နော်ဝေ ဆီ သို့ ….. ( ၃ )

မောင်ဆန်းAugust 16, 20113min31013
ပြေးလမ်း နှစ်ခုနဲ့ ဂါဒါမွန်လေဆိပ်(Credit: Google Earth)

အော်စလိုလေဆိပ်လို့ အလွယ်ခေါ်ပေမဲ့ တစ်ကယ့် အမည် က ဂါဒါမွန်လေဆိပ်(Gardermoen Airport )ပါ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ် လိုပေါ့ အော်စလိုမြို့နဲ့ ကီလို ၅ဝ ဝေးပါတယ် လေယာဉ်ပေါ်မှာ ကတဲက နာမည်ကျော် နော်ဝေရဲ့ ကြီးကျယ်ခမ်းနားတဲ့ လေဆိပ် စစ်ဆေး မေးမြန်းမဲ့ လဝက တွေအတွက် ပြင်ဆင်ထားပေမဲ့ တကယ်လဲ လေယာဉ်ပေါ်က ဆင်းလာရော မြင်ရတာက ရန်ကုန်လေဆိပ်ထက် နဲနဲကြီးရုံပဲ နောက် လဝက လဲဖြတ်စရာ မလိုပဲ  ပစ္စည်းရွေးတဲ့ နေရာတန်းရောက်တယ် (နော်ဝေက Schengen Area မှာပါတော့ ဖရန့်ဖတ် မှာပဲ လဝက ကစစ်တာနဲ့တင် လုံလောက်သွားတယ် ဒီဘက်ကို ဆက်လာတာက Domestic ခရီးပေါ့) ပစ္စည်းကမရောက်သေး ရွေးတဲ့နေရာကလဲ (၉)ခုပဲရှိတယ် ဘေးမှာ ရှိတဲ့ Duty free ဆိုင်ကလဲ ခပ်သေးသေး ရောက်ရောက် ချင်း ကျွန်တော် စင်ကာပူကို စသွားတုန်းက အတွေ့အကြုံကို သတိရလိုက်မိတယ် …

 

Arrival Hall ကို ရောက်ဘို့ အပေါ်ထပ်က အောက်က်ိုဆင်းရတယ်

 

အောက်ထပ်ကိုရောက်တော့ ဒီလိုမြင်ရတယ်

၁၉၉ဝ နောက်ပိုင်း ထုတ်တဲ့ စာအုပ်တွေမှာဖတ်လိုက်ရရင် စင်ကာပူဆိုတာ အရမ်းကိုကြီးကျယ် ခမ်းနားတဲ့မြို့ သန့်ရှင်းသပ်ရပ်တဲ့မြို့ ဘာမြို့ ညာမြို့ ဆိုတာတွေဖတ်ပြီး စိတ်ထဲမှာ နတ်ဘုံနတ်နန်းကြီးလို ကြီးကျယ်ခမ်းနားနေတာပေါ့ ၂၀၀၄ မှာ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အနေနဲ့ စင်ကာပူကို သွားဖြစ်တယ် စာတွေဖတ်ပြီး အရမ်းမျှော်လင့်ထားတယ် တကယ် စင်ကာပူဝင်တော့ စင်ကာပူက စိတ်ထဲကမြို့နဲ့ တခြားဆီ ဖြစ်နေတယ် တည်းတော့ ဘွန်လေးဘက်က သူငယ်ချင်းဆီမှာ   သန့်ရှင်းသပ်ရပ်မှုက ထင်သလောက်မဟုတ် တကယ်တော့ စင်ကာပူက ရန်ကုန်ထက်အများကြီးသာပါတယ် သူ့ဟာနဲ့သူလဲ သန့်ရှင်းသပ်ရပ်ပါတယ် ဒါပေမဲ့စာထဲကဟာတွေဖတ်ပြီး စိတ်ထဲမှာ အရမ်းမျှော်လင့်ထားတော့ စိတ်ထဲမှာ အားမလိုအားမရစိတ်တွေ ဖြစ်တော့တာပေါ့ အပြင်မှာလဲ ဒါမျိုးကြုံရပါတယ်  သာမန်အချိန် လက်ခံနိုင်တဲ့ အဖြေမျိုးကိုပဲ အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ ရလာရင် မကျေမနပ်ဖြစ်ကျရော မြန်မာဘောလုံးအသင်း ရှုံးမှာပါကွာလို့ အားလုံးကမြင်နေတဲ့ အချိန် ၁ ဂိုုးလောက်နဲ့ရှုံးရင် ဘာမှမဖြစ်ပေမဲ့ အရမ်းကောင်းတယ် နိုင်မှာပဲလို့ထင်နေတဲ့အချိန် သရေလောက်ဖြစ်ရင်ကို မြန်မာအသင်း အသုံးကို မကျဘူးဖြစ်ကုန်ရော ရွာထဲမှာလဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အများကြီး မမျှော်လင့်ထားတဲ့သူက နဲနဲပါးပါး တိုးတက်လာရင် ကို ဟုတ်လာပြီကွလို့ ပြောနေကြပေမဲ့ အများကြီးမျှော်လင့်ထားတဲ့ လူတွေအတွက် ကတော့ လက်ရှိအခြေအနေက ပေါက်ကွဲစရာကြီးပါ

 

အဲ လေဆိပ်အကြောင်း ဆက်ရရင် ပစ္စည်းက တော်တော်နဲ့ရောက်မလာတော့ (လေယာဉ်နဲ့ပစ္စည်းရွေးတဲ့နေရာအကွာအဝေးက တခြားလေဆိပ်တွေထက် ပိုနီးတာလဲပါမယ် လူတွေကစောစောရောက်နေတာပေါ့) ဘေးကဆိုင်တွေဘက် ဝင်ကြည့်ဖြစ်တယ် ကျွန်တော့်မျက်စေ့နဲ့တော့ မြင်မြင်သမျှက ဈေးကြီးနေတာပဲ အခုအချိန် နော်ဝေနဲ့ပတ်သတ်လို့ အတိုဆုံးပြောပါဆိုရင် “ဈေးကြီးလိုက်တာဗျာ” လို့ပဲ ပြောရမှာပဲ ဥပမာ ပြောရရင် ဘန်ကောက်လေဆိပ်မှာ ဆေးလိပ် တကာတွန် မှ ၁၈ ဒေါ်လာလောက်ကျတာကို နော်ဝေမှာ ဆေးလိပ်တစ်ဘူးတင် ဒေါ်လာ ၂ဝ လောက်ရှိတယ် နော်ဝေသုံးငွေက ကရိုနာ (Norwegian Krone-NOK) ကရိုနာက ဒေါ်လာနဲ့ဆို ၅.၅ လောက်ရှိတယ် ပစ္စည်းဝယ်ရင်တော့ ဒေါ်လာပေးရင် ၄.၉ လောက်ပဲရတယ်

 

Duty Free ဆိုင်ထဲမှာ

 

 

 

 

 

ပစ္စည်းရွေးတဲ့နေရာ (ဒါမျိုး ၉ ခုပဲရှိတယ်)

ပစ္စည်းတွေ လမ်းမှာမကျန်ခဲ့ပဲ အကုန်ရောက်လာလို့တော်သေးတယ် ပစ္စည်းရွေးပြီး အပြင်လဲထွက်ရော အပြင်မှာအေးနေတာပဲ ၁၄ ဒီဂရီစင်တီဂရိတ် လောက်ရှိတယ် အဲဒါ နေ့လည် ပိုင်း အပူချိန် သူတို့နိုင်ငံမှာ နွေရာသီဆိုပေမဲ့ ကိုယ့်အတွက် အခန်းထဲက အပြင်ထွက်လိုက်တာနဲ့ အနွေးထည်မပါပဲ ကြာကြာမနေနိုင်ဘူး ၊ နော်ဝေမသွားခင် အင်တာနက်မှာ ရှာကြည့်ကတဲက ဈေးတွေက ခေါင်ခိုက်နေတာမို့   အစစအရာရာ ချွေတာရေး  အမြင်နဲ့ပဲ ကြည့်နေရတယ် အော်စလိုမှာ ၂၁ ရက်လောက် နေရမှာမို့ တည်းတာကို ကိုယ်တိုင် ချက်စားနိုင်ပြီးသပ်သပ်ရပ်ရပ်ရှိ၊ ဈေးသက်သာတဲ့  Hostle တစ်ခုကိုပဲ ရွေးခဲ့ကြတယ် တည်းတဲ့နေရာက လေဆိပ်ကနေ ၁ဝမိနစ်လောက် ဝေးတဲ့နေရာ ၊ Hostle က ကုတင်နှစ်လုံးပါတဲ့ အိပ်ခန်းတစ်ခန်း ၊ ဧည့်ခန်းတစ်ခန်း၊ ရေချိုးခန်း နဲ့ မီးဖိုချောင်တစ်ခုပါတယ် အားလုံးက ခပ်ကျဉ်းကျဉ်းတွေပဲပေါ့ ဒါတောင် တစ်ရက် ဒေါ်လာ ၇ဝ လောက်ကျတယ် (ရန်ကုန်က ဆီဒိုးနာတောင် သူ့လောက်မရှိဘူး) မီးဖိုချောင်ကသေးသေးပေမဲ့ အဲဒီသေးသေးက ပစ္စည်းစုံပါတယ် မီးဖို ၂ လုံး ဘေစင် ရေခဲသေတ္တာ ဘီရို အကုန်ပါတယ် အခန်းထဲမှာ အပူပေးစက်ရှိတယ် အင်တာနက် ဝိုင်ဖိုင် (အခမဲ့) သုံးလို့ရတယ် ရေချိုးခန်းက ရေပူ ရေအေးရတယ် ပတ်ဝန်းကျင်က လည်ပတ်လို့ရတဲ့နေရာ သိပ်မရှိတော့ အားရင် တီဗီကြည့် အင်တာနက်သုံးပဲ လုပ်နေဖြစ်တယ် နော်ဝေကို ရောက်တဲ့ နေ့ကစပြီး ပြန်မဲ့မနက်ထိ ရွာထဲနေ့တိုင် ဝင်ဖြစ်တယ် ပို့စ် တစ်ခု (မင်းကြောင့်မဟုတ်ပါ..) တောင် တင်ဖြစ်ခဲ့သေးတယ် အခုဆို ရွာထဲ မဝင်ရရင် မနေတတ်တော့တဲ့ အခြေအနေဖြစ်နေပြီ

 

လေဆိပ်အရှေ့ဘက်

 

 

လေကြောင်းထိန်းမျှော်စင် (Tower)

 

 

ခေတ္တကွန်းခိုရာ အဆောင်ဂေဟာ

 

နော်ဝေရောက်တဲ့ ပထမဆုံးနေ့တင် ပြသနာကစတော့တာပဲ ရန်ကုန်ကနေ အော်စလိုထိ ၁၄ နာရီလောက် လေယာဉ်စီးခဲ့ရတယ် ညဖက်လဲ အိပ်ရေး ဝဝ အိပ်ခဲ့ရတာမဟုတ် လူကလန်းမနေပေမဲ့ အိပ်ချင်စိတ်ကမရှိ  အပြင်မှာလဲ လင်းလင်းချင်းချင်းနဲ့စောနေသေးတယ် တီဗီကြည့်လိုက် အင်တာနက်ထဲ မွှေလိုက်လုပ်နေတာ ကြာလာတော့ စိတ်ထဲ မသင်္ကာတာနဲ့ နာရီကြည့်လိုက်တော့မှ   ည ၁၁ နာရီ  ထိုးနေပြီ အပြင်မှာ မြန်မာပြည် ညနေ ၃ နာရီလောက် နေအလင်းရောင်နဲ့     အမြန်သိမ်းပြီး လိုက်ကာတွေအကုန်ပိတ် အိပ်ယာထဲအတင်းဝင်ရတယ် ပထမဆုံးနေ့မှာတင် နေမဝင်တဲ့ညဘက်ကြီး မျက်လုံးအတင်းမှိတ် အိပ်နေရပြီ နောက်ရက်တွေ ဘာအတွေ့အကြုံဆန်းတွေ ကြုံဦးမယ် မသိ သေချာတာကတော့ ဒီည အိပ်မက်ထဲမှာတောင် ရွာထဲဝင်ပြီး အိမ်လည် နေဦးမှာပါပဲ ………………

13 comments

  • weiwei

    August 16, 2011 at 11:51 am

    နော်ဝေစံတော်ချိန် ည ၁၁ နာရီ လား … မြန်မာစံတော်ချိန် ည ၁၁ နာရီ လား ?

    • nozomi

      August 16, 2011 at 3:49 pm

      နော်ဝေ စံတော်ချိန် ည ၁၁ ပါ ၊ မြန်မာ မှာဆို နံက် ၃ နာရီပေါ့

    • Foreign Resident

      August 16, 2011 at 3:51 pm

      နော်ဝေစံတော်ချိန် ည ၁၁ နာရီ

  • fatty

    August 16, 2011 at 3:17 pm

    ကောင်းသဗျာ … ဒါပေတဲ့ သိပ်တော့အားမရသေးဘူး …. ကိုယ်ချင်းမစာလို့ပြောတာတော့မဟုတ်ပါဘူးနော …. နဲနဲ ပိုရေးပါအုံး .. အားတော့နာတယ်။

  • fatty

    August 16, 2011 at 4:31 pm

    ဖတ်ကောင်းလွန်းလို့ မဝလို့ အားမရဘူးလို့ပြောတာနော် … ကျနော်စာရေးဖြစ်ခြင်းရဲ့အစကိုက
    ဒေါက်တာမောင်မောင်ညိုနဲ့ ဒေါက်တာအောင်ခင်ဆင့်တို့ရဲ့ ဆောင်းပါးတွေကြောင့် ပိုးဝင်သွားပြီး
    စာရေးဖြစ်တာမို့ ခရီးသွားဆောင်းပါတွေကို အရမ်းနှစ်သက်ပါတယ်။ အချိန်ပေးပြီးတင်ပေးတာကိုလဲ
    အားနာတယ်လေ။

    • nozomi

      August 16, 2011 at 5:11 pm

      ဟုတ်ကဲ့ ဆိုလိုတာကို သဘောပေါက်ပါတယ်
      ဖတ်ပေးတဲ့အတွက် ဝေဖန်အကြံပေးတဲ့အတွက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

      ကျွန်တော့် အခြေအနေက အသက်ကြီးကြီး လူတစ်ယောက် ဘာလေ့ကျင့်မှုမှ မရှိပဲ ဝေးဝေး ပြေးချင်နေတဲ့သူလို ဖြစ်နေတယ်

      ပြေးမယ် ဟဲ့ လို့ မာန်တင်းလိုက်ပေမဲ့ အလေ့အကျင့်နဲ့ သဘာက စကားပြောတော့ ဟောဟဲ ဟောဟဲ ဖြစ်နေတုန်းပဲ တဖြည်းဖြည်းနဲ့တော့ ဝေးဝေးပြေးနိုင်လာမှာပါ

      လူရွှင်တော်တွေ နောက်သလို “ ကပြချင်သော်လည်း ကျန်းမာရေးက မကောင်း ” ဆိုတာလိုပေါ့

  • pooch

    August 16, 2011 at 6:47 pm

    သေသေချာချာစေ့စေ့စပ်စပ်လေးကို ပုံတွေကို ရိုက်ခဲ့တာပဲ ပုံတွေကြည့်ပြီးကိုယ်ပါ ရောက်နေသလိုပဲ
    ဆက်ရေးပါအုန်း…

  • ဆူး

    August 16, 2011 at 8:34 pm

    ကောင်းပါတယ် သေသေသပ်သပ်လေး ရေးထားတာ ဖတ်ရတာ အဆင်ပြေတယ်။
    ပုံတွေထဲမှာ အရက်ပုလင်းတွေပဲ တွေ့တယ် အလှကုန်တွေ ဘာတွေ အိမ်က မိန်းမအတွက် လက်ချောင် ဝယ်မသွားဘူးလား.. ဟိဟိ..

    • nozomi

      August 17, 2011 at 9:47 am

      ဟုတ်ကဲ့ ဈေးကြီးတော့ လှတာလေးတွေကို ဓါတ်ပုံရိုက်ပြီး လက်ချောင် အဖြစ်ပေးလိုက်ပါတယ် 🙂

  • MaMa

    August 16, 2011 at 9:53 pm

    နေမဝင်တဲ့ညဘက်ကြီး မျက်လုံးအတင်းမှိတ် အိပ်ရတယ် ဆိုတာကို စိတ်ဝင်စားတယ်။
    ကြားဖူးတဲ့ တနှစ်လုံးမှာ ၂၄ နာရီ နေမဝင်တဲ့ရက်ရှိတယ်ဆိုတာ နော်ဝေမှာလား မသိဘူး။

  • blackchaw

    December 22, 2011 at 11:44 am

    ကိုနို ကြီးရေ။
    အဲဒီအချိန်က ကျွန်တော် ရွာထဲရောက်နေပြီဗျ။
    ဖတ်ကို မဖတ်လိုက်ရဘူးဗျာ။
    အခုမှ ပြန်ဖတ်ရင်းကွန်းမန့်ပေးရတာ ခွင့်လွှတ်ပါဗျို့။

  • windtalker

    December 22, 2011 at 12:48 pm

    ချီးဗက်စ် ပုလင်းတွေ မြင်တော့
    သဘောကျမိသဗျ
    ရှလွတ်

Leave a Reply