Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးဂေဇက် ဇွန်လ ၂၀၁၁ – အယ်ဒီတာ့သင်ပုန်း

kaiAugust 17, 20111min127338

အကြောင်းအမျိုးမျိုးကြောင့်အဖြစ်အမျိုးမျိုးတို့ကို ငြင်းခုန်ပြောကြ။ ဝေဖန်ဆွေးနွေးကြသည်မှာ လူ့ဓမ္မတာဖြစ်သည်။
အနိုင်ရမှု၊ ကျော်ကြားမှုဆီသို့ဦးတည်မသွားပဲ အဖြေတခုထွက်ရန်ရည်ရွယ်သော ဆွေးနွေးငြင်းခုန်မှုတို့သည် ကောင်းသောလူမှုဘဝ အခြေအနေတို့ကိုဖန်တီးနိုင်သည့် စွမ်းအားစွမ်းအင်များဖြစ်လေသည်။
အတိုက်အခံပြုခြင်း၊ ဆွေးနွေးညှိနှိုင်းစကားပြောခြင်းတို့ဖြင့်သာ ကိစ္စများမြောင် အဖြေထွက် ပြေလည်သွားစရာ အကြောင်းရင်းရှိပါသည်။ ပညာလိုလား စိတ်နှလုံးသားနှင့်ဆွေးနွေးခြင်းတို့သည် တိုးတက်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။
ထိုသို့စွမ်းနိုင်သည်ကို “ငြင်းခုန်ခြင်း အနုပညာ”ဟု ဆိုပါမည်။

မြန်မာတို့ငြင်းခုန်ကြသည်။
သို့သော် သမိုင်းတလျှောက် စံနစ်တကျ စစ်တမ်းကောက်ယူခြင်း အချက်အလက်စုဆောင်းခြင်းအားနည်းခဲ့ကြခြင်းနှင့် ဆိုရှယ်လစ်ခေတ်၊အာဏာရှင်တို့စံနစ်၏(ကျောင်းတွင်းစကားရည်လုပွဲလေးမျှပင် ခွင့်မပြုဝံ့ခဲ့သည့်)နိုင်ငံရေးခေါင်းဆောင် ဦးတည်ဖြစ်စေနိုင်သည့်အပြုအမှုအလေ့အကျင့်တို့ကို သင်းသတ်သည့်အုပ်ချုပ်ရေးစံနစ်ကြောင့် “ငြင်းခုန်ခြင်းအနုပညာ”ကျွမ်းကျင်မှုအားနည်းသည်ဟုဆိုချင်ပါသည်။
ထိုထိုသောအကြောင်းရင်းတရားတို့ကြောင့် မြန်မာတို့စကားပြောရာ၌ ငြင်းခုန်ရသည့်အခြေအနေရောက်လာလျှင် မညီမညွတ် ငြင်းခုံခိုက်ရန် ဖြစ်ပွားခြင်းဟူသော အကျိုးတရားဖက်ကူးပြောင်းသွားလေ့ရှိသည်။ အယူသဘောကွဲလွဲခြင်းခြင်းမှသည် “ရန်ငါစည်း”ဝင်လာကာ အုပ်စုကွဲပြား တင်းပြတ် ပြတ်သွားသည့်အဖြစ်တို့ လူမှုရေးနှင့်နိုင်ငံရေးနယ်တို့တွင် များစွာတွေ့ကြရပါလိမ့်မည်။ အချို့သူတို့သည် ထိုသောနိမိတ်အခြေတို့ကို ကြိုမြင်မိသဖြင့် ဝေဖန်ရေးမပြုဖြစ်အောင် တားမြစ်ပိတ်ပင်ခြင်း လုပ်မိသည်တို့ပင်ဖြစ်လာသည်လည်း ရှိ၏။ အာဏာရှင်စံနစ်၏အသီးအပွင့်များဟုသာဆိုချင်မိပါတော့သည်။

“ဝန်ခံခြင်း အနုပညာ”
ဆွေးနွေးငြင်းခုန်ကြရာတွင် မိမိမှားသည်ကို “မှားမိပါသည်”ဝန်ခံပြောခြင်းသည်လည်းတိုးတက်ရာလမ်းပေါ်ရှေ့ရှုသွားနိုင်လေသည်။ ဝန်ခံခြင်းအားဖြင့် ကျသွားသော လူ့သိက္ခာ
ဟူသည် မရှိစကောင်း..။
ဂေါတမဗုဒ္ဓ ဘုရားရှင်သည် လွန်ခဲ့သော နှစ် ၂၅၀ဝကျော်ကပင် ရဟန်းသံဃာတို့အတွက် စည်းကမ်း(ဝိနည်း)များချထားပေးခဲ့သည်။ ထိုဝိနည်းများကို ချိုးဖေါက်ကျုးလွန်မိလျှင်လည်း အပြစ်ဖြေလျှော့နိုင်ရန် ဝန်ခံခြင်း(အာပတ်ဖြေခြင်း) ပြုရန်နည်းလမ်းများနှင့်တကွသတ်မှတ်ပေးထားချက်ရှိ၏။
ကမ္ဘာ့ကိုးကွယ်သူအများဆုံးဘာသာကြီးတွင်လည်း Confession လုပ်ခြင်းဖြင့် မိမိ၏ညစ်နွမ်းမှုတို့ လျှော့နည်းပြေပျောက်စေရန် သတ်မှတ်ထားချက်ရှိပါသည်။
အမှားကို ဝန်ခံခြင်း၊ အမှန်ကို လက်ခံခြင်းသည် လူသား၏ကောင်းသော အသိသညာ၊သတိရှိသော အနုပညာပင်ဖြစ်လေသည်။

“မိတ်ငါစည်း”
အမှန်တကယ်တွင် Aggree to Disgree စကားသည်ရှိ၏။ အချက်အလက်တို့နှင့် စံနစ်တကျကောက်ယူထားသော စစ်တမ်းတို့သည်ရှိ၏။လူအများသိသာအောင်ထုတ်ပြန်ထားသောသတင်းအချက်အလက်တို့သည်လည်းရှိ၏။ ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ကြသော ပရောဖက်ရှင်နယ်-ပညာသည် တို့သည်လည်း ရှိ၏။
မိတ်ဆွေ(မိတ်)နှင့်မိမိ(ငါ)- “မိတ်ငါစည်း”ဘောင်တွင်နေကြပါမူ ငြင်းခုန်အငြင်းပွားကြသည်တို့တွင် အချက်အလက်စွဲကိုင်ပြောသူကို သတင်းစကားသယ်ယူလာသူအဖြစ်သာ မြင်ကြရန်အကြောင်းရှိပါသည်။
“သတင်းစကားသယ်ဆောင်လာသူကို ဘယ်သောအခါမှ မသတ်စကောင်း..။ ”
သတင်းစကားသည် အချက်အလက်ဖြစ်၍ အချက်အလက်ကို ဦးတည်တိုက်ခိုက်ဆွေးနွေးကြရန်သာရှိသည်။ သတင်းသယ်လာသူ လူသားသည် ရန်သူမဟုတ်ပေ။
သို့သော်.. အခြေအမြစ်မရှိ မသိနိုင်သောတနေရာမှ တိုက်ခိုက်ဝေဖန်သူများ(ပစ်စာပို့သူများ)ကို စာရင်းတင်တွက်ရန်မျှပင်မလိုချေ။ မိမိ၏ရပ်တည် တည်ရှိမှုကိုပင်မပြရဲသောသူ၏ ဆွေးနွေးဝေဖန်မှုတို့ကို စည်းဝိုင်းတွင်း၌ ထည့်သွင်းစဉ်းစားရန်ပင်မသင့်ပါ။

ငြင်းခုန်ကြရာတွင် မိမိမှ စိတ်ရင်းကောင်းဖြင့် ဆွေးနွေးပြောဆိုခြင်း ယုတ္တိဗေဒနည်းကျ ကျိုးကြောင်းဆင်ခြင်ခြင်းတို့ဖြင့် အမှန် တရားကို ဆန်းစစ်ရှာဖွေနိုင်ပါသည်။ ပေါင်းစု စည်းရုံးခြင်းနှင့် ညီညွတ်ခြင်းဖြစ်နိုင်ပါသည်။  အကျိုးစီးပွား ဖြစ်ထွန်း၍ မိတ်ဆွေတိုးစေနိုင်ပါသည်။
(Freedom)လွတ်လပ်ခြင်းဟူသည် သဘောထားကွဲလွဲခြင်း ဆွေးနွေးငြင်းခုန်ခြင်း ညှိနှိုင်းစကားပြောခြင်းတို့ဖြင့် အထပ်ထပ်အမြုတေကျအောင် တည်ဆောက်ထားခြင်းသာဖြစ်သည်။
လူတဦးချင်းစီ၏ လွတ်လပ်ခြင်းနှင့် အခွင့်အရေးကို မြတ်နိုးပါလျှင် မိတ်ငါစည်းဘောင်တွင်းသာ နေထိုင် ငြင်းခုန်ဝေဖန်ထောက်ရှုကြရမည်ဖြစ်ပါသည်။

“ခေါင်းဆောင်မှုအနုပညာ”
စကားပြောကျွမ်းကျင်သူဟူ၍လည်းရှိပါ၏။ အဆိုပါကျွမ်းကျင်သူတို့မှာ လူတဖက်သားကို ဆွဲဆောင်စည်ရုံးနိုင်စွမ်းရှိသူဖြစ်လျှင် ခေါင်းဆောင်အရည်အချင်းတခုပြည့်သူဆိုရပေမည်။ခေါင်းဆောင်တို့တွင် ခေါင်းဆောင်မှု
အနုပညာရှိ၏။ ခေါင်းဆောင်ဆိုသည်ကို မိမိကိုယ်နှိုက်က ပြန်သတ်မှတ်ရသည်မဟုတ်..။ ခေါင်းဆောင်ဆိုသူများကို စင်မြင့်ပေါ်တင်ပြီး တဦးနှင့်တဦး စကားစစ်ထိုး ဆွေးနွေးငြင်းခုန်ကြစေကာ လူအများစုအဆုံးအဖြတ်ရယူနိုင်ပါသည်။ အဆုံးအဖြတ်ကို မဲခွဲချခြင်းဖြင့် တိကျသောရလဒ်ထွက်သွားမည်ဖြစ်ပေသည်။

“မီဒီယာ”
နိုင်ငံရေးသမားများ ဆွေးနွေးငြင်းခုန်ရာတွင် လူအများစုရပ်တည်ရာဖက်သည် အမှန်များသည့်ဖက်(သို) အနိုင်ရသူဖက်ဖြင့်သင့်သည်။ ထိုသို့ဆိုရာတွင် လူအများစုဆိုသည် မည်သည့်နေရာဒေသမှ အရေအတွက်နည်း၊ စင်မြင့်အောက်မှ ပရိဿတ်လော။ မိမိပါတီမှ
သူများသာလော၊စသဖြင့်သတိပြုစရာဖြစ်လာသည်။ထိုအခါလူထုပရိသတ်ကြီးနှင့်အရေအတွက်အများစုကို (မည်သည့်ဘက်လိုက်မှုမှမပါ )တိုက်ရိုက်အသိပေးရသည့် မီဒီယာ၏အခန်းကဏ္ဍသည်အလွန်အရေးပါလာပါသည်။ ဒီမိုကရေစီတွင် လူအများစု၏ဆန္ဒအတိုင်းအနိုင်ပေးရန်ရှိရသော်ငြား လူနည်းစု၏ သဘောထားနှင့်မှတ်ချက်ကိုလည်း နှိပ်ကွပ်ပစ်ပယ်လိုက်ရသည်မဟုတ်ပါ။အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ လူတဦးခြင်းစီ၏ သဘာထားမှတ်ချက်မျှကိုပင်အသိအမှတ်ပြုရမည်။ မီဒီယာတွင်ဖေါ်ပြမှတ်တမ်းတင်ရသည်။အနိုင်ရသူသည် မိတ်ဖက်တဖက်သားတည်ရှိဆွေးနွေးပေးမှုကြောင့်သာ လူထုအများစုမှ အနိုင်ပေးလိုက်သည်မဟုတ်ပါလား..။
သို့ဖြစ်၍ ပွင့်လင်းသောနှလုံးသားဖြင့် ဆွေးနွေးငြင်းခုန်ခြင်းတို့တွင် “ရှုံးသူမရှိ။ နိုင်သူသာရှိ”သည်။

လွတ်လပ်စွာ တွေးယူဖော်ထုတ် သဘောထားကွဲလွဲကြရင်း “ငြင်းခုန်ခြင်း အနုပညာ”ကို ခံစားကြပါစို့..။ ♦

38 comments

  • etone

    August 17, 2011 at 4:16 pm

    သဂျီးကတော့ လုပ်တော့မယ် … ငြင်းခုန်ခြင်းပဲ အနုပညာပဲ ဖြစ်ရသေးတယ် ဟီးဟီး 😀
    ရွာထဲမှာလည်း စကားနပန်း အစီစဉ်လုပ်လိုက်လျှင်ကောင်းမယ် … ။ ဒါမှ … နောက်ပိုင်းတွေ့ဆုံပွဲဆိုတာနဲ ့… လောင်ချာကိုင်ပြီး ချီတတ်လာကြမယ် ထင်တယ် … 😛

  • kai

    August 17, 2011 at 4:23 pm

    အင်း..ခုတလော.. ရွာထဲ…အငြင်းအခုန်လေးတွေရှိတာမို့.. အနုပညာသဘောလေး..ဖြစ်ကြောင်းပြောပြတာရယ်ပါ..။

    ဟိုမှာ.. ကိုရင်မိုက်ကယ်က.. သူကြီးစာမရေးဘူးလုပ်နေတယ်လေ…။
    အဲဒါကိုလည်း.. မဟုတ်ပါကြောင်းပြရင်းပေါ့..။

  • pooch

    August 17, 2011 at 4:23 pm

    သူကြီးရဲ့ ငြင်းခုံခြင်းအနုပညာ၊ ဝန်ခံခြင်းအနုပညာ ၊ မိတ်ငါစည်း၊ ခေါင်းဆောင်မှု အနုပညာ၊ မီဒီယာ စတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို သဘောကျတယ်။ ဟုတ်ကဲ့ပါ သူကြီး မှတ်ထားပါ့မယ်။ ကျင့်သုံးနိုင်အောင်လည်း ကြိုးစားပါ့မယ်။

  • nozomi

    August 17, 2011 at 4:25 pm

    ကိုအောင်ပု ကျုပ်တို့သူကြီးကို copy/paste ပဲ လုပ်တဲ့သူလို့ မပြောပါနဲ့ ဗျ မအားလို့ ရွာသူ ရွာသားတွေကိုဦးစားပေးချင်လို့ မရေးသေးတာပါ အခု တွေ့ပြီ မို့လား

    ရွာထဲမှာ အလေ့အကျင့်ရလာတဲ့ ငြင်းခုန်ခြင်အနုပညာကနေ မြန်မာပြည်ထဲ ပြန့်ပွားသွားစေချင်ပါတယ်

  • alinsett

    August 17, 2011 at 6:22 pm

    အိမ်း…… ကောင်းပါလေ ့ ၊ကောင်းပါလေ့ ။ မှား တာကို လုပ်တဲ ့သူဟာ…အမှားကို ဝန်ခံရဲ ဖို ့လိုတာပေါ့။

    ဒါပေမယ် ့ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှား မိဖို ့လည်း လိုတယ်နော် ။

  • ogre

    August 17, 2011 at 6:26 pm

    သူကြီးရဲ့ အနုပညာလေးသဘောကျပါတယ်ဗျာ
    “ရှုံးသူမရှိ။ နိုင်သူသာရှိ”တဲ့
    ငြင်းခုန်ခြင်းအနုပညာလေးကို
    မန်ဂေးဇက်မှာဆက်လက်ငြင်းခုန်ကြတာပေါ့..။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 17, 2011 at 6:37 pm

    ဒါမှ ဒို့သဂျီး
    တွေ့ဂျဒယ်မလား
    စာကိုဘယ်လိုရေးရတယ်ဆိုတာ

  • hmee

    August 17, 2011 at 8:23 pm

    ဘယ်ကိစ္စကိုမဆို အချက်အလက် တိတိကျကျနဲ့ ဝေဖန်ထောက်ပြပေးနိုင်တဲ့ သူကြီးကို လေးစားရင်း လေးစားလျှက်ပါ။ ကျွန်မတို့တွေ သူကြီးကိုမှီဖို့ နောက် ဆယ်နှစ် ဆယ်နှစ် (ကျော်ဟိန်း လေသံဖြင့်) 🙂

  • weiwei

    August 17, 2011 at 8:29 pm

    ငြင်းရတာတော့ အင်မတန်ဝါသနာပါတယ် … ဒါပေမယ့် ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ပဲ ငြင်းချင်တယ် … စကားနိုင်လုသလိုမျိုးပေါ့ … အထူးသဖြင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေ …

  • nature

    August 17, 2011 at 8:58 pm

    မင်္ဂလာတရားတော်ထဲမှာ ဆိုဆုံးမလွယ်ခြင်းသည် မင်္ဂလာတပါးလို့ ပြောထားပါတယ်။ ဆွေးနွေးငြင်းခုံခြင်းသည် သဘောထားကြီးသူများအတွက် အတွေ့အကြုံ ဗဟုသုတ တိုးသည်ဟု ဆိုနိုင်သော်လည်း သဘောထားသေးသူများအတွက် အမုန်းနှင့် အညှိုးများတိုးစေနိုင်သည်ဟု ထင်မြင်မိပါသည်။

  • unclegyi1974

    August 17, 2011 at 9:59 pm

    ၁ အကျိုးအကြောင်းအကောင်းအဆိုးဖော်ပြပြီးငြင်းတဲ့သူနဲ့
    ၂ ငါ့စကားနွားရငြင်းတဲ့သူ
    အမှတ်စဉ်၁ လိုလူနဲ့ငြင်းရတာဗဟုသုတလည်းတိုးပညာလည်းရလို့ငြင်းသင့်ပါတယ်
    အမှတ်စဉ်၂ လိုလူနဲ့ငြင်းရတာရန်ပွါးယုံကလွဲလို့ဘာမှအကျိုးမရှိလို့စကားကိုမပြောသင့်ပါဘူး

  • ရာဇဝင်လူဆိုး

    August 17, 2011 at 10:13 pm

    သူကြီးရေ.. ဒါမှဗျ.. ဦးစီခေါင်းဆောင်ကောင်းဆိုတာ… ဒါ တိုင်းပြည်တစ်ခုမဟုတ်သေးဘူးနော်..။ ဝက်ဆိုဒ်တစ်ခုကို ဦးစီးတဲ.သူကြီး..ဒို.သူကြီးကွ။ ဗမာပြည်မှာလဲ ဒီလို ဦးစီးဦးဆောင်လုပ်မယ်သူမျိုး၊ တရာမျတတဲ.သူမျိုး ၊ ပွင်.လင်းတဲ. အမြင်ရှိတဲ. ပြည်သူတွေလိုအပ်နေတာ အသေအချာပဲဆိုတာ ကျနော်မြင်မိတယ်။ ကဲ ဒို.သူကြီး လုပ်ပေးဖို.၊ ပြောပေးဖို. ကျနော် မျော်လင်.တယ် ကိုခိုင်ဆိုတဲ. သူကြီးရေ……………………………..အန်ကယ်ကြီးစကားလဲ ကျူပ်လိုတောသား လက်ခံတယ်ဗျ

  • windtalker

    August 17, 2011 at 10:16 pm

    အမြင်မတူကြတဲ့ အကြောင်းအရာ တစ်ခု ကို ပုစ္ဆာတစ်ပုဒ်
    မတူသော အတွေးအခေါ်များဖြင့် ငြင်းခုန်ခြင်းသည် သင်္ချာ ဟု သတ်မှတ်ခဲ့လျှင်
    အဆုံးသတ် သည် အဖြေမှန် တစ်ပုဒ် ဖြစ်သည် ။

  • သူကြီးရေ

    တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အမြင်တွေကို
    တင်ပြကြတာ သိပ်ကောင်းပါတယ်။
    အကျုးိအကြောင်းဆီလျော်စွာ ပြောဘို့ တော့ လိုမှာပေါ့။
    လူတစ်ယောက်နဲ့တစ်ယောက်အဖြစ်အပျက်မတူသလို
    အတွေ့အကြုံချင်းလဲမတူတော့ အတွေးလဲမတူနိုင်ဘူး။
    ဒီတော့ အမှန်ရောက်အောင်ညှိယူကြရမှာဘဲ။
    ငြင်းခုန်ဆွေးနွေးခြင်းကို အကြွင်းမဲ့လက်ခံပါတယ်။
    မှားသွားရင်လဲ ဝန်ခံရဲတဲ့သတိ္တရှိသင့်ပါတယ်။

  • MaMa

    August 17, 2011 at 10:45 pm

    သဂျီးက ရွာသူရွာသားတွေကို ပညာပေးလို့ သဂျီးပေးတဲ့ပညာနဲ့ ရွာသူရွာသားတွေကလည်း သဂျီးကို ထိန်းကျောင်းမောင်းနှင်နေပါပြီကောလား။
    သံဃာ့အား ဘုရားမလွန်ဆန်နိုင်ဆိုတဲ့ စကားလေးကို သဘောကျတယ်။ မိုက်ကယ် (မိုက်ကယ်= ရွာလူကြီး၊ ရွာသူရွာသားများကိုယ်စား) အားလည်း သဂျီးမလွန်ဆန်နိုင်ပါတကား။ 🙂

  • ရာဇဝင်လူဆိုး

    August 17, 2011 at 10:49 pm

    ကိုပေါက်ရေ… ကျနော်တို. ဗမာတွေရဲ.အားနည်းချက်က အမှားကို ဝန်မခံရဲတာပဲ အကိုကြီးရ။ ဒါကို ကျနော်တို. အများကြီးမလုပ်နိုင်တောင် ဒီဆိုဒ်မှာရှိတဲ.သူတွေကို အသိတွေပေးနိုင်ရင် ကျနော်တို.MG အတွက်ရော ဗမာပြည်အတွက်ပါ အကျိုးရှိလာမှာပါ။ ကျနော် တောသားပါ ကိုကြီးပေါက်..။

  • zaw min

    August 17, 2011 at 11:10 pm

    ငြင်းခုံခြင်းအနုပညာလို့ အမည်သညှာ မှဲ့ခေါ်တာလွန်စွာသဘောကြမိပါတယ်။အမှန်တော့ အွန်လိုင်းကနေ မိမိတို့ရဲ့ကိုယ်တွေ့၊စာတွေ့၊အထွေထွေ ဗဟုသုတလေးတွေကိုဖလှဲတဲ့ နေရာလေးပါ။တစ်ဦးနဲ့တစ်ဦး လေးစားသမှုနဲ့ပြောဆို ဆွေးနွေးကြရင် အကောင်းဆုံးပါပဲလို့မြင်မိပါတယ်။

  • minthakhin

    August 18, 2011 at 12:33 am

    ငြင်းကြခုန်ကြနဲ ့ဒီရွာထဲမှာပျော်စရာကောင်းပါတယ်ဗျာ။ အသားလွတ်ငါ့စကားနွားရလည်းမပြောဘူး၊ ရိုင်းလည်းမရိုင်းဘူးဆိုတော့ ဒီလိုငြင်းတာမှပျော်စရာမကောင်း ဘယ်ဟာပျော်စရာကောင်းတော့မလဲ။
    ပြီးတော့ကိုယ်မမြင်နိုင်တဲ့ ရှုထောင့်တွေကနေလည်း မတူညီတဲ့အမြင်တွေကိုသိရတယ်လေ။
    ပြီးတော့ ဒီမှာငြင်းကြတယ်ဆိုတာလဲ အဖြေတစ်ခုဆီကိုဦးတည်သွားနေတာရယ်၊ကိုယ့်အမြင်သူ ့အမြင်ကိုဖလှယ်နေကြတာရယ် ဘဲများပါတယ်။ ဟုတ်ကြပါတယ်နော်။
    ကျွန်တော်တို ့ နိုင်ငံကြီးရဲ ့စာသင်စနစ်ကိုလည်း အခုဒီမှာလိုမျိုးဖြစ်စေချင်တယ်ဗျာ။အခုဟာက ဆရာကသင်၊တပည့်ကနားထောင်၊ ပြီးရင်အလွတ်ကျက်၊အလွတ်ပြန်ဖြေ ဒီလိုမျိုးက သင်ကြားမှုမှာ 95 ရာခိုင်နှုန်းလောက်ဖြစ်နေတယ်လေ။ သင်ကြားမှုအပေါ်မှာ ဆရာနဲ ့တပည့်ဆွေးနွေးတာမျိုး၊ ကျောင်းသားချင်း ငြင်းခုန်တာမျိုးဆိုတာ အင်မတန်မှတွေ ့ရခဲပါတယ်။ အဲ နိုင်ငံခြားကို ပညာတော်သင်ပဲဖြစ်ဖြစ်၊ငွေကြေးတတ်နိုင်လို ့ပဲဖြစ်ဖြစ်၊အကြောင်းအမျိုးမျိုးကြောင့်ပညာသင်သွားရပြီဆိုရင်တော့ မတူညီတဲ့သင်ကြားမှုပုံစံနဲ ့တွေ ့ပြီး
    (အစပိုင်းမှာတော့) တိုင်ကိုအလုံးလိုက်ပါတ်တော့တာပါဘဲ။ ဒါကြောင့်မိုလို ့ အခုမြန်မာပြည်ပညာရေးစနစ်ပြောင်းနေတယ်ဆိုရင် ဆရာဆရာမတွေကို လည်း ဒီလိုပုံစံမျိုးနဲ ့သင်ကြားပြသပေးကြပါဆိုပြီး ပညာပေးတွေလုပ်ပေးရင်ကောင်းမယ်။ အမှားကိုဝန်ခံဖို ့ဆိုတာတော့
    ပြောတော့သာလွယ်တာနော် တကယ်ဝန်ခံဖို ့ဆိုရင် ကိုယ့်အမှားကို ကိုယ်ပြန်သိဖို ့ကပိုခက်တယ်ဗျ။
    အဲဒါကြောင့် သူများကိုယ့်ကိုပြန်ပြောပြီဆိုရင် ကိုယ်ဘာပြောထားခဲ့သလဲဆိုတာ အရင်ပြန်မှတ်မိအောင်လုပ်ရသေးတယ်။ တခါတလေကျတော့ ကိုယ်ပြောချင်တာတစ်မျိုး ပါးစပ်ကပြောမိတာတခြား (လက်ကရေးမိတာတခြား) ဖြစ်တတ်တယ်လေ။ မှားမှန်းသိလို ့ကတော့ ဝန်ချတောင်းပန်ခြင်းက အမှန်တရားဆီရောက်ဖို ့လက်တစ်ကမ်းဘဲလို ့တော့တာပဲလေ။မှားမှန်းသိသိချည်းနဲ ့ဆက်မလုပ်ရင်ပေါ့။

  • Foreign Resident

    August 18, 2011 at 8:14 am

    In fact, Military regime intentionally made it,
    ဆိုရှယ်လစ်ခေတ် & အာဏာရှင်တို့စံနစ်၏ ( ကျောင်းတွင်းစကားရည်လုပွဲလေးမျှပင် ခွင့်မပြုခဲ့ )
    နိုင်ငံရေးခေါင်းဆောင် ဖြစ်စေနိုင်သည့် အပြုအမှု အလေ့အကျင့်တို့ကို သင်းသတ်သည့် စံနစ်ကြောင့်
    “ ငြင်းခုန်ခြင်းအနုပညာ ” ကျွမ်းကျင်မှုအားနည်းသည် ။

    ထိုကြောင့်
    မြန်မာတို့ စကားပြောရာ၌ မညီမညွတ် ငြင်းခုံခိုက်ရန် ဖြစ်ပွားလေ့ရှိသည်။
    နိုင်ငံရေးပါတီ တွေ အလုပ်ကမလုပ်ရသေးဘူး ကွဲတာပြဲတာကအရင် ဖြစ်ပွားလေ့ရှိသည်။

    For example,
    Previous election in America,
    Hilary Clinton & Barak Obama fiercely fight against each other
    to get the position of nominated presidential candidate of Democratic Party.
    Obama narrowly won Mrs. Clinton.
    But, they didn’t become enemy,
    their Democratic Party didn’t break ( split ) &
    Finally, they even worked together in same government.

  • MaMa

    August 18, 2011 at 8:43 am

    အမေရိကန်သမ္မတ အလွဲအပြောင်းအကြောင်းကို ရီဂင်နဲ့ ကလင်တန် တုန်းက ဂျာနယ်တစ်ပုဒ်မှာ ဖတ်ဖူးတယ်။ သေသေချာချာတော့ ပြန်မပြောတတ်ဘူး။ မဲဆွယ်ပွဲတုန်းက တစ်ယောက်ကို တစ်ယောက် အပြစ်ရှာ မညှာမတာ ပြောကြပေမယ့် သမ္မတရာထူးကို လွှဲပြောင်းပေးတဲ့အခါကျတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဆွဲနှုတ်ဆက်၊ အနိုင်ရသူကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြု၊ တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေကို ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းပေးတာ အလွန်ကို မင်္ဂလာရှိတယ်လို့ ခံစားရတယ်။ အဲလို မြင်ကွင်းမျိုး မြင်ချင်ပါတယ်။

  • pan pan

    August 18, 2011 at 9:11 am

    တို့သဂျီး ဒီမိုကရေစီကျတယ်
    ဝန်ခံခြင်းအနုပညာတဲ့
    ဒီကနေ့ အဲဒီအနုပညာသုံးလိုက်ဦးမယ်
    ဝန်ခံစရာရှိလို့

  • ကြောင်ကြီး

    August 18, 2011 at 10:03 am

    သဂျီးကျနော့်ကို စာကြမ်းရေးခ မပေးရသေးဘူးနော်။ ဒီပို့စ်နဲ့တော့မဆိုင်ပါဘူး။ သတိရတုံး ပြောထားတာ။

    • MaMa

      August 19, 2011 at 6:46 am

      ဒါ သဂျီးရေးတာ ထင်ပြီး ရွာသားတွေက ဂုဏ်ယူနေကြတာ။ ရှဲဒိုးကြီးလား။
      😀 😀 😀

  • manawphyulay

    August 18, 2011 at 10:13 am

    အယူအဆ မတူမျှလို့
    ဝါသနာတူ လာစုစဉ်
    ငြင်းကြခုန်ကြ
    မန်းဂေဇက်တွင်
    သံယောဇဉ်ရှိနေသရွေ့
    ဆက်လက် အနုပညာများ ဖြန့်ဝေနေပါဦးမည်………

  • နိုင်ကြီး

    August 18, 2011 at 3:20 pm

    သူကြီးက ရွာကိုဦးစီ တယ် ရွာသားတွေကသူကြီးကိုတည့်မတ်ပေးတယ်
    ဒါ့ကြောင့် ဒီရွာကို ချစ်နေတာ

  • ဆူး

    August 18, 2011 at 7:18 pm

    အခု တလော အငြင်းအခုန်တွေ အဆုံးသတ်ဖို့ ကြိုးစားနေတယ်။
    ကိုယ်တိုင်လည်း ပွဲတွေ့မဲ့ ကိစ္စမျိုး လက်ရှောင်ဖို့ စိတ်ကူးထားတယ်။

  • Tiger mg

    October 23, 2011 at 9:47 am

    သဂျိင်ခီး(သဂျီးခိုင်)
    ကောင်းလိုက်တဲ့စာလုံးအသုံးအနှုန်းလေးဗျာ” ငြင်းခုန်ခြင်းအနုပညာ”တဲ့။
    ကျွှန်တော့အမြင်လေးပြော၇ရင်…အဲလို positive ဆောင်တဲ့ငြင်းခုန်ပွဲ( Debate) တွေကို အခြေခံကျောင်း
    တွေကနေစပြီးပြုစုပျိုးထောင်ပေးသင့်ပါတယ်။ အဲဒါမှ ကျောင်းသား၊လူငယ်လူရွယ်ဘဝကစပြီး စဉ်းစားတွေး
    ခေါ် တတ်တဲ့အကျင့်လေးတွေ ရရှိပြီး လူမူ့ အသိုင်းအဝန်းနဲ့ပူးပေါင်းလုပ်ကိုင်တဲ့ အခါမှာ သူ့အမြင်၊
    ကိုယ့်အမြင်ကို ဖလှယ်ပြီး အောင်မြင်မူပန်းတိုင်ကို အရောက်သွားရာမှာအဆင်ပြေမယ်လေ။

  • မင်းပြည့်ရှိန်

    November 24, 2011 at 2:59 am

    “မန္တလေးဂေဇက် ဇွန်လ ၂၀၁၁ – အယ်ဒီတာ့သင်ပုန်း”

    “ဝန်ခံခြင်း အနုပညာ”
    “မိတ်ငါစည်း”
    “ခေါင်းဆောင်မှုအနုပညာ”
    “မီဒီယာ”

    အယ်ဒီတာ့ သင်ပုန်း ထဲ ဘာတွေများ ထည့်ဖြည့်ရန် လိုပါသေးသလဲ ခင်ဗျာ…

  • kyeemite

    March 17, 2012 at 9:53 am

    သဂျီးပြန်ညွှန်းတော့မှဘဲ ဒီပို့စ်ကိုဖတ်ရတော့တယ်
    ကျေးဇူးပါဗျာ..ငြင်းခုံခြင်းအနုပညာ ကိုကြိုက်သဗျို့

  • Don Juan Ronald

    March 17, 2012 at 10:53 am

    “မီဒီယာ”
    သည်၊တတိယအင်အားစုဖြစ်ပြီး၊
    အများပြည်သူအတွက်၊
    မည်သူ ့ဘက်ကိုမှမျက်နားမပေးသင့်ဘဲ၊
    အာဏာပိုင်များနှင့်အတိုက်အခံများကိုစောင့်ကြပ်ပေးသောအထူးအရေးကြီးဆုံးအရာလည်းဖြစ်ပါ၏။

  • water-melon

    March 17, 2012 at 10:58 am

    သများတိုု့လည်း
    ငြင်းမယ်ခုုန်မယ်ကမယ် သူကြီးချင့်
    သူကြီး တူမရေ နေကောင်းရဲ့လား ( စိန်ပေါက်ကိုုယ်စားမေးပေးတာပါ)
    သူကြီးလည်း နေကောင်းအောင်နေနော်
    သူကြီးနေကောင်းမှ မန်းလေးဂဇတ်ရွာကတည်နေမှာ
    သူကြီးမရှိရင်ရွာပူတယ် 😀

    • အယ် .. သဂျီးက ငြင်းခုန် ခိုင်းတာပါ ..
      က ခိုင်းတာ ပါပါဘူး …
      ဗြဲသီး သူ က ချင်တိုင်း … 😀
      ညည်း က ရင်တော့ နာက လက်ခုပ် တီးပေးမယ် သိရား …
      ဒါနဲ့ … သဂျီး မရှိရင် ရွာပူဒယ် ဆိုတာ ဘာတုန်းအေ့ …
      သဂျီးကို ဂျီပုန်းဂျီး … အဲ .. ရေပုံးဂျီး လို့ ကြောတာလား …
      😀 😀

  • thit min

    December 2, 2012 at 3:03 pm

    မူလပို့စ်၏ အနှစ်ချုပ် (အချက်အလက် လို သွားလျှင်ဖြည့်ပေးနိုင်ပါသည်)

    “ငြင်းခုန်ခြင်း အနုပညာ”

    1. အနိုင်ရမှု၊ ကျော်ကြားမှုဆီသို့ဦးတည်မသွားပဲ အဖြေတခုထွက်ရန်ရည်ရွယ်သော ဆွေးနွေးငြင်းခုန်မှု

    2. ပညာလိုလား စိတ်နှလုံးသားနှင့်ဆွေးနွေးခြင်း …………ဟု ဆိုပါမည်။
    ————————————–

    “ဝန်ခံခြင်း အနုပညာ”

    1. မိမိမှားသည်ကို“မှားမိပါသည်”ဝန်ခံပြောခြင်းသည်လည်းတိုးတက်ရာလမ်းပေါ်ရှေ့ရှုသွားနိုင်လေသည်။

    2. အမှားကို ဝန်ခံခြင်း၊ အမှန်ကို လက်ခံခြင်းသည် လူသား၏ကောင်းသော အသိသညာ၊သတိရှိသော အနုပညာပင်ဖြစ်လေသည်။
    —————————————

    “မိတ်ငါစည်း”

    1. မိတ်ဆွေ(မိတ်)နှင့်မိမိ(ငါ)-“မိတ်ငါစည်း”ဘောင်တွင်နေကြပါမူငြင်းခုန်အငြင်းပွားကြသည်တို့တွင်အချက်အလက်စွဲကိုင်ပြောသူကိုသတင်းစကားသယ်ယူလာသူအဖြစ်သာမြင်ကြရန်အကြောင်းရှိပါသည်။

    2. အချက်အလက်ကိုဦးတည်တိုက်ခိုက်ဆွေးနွေးကြရန်သာရှိသည်။

    3. ငြင်းခုန်ကြရာတွင်မိမိမှစိတ်ရင်းကောင်းဖြင့်ဆွေးနွေးပြောဆိုခြင်းယုတ္တိဗေဒနည်းကျ
    ကျိုးကြောင်းဆင်ခြင်ခြင်းတို့ဖြင့်အမှန်တရားကိုဆန်းစစ်ရှာဖွေနိုင်ပါသည်။

    4.ပေါင်းစုစည်းရုံးခြင်းနှင့်ညီညွတ်ခြင်းဖြစ်နိုင်ပါသည်။အကျိုးစီးပွား ဖြစ်ထွန်း၍ မိတ်ဆွေတိုးစေနိုင်ပါသည်။

    ————————————–

    “ခေါင်းဆောင်မှုအနုပညာ”

    1.လူတဖက်သားကိုဆွဲဆောင်စည်ရုံးနိုင်စွမ်းရှိသူဖြစ်လျှင်ခေါင်းဆောင်အရည်အချင်းတခုပြည့်သူဆိုရပေမည်။

    2. ခေါင်းဆောင်ဆိုသည်ကို မိမိကိုယ်နှိုက်က ပြန်သတ်မှတ်ရသည်မဟုတ်..။
    —————————————

    “မီဒီယာ”

    1.ဒီမိုကရေစီတွင် လူအများစု၏ဆန္ဒအတိုင်းအနိုင်ပေးရန်ရှိရသော်ငြား လူနည်းစု၏ သဘောထားနှင့်မှတ်ချက်ကိုလည်းနှိပ်ကွပ်ပစ်ပယ်လိုက်ရသည်မဟုတ်ပါ။ လူတဦးခြင်းစီ၏ သဘောထားမှတ်ချက်မျှကိုပင်အသိအမှတ်ပြုရမည်။ မီဒီယာတွင်ဖေါ်ပြမှတ်တမ်းတင်ရသည်။

    2. အနိုင်ရသူသည် မိတ်ဖက်တဖက်သား တည်ရှိဆွေးနွေးပေးမှုကြောင့်သာ လူထုအများစုမှ အနိုင်ပေးလိုက်သည်မဟုတ်ပါလား..။

    ~~~~~~~~~~~~~~~~~~~
    Final Message

    သို့ဖြစ်၍ ပွင့်လင်းသောနှလုံးသားဖြင့် ဆွေးနွေးငြင်းခုန်ခြင်းတို့တွင် “ရှုံးသူမရှိ။ နိုင်သူသာရှိ”သည်။

  • thit min

    December 2, 2012 at 3:04 pm

    ဆွေးနွေးချက် ၁။
    အရင်ဆုံး အကြောင်းအရာရဲ့ အဓိကအချက်ကိုဆွေးနွေးပါမယ်။
    အပေါ်ကစာတွေဟာ ငြင်းခုန်ခြင်းအနုပညာ ကို ပုံဖော်ထားတာမလို့ အဲဒီစာတွေကိုခေါင်းစဉ်ပေးမယ်
    ဒါမှမဟုတ် အဓိကအချက်ကိုပြောရမယ် ဆိုရင် “ငြင်းခုန်ခြင်း အနုပညာ” ပါဘဲ။
    ကျနော် ဆွေးနွေးလိုတာက အဲဒီ ထဲက “အနုပညာ” ဆိုတဲ့ စကားလုံးလေးကိုပါ။

    အပေါ်က လို အနှစ်ချုပ်ပြီးကြည့်လိုက်တော့ စိတ်နှလုံးကောင်း၊စိတ်ရင်းကောင်း အခြေခံထား
    ဆွေးနွေးဖို့ ဆိုတာအဓိကလို့ တွေ့ရပေမဲ့
    တကယ်တမ်းမှာတော့ အနုပညာဆန်ရဲ့လားလို့စဉ်းစားမိလို့ပါ။
    ဆိုလိုချင်တာက “အတတ်ပညာ” များဖြစ်လေမလားလို့။

    ART ကိုဘာသာပြန်တယ်လို့ မှန်းကြည့်မိတယ်။
    ART (noun)
    1. the quality, production, expression, or realm, according to aesthetic principles, of what is beautiful, appealing, or of more than ordinary significance.
    2. the class of objects subject to aesthetic criteria; works of art collectively, as paintings, sculptures, or drawings: a museum of art; an art collection. See fine art, commercial art.
    3. a field, genre, or category of art: Dance is an art.
    4. the fine arts collectively, often excluding architecture: art and architecture.
    5. any field using the skills or techniques of art: advertising art; industrial art.

    ဆိုတော့ နံပါတ် ၅ အရ အကျုံးဝင်မယ် လို့ ယူဆပါတယ်။
    အဲဒီလိုဆိုရင် ငြင်းခုန်ခြင်း အတတ်ပညာ ဆိုချင်မိတယ်။ (မိမိ စိတ်ကပါ)

    အနုပညာဆိုတာ စိတ်(အရပ်စကားနဲ့ဆိုရင်နှလုံးသား) ကို အရင် ရောက်တဲ့ အရာပါ။
    အတတ်ပညာဆိုတာက တော့ ဦးနှောက်ကို အရင်အလုပ်ပေးပါတယ်။
    ဆိုတော့
    (ဘယ်စိတ်နဲ့ဘဲ ငြင်းငြင်းပါ) စဉ်းစားပြီးပြောရတော့မှာမို့ အတတ်ပညာဘက်ပို နွယ်သလား လို့ပါ။
    နှင်းဆီပန်းကို ဘာနာမည်ဘဲပေးပေး လှမြဲလှ မွှေးမြဲမွှေးနေမှာပါဆိုရင်တော့လဲ အနုပညာလို့ဘဲသုံးသုံး
    အတတ်ပညာလို့ဘဲ ပြောပြော ရမှာပါဘဲ။

  • thit min

    December 2, 2012 at 3:05 pm

    ဆွေးနွေးချက် ၂။
    ဒီအပိုင်းမှာတော့ စာပါအကြောင်းအရာများ ကို ဆွေးနွေးချင်ပါတယ်။
    အနိုင်ရမှု၊ ကျော်ကြားမှုဆီသို့ဦးတည်မသွားပဲ အဖြေတခုထွက်ရန်ရည်ရွယ်သော ပညာလိုလား စိတ်နှလုံးသားနှင့်ဆွေးနွေးခြင်း
    ကို ငြင်းခုန်ခြင်းအနုပညာ (အနုပညာလို့ဘဲ ဆက်လက်သုံးစွဲပါမည်) ဟုခေါ်ပါမည်။
    အဲဒီတော့ ဒိဌိ (ဝါဒအစွဲ၊သံသယအစွဲ၊ အဖွဲ့စွဲ စသည်)၊ မာန(မာန်တက်ခြင်း)၊အတ္တ(ငါအကျိုးစီးပွါးဗဟိုပြု) “ကင်း”နိုင်မှဖြစ်မှာ။
    အဲဒီတော့
    အပေါ်ကအချက်တွေကို ၁၀၀% ကင်းနိုင်ရင် ဆွေးနွေးငြင်းခုန်ခြင်းဟာ ၁၀၀% ကောင်းကျိုးဖြစ်မယ်။
    ၇၅% ဆိုရင် ၇၅%။ ၁၀% ဆိုရင် ၁၀%။ လို့ ဆိုရတော့မှာ။
    ဘယ်လို လုပ်ယူမလဲ။
    သူကြီးရဲ့ စာထဲမှာတော့
    လက်တွေ့ လေ့ကျင့်နိုင်မှု နည်းခဲ့လို့ လို့ဖော်ပြထားတယ်။
    လက်ရှိအနေအထားကိုပြင်လို့ရတာ စဉ်းစားကြည့်တော့
    အရင်ပြောခဲ့ဘူးတဲ့
    ၁။ မက်လုံးပေးဆွဲဆောင်ခြင်း
    ၂။ အမိန့်ပေးခိုင်းစေခြင်း ရယ်လို့ ၂ မျိုးနဲ့ လူတယောက်ကိုထိန်းကွပ်နိုင်တယ်ဆိုတော့
    (အတွေ့အကြုံအရတော့) ၂ မျိုးကို အချိုးညီစပ်ပြီး သုံးရင်အောင်မြင်တာတွေ့ဘူးတယ်။
    (အခု အစိုးရရဲ့ ပြောင်းလဲလာတဲ့ ပုံစံဟာ အဲဒီလို နိုင်ငံတကာရဲ့ အချိုးညီဖိအား/မက်လုံးရဲ့ ပြယုဒ်လို့ထင်မိတယ်)
    ဆိုတော့ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ်ပေါ့
    ငြင်းခုန်ခြင်းကိုအနုပညာမြောက် စွမ်းဆောင်နိုင်သော စိတ်ကို(မရှိခဲ့ရင်)ပြောင်းယူရတော့မှာ။
    အယ်တီကျူ့ချိန်းပေါ့နော်။
    ဒါဆိုကျနော်ရေးခဲ့တဲ့ အေဘီစီ ဘက်ကို ငြင်းခုန်ခြင်းအနုပညာနဲ့ ပေါင်းစပ်လို့ရသွားတယ်လို့။

  • thit min

    December 2, 2012 at 3:06 pm

    ဆွေးနွေးချက် ၃။
    သူကြီးရဲ့ ဆိုလိုချက်က အဲဒီအချက်တွေရှိခြင်းဟာငြင်းခုန်ခြင်းအနုပညာကို ကောင်းစွာပီပြင်စေမယ်လို့ဆိုလိုဟန်တူပါရဲ့။
    အဲဒီလိုဘဲ ယူဆပြီးဆွေးနွေးကြည့်ပါ့မယ်။

    ၁။ ဝန်ခံခြင်းအနုပညာ
    ၂။ မိတ်ငါစည်း
    ၃။ ခေါင်းဆောင်မှုအနုပညာ
    ၄။ မီဒီယာ
    ဆိုတဲ့ ခေါင်းစဉ်ငယ်လေးတွေဆွေးနွေးပါမယ်။

    ၁။အမှားကိုဝန်ခံရဲရမယ်လို့ ဆိုတယ်။
    ခဏခဏမှားပြီး ခဏခဏတောင်းပန်နေတတ်သူ ဖြစ်ဖို့မသင့်ဘူးလို့ဖြည့်စွက်ချင်ပါတယ်။

    ၂။ မိတ်ငါစည်းထားရမယ်လို့ဆိုတယ်။
    အဲဒီ မိတ်ငါစည်း အဆင့်ကိုရောက်အောင်ကို ဆွေးနွေး(လိုအပ်ရင်ငြင်းခုန်ခြင်းအနုပညာ)လိုတဲ့ အခါတွေ
    အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့အဖွဲ့တွေအဲဒီနေရာရောက်အောင် လုပ်နေတယ်လို့ခံစားမိပါတယ်။

    ၃။ ခေါင်းဆောင်မှုအနုပညာ
    အဲဒီဟာလဲ ငြင်းတတ်ခုန်တတ်တဲ့ အနုပညာ/အတတ်ကိုကောင်းကောင်းတတ်ထားသူက တပမ်းသာမှာပါ။
    ဆိုလိုတာက အဲဒီခေါင်းဆောင်နေရာကိုရောက်အောင် ငြင်းခုန်ခြင်းအနုပညာလမ်းကိုလျှောက်ကိုလျှောက်ရမှာပါ။

    ၄။ မီဒီယာ
    အများသိစေရန် တပိုင်းပါ။
    နောက်အရေးကြီးအပိုင်းက မှတ်တမ်းအတွက် လိုအပ်ချက်ပါ။
    ငြင်းခုန်ခြင်းတွေကိုမှတ်တမ်းတင်ထားတော့ နောက်တခါငြင်းစရာဖြစ်လာရင်
    ဒီမှာကြည့်လို့ ဆိုပြီးသက်သေပြလို့ရတဲ့ အရာမလို့
    မီဒီယာ ဆိုတာထက် “မှတ်တမ်း”ပြုထားရန်လိုအပ်သည်လို့ဆိုချင်ပါတယ်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဖြည့်စွက်တင်ပြချင်တာလေးတွေအနေနဲ့ကတော့

    ၁။ တဘက်လူရဲ့စကားကို သေသေခြာခြာ လေးလေးစားစားနားထောင်ပေးပါ။
    ၂။ တဘက်လူရဲ့ဆိုလိုရင်း (ဘာ့ကြောင့်ခုလိုပြောရသလဲ) ကိုသဘောပေါက်အောင်ကြိုးစားပါ။
    ၃။ တဘက်လူ့ဆီကသင်ယူပါ။ မှန်ရင်မှန်သလို ဆင့်ပွါးတွေးယူပါ။ မှားရင်မှားသလို သင်ခန်းစာယူပါ။
    ၄။ တဘက်လူကိုသင်ပေးပါ။ သူ့ဟာသူအလိုလိုသိလာအောင် လမ်းကြောင်းပြခြင်းနဲ့ အကြံပေးပုံစံက
    အကောင်းဆုံးသင်ပေးနည်းဖြစ်ပါလိမ့်မယ်။
    ၅။ (လိုအပ်ရင်)ကျေးဇူးစကားဆိုပေးပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    နောက်မေးခွန်းတခုကတော့ ငြင်းခုန်ခြင်းအနုပညာခေါင်းစဉ်နဲ့ မဆိုင်လို့ရယ်။
    ကျနော်လဲ အခုအချိန်မရတော့လို့ရယ်။ နောက်တပါတ်လောက်ကျမှ အချိန်ရမယ်ဆိုရင်
    ဆွေးနွေးပါအုန်းမယ်။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ချမ်းမြေ့ပါစေ

    လေးစားစွာဖြင့်

    သစ်မင်း

    • kai

      December 3, 2012 at 3:10 pm

      ကိုသစ်အခုလောက်ကြီးစိတ်ဖြာလိုက်တာ.. ဘာပြောရမှန်းတောင်.. မသိဘူးဖြစ်သွားတယ်..။ :harr:
      ကျေးဇူး.. ကိုသစ်ရေ.. သဘောတူမျှပါတယ်..။
      =
      ရန်ကုန်တက္ကသိုလ်လုပ်တော့.. Arts & Sciencesကို.. “ဝိဇ္ဇာ-သိပ္ပံ”လို့.. ဘာသာပြန်တယ်..
      အဲဒီကတည်းက…. “အနုပညာ” ဆိုတဲ့စာသား.. စကားလုံးရှိနေတာလား..နောက်မှထွင်တာလား.. မသိပါ..။

      ပိဋိကတ်၃ပုံထဲတော့.. “ဝိပဿနာ”စာသား.. သိပ်မရှိဘူးပြောဖူးတယ်လေ..
      အဲဒီထဲ.. တကယ်များများစားစား ရှာတွေ့တာ.. “အနုပဿနာ”တဲ့..
      “ဝိ”ဆိုတာ.. အထူးပြု..
      “အနု”ဆိုတာ.. အသေးစိတ်အနုစိတ်..

      ဆိုတော့..
      “အနုပညာ.. fine Arts” အနုစိတ်တို့နဲ့ပညာပေါ့..
      ငြင်းခုန်ခြင်းကို.. နှလုံးသားသုံး.. အနုစိတ်.. အသေးစိတ်ကြည့်.. ဝေဖန်ပြောဆိုဆွေးနွေးသော.. အတတ်ပညာကို..” ငြင်းခုန်ခြင်းအနုပညာ”လို့.. ခေါ်လိုက်တယ်ပဲဆိုပါစို့.. လို့..။

  • မောင်ပေ

    December 2, 2012 at 9:25 pm

    ဟိုတုန်းက သဂျီး ပြောခဲ့ဖူးတဲ့ ဂန်းစတား တွေ ဂိုဏ်းတွေ နဲ ့ဖြစ်လာမယ်ဆိုတာ
    အရိပ်အယောင်တွေ ့နေရပြီ

    ********** * **********

    သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များကို လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမဝင် ငွေကြေးကောက်ခံမှုများရှိနေ
    by-EMG SUNDAY, 02 DECEMBER 2012 14:16

    လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမဝင် ငွေကြေးကောက်ခံမှုများကြောင့် အခက်အခဲများနှင့် ကြုံ တွေ့နေရသည်ဟု ကိုယ်တိုင်ကြုံတွေ့နေရသူများက ပြောကြားခဲ့သည်။

    လူမိုက်အဖွဲ့များအနေဖြင့် ဈေးသို့လာသည့်ကားများကို ကားပါကင် ကြေးကောက်ခံခြင်း၊ ပျံကျဈေးသည်များအား ရောင်းချခွင့် နေရာအတွက် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေပြီး ၎င်းတို့ကောက်ခံသည့်အခါတွင် ပြေလည်စွာ မဆက်ဆံပါက ခြိမ်းခြောက်မှုများနှင့် ရိုက်နှက်မှုများ ပြုလုပ်လေ့ရှိကြောင်း ကိုယ်တိုင်ကြုံသူများက ပြောကြားခဲ့သည်။

    သီရိမင်္ဂလာဈေး၌ ဆိုင်ခန်းဖွင့်လှစ်ထားသူ ကိုကျော်က”ကျွန်တော်က ရှမ်းပြည်နယ် ပင်းတယဘက်ကနေ ဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ပန်း စတဲ့ပစ္စည်းတွေကို သီရိမင်္ဂလာဈေးမှာ ပြန်လည်ရောင်းချတာပါ။ ကားပါကင်ကြေး အနေနဲ့ စည်ပင်အဖွဲ့ကိုလည်း ပေးရတယ်။ ဒါ့အပြင် လူမိုက်အဖွဲ့တွေက တစ်စီးကို ကျပ်သုံးထောင်နှုန်းနဲ့ ကောက်ပါတယ်။ မပေးလို့လည်း မဖြစ်ဘူး။ ဈေးမှာက သက်ဆိုင်ရာ တာဝန်ရှိသူတွေထက် အဲဒီလူမိုက်တွေပြီးမှ အားလုံးအဆင်ပြေနေတဲ့ သဘောရှိတယ်။ ဈေးသည်တွေအများစုက ဒီဈေးကြီးကို အနက်ရောင် နယ်မြေလို့တောင် သုံးသပ်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ စည်ပင်ကကောက်တဲ့ အခွန်တွေပေးရတဲ့အပြင် လူမိုက်တွေကောက်တဲ့ ဆက်ကြေးလည်း ပေးနေရပါတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုကို ပြောပြခဲ့သည်။

    ပျံကျဈေးတန်းတွင် ခရမ်းချဉ်သီး ရောင်းချသူ ဒေါ်နီက ”ကျွန်မက ဈေးထဲမှာ ဆိုင်ခန်းရှိပေမယ့် ကျဉ်းတဲ့အတွက် ပျံကျဈေးတန်းမှာ နေရာယူပြီးတော့ ရောင်းချတာပါ။ စည်ပင်ကို တစ်ရက်ကျပ်ငါးရာကနေ တစ်ထောင်ကြား ပေးရတယ်။ လူမိုက်အဖွဲ့ကိုတော့ တစ်ရာသီစာလုံးအနေနဲ့ ကျပ်နှစ်သိန်းပေးရတယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းကလည်း ပျံကျဈေးသည်တစ်ဦးကို လူမိုက်အဖွဲ့ထဲက တစ်ယောက်က ပိုက်ဆံလာတောင်းတော့ အမြတ်မရသေးလို့ မပေးနိုင်သေးဘူးလို့ ပြောလိုက်တော့ သူတို့က ဝိုင်းရိုက်နှက်သွားပါတယ်” ဟု ဆိုပါသည်။

    လူမိုက်အဖွဲ့အနေဖြင့် ယင်းကဲ့သို့ တရားမဝင် ငွေကြေးကောက်ခံရာ၌ လွယ်အိတ်၊ ခါးကြား စသည့်နေရာများတွင် ဓားများထည့်ထားပြီး ခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရသည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပိတောက်ချောင်းရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်ကျော်ဆင့်က ”ကျွန်တော်သိရသလောက်ကတော့ သီရိမင်္ဂလာဈေးဝင်းအတွင်းမှာ လူမိုက်အဖွဲ့ငါးဖွဲ့၊ ခြောက်ဖွဲ့လောက် ရှိတယ်။ ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ခြိမ်းခြောက်တောင်းဆိုမှုတွေက နေ့တိုင်းလို ရှိနေပါတယ်” ဟု ပြောပြခဲ့သည်။

    ဈေးအတွင်း ရာသီပေါ်သီးနှံများကို ပွဲစားအဖြစ် လုပ်ကိုင်သူ ကိုထိုက်က ”နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီလောက်က ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်စီးကို လူမိုက်တွေက နေရာရွှေ့ပေးဖို့ ယာဉ်မောင်းကို ပြောတဲ့အခါမှာ ယာဉ်မောင်းက သူတို့ကို လူမိုက်တွေမှန်းမသိတော့ အိပ်ရေးပျက်နေလို့ အသံမာမာနဲ့ ပြန်ပြောတဲ့အခါ အဲဒီလူမိုက်တွေက ဝိုင်းပြီးထိုးကြိတ်ခဲ့ကြပါတယ်။ ကားပါကင်ကြေး တောင်းတဲ့အခါမှာ ဒီအကြောင်းတွေကို မသိတဲ့ ယာဉ်မောင်းတွေက မပေးတဲ့ ဖြစ်စဉ်တချို့တွေမှာ အဲဒီလူမိုက်တွေက ကားမှန်တွေကို ရိုက်ခွဲတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ ဈေးထဲမှာရှိတဲ့ ဈေးသည်တွေ အများစုကတော့ ဒီဈေးအနီးတစ်ဝိုက်က တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ပဲ သုံးသပ်ကြပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေက နေ့တိုင်းလိုလို ဖြစ်နေပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း သိနေတယ်။ ဒါတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောခဲ့သည်။

    သိရိမင်္ဂလာဈေးမှ တာဝန်ရှိသူတစ်ဦးက ”လူမိုက်တွေ အများစုက ဈေးရုံအတွင်းထက် ပျံကျဈေးသည်တွေကို အားကိုးပြီး ရပ်တည်နေကြတယ်။ အဲဒီလူမိုက်တွေကိုလည်း စည်ပင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘာမှမပြောရဲကြဘူး။ ကျွန်တော်အနေနဲ့ သွားပြီးထိန်းသိမ်းရင်လည်း လူမိုက်တွေက ဓားထောင်ပြီး ခြိမ်းခြောက်ပါတယ်။ ဈေးသည်တွေက လူမိုက်တွေအပြင် သူတို့လက်သပ်မွေးထားတဲ့ ကလေးတွေကိုလည်း ကြောက်နေရပါတယ်။ ဈေးလုံခြုံမှုအတွက် အခုချထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားထက် ပိုပြီးတော့ ချထားသင့်ပါတယ်” ဟု ဆိုပါသည်။

    လူမိုက်များက ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံမှု ဖြစ်စဉ်များကို ညပိုင်းအချိန်များနှင့် နံနက်စောပိုင်းများတွင် ပိုမိုဖြစ်ပွားကြောင်း သီရိမင်္ဂလာဈေးမှ တာဝန်ရှိသူက ဆိုပါသည်။

    http://goo.gl/kjjM6

Leave a Reply