Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေါင်းစဉ်မရှိသော

koyinAugust 30, 20112min61219

ခေါင်းစဉ်မရှိသော…

အမေ..ဆိုတဲ့ ဂုဏ်ဖွဲ့မှုနဲ့
ငါ့ကိုယ်ငါ ထုဆစ်ကြည့်တယ်…။

တစ်ခါ တစ်ခါ
ဝင်္ကဘာထဲက ကျနော်
ကြောက်စိတ်တွေပေါ်ခဲ့ရင်
အမေ.. လို့ အားပါးတရခေါ်ပြီး
အားအင်တွေ ပြန်ပြန်ဖြည့်
ဒီနေ့ ကျနော် ဖြစ်တည်နေသမျှ
အမေပြုစုခဲ့တဲ့ ကာယနဲ့
အမေပြောခဲ့တဲ့ စကား
အမေပေးခဲ့တဲ့ အားတွေချည်းပါ…။

ဒါပေမယ့် အမေ
ကျနော်လေ အိပ်မက်ဆိုးတွေနဲ့
အမေ့ရဲ့ အမိုးအောက်မှာ အသက်ရှူကြပ်
အနာဂါတ်တွေ မျှော်လင့်ချက်မဲ့သလိုမျိုး
(ရိုးရိုးသားသားပြောတာပါ)
ကျနော် ခံစားခဲ့ရဖူးတယ်…။

တစ်ခါတစ်လေ
ကျနော် ရင်ဖွင့်ချင်တာတွေ ရှိတယ်
အမေ နားလည် လက်ခံပေးမလား…
သားသမီးတွေမှားရင် အမေပြင်
အမေကိုရော
ဘယ်လိုထင်မြင်ချက်တွေ ပေးခွင့်ရှိမလဲ…
အမေ့ရဲ့ စေတနာ
ဝေဒနာတွေ ဖြစ်သွားတာမျိုး…
ညီမငယ်တွေ အိပ်မက်ဆိုးမက်
ကျနော်တို့ ကန့်ကွက်ပိုင်ခွင့် မရှိခဲ့တာ
တိတ်တဆိတ် နာကျင်
စိတ်ဒဏ်ရာတွေ လူမမြင်တော့
မေးငေါ့ချင်လည်း ငေါ့ကြမယ်…

မိသားစုအရေးမှာ
သူစိမ်းတစ်ယောက်ရဲ့ အာဏာကို
ကျနော်တို့ အလေးပေးသင့်ပါသလား..
အမေပြောတဲ့ စကား
မှားနေရင်တောင်မှ နာခံဖို့ အသင့်ပါ
တခြားသူဆိုရင်တော့
ဘယ်လောက်မှန်မှန် ခြေစုံကန်လို့
ဆန္ဒပြဖို့ ကျနော်ဝန်မလေးဘူး…

ကျနော်မှားရင် အမေခွင့်မလွှတ်ပါနဲ့
ညီမငယ်တွေ ဒူးနဲ့မျက်ရည်သုတ်ရမယ်ဆိုရင်
(ဒူးနဲ့ မျက်ရည်သုတ်ရမယ်ဆိုရင်)
ကံကြမ္မာကို အပြစ်တင်ကြမလား…

ထားလိုက်ပါတော့ အမေ
ဘယ်လိုဝဋ်ကြွေးတွေပဲ ရှိရှိ
မိသားစုရဲ့ ချစ်မေတ္တာနဲ့
ညီမတွေရဲ့ လုံခြုုံမှုကို ရှာဖို့
ကျနော် အိမ်ပြေး ခဏလုပ်မယ်…

အမေ့ကိုလည်း အပြစ်မမြင်ရဲလို့
ဒီစစ်ပွဲကို
ကျနော် တစ်ယောက်တည်းတိုက်တော့မယ်…

ကျနော့်ကို အားပေးမယ်မဟုတ်လား…အမေ။ ။

(ကံသုံးပါးနဲ့ ပြစ်မှားခဲ့မိတာရှိရင်
အမေ ကျနော့်ကို ခွင့်လွှတ်စေချင်ပါသည်…)

 

တောက ကိုရင်
(မီးမီးအတွက် ရှိတာလေး တင်ပေးတာပါ)

19 comments

  • ငရဲသား

    August 30, 2011 at 7:16 pm

    မီးမီး အတွက် တဲ့၊ မော်မော်သီးအတွက်လား ၊ တောက ကိုရင် တဲ့ ၊ ဟုတ်နေပါပီ၊
    သူတို့တွေတော့ အဆင်ပြေနေပုံပဲ၊ ငါ့အတွက်ပဲ ကျန်တော့တယ်၊ ရှာပုံတော်ဖွင့်မည်၊ ရုပ်ရည်ချောရမည်၊
    😛

    • koyin

      August 30, 2011 at 7:25 pm

      ဗျ
      ဘာကြီးတုန်း
      ကိုငရဲသားလေးရေ
      တောင်းပန်ပါတယ်…
      အမေ ကဗျာ တင်ပေးပါဆိုလို့ တင်လိုက်တာပါ…
      မီးမီးကိုလည်း တောင်းပန်ပါတယ်…
      ပျော်ရွှင်ပါစေ….

    • koyin

      August 30, 2011 at 7:28 pm

      ငရဲသား ပျော်ရွှင်ပါစေ..
      ကဗျာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာနဲ့ ပြစ်ချက်တွေကို
      ဝေဖန်ထောက်ပြပေးစေလိုပါတယ်….

      • မီးမီး သော်

        August 30, 2011 at 10:44 pm

        ““ထားလိုက်ပါတော့ အမေ
        ဘယ်လိုဝဋ်ကြွေးတွေပဲ ရှိရှိ
        မိသားစုရဲ့ ချစ်မေတ္တာနဲ့
        ညီမတွေရဲ့ လုံခြုုံမှုကို ရှာဖို့
        ကျနော် အိမ်ပြေး ခဏလုပ်မယ်…”””

        ဘာလို ့အိမ်ပြေးလုပ်မှာလဲ ကိုရေရယ်။သားကောင်းရင်အား၊မကောင်းရင်ကျားတဲ့ သမီးကောင်းတော့ထီး မကောင်းရင်မီးပါတဲ့ရှင်။ကိုရင်ရေ
        ကျေးဇူးပါနော်။

        • koyin

          August 30, 2011 at 11:19 pm

          အိမ်ပြေးလုပ်ရတာက
          အမေနဲ့ ညီမတွေအတွက်ပါ…
          မီးမီး ကျေနပ်မယ် ထင်ပါတယ်
          ပျော်ရွှင်ပါစေ…

  • ငရဲသား

    August 30, 2011 at 7:56 pm

    အိမ်း… ကောင်းပါလေ့.. အဟမ်း..အဟမ်း..
    …..
    ခွဲဝေရခက်- ကဗျာအတွက်
    ကိုရင့်လက်သံ-သောင်းသောင်းညံ
    …..
    အဟီး.. ရတော့ဘူး…
    ချမ်းမြေ့ပါစေ၊ ကိုရင်လဲချမ်းမြေ့ပါစေ၊ မေမေလဲချမ်းမြေ့ပါစေ၊ အားလုံးပဲချမ်းမြေ့ပါစေ။

    • koyin

      August 30, 2011 at 11:22 pm

      အဲ…
      ချမ်းမြေ့ပါစေ ဆိုပြီး မေမေရှေ့မှာ ကိုရင်ကို ထားထားတယ်
      ငရဲသားလေးရယ်
      ငရဲတွေတော့ ကြီးကုန်တော့မှာပဲ
      ကျေးဇူးပါ..
      ပျော်ရွှင်ပါစေ…

  • minthar

    August 30, 2011 at 10:42 pm

    ငရဲသား ဆိုတော့ချမ်းမြေ့ပါ့မလား၊ မေးကြည့်တာ၊ ငရဲသားလဲ ချမ်းမြေ့ပါစေ၊
    တောက ကိုရင်လဲ မြို့ကိုတက်နိုင်ပါစေ၊ အကျိုးပြု နိုင်တဲ့ ပို့စ် များများ တင်နိုင်ရေးနိုင်ပါစေ။

    • koyin

      August 31, 2011 at 1:05 pm

      ငရဲသားလား..
      ပညတ်ပါ….
      နှလုံးသားတွေ ငြိမ်းချမ်းရင်
      ဘဝလည်း ချမ်းမြေ့မှာပါ..
      ကိုရင်လား
      တောကကို မခွာနိုင်သေးဘူးလေ…
      ကဗျာတစ်မျိုးပဲ ရေးတတ်တာမို့
      အကျိုးပြုပို့စ်လေးတွေ မတင်နိုင်တာ တောင်းပန်ပါတယ်
      မင်းသားလည်း မင်းသမီးနဲ့ ညားပါစေ…
      အဲလေ
      ပျော်ရွှင်ပါစေ…

  • မီးမီး သော်

    August 30, 2011 at 10:47 pm

    ဟုတ်ပ ကိုမင်းသားရေ၊ငရဲ ဘုံလူ ့ဘုံမှားရောက်လာတာများလားမသိပါဘူး။သူ ့အတွက်ဆုတောင်းပေးပါတယ်။

    • koyin

      August 31, 2011 at 1:07 pm

      အော် မီးမီးရယ်…
      ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ…
      ဟီး…
      သဗ္ဗေသတ္တာ ကမ္မ သကာ…။

  • minthar

    August 30, 2011 at 10:59 pm

    သူက ဟိုတွင်းကြီးထဲက တက်လာတာနဲ့တူတယ်၊ ဒါလဲလေ စိတ်ကောင်းလေးတော့ရှိတန်ကောင်းရဲ့၊
    စောင့်ကြည့်ရမှာပ။ 🙂

    • koyin

      August 31, 2011 at 1:13 pm

      ဘယ်တွင်းတုန်းဗျ..
      လက်ယက်တွင်းလား
      စက်ရေတွင်းလား
      ရှေးဟောင်းပစ္စည်းတွေ ဘာပါလာလဲ
      ကပ်ထားမှနဲ့ တူတယ်…
      မင်းသားလည်း ပျော်ရွှင်စေ…
      ငရဲသားလည်း ပျော်ရွှင်စေ..

  • mgmglusoe

    August 30, 2011 at 11:41 pm

    စိတ်ထား ကောင်းလေးများမွေးမြူနိုင်ကြပါစေ….. ကျနော်လဲ ကြိုးစားနေဆဲပါ….
    သို့သော်လည်း သင်ကောင်းလျှင်ကျွန်ုပ် မဆိုးပါ ဆိုတာလေးကို လက်ကိုင်ထားဆဲမို့…
    သောကများ ကင်းဝေးနိုင်ကြပါစေ…။

    • koyin

      August 31, 2011 at 1:26 pm

      ဟုတ်..
      သင်ကောင်းလျှင် ကျွနုင်္ပ်မဆိုးပါ…တဲ့
      အဲဒီစကား တော်တော်ဆိုးတယ်ဗျ…
      ကိုရင့်အမြင်ကို ပြောတာပါ..
      အမှန်က ဘယ်သူကောင်းကောင်း မကောင်းကောင်း
      ကိုယ်က ကောင်းအောင်နေသင့်တယ်
      တချို့က ပြောတယ်
      မှန်လို ကျင့်တဲ့
      မဟုတ်ဘူးဗျ
      ကျောက်စိုင်ကျောက်သားလို ကျင့်ရမှာ…
      သူမကောင်းလို့ ကိုယ်ပါ လိုက်မကောင်းရင်
      ကိုယ်က သူ့ရဲ့ခြယ်လှယ်မှုကို ခံလိုက်ရတာပဲ မဟုတ်လား..
      ကိုယ့်ကိုယ်ပိုင် စတိုင်နဲ့ တသမတ်တည်းနေတတ်ရင်..
      အမြင်တွေ ကွဲလွဲသွားမယ်ဆိုရင် တောင်းပန်ပါတယ်..
      လူဆိုးလေး ပျော်ရွှင်ပါစေ…

  • မီးမီး သော်

    August 31, 2011 at 11:58 am

    ဘာမှလဲ မဆိုင်ပါလား။ဘာတွေလာမန် ့နေတာပါလိမ့်နော်။

    အမေ —အမေ–လို ့ဝအောင်ခေါ်လို ့မရတော့တဲ့တနေ ့မှာ အမေ့အတွက်သမီး ဘာမှလုပ်မပေးနိုင်မှာကိုသိပ်ကြောက်ပါတယ်အမေ။

    • koyin

      August 31, 2011 at 1:28 pm

      ဟုတ်ပါတယ်…
      ဘာပဲဖြစ်ဖြစ်ပေ့ါ
      ကိုယ်လုပ်ပေးနိုင်တာကို တတ်စွမ်းသလောက်
      အစွမ်းကုန် လုပ်ပေးရမှာပါ….
      အမေချစ်တဲ့ သမီးလေး
      မီးမီး အမေ့အတွက် ထီး ဖြစ်ပါစေ…

  • တာနော

    August 31, 2011 at 12:11 pm

    ကြောက်နေရင် ခုကတည်းက မွေးကျေးဇူး ဆပ်လေ၊ ပြောနေလို့ပီးမလား ကွဲ့ သူငယ်မရဲ့၊
    ခုနေ ခေါ်လို့ရနေတုန်း ခြေဆုပ်လက်နယ် ပြုစုပေးပါလေ၊ လိုအင်ဆန္ဒဖြည့်ဆည်းပေး၍ ကျေးဇူးဆပ်လေ
    ဒို့မေမေ ။

  • မီးမီး သော်

    August 31, 2011 at 12:36 pm

    ဟုတ်ကဲ့ပါရှင်။ခုလိုမျိုးဝေဖန်ထောက်ပြပေးလို ့ xie xie ပါနော်။တာနောယက္ခဘီလူးကြီးလဲမွေးကျေးဇူးဆပ်နိုင်ပါစေ။

Leave a Reply