Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နာရေးကူညီမှုအသင်း နှင့် သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဆောင်ရွက်ပေးမှုများ

manawphyulayMay 11, 20101min2853

၁. ၅. ၂၀၁ဝ ရက်နေ့ မေဒေးနေ့ အလုပ်ပိတ်ရက်ဖြစ်ပေမယ့် အပြင်ထွက်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ဘယ်ကိုသွားလဲဆိုတော့ မနက်ပိုင်း အိမ်တက်ဖိတ်တဲ့ဆီကို အရင်ဝင်ပြီးနောက် အင်ဂျင်နီယာဖိုရမ်ရဲ့ ၂ နှစ်ပြည့် ကုသိုလ်လုပ်မယ်လို့ ဖုန်းဆက်လာတဲ့အတွက် ဘယ်မှာလှူမှာလဲ မေးတော့ နာရေးကူညီမှုအသင်းမှာ လူမှာဖြစ်တဲ့အတွက် မြောက်ဥက္ကလာအဝိုင်းထိပ်က မဟာနွေမှာ လူစုမယ် အရောက်လာခဲ့ပါလို့ အသင်းက မောင်ပုရှ်လေးက ပြောတဲ့အတွက် သွားရောက်ခဲ့ပါတယ်။ အချိန်က ၁၁ နာရီဆိုလို့ အမှီသွားတော့ လူစုံနေတာနဲ့ ခဏနေတော့ နာရေးကူညီမှုအသင်းတည်ရှိရာနေရာကို ရောက်ရှိခဲ့ပါတယ်။ အဲ နောက် အလှူငွေကို လက်ခံမယ့် ဦးကျော်သူက စာရေးပြီး လက်မှတ်ကိုလည်း တစ်ခါထဲလက်ခံပါတယ်။ နောက် နာရေးကူညီမှုအပြင် သုခကုသိုလ်ဆိုတဲ့ ဆေးခန်းလည်း ဖွင့်လှစ်ထားရှိတာကို တွေ့ရှိခဲ့ပါတယ်။ နောက် ဆေးခန်းတွေ လိုက်လံပြသပေးပါတယ်။ နောက် ထပ်မံသိရတာက မည်သူမဆို ပရဟိတအနေနဲ့ လာရောက် ကုသိုလ်ပြုနိုင်ကြောင်း ကလေးတွေလည်း စာသင်ပေးသေးတာ တွေ့ရပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်လေးကလည်း ထည်ဝါစွာ တည်ရှိနေပါသေးတယ်။ ဘာလဲဆိုတော့
(အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင် လုပ်ဆောင်နိုင်ကြသည်) တဲ့။ ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်သလဲ ပိုက်ဆံများရှိလို့ကတော့ စိန်စီမယ့်အစား ကျွန်မလည်း ဒီလိုပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ချင်မိပါတယ်။ နွေနေပူဟာ ၁၂ နာရီဆိုတဲ့အချိန်ဟာ နေလုံးခေါင်းပေါ်ရောက်နေတဲ့အချိန်ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့ ဘယ်လိုနေပူပြင်းပြီး ချွေးတဒီးဒီးကျနေမယ်ဆိုတာပေါ့။ ဒါပေမယ့် ကျွန်မတို့အဖွဲ့သားတွေဟာ အပြုံးကိုယ်စီနဲ့ အေးချမ်းတဲ့မျက်နှာတွေနဲ့ အလှူလှူဖို့ စိတ်အားထက်သန်စွာ ရောက်ရှိသွားခဲ့တာဟာ အလွန်တရာမှ ပီတိဖြစ်မိပါတယ်။ အင်ဂျင်နီယာဖိုရမ်မောင်နှမ ရပ်ဝေးရပ်နီးက အလှူငွေတွေနဲ့ လှူဒါန်းခြင်းဟာ သူတို့ကိုယ်လည်း အဝေးကနေ ကျေနပ်ကြလိမ့်မယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်ရှင်။ နာရေးကူညီမှုရဲ့ ဆောင်ရွက်ချက်တွေကတော့

နာရေးကိစ္စပေါ်ပေါက်လာသဖြင့် အခက်အခဲကြုံတွေ့ရသော ကျန်ရစ်သူ မိသားစုတို့၏ အပူမီးကို တတ်အားသမျှ ကူညီငြိမ်းသတ်ပေးခဲ့သည်မှာ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ (ခု 30 April 2010) နေ့အထိ နာရေးကူညီမှုပေါင်း (၈၇၀၇၅) ကျော်ရှိခဲ့ပြီး ဖြစ်ပါသည်။
သဒ္ဒါတရား ထက်သန်သော စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် နာရေးပေါင်းများစွာကို အကူအညီပေးလိုက်ခြင်းကြောင့် ဗျဿနဘေးနှင့် ကြုံတွေ့ရသော သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿမီးများ လောင်မြိုက်ခံစားနေရရှာသည့် နာရေးရှင်မိသားစုများမှာ အထိုက်အလျောက် စိတ်သက်သာမှု ရရှိသွားကြပါသည်။
ယခုအခါ နာရေးစရိတ်များ ပိုမိုကြီးမြင့်လာခြင်းကြောင့် နာရေးကူညီမှု တောင်းခံလာသူ ဦးရေ များပြားလာပါသည်။ သို့ရာတွင် အသင်း၏ စေတနာရှင် အမှုဆောင်များ၊ အသင်းသူအသင်းသားများ၊ ဝန်ထမ်းများသည် မည်သည့်အခက်အခဲ၊ မည်သည့်အကြပ်အတည်းရှိပါစေ ကြိုးစား၍ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အယူသည်းမှုများကို တစ်ဆင့်ပြီး တစ်ဆင့် ပပျောက်အောင် ကြိုးစားရင်း အနိမ့်ဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော စိတ်ထားရှိသူတို့သာလျှင် လုပ်ဆောင်နိုင်ကြသည် ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ တာဝန်ယူဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ တစ်ပါးသူ၏ ဒုက္ခကို ဝေမျှခံစားကာ သူတို့၏ တာဝန်ကို ပေါ့ပါးအောင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာဆိုသည့် နာလေးနာ ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးလျက်ရှိနေကြပါသည်။
ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၊ နာရေးကိစ္စများ အကူအညီတောင်းခံလာပါလျှင်
၁။ နေ့ချင်းပြီး မီးသဂြိုဟ်ပေးခြင်း။
၂။ ထိုနေ့အချိန်မမှီလျှင် နောက်တစ်နေ့တွင် သဂြိုဟ်ပေးခြင်း။
၃။ သက်ဆိုင်ရာ အအေးတိုက်သို့ အလောင်းကို ပို့ဆောင်ပေးခြင်း။
၄။ အအေးခန်းထားခ (၂ ) ရက်စာ တာဝန်ယူပေးခြင်း။
၅။ ကရဝိတ်ဖောင်၊ အလူမီနီယံခေါင်း၊ မှန်ခေါင်း၊ မှန်စီရွှေချခေါင်းများနှင့် မီးသဂြိုဟ်ပြီးသည်အထိ တာဝန်ယူပေးခြင်းတို့ပဲ ဖြစ်ပါတယ်။
အထက်ပါ လုပ်ငန်းများအတွက် ငွေကြေးတစ်စုံတရာ ပေးသွင်းရန် မလိုဘဲ အားလုံးအခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ကွယ်လွန်သူအတွက် ကုသိုလ်ပြုသောအားဖြင့် အလှူငွေများ လှူဒါန်းလိုပါက အသင်းရုံးသို့ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
မြင့်မတ်လှစွာသော ကောင်းမှုကြီးကို ပါဝင်လုပ်ဆောင်တော်မူကြပါရန် ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

သုခကုသိုလ်ဖြစ်ဆေးခန်း
နာရေးကူညီမှုအသင်းအနေဖြင့် ကျန်ရစ်သူမိသားစုတို့၏ သောက ပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ဖြေသိမ့်ကူညီပေးခဲ့သည်မှာ နှစ်ရှည်ကာလတစ်ခုကို ရောက်ခဲ့ပြီး ဖြစ်ပါသည်။
သေရေးကိစ္စကို အကူအညီပေးခဲ့ကြသကဲ့သို့ ရှင်သူအတွက်လည်း တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီလိုကြပါသဖြင့် (ပထမ) နှစ်ပတ်လည်အခမ်းအနားတွင် ဆေးကူညီမှု ကော်မတီကို တိုးချဲ့ဖွဲ့စည်းကာ ၂၀၀၃ ခုနှစ်၊ ဧပြီလ (၇) ရက် ကမ္ဘာ့ကျန်းမာရေးနေ့မှစ၍ မြောက်ဥက္ကလာပဆေးရုံကြီး၊ တောင်ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ စံပြဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း(ဂန္ဓီ)ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း(ကြည့်မြင့်တိုင်)ဆေးရုံကြီး စသည့် ပြည်သူ့ဆေးရုံကြီး (၆) ရုံတွင်….
၁။ ချို့တဲ့နွမ်းပါး၍ အရေးပေါ်ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များကို ခွဲစိတ်ကုသပေးခြင်းဖြင့် တစ်ကြိမ်တည်းတွင် နှစ်သက်ကယ်တင်ရသော ကုသိုလ်။
၂။ မည်သည့်ရောဂါမဆို ကျား/မ မရွေး ရုတ်တရက် ခွဲစိတ်ကုသရန် လိုအပ်သော ချို့တဲ့နွမ်းပါးလူနာများအား ခွဲခန်းစရိတ် လှူဒါန်းရသော ကုသိုလ်။
၃။ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် အထွေထွေရောဂါကုဆရာဝန်များအပြင်၊ အရိုးအကြော၊ အရေပြား၊ ကင်ဆာ၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများ သမားတော်ကြီးများနှင့် သွားရောဂါဆရာဝန်များက အလှည့်ကျကြည့်ရှုကုသပေးလျက်ရှိခြင်း။
၄။ အပ်စိုက်ကုသလိုသော လူနာများအား အပ်စိုက်ဆရာများမှ အပ်စိုက်ကုသပေးခြင်းအပြင် ECG, USG ဓာတ်မှန်ရိုက်သင့်သူ လူနာများအား စီစဉ်ဆောင်ရွက်ပေးခြင်း။
၅။ ကုသပေးသော ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ဓာတ်ခွဲခန်းမှ ရောဂါရှာဖွေ ဓာတ်ခွဲစမ်းသပ်ပေးခြင်း။
၆။ သွေးလိုအပ်သော လူနာများအား သွေးလှူရှင်နှင့် ချိတ်ဆက်လှူဒါန်းခြင်း။
၇။ အရေးပေါ် အောက်ဆီဂျင်လိုအပ်သော လူနာများအား အောက်ဆီဂျင်ဘူး ငှားရမ်းခြင်းတို့ ဖြစ်ပါတယ်။
၂၀၀ရ ခုနှစ်၊ မေလ (၂)ရက်နေ့ သုခကုသိုလ်ဖြစ်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှ ယနေ့အထိ စေတနာရှင်ဆရာဝန်ကြီးများ၏ ကူညီပံ့ပိုးမှုများကြောင့် စမ်းသပ်ခနှင့် ဆေးဘိုးငွေ ပေးသွင်းရန်မလိုပဲ အခမဲ့ ကုသပေးလျက်ရှိပါကြောင်း တွေ့ရှိခဲ့ပါတယ်။

နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ခံယူချက်
စေတနာရှင် အသင်းသူ၊ အသင်းသားများသည် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးစိတ်ဝမ်းသွင်း၍ တာဝန်ယူ ကူညီဆောင်ရွက်ပေးကြပါမည်။
ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွား၍ ပေးဆပ်နေသူများ

အခမဲ့ ကူညီသည် အခကြေးငွေ ပေးရန် လုံးဝ (လုံးဝ) မလိုပါတဲ့။

အသင်းရဲ့ တည်နေရာကတော့
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ်(၁၃ – က)၊ ဗိုလ်မှူးဗထူးလမ်း၊
၄၈ (U-9)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း    – ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃
ရေဝေးရုံးခွဲ – ၇၀၄၇၈၄၊ ၆၃၉၄၉၀၊ ဝ၉၈၆၄၀၂၁၉

3 comments

  • susunosuki

    May 11, 2010 at 2:39 pm

    သိပ်ကိုမွန်မြတ်တဲ့ အလှူပါ
    ကျွန်တော်တို့လဲ ဆရာတော် ဦးဇဝန (မေတ္တာရှင်)ရွှေပြည်သာ ရဲ့တရားတော်တွေနာပြီး
    ခုလိုလူမှုရေးလုပ်ငန်းတွေမှာ ကူညီချင်လာတယ်။

  • intro

    May 12, 2010 at 9:22 am

    သိတ်မွန်မြတ်တဲ့အလှူပါခင်ဗျာ… ကျွန်တော်နဲ့ အတူ သူငယ်ချင်းတွေလည်း နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ အစီအစဉ်ရှိပါတယ်… သူငယ်ချင်းတို့လည်း အချိန်ရမယ်…. ကူညီနိုင်မယ်ဆိုရင် ကျွန်တော်တို့နဲ့ အတူ ပါဝင်ကူညီကြဖို့ ဖိတ်ခေါ်ပါတယ်…

  • manawphyulay

    May 12, 2010 at 9:35 am

    ကျေးဇူးပါရှင် ပရဟိတလုပ်ငန်းတွေ လုပ်နေရတာ အလွန်ပဲ ကျေနပ်မှုကောင်းလှပါတယ်။

Leave a Reply