ဘကြီးပြောသော …အကွက်… အကြောင်း
ဒီနေ့ညနေအလုပ်ကအပြန် အိမ်ရောက်တော့ တောကတက်လာတဲ့အမျိုးတွေရောက်နေတယ်….
ကျွန်တော်လဲခဏနားရေချိုး ပြီးတော့ဧည့်သည်တွေနဲ့အတူထမင်းစားပြီး အိမ်ရှေ့ထွက်စကားပြောရင်း TV ကြည့်ရင်းမရောက်ဖြစ်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကအကြောင်းလေးတွေပြောနေကြစဉ်
ကျွန်တော်ကိုဘကြီးကဟာငါ့တူမင်း TV ကြီးလဲလိုက်ပါလား….ဆိုတော့ကျွန်တော်ကြောင်သွားတယ် …
ဒါနဲ့ဘာဖြစ်လို့လဲလို့မေးတော့ ဟိုမှာလေမင်း TV မှာအကွက်ထနေပြီမီးလုံးလဲလိုက်တော့
ဆိုတော့ကျွန်တော် TV ဘက်ကြည့်တော့ MRTV-4 ကလာနေတဲ့အဆိုတော်——–သီဆိုဖျော်ဖြေနေစဉ်ဆင်ဆာဖြတ်ထားတဲ့ အကွက်လေးကပေါ်လိုက်ပျောက်လိုက်နဲ့ဆိုတော့ သူက TV မကောင်းဘူးလို့ထင်သွားတာပါ…….
အဲဒါနဲ့ကျွန်တော်ကလည်း ဘကြီးရေအဲဒါ TV မကောင်းတာမဟုတ်ဘူး မြန်မာယဉ်ကျေးမှုနဲ့မညီတဲ့ဝတ်ပုံစားပုံနဲ့ဖြစ်နေလို့
ကောင်မလေးတွေအတုယူမှာဆိုးလို့ အမြင်မတော်တာတွေမမြင်အောင်လို့ကာထားတာပါဟု အစရှိသ၍
ဘကြီးနားလည်အောင်အလွယ်တစ်ကူရှင်းပြလိုက်တယ်….. အဲဘကြီးကဘာပြောတယ်မှတ်လဲ
ဟာမင်းကလည်းအဲဒီလိုဖြတ်လို့မသိတာမှမဟုတ်တာ သိနေတာပဲ အစကတည်းကအဲဒီလိုဝတ်ပြီးမရိုက်နဲ့ပေါ့… အခုဟာကဟိုကွက်ဒီကွက်နဲ့ကြည့်ရတာအဆင်မပြေပါဘူး အဲဒါကြီးမကြည့်ပဲတစ်ခြားဟာပြောင်းကွာဆိုတော့ ကျွန်တော်လဲ တစ်ခြားနိုင်ငံခြားရုပ်ရှင်လိုင်းပြောင်းပေးလိုက်တယ် အဲဒီမှာလဲ TV ကအကွက်နဲ့ပြန်ပဲ
ဒါပေမဲ့ဘကြီးကဘာပြောလဲဆိုတော့ သူများနိုင်ငံက ရုပ်ရှင်ကားကျတော့သွားတားလို့မှမရတာ အဲဒါတော့ထားလိုက်ပါတဲ့ မသင့်တော်တာတွေပါရင်တော့မပြတာကောင်းတာပေါ့ ကလေးတွေအတုယူကုန်မှာ
တော်ပါပြီကွာငါသတင်းပဲကြည့်တော့မယ်ဟုဆိုကာသတင်းလိုင်းပြောင်းပေးကာမှ အဆင်ပြေတော့တယ်….
တောသူတောသားများဟာ ရိုးသားပွင့်လင်းကျတယ်…. မသိတာကိုမသိ မရှိတာကိုမရှိပဲ ……
ကျွန်တော်နှင့်ဘကြီးတို့ နယ်အကြောင်းဆက်ပြောကာ လက်ဖက်လေးစား ရေနွေးသောက်
မတွေ့တာကြာတော့စကားများပြောမကုန်နဲ့ဖြစ်နေတော့တယ်………
ညဉ့်နက်တော့မှဘကြီးအတွက်အိပ်ယာထိုင်ခင်းပြင်ဆင်ပေးပြီး
ဘကြီးပြောသောအကွက်အကြောင်းရေးမိတော့တာပဲ…………………
11 comments
pan pan
September 2, 2011 at 9:35 am
မကြည့်စေချင်လို့ အကွက်လေးကာပေးမှ
ဘာလေးပါလိမ့်ဆိုပြီး သေချာကြည့်မိတယ်
ရုတ်တရက် အကွက်လွတ်ချိန်ကို မျက်တောင်မခတ် စောင့်ကြည့်ရတာ အမော
သူတို့ အကွက်နဲ့ကာတော့မှ ဒါမကြည့်သင့်လို့ပဲဆိုပြီး ပိုသတိထားကြည့်မိတယ်
shwemanthar
September 4, 2011 at 5:07 pm
မှန်လိုက်တာ
ပိုသတိထားမိအောင်လုပ်ပေးသလိုပဲ
နောက်ပြီးရှိသေးတယ် ဟိုနေ.က MRTV-4 က ကိုရီးယားကားထဲမှာ
မိန်းကလေးအရက်ခွက်မော့နေတဲ.ပုံကိုကာပေးထားတယ်
ကာပေးမှပိုကြည်.မိသလိုပဲ
လူတွေကမသိတာမှမဟုတ်တာ
etone
September 2, 2011 at 10:52 am
အင်း … ကြုံတုန်းပြောရဦးမယ် … ကိုရီးယားကားထဲမှာ ပါတဲ့ မင်းသမီး ဆိုဂျုသောက်တာကို ခွက်ကိုင်တဲ့လက်ရော ခွက်ရော ဝါးပြထားတယ် … ။ အများကြည့်စေချင်အောင်လို့ တမင် မီးမောင်းထိုးပြသလား မှတ်ရတယ် … ။ နောက်တစ်ခု … အရင်TV က လာတဲ့ ကာတွန်းလေးထဲမှာ … အရုပ်ကလေးက ခါးပေါ်နေတာ … ကာတွန်းရုပ်မို့ ကြည့်ကောင်းသားနဲ့ကို … အရုပ်ကိုပါ ခါးပေါ်တဲ့နေရာ လိုက်ဖျက်တယ် … တကယ် ….တကယ် ဘယ်လို အတွေးတွေလဲ မမှန်းတတ်တော့ဘူး … ။ 🙄
blackchaw
September 2, 2011 at 11:22 am
အဝတ်အစားလောက်ကိုတော့ ကြိုပြီး ဆင်ခြင်သင့်တယ်ထင်ပါတယ်။ ဒါမှ အကွက်တွေပျောက်သွားမှာပါ။
မီးမီး သော်
September 2, 2011 at 12:13 pm
ခေတ်ကိုမြင်အောင်ပြောနိုင်တဲ့ ရွှေမြိ ုင်သားပါလား။ကျေးဇူးဘဲနော့။ခုလိုမျိုး ဝေမျှတော့ ကလေးတွေအတွက်ကောင်းပါတယ်။
ရဲအောင်
September 2, 2011 at 1:38 pm
အကွက်ဆိုလို့ ဘာများလဲလို့….၊ ဘာမှမဟုတ်ပါလားနော် ၊ သဘာဝကိုသူတို့မို့တားချင်တာ ။
အိုး အသင်လောကကြီး……………..ခက်လိုက်တာ ။
windtalker
September 2, 2011 at 1:58 pm
သားလဲငယ်ငယ်တုန်းက
ရိမ်းဘိုး ဆိုလား ဘာလား
စလောင်းက လာတာ လေ
ကွက်ကွက် လေးတွေ ကြည့်ဖူးတယ်
အိမ်က လူကြီးတွေ လာလို ့
အမြန်..အမြန် ပိတ်ရတာ
ဟီဟိ
manawphyulay
September 2, 2011 at 2:13 pm
ခုနောက်ပိုင်း တော်တော်ဆိုးလာတယ်။ သူတို့လည်း ဖျက်မယ့်နေရာကို ကာရတာ အတော်မောမှာပဲ ဟိုပြေးဒီပြေးနဲ့လေ… ဖုံးတဲ့နေရာကို အပြေးလိုက်ဖုံးနေရတာ။ အရင်ထဲက ကန့်သတ်ချက်နဲ့ထားရင် ဒီလောက်ရုပ်ပျက်ဆင်းပျက်မဖြစ်ဘူး။
mr.lone
September 2, 2011 at 4:23 pm
ဒီကဘကြီးကဘယ်ရွာကလဲ … တစ်ချို့ရွာတွေမှာ TV တွေရှိပါတယ်နော် အဲဒီ့လောက်ခေတ်နောက်ကျတဲ့
ဘကြီးကရှိသေးလား ဒီက shwe myine thar က နိုင်ငံခြားလိုင်းတောင်ဖမ်းကြည့်နိုင်သေးတာပဲ။ ဘကြီးကို
second hand TV လေးတစ်လုံးလောက်ရွာအပြန်လက်ဆောင်ထည့်ပေးလိုက်ပါလား ။လျှပ်စစ်ပစ္စည်းတွေ
ဈေးကျနေတာပဲ ။အဲဒါမှဘကြီးလည်း ဗဟုသုတကြွယ်လာမှာပေါ့….
naywoonni
September 4, 2011 at 4:32 pm
ခါးမှန်သိရင် အစက မစားနဲ့ပေါ့…။ မှားမှန်သိရင် အစက မသွားနဲ့ပေါ့…။ ခါးမှန်းသိလျက်နဲ့ ဘာလို့ စားခဲ့လဲ ….။ မှားမှန်းသိရက်နဲ့ ဘာလို့ စားခဲ့လဲ…။ အဲဂလိုဖစ်နေပြီ…။ ပြလည်းပြချင်တယ်…။ မြင်မှာလည်းကြောက်တယ်ဆိုတာမျိုး ………. ဟင်းးးး တိတ်ညစ်တယ် တိတ်ညစ်တယ်ဗျို့…………..။
MaMa
September 4, 2011 at 7:01 pm
ပြောရမယ်ဆိုရင် တော်ရုံတွေကိုလည်း ခေတ်နဲ့အညီ ခွင့်ပြုပေးသင့်တယ်။
ဘာမဟုတ်တာလေးတွေကို လိုက်ကွက်ပြနေပြီးတော့ ပေးချင်တဲ့ ဇာတ်လမ်းကျောရိုးကျတော့မှ သူ့ဆီကငါလု၊ ငါ့ဆီကသူလု ဖြစ်နေတယ်။
ဟိုးးးးးးးးး အရင်ကပြပေးတဲ့ ပေါင်ချိန်တို့ ကျန်ကျောင်းတို့ကိုတောင် သတိရမိသေးတော့တယ်။ 🙁