Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်လာဈေးက ၆၈၈ ကျပ် ရွှေဈေးက တစ်ကျပ်သား ရ သိန်းကျော် ….

fattyAugust 23, 20111min55430

မြန်မာပြည်မှာရှိတဲ့ လစာငွေဒေါ်လာနဲ့ရကြသူတွေမှာ ဒေါ်လာ ၁၀၀ဝ စားဆိုတာ အတော်နဲမှာပါ ..။ အခုအတိုင်းဆို ၁၀၀ဝ စားမှ မြန်မာငွေနဲ့ ရ သိန်းကျော်ဘဲရှိတော့တယ်။
သမ္မတကလည်း အဲဒီဂရက်တွေအတွက်ကြိုတင်ပြင်ဆင် ထားကြဖို့တိုက်တွန်းနေပါပြီ။

အဓိကကတော့ Export သမားတွေအလုပ်မဖြစ်ကြတော့ပါဘူး …။ သူတို့အလုပ်မဖြစ်တော့ ဒီက ထွက်ကုန်တွေ အရောင်းထိုင်း ..။ ကုမ္မဏီဝန်ထမ်းတွေ
မျက်နှာပန်းမလှ ဖြစ်ကုန်ကြရပါပြီ။ ဘောစိမျက်နှာကြည့်နေရတာဆိုတော့ ဘောစိမျက်နှာက အောက်သိုးသိုးဆိုရင် ဝန်ထမ်းတွေမှာ ဘယ်တော့ငါတို့ဘက်
လှည့်လာမလဲဆိုပြီး ရင်တမမ နေကြရတာပါ ..။
အစိုးရက Export သမားတွေအတွက် အခွန်အခတွေလျှော့ပေးနေပေမဲ့လဲ မကာမိအောင်ကို ဖြစ်နေပါတယ် ..။ မြန်မာငွေမာလာတယ်ဆိုရအောင်ကလည်း
ဒီမှာပစ္စည်းဈေးတွေက အီလက်ထရောနစ်ပစ္စည်းတွေကလွဲရင် အခြေခံစားသောက်ကုန်က ဈေးမကျပါဘူး ..။

ဈေးမကျတဲ့အပြင် ရာသီဥတုကြောင့် ပျက်စီးမှုတွေရင်ဆိုင်နေရတော့ ပိုပြီးဈေးတက်ဖို့သာရှိနေပါတယ် ..။ စပါးခင်းတွေရေမြုပ် သီးနှံခင်းတွေပျက်စီးနဲ့
အရင် ဦးနေဝင်းခေတ်ကလိုသာ အောက်က အားလုံးကောင်းပါသည်ခင်ဗျားဆိုလို့ကတော့ … သေကြဖို့သာပြင် ..။

ဟိုဘက်နိုင်ငံတွေသွားပြီးရုန်းကန်နေကြသူတွေခင်မျာမှာလည်း ငွေလဲနှုန်းတွက်ခြေမကိုက်လို့ အတော်များများပြန်တဲ့သူတွေပြန်လာကြကုန်ပြီ ..။
ပြည်ပရင်းနှီးမြှုတ်နှံမှုကလည်း ထင်သလောက်ဝင်မလာနိုင်သေး ( အများအလုပ်ရမဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးပြောတာပါ )

အဲဒီတော့စီးပွါးရေးပညာရှင်တွေရဲ့ အယူအဆတွေ ကြိုတင်တွက်ကိန်းတွေ အရေးကြီးနေပါပြီ။ အခြေခံလူတန်းစားတွေဆင်းရဲမှုတိုက်ဖျက်ရေးက
သူတို့ကိုငွေချေးပေးယုံနဲ့မရဘူး အလုပ်အကိုင် လုပ်တတ်ကိုင်တတ်အောင် သင်ပြပေးအုံးမှ နို့မို့ဆိုရင်တော့ ကွမ်းယာဆိုင်တွေဘဲ အရှိုရှိုထွက်လာပါလိမ့်မယ်။

ချေးငွေလေးနဲ့ ဈေးရောင်းမယ်ဆိုတော့ ရောင်းကောင်းမယ့်နေရာ ဝယ်အားရှိတဲ့နေရာက မြို့လည်ခေါင်မှာပါ။ မြို့လည်ခေါင်ကလည်း စီမံချက်နဲ့
ဈေးသည်တွေကိုကန့်သပ်နေ ..။ ………. ကျနော်ကတော့ချာလပါတ်ရမ်းနေပြီ နားလည်သူများရှိရင် ဝင်ပြီးဆွေးနွေးပေးကြပါလား ..။

တဖက်တလမ်းက အထောက်အကူဖြစ်တာပေါ့ …။

30 comments

  • မီးမီး သော်

    August 23, 2011 at 12:06 pm

    အင်း အားလုံးတော့လွယ်မယောင်နဲ ့ခက် ကုန်ပါပီ။ဒေါ်လာဈေးက ထိုးကျလာတယ်ဆိုပေမယ့် ရွှေဈေးတက်လာတော့ ဘာမှ မထူးပါဘူး။ရွှေဈေး ခုနစ်သိန်းကျော်တဲ့. ဆယ်သိန်းနားရောက်တော့မယ်ထင်ပါတယ်။ဒါဆိုရင် စီးပွားရေး ချိန်ခွင်လျှာဘယ်လို ကြီးဖြစ်သွားတော့မှာလဲ။အခြေခံ လူတန်းစားတွေတော့ ငတ်တော့မယ်ထင်ပါတယ်

  • မီးမီး သော်

    August 23, 2011 at 12:10 pm

    ဆင်းရဲ မွဲတေမှု ပပျောက်ရေးတာ အော်နေတယ် ဘာမှ မလုပ်တတ်မကိုင်တတ်နဲ ့အောက်ခြေ လူတန်းစား နေ ့စားတွေရယ်၊ဘယ်လို ရပ်တည်ကြမလဲ။ဘယ်လိုကြောင့်ဒေါ်လာစားတွေအကြောင်းဘဲပြောနေကြတာလဲ။သူတို ့ကဒေါ်လာစားနေကြတာ. ဒီမှာ တနေ ့လုပ်မှတနေ ့စားရတဲ ့လူးမွဲတွေ အဖြစ်လဲစာနာကြပါရှင်

  • hmee

    August 23, 2011 at 12:59 pm

    ရှိစုမဲ့စုလေးတွေ ဘယ့်နှယ့်လုပ်ရပါ့။ ရောင်းသင့်လား ဆက်ပြီး သိမ်းထားသင့်လားလဲ သိတဲ့သူများ ပြောပြပါဦးနော်။

    • nayminn

      August 23, 2011 at 4:46 pm

      23-8-2011 ( 16 : 45 ) 1 USD = 675 KS

    • Foreign Resident

      August 24, 2011 at 3:12 am

      I think, if you can, ” ဆက်ပြီး သိမ်းထားသင့် ”
      I am sure, our country cannot go further with this dollar’s price,
      this will topple our economy.
      Sooner or later,
      our government will participate in, to boost the dollar’s price.
      Don’t worry, be patient.

  • meocyrus

    August 23, 2011 at 1:01 pm

    အခြေခံလူတန်းစားတွေဒေါ်လာဝယ်စုနိုင်မဲ့အနေအထားကိုရောက်လာပါပီ။
    ဆင်းရဲမွဲတေပါတဲ့သူတောင် ဒေါ်လာကိုင်နိုင်တော့မှာပါ။ ဆင်းရဲမွဲတေမှုမပျောက်ရေးလမ်းကြောင်းပေါ်ကို
    တဖြည်းဖြည်းရောက်လာပါပီ။ ကြိုဆိုပါတယ်။ -င်မနိုင်ပဲ ပဲကြီးဟင်းသောက်ကြသူများကိုကျေးဇူးတင်ပါတယ်။ း)

  • ရွှေအိမ်စည်

    August 23, 2011 at 1:16 pm

    တို ့ကတော့မရှိတော့အေးဆေးဘဲ…
    လခကတော့ဆိုးတယ်ဗျာ….
    ဈေးကျတော့ဆိုးပါတယ်…..
    သူဌေးတော့ညှိရတော့မယ်..ဒီအတိုင်းဆို……အပိုဆောင်းပေးရင်ပေး
    မပေးရင်…..

  • Shwe Ei

    August 23, 2011 at 1:31 pm

    ဒေါ်လာစားတွေ သူဌေးနဲ့ တကယ်ညှိသင့်ပါတယ်။ ပေါက်ဈေးက စိတ်ပျက်စရာကောင်းလောက်အောင်ကျနေလို့ပါ။ ကျွန်မသိတဲ့ NGO တချို့မှာ ၉၀ဝနဲ့ တနှစ်လုံးဖြတ်ပေးပါတယ်။

  • pan pan

    August 23, 2011 at 1:52 pm

    ၆၈၈ကျပ်တောင်မဟုတ်တော့ဘူးလေးဖက်ရေ
    ဒီကနေ့ ကိုယ်ရောင်းချင်ရင် ဒေါ်လာက၆၆ဝဈေးဖြစ်သွားပြီ
    FEC လည်း၆၁ဝတဲ့
    ကျွန်မတို့ ရုံးမှာလည်း ညှိနေရပြီ

  • kai

    August 23, 2011 at 1:55 pm

    ယူအက်စ်ရဲ့.. ဒက်ဘစ်ဆီလင်မြှင့်တဲ့ကိစ္စမှာ. နိုင်ငံရေးသမားတွေ.. ကစားလွန်သွားတဲ့အတွက်.. ယူအက်စ်ရဲ့ခရက်ဒစ် ထိသွားပါတယ်..။
    အေသုံးလုံးကနေ.. အေ၂လုံး+ ဖြစ်သွားတယ်ပေါ့..။

    ဆိုတော့.. ငွေကြေးရှင်တွေ.. ဒေါ်လာကို သိပ်မယုံရဲတော့တာမို့ … ရွှေတွေဝယ်ပါတယ်.။
    ကမ္ဘာမှာကိုက.. ရွှေဈေးတက်..ဒေါ်လာဈေးကျ..။ ယူရိုကျ ဖြစ်နေတာပါ…။

    မြန်မာပြည်က.. အဲဒီအရှိန်ရယ်..။ တိုင်းပြည်နိုင်ငံရေးအပြောင်းအလဲဖြစ်မယ်ထင်တဲ့.. အထင်တွေရယ်..ရောသမမွှေ့ပြီး… မြန်မာငွေတန်ဖိုးတက်လာနေတယ်ထင်တာပဲ..။
    မြန်မာအစိုးရဆီမှာ.. မြန်မာငွေတွေ..ဆဲလ် ဖုန်းတို့.. ကားတို့နဲ့လုပ်စားထားတာ…တော်တော်ပိုက်မိထားပုံပေါ်တယ်..။

    အိုင်အန်အက်ဖ်က..မြန်မာပြည်ကို မကြာခင်လာတော့မှာပဲ..။ သူတို့အကြံဉာဏ်နဲ့..ဆက်သွားရင်.. ကောင်းသွားမယ်ထင်တာပါပဲ..။
    ကြားထဲမှာတော့ .. မှေးပြီးစောင့်နေပေါ့…။

    • pan pan

      August 23, 2011 at 2:13 pm

      သဂျီးရေ..ဒေါ်လာဈေးက တချိန်ချိန်မှာ ပြန်တက်လာနိုင်ဖွယ်ရှိလား
      တစ်ထောင်ဝန်းကျင်လောက်ထိပေ့ါ

      • kai

        August 23, 2011 at 3:06 pm

        အမ်…
        သတင်းသမားက..သတင်းတွေလက်ဆင့်ကမ်းနေတာမှာ..သုံးသပ်ချက်ပဲပါတာပေါ့..။
        ဆိုတော့.. ကျုပ်ကလည်း စီးပွားရေး ပရိုမဟုတ်တာမို့.. ဘာဖြစ်မလည်း.. မသိပါဘူး..။
        ရမ်းမှန်းပြောရရင်..
        အခုအစိုးရသစ်က..
        ၁) သူ့မြန်မာငွေတွေလှိမ့်ထုတ်လိုက်ပြီး.. ဒေါ်လာတွေလိုက်ဝယ်ရင်..။
        ၂) အန်အလ်ဒီပါတီကို.. မတရားအသင်းကြေငြာလိုက်ရင်…
        တဒေါ်လာ= တထောင်ဝန်းကျင် ပြန်ဖြစ်သွားနိုင်ပါတယ်..။
        ပြောရရင်.. လုပ်မဲ့ပုံလည်း သိပ်မပေါ်ပါဘူး..။

        တနှစ်လောက်အတွင်း.. တထောင်ဝန်းကျင်ပြန်ရောက်ဖို့တော့.. သိပ်မမြင်မိဘူး..။
        အိုင်အမ်အက်ဖ်က..ဒေါ်လာတွေ..ဘီလီယန်ချီ… အတိုးနဲနဲနဲ့.. ချေးပေးလိုက်ရင်တော့.. ပိုတောင်.. မြန်မာငွေတန်ဖိုးတက်သွားဦးမယ်..။

        • etone

          August 23, 2011 at 3:24 pm

          မြန်မာငွေတန်ဖိုးတကယ် တက်လာတာလည်း မဟုတ်ပဲနဲ့ … .အရင်အတိုင်း ပစ္စည်းတွေ အစားသောက်တွေ ဈေးက ဒီအတိုင်းပဲ … မိုက်ရိုင်းတာက လွန်ရော…။
          ငတ်တလှည့် ပြတ်တလှည့်နဲ့ … ရှိတာလေး ကုတ်ခြစ်ထားလျှင်ကောင်းမလား … အရှံးနဲ့ပဲ ရသလောက်ရောင်းရမလား … တွေဝေနေတုန်း .. တစ်ဒေါ်လာ တစ်ကျပ်ဖြစ်တော့မှာလား ? 😥

        • kai

          August 23, 2011 at 3:39 pm

          IMF ဝင်ရင်ဆေးခါးကြီးတော့သောက်ရလေ့ရှိတယ်..

          ဒီကြားကာလထဲ… သဘာဝကလည်း ကူထိန်းညှိမှာပေါ့..။
          ကုန်ဈေးနှုန်းတွေကမဆင်းလာရင်.. ဈေးမဆင်းတဲ့ကုန်တွေက .. အင်ပို့(သွင်းကုန်) ဝင်ချလာမှပေါ့..။
          မြန်မာငွေကိုကိုင်ထားသူတွေ.. ဒေါ်လာလဲပြီး… ဘန်ကောက်မှာ ညစာသွားစားတော့မှာပေါ့..။
          ပါကစ်စတန်က..ဘာစမာတီဆန်.. ဝယ်စားတော့မှာပေါ့..။
          တရုတ်က.. ပီကင်းဘဲကင်မှာစားမှာပေါ့…။

          တဒေါ်လာတကျပ်သာဆို.. တုန်မမတို့..လစာနဲ့.. ပြင်သစ်ပါရီ..အီဖဲလ်မျှော်စင်အောက်မှာ.. တလ..တခါလောက်တော့… စနေနေ့ညစာ သွားစားလို့တောင်ရသွားနိုင်တယ်..။ 🙂

        • pan pan

          August 23, 2011 at 4:32 pm

          ရုံးမှာFECကိုင်ထားသူတချို့တော့ ဘာလုပ်ရမှန်းမသိဖြစ်နေကြတယ်
          အစိုးရကဖျက်သိမ်းလိုက်လို့ အစိုးရဆီမှာ အစိုးရဈေးနဲ့လဲမယ်ဆိုရင် သုံးလေးရာလောက်နဲ့ ဖြစ်သွားမှာလည်း ကြောက်နေကြတယ်
          မစားရက်မသောက်ရက် စုထားသူတွေ ဒုက္ခရောက်ရောပဲ
          ကိုယ်တွေတော့ လစာလေးရရင် အကုန်ထုတ်ရောင်းတော့ ခုများတစ်ကျပ်တောင်မကျန်ဘူး
          အေးရော…. 😀

        • Foreign Resident

          August 24, 2011 at 3:34 am

          တဒေါ်လာ = တကျပ်သာဆို 😀 😀

          ဘန်ကောက်မှာ ညစာသွားစား..။
          ပါကစ်စတန်က..ဘာစမာတီဆန်.. ဝယ်စား..။
          တရုတ်က.. ပီကင်းဘဲကင်မှာစား…။
          အီဖဲလ်မျှော်စင်အောက်မှာ.. စနေနေ့ ညစာ သွားစား..။
          😛

        • maungmoenyo

          August 24, 2011 at 8:30 am

          IMF လာမဲ့ကိစ္စမှာ ဒေါ်လာပံ့ပိုးပေးဘို့တော့ပါမယ်မထင်ပါဘူး။ လက်ရှိသုံးတဲ့ ငွေလဲစနစ်ကိုခိုင်မာစေမဲ့ (တည်ငြိမ်စေမဲ့) စနစ်တခုကို ပုံသွင်းဘို့ပါဘဲ။ ဘယ်လောက်အကျိုးရှိမလဲ…မသိနိုင်ပါဘူး။
          လက်ရှိ နိုင်ငံတော်ဘတ်ဂျက်ရဲ့လိုငွေပြမှုဟာမဖုံးနိုင်မဖိနိုင်ပေါ်လာပါပြီ။ (ကျပ် ဘီလီယံ ၂၀၀၀၊ ဒေါ်လာ သန်း ၃၀ဝ ကျော်ပေါ့)
          လက်ရှိကျပ်ငွေတန်ဘိုးမြင့်မားလာမှုကိုအခွင့်ကောင်းယူပြီးအစိုးရက FEC စနစ်ကိုရုတ်သိမ်း၊ ငွေလဲစနစ်ကိုလဲ စံနှုန်းတခုတည်းအဖြစ်ပြောင်းသတ်မှတ်ရပါမယ်။ ဒါတွေလုပ်တာ (၆)လ ကနေ တနှစ်လောက်တော့ကြာပါမယ်။ အဲ့ဒီလိုမခြစ်ခင်ကတည်းက မြန်မာကနေ နိုင်ငံတကာကိုတင်သွင်း တဲ့ ပို့ ကုန်အားလုံးလိုလို (Cutting/making/packaging) CMP အပါအဝင် ညံနေအောင်အော်နေကြပါပြီ။ ဒီအတွက်လဲ ပို့ကုန်ခွန် ကို (၂%) အထိလျှောချလိုက်ပါတယ်။ အမြဲတမ်းတော့ဘယ်ဟုတ်မလဲလေ။ (၆) လပါဘဲ။ ဒါပြီးရင်ပြန်တင်မှာပါ။ ဒါပေမဲ့ ဒီ (၆)လပို့ကုန်ခွန်လွတ်ငြီမ်းခွင့်ဟာ ကုန်သည်တွေအတွက် သိပ်ပြီး အကြောင်းထူးမဲ့ပုံမရှိပါဘူး။
          ဟဲဟဲ….လူတစုကတော့ ပန်းပန်လျက်ပါဘဲ….မြန်မာနိုင်ငံငွေကြေးဈေးကွက်မှာ ကုန်ဖလှယ်မှုသိပ်မထားတဲ့ ထွန်းမြင့်နိုင်၊ တေဇ နဲ့ ဇော်ဇော်တို့ အုပ်စုကတော့……။

  • chitpyae

    August 23, 2011 at 2:29 pm

    ဒေါ်လာဈေးက ၆၈၈ တဲ့လား ။ ဒီနေ့ စင်ကာပူဒေါ်လာ ဈေးက ၅၂ဝ ပါရှင် ။
    ကဲ … ဘယ့်နှယ့် လုပ်ကြမတုံး ။ စင်ကာပူကလူတွေ အကုန် စိတ်ညစ်လို့ ညည်းငြူ နေကြပါတယ် 🙁 🙁

  • Snowy

    August 23, 2011 at 2:56 pm

    ၅၂ဝ သာဆိုသေပြီဆရာပဲ … မြန်မာပြည်မှာဆိုရင်လဲ အလုပ်ကအဆင်မပြေ …. နိုင်ငံခြားထွက်လာတော့လဲ ငွေဈေးတွေကကျနဲ့ ဘာလုပ်စားရတော့မလဲ tax တွေပေးရ passport extension ခတွေ အထွေထွေအသုံးစရိတ်က အရင်ကထက် ၂ဆလောက်တက်လာပြီ လစာကျတော့ မတက်နဲ့ … :S
    လွန်ခဲ့တဲ့ ၅ နှစ်က စင်ကာပူဒေါ်လာဈေး ၉၀ဝ ကျော်နဲ့ ကျောင်းတက်ခဲ့ရတယ် … ခုကျောင်းပြီးလို့ အလုပ်ကလေးလုပ်မယ် ရှိသေးတယ် … ဒေါ်လာဈေးဆက်တိုက်ထိုးကျတာ ဒီချိန်ထိပဲ 🙁 🙁 🙁

  • manawphyulay

    August 23, 2011 at 4:15 pm

    ဈေးကျပြီး ရွှေဈေးကတော့ အဆမတန် ထိုးတက်မယ်ဆိုပဲ။ အဲ ဒါပေမယ့် ပြည်ပထွက်တွေက အခွန်ဆောင်ဖို့ ၂ ရာခိုင်နှုန်းဆိုတော့ ထွက်တဲ့သူတွေအတွက် အဆင်ပြေသွားတာပေါ့နော်…

  • forever

    August 23, 2011 at 4:47 pm

    ဈေးကကျမှာဘဲ ၆၅ဝလောက်အထိဖြစ်သွားမယ်ထင်တယ်
    အစိုးရက second step အနေနဲ. ဈေးကွက်ထဲဝင်ဘို.ရှိတယ်ထင်တာဘဲ
    အနိမ်.ဆုံးဈေးလို.သူတို.သတ်မှတ်တဲ. အချိန်မှာ ဈေးကွက်ထဲ ဝင်ပါလာလိမ်.မယ်
    ဆိုလိုတာက ဈေးကွက်ထဲမှာ ဒေါ်လာဈေးအနိမ်.ဆုံးအချိန်မှာ အစိုးရကဝင်ပြီးဝယ်ပါလိမ်.မယ်
    အဲဒီအခါ ဗမာငွေ ပြန်ပြီး တန်ဘိုးကျသွားလိမ်.မယ်
    ဒါပေမယ်. ၇၅ဝလောက်အထိဘဲမှန်းထားပါတယ်

    • Foreign Resident

      August 24, 2011 at 3:22 am

      I agree with Forever,
      Government will intervene soon.
      They can not allow ဒေါ်လာဈေး at 700 Ks. 🙁

      ” အစိုးရက second step အနေနဲ. ဈေးကွက်ထဲဝင်ဘို.ရှိတယ်ထင်တာဘဲ
      အနိမ်.ဆုံးဈေးလို.သူတို.သတ်မှတ်တဲ. အချိန်မှာ ဈေးကွက်ထဲ ဝင်ပါလာလိမ်.မယ်
      ဆိုလိုတာက ဈေးကွက်ထဲမှာ ဒေါ်လာဈေးအနိမ်.ဆုံးအချိန်မှာ အစိုးရကဝင်ပြီးဝယ်ပါလိမ်.မယ်
      အဲဒီအခါ ဗမာငွေ ပြန်ပြီး တန်ဘိုးကျသွားလိမ်.မယ် ”

      By the way, How about the real estate ( land ) price, up or down ???
      Hee… Hee… The only thing I have in Myanmar is my land & home. 😛

  • icecube

    August 23, 2011 at 6:17 pm

    ပစ္စည်းတစ်ဝက် ငွေတစ်ဝက်ထားတဲ့ စနစ်ကို သဘောကျမ်ိတယ်..။
    အဆုံးအရှုံး နည်းမယ် လို့ယူဆမိပါတယ်…။

  • naywoonni

    August 23, 2011 at 8:11 pm

    ငါ့နှယ်နော် စိတ်ညစ်လိုက်တာ ဒေါ်လာတန်ကလည်း အစုတ်လေးတောင်မရှိ…။ ရွှေဆိုတာ ကလည်း မူးရင်တောင်ရှူစရာမရှိ ..။ မားသားဘုတ်ထဲမှာတော့ ရွှေပါတယ်ပြောတာပဲ..။ ဆိုင်ရှင်မသိအောင် ကျင်ကြည့်ဦးမှပဲ…။ ဟိဟိ

  • Gipsy

    August 23, 2011 at 9:43 pm

    အရင် ကမရှိပေမဲ့….တစ်ဒေါ်လာကို ၅၀ဝ ကျပ် ဖြစ်လာခဲ့ရင်တော့ ရှိအောင် ကြိုးစားရမှာ….
    ကိုင်ဖူးသည်ရှိအောင် ကိုင်ထားလိုက်ဦးမှာ……….။

  • မီးမီး သော်

    August 23, 2011 at 11:25 pm

    ဘာတွေများကိုင်မယ် စိတ်ကူးနေပါလိမ့် ကိုဂျစ်ပစီရေ—တစ်ဒေါ်လာ ၃၀ဝဈေးတရားဝင်သတ်မှတ်တော့မယ်လို ့ညနေက သတင်းထွက်လာတယ်နော်။ဘယ်လိုလုပ်ကြရပေါ့မလဲ။ခက်တော့နေပီနော်

  • koyinmaung

    August 24, 2011 at 4:47 am

    တဒေါ်လာ၃၀ဝ သတ်မှတ်ယင်မှောင်ခိုဈေ းကွက်ရှိလာအုံးမှာပါ
    အတိုင်းအဆမရှိရိုက်ထုတ်ထားတဲ့ကျပ်ငွေတွေ နဲ့
    ၃၀ဝကျပ် တဒေါ်လာ လို သလောက်လဲပေးနိုင်ပါမလာ …

    • pan pan

      August 24, 2011 at 9:27 am

      ၃၀ဝကျပ် တဒေါ်လာသာဖြစ်ရင်..
      ဒါဆို….သူဌေးကြီးတွေ ဆင်တွေအစား ဖရန်ကလင်းပုံတွေသိမ်းတော့မပေ့ါ

  • ကြောင်ကြီး

    August 24, 2011 at 9:33 am

    ြ်မန်မာငွေဈေးတက်တော့ နိုင်ငံခြားကပြန်လာလည်တဲ့ မြန်မာတွေ၊ တိုးရစ်အဝင်အထွက် ဘယ်လောက် အလျော့အတင်းရှိလည်း သိချင်သား။ ဒီအတိုင်းကြာရှည်နေမယ်ဆိုရင်တော့
    သပိတ်စုံ
    သူပုန်ထ
    အုံကြွမှ
    ဖြစ်တော့မယ်ဗျို့…။

  • fatty

    August 24, 2011 at 3:38 pm

    စက်မှု(၁)နဲ့စက်မှု(၂) ဝန်ကြီး ဥိးစိုးသိန်း က ဝန်ကြီးဌာနအနေနဲ့ ကားထုတ်လုပ်တဲ့လုပ်ငန်းအပေါ်
    ရှက်မိကြောင်းပြောသွားပါတယ်။ အစိုးရအဆက်ဆက်မှာ ပထမဆုံး ရှက်တယ်လို့ပြောတာကြားဖူးခြင်းဖြစ်မယ်ထင်ပါတယ်။ စက်မှုကဏ္ဍတိုးတက်စေချင်လို့ ပြည်သူတွေအလုပ်
    ရစေချင်လို့ လုပ်ပေးခါမှ … ကားထုတ်လုပ်မှုကိုဗာဒံပင်အောက်ကနေ လုပ်နေတော့ အတော်ရှက်ဖို့
    ကောင်းတယ်လို့ပြောသွားပါတယ်။ ပြည်တွင်းကားထုတ်လုပ်မှုအမည်ခံ .. နိုင်ငံခြားကနေနည်းမျိုးစုံနဲ့
    ကားအစီးလိုက်သွင်း .. လုပ်နေကြတာကို လူကြီးတွေလဲသိတယ် သိကြောင်းလဲပြောပြတဲ့အတွက်
    အခြေအနေတွေ ဘာပြောပြောတိုးတက်မှုရှိလာပြီဆိုတာ မငြင်းနိုင်ပါဘူး …။ ဒေါ်လာဈေးနှုန်းဂရက်ကို
    ကိုင်တွယ်ဖြေရှင်းပုံကိုတော့ စောင့်ကြည့်ရမှာပါ ကိုယ်မှမလုပ်တတ်ဘဲ။ မြန်မာပြည်က ပညာရှင်တွေ
    ရဲ့ လုပ်နိုင်စွမ်းရည်ကို ပညာယူကြရမှာပါ။ အာဏာရှိသူများကလည်း ပညာရှင်များနဲ့ပေါင်းသင့်
    သလောက်ပေါင်းနေပြီ ဆိုတာသေချာတယ်လို့ပြောရမှာပါဘဲ။ အဓိကက ကုန်သွယ်မှုကဏ္ဍကိုဘယ်လို
    ကိုင်တွယ်ဖြေရှင်းမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ စီးပါွးရေးသမားများဘက်ကလည်း မှန်မှန်
    ကန်ကန်လုပ်ကြဖို့တော့လိုတာပေါ့။ ဒါပေတဲ့ပြောသာပြောရတာပါ .. ကုမ္ပဏီတွေကတော့
    အခွန်အခ သက်သာအောင် ဒဏ်ကြေးသက်သာအောင် လိုက်ကြညှိကြတုန်း .. လက်သိပ်ထိုးကြတုန်းပါ။
    ရှေ့ဘာတွေဆက်ဖြစ်လာအုံးမလဲ … ချဲလင့်တွေအများကြီးနဲ့ပေါ့ …..။

Leave a Reply