ကံဆိုးမ သွားရာ မိုးလိုက်လို ့ရွာ (၃)
” ကလေးရေ … မမတို့ မိသားစုက ဆင်းရဲတယ်လေ … မင်း မလာတာပဲ မင်းအတွက်ကောင်းပါတယ် … ။ ကောင်းရာ သုဂတိလားပါစေလို့ပဲ ဆုတောင်းပေးပါတယ် …. ” စန္ဒာတယောက် ကြေကွဲစွာ ကြိတ်ဝမ်းနည်းနေမိသည် … ။
(၆)
” မိချို ရေ … မချို … အဆင်သင့်ဖြစ်ပြီလားဟေ့ … ” လူမရောက် ခင် အသံအရင်ပေးကာ မဝေရောက်လာတော့သည် … ။
” တိုးတိုးအော်ပါ မဝေရဲ့ အမွှာလေးတွေ အိပ်တုန်းပဲ … ”
” ဟဲ့ … နေဖင်ထိုးနေပြီ မထသေးဘူး လား …. ”
” အိပ်ပါစေ မဝေရယ် … မဟုတ်လျှင် ကျွန်မသွားလျှင် ကပ်နေဦးမှာ ကျွန်မပဲ စိတ်မကောင်းဖြစ်ရမှာလေ … ။ ”
” အေးပါအေ … ကဲ နေမမြင့်ခင် ကားဂိတ်သွားရအောင် …. ညည်း အထုတ်ပိုးတွေ အဆင်သင့်လုပ် …. ”
” ပြီးပါပြီ မဝေရဲ့ … သွားရအောင်နော် … ”
“သမီး… မေမေသေချာမှာထားတယ်နော် အငယ်တွေကို စောင့်ရှောက်ဖို့ တာဝန် သမီးမှာ ရှိတယ် … အမေပြန်လာမှာပါ ။ ”
” ဟုတ်… ဟုတ်ကဲ့ပါ့ မေမေ သမီး သေချာ မှတ်ထားပါမယ့် …. ” ကြေကွဲရင်း စို့နင့်လာသော တုန်တုန်ယင်ယင် အသံဖြင့် သမီးကြီးဖြစ်သူက အားယူကာ စကားပြောလိုက်ခြင်းဖြစ်သည် … ။ မိခင် စိတ်မကောင်းမည် စိုးသဖြင့် အတတ်နိုင်ဆုံး မျက်ရည်မကျအောင် ထိန်းထားသည့်ကြားမှ ဆည်ကျိုးသလို မျက်ရည်များ တပေါက်ပေါက် စီးကျလာတော့သည် … ။
” သမီး … မေမေသွားမယ်နော် … စိတ်ချမယ် … ”
ဟုတ်ကဲ့လို့ ပြန်ပြောဖို့တောင် အင်အား မရှိတော့ပါဘူး … အရုပ်ကြိုးပြတ်သလို ပျော့ခွဲကာ ထိုင်ချလိုက်မိသည် … မိခင်ဧ။် နောက်ကျောကို ကြည့်ရင်းသာ ခါးသီးသော အနာဂတ်နေ့များကို ဘယ်လို ဦးဆောင်ရမလဲ တွေဝေနေမိသည် … ။
(၇)
ဝါး … အိပ်ယာက နိုးပြီ …. အငယ်မလေး မနိုးသေးပါလား …. သူမနိုးခင် မေ့မေ့ဆီ အရင်ပြေးပြီး မုန့်သွားစားရမယ် …
” မေမေ … မေမေ … သား ဗိုက်ဆာတယ် ”
အိပ်ယာထဲမှ ကမူးရူးထိုး ထလာသော မောင်လေး ကြောင့် စန္ဒာတယောက် မျက်ရည်စတို့ကို လက်ဖမိုးဖြင့် ဖွဖွသုတ်ရင်း …
“မောင်လေး … မေမေ အပြင်သွားတယ် ဗိုက်ဆာလျှင် မမထမင်းကျွေးမယ်နော် ”
“ဟုတ်ကဲ့ မမကြီး … သားကို သွားတိုက်၊ မျက်နှာသစ်ပေးဦး ” ဟုဆိုကာ လက်နှစ်ဘက်ကို ဆန့်တန်းပြီး ချီခိုင်သည် … ။
မောင်လေး နဲ့ ညီမလေး နိုးတိုင်း မေမေက ချီပြီး ရေစည်အနားသို့ ခေါ်သွားနေကြမို့ .. ယခု မေမေအနားမှာ မရှိချိန်တွင် ကျွန်မကပဲ မေမေ့ကိုယ်စား အရာခပ်သိမ်း လုပ်ပေးရတော့မည် … ။
ရေစည်နားတွင် မောင်လေးကို သွားပွတ်တံလေး လှမ်းပေးပြီး ….
” မောင်လေး …. သားက ကလေးမဟုတ်တော့ဘူးနော် … မေမေက မြို့ကိုသွားပြီး အလုပ်လုပ်တာ ဒီမှာ မမကြီးက အကြီးဆုံး ၊ မမကြီးပြောတာ နားထောင်ရမယ်နော် …. ”
မောင်လေးကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ကျွန်မပြောသမျှ နားလည်သလို လို ၊ နားမလည် သလိုလို … ပြန်ကြည့်နေသည် … ဒီအရွယ် ဒီလောက်ပဲ နားလည် ဦးမှာပေ့ါလေ … ကျွန်မ ဆန္ဒတွေ သိပ်စောပြီး ပုံသွင်းလို့က မဖြစ်ပါဘူး … တဖြည်းဖြည်းချင်း ပြောင်းလဲ ယူရမှာပေါ့ လေ … ။
“သား … ကလေးမဟုတ်တော့ဘူးဆိုတော့ ဒီနေ့က စပြီး သွားတိုက်တာ ၊ မျက်နှာသစ်တာ ကိုယ့်ဘာသာကိုယ် လုပ်ရမယ်နော် … ”
“သားမှ မလုပ်တတ်တာ မမကြီးရဲ့ … ”
” လာလာ မမကြီး လုပ်ပြမယ် … သွားပွတ်တံလေးကို ဒီလိုလေးကိုင် … ဒီဟာက သွားတိုက်ဆေး … လိုလောက်ညစ်ပြီး သွားပွတ်တံနဲ့ တွဲသုံး … သွားက ဒီလိုလေး တိုက်ရတယ်နော် … သေချာမှတ်ထား နောက်ဆု ိကိုယ့်ဘာသာ လုပ်ရတော့မှာ ။ ”
“ဟုတ် .. သား မှတ်မိပြီ နောက်ဆို သားဘာသာ သား သွားတိုက်တတ်ပြီနော် ”
လိမ္မာလွန်းတဲ့ မောင်လေးကိုကြည့်ရင်း ကျွန်မ ခွန်အားတွေ ဖြစ်လာသလိုပါပဲ … မနက်ကတည်းက နောက်ကျိနေတဲ့ စိတ်… ခဏလေးကျေနပ်ပျော်ရွှင်ရတော့သည် … ။
(၈)
ထိုစဉ် တတောက်တောက် လမ်းလျှောက်လာသော ခြေသံကြောင့် ရေစည်နားက မောင်နှမ နှစ်ယောက်… အသံလာရာသို့ ပြိုင်တူ လှည့်ကြည့်မိလိုက်သည် ။ မှုန်းဝါးဝါး မျက်စိကို ပွတ်ကာ အမွှာ နှစ်ယောက်မှ အငယ်မဖြစ်သူ မိုးမိုး နိုးလာတော့သည် … ။
” ဟွား……..ဝါ း……. မမကြီး သမီးလည်း မျက်နှာသစ်မယ် … ”
” လာလာ ညီမလေး … မမသင်ပေးမယ် … သမီး အစ်ကိုကိုတောင် မမ သင်ပေးထားတာ ဒီလို လုပ်ရတယ် … ”
“မနက်ဖြန်ကစပြီး မောင်လေးနဲ့ ညီမလေးတို့ ကိုယ့်ဘာသာ ကိုယ်သွားတိုက်ရမယ်နော် … ”
တိုင်ပင်ထားခြင်းမရှိပါပဲ တညီတညာ ဖြေလိုက်ပုံက ဟုတ်တဲ့လေ … ကျွန်မရင်ထဲ လိမ္မာလွန်းတဲ့ မောင်နှမကြောင့် ပီတိတွေဝေသွားခဲ့ပါတယ် .. ။
“ကလေးတွေ မြန်မြန်မျက်နှာသစ် ထမင်း အတူစားကြမယ် ….။ ”
“မမကြီး ဒီနေ့ရော ပဲပြုတ်နဲ့ ထမင်းကြော်ပဲလား ….” စကားတတ်သော ညီမအငယ်ဆုံး မိုးမိုးက ဆူပုတ်ပုတ်နှုတ်ခမ်းထော်ပြီး မေးလိုက်ခြင်းဖြစ်သည် … ။
“အင်း … ဒါပဲပေါ့ ညီမလေးရေ ဈေးမရောက်သေးလို့ နော် … ဈေးရောက်မှ ဟင်းကောင်းကောင်းဝယ်ကျွေးမယ် ”
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%5
“ဟာ မောင်နှမတွေ ထမင်းလက်ဆုံစားနေကြပါလားဟေ့ … ။ ”
“ဆရာတော် ကြွလာပါလား “ဟုဆိုကာ … ဖွာလဲကျဲနေသော ဖျာစုတ်ကို ဘုရားစင်အောက် ဖြန့်ခင်းလိုက်သည် … ။ အမေဖြစ်သူ အပ်ထားခဲ့သော ရွာဘုန်ကြီး အိမ်သို့ ကြွလာခြင်းသည် မည်သည့်ကိစ္စ နှင့်လာခြင်းဖြစ်သည်ဟု အထူးတလည် ပြောစရာမလိုအောင်ပဲ စန္ဒာနားလည်လိုက်သည် … ။
“ကလေးတွေကိုတော့ ဘုန်းကြီး တခါတည်း ခေါ်သွားမယ် … အကြီးမကတော့ သိမ်းစရာရှိတာလေးတွေ သိမ်းပြီးမှ လိုက်ခဲ့… ”
“ဟုတ်.. အဲ … တင့်ပါ ဘုန်းဘုန်း … ”
သိမ်းစရာလေးတွေ သိမ်းဟုသာပြောတာ ကျွန်မမှာလည်း ဘာမှ သိမ်းစရာ အထွေထူးမရှိပါဘူး … ။ အဖေနဲ့ အမေ ညားခါစကတည်းက ကိုးကွယ်လာတဲ့ ဘုရားလေးတော့ ပင့်သွားဦးမယ် … ။ လေးငါးစုံထက်မပိုတဲ့ ကျွန်မတို ့မောင်နှမ အဝတ်စားလေးတွေရယ် … ခေါင်းရင်းက ကျွန်မ အဖေ ဓါတ်ပုံရယ်ပါပဲ … ။
အိမ်ကိုတော့ အမေနဲ့ အဖေ ပြန်မလာခင်စပ်ကြား ကျွန်မ တို့ ခဏပစ်ထားရဦးမှာလေ … ။ ကလေးတွေ ဘုန်းကြီးကျောင်းမှာ ငိုနေမလားမသိဘူး … ကျွန်မမြန်မြန် လိုက်သွားမှ ဖြစ်မယ် ….။
အိမ်တံခါး … ဟုတ်သားပဲ တံခါးပိတ်ရဦးမယ် …
ကျွန်မယခုအရွယ်ထိ ဘယ်တုန်းကမှ အိမ်တံခါး ပိတ်မထားဖြစ်သောကြောင့် သော့ဟူ၍လည်း မရှိပေ ….ထို့ကြောင့် … ၊
သော့မရှိလည်း ဘာဖြစ်လဲဟယ် … မြက်ခြောက်ပင်လေးတွေနဲ့ ကောက်ချည်လိုက်မှာပေါ့ … တို့ရွာထဲ တအိမ်နဲ့ တအိမ်သိနေကြတာ ဘာမှ စိတ်ပူစရာမရှိပါဘူး … ငါတို့မှာလည်း ဘာမှ တန်ဖိုးရှိတဲ့ ပ စ္စည်းကျန်တာ မဟုတ် ဘူးလေ … ။
9 comments
မှော်ဆရာ
August 31, 2011 at 2:34 pm
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလို ..
ကံဆိုးထီးသွားရာ ကွန်နက်ရှင် လိုက်လို့ကျနေသလား မသိပါဘူးဗျာ..
ပိုစ့်တစ်ခုတင်ဖို့ မနဲပါပဲလား….
etone
August 31, 2011 at 2:38 pm
ဟဲဟဲ …. ဒါကတော့ စိတ်နဲ့ပဲ ဆိုင်ပါတယ် … ကျွန်မပို့စ်တင်တာ အေးဆေးလေးပဲ .. ဟိဟိ …
😀
(မနာလိုဖြစ်အောင်ပြောတာ … တခါတလေ တင်ရခက်တယ် … 😛 😛 )
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
August 31, 2011 at 2:43 pm
စိတ်ပျက်ဖွယ်ကောင်းလိုက်တာ။ကလေးတွေလိမ္မာပေလို ့သာ။ရှေ ့ကပို ့စ်တွေကိုပြန်ဖတ်လိုက်မယ်။
ဇာတ်ရည်မလည်ဘူးဖြစ်နေပီဗျ။
yetazar
August 31, 2011 at 3:06 pm
အိမ်တံခါးလေးနဲ့ တင်စားလိုက်ပေမယ့် တစ်ကယ်တမ်းတော့ မိသားစု ရင်ခွင်တံခါးလေးလို့ ထင်မြင်မိပါတယ် ။ etone ညွှန်းထားတာလေးကတော့ဘာလဲမသိဘူး ။ ကျွန်တော်ခံစားကြည့်တာပါ ။ etone အမြင်နဲ့တိုက်ဆိုင်မယ် ထင်ပါတယ် ။ မိသားစု နွေးထွေးမှုတံခါးလေကို သော့ခတ်ရတော့မှာလား မြက်ပင်လေးချဉ်းထားရုံနဲ့ ……….. ။
လင်းဝေကျော်
August 31, 2011 at 4:13 pm
အီးတုံးရေ ကိုယ်တိုင်ရေးလား ဘာလား ပြောဦးလေ။
etone
August 31, 2011 at 4:51 pm
ဟုတ်ပါတယ် ဦးလေးရေ.. ကိုယ်တိုင်ရေးတာပါ … ။ သို့သော်လည်း.. ဇာတ်လမ်းက အရမ်းနာနေလို့ရယ် … ရပ်ကွက်ထဲက တကယ့်အဖြစ်ပျက်ဆန်ဆန်ဖြစ်နေတာရယ် … ၊ သုံးထားတဲ့ စာလုံးတွေက ကြမ်းလို့ (ကျွန်မစိတ်ထဲတော့ ..ဆိုးဆိုးရွားရွားမပါဘူး ထင်ပါရဲ ့နော် … ) ဆင်ဆာ ကျမယ် မထင်တာရယ် … နောက်ဆုံး သူများဇာတ်လမ်းက ပိုကောင်းနေလို့ .. အပယ်ခံစာမူဖြစ်သွားရတာပါ တဲ့လေ … 😛 😛
ဆူး
August 31, 2011 at 5:43 pm
ဘယ်မှာ စာမူကျကျ ဒီက ပရိတ်သတ်ကတော့ ပုံမှန်ပဲ..
ကွန်မန်း တက်လာရင် ဝမ်းသာရတာ စာရေးသူရဲ့ ခံစားချက်ပဲ။
ရွှေအိမ်စည်
August 31, 2011 at 5:29 pm
တုန်တုန်ရေ……
အလုပ်တွေ ရှုတ်နေတာနဲ ့မဖတ်မိတာ…အွန်…
ဇာတ်ရည်လည်းအောင်..ရှေ ့ကဟာကစဖတ်မယ်နော်…
ရွှေအမြူတေကောကြိုက်လား..ပို ့ကြည့်လေ..တုန်ရဲ ့
etone
September 1, 2011 at 12:44 pm
ရွှေအိမ်စည်ရေ … မဂ္ဂဇင်းတိုက်ကို စာမူအနေနဲ့ပို့ခဲ့တာ မဟုတ်ပါဘူး … ဟိဟိ … ။
DVD ဇာတ်ညွှန်းရေးမိခဲ့တာ 😛 😛