Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူကြီးနှင့် ရွာသူ/သားများအတွက် အင်တာဗျူး (ဗဟုသုတပေးနိုင်မယ်မထင်မိပေမယ့် .. ဖြေထားသူတွေရဲ့ အတွေးအမြင်သက်သက်သာ )

KingAugust 19, 20112min59815

အားလုံးသော ရွာသူ/သားများနဲ့ သူကြီးမင်းခင်ဗျား တစ်ခါတစ်လေ စိတ်ကိုလွတ်လွတ်လပ်လပ် ခဏလောက် လွှတ်ပေးကြရအောင် ……………

ဒီတစ်လော ဖတ်ရတာတွေထဲမှာ အင်တာဗျူးအကြောင်းလေးတွေ ပါနေတော့ အဲဒါနဲ့ ပတ်သတ်ပြီး ရွာသူ/သားတွေကို ပျော်ပြုံးရွှင်စေဖို့ ရေးချင်တဲ့ ဆန္ဒတစ်ခုလေးနဲ့ ရေးတင်လိုက်တာပါ .. ဒီပို့စ်လေးကို ဖြေဆိုပေးခဲ့တဲ့ ရွာသူ/သားတွေ အတွက်လည်း တစ်ချိန်ချိန်မှာ မှတ်တိုင်အဖြစ်နဲ့ ကျန်ရှိနေခဲ့မှာပဲ ဖြစ်ပါတော့တယ် (အဖြေပေးခဲ့မယ့်သူတွေရှိရင်ပေါ့လေ) 😛 …. 

... အောင်မြင်ကျော်ကြား လူသိများကြတဲ့ အင်တာဗျူးတွေ အကြောင်းလည်း ဖတ်ဖူး ကြားဖူးကြမှာပေါ့လေ .. ကိုယ့်ကိုရော အဲဒီလိုမျိုး အင်တာဗျူး အမေးခံရရင် ဘယ်လိုမျိုး ဖြေကြမလဲလို့ တွေးဖူးကြရဲ့လားဗျ … အဲဒီလို မတွေးဘူးကြရင်လည်း အခုတွေးစရာမလိုပဲ အားလုံးကို ကျွန်တော်က အင်တာဗျူးရင်း အင်တာဗျူး အစီအစဉ်လေးကို အကောင်အထည်ဖော်ကြည့်လိုက်ရအောင် .. အားလုံးပဲ ပူးပေါင်းပေးကြရင် ပျော်စရာကောင်းတဲ့ ပို့စ်လေး တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ ဒီနေရာကနေပဲ သူကြီးကိုလည်း အင်တာဗျူးဖြေပေးဖို့ တောင်းဆိုလိုက်ပါတယ် ………..

ကဲ ဘယ်လိုလဲဆိုတာ ကျွန်တော်က ရွာသူ/သားတွေကို မေးထားတဲ့မေးခွန်းလေးတွေကို ကိုယ့်ကို မေးထားတယ်လို့ သဘောထားပြီး အောက်ဘက်က comments မှာ နံပါတ်ကလေး တပ်ပြီး ဖြေပေးကြဖို့ပါပဲ …

၁. ကျွန်တော်က MG မဂ္ဂဇင်းကပါ…. (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ နာမည် ပြောင်လေးကို သိချင်ပါတယ် …

………………………………………………………………………………………………………….

၂. အခု လက်ရှိလုပ်နေရတဲ့ အလုပ်အပေါ်မှာ ဘယ်လိုခံစားရပါသလဲ …

………………………………………………………………………………………………………….

၃. ပြန်ရောက်သွားချင်တဲ့ နေ့ရက်မျိုးရှိပါသလား ? ရှိခဲ့ရင် ဘာကြောင့် အဲဒီနေ့ရက်ကို ပြန်ရောက်သွားချင်တာလဲ ဆိုတာ သိပါရစေ …

………………………………………………………………………………………………………….

၄. မေတ္တာနဲ့ အချစ်ရဲ့ ခြားနားချက်ကို (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ အမြင်လေးကိုလည်း မျှဝေပေးခဲ့ပါ ….

………………………………………………………………………………………………………….

၅. အောင်မြင်မှုအတွက် အရာအားလုံးကို စွန့်လွှတ်သင့်ပါသလား ? မစွန့်လွှတ်သင့်ဘူးဆိုရင်လည်း ဘယ်အရာတွေကို မစွန့်လွှတ်သင့်ဘူးလို့ ထင်ပါသလဲ ….

………………………………………………………………………………………………………….

၆. အားလပ်ချိန်မှာ လုပ်ဆောင်တဲ့ကိစ္စတွေကိုလည်း သိချင်ပါသေးတယ် …

………………………………………………………………………………………………………….

၇. ဆက်လက်ပြီး စိတ်မွန်းကြပ်မှုမျိုးတွေရော ဖြစ်ပေါ်ခဲ့ဖူးပါသလား ? ဖြစ်ပေါ်ခဲ့ဘူးလျှင်လည်း ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းသလဲ သိချင်ပါတယ် …

………………………………………………………………………………………………………….

၈. MG ကို ဖတ်နေတဲ့သူတွေကိုရော ဘာများ ပြောကြားချင်ပါသလဲ?

………………………………………………………………………………………………………….

၉. သီးခြားပြောကြားခြင်တာရှိက ပြောကြားပေးပါ ?

………………………………………………………………………………………………………….

အခုလို ဖြေကြားပေးတဲ့အတွက် MG မဂ္ဂဇင်းကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ် ……. 🙂

ဒါကတော့ အဘဆွေတို့ အဘနီတို့အတွက် အထူးမေးမြန်းမယ့်ပုံပါ … 😛

အလုပ်အလွန်ရှုပ်သော ဦးဦး ကိုကို ညီလေးများအတွက်  ချောချောလှလှလေးတွေနဲ့ မေးခိုင်းမှာနော်

အိန္ဒြေရရ မမတို့အတွက် မေးမြန်းမှု ပုံစံ

ဖျတ်လတ်တက်ကြွ မမ/ညီမလေး များအတွက်

အောင်မြင်ကျော်ကြား စူပါစတား မမ/ညီမလေးများကို မေးမြန်းမှုပုံစံ

အားလုံးပဲ စိတ်ကျေနပ် ပျော်ရွှင်စေဖို့ မျှော်လင့်ရင်း

……………………………………………………. KING ( * _ ^ )

15 comments

  • ကွိကွိ

    August 19, 2011 at 7:13 pm

    ၁. ကျွန်တော်က MG မဂ္ဂဇင်းကပါ…. (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ နာမည် ပြောင်လေးကို သိချင်ပါတယ် …
    အနော် ကွိကွိ
    ………………………………………………………………………………………………………….

    ၂. အခု လက်ရှိလုပ်နေရတဲ့ အလုပ်အပေါ်မှာ ဘယ်လိုခံစားရပါသလဲ …
    အခု လုပ်နေတဲ့ အလုပ် ရေရေရာရာ မရှိတဲ့ အတွက် ပျော်ပါတယ်။ အိပ်လိုက် စားလိုက် ချက်လိုက်ပါပဲ

    ………………………………………………………………………………………………………….

    ၃. ပြန်ရောက်သွားချင်တဲ့ နေ့ရက်မျိုးရှိပါသလား ? ရှိခဲ့ရင် ဘာကြောင့် အဲဒီနေ့ရက်ကို ပြန်ရောက်သွားချင်တာလဲ ဆိုတာ သိပါရစေ …
    ပြန်ရောက်သွားချင်တဲ့ နေ့ကတော့ ကစားကွင်းထဲမှာ ဆော့လို့ ကောင်းလို့ပါပဲ
    ………………………………………………………………………………………………………….

    ၄. မေတ္တာနဲ့ အချစ်ရဲ့ ခြားနားချက်ကို (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ အမြင်လေးကိုလည်း မျှဝေပေးခဲ့ပါ ….
    မေတ္တာ ဆိုတာ သရုပ်ဆောင်ပါ ခင်ဗျ.. အချစ်ဆိုတာ.. ငယ်ငယ်ကတည်းက ကောင်မလေးတွေ မျက်စိမှိတ်ပြရင်
    ………………………………………………………………………………………………………….

    ၅. အောင်မြင်မှုအတွက် အရာအားလုံးကို စွန့်လွှတ်သင့်ပါသလား ? မစွန့်လွှတ်သင့်ဘူးဆိုရင်လည်း ဘယ်အရာတွေကို မစွန့်လွှတ်သင့်ဘူးလို့ ထင်ပါသလဲ ….
    မစွန့်လို့တော့ မရပါဘူး။ စားတာ များလို့ မစွန့်ရင် နေရခက်တတ်ပါတယ်
    ………………………………………………………………………………………………………….

    ၆. အားလပ်ချိန်မှာ လုပ်ဆောင်တဲ့ကိစ္စတွေကိုလည်း သိချင်ပါသေးတယ် …
    အားတဲ့ အချိန် ဂိမ်းဆော့တယ်
    ………………………………………………………………………………………………………….

    ၇. ဆက်လက်ပြီး စိတ်မွန်းကြပ်မှုမျိုးတွေရော ဖြစ်ပေါ်ခဲ့ဖူးပါသလား ? ဖြစ်ပေါ်ခဲ့ဘူးလျှင်လည်း ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းသလဲ သိချင်ပါတယ် …
    စာမေးပွဲကို စာမကျက်ပဲ သွားတဲ့အခါ မှတ် ၁၀ဝ ရနေမှာကို စိတ်ထဲ မွမ်းကျက်စွာ ပူပန်မိတယ်။
    ………………………………………………………………………………………………………….

    ၈. MG ကို ဖတ်နေတဲ့သူတွေကိုရော ဘာများ ပြောကြားချင်ပါသလဲ?
    ဖတ်နေတဲ့ လူတွေကို ပြောချင်တာကတော့ သားးး က သားးးက တားတားးး က လေ.. အသစ်လေးပါလို့
    ………………………………………………………………………………………………………….

    ၉. သီးခြားပြောကြားခြင်တာရှိက ပြောကြားပေးပါ ?
    သီးခြား ပြောချင်တာကတော့ အားလုံး အသိအမှတ်ပြုပေးပါလို့
    ………………………………………………………………………………………………………….

    အခုလို ဖြေကြားပေးတဲ့အတွက် MG မဂ္ဂဇင်းကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ် ……. 🙂

  • စုန်းထီး

    August 19, 2011 at 8:52 pm

    ကျုပ်လည်း စုန်းဆိုပေမယ့် တစ်ချိန်ချိန်မှာ ကျုပ်ဖြေခဲ့တာလေး မှတ်တမ်းမှတ်ရာနဲ့ ကျန်ခဲ့မလားဆိုပြီး ကျုပ်ကို မဗျူးလည်း ဖြေပေးလိုက်မယ်ဗျ …
    ၁. နာမည်ပြောင်က ချစ်စုန်းတဲ့

    ၂. လက်ရှိအလုပ်က သိပ်တော့ ရင်ခုန်ဖို့မကောင်းဘူးဗျာ မေ့သလောက်ရှိမှ တက်ရတဲ့ စုန်းလွှတ်တော်ကို စိတ်နာနေပြီ

    ၃. ပြန်ရောက်သွားချင်တဲ့နေ့ရက်ကတော့ စုန်းပြည်မှာ ပညာသင်ရတဲ့ အရွယ်ကိုပဲ … ဘာကြောင့်လဲဆိုတော့ စုန်းမလေးတွေကို ခိုးရှိုးပြီး …. 😛

    ၄. မေတ္တာက ပေးတာ အချစ်က ရယူတာ (ထင်တာ ရမ်းတုတ်လိုက်တာပဲ)

    ၅. အရာအားလုံးကို မစွန့်လွှတ်သင့်ဘူး ဒါပေမယ့်လည်း အခြေအနေနဲ့ အချိန်ကလာကိုလိုက်ပြီး အသုံးချကြည့်ပေါ့ ..

    ၆. အားလပ်ချိန်မှာ MG ထဲမှာ လျှောက်ဖွတယ်လေ … 😛

    ၇. စိတ်မွန်းကျပ်တဲ့ အချိန် ရှိတာပေါ့ဗျ … စုန်းလွှတ်တော်မှာ ပြောစရာရှိတဲ့အချိန်ပေါ့ … 😛

    ၈. အခုဖတ်နေတဲ့လူတွေကိုလည်း ကိုယ်လုပ်ချင်ရာကိုယ်လို့ကျပေါ့လို့ တစ်ခုတော့ရှိတယ် နောင်တမရကြေးလို့ … 🙂

    ၉. သီးခြားပြောချင်တာကတော့ ကျုပ်ကို ဗျူး ဗျူး မဗျူး ဗျူး ဖြေလိုက်ပြီလို့ .. 😀

  • မွန်မွန်

    August 19, 2011 at 8:53 pm

    ၁. ကျွန်တော်က MG မဂ္ဂဇင်းကပါ…. (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ နာမည် ပြောင်လေးကို သိချင်ပါတယ် …

    လုံးလုံး ..တဲ့ ..

    ၂. အခု လက်ရှိလုပ်နေရတဲ့ အလုပ်အပေါ်မှာ ဘယ်လိုခံစားရပါသလဲ …

    ပျင်းတယ် ..နောင်တရတယ် .. ။ တခါတလေ အလုပ်ဝင်လုပ်မိသွားတဲ့အတွက် တော်တော်ကြေကွဲမိတယ်။

    ၃. ပြန်ရောက်သွားချင်တဲ့ နေ့ရက်မျိုးရှိပါသလား ? ရှိခဲ့ရင် ဘာကြောင့် အဲဒီနေ့ရက်ကို ပြန်ရောက်သွားချင်တာလဲ ဆိုတာ သိပါရစေ …

    ၂၀၀၈ သင်္ကြန်၊ အရမ်းပျော်လို့ ..

    ၄. မေတ္တာနဲ့ အချစ်ရဲ့ ခြားနားချက်ကို (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ အမြင်လေးကိုလည်း မျှဝေပေးခဲ့ပါ ….

    နှစ်ခုလုံး သိပ်မသိသေးဘူး ..

    ၅. အောင်မြင်မှုအတွက် အရာအားလုံးကို စွန့်လွှတ်သင့်ပါသလား ? မစွန့်လွှတ်သင့်ဘူးဆိုရင်လည်း ဘယ်အရာတွေကို မစွန့်လွှတ်သင့်ဘူးလို့ ထင်ပါသလဲ ….

    အောင်မြင်မှု့ဆိုတာ ဘာလဲဟင်

    ၆. အားလပ်ချိန်မှာ လုပ်ဆောင်တဲ့ကိစ္စတွေကိုလည်း သိချင်ပါသေးတယ် …

    တနေ့တနေ့ စားနေ အိပ်နေရတာနဲ့ အားလှတယ်မရှိပါဘူး ..

    ၇. ဆက်လက်ပြီး စိတ်မွန်းကြပ်မှုမျိုးတွေရော ဖြစ်ပေါ်ခဲ့ဖူးပါသလား ? ဖြစ်ပေါ်ခဲ့ဘူးလျှင်လည်း ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းသလဲ သိချင်ပါတယ် …

    တယောက်ယောက်က ဆရာလာလုပ်တာနားထောင်ရရင် အရမ်းမွန်းကြပ်တယ်။ ရူးချင်ယောင်ဆောင်ပြီး ထွက်သွားလိုက်တာပေါ့ ..

    ၈. MG ကို ဖတ်နေတဲ့သူတွေကိုရော ဘာများ ပြောကြားချင်ပါသလဲ?

    ဆိုက်ထဲဝင်ရင် ဆိုင်ကယ်ဦးထုပ်လေး လိုလိုမယ်မယ် ဆောင်းထားကြပါ .. လို့ ..ဟီး..။ 😀

    ၉. သီးခြားပြောကြားခြင်တာရှိက ပြောကြားပေးပါ ?

    ဖြေရတာလဲမောနေပြီ ၊ ဗိုက်ဆာလာလို့ နောက်မှပဲ ကွန်မင်းတွေမှာ ပြောတော့မယ်နော် ..

    အခုလို ဖြေကြားပေးတဲ့အတွက် MG မဂ္ဂဇင်းကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ် ……

    မီး ကလဲ အခုလောက်နဲ့ပြီးသွားလို့ ကျေးဇူးပါ ။

  • naywoonni

    August 19, 2011 at 8:58 pm

    အားမနာတမ်း ပြောရမယ်ဆိုရင် စိတ်ဆိုးဦးမယ်..။ အလုပ်မရှိကြောင်ရေချိုးတဲ့ စာမျက်နှာတွေက မဂ္ဂဇင်း နဲ့ ဂျာနယ်တွေမှာတင်ရပ်မနေဘူး..။ အွန်လိုင်းပေါ်အထိတက်လာပြီ…။ စ်ိတ်ညစ်တယ်….။ တစ်နာရီလေးရာပေးထိုင်နေရတာနော် …။

    • Shanma TUmdy

      August 19, 2011 at 10:55 pm

      အလုပ်မရှိကြောင်ရေချိုးတဲ့ ဂျာနယ်မဂ္ဂဇင်းစာမျက်နှာတွေဆိုလို့ (ကြုံတုန်း) ပြောရဦးမရ်..
      (အပေါ်က topic နဲ့တော့ သိပ်မဆိုင်ဘူးပေါ့)
      မဂ္ဂဇင်းတော်တော်များများမှာ ပါတတ်တဲ့ဝိတ်လျှော့နည်းတဲ့ဗျာ..
      ရှောင်ရမယ့်အစားအသောက် .ဆောင်ရမယ့်အစားအသောက်တွေအကြောင်း ထည့်ရေးထားတာကြတယ်.. . သူတို့က အနောက်နိုင်ငံက စာအုပ်တွေဆီက ကူးချ ဘာသာပြန်ထားကြတာကိုးဗျ.. ဒီမှာဘာသွားတွေ့လဲဆိုတော့ ..ရေးထားတဲ့အစားအသောက်တွေ အကြောင်းက မြန်မာနိုင်ငံနဲ့ ဆီလျော်မှုမရှိဘူးဖြစ်နေတယ်..
      ရေးထားတာတွေက .. မနက်စာကို ဟမ်ဘာဂါ မစားဘဲ .. ငါးဆန်ပြုတ်လေးကို ကြက်သွန်မိတ်လေးဖြူးပြီးသောက်ပါ .. ပေါင်မုန့်မာဂျရင်းစားမယ့်အစား.. အုတ်ဂျုံနှင့် .. စပျစ်သီးခြောက်စားပါ .. (အံမယ်သူက ဘယ်လိုချက်ရမလဲဆိုတာတောင် ထည့်ပေးသေးတယ်ဗျ .. ) ပန်းကန်လုံးတစ်ခုထဲသို့ .. အုတ်ဂျုံစားပွဲတင်ဇွန်း သုံးဇွန်းကို .. ရေနွေးဆူဆူနှင့်မွှေပါ.. စပျစ်သီးခြောက်တစ်စွန်းလောက် ရောထည့်ပြီးစားပါ တဲ့.. ပြီးတော့နေ့လည်စာကျတော့လည်း.. sandwich တစ်ခုကိုကုန်အောင် မစားပါနှင့် .. စွပ်ပြုတ်လေးနှင့်သောက်ပါ .. tea time ကျမှ .. ကျန်တစ်ဝက်စားပါတဲ့ဗျာ..
      ဘယ်သူတွေကများ. .နေ့လည်စာကို .. sandwich စားလို့လဲ
      စဉ်းစဉ်းစားစားလုပ်ကြပါဦး .. အဲဟမ်ဘာဂါ မနက်တိုင်းဘယ်သူစားတုန်းဗျာ..
      မြန်မာတွေက .. များသောအားဖြင့်.. ထမင်းကြော် . မုန့်ဟင်းခါး. လက်ဖက်ရည် ..မုန့်တွေသာ အစားများကြတာမဟုတ်လားဗျာ.. အဲလိုလိုက်လျောညီထွေမှု မရှိတဲ့စာတွေကို .. ဘာအဓိပ္ပာယ်နဲ့ .. စာမျက်နှာ သုံလေးမျက်နှာကုန်အောင်ပြနေလဲ မသိဘူး.. အရင်ခေတ်တုန်းကလို .. ဝေဖန်ရေးစာပေတွေ များများပေါ်လာရင်ကောင်းမှာပဲလို့တွေးမိပါတယ်..

  • မီးမီး သော်

    August 19, 2011 at 10:14 pm

    အလုပ်က ထိုင်ရလွန်းလို ့ထိုင်ခုံ နဲ ့လူနဲ ့ကပ်နေတယ်မှတ်ရတယ်။ရုံးသုံးဆိုတော့ အင်တာနက်ခ ပိုက်ဆံမကုန်တာတော့ ကောင်းသား။ဟိ ဟိ ဘားဂျက်မထိဘူးပေါ့—

    • zawmyothu

      August 20, 2011 at 9:04 am

      ဘားဂျက်ထိမထိတော. မသိဘူးဗျ အလကားရတဲ.ရုံးက အင်တာနက် တအားကြည်.လို.
      မျက်မှန်ပါဝါတော. တော်တော် တက်နေလောက်ပြီ 😛

    • pan pan

      August 20, 2011 at 4:13 pm

      ရုံးမှာ အင်တာနက်က ဆိုင်မှာထက်လိုင်းလည်းပိုကောင်းတယ်
      ဘတ်ဂျက်လည်းမထိခိုက်ဘူး
      ဒါပေမယ့် အလုပ်မပြီးရင် အထုခံရမှာ……….. 🙁

  • aungnng87

    August 20, 2011 at 10:27 am

    ဟုတ်ပ။ကိုဇော်မျိုးသူရယ်။ ကြာရင်မျက်လုံးကန်းတော့မှာမို့လို့ အလုပ်တောင်ပြောင်းဖို့ စဉ်းစားနေပြီ။
    ကွိ ကွိလေးကအသစ်လေးပေမဲ့အတော်သားနော်။ ကိုယ်တွေနဲ့များကွာပါ့။ ကိုယ်တွေဆို တုံးမှတုံး။

  • manawphyulay

    August 20, 2011 at 1:19 pm

    အင်း… ဒါတွေက တီဗွီတွေထဲမှာတောင် အားမရလို့ ဒီထိအောင် ရောက်လာပြီလား အင်တာဗျူးဖြေရင် ထမင်းခေါ်ကျွေးမှာလား… အင်တာနက်သုံးခပေးမှာလား ဒါပဲ အရင်ဖြေ…… 😛

    • king

      August 20, 2011 at 2:03 pm

      ထမင်းပဲကျွေးမယ် .. (ဟင်းမကျွေးဘူး … 😛 )
      အင်တာနက်သုံးခတော့ မပေးဘူး (အလကားပဲ ပေးသုံးမယ် 😛 )
      အဆင်ပြေပါ့မလား ……… 😀

  • kai

    August 20, 2011 at 3:33 pm

    ၁. ကျွန်တော်က MG မဂ္ဂဇင်းကပါ…. (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ နာမည် ပြောင်လေးကို သိချင်ပါတယ် …
    နာမသ .. (နာမည်ကို.. အပေါ်အောက် ပြောင်အောင်ရိပ်လိုက်ရင်.. နာမသ ပြောင်ရှင်းလေးဖြစ်ကျန်ပါတယ်..။)
    ………………………………………………………………………………………………………….

    ၂. အခု လက်ရှိလုပ်နေရတဲ့ အလုပ်အပေါ်မှာ ဘယ်လိုခံစားရပါသလဲ …
    လက်ညောင်းမျက်စိညောင်း
    ………………………………………………………………………………………………………….

    ၃. ပြန်ရောက်သွားချင်တဲ့ နေ့ရက်မျိုးရှိပါသလား ? ရှိခဲ့ရင် ဘာကြောင့် အဲဒီနေ့ရက်ကို ပြန်ရောက်သွားချင်တာလဲ ဆိုတာ သိပါရစေ …
    နတ်သမီးတဖက်လေးငါးရာနဲ့.. နေခဲ့ရတဲ့ နတ်သားဘဝ။
    ဘာကြောင့်ပြန်ရောက်ချင်တာလဲဆိုတော့… ဟီး.. သိသား…..။….နဲ့.။
    ………………………………………………………………………………………………………….

    ၄. မေတ္တာနဲ့ အချစ်ရဲ့ ခြားနားချက်ကို (ဦး/ကို/ဒေါ်/မမ/ညီလေး/ညီမလေး)ရဲ့ အမြင်လေးကိုလည်း မျှဝေပေးခဲ့ပါ ….
    မေတ္တာက.. လူရွှင်တော်အမည်ဖြစ်ပြီး.. အချစ်နဲ့ခြားနားချက်ကတော့..”နဲ့” ဆိုတဲ့စာလုံးကြားထဲရှိနေတာဖြစ်ပါတယ်..။ အဲဒီလို.. မြင်ပါတယ်..။
    ………………………………………………………………………………………………………….

    ၅. အောင်မြင်မှုအတွက် အရာအားလုံးကို စွန့်လွှတ်သင့်ပါသလား ? မစွန့်လွှတ်သင့်ဘူးဆိုရင်လည်း ဘယ်အရာတွေကို မစွန့်လွှတ်သင့်ဘူးလို့ ထင်ပါသလဲ ….
    အောင်မြင်မှုအတွက်..”မအောင်မြင်မှု”ကို စွန့်လွှတ်မှရပါတယ်.။
    ………………………………………………………………………………………………………….

    ၆. အားလပ်ချိန်မှာ လုပ်ဆောင်တဲ့ကိစ္စတွေကိုလည်း သိချင်ပါသေးတယ် …
    တရားထိုင်ပြီး.. နတ်သားဘဝကို.. ပြန်စဉ်းစားရင်း..အိပ်ငိုက်ပါတယ်..။
    ………………………………………………………………………………………………………….

    ၇. ဆက်လက်ပြီး စိတ်မွန်းကြပ်မှုမျိုးတွေရော ဖြစ်ပေါ်ခဲ့ဖူးပါသလား ? ဖြစ်ပေါ်ခဲ့ဘူးလျှင်လည်း ဘယ်လိုနည်းလမ်းမျိုးနဲ့ ဖြေရှင်းသလဲ သိချင်ပါတယ် …
    မှောက်ရက်အိပ်ချိန်တွေမှာ.. မွန်းကြပ်မှုတွေဖြစ်တတ်ပြီး.. ပက်လက်အိပ်ပြီး..ဖြေရှင်းလိုက်ပါတယ်..(..ငါကွ)
    ………………………………………………………………………………………………………….

    ၈. MG ကို ဖတ်နေတဲ့သူတွေကိုရော ဘာများ ပြောကြားချင်ပါသလဲ?
    MAနဲ့MGအကြောင်းတွေ.. သူများပြောလိုက်ရမလား…ဟင်..။
    ………………………………………………………………………………………………………….

    ၉. သီးခြားပြောကြားခြင်တာရှိက ပြောကြားပေးပါ ?
    အိမ်ထောင်ရှိသူတွေဟာ.. သားဆက်ခြားအောင်လုပ်သင့်ပါတယ်..။

    …………………………………………………………………………………………

    • R Ga

      August 20, 2011 at 5:51 pm

      သူကြီးကလည်း မကြီးမငယ်နဲ့ ပေါရဲပါ…..။ ကဲ ပေါသာပေါ ဂရုမစိုက်နဲ့….ပေါသာပေါ

  • စုန်းထီး

    August 20, 2011 at 4:17 pm

    ကျုပ်တင်မဟုတ်ဘူး
    သူကြီးလည်း ရွှီးထားပါ့လား … ဂွတ်ထ ဂွတ်ထ … 😛 😀 😛 😀 😛

  • Moe Z

    August 24, 2011 at 11:59 am

    မေးခွန်းတွေက အရမ်းများတယ်..
    ပြီးအောင်ဖြေဖို့ connection ကစိတ်မချရလို့..
    မဖြေတော့ဘူး..

Leave a Reply