ကွမ်း ပို ့စ်
အမှာစာ ။ ။ ကွမ်းပို ့စ် ဟု ခေါင်းစဉ်တပ်ကာ ပို ့စ် ၂ ခု ခန် ့ရေးခဲ့ဖူးပါသည် ။ ဆရာသုမောင် ၏ ကွမ်းစကား စာစု များ ကို ဖတ်ပြီး အရမ်းနှစ်သက်သဘောကျ မိသောကြောင့် ကွမ်းပို ့စ် ဟု အမည် လိုက်ပေးခြင်း ဖြစ်ပါသည် ။ ကွမ်း ဟု သုံးထားသကဲ့သို ့ ၊ အရည်မရ အဖတ်မရ ဖြစ်လာနိုင်ပါသည် ။ တစ်ခုခု ရလျှင်တော့ ဝမ်းသာရပါမည် ။ စာရေးခြင်း ကို ဝါသနာပါသူ တစ်ဦး ဖြစ်သဖြင့် ၊ ရေးမိလိုက်ပြန်ပါပြီ ။ ဖတ်ကြည့်ကြပါဦး ခင်ဗျာ ။
ဦးမောင်မောင် ၏ ရုံးခန်းတွင်းသို ့ ငယ်သူငယ်ချင်း ၂ ယောက် ဝင်လာသည် ။ ဦးမောင်မောင် သည် ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများ ( စစ်စတမ်ပုံး ၊ ဟက်ဒစ် ၊ ဂရပ်ဖစ်ကဒ် ၊ ယူပီအက်စ် စသဖြင့် ) ကို ကိုယ်စားလှယ် ယူ ကာ ဖြန် ့ချီနေသူ တစ်ဦး ဖြစ်သည် ။ အသက် က ၃၅ ကျော်ရုံလေး ရှိသေးသည် ။ လူပျိုကြီး ဖြစ်သည် ။ လုပ်ကိုင်သည့် လုပ်ငန်း က ကြီးသဖြင့် ဦးတပ် ခေါ်ခံ ရသည် ။
“ ဘောစိ….အလုပ် အရမ်း များနေလား ”
“ ဪ…ဘယ်သူများလဲလို ့ ၊ ငါ့ကောင်တွေ ပါလား ၊..အလုပ်ကတော့ ပုံမှန်ပါပဲ ..၊ လာထိုင်ကွာ…ဘာကိစ္စ လဲ ”
“ ဒီလိုပါ….သီတင်းကျွတ်တော့မယ်လေ ၊ ဆရာကန်တော့ပွဲ အတွက် အလှူငွေ လာကောက်တာပါ ”
“ မင်းတို ့လာမှ ပဲ ၊ သီတင်းကျွတ်တော့မယ် ဆိုတာ သတိထားမိတယ် ၊ ငါ့လဲ..ငါ့ဟာနဲ ့ငါ ကို ရှုပ်နေတော့တာပဲ ၊ ဆရာကန်တော့ပွဲ အတွက် အလှူငွေ တစ်သောင်း ထည့် လိုက်မယ်ကွာ ”
“ ကောင်းပါပြီ..ဘောစိ ၊ ဒါနဲ ့နေ ့က သီတင်းကျွတ် လပြည့်မတိုင်ခင် ၁ရက် ပဲ ၊ လာဖြစ်အောင် လာခဲ့ဖို ့အခုကတဲ က တစ်ခါ ထဲ ဖိတ်ခဲ့မယ်နော် ”
“ အဲဒါတော့ ခွင့်လွှတ်ကွာ ၊ ငါ မလာနိုင်လောက်ဘူး…နောက်မှ ပေါ့ ၊ ကြုံဦးမှာပါ…အချိန်တွေ အများကြီး ကျန်သေးပါတယ် ”
အလှူခံ လာသူ သူငယ်ချင်း ၂ ယောက် ပြန်သွားသည် နှင့် ဖတ်လက်စ သတင်းစာ ကို ကောက်ဖတ်လိုက်သည် ။ ပြီး…သတင်းစာ ကို ဘေးချ လိုက်ပြီး
“ ဘီဂိတ်…ဘီဂိတ်…ငါ လည်း တစ်နေ ့မင်းလို အောင်မြင် ချမ်းသာ ကြွယ်ဝ လာတော့မှာပါ ကွာ…ဟင်းဟင်း….အဲ့ခါကြ..ငါ့နာမည် ကို ဘီလ်မောင် ဆိုပြီး ပြောင်းရင် ကောင်းမလား..အင်း ”
ဦးမောင်မောင်တစ်ယောက် သူ ့ဘာသာ စိတ်ကူးယဉ်ပြီး ပြုံးပြုံးကြီး ဖြစ်နေစဉ် ၊ အခန်းတံခါး ပွင့်လာပြီး မန်နေဂျာ ဝင်လာသဖြင့် ချက်ချင်း မျက်နှာပြန် တည် လိုက်ရသည် ။
“ ဆရာ ၊ ပြီးခဲ့တဲ့ တနင်္လာ နေ ့က ရောက်တဲ့ မော်နီတာတွေ အားလုံး စစ်ပြီးပါပြီ ဆရာ ၊ အလုံးရေ အားလုံး စေ့ပါတယ် ”
“ အေးအေး..ကောင်းပြီ ၊ ဒရိုက်ဘာ သီဟစိုး ကို ပြောလိုက် ၊ ငါ ခဏနေ ဆင်းလာခဲ့မယ်လို ့၊ အဆင်သင့် ပြင်ထားလို ့ ”
“ ဟုတ်ကဲ့..ဆရာ ”
ဦးမောင်မောင် တစ်ယောက် စတိုင်ပန် နှင့် ရှပ်အင်းကျီ ကို သပ်သပ်ရပ်ရပ် ဖြစ်မဖြစ် ကြည့်ပြီး ရုံးအောက် သို ့ဆင်းလာခဲ့သည် ။ ကားဒရိုက်ဘာ သီဟစိုး က ကားတံခါး ဖွင့်ပေးသည် ။ ကားပေါ်တက် ရန် ပြင်လိုက်စဉ် ၊ ဆိုင်ကယ် တစ်စီး အမြန်ဖြတ်မောင်းသွားသဖြင့် ၊ နောက်သို ့ခုန် ရှောင် မိလိုက်သည် ။ ဘယ်လို ကောင်ပါလိမ့် ဟု အော်ဆဲရန် သေချာကြည့်လိုက်တော့ ၊ ရုံး ဘေး ၂ အိမ်ကျော် မှ ၊ ကွန်ပျူတာ ကျောင်းသား လေး အောင်အောင် ။
အောင်အောင် ဖြစ်နေသဖြင့်..ထွက်မိသော ဒေါသများ ပြန်ပျောက်သွားသည် ။ အောင်အောင့် ကို ဦးမောင်အောင် အားအရမ်းကျ သည် ။ အောင်အောင် သည် ကျောင်းစာတွင် တော်လား ထူးချွန်လားတော့ သူမသိ ။ သူသိတာ ၊ အောင်အောင် သည် ခေတ်လူငယ်ပီပီ အမြဲလို ဂျင်းဘောင်းဘီ ၊ တီရှပ် နှင့် လွတ်လွတ်လပ်လပ် နေသည် ။ ရည်းစား ကို ထည်လဲ တွဲသည် ။ တွဲသမျှ ကောင်မလေး များ ကို ကြည့်လိုက်လျှင် လည်း ဗမာ ၊ တရုတ် ၊ ကုလား ကာလာစုံသည် ။ အသက်လေးတွေ က ၂ဝ ကျော်တာ ကို မတွေ ့ဘူး သေး ။ ရုပ်လေး တွေ က လည်း မော်ဒယ်ဂဲ ၊ မင်းသမီး များ နှင့် နင်လားငါလား ၊ လူပျိုကြီး တစ်ယောက် ဖြစ်သူ ဦးမောင်မောင် မှာ ၊ အောင်အောင့်လို ဘဝမျိုး ရမိလျှင် ဘယ်လောက် ကောင်းမလဲ ဟု ၊ မကြာခဏ စိတ်ကူးယဉ်လေ့ရှိသည် ။
ကိုကျော်ကျော် သည် electronic market ဆိုင် တစ်ဆိုင် ကို ပိုင်ဆိုင်သည် ။ ကိုကျော်ကျော် ့ဆိုင် သည် ပစ္စည်းမှန် ၊ ဈေးမှန် သဖြင့် ၊ ဝယ်သူများ ဖြင့် အမြဲ စည်ကားနေသည် ။ ကိုကျော်ကျော် သည် ဦးမောင်မောင် ဆီ မှ စစ်စတမ်ပုံးများ ၊ ဟက်ဒစ်များ ၊ ယူပီအက်စ် များ အမြဲ မှာယူ သည် ။ ကိုကျော်ကျော် သည် ဦးမောင်မောင် ကို အားအရမ်းကျသည် ။ တစ်နေ ့ကြ ဦးမောင်မောင် လို လုပ်ငန်းမျိုး ပိုင်ဆိုင် နိုင် ရမည် ဟု ရည်ရွယ်ပြီး ၊ သူ ့ဆိုင် ကို အမြဲ ကြိုးစားနေသူ တစ်ယောက် ဖြစ်သည် ။
“ ဦးမောင်မောင် က ငါ့ အသက် နဲ ့ဘာမှ မကွာဘူး ၊ ငါ လဲ တစ်နေ ့ကြ သူ ့လို မျိုး ၊ ရုံးခန်းထဲ မှာ ပဲ ဆိုဖာ လေး နဲ ့ထိုင် ၊ စက္ကထရီ မချောချော လေး ၂ ယောက် လောက် ခန် ့ ၊ လုပ်စရာ ရှိတာ မှာစရာ ရှိတာ ကို မန်နေဂျာ နဲ ့အမြဲခိုင်း….အင်း ဘယ်လောက် ကောင်းလိုက်မလဲ ”
ကိုကျော်ကျော် စိတ်ကူး ယဉ်နေစဉ် ဆိုင်ထဲ သို ့နောင်နောင် ဝင်လာသဖြင့် ၊ ကမန်းကတမ်း ထ ကာ ကြိုဆိုလိုက်သည် ။ နောင်နောင် က သူ ့ဆိုင်တွင် ဝယ်နေကြ ဖောက်သည် တစ်ဦး ။
နောင်နောင် သည် အောင်မြင်သော ၊ လူသုံးများသော အင်တာနက် ကဖေး နှင့် နက်ဂိမ်းဆိုင် ပိုင်ရှင် တစ်ဦး ။
“ လာ ကိုနောင်….မရောက်တာတောင် ကြာပြီ မှတ်တယ် ၊ ဘယ်လို လဲ ၊ အရင်ခေါက် က ယူသွားတဲ့ ယူပီအက်စ်တွေ အားလုံး အိုကေတယ် မလား ”
“ အိုကေပါတယ်…ကိုကျော် ၊ အခု ဆိုင် က တစ်ချို ့ကီးဘုတ် တွေ နဲ ့မောက်စ်တွေ က သိပ်အဆင်မပြေတော့လို ့၊ လဲဖို ့လာဝယ်တာ ၊ ကီးဘုတ် နဲ ့မောက်စ် ၂ဝ စီပေးဗျာ ”
“ ကောင်းပြီ ရမယ်ဗျာ ၊ နောက်ထပ်ကော ဘာယူဦးမလဲ ၊ အယ်လ်စီဒီ တွေ ဈေးကျတယ်နော် ၊ အာမခံ လည်း တိုးပေးလာတယ် ၊ ကြည့်ဦးမလား ၊ ဂရက်ဖစ်ကဒ်တွေ ကော အဆင်ပြေ ရဲ ့လား ”
“ လောလောဆယ်တော့ ကီးဘုတ် နဲ ့မောက်စ် ပဲ ယူသွားဦးမယ် ၊ နောက်မှ လာခဲ့ဦးမယ် ”
ပစ္စည်း များ ကို ကားပေါ်တင်ပြီး နောင်နောင် တစ်ယောက် ပြန်လာခဲ့သည် ။ နောင်နောင် တစ်ယောက် တွေး နေသည် ။
“ ငါ့မှာ..တစ်လလောက် ဆိုင် ကို တစ်နေ ကုန် ဖွင့် ၊ ဖင်ပူအောင် ထိုင် ငွေရှာတာ ၊ ကိုကျော် တို ့တစ်ပါတ် ရောင်းကြေး လောက် တောင် ရပါ့မလား မသိဘူး ၊ အင်း..ငါလဲ ၊ ကိုကျော့်လို ဆိုင်မျိုး ဖွင့် နိုင်ရင် ကောင်းမှာပဲ ၊ သူ ့လိုမျိုး ဆို အေးဆေး နေမှာ….. တစ်နေ ့တော့ ဖြစ်လာမှာပါလေ ”
နောင်နောင် တစ်ယောက် ဆိုင်ပြန်ရောက်တော့ ၊ အောင်အောင့် ကို သူ ့ရည်းစား ကောင်မလေး နှင့် တွေ ့လိုက်ရသည် ။
“ ကိုနောင်..ဒီမှာ..ဟိုနေ ့က ကျွန်တော် ပြောနေတဲ့…ချစ်သူ ဆိုတာလေး ”
ကောင်မလေး က ပြုံးပြသည် ။နောင်နောင် လည်း ပြန်ပြုံးပြရင်း
“ ဟာ..ညီမလေး က လဲ ချောတာပါပဲလား ၊ အောင်အောင် တို ့အတွဲ ကတော့ တစ်ကယ် နေနဲ ့လ ပါပဲ ဟေ့ ၊ ညီလေး ဘာသောက်မလဲ ဘာစားမလဲ ၊ ညီမလေး ကော ”
“ နေပါ..ကိုနောင် မစားတော့ဘူး ၊ ကိုနောင့် ကို လာကြွားရုံ သပ်သပ် ပဲ …လစ်ပြီကိုနောင် ရေ ”
အောင်အောင် တို ့အတွဲ ဆိုင်ကယ်ပေါ်တက်ပြီး နောင့်နောင့် ဆိုင် မှ ထွက်လာခဲ့ကြသည် ။ ဆိုင်ကယ်မောင်းရင်း နောင်နောင် သူ ့ကောင်မလေး ကို ပြောပြသည် ။
“ သဲ…အဲဒီဆိုင် က ကိုယ် အမြဲ သုံးတဲ့ ဆိုင်လေ ၊ သဲ နဲ ့အွန်လိုင်းမှာ တွေ ့တယ် ဆိုတာ ၊ အဲဒီ ဆိုင် မှာ သုံးရင်း တွေ ့တာလေ ၊ စောန က ဘဲကြီး က ပိုင်ရှင် ၊ ဆိုင် က အရမ်းအောင်မြင်တယ် ။ အဲဗား လူအပြည့်ပဲ ၊ ကိုယ် တောင် ကျောင်းပြီး ရင် သူ ့လို မျိုး ဖွင့်မလို စဉ်းစားထားတာ ၊ သူ ့ကိုတော့ အရမ်းအားကြတယ် ကွာ ၊ အေးဆေး ငွေ ကို သဲ့ယူ ရုံ ပဲ ၊ ကို တို ့ မင်္ဂလာဆောင် ပြီး ရင် ဒါမျိုး ဖွင့်ရအောင် နော် ”
—————————————–အားလုံးကို ကျေးဇူးတင်ပါသည်—————————————–
4 comments
blackchaw
September 2, 2011 at 2:21 pm
အစောဆုံးဖတ်ပြီး အစောဆုံး မန်းသွားပြီ windtalker ရေ။ အားကျမှု သံသရာ ခေါ်မလားမသိဘူး။ တစ်ယောက်ကို တစ်ယောက်အားကျနေကြတာလေ။ ဖတ်လို့ အစဉ်ပြေပါတယ်။ အိုကေပါ။
myanpyithar
September 2, 2011 at 2:37 pm
တော်တော်လေးဖတ်လိူ့ကောင်းတယ်ဗျာ..သဘာဝလဲကျတယ်..ဆက်ရေးပါ..အားပေးနေပါတယ်
naywoonni
September 2, 2011 at 9:41 pm
ငါလည်းးးးးးးး……..
အားမကျပါဘူးကွာ……
ကိုယ့်ဟာလေးနဲ့ ကိုယ်ပဲကောင်းပါတယ်…။
အော်….တော်ကာရေ….. ငါညက ဆရာမောင်ချောနွယ် ကဗျာ အဟောင်းတွေ ပြန်ဖတ်မိလို့ မင့်ကို သတိရနေသေးတယ်…….။ ကဗျာက
“သူတို့ မုန်းလို့
တို့နှလုံးသားတွေ
ခါးမသွားပါဘူး” တဲ့…။
windtalker
September 2, 2011 at 9:44 pm
လင့်ခ်လေး ရှိရင်
ဝေမျှပေးပါဦး
အဘရေ
ကျွန်တော် လည်း အဲဒီကဗျာလေး ကို ခံစားပါရစေ
အခုလောလောဆယ်တော့
ဘာယီ ၃ ခွက်လောက် ပြေးကစ်လိုက်ဦးမယ်ဗျို ့