မဆုံးတဲ့…..သီချင်း—၂၇

naywoon niAugust 29, 20111min1340

“ ငါတို့ မေဂျာက မနက်ဖြန်နားတယ်..။ သဘက်ခါမှ မေဂျာဖြေရမှာ…။ ခါသီးစွာတစ်နှစ်ပြီးဖို့ နောက်ထပ် 48 န ာရီစောင့်ရဦးမှ ာ…။
တဲ့ သူက မြန်မာစာ မေဂျာ..။ ဝါသနာ ပါလို့ယူထားတာ …။ ဝင်ခွင့် အမှတ်စဉ်မှာ နံပါတ် 3 ..။ သူ့အထက်က နှစ်ယောက်က မြန်မာနိုင်ငံသားမဟုတ်သူတွေလေ..။ သူတို့က အသက်မွေးဝမ်းကျောင်းတက္ကသိုလ် လျှောက်လို့ မရလို့ မျက်စေ့လည်ပြီး မြန်မာစာ မေဂျာ ရသွားတာ…။ သူ့မေဂျာက ကျောင်းသားတွေနဲ့ သူ့ဆရာမတွေကို ကြည့်ပြီး စိတ်ပျက်နေတဲ့သူ…..။
ဒီလိုဒီလိုနဲ့ ဘွဲ့တွေရသွားပြီး ဒီလက်မှတ်တွေက မင်္ဂလာဆောင်နဲ့ နာရေးပဲ သုံးလို့ရတာလို့ ခါးခါး သီးသီးပြောခဲ့သူ..။ ဒီအချိန်မှာပဲ လ္ဘက်ရည်နဲ့ ပလာတာတွေလာချပေးတယ်..။
“ ကိုအောင်ဂျမ်း စားနော် မိမာရှင်းမှာ ..။”
လို့ မိမာက ပြောလိုက်သေးတယ်..။ ဒီတော့မှ ကိုအောင်ဂျမ်းက မိမာကို ကြည့်ပြီး
“ မိမာက ဘယ်ကနေကျောင်းလာတက်တာလဲ”
လို့မေးဖော်ရတော့တယ်..။ မိမာက
“မတ္တရာ” လို့ပြောပြီးပြီးမှ ‘ ရွာကနော် မြို့နဲ့ တော်တော်ဝေးတယ်’ လို့ တိုးတိုးလေးဆက်ပြောတယ်…။ အဲဒိကြမှ နေဝန်းနီတို့ ဝိုင်းက စကားပြောသံလေးနဲ့ စိုပြေလာတယ်..။ မိမာက သူ့ရွာအကြောင်းပြော…။ ကိုအောင်ဂျမ်းက ကျေးလက်ဖွဲ့ ကဗျာတွေရွတ်ပြနဲ့…။ အားလုံးပြီးတော့နေဝန်းနီက ….။
“ သဘက်ခါ ကျောင်းရှေ့ကလာစောင့်မယ်..။ ခုတော့ မိမာပြန်လိုက်ပို့ပြီး အဆောင်က ကောင်နေဆီ သွားလိုက်ဦးမယ်”
နှုတ်ဆက်သလိုပြောလိုက်တော့ မိမာက
“ အလကား …။ သူ 84 လမ်းက အရက်ဆိုင်သွားမှာ ….. မိမာကို လမ်းမှာထားခဲ့မှာ …။ ဟိုမှာ သူ့အဖော်တွေက စောင့်နေပြီ”
လို့ ဝင်ပြောလိုက်တယ်…။ ပြီးမှ ‘ သွားမယ်နော်’ လို့ ကိုအောင်ဂျမ်းကိုပြောပြိး နေဝန်းနီတို့ လ္ဘက်ရည်ဆိုင်က ထွက်ခဲ့တယ်..။ ဆိုင်ရှေ့ရောက်တော့မှ…မိမာက
“ နေဝန်း… နင်နောက်ကျနေရင်သွားတော့လေ..။ လ္ဘက်ရည်ဆိုင်လိုက်ပို့တာ ကျေးဇူးပဲ”
တဲ့…။ အခုမှ လာပြီးတော့….။ ဟင်းဟင်းးး
“ အ့မလေးဟယ်… နင်လိုဘပြည့်မှများ …။ ငါက 36 လမ်းရောက်မှ အနောက်ဘက်ဆက်သွားရမှာ…။ နင့် အဆောင်မြင်နေရပြီပဲ…။ လမ်းဒေါင့်ကနေ နင့်ကို မျက်စေ့နဲ့လိုက်ပို့ခဲ့မယ် သိလား”
ဆိုမှ…။ ‘အံမယ် တယ်တတ်နေ’ တဲ့…။ ဆက်လျှောက်လာခဲ့ကြတယ်..။ နေဝန်းနီလည်း 36လမ်းဒေါင့်ကိုရောက်တော့
“ နင့်အဆောင်မလိုက်တော့ဘူူး နော်”
လို့ ပြောလိုက်တော့
“ လိုက်လည်းမခေါ်ဘူး…။ ငါ့လည်း မျက်စေ့နဲ့တော့ လိုက်ပို့ မနေနဲ့ သွားမှာသာသွား”
နှုတ်ခမ်းစူပြိးပြောတယ်…..။ ကောင်မလေးတွေများ တော်တော်ရယ်ရတယ်..။ ဂျွတ်ပဲ…။
နေဝန်းနီလည်း 36 လမ်းအတိုင်း အနောက်ဘက်ကို ဆက်လျှောက်လာခဲ့တယ်….။ ကိုမြင့်ဇော်တို့ စောင်နေလောက်ပြီ…။ 84 လမ်းဆီတစ်ယောက်ထဲ ချီတက်လာခဲ့တယ်လေ……။ကိုမြင့်ဇော်တို့ ကိုမျိုးတို့ကလည်း စာမေးပွဲ မပြီးသေးပါဘူး…။ တစ်ဘာသာစီ ကျန်နေသေးတယ်..။နေဝန်းနီတို့ ဖွတ်ကျားမေဂျာ ကသာ တစ်ရက်စောပြီးနေတာ…။ ကိုမျိုးတို့က နောက်တစ်ရက် နှုတ်ဖြေစစ်မှာ ဆိုလားပြောသံကြားတယ်…။ နိုင်ငံတစ်ကာ ဆက်ဆံရေးနဲ့ နိုင်ငံတစ်ကာ အုပ်ချုပ်ရေးပညာဆိုတော့ အင်္ဂလိပ်စကားပြော လေယူလေသိမ်း ကိုစစ်မှာဆိုလားပြောသံကြားတယ်…။ ကိုမြင့်ဇော်တို့က ဒုတိယနှစ် ဆိုတော့ င်္အလိပ်စာ မေဂျာ ချည့် နှစ်ဘာသာဖြစ်နေလို့ တစ်ဘာသာကျနေတာ…..။ ဒီနေ့ မေဂျာတစ်ဘာသာ ဖြေပြီးပြီ…။ ဒုတိယနှစ်က မနက်ပိုင်းဖြေရတာလေ…….။ နောက်မေဂျာ တစ်ဘာသာဖြေဖို့ အတွက် မနက်ဖြန် တစ်ရက်နားပေးထားတယ်…။ E-1 တဲ့ E-2 တဲ့ဘာတွေ မှန်း မသိပါဘူး..။ ဟုတ်တယ်..။နေဝန်းနီက အရက်သောက်ဖို့ရာပဲ သိတာ…။ ခုလည်း အရက်ဆိုင်သွားနေတာလေ……..။ အတန်းတစ်တန်း တက်ရလေ…. မေဂျာတစ်ဘာသာတိုးလေ…..။ သာမာန်မိုင်နာတစ်ဘာသာလျော့သွားလေပဲ…။ စကထဲက နောက်ဆုံးနှစ်အထိ သင်ရမဲ့ စာပဲ တစ်လျှောက်လုံးသင်တာက ပိုမကောင်းဘူးလား…။
နေဝန်းနီတို့ မေဂျာ ပထဝီကိုပဲကြည့်လေ……..။ ပထမနှစ်မှာ သင်ရတာက နိုင်ငံရေး သိပံ္ပ- ပင်ရင်း မြန်မာစာ ရယ်- အင်္ဂလိပ်စာ- သချင်္ာ – ယုတ္တိဗေဒ – ပထဝီရယ်… အားလုံးခြောက်ဘာသာရှိတယ်..။ အင်္ဂလိပ်စာနဲ့ သချင်္ာက လွဲရင် အားလုံး မြန်မာစာနဲ့ချည့်ပဲ..။ ဟုတ်တယ်..။ 1986-87 ပညာသင် နှစ်လေ..။ အဲဒိနောက်တစ်နှစ်ကျော်မှာမှ မြန်မာစာ ကလွဲရင်အားလုံးအင်္ဂလိပ် လိုဖြစ်သွားရတာ….။ အဲဒိမှာ သချင်္ာက မိုင်နာတဲ့..။ ပထမနှစ်မှာ သချင်္ာနဲ့ ပါဠိ ကြိုက်တာရွေးခွင့်ရှိတယ်..။ ဒုတိယနှစ်ရောက်တော့ သချင်္ာနဲ့ သမိုင်း ကြိုက်ရာယူတဲ့…။ ဒုတိယနှစ်မှာ သမိုင်းသင်မဲ့ အတူတူ ဘာလို့ ပထမနှစ်မှာ ပါဠိ သင်နေရလဲ…။ အဲတတိယနှစ် နဲ့ နောက်ဆုံးနှစ် ရောက်ရင် …။ သချင်္ာ ယူတဲ့သူက သချင်္ာပဲဆက်သင် မယူတဲ့သူက ဘိုင်အိုဘာသာတွဲ ယူရမတဲ့လေ…။ နောက်ဆုံးနှစ်နှစ်ကို ဘိုင်အို ဘာသာ ယူရမဲ့အတူ ပထမနှစ်နဲ့ ဒုတိယနှစ်ကို ဘာလို့ ပါဠိနဲ့ သမိုင်းသင်နေမလဲ…။ ကိုအောင်ဂျမ်းပြောသလိုပဲ…။ ခါးသီးလာပြီနော်……….။
အတွေးမျှင် မပြတ် ဆက်လျှာက်လာလိုက်တာက
“ ဟော……လာပါပြီဗျာ ငှက်ပျောသီး ဆရာ”
ဆိုတဲ့ ကိုမြင့်ဇော်အသံကြားလိုက်တော့မှ သတိဝင်လာရဲ့…။ သူသာအသံမပေးရင် ဘယ်အထိ ဆက်လျှောက်သွားမိမလဲ မပြောတတ်ဘူး..။ မြစ်ဆိပ်ဘက်အထိ ရောက်သွားမယ်နဲ့တူရဲ့…………။

နေဝန်းနီ