Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အခုခေတ်ကလေးများ အတော်စကားတတ်တာဘဲ ….

fattyAugust 22, 20111min58121

ကျနော့သားကြီး အခု ဖတ်စ်စမက်စတာ ဖြေနေရပြီ ပြီးရင် ကျောင်းတစ်လပိတ်မယ် ….။
ကျနော်ဖုန်းထဲကနေပြောဖြစ်တယ် …. မင်းပြန်လာမှာမှုတ်လား ….။
ကျနော်ပြန်မလာတော့ဘူးဖေကြီး … ဒီမှာဘဲအလုပ်ဆက်လုပ်ပြီးငွေစုလိုက်အုံးမယ်စိတ်ကူးတယ် …။
မင်းအဲဒီမှာနေတော့ ကုန်ကျစားရိတ် မများပေဘူးလား …။
ဖေကြီး .. သားပြန်လာလဲ လေယာဉ်ခ ကုန်အုံးမယ် … ပြီးတော့နေနေ မနေနေ အိမ်ငှားခကပေးရမှာဘဲလေ ..။

အမှန်ကတော့ ကျနော ်သားကိုလွမ်းနေခြင်းဖြစ်ပါသည်။ ပြန်လာစေချင်သည်။ သားမျက်နှာတွေ့ချင်သည်။
ကျနော် ဆင်ခြေဆင်လက်ရှာရပြန်သည်။
ဖေကြီးဆိုလိုတာက … မင်း exam အတွက် အတော်လေးပင်ပန်းနေပြီ ..။
ပြန်လာပြီးအနားယူပါလားကွ ချာချင်ပြန်သွင်းတာပေါ့ကွာ .. လိုအပ်တဲ့သင်တန်းတွေတက်ချင်ရင်လည်း
စားရိတ်စားက နဲနဲနဲ့ တက်လို့ရတာပေါ့ … မဟုတ်ဘူးလား ..။
ဘာသင်တန်းမှမတက်ပါရစေနဲ့တော့ ဖေကြီးရာ စာဖတ်ရလွန်းလို့ မူးနောက်နေပြီ ..။

ဒီအတိုင်းနားမဲ့အတူတူ အလုပ်လေးတဖက်နဲ့ဆိုတော့ … ငွေလဲရ အပေါင်းအသင်းလဲတိုး ..လေ ..။
မင်းကလည်းကွာ အဖေ့စကားနားထောင်တယ်ဆိုတာကို မရှိဘူး … လခွီးမှဘဲ …။
ပြန်လာခဲ့ပါလို့ပြောနေ ..။
ဖေကြီးကလည်း… ဘုရားတောင် သူ့အဖေစကားနားထောင်လို့လား …။
ဘုရားသာ သူ့အဖေစကားနားထောင်ခဲ့ရင် အခုချိန်ဘုရားဆိုတာလဲပွင့်ခဲ့မှာမဟုတ်ဘူး …
အလွန်ဆုံးဖြစ် စကြာင်္ဝတေးမင်းပေါ့ … ဘုရင်ပေါ့ … ဟုတ်ဘူးလား ..
စတာနော်ဖေကြီး ………။

ကျနော်ဖုံးကောက်ချလိုက်ရပါသည်။ …….. ခွပ်။

21 comments

  • windtalker

    August 22, 2011 at 12:30 pm

    ဟဲလို..သား..မင်းပြန်မလာချင်လဲ နေ …။
    မိန်းမ ပေးစားမလို ့
    မလာရင် အဖေ ပဲ ယူလိုက်တော့မယ်
    ဒါပဲ…..ဂွပ်။

  • manawphyulay

    August 22, 2011 at 12:42 pm

    ဖေကြီးသို့ပေးစာ….
    သတိရကြောင်း စာတစ်ကြောင်း
    ငွေတစ်သိန်း ပို့လိုက်ပါ…..
    (မှတ်ချက်။ ။ သားပြန်မလာနိုင်လို့ပါ ပြန်လာရင် ဒီထက်ပိုကုန်မယ်နော်မှာတာ မြန်မြန်ပို့ပေး…. :P)

  • pan pan

    August 22, 2011 at 2:23 pm

    ကျန်းမာစေကြောင်း
    သားဆုတောင်း
    သုံးသောင်းပို့ဦး အဖေရယ်………
    (ဟိုးအရင် မဂ္ဂဇင်းထဲမှာ ဖတ်ခဲ့ရတာလေး)

  • R Ga

    August 22, 2011 at 3:12 pm

    (ဘုရားတောင် သူ့အဖေစကားနားထောင်လို့လား …။
    ဘုရားသာ သူ့အဖေစကားနားထောင်ခဲ့ရင် အခုချိန်ဘုရားဆိုတာလဲပွင့်ခဲ့မှာမဟုတ်ဘူး …)
    ဒီလိုဆိုတော့လည်းအဟုတ်သား…း) နောက်ရှိသေးတယ်။ မြတ်စွာဘုရားက သူမိန်းမ ယသော်ဓရာနဲ့ သားကို စွန့်ပယ်ခဲ့လို့လည်း ဘုရားဖြစ်တာ မိန်းမကို မစွန့်ပယ်ရင် ကျွန်တော်တို့လည်းကိုးကွယ်စရာမရှိဖြစ်နေတော့မှာပဲ ဒီတော့ ဦးဖက်သားကိုပြန်ပြောလိုက် မင်းနဲ့ မင်းအမေကိုလည်း ငါစွန့်လွှတ်မယ်လို့

  • cobra

    August 22, 2011 at 3:41 pm

    သူပြောတာလည်းမှန်တာပဲလေ….။

  • etone

    August 22, 2011 at 4:25 pm

    အန်ကယ်ဖက်တော့ ဒီတခါ ဂွမ်းပြီပဲ … ကောင်မလေးတွေက အန်ကယ်ကြီး ခေါ်နေလွန်းလို့ … သားပြန်လာလျှင် လူငယ်တွေ ဘယ်လို နေတယ်ထိုင်တယ် .. ဘယ်လိုပြောဆိုလှုပ်ရှားလဲ အတုယူမလို့ဟာ … ဟိုက သူ့အကြံသိသွားတော့ .. ပြန်မလာတော့ဘူးတဲ့လေ … ။ 😀

  • hmee

    August 22, 2011 at 4:35 pm

    လေးဖက်က အဖေ လေယာဉ်စရိတ် အကုန်ခံမယ် ပြောလိုက်ရင်ကော။ ပြန်လာချင် ပြန်လာမယ် ထင်တယ်နော်။

  • ဆူး

    August 22, 2011 at 6:11 pm

    ရှုပ်ပါတယ်.. သားကို အဖေ သတိရလို့.. လက်မှတ်ဝယ် ပို့လိုက်.. အထုတ်ဆွဲပြီးသာ လိုက်သွားပေတော့ အိမ်ငှားထားတာ ဆိုတော့ သားအိမ်မှာ တက်နေ.. စလုံးနဲ့ ဒီက ဝေးတာမှ မဟုတ်တာ.. လိုက်သာ သွား.. ပျော်ပျော်ကြီး သုံးပလိုက်.. နောက်တခါ ပြန်လာဆို ပြန်လာလိမ့်မယ် အထွဋ်မတက်တော့ဘူး။

  • alinsett

    August 22, 2011 at 7:22 pm

    အိမ်း…..ခု ခေတ် ကလေးတွေများ…။

  • fatty

    August 22, 2011 at 7:51 pm

    ခေတ်တို့သည်ပြောင်းလဲနေပြီ … အရင်ကလို အဖေမို့လို့အမိန့်ပေးမည်ဆိုလို့ ရဟန်မတူတော့ …
    မဟုတ်တာလုပ်နေလို့ဆုံးမသည့်အနေနှင့် အမိန့်အာဏာကိုအသုံးပြုလို့ရကောင်းရမည်။
    သူတို့လည်းသူတို့သဘောနှင့်သူတို့အတွေးအခေါ်နှင့် မှန်တယ်ထင်ပြီးလုပ်နေတာကိုမိဘများနားလည်ယူ
    ရမည်။ Change …. Change ကိုလက်ခံကြရပေမည်။ Change အတွက်ကြိုတင်ပြင်ဆင်သင့်တာကို
    ပြင်ဆင်ထားကြရမည်။ Change ကိုလက်မခံသေးသောသူများရှိကောင်းရှိနေနိုင်ပါသေးသည်။
    မိသားစုအတွင်းအပြောင်းအလဲ တိုင်းပြည်တခုအတွင်းအပြောင်းအလဲ ယုတ်စွအဆုံး မိမိခန္ဓာ၏
    ပြောင်းလဲလာခြင်းသဘောကိုလေ့လာသင့်လှသည်။ ပြောင်းလဲလာခြင်းသဘောကိုမိမိကရပ်မနေဘဲ
    လိုက်လျှောညီထွေနေတတ်ပါမှတော်ကာကြမည်။ ပြောင်းလဲနေခြင်းသည်သာအမှန်တရားဟုယူဆသင့်
    သည်ထင်ပါသည်။ သင်ကောဘာတွေပြင်ဆင်ထားပြီလဲ … စဉ်းစားကြရန်အစဖေါ်ပေးခြင်းသာဖြစ်ပါကြောင်း။

  • ရွှေဘိုသား

    August 22, 2011 at 9:44 pm

    လေးဖက်ကတော. သားတစ်ယောက်ကို နိုင်အောင်မထိန်းနိုင်သေးဘူးဆိုတော.
    သေချာတယ် မယက ဖြစ်ဖို.များနေတယ်နော်

  • မီးမီး သော်

    August 22, 2011 at 11:29 pm

    ဒီလိုပါ””. အမေနေကောင်းသားဆုတောင်း ပို ့ငွေငါးသောင်းတဲ့”” အဲလိုမဟုတ်ဘူးလား။မိဘ နဲ ့သားသမီးကြားမှာ ခုလိုဘဲဖြစ်နေကြရစမြဲပါရှင်။

  • MaMa

    August 23, 2011 at 6:17 am

    ဦးဖက် သားကို ပြောမရလို့ သဂျီးဆီလာတိုင်နေတာပေ့ါလေ။ 🙂
    မြစ်ဆိုတာ အပြန်မစီးဘူး ဆိုတဲ့ စကားအတိုင်းပေ့ါ။ ဝဋ်ဆိုတာ သံသရာမဆိုင်းဘူးတဲ့။ မိဘက လွမ်းနေလိမ့်မယ်ဆိုတာ ကိုယ့်အလှည့်တုန်းကလည်း မစဉ်းစားပေးခဲ့မိဘူး ထင်တယ်။ 🙂
    အလှည့်ကျတော့ မနွဲ့ကြစတမ်းပေ့ါ နော်။ 🙂

    • thit min

      August 23, 2011 at 7:38 am

      ဦးဖက်က မယက ထက် မထသ ဖြစ်ဖို.ပိုများမှာ…အဖေဆိုတာသားရဲ့လက်ဦးဆရာဆိုတဲ့ အတိုင်းပေ့ါ။

  • ကြောင်ကြီး

    August 23, 2011 at 8:58 am

    ပေါင်ဖြူဖြူနဲ့ စလုံးမလေးတွေက ဦးဖက်သားကို အိမ်ပြန်ခွင့်မပေးဘူးတော့ဘူးတဲ့။ အဖေလုပ်သူဦးဖက် ပြန်မလာရင် သားဖြစ်သူမောင်ဝထံကနေ တိုးရင်းပေါင်း ဆယ်ဆ ပြန်ယူမယ် ကြိမ်းနေကြတယ်..။ ကျနော်ကတော့ လူလွှတ်ပြီး ဦးဖက်သားအိမ်ခန်းမှာ လျှို့ဝှက်ကင်မရာ တဒါဇင် နေရာမလွတ် တပ်ပြီးသွားပြီ…ရွာသားအပေါင်း အင်တာနက်မှာ မကြာခင်မျှော်…..

  • fatty

    August 23, 2011 at 11:15 am

    ရွှေဘိုသားတွေမိုက်တယ် သတ္တိရှိတယ်နဲ့ ကျုပ်တို့လုပ်မှဘဲ မယက ဖြစ်ပြီးနာမည်ပျက်ကုန်ပါပြီကွာ ….
    သူများတွေမသိစေနဲ့ ..။ Thit min ကတော့ အထာနပ်ပုံရတယ် မထသနဲ့နှိုင်းသွားတယ်။
    Ma Ma ပြောသလိုပါဘဲ ဒါကြောင့်ကြိုတင်ပြင်ဆင်ထားကြပါလို့ပြောတာပါ။ အဲ ကျနော်အခု အသက် ၉၀
    နီးပါးအမေကိုစောင့်ရှောက်လျှက်ရှိပါတယ်ခင်ဗျ။
    ကြောင်ကြီးကို အိတ်စ်ကျူ့မီ ဆိုပြီး ဘုတ်အုပ်လှန်စေချင်လို့ … ဒီတခါ ဘာသွားလှန်နေလဲတော့မသိဘူး
    ဝတ်ကျေတန်းကျေလေးဘဲတို့သွားပါလား …။
    မိသားစုအတွင်းပြောင်းလဲလာတာလေးကို တို့ထားတာပါ။ ပြောင်းလဲမှု စီမံခန့်ခွဲရေးအကြောင်းနားလည်သူများရေးပေးကြပါလား ….။

  • weRone

    September 3, 2011 at 3:56 pm

    ဟာာ.. ဒါ ဆိုဦးဖက် မှာ သားရှိတယ်ပေါ့.. ကြိုမပြောဘူး.. သူ့သားကို ဝှက်ထားတယ်..။ဘာလဲ ယေက္ခမ အခေါ်ခံရမှာ စိုးလို့နဲ တူတယ်… ယောက္ခမ ကြီး….. ဟီး……… 😛 😀

  • kyaw naynay

    September 3, 2011 at 4:46 pm

    ခေတ်ကိုက သားကဖအေကိုပြန်ဆိုတဲ့ခေတ်
    နောက်ပြီး သက်ကြီးစကားသက်ငယ်ကြားတဲ့
    တော်တော်လက်ပေါက်ကပ်တယ်နော်
    အဖေ့ထက်မေတ္တာပေးနိုင်တဲ့သူတွေ့လို့နေမှာပေါ့ 2028 မေတ္တာလေ
    ပိုအားပြင်းတယ်

  • kyaw naynay

    September 3, 2011 at 4:47 pm

    မှားလို့နော် သက်ငယ်စကားသက်ကြီးကြားတဲ့ခေတ်

  • nature

    September 3, 2011 at 5:16 pm

    အဖေဆိုတာလဲတချိန်ကသားဖြစ်ခဲ့တာပါ။ သားဟာလည်းတချိန်မှာ အဖေဖြစ်လာမှာပါ။ ကိုယ်သားဖြစ်ခဲ့တဲ့အချိန်ကမိဘတွေရဲ့ ခံစားချက်ကို အပြည့်အဝနားလည်မပေးနိုင်သလို ကိုယ်ရဲ့သားဟာလည်း မိဘတွေရဲ့ခံစားချက်ကို အခုချိန်မှာ အပြည့်အဝနားလည်ဖို့ခက်မယ်ထင်ပါတယ်။ သူဟာအဖေဖြစ်လာချိန်မှာတော့ နားလည်လာမယ်ထင်ပါတယ်။

  • MaMa

    September 3, 2011 at 6:30 pm

    ဒီနေရာမှာ nature ကို အပြည့်အဝ ထောက်ခံပါတယ်။

Leave a Reply