အပန်းဖြေခြင်းနှင့် မတူတော့သော…. ရုပ်ရှင်ကြည့်ခြင်း
အလုပ်ပိတ်ရက် ၊နားရက်တွေမှာ … မိမိရဲ့ အားလပ်ချိန်လေးများကို ဘာစိတ်ဖိစီးမှူမှ မရှိပဲ …ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်ကြတာမို့ ကျွန်မအပါဝင် နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေရတဲ့ လူအများစုက အလုပ်ပိတ်ရက်ကိုမျှော်လင့်နေကြတာပေါ့ ….. ။ မျှော်လွန်းလို့လား မသိဘူး …. အလုပ်ပိတ်ရက်ကလည်း ရှားရှားပါးပါး …. တနင်္ဂနွေ တစ်ရက်တည်း …. 😀 စနေနေ့တစ်ဝက်ပိတ်တယ်ဆိုပေမဲ့ … မနက်ပိုင်း ဖုတ်ကူမီးတိုက် ရုံး ပြေး အလုပ်လုပ်ရသေးတယ် …. တစ်ပတ်လုံး အင်တိုက်အားတိုက် အလုပ်လုပ်ပေးထားတာတောင် စနေနေ့ နေ့တစ်ဝက် အလုပ်တက်ခိုင်းတဲ့ အလုပ်ရှင်ကို မေတ္တာပို့မိတာ … အကြိမ်ကြိမ်ပါပဲ … 😛 လိုလိုလားလား တည်ဆောက်ထားတဲ့ ဘဝမဟုတ်ပေမဲ့ … စက်ရုပ်လို အချိန်နဲ့ တပြေးညီလှုပ်ရှားနေရတဲ့ဘဝထဲ ကျင်လည်နေခဲ့တာ … ငါးနှစ်ကျော် ၊ ခြောက်နှစ်နီးပါးလေ .. .. မမောနိုင် မပမ်းနိုင်နဲ့ .. ဘယ်လောက်ကြာအောင် ဆက်သွားရမလဲ မသိသေးဘူး … … ။
ရက်တွေ ၊ လတွေ ၊ နှစ်တွေသာ ပြောင်းချင်ပြောင်းမယ် ကျွန်မကတော့ … ရုံးပိတ်ရက်ဘယ်နေ့ဖြစ်မလဲကြို တွက်ပြီး … ပျော်နေတဲ့ အကျင့်ကတော့ မပြောင်းဘူးလေ … ။ ဟုတ်ပါတယ် … ကျွန်မတို့တွေ အလုပ်ချိန်မှာ လူရော ၊စိတ်ပါနှစ်ပြီး ကိုယ့်ကိုယ်ပိုင်လုပ်ငန်းလို စေတနာထားပြီး လုပ်ပေးခဲ့တာလေ … ဒီ weekend လေးတော့ .. အလုပ်နဲ့ပတ်သတ်တာတွေ ခဏမေ့ချင်တာပေါ့ … ။ အလိုက်ကန်းဆိုးမသိ … တစ်ခါတစ်လေ .. အလုပ်ဆင်းချိန် ၊ တစ်ခါတစ်လေ … ရုံးပိတ်ရက်တွေမှာပါ … ဖုန်းဆက် ၊ အလုပ်အကြောင်းမေးပြန်တယ် …. ။ ဝဋ်ကြွေးရှိသေးတော့လည်း … ခံနေရဦးမှာပါ … ။
အရင့် အရင် … ပိတ်ရက်တွေတုန်းကတော့ …ဘုရားသွားဖြစ်ခဲ့တာလည်းရှိသလို ၊ လိုတဲ့ပစ္စည်းတွေ လိုက်ဝယ်ဖြစ်တာမျိုး ပေမဲ့… ပြီးခဲ့တဲ့နှစ်ပတ်ကျော်က တနင်္ဂနွေပိတ်ရက်လည်းဖြစ် … ရုပ်ရှင်မကြည့်တာလည်း ကြာပြီမို့ … လူပြောများပြီး ရယ်ရတယ်ဆိုတဲ့ ရုပ်ရှင်တစ်ခု သွားကြည့်ဖို့ စဉ်းစားခဲ့ပါတယ်… ။ ပိတ်ရက်ဆို နေမြင့်အောင် အိပ်တတ်တဲ့ ကျွန်မက နေ့ခင်းပွဲလေးကြည့်ဖို့ တွေးထားခဲ့တယ် … ။ အကြံရရချင်း ချစ်သူဆီ ဖုန်းခေါ်တော့ … သူက မနက်ပိုင်း ဂျူတီရှိပြန်ရော … အစိုးရရုံးတွေ ပိတ်ရက်ပေမဲ့ … သူကဂျူတီဆိုတော့ … စိတ်နည်းနည်း အချဉ်ပေါက်သွားတယ် … ။ ကပ်သီးကပ်ဖဲ့လုပ်ပြီး … ဂျူတီတွေဘာတွေ နားမလည်ဘူး ဒါရုံးပိတ်ရက်မို့ ရုပ်ရှင်ကြည့်မယ် ကြိုတင်လက်မှတ်သွားဖြတ်ခိုင်းတယ် …အစကတော့ ဂျူတီက လူများလျှင် မနက်ပိုင်းက နေ့လည်ပိုင်းထိ ကြာမယ်ဖြစ်တယ်ဆိုပြီး အကြောင်းပြချက်တွေ ပြန်ပေ းပါသေးတယ်…. ။ ဆေးရုံမှာ တခြားဆရာဝန်မရှိတော့ဘူးလား မှ အစချီ စကားအချေတင်ပြောပြီး …. နောက်ဆုံး ကြိုတင်လက်မှတ်မဝယ်ထားလျှင် .. ဆေးရုံမှာ လာပွဲကြမ်းမယ် ခြောက်တော့မှ ….. စိတ်မထင်လျှင် မထင်သလို လုပ်တတ်တဲ့ …ကျွန်မအကျင့် ဆိုးဆိုးလေးရှိတာ သိထားတဲ့ သူက လက်မှတ်ရအောင် ဝယ်ပေးပါ့မယ်ဆိုပြီး လျှောချသွားပါရော … ။
မြို့ထဲက သွင် ရုပ်ရှင်ရုံ မှာ … ပွဲချိန်ထက် နှစ်နာရီခွဲလောက်ကြိုပြီး သွားဝယ်ခဲ့ပေမဲ့ … ကြိုတင်လက်မှတ်မရတော့လို့ … မင်္ဂလာရုံမှာ အပြေးလွှားသွားဝယ်လိုက်ရပါသတဲ့ … ဒါတောင် ကြိုတင်လက်မှတ် မပေးတော့ဘူး ဘာညာ ရစ်နေသေးတာ … နည်းနည်း ခနဲ့သလို ၊ ဘုတောလိုက်မှ … မကြည်မသာ လက်မှတ်ဖြတ်ပေးတာပါ … ။ ကျွန်မတို့လူမျိုးတွေ ရုပ်ရှင်အတော်ကြိုက်လို့ပဲလား … အဲ့ဒီဇာတ်ကား အောင်မြင်လို့ပဲလား … သရုပ်ဆောင်တွေနာမည်ကြီးလွန်းလား မသိဘူး …..ကြိုတင်လက်မှတ်တောင် ကြိုဝယ်မရခဲ့ဘူး … ။ ဒီရုံမရလည်း ဟိုရုံပေါ့ ဆိုပြီး လက်မှတ်ရအောင်ဝယ် … ဆေးရုံပြန်ပြေး … ဂျူတီပြီးအောင် လက်စသတ်ရင်း … ကျွန်မကို အိပ်ယာထဖို့ ဖုန်းဆက်နှိုးလေရဲ့ … ။ သူကတော့ … ဆေးရုံကိစ္စပြီးလျှင် ရုပ်ရှင်ရုံမှာပဲ စောင့်မယ်တဲ့လေ … ။
သူဖုန်းဆက်နှိုးတော့မှ … နာရီကြည့်ပြီး ကမန်းကတန်းအိပ်ယာထ …. ရေမိုးချိုးပြီး တွေ့တဲ့ကား လက်တန်းငှားလို့ … ရုပ်ရှင်ရုံကို လစ်ပါတော့တယ် … ။ ပြုတ်စဗျင်းတောင်း နိုင်ပုံများ ကားခကို ဈေးမဆစ်မိပါဘူး …. ဒီထက်ပိုဆိုးတာက …. ဈေးမလျှော့ချင်လျှော့ချင်နဲ ့ … လျှော့ပေးရတဲ့ ကားသမားကို … လာရာလမ်းကြောင်း တခါ ပြန်မောင်းစေတာပါပဲ … ။ ဟုတ်ပါတယ် … ကျွန်မအိမ်ပြန်တာပါ … ရုပ်ရှင်မကြည့်တော့ပဲ အိမ်မှာ ပြန်အိပ်ဖို့ စိတ်ကူးပြောင်းသွားလို့ မဟုတ်ပါဘူး …. လူပျောက်ရှာဖို့ ဖုန်းကျန်နေခဲ့လို့ပါပဲ…. ။ ရုပ်ရှင်ရုံမှာ ကျွန်မချစ်သူကို ကျီးကန်းတောင်းမှောက် လိုက်မရှာနိုင်ဘူးလေ … ဒီတော့ .. လူပျောက်ရှာ ပစ္စည်းလေးပဲ အားကိုးရမှာ … ။ 😛
ရုပ်ရှင်ရုံရောက်ပါပြီ …. အောင်မလေး … ကြိုဆိုနေတဲ့ လူများလိုက်တာ … အလှူ အိမ်ထက်တောင် ပိုဖော်ရွှေပါလားထင်မိပါတယ် .. ။ ဘယ်သူတွေဖြစ်မယ်ထင်ပါသလဲ …. လက်မှတ်မှောင်ခိုပွဲစားတွေပါ …. ကျွန်မတို့တွေ … ပွဲချိန်ထက် ကြိုပြီး သွားဝယ်တုန်းကတော့ … လက်မှတ်မရှိသလို မချိုမချဉ်လုပ်ပြတယ် … ယခုတော့ ဘယ်က ထွက်လာတဲ့ လက်မှတ်လဲ … ဝက်ဝက်ကိုကွဲလို့ရယ် …. ။ လက်မှတ်မူရင်း တန်ဖိုးထက် … ငါးရာ ၊ တစ်ထောင်လောက်ပိုတင်ထားပါတယ် … ။ သူတို့ကို ကြည့်ပြီး မဟုတ်မဟတ်တွေးမိတယ် … ချစ်သူကိုဝယ်ခိုင်ထားတဲ့ လက်မှတ် ပြန်ရောင်းလိုက်ပြီး မုန့်သွားစားကြမယ်လို့လေ … ။ အတွေးသက်သက် သူ့ကို ပြန်ပြောပြတာတောင် … ဝါးစားတော့မလို အကြည့်ခံလိုက်ရတယ် … 😛 …. ။ လျှင်သူစားခေတ်ကိုး … သူ့နေရာနဲ့သူ ပိုင်တဲ့လူက လုပ်စားမှာပါပဲ …။ ကိုယ်တွေသာ တုံးလွန်းလို့ ..သူများအလုပ်လုပ်ပေးနေတာတောင် အင်တိုက်အားတိုက်နဲ့ … ဝူးးးးးးးးးး မောတယ် 🙄
မင်္ဂလာရုံအပေါ်ထပ်ကိုတက်ဖို့ … ဓါတ်လှေခါး နှစ်စင်းပဲရှိတာမို့ … စောင့်ရပါတယ် … ။ စောင့်တဲ့လူတွေ အများကြီးထဲ လက်မှတ်မှောင်ခိုသမားတွေကလည်း ပွတ်သီးပွတ်သပ် ရောပြွမ်းလို့ … အနံ့ပေါင်းစုံနဲ့ … မူးလောက်ပါရဲ့ … ။ ဓါတ်လှေခါး မြေညီထပ်ကနေ ငါးလွှာကို ဆင်းချည်တက်ချည်လုပ်တာကလည်း … သာမန်ကြာချိန်ထက် ပိုကြာမယ်ထင်ရဲ့ … စိတ်မရှည်လည်း လှေခါးက မတတ်ချင်တာမို့ … လူကြားထဲ အနံ့ပေါင်းစုံရှုပြီး ဓါတ်လှေခါး စောင့်ရတော့တယ် … ။ ချွေးစိုနေတဲ့ သူများ အသားနဲ့ ထိရမှာ ကြောက်လွန်းတဲ့ကျွန်မက ဘေးကပ်လာတဲ့ လူတိုင်းကို ဘုကြည့်လို့ သုံးရာ့ခြောက်ဆယ်ဒီဂရီပတ်လည် ရန်ထောင်နေလေရဲ့ …။ ဓါတ်လှေခါးထဲဝင်တော့လည်း … တောက တတ်လာတဲ့ လူတွေ ထက်ဆိုးတဲ့ မြို့သူ မြို့သားတွေ .. အတင်းတိုးဝှေ့တာ … လမ်းလျှောက်စရာမလိုပဲ ဓါတ်လှေခါးထဲ ကျွန်မပါသွားခဲ့တယ် … ။ မတ်တပ်ရပ်နေတဲ့ လူတွေ ကြားထဲ မိန့်မိန့်ကြီး ထိုင်နေတဲ့ လူကလည်း ရှိသေးတော့ … ဒီလူ ဘယ်လိုလူများလဲ စူးစမ်းစိတ်နဲ့ … ခြေဖျားထောက်ပြီး လူအုပ်ထဲ ငုံ့ကြည့်တော့ … ဓါတ်လှေခါးမောင်းပေးတဲ့လူပါ …. ။ ဆေးရုံတွေ ကွန်ဒိုတွေ ၊ ဟိုတယ်တွေ ၊ တချို့ ရုံးတွေ ၊ ကျောင်းတွေမှာတောင် ဓါတ်လှေခါးမောင်းတဲ့လူမရှိတာ …. ဒီလောက် လူများ ကြပ်သိပ်နေရတဲ့ အထဲ ဓါတ်လှေခါး မောင်းတဲ့လူထားပေးတာ … မယောင်ရာဆီလူးတဲ့ အဖြစ်လား … ကျွန်မတို့လူမျိုးတွေကို ဓါတ်လှေခါး အသုံးပြုနည်းမသိဘူးများမှတ်နေသလား မပြောတတ်တော့ပါဘူး … ။ ဘယ်လိုရည်ရွယ်ချက်ဖြစ်ဖြစ်ပါ .. ဒီလူ ဝဝကြီးထိုင်နေတာ တခြား နှစ်ယောက်လောက် လိုက်စီးဖို့ နေရာပုပ်သွားတာတော့ အမှန်ပဲလေ … ။
တအိအိနဲ့ … ငါးလွှာကိုရောက်ပါပြီ … တံခါးဖွင့်လိုက်တာနဲ့ … မျက်နှာချင်းဆိုင် မှာ လူအုပ်ကြီး တွေ့ပြန်တယ် … မြင်ရတာ ဘဝင်မကျလိုက်တာ ဓါတ်လှေခါးထဲ ဝင်တော့လည်း တိုးဝင်ရတယ်…ပြန်ထွက်တော့လည်း … ရှေ့က လူအုပ်ကို ဖောက်ပြီး တိုးထွက်ရတယ်…. အဲ့ဒီလူအုပ်ကြီးက လက်မှတ်မရလို့ ပြန်မယ့်လူတွေပါပဲ … ။ လူတွေများ ပြွတ်သိပ်ခဲလို့ … စိမ်းရွှေရွှေအနံ့ကလည်း တထောင်းထောင်းဆိုတာ့ … ပြတင်းပေါက်လေဝင်လေထွက်ကောင်းမဲ့နေရာလေးမှာ ခဏရပ်ပြီး … လူခေါ်ပစ္စည်းလေး အသုံးပြုကာ ချစ်သူဆီခေါ်ပါတယ် … ကောင်းလွန်းတဲ့ ဆက်သွယ်ရေး ကွန်နက်ထဲရောက်နေတာမို့ … တလွှာထဲအတူရှိနေတာတောင် … ဆက်သွယ်မှူဧရိယာပြင်ပတဲ့လေ … ကျွန်မဖုန်းကတော့ ကောင်းကောင်းမိနေတာမို ့… ကြိုးစားပြီး ခေါ်ပါတယ် …. မကြားချင်တဲ့ … ညှောင်နာနာအသံနဲ့ မိန်းမတယောက်က ဆက်သွယ်မှူ ဧရိယာပြင်ပချည်းပြောနေလို့ …ဒေါကီးရပြန်တယ် .. ရုပ်ရှင်က စတော့မယ် … ဆယ့်နှစ်နာရီခွဲဖို့ ဆယ်မိနစ် … ချစ်သူကိုလည်း ရှာမတွေ့ ..လက်မှတ်ကလည်း သူ့ဆီမှာ … ကျွန်မတစ်ယောက်ထဲ ပျားတုပ်နေတုန်း …ဖုန်းဝင်လာပါတယ်… သူ့ဆီကပါ … မလာသေးဘူးလားဆိုပြီး ဒေါကီးနေသံနဲ့ … ။ ကျွန်မကလည်း ရောက်နေပြီဖြစ်ကြောင်း ဖုန်းခေါ်လို့ မရတာဖြစ်ကြောင်းပြောတော့ … မယုံသင်္ကာနဲ့ … ကျွန်မရှိတဲ့နေရာကို ဖုန်းပြောရင်းလျှောက်လာပါတော့တယ် … ။ အနားရောက်လို့ ကျွန်မလက်ထဲက ဖုန်းယူကြည့်တော့မှ … အမှန်တရားတစ်ခုကို လက်ခံသွားတော့တယ် …..။ ဒီအချိန် ကျွန်မမှာပြောအားရှိတော့ ..နည်းနည်းနှိပ်ကွတ်လိုက်သေးတယ် … သူများတွေ သွင်းဈေး ဆယ့်ငါးသိန်း ၊ ပွဲညွှန့် နှစ်သိန်း ပေးထားရတဲ့ GSM က တကယ်တမ်း … ဈေးသုံးဆလောက်ပိုပေါတဲ့ … CDMA800 လောက်တောင် လိုင်းမမိပါလားလို့ လေ.. မကျေမချမ်းနဲ့ … ပေစောင်းစောင်းကြည့်ပြီး ရုပ်ရှင်ရုံထဲဝင်လျှင် စားဖို့သောက်ဖို့လေးတွေဝယ်ဖို့ထွက်သွားတယ် 😀 လူတွေကလည်း အုံခဲနေတာမို့ …ကျွန်မတော့ စိတ်မရှည်ပါဘူး … တစ်ခါတစ်လေ ပျော်စရာကောင်းမယ်အထင်နဲ့ ရုပ်ရှင်လာကြည့်တာ … ရပ်စောင့်ရတာနဲ့ .. လူက စိတ်သိပ်မကြည်ချင်တော့ဘူး …. ။နာရီကိုကြည့်တော့လည်း …. ဆယ့်နှစ်နာရီ သုံးဆယ့်ငါးဖြစ်နေပြီ … အရင်ကဆို ရုပ်ရှင်မပြခင်ကတည်းက ရုံထဲဝင်အေးဆေး ခဏနားပြီးတော့မှ နိုင်ငံတော် အလံကိုအလေးပြုစာသားတွေ ပြတာဆိုတော့ … အခုဟာဖြင့် ရုပ်ရှင်ရုံပြချိန်ကိုကျော်နေပါပြီ …. စိတ်ထဲ တွေးမိတာက … အောက်မှ လက်မှတ်မှောင်ခိုသမားများ လက်ထဲ လက်မှတ်ကျန်သေးလို့ … အချိန်ဆွဲထားသလားပေါ့လေ …. ။ ဟုတ်မဟုတ်တော့ ဘုရားမှပဲ သိပါလိမ့်မယ် … 😀 တကယ်တမ်းရုံထဲကို ဝင်ချိန်မှာတော့ .. သတ်မှတ်ပွဲစဉ်အချိန်ထက် မိနစ်နှစ်ဆယ် နောက်ကျပါတယ် … ။ လူတွေလည်း တိုးရတာ ဝါသနာထုံပုံရတယ်… ဓါတ်လှေခါးလည်း တိုးတက်လာတယ် … ရုံထဲဝင်တော့လည်း တိုးဝင်ကြရတယ်… ဒါတောင် ထိုင်ခုံတွေက နံပါတ်တပ်ထားလို့ … ဦးရာလူစနစ်နဲ့သာဆို… မလွယ်ကြောပဲ 😛 … ကိုယ့်နေရာရောက်ဖို့ .. ဟိုတွန်းဒီတိုက်နဲ့ … ဆောရီးပေါင်းများစွာ ဖောဖောသီသီပြောပြီး ကျော်ဖြတ်ရတယ်… (ကျွန်မမျက်စိတွေ အလင်းကနေ အမှောင်ထဲဝင်ဝင်ခြင်း ဘာမှ မမြင်ရတာမို့ … လူတိုင်းရဲ့ ခြေထောက်ကို ကျွန်မ ဖိနပ်နဲ့ တက်နင်းမိလို့ပါ ) … ကိုယ့်နေရာရောက်တော့ ထိုင်တော့မှ … သက်ပြင်းချရတယ်…. ။ ဒါတောင် ရုပ်ရှင်က မလာသေးဘူး … ကြောငြာတွေ ကြည့်ရသေးတယ် … ပြီးမှ ရုပ်ရှင်ပြပါတော့တယ် …. ။ ရုပ်ရှင်က သူများတွေ တဝါးဝါးရယ်ကောင်းတုန်း … အတွေးကြောင်တဲ့ က ျွန်မက ဒီအခန်းဒီလောက်လည်း မရယ်ရပဲနဲ့ …တော်တော်ပေါတဲ့ လူတွေလို့ … တယောက်တည်း အတင်းပြောနေလေရဲ့ ….. အဝေးမှုန် အနီးကန်းချင်သလိုလိုဖြစ်နေတဲ့ ကျွန်မက ရုပ်ရှင်ကြည့်ရတာကောင်းကောင်း မမြင်ရပါဘူး … မမြင်ရဆို … ရှေ့က ခေါင်းနှစ်လုံးက ပူလိုက် ခွာလိုက်နဲ့ … ဟိုဘက်စောင်းကြည့်လည်းမရ ဒီဘက်စောင်းကြည့်လည်း မရတော့ … အတော် စိတ်အချဉ်ပေါက်လာတယ်… ဒါနဲ့ …. သူတို့တောင် ဒီလောက် အလိုက်ကန်းဆိုးမသိတာ … ငါလည်း မြင်ရအောင် ကြည့်မယ်ဆိုပြီး ထိုင်ခုံပေါ် ဆောင့်ကြောင့်ထိုင်ပါရောလား ….။ ဘေးက ချစ်သူကတော့ … ပြုံးဖြီးဖြီးနဲ့ ရုပ်ရှင်ကြည့်လို့ … ကျွန်မ ထိုင်လို့ …တစ်မိနစ်တောင် မပြည့်သေးဘူး .. နောက်ကလူတွေ အော်ပါလေရော … 😛 ဘယ်တောကလာတာလဲ ..ရုပ်ရှင်ရုံထဲ ဆောင့်ကြောင့်ထိုင်နေတယ် စသဖြင့် … အော်တော့ … ပါးရေနပ်ရေရှိတဲ့ဘေးတယောက်သောသူက … မင်းအဲ့လိုမထိုင်နဲ့ … ရေသန့်ဗူးစာမိမယ်ဆိုတော့မှ … ကဗျာကယာ ပြန်ထိုင်ချလိုက်ရတော့တယ် … 😛 😛 ပူးချည်ခွာချည်နဲ့ အရှေ့ခုံကလည်း …ဒီအတိုင်းဆက်လုပ်တာမို့ ….. ချစ်သူနဲ့ နေရာချင်းလဲထိုင်လိုက်ရပါတယ် … ။
ရုပ်ရှင်သာ ဆုံးသွားတယ် … ထူးထူးခြားခြား ရင်ထဲ ခံစားမိတဲ့ အကြောင်းရာလေး မကျန်ခဲ့လိုက်ဖူး… ဒါပေ့ါလေ … ဟာသကားပဲ …ရယ်ရအောင် လုပ်နိုင်တာနဲ့ပဲ အနုပညာမြောက်တယ် ခေါ်လေတော့မလား ။ ဟာသကားဆိုတော့ …ရယ်ရယုံပဲပေါ့လေ … ။ ယုတိ္တရှိတာ မရှိတာ အပြင်လက်တွေ့ဘဝမှာ ဖြစ်နိုင်တာ မဖြစ်နိုင်တာတွေက အဓိကမှ မကျတာပဲ … ။ ဘာပဲဖြစ်ဖြစ်လေ …ကိုယ်ရွေးချယ်မိခဲ့တဲ့ … ဖျော်ဖြေချိန်လေး … လူတိုးရ ၊ စိတ်မောရ၊ အနံ့ပေါင်းစုံ ရှူရှိုက်ရ .. စိတ်ရှည်ရတာနဲ့ … ဖတ်ဖတ်ကိုမောနေခဲ့ပါပြီ …. ။ နောက်ဆို ရုပ်ရှင် သွားကြည့်ဖြစ်တော့မှာ မဟုတ်တော့ပါဘူး ။ … လာမိတဲ့ ခြေထောက် နာနာရိုက်ချင်မိအောင် နောင်တရလည်း … ဓါတ်လှေခါးက ပြန်ဆင်းဖို့ … တိုးရဦးမှာပါ …. ဒီတစ်ခါတော့ အလျှင် လိုနေတဲ့ လူများကို ဦးစားပေးပြီး လူကုန်မှပဲ ဆင်းတော့မယ်တွေးကာ … အသက်ဝအောင်ရှူပြီးပဲ ရပ်စောင့်နေလိုက်ပါတော့တယ် … ။ ။
20 comments
စုံ စုံ
August 23, 2011 at 3:40 pm
etone ရေဖတ်ပြီးရီချင်တာတခုရှိတယ်
ခုံပေါ်မှာစောင့်ကြောင့်ထိုင်တယ်ဆိုတာကို
ရုပ်ရှင်ကလဲအရမ်းကြည့်ချင် မြင်လဲမမြင်ရနဲ့
စောင့်ကြောင့်ထိုင်ကြည့်ဖို့အိုင်ဒီယာရသွားတာလေးကိုသဘောကျမိတယ်
ကျမသာဆိုရှေ့ကပူးလိုက်ခွာလိုက်ဖြစ်နေတဲ့ခေါင်း၂ခေါင်းကိုခေါက်ချင်မိမှာအမှန်ဘဲ 🙂
etone
August 23, 2011 at 3:43 pm
စုံစုံရေ… ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်တုန်းက ဒီလောက်မရယ်ရဘူး … စုံစုံလာမန်းတာ ဖတ်မိတာ့မှ အသံထွက်အောင် ရယ်မိတော့တယ် … ။ ဟုတ်ပနော် ..ဒီလောက် လက်မြန်ခြေမြန်ရှိတဲ့ ကျွန်မ ဘာလို့များ ခေါင်းခေါက်ဖို့ မတွေးမိတာလဲ …. 😛 အမှောင်ထဲ နောက်က တီးလိုက်လျှင် တရားခံရှာတွေ့မှာ မဟုတ်ဘူးနော် ဟီးဟီး 😀 😀
moethidasoe
August 23, 2011 at 5:14 pm
သူတို့က အယားပြေတယ် လို့ပဲ ပြောမှာသေချာတယ် ..
အိတုန်က စုံတွဲ သွားတာ ဆိုတော့ ထောင့်ခုံလား .. ဟိုအတိတ်ကို ပြန်တွေးကြည့်ချင်လို့ပါ ..
အခုများတော့ အိမ်မှာပဲ DVD လေးနဲ့ အင်္ဂလိပ်ခွေတွေပဲ ကြည့်ဖို့ အချိန် ရတော့တယ် .. ဒါတောင် ညစာ ထမင်းစားနေရင်း ကြည့်ရတာ (ထမင်းစားရင် တီဗီ မကြည့်ရ .. ပိုစားတတ်လို့ ပိုဝတတ်တယ် ဆိုတာ သိပေမယ့် ဆင်ခြင်ဖို့ အချိန် မရှိတော့ဘူးလေ)
နောင်သောအခါမှာ တကယ်ကြည့်ချင်မှ သွားကြည့် .. တန်တယ် .. နို့မဟုတ်ရင်တော့လား ????
etone
August 24, 2011 at 8:31 am
စုံတွဲသွားတာတော့ ဟုတ်ပါတယ် ဒေါက်တာရဲ့ … ဒါပေမဲ့ … အတွဲခုံတွေ မဟုတ်ပါဘူး … ဟီးဟီး ရိုးရိုး DC မှာပါ … ။ တသက်နဲ့တစ်ကိုယ် အဲ့ဒီအတွဲခုံတွေမှာ တစ်ခါမှ သွားမကြည့်ခဲ့ဖူးဘူး .. နောက်တစ်ခု … သူများတွေလို ပန်းခြံထဲသွားပြီး အိကျိအိကျိလည်း မလုပ်ဖူးဘူး … 😀 အဲ့ဒီလိုနေရာတွေသွားတာထက် .. .စားမယ် ဝါးမယ် နေရာတွေမှာ ထိုင်ရတာ ပိုကြိုက်တယ် 😛 😛
အ ိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားလို့ … အိမ်မှာ နေချိန်နည်းတော ့…. သီချင်းလောက်ပဲ နားထောင်ဖြစ်တယ် … အခွေတွေမကြည့်ဖြစ်ဘူး 🙁
နွယ်ပင်
August 23, 2011 at 3:47 pm
etone ကတောင် ရုပ်ရှင်သွားကြည့်ဖြစ်သေးတယ်
နွယ်ပင်ဆို ရုပ်ရှင်မကြည့်ရတာ နှစ်ပေါက်နေပြီ
အရင်ကတော့ တစ်ယောက်သောသူနဲ့အတူတူ ခဏခဏသွားဖြစ်ပင်မယ့်
အခုတော့ မြန်မာ ဟာသကားတွေက ရီရလွန်းလို့ထင်ပါတယ်
တစ်ယောက်သောသူက ရုပ်ရှင်သွားကြည့်ရင် အားတက်သရော
ဘေးနားကနေအိပ်ပေးတက်တယ်လေ အခုနောက်ပိုင်းတော့
အချိန်မရတာရော အိပ်ပေးတဲ့သူက လိုက်မအိပ်ပေး
ချင်တာရောကြောင့် မသွားဖြစ်တာ အတော်ကြာနေပြီ ……… 😛
စုံ စုံ
August 23, 2011 at 3:48 pm
အခုမှတ်ထားလိုက်တော့လေ
နောက်တခါကြုံမှာဘဲ
ကြုံလို့ကတော့ဆော်သာဆော်လိုက်
ပြီးရင်ဘေးကချစ်ချစ်နဲ့နေရာချင်းလဲ
ဒါဆိုတရားခံကကိုယ်မဟုတ်တော့ဘဲသူဖြစ်သွားကော
အဟီး (etone ရဲ့သက်ဆိုင်သူရေ မီးကိုစိတ်ဆိုးနဲ့နော်)
etone
August 23, 2011 at 4:34 pm
အဟီး … 😀 နောက်တခါလည်း ရုပ်ရှင်သွားမကြည့်ဖြစ်တော့ပါဘူး စုံစုံရယ် …ပိုက်ဆံပေးပြီး ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်နေလို့ … 😛
မီးမီး သော်
August 23, 2011 at 4:01 pm
မမ အိတုံရေ ဓါတ်လှေကားဖြဲအော်တဲ့လူတော့တွေ ့ချင်ပါတယ်။ဘယ်လို လူမျိုးပါလိမ့်နော်။ကြည့်ရတာတော်တော်လေး အော်နိုင်ပုံရတယ်. ဓါတ်လှေကားတောင်ပျက်အောင် အော်နိုင်တယ်ဆိုတော့ အမေလေး အံ့ဩပရှင်
etone
August 23, 2011 at 4:36 pm
စာရေးထားတာ အချိုးမကျတာပါမော်မော်သီးရယ် … အဲ့လိုလူ ရှိပါ့မလားလို့တောင် တွေးမိတယ် … ဘယ်အရူးက ဓါတ်လှေခါးဖြဲပြီးအော်မှာလဲလို့.. သူ့ဓါတ်လှေခါး တံခါးက လက်နဲ့ဖြဲတောင် မပွင့်တဲ့ဟာကို … 😀
ဆူး
August 23, 2011 at 11:31 pm
မီးပျက်တဲ့ အခါ ဓါတ်လှေကား အတွင်းထဲ ပိတ်မိနေရင် တံခါးကို ဖြဲလို့ရပါတယ်။
ဒါပေမဲ့ အထက်မရောက် အောက်မရောက် ဖြစ်နေတဲ့ အချိန် တံခါးကို ဖြဲပြီး အော်တယ် ဆိုပါတော့ ထိုအချိန် ရုတ်တရက် မီးလာလို့ ဓါတ်လှေကား ပြန်ဆင်းသွားသော်.. ပြသနာ ရှိနိုင်တယ် အခန့်မသင့်ရင် ခေါင်းပါ ပြတ်ထွက်နိုင်တယ်။ နောက်ပြီး မီးပျက်တဲ့ အချိန် တံခါးဖြဲပြီး အော်တာ အထပ်နဲ့ တည့်တည့် မဟုတ် ဟို မရောက် ဒီမရောက် အချိန် အပြင်ဘက်ကို လှမ်းခေါ်တာ တံခါးက ပွင့်နေတယ် ဆိုပါတော့.. မီးက ပြန်မလာခင် ဓါတ်လှေကား ပွင့်နေတာကို သွားလို့ရတယ် ထင်ပြီး ဓါတ်လှေကား လမ်းကြောင်းထဲ ပြုတ်ကျ သေတဲ့ လူတွေ ရှိဖူးလို့ပါ။
etone
August 24, 2011 at 8:34 am
အဲ့ဒီစာကလေ … ဓါတ်လှေခါးတွင်းမှာ ကပ်ထားတာ မဟုတ်ပဲ .. ဓါတ်လှေခါးထဲမဝင်ခင် ဘေးဘောင်မှာ ကပ်ထားတာ အစ်မရဲ့ .. ဒါကြောင့် အူလည်လည် ဖြစ်နေတာ ဟိဟိ 😀
pan pan
August 23, 2011 at 4:44 pm
မetone အဲဒီနေ့ကဖြစ်ပုံကလည်း ရုပ်ရှင်တစ်ကားလိုပါပဲ
ဓါတ်လှေကားထဲက အနံ့တွေလည်း ကိုယ်တိုင်ရှုလိုက်ရသလို မွှန်ထူသွားတာပဲ 😛
ဗြုတ်စဗြင်းတောင်း ကပိုကယို ပိုသီပတ်သီ ဒေါသတကြီးနဲ့ ဆောင့်ကြောင့်ထိုင်နေတဲ့ မetoneပုံကိုမြင်ယောင်ကြည့်ပြီး
ဒီကနေ့တနေ့တာ စိတ်အပန်းပြေသွားပါကြောင်း…….. 😀
icecube
August 23, 2011 at 5:46 pm
မမ etone ရေ စိတ်အပန်းမပြေ တဲ့အပြင် စိတ် အနည်းငယ် ပင်ပမ်းသွားခဲ့ရပါတယ်..
မမ etone ခံစားခဲ့ရသလို ကွက်ကွက်ကွင်းကွင်း ခံစားလိုက်ရသလို ဖြစ်သွားမိလို့ပါ….။
ကိုပေါက်(မန္တလေး)
August 23, 2011 at 6:03 pm
ရုပ်ရှင်ရုံကို မသွားချင်လို့ နောက်ဆုံးကြည့်တဲ့ရုပ်ရှင်
လျှို့ဝှက်သောနှင်း……….
အလုပ်ရှူပ်တယ် ကြည့်ရတာနဲ့ စိတ်တိုတာ စိတ်တိုရတာများလို့
weiwei
August 23, 2011 at 8:11 pm
ပြီးခဲ့တဲ့လတုန်းက သူငယ်ချင်းကရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ junction mortin မှာ သွားကြည့်မိတယ် … ဗမာကား တစ်ခုံကို ၂၅၀ဝ ပေးရတယ် … ဒါပေမယ့် ရုပ်ရှင်ရုံတစ်ရုံလုံးကို ပုတ်ပြတ်ငှားကြည့်လိုက်ရသလိုပဲ …. စုစုပေါင်း ၁ဝ ယောက်လောက်ပဲ ရှိတယ်လေ … 🙂
windtalker
August 23, 2011 at 9:23 pm
ဟယ်လို
၀၉၅၅၅၅၅၅၅ က ပါလား
မအီးတုံး နဲ ့စကားပြောချင်လို ့ပါ
ကျွန်တော် တို ့ရုပ်ရှင် ရုံ မှာ
မအီးတုံး ချန်ခဲ့တဲ့ ဟာ တွေ
အမြန်ဆုံး ပြန်လာရှင်းပါ
ဒါပါပဲ
ဟီဟိ
etone
August 24, 2011 at 8:50 am
အောင်မလေးတော် မေပေါင်ရေ… ကျုပ်က သွားလေရာ ကြွတ်ကြွတ်အိတ်ဆောင်ထားတယ် … အမှိုက်ဆိုလည်း … ဗျက်ခနဲ လမ်းမှာ ဖြစ်ဖြစ် ပါ့ဘလစ်နေရာတွေမှာဖြစ်ဖြစ် ပစ်ချရမှာ ရှက်တယ် … ဒါကြောင့် ကိုယ့်အမှိုက်ကိုယ့်အိတ်ထဲ ပြန်ထည့်လာတယ် … 😛
ကြောင်ကြီး
August 24, 2011 at 8:58 am
အပေါ်ထပ် ကားပတ်လမ်းကနေ တဆင့်ရုံထဲကို ဝင်လို့ရတယ်လေ။ ကျနော်တခါသွားကြည့်တုံးက ဓာတ်လှေခါးမစောင့်နိုင်လို့ အဲလိုတက်ဖူးတယ်။ နေ့ခင်းကြောင်တောင် လူမပြတ်ရင် ၉၆၉၃ တက်ပေါ့။
manawphyulay
August 24, 2011 at 10:26 am
ဪ သူများတွေများ ရုပ်ရှင်လက်မှတ်ဝယ်ပေးမယ့်သူနဲ့ ကြည့်မယ့်သူအဖော်က အဆင်သင့်ဆိုတော့လည်း တစ်ပတ်တစ်ရက်နားကို ရုပ်ရှင်ရုံ ရောက်တာပေါ့လေ…. အင်း မနောတို့များ….. ရုပ်ရှင်ရုံမရောက်ခဲ့တာ နှစ် ၁ဝ ကျော်လောက်ပါပြီ။ အရင်ထဲက ကြည့်ဖို့ဝါသနာလည်းမပါ၊ သွားကြည့်ပြန်တော့လည်း ဟာသကားပဲကြည့်ဖြစ်တယ်။ နောက် တစ်ချိန်လုံးထိုင်ကြည့်နေရမယ့်အချိန်တွေကို နှမြောတာလည်းပါတယ်။ နောက် ပိတ်ရက်က တစ်ရက်ထဲဆိုတော့ အဲဒီရက်ကို ပရဟိတပွဲတွေ၊ နောက် အချိန်ပိုင်း အလုပ်ကလည်းရှိတော့ ခုဆို တစ်ရက်မှ မနားရတာ ၁၁ နှစ်လောက်ရှိနေပါပြီ။ တစ်ခါတလေတော့လည်း ညီမလေး etone လို သွားကြည့်ချင်သား…. လိုက်ကြည့်ပေးမယ့်အဖော်ကလည်း အဝေးမှာဆိုတော့…. မကြည့်ဖြစ်တော့ပါဘူး။
etone
August 24, 2011 at 10:42 am
အစ်မ မနောကြော်ငြာဝင်ပါပြီဗျို့…….. အဝေးမှာတဲ့ ဟိဟိ … ဒါဆို အပျိုကြီး ဂိုဏ်းဝင်တစ်ယောက်လျှော့တော့မယ် .. 😀
ရုပ်ရှင်က ဝါသနာပါလို့ ကြည့်ဖြစ်တာတော့ မဟုတ်ဘူး အစ်မရဲ့ .. ကြော်ငြာအားကောင်းနေလို့ … သွားကြည့်တာ … အရင်ကဆို မိသားစုနဲ့ ညပွဲပဲသွားကြည့်ဖြစ်တယ် … အဲ့ဒါက ဆယ်တန်းမဖြေခင်အထိပဲ … အတော်ကြာမှ … တစ်ခါထပ်ကြည့်တော့ … လူတွေ ကြပ်သိပ်နေတဲ့ နေရာကြီးကိုမနှစ်မြို့ဘူး ဖြစ်သွားတယ် .. ။ လုပ်စားပြီး ပွဲချိန်ဆွဲထားတဲ့အကြောင်းလည်း သိသွားတော့ ပို ရွံမုန်းသွားမိတယ်… ။