မီးအိမ်ရှင်နှင် ပတ်သတ်၍
မီးအိမ်ရှင်နှင် ပတ်သတ်၍
ချစ်ရပါသော မီးအိမ်ရှင်
ညတွေဆို အမှောင်က ကြီးစိုးဆဲ
(ညပါဆိုမှ မှောင်တော့မပေါ့…)
တောင်းပန်ပါတယ် မီးအိမ်ရှင်…။
အလင်းကို လုံးချေပြီး ဖန်လုံအိမ်ထဲထည့်
ငါ့နှလုံးသားမှာ မီးသီးတပ်ဖို့ ကြိုးစားခဲ့တယ်…
ဗို့အားနည်းခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ….။
ပန်းတစ်ပွင့်ကို ခူးပြီး စုတ်ချက်တင်လိုက်ရုံနဲ့
ငါ့ရင်တွေ ဝုန်းဒိုင်းကြဲ ခုန်နေခဲ့တယ်ဆိုရင်
မင်း… ယုံချင်မှ ယုံလိမ့်မယ် မီးအိမ်ရှင်…။
ကောင်းကင်ကို ကျော်ကြည့်လိုက်မှ
ငါ့အိပ်ခန်းက ဘယ်လောက်ကျဉ်းတယ်ဆိုတာ
လက်တွေ့ ငါ သိလိုက်ရတယ်…
(မနေ့က) အတိတ်ကို ငါမမေ့သေးဘူး မီးအိမ်ရှင်…။
ရင်ဘတ်နဲ့ ဖွာပြီး နှလုံးသားနဲ့ ရှိုက်ခဲ့တဲ့
မီးအိမ်ရှင်… မင်းအငွေ့က ညှော်နံ့သင်းနေသလား
ဘာလို့ ငါ့တစ်ကိုယ်လုံး လေထဲ ပါသွားရတာလဲ…
အသိစိတ်တွေ ဖောက်ပြန်နေတာ ငါသိတယ်ဆိုရင်
မင်း… ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ပါ မီးအိမ်ရှင်…။
အဲဒီနေ့ မနက်ခင်းမှာ စီးချင်းထိုးခဲ့ကြတဲ့
ငါ့မျက်ဝန်းက နှင်းစက်တွေကို
မင်းမျက်ဝန်းက မီးခတ်ပစ်လိုက်တာလား မီးအိမ်ရှင်
တို့နှစ်ယောက်လုံးလည်း နားမလည်လိုက်ကြဘူးလေ…။
အရုဏ်မှာ ဆည်းဆာရှိသလို
ဆည်းဆာမှာလည်း အရုဏ်ဆိုတာ ရှိမှာပေါ့
ဘာလို့များ မင်းက ပေါင်းစုံစေခဲ့တာလဲ
သဘာဝကို မင်း မဖန်တီးချင်ပါနဲ့ မီးအိမ်ရှင်…
ငါ့ရင်ငွေ့နဲ့ ငါ့ကိုယ်ငါ ချွေးသိပ်ခွင့်ပြုပါ…။
လောင်စာတွေ ထပ်ပြီး မလိုအပ်တော့လောက်အောင်
ငါ့ရင်ခွင် မီးတောက်က အရှိန်ကောင်းနေခဲ့တာ
ကြာပြီ….တကယ်ကို ကြာခဲ့ပါပြီ မီးအိမ်ရှင်…။
ဟိုယခင်ဆိုတာ ထည့်မပြောချင်တော့လောက်အောင်
အရင်က ဇာတ်ကြောင်းတိုင်း အတိတ်ဖြစ်သွားတယ်ဆိုရင်
ဘာလို့များ ကိုယ်ကိုယ်ကို နာကျင်စေခဲ့တာလဲ
မင်းပါးစပ်က မမေးလိုက်ပါနဲ့ မီးအိမ်ရှင်…။
ပစ္စုပ္ပန်ရဲ့ အတိတ်ဆိုတာ
ပိုဝေးတဲ့ အတိတ်တစ်ခုရဲ့ အနာဂါတ်ပဲလေ
ငါ့ရင်ကို မခွဲပါနဲ့ မီးအိမ်ရှင်…
ရင်ကွဲတယ် ဆိုတာ လူကြားကောင်းယုံပဲ ရှိတာပါ…။
တစ်ခုတော့ ရှိတယ် မီးအိမ်ရှင်…
မင်းဟာ နီရိုဘုရင်ကြီး မဟုတ်သလို
ငါ့ရင်ဟာလည်း ရောမမြို့ကြီးမဖြစ်နိုင်ပါဘူး
ဒါပေမယ့်…..
လူမမြင်နိုင်တဲ့ မီးတွေ တဝုန်းဝုန်းတောက်လောင်နေတုန်း
မင်းနှုတ်ဖျားက ဘာလို့များ တယောထိုးနေခဲ့တာလဲ…။
အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်ကို
တောင်ပံတွေခတ်ဖို့ မင်းဖိအားတွေ ပေးခဲ့သလား
ပတ်သတ်မှုတစ်ခုရဲ့ နောက်ကွယ်မှာ
အငြှိုးတစ်စုံတစ်ရာကို ငါမြင်လိုက်ရတယ် မီးအိမ်ရှင်…။
ငါလေ…
………….။ ။
မီးအိမ်ရှင်နဲ့ ပတ်သတ်သမျှ
တောက ကိုရင်
23 comments
မီးမီး သော်
September 3, 2011 at 2:56 pm
အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်ကို
တောင်ပံတွေခတ်ဖို့ မင်းဖိအားတွေ ပေးခဲ့သလား
ပတ်သတ်မှုတစ်ခုရဲ့ နောက်ကွယ်မှာ
အငြှိုးတစ်စုံတစ်ရာကို ငါမြင်လိုက်ရတယ် မီးအိမ်ရှင်…။
ငါလေ…
………….။ ။
ဆက်ပါဦး ကိုရင်ရေ ဘာဆက်ဖြစ်သွားတုန်းဟင်။
koyin
September 3, 2011 at 3:10 pm
မီးမီးရေ…
လာပါမယ်ဗျာ
မီးအိမ်ရှင်တွေ လိုသလောက် ရမယ်
လျှော့ဈေး…အဲလေ
ရှိပါသေးတယ်
အပိုင်းတွေ ခွဲထားတာပါ
မခွဲလို့လည်း မဖြစ်ဘူးလေ
တစ်နေ့ တစ်ပုဒ်တော့ တင်နိုင်အောင် ကြိုးစားပါ့မယ်
မီးမီးပျော်ရွှင်ပါစေ…
မီးမီး သော်
September 3, 2011 at 3:16 pm
ဟုတ်ကဲ့ပါ။ကိုရင်ရေ. စောင့်ဖတ်ပါမယ်။ကိုရင် ရယ်ကဗျာလေးတွေလဲ အပိုင်းခွဲထားပီပေါ့
koyin
September 3, 2011 at 3:25 pm
ဟုတ်ပ မီးမီးရေ…
အခုထိ အမှတ် ၄ အထိ ရှိပါတယ်
အကုန် ပေါင်းပြီး တင်လို့ အဆင်မပြေလို့ပါ
တမင်သတ်သတ်ခွဲလိုက်တာ မဟုတ်ပါဘူး
နားလည်ပေးပါ..
ပျော်ရွှင်ပါစေ
yetazar
September 3, 2011 at 3:12 pm
အဲဒါ ကဗျာ ဆရာရဲ့ပညာလေ မမီးမီးရဲ့ ။ ပရိတ်သတ်ရင်ထဲကိုတစ်ခုခုထားခဲ့တာ ။ ကိုရင်က ကဗျားသမားအဆင့်အတန်းကို စာဖတ်သူစိတ်ကိုဖမ်းစားပြီး ပညာပြလိုက်တာ ။ ရင်ကိုမှာ တွေးစရာလေးကျန်ခဲ့တယ် ။ လေးစားတယ်ဗျာ ။
koyin
September 3, 2011 at 3:27 pm
အဲဗျ..
ကိုရဲတေဇာရေ…
ကိုရင်က ကဗျာဆရာ မဟုတ်သေးပါဘူးဗျာ
တကယ်ပါ..
ပညာတွေလည်း ထုတ်မပြရပါဘူး
(ဟီး ရှိမှရှိပဲဟာကို)
အရမ်းရှည်လျားထွေးပြားမနေမနား
အဲလေ..
အရမ်းရှည်နေလို့ ပိုင်းလိုက်ရတာပါ..
ပျော်ရွှင်ပါစေ…
yetazar
September 3, 2011 at 3:19 pm
စကားလုံးအဆန်းလေးတွေကိုသုံးတတ်တဲ့ ကိုရင်ကတော့ ပညာတွေထုတ်သုံးလိုက်ပြန်ပြီ ။
“အလင်းကို လုံးချေပြီး ဖန်လုံအိမ်ထဲထည့်
ငါ့နှလုံးသားမှာ မီးသီးတပ်ဖို့ ကြိုးစားခဲ့တယ်…
ဗို့အားနည်းခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ….။´´
ခေတ်ပေါ်ကဗျာရဲ့ အသက်လို့ဆိုနိုင်တဲ့ စကားလုံးကြွယ်ဝမှု ၊ စကားလုံးဆန်းသစ်မှုတွေကို ပြည့်ပြည့်ဝဝကြီး သုံးစွဲတတ်တဲ့ ကိုရင့် ကဗျာလေးတွေကတော့ ဖတ်မဝနိုင်အောင်ပါပဲ ။ တောက ကိုရင် ဆိုတာ ကလောင်ခွဲထင်တယ် စာပေနယ်ထဲမှာလှုပ်ရှားနေတဲ့ ကလောင်နာမည်တော့ရှိမှာပေါ့ ။ ဘာလို့လဲဆိုတော့ ကိုရင့်ကဗျာတွေက ဝါသနာရှင်အဆင့်မဟုတ်တော့ဘူးလေ ။ ပညာရှင်အဆင့်ဖြစ်နေပြီ ။ ကဗျားလေးတွေကိုတော့ အားလုံးစုထားတယ် ။ ကြိုက်လွန်းလို့ ။ နောက်ထပ်ကဗျာလေးတွေ မျှော်နေဦးမယ်နော် ။
koyin
September 3, 2011 at 3:35 pm
ကဲ…
ခက်ချေပြီကွယ်ရို့…
ကိုရင်က တကယ်ကို ဝါသနာရှင်အဆင့်ပါ…
ဘယ်လိုကလောင်ခွဲမှလည်း မရှိပါဘူးဗျာ
တကယ်ပါ…
ခုမှ ကဗျာကို လေ့လာရင်း ရေးသားရင်း ကြိုးစားရင်းအဆင့်ပဲ ရှိပါသေးတယ်
ခံစားလို့ရတယ် လက်ခံတယ်ဆိုရင်ပဲ ကျေနပ်ပါပြီဗျာ
စကားလုံးအသစ်တွေကတော့ ကိုယ်တိုင်ထွင်ရတာ ဝါသနာပါလို့ပါ
နောက်ပြီး ဆရာ့ဆရာကြီးများရဲ့နည်းနာတွေကိုလည်း အတုယူ ရေးသားထားတာ ဖြစ်ပါတယ်…
တောက ကိုရင် ကဗျာစရေးတာ တော်တော်လေးကို ကြာပါပြီ..
ဒါပေမယ့် ပုံနှိပ်စာမျက်နှာပေါ် တစ်ကြိမ်တစ်ခါမှ မတင်ဖူးပါဘူး
ခု ဒီပို့စ်တွေပေါ်မှာတင်တာလည်း သိပ်မကြာသေးပါဘူးဗျာ
ကိုရင်အီးမေးလ်က koyin.aaa13 ဖြစ်ကြောင်းပါ..
ခင်မင်တဲ့သူများ ဆက်သွယ်နိုင်ပါတယ်…
ကိုရဲတေဇာကိုလည်း ကျေးဇူးတင်ပါတယ်
ပျော်ရွှင်ပါစေ..
ထပ်ပြီး ကြိုးစားပေးပါ့မယ်…
မီးမီး သော်
September 3, 2011 at 3:37 pm
စောင့်ပြီးအားပေးလျှက်ပါနော်။ကိုရင် ကြိ ုးစားပါနော့။ကိုရင် လဲပျော်ရွှင်ပါစေ။ရေလိုအေး၍ပန်းလိုလန်းဆန်းပါစေ။
koyin
September 3, 2011 at 3:44 pm
စောင့်ပြီး အားပေးနေမယ့် မီးမီးရေ
ကိုရင် အားတွေ အများကြီး ရှိရပါတယ်..
ရေလိုမအေး ပန်းလို မလန်းတာတော့ ခက်တယ်
အခန်းက အရမ်းကျဉ်းပြီး အရမ်းပူတယ်လေ
ဟီး
မီးမီး ပျော်ရွှင်ပါစေ…
thit min
September 3, 2011 at 3:56 pm
ငါ့ကိုလေ…
အငြှိုးဆိုလဲ…
အသည်း ကိုထုတ်
ဖုတ်လိုရင်ဖုတ် ..ကင်လိုရင်ကင်
ပြာပင်…ဖြစ် အုန်း
မမုန်းနိုင်ဘူး
အချစ်ရူးငါ
တွယ်တာ ထာဝရ
ငါ့ ဘ ဝပါ
မီးအိမ်ရှင်…။
thit min
September 3, 2011 at 4:06 pm
ကိုရင်ရေ.လေးစားတယ်ဗျာနော် ။
လက်ဆေါ ့ကြည့်တာတော့ခွင့်လွတ်ဗျနော် ။
koyin
September 3, 2011 at 4:22 pm
ဟုတ်..
ကောင်းဗျာ လေးလုံးစပ်လေး
ငါ့ကိုလေ…
အငြှိုးဆိုလည်း အသည်းကိုထုတ်
ဖုတ်လိုက ဖုတ် ကင်လိုက ကင်
ပြာပင်ဖြစ်အုံး မမုန်းနိုင်ဘူး
အချစ်ရူးငါ တွယ်တာ ထာဝရ
ငါ့ဘဝပါ မီးအိမ်ရှင်…
နည်းနည်းလေး ပြင်ထားပါတယ်
ဟီး
မောင်သစ်မင်းကဗျာ အနှစ်တွေပါတယ်
သီချင်းတွေရော စပ်ပေးအုံးလေ ကိုရင့်အတွက်
အဲ..ဟဲဟဲ
ပျော်ရွှင်ပါစေ ကိုသစ်မင်း
mandalarthu
September 3, 2011 at 4:44 pm
Good usage and writings u can use in yr poem!
I like yr artistic writings and
the title”မီးအိမ်ရှင်”.
Thanks for yr lovely poem to all.
koyin
September 3, 2011 at 5:23 pm
အိုဘယ့် မန္တလာသူလေးရေ
ကျေးဇူးပါ…
ခင်ဗျားနဲ့ကျနော်လို့ သုံးတတ်တယ်ဆိုဗျ..
ထပ်ပြီး ကြိုးစားပါအုံးမယ်
မန္တလာသူလေး ပျော်ရွှင်ပါစေ…
manawphyulay
September 3, 2011 at 5:57 pm
တောက ကိုရင်ရေ…. မီးအိမ်ရှင်က ဒူလဲဟင်…. မနော ဆိုက်မှာ မီးအိမ်ရှင်နာမည်ကဗျာရေးထားတာနဲ့မဆိုင်ပါဘူးနော်…. 🙁
koyin
September 3, 2011 at 7:18 pm
ဟုတ်
မီးအိမ်ရှင်ဆိုတာက ကိုရင့်ရဲ့
တစ်ယောက်သောသူပါ…ဟီး
မနောဆိုဒ်ထဲက မီးအိမ်ရှင်ကိုတော့ မသိပါဘူး
ဘာမှလည်း မဆိုင်ပါဘူးဗျာ
ကိုရင်ရဲ့ မီးအိမ်ရှင်က သတ်သတ်ပါ..
အမည်တူခြင်းသာ ဖြစ်ပါကြောင်း….
မနောဖြူလေး ပျော်ရွှင်ပါစေ…
အဲ..လင့်လေး ပေးပါလားဗျာ
ကိုရင်လည်း သွားပြီး လေ့လာရအောင်ပါ…
thit min
September 3, 2011 at 7:20 pm
မမီးမီးရဲ့အိမ်ရှင်တော့ဟုတ်ဘူးထင်တာပဲ။.
koyin
September 3, 2011 at 7:48 pm
အဲ..အယ်ကွယ် မောင်သစ်မင်း
မေးရက်လေခြင်း…
မီးမီးရေ ..
ဖြေရှင်းချက်တွေ လင်းစမ်းပါအုံးဗျ
ကိုရင်ကလည်း တကယ်ကို
ထိပ်ထားဆိုလည်း အစ်လိုအစ်
မီးမီးနဲ့ရော ဘယ်လိုအဓိပ္ပါယ်တွေ ဖွင့်ပြရမတုန်း
လုပ်ပါအုံးဟ…
နောက်တစ်ကြိမ် ကိုရင့်စာတွေ တင်ခွင့်မရရင်ဖြင့်
မောင်သစ်မင်းရေ..
မီးမီးက ခွင့်လွှတ်လိမ့်မယ်မထင်…
အဲ..ကိုရင်ကဗျာတွေကို သူက မင်သကိုးဗျ…
အားလုံး အားလုံး ကဗျာချစ်သူ မောင်နှမတွေ
ပျော်ရွှင်ကြပါစေ…
alinsett
September 4, 2011 at 3:00 pm
အလင်းတွေကို လုံးချေ မယ်ဆိုတာကိုတော့ သဘောမတူချင်ဘူး။။ကိုရင်ရေ…
ကိုရင် ကဗျာက သိပ်ကောင်းပါတယ် ။ ကာရန်ပါမှ ကဗျာလို ့ ထင်သူတွေ ကို ပြချင်လိုက်တာ..
ဆက်ရေးနေပါ။ ကိုယ် အားပေးနေမယ် နော့
koyin
September 4, 2011 at 5:28 pm
အဲ…ဟုတ်ပါရဲ့
အဲဒါ ကိုရင် တမင်သတ်သတ် လက်ဆော့ပြီး လုံးချေပစ်လိုက်တာလေ
ဟီး
မရနိုင် မဖြစ်နိုင်မှန်း သိလျှက်
အဲဒီ အလင်းမှုန်တွေကို စုစည်းပြီး
မီးသီးတပ်ဖို့ ကြိုးစားမိတာ အမှား
ရိုးရိုးသားသားပါပဲ…ဝပ်အားကလည်း မပြည့်
ကိုရင့်ရင်မှာ အမှောင်တွေသာ ပိတ်ပြီးရင်း ပိတ်နေတဲ့အကြောင်း
မလောက်ငှတဲ့စကားလုံးတွေနဲ့ စာလုံးပေါင်းပစ်လိုက်ရတာ
အလင်းစက်လေး နှာတိုသွား.. အဲလေ
အားမလို အားမရဖြစ်ရတယ်ဆိုရင်လည်း
တောင်းပန်ပါတယ်နော….
အော.. သိပြီ
အလင်းစက်ဆီမှာ ခွင့်မတောင်းဘဲ
အလင်းကို လုံးချေပစ်လိုက်မိတာကိုးဗျ..
ပျော်ရွှင်ပါစေ…
နေခြည်တွေ ခ ခဲ့တဲ့
အလင်းစက်တစ်မှုန်နှစ်မှုန်ကြောင်
ကိုရင့် ရင်တွေ ခိုက်ခိုက်တုန်သွားရပါကြောင်း…
ရွှေဘိုသား
September 5, 2011 at 8:43 am
ီဒီမှာငါ.တစ်ယောက်ထဲ
နင်.အကြောင်းအမြဲတမ်းတွေးကာ အိပ်မရခဲ.
နတ်သမီးလေးကမင်းပါ ခွဲမသွားနဲ.
ပြန်လာမယ်ဆို ငါမျှော်နေမှာ
ငါ.ဘဝရဲ. မီးအိမ်ရှင်ပါ
ငါ.ဘဝရဲ. ပဲ.ကိုင်ရှင်လေးပါ
ငါ.ဘဝရဲ့. တန်ခိုးရှင်ပါ
ငါ.ဘဝရဲ့ အားအင်ပေါ.
နင်ဟာ လမင်းလေးပါ
ဒီလိုလားကိုရင် ဆက်သွယ်ထားတယ် narziparty2009@gmail.com နဲ.လက်ခံလိုက်
koyin
September 5, 2011 at 7:00 pm
ဟုတ်ပ ကိုရွှေဘိုသားရေ..
တစ်ရစ်တစ်ရစ်နဲ့
ထွက်ကျလာလိုက်တဲ့ စကားလုံးလေးတွေက
ချိုမြိန်လို့နေပါတယ်…
မျှော်လင့်စောင့်စားရင်း…
ပျော်ရွှင်ပါစေ