကြောင်း…။
ရှူံးနိမ့်မှုများနဲ့.. လူ
August 16, 2011 at 10:02 am
ဒီအတွေးကိုတော့ ကြိုက်ပါတယ်.. ကျွန်တော်မတွေးမိဘူး.. ကျွန်တော်တွေးမိတာသက်သက်က ယဉ်ကျေးမှုဆိုပြီး မျက်မှန်စိမ်းကြီးတပ်ပြီး ပြောနေကြခြင်းကို ဆိုလိုပါတယ်.. နောက်တစ်မျိုးက ဆယ်ကျော်သက်အရွယ်၊ သားပျို၊ သမီးပျိုတွေ ဝတ်ဆင်နေကြခြင်းကတော့ သူတို့အဖို့ ဖော်တာ၊ တော်တာတော့ မသိလောက်ပါဘူး.. လှချင်ယုံသက်သက် ဝတ်ကြတာမို့ နဂိုကမှ မလွတ်လပ်တဲ့နေရာမှာ ကြီးပြင်းလာတဲ့သူတို့အဖို့ နုနယ်တဲ့နှလုံးသားတွေမှာ ဆန်းသစ်တီထွင်ချင်တဲ့ စိတ်ဓါတ်လေးတွေကို ပိတ်ပင်ရာကျမှာကို တစ်မျိုးတွေးမိပါကြောင်း..
manawphyulay
August 16, 2011 at 10:13 am
မြန်မာယဉ်ကျေးမှုကို မြန်မာက မထိန်းသိမ်းရင် ဘယ်သူတွေက ထိန်းသိမ်းကြမည်နည်း။ ဒီလိုအဖြေမျိုး လူတိုင်း ကိုယ့်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။ အဝတ်အစားကတော့ ခေတ်ရှေ့ပဲပြေးနေကြတာ ခေတ်ပဲလွန်နေတာကြတာလားဆိုတာ မပြောချင်လည်း မြင်နေတွေ့နေကြတာ များလာတော့ လမ်းတောင် မလျှောက်ရဲသလောက်ဖြစ်နေပြီလေ။ အရင်ကလည်း မနော ရေးခဲ့တာလေးတွေရှိပါတယ်။ ဘာတွေထပ်ပြောဖို့လိုသေးသနည်း။
http://myanmargazette.net/5883/creative-writing ဒီမှာ ရေးထားတာလေးလည်း ဝေဖန်ပေးကြပါဦးနော်။
Foreign Resident
August 16, 2011 at 12:11 pm
ပုဂံခေတ်မြန်မာယဉ်ကျေးမှု = မြန်မာအမျီုးသမီးတွေ..လှမှလှ..။ ချက်ပေါ်..။ ရင်ညွှန့်ပေါ်.. ရင်စည်းမပါ..။ ဗလာ..ဗလာ… 😛
ရှူံးနိမ့်မှုများနဲ့.. လူ
August 16, 2011 at 12:17 pm
မြန်မာ့ယဉ်ကျေးမှုလို့ဆိုတာထက် ဘယ်နှစ်ခုနှစ်ကနေ ဘယ်နှစ်ခုနှစ်ထိ ယဉ်ကျေးမှုဝတ်စုံကိုဆိုပြီး တိတိကျကျ ညွှန်းဆိုပြလျင်တော့ဖြင့် သင့်တော်လိမ့်မည် ထင်မိပါကြောင်း… 😀
weiwei
August 16, 2011 at 10:40 am
အဝတ်အစားကို ရာသီဥတုနဲ့အညီလိုက်ဝတ်သင့်ပါတယ် … ရန်ကုန်က အပူပိုင်းရာသီမို့လို့ ချည်ထည်အဝတ်အစား ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ထမီကို ဝတ်ဆင်တာ အသင့်တော်ဆုံးပါပဲ … ခပ်ပွပွစကတ်ဝတ်တာလဲ ကောင်းပါတယ် … ကိုရီးယား တရုတ် တွေက အအေးလွန် အပူလွန် ဒေသတွေဆိုတော့ သူတို့ဝတ်တာကို အတုယူလိုက်တော့ သဘာဝမကျဖြစ်ကုန်တော့တာပေါ့ …
တရုတ်ပြည်မှာ တရုတ်မလေးတွေ နွေရာသီဆို တိုတက်နေတာ ကြည့်လို့ကောင်းပါတယ် … အသားဖြူဖြူ ပိန်ပိန်ရှည်ရှည်လေးတွေဆိုတော့ မြင်ရတာ လှတောင်လှပါသေးတယ် …
မြန်မာတွေကျတော့ ဝဝ ပုပု မဲမဲ နဲ့ တိုတက်နေအောင် ဝတ်ထားတာကျတော့ ဘယ်လိုမှကြည့်မကောင်းဘူး …
ဆောင်းဦးရာသီတွေမှာ ဝတ်ကြတဲ့ စတော့ကင်တွေကို မြန်မာမတွေဝတ်ကြတာလဲ တော်တော်ဆိုးပါတယ် … အေးလို့ကိုယ်ကြပ်စတော့ကင်းကို ဝတ်ကြတာကို မြန်မာတွေက ရာသီဥတု မအေးပဲနဲ့ လိုက်ဝတ်ကြတော့ …
ကိုယ့်ဟာကိုယ်ဝတ်ပြီးရင် လှရဲ့လားလို့ မှန်ထဲမှာအရင်ကြည့် … သက်တောင့်သက်သာရှိရဲ့လားလို့ ခံစားပြီးမှသာ ဉာဏ်လေးသုံးပြီး ရွေးချယ်သင့်ပါကြောင်း ….
မီးမီး သော်
August 16, 2011 at 11:20 am
“””””တရုတ်တွေ မြန်မာပြည်နဲ့ ကူးသန်းရောင်းဝယ်မှုပြုလာတော့ မြန်မာအမျိုးသားတွေက တရုတ်ဝတ်စုံအပေါ်ပိုင်းကိုယူ၊ အောက်ပိုင်းကိုတော့ ဘင်္ဂါလီဝတ်စားပုံ လုံချည်ကို ပါတ်၊ တိုက်ပုံနဲ့ ပုဆိုး ခုတိုင်အောင် မရိုးတော့သကိုးဗျ။ ပြည်တွင်းမှာပဲနေတဲ့သူတွေအဖို့တော့ ဒါ ငါတို့ဝတ်စုံကွဆိုပြီး ဂုဏ်ယူနေကြပေမယ့် အပြင်မှာနေရတဲ့သူတွေအဖို့တော့ မူရင်းပိုင်ရှင် လူမျိုးတွေနဲ့တွေ့ရင် အတော်လေးကို ရှက်စရာကောင်းသားဗျ။ အဲလိုကို ရှေးကတည်းက မြန်မာတွေက သူများဟာကို ကူးချခဲ့တာလား။”””””
စိတ်ဝင်စားစရာပါဘဲ. ကိုလူပြောတာလေးက။ပြန်မန် ့လိုက်ပါတယ်. တနည်း ကူးချလိုက်ပါသည်. ဟိ ဟိ
နွယ်ပင်
August 16, 2011 at 11:25 am
ခေတ်နဲ့ အညီ ဝတ်ဆင်တာကတော့ ပြောစရာသိပ်မရှိပါဘူး
နေရာဒေသအလိုက် ကိုယ်သွားရမယ့် နေရာလေးကို ကြည့်ပြီး ဝတ်ဆင်တက်ရင်တော့ အဆင်ပြေတာပေါ့
ကိုယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားက သိပ်ပြီး ဟိုဖော်ဒီဖော်မဖြစ်ပဲ ကိုယ့်အတွက် confidence ဖြစ်စေမယ်ဆိုရင်တော့ အကောင်းဆုုံးပါပဲ အဒီကကတော့ ခေတ်မလွန်သွားဖို့က အရေးကြီးပါတယ်
kai
August 16, 2011 at 11:36 am
.. ဝေဖန်ပြမယ်နော.. ထုံးစံအတိုင်း… မတူတဲ့အတွေးနဲ့ပေါ့..
စကပ်တိုလေးတွေက… အနောက်နိုင်ငံကစလာတာလို့.. ပြောရမယ်..။
အခုတော့ တရုတ်..ကိုရီးယား၊ ဂျပန်.. အဲဒီကမိန်းကလေးတွေဝတ်ကြပါတယ်..။
ဆိုတော့..။
သူတို့က. ဂျုံစားတာများတယ်လေ..။ အဲဒီတော့.. ခန္ဓာဖွဲ ့စည်းပုံကျ မြန်မာနဲ့.. မတူဘူး.။
ဘိုမတွေဆို.. ဂျုံ၊နွားနို့..ချီစ်၊ ထောပါတ်.. ကြက်ဥနဲ့ကြီးလာကြတော့…
ခါးအလျှားတိုတယ်.. ၊ ပေါင်တံရှည်တယ်..။ တင်သေးတယ်..။ ရင်ထွားတယ်..။
ဒါက.. စားသုံးမှုဓလေ့ကနေ.. သဘာဝအတိုင်း..ဖြစ်တည်လာတဲ့..ခန္တာအချိုးအစား…။
မြန်မာက.. ဆန်စားတယ်..။ နို့သောက်တာနည်းတယ.်..။
ငပိစားတယ်..။ ငန်ပြာရည်သုံးတယ်..။
ခါးသေးတယ်.။ ပေါင်တုတ်တယ်..။ ပေါင်တံတိုတယ်..။ တင်ပဆုံရိုးကြီးတယ်..။ ခါးအလျှား ရှည်တယ်..။ ဗိုက်ပုံ့ဆူတယ်..။
စကပ်တို.. ဘောင်းဘီတို.. ဘောင်းဘီကျပ်နဲ့.. မြန်မာအမျိုးသမီး သဘာဝနဲ့.. လိုက်တယ်တော့ ..တယ်မထင်မိဘူး..။
မသကာ… ဆယ်ကျော်သက် တန်းလောက်မှာပဲ.. လိုက်ဖက်ညီ.. အဆင်ပြေလှပမယ်.ထင်မိတယ်.။
ဆက်ပြောရရင်… ခြေသလုံးတုတ်တုတ်..အသားညိုတာမှာ.. အကောက်အကွေးနေရာတွေ.. မဲညိုသွားတတ်တာတွေပါလာတော့မှာမို့.. ဒီလောက်ပဲ.. ဒီလောက်ပဲ… 🙂
ရှူံးနိမ့်မှုများနဲ့.. လူ
August 16, 2011 at 11:49 am
ဂလောက်ပဲပြောတာ ကောင်းပါတယ်ဗျာ.. မှန် ကန်ရင် ” ကွဲ ” တတ်တယ်တဲ့ 😀
ကျွန်တော်ပြောတဲ့ ဆိုလိုရင်းကို ထိထိရောက်ရောက် ပြန်ခံပြောမယ့်သူ ရှိသေးဘူး
“မြန်မာ့ဝတ်စုံ” ဆိုတာကိုလေ.. ငြင်းကြပါဦးလို့
kai
August 16, 2011 at 11:59 am
မငြင်းပါဘူးကွယ်..။
တကယ်က..ဘယ်သူဘယ်သူမှ..(ဘယ်လူမျိုးကမှ) ဝတ်စုံဆိုတာရှိတာမဟုတ်..။
ယဉ်ကျေးမှုသမိုင်း ပြန်လှန်ရင်.. လူသားတွေအကုန်..အမွေးအမျှင်တွေဖုံးနေတဲ့.. ကိုယ်လုံးတီးတွေဖြစ်ကုန်မှာ…။
ဆိုတော့..
ယဉ်ကျေးမှုဟာ.. မြစ်ရေလိုပဲ စီးဆင်းနေရတယ်..။
ခေတ်အလိုက်… မျောလိုက်… အလိုက်သင့်လေးပဲ.. ကောင်းပါတယ်..။
ပုဆိုး..တိုက်ပုံနဲ့..ရပ်မထားပဲ.. ပုဂံခေတ်က..မြန်မာတွေရဲ့.. အိနိ္ဒယဝတ်စုံဆင်တူူတွေလောက်အထိ.. မျှော်ကြည့်ပါလား..။
အဲဒီပုဂံခေတ်… မြန်မာအမျီုးသမီးတွေ..လှမှလှ..။
ချက်ပေါ်..။ ရင်ညွှန့်ပေါ်.. ရင်စည်းမပါ..။
ဗလာ..ဗလာ… 🙂
meelay
August 16, 2011 at 12:53 pm
ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်အောင်ဝတ်ရင် ဘယ်လိုဝတ်ဝတ် ကြည့်ကောင်းနေမှာပါ … ကိုယ်နဲ့ လိုက်မှန်း မသိ၊ မလိုက်မှန်း မသိ ဇွတ်ဝတ်နေကြတော့ မျက်စိထဲမှာ ကန့်လန့်တွေ ဖြစ်ကုန်ရော ……..
etone
August 16, 2011 at 3:23 pm
ဝတ်ချင်တာ ဝတ်ကြပေါ့ … ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ …. ။
နေရာဒေသနဲ့ မလိုက်ပဲ ဝတ်စားမိလို့ ….. ကားစီးမိတဲ့အခါ လက်သရမ်းတာ ခံရမှ ဒေါသမထွက်ကြနဲ့လေ … ။ 🙄 ဘယ်သူမပြု မိမိမှူပဲ ။
Nan Naw Kham
August 17, 2011 at 12:28 am
မှန်တာပေါ့.. သေချာပြန်စဉ်းစားစေချင်တယ်.. အဲလိုအတိုတွေ အပြတ်တွေဝတ်ပြီးတော့ကော.. ကိုယ့်ကိုကိုယ် Confidence ဖြစ်လားမဖြစ်လားလို့..သက်တောင့်သက်သာရှိတယ်ဆိုတာကော.. တကယ်ဟုတ်ရဲ့လားလို့ . .စကပ်အတိုဝတ်ပြီး.. ဆိုင်ကယ်စီးရင်သိသာပါတယ်..
ပြီးတော့ ..အကျီလည်ပင်းဟိုက်လွန်းတာတွေကော… အဲလိုဖော်လိုက်ရမှ လှသလားလို့လေ..
မေးကြည့်ချင်တယ် အဲလိုလူတွေကို..
ပြီးတော့. . အဲလို မလုံမခြုံဝတ်မှ လှတာလားလို့လေ.. မေးကြည့်ချင်တယ်..
windtalker
August 16, 2011 at 7:27 pm
မအီးတုန်းပြောတာ ကို ထောက်ခံပါတယ်
ကိုယ့်အန္တရာယ် ကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်တဲ့
အဝတ်အစားမျိုးတော့ ရှောင်သင့်တယ် လို ့
ထင်မိပါတယ် ဗျာ ။
ကိုပေါက်(မန္တလေး)
August 16, 2011 at 10:40 pm
မယဉ်ကျေးသေးဘူးဆိုတဲ့ကျောက်ခေတ် ယောက်ျားမိန်းမ အောက်ကဟာလေးလောက်ဘဲဖုံးပြီးနေတယ်။
ရှက်တတ်လာတယ်လို့ထင်ရတဲ့အချိန်မှာ သူ့ပစ္စည်းလေးကို လူမမြင်အောင်ဖုံးတယ်။
မမြင်ရဘူးဆိုတော့ လဲကျုပ်တို့ယောက်ျားများက ဖုံးထားတာကို ကြည့်ချင်တယ်။
ကျုုပ်တို့စိတ်ဝင်စားမှန်းသိတော့ တစ်ချို့ကလဲ စေတာနာကောင်းတော့ မသိမသာလှစ်ပြပေးပါတယ်။
ဖုံးထားတာကိုယဉ်ကျေးတယ်လို့အားလုံးက ယူဆချိန်မှာအားလုံးကလုံအောင်ဖုံးကြပါတယ်။
လုံအောင်ဖုံးတာရိုးလို့ ပြန်ဖော်ကြည့်ချင်တဲ့ အခုအ ချိန်မျိုးမှာ သူများထက် သာအောင်ပြန်လှပ်ကြပါတယ်။
ဒါကတော့ ခေတ်အလိုက်ပါဘဲ။
အသေးစိတ်သိချင်ရင်( လှကြစမ်းဗျာတို့ လွတ်လပ်တယ်)ကိုပြန်ရှာဖတ်ပေါ့။
ကြော်ငြာဝင်လိုက်တာလေ။
မြန်မာဝတ်စုံ ကပုံတူကူးတယ် မကူးဘူးကတော့ သုတေသနလုပ်ကြည့်သင့်တယ်ထင်တာဘဲ။
ဒေါက်တာသန်းထွန်းပြောတာကတော့ မြန်မာတွေ ဘောင်းဘီ ဝတ်တာ ရှေးကတည်းက လို့ပြောတာဘဲ။
ရှေးမြန်မာသာမန်လူ ယောက်ျားကတော့ ပုဆိုးနဲ့နေတာဘဲအပေါ်ပိုင်းက ဗလာဘဲ(ရှေးကဓါတ်ပုံထဲမှာမြင်ရဘူးတာ)
မိန်းမတွေကတော့ အခုခေတ်အငြိမ့်မင်းသမီးများဝတ်သလိုပေ့ါ။
အရင်ခေတ်က မိန်းကတွေရင်ညွန့်ပေါ်တာတော့အမှန်ဘဲ။
ဒါပေမယ့်အောက်က ပိတ်စနဲ့ကျပ်စီးထားတော့ ကြယ်သီး မပေါ်ဘူးလေ။
ရှေးခေတ်က တောင်ကြားလောက်ဆိုရင်ကိုဟော့လှပြီမှတ်နေကြတာ။
အခုခေတ်ကတော့ တောင်ပူစာလဲမြင်နေရတာပါဘဲ။
မဆန်းတော့ပါဘူး။
တစ်နိုင်ငံနဲ့တစ်နိုင်ငံယဉ်ကျေးမူ့မတူတဲ့အတွက် သိပ်တန်းညှိပြောလို့တော့ မရနိုင်ပြန်ပါဘူး။
မပေါ်တာကို ယဉ်ကျေးတယ်လို့ သတ်မှတ်တဲ့နိုင်ငံရှိသလို ဖော်တာကို ပွင့်လင်းတယ်လို့ သတ်မှတ်သူလဲရှိချင်ရှိနို်င်ပါတယ်။
အဲတော့ လန်းလန်းလေးဝတ်ချင်သူကလဲ ဝတ်။
မဝတ်ချင်သူကလဲ မဝတ်နဲ့ပေါ့။
မဝတ်တဲ့သူကလဲ ဝတ်သူကို အပြစ်လို်က်မပြောနဲ့ ။
ဝတ်တဲ့သူက လဲ မနေနိုင်သူက လက်သရမ်းလို့ မကျေနပ်ရင် ပါးသာချလိုက်။
ကြည့်ချင်တဲ့သူကလဲ အေးဆေးကြည့် အသံမထွက်နဲ့ရှက်စရာ။
သူက သူလှတာကြည့်စေချင်လို့ မျှဝေတာကို အေးဆေးစွာခံယူပါ။
ဒါဆို ရှော့တွေမရှိတော့ဘူးပေါ့နော်။
နောင်ဒီအတွက်နဲ့မပြောကြနဲ့တော့။
မြန်မာဝတ်စုံက သူများဟာကို ယူတယ်မယူဘူးဆိုတာကတော့သေချာအောင် ပြန်လုပ်သင့်ပါတယ်.။
ယဉ်ကျေးမူ့ ဆိုတာကူးစက်တတ်ပါတယ်။
ဒါပေမယ့် အာရှကလဲ ယဉ်ကျေးမူ့အရာမှာမညံ့ခဲ့တာသေချာပါတယ်။
အမြဲတမ်းအနောက် နိုင်ငံများကချည်းရှေ့ရောက်မနေတဲ့ကိစ္စတွေအများကြီးရှိပါတယ်။
သုတေသနလုပ်သင့်ပါတယ်။
Nan Naw Kham
August 16, 2011 at 11:40 pm
သူများနားက ပဲကူးကူး.. ကိုယ်တိုင်ပဲထွင်ထွင်..
အဲတရုတ်သမိုင်းကိုလည်းပြန်လေ့လာလိုက်ပါဦး.. သူတို့အဝတ်တွေကော..
သူများနားက ကူးထားသလားလို့ ..
surmi
August 17, 2011 at 1:20 am
ဲမြန်မာ့ယဉ်ကျေးမှု၊မြန်မာဝတ်စုံတဲ့ မြန်မာအစတကောင်းကလို့ကြားဖူးတယ် ဒါဆို တကောင်းကဘယ်ကလာတာလဲ၊ သာကီဝင်အနွယ်တွေပဲမဟုတ်လား။ဒီတော့ မြန်မာဆိုတာ အစကတည်းကရောမွှေပြီးသားပဲလေ။ ဘာပဲဖြစ်ဖြစ် မြန်မာဆိုတာဆာမိတို့အမျိုးတွေပါ။