Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောရမယ် ဆိုရင်လဲကြားလို့မှကောင်းပါ့မလား.. ပေါ့

The Angry ManSeptember 2, 20111min70825

ပြောရမယ် ဆိုရင်လဲကြားလို့မှကောင်းပေါ့မလားဗျာ။ရပ်ကွက်ထဲမှာ ကိုယ်ကဘဲမနေတတ်လို့လား၊အမြင်ဘဲကျဉ်းနေလို့လား ကိုယ့်ဖာသာပြန်ပြန်မေးမိတယ်။ပြောစရာရှိနေတော့လဲပြောရမှာပေါ့။မပြောရင်လဲမနေတတ်လေတော့ ငါတို့မြို့ကဆရာတွေကိုအားကျသဗျ။ရင်ဖွင့်စရာမန်းကဇက်ရှိလေတော့မြို့ထဲရွာထဲမရောက်မပေါက်သူနည်းသကိုး။အဲဘယ်ရမလဲခေသူမဟုတ်လေတော့ ရက်နှစ်ဆယ်အတွင်းမတတ်,တတ်အောင်လုပ်ရအောင်ဝင်လာရပေတော့တာပေါ့။ဟဲဟဲပြောစရာလေးရှိပါတယ်ဆိုမှ. ပြောမယ်ပြောမယ်။

ဒီလိုဗျို့. ဒီလို. ငါတို့ သံတွဲကတော့မိတ်ဆက်စရာမလို အားလုံးသိပြီးကြရောပေါ့။ခုလဲဒီပုပ်ထဲက ဘဲ။ပုပ်နေတာတော့ကြာပီ။ပုပ်နေတာကိုအကောင်းမှတ်လို့များလားတော့မသိဘူး။ဘယ်သူကမှအရေးတယူမလုပ်။ဒီတိုင်းလေး ငွေယူပြီးမှိန်းနေရော့သလား။ အရင်ကလဲပျက်၊ခုသမ္မတအစိုးရလက်ထက်လဲဆက်ပျက်နေကြဦးမှာလား။ေ မးစရာရှိလေတော့မေးရပေအုံးမှပေါ့။

ငါတို့ရပ်ကွက်မှာ ဘုရင့်နောင်လမ်းမကြီးပေါ်၊မာဃလမ်းနဲ့လမ်းဆုံမနီးမဝေး၊မှာပြည့်တန်ဆာအိမ်တလုံးရှိနေတာကြာပီဗျ။အရပ်ခေါ်–ာခေါင်းအိမ်ပေါ့ဗျာ။သီးခံကြပါဗျို့ ရိုင်းပျသွားရင်။ငါလဲဒီရပ်ကွက်မှာနေလာတာ နှစ်သုံးဆယ်ကျော်ပီ။ဒါမျိုးအိမ်ကွာမြို့လယ်ခေါင်ကွာ ရှိစရာလား။ပြည့်တန်ဆာ ဆိုတာမရှိသင့်ဘူးမပြောလိုပါဘူး။ခုက,ကွာမြို့လယ်မှာဗျ။
အားလုံးသိကြတဲ့အတိုင်း. ယောကျာ်းသားများအရက်လေးတမြမြဝင်လာရင် ဒီအိမ်ရှေ့တဝဲဝဲဗျာ။မြင်မကောင်းကြားမကောင်း ရှုပ်ယှပ်ခတ်နေတာ။ရပ်ကွက်ထဲကသားပျိုသမီးပျိုတွေ နေဝင်လာရင်မသွားရဲမလာရဲတော့ဘူး။ရပ်ကွက်အုပ်ချုပ်ရေးမှူးကလဲ ဘာမှကိုဝင်ရောက်ပြောဆိုခြင်းမရှိဘူး။သူ့ရပ်ကွက်အပိုင်မှာဗျာ နည်းနည်းတော့ လူနေမှုဝန်းကျင်လေးအတွက်စဉ်းစားပေးသင့်ပါတယ်။
အရင် အစိုးရလက်ထက်မှာတော့ လောင်းကစားဒိုင်တွေရော၊ပြည့်တန်ဆာတွေပါ လိုင်းကြေးပေးအလုပ်လုပ်ကြရတာ။ခုတော့ လောင်းကစားတွေငြိမ်ချက်သားကောင်းနေပေမယ့်။ ဒီပြည့်တန်ဆာအိမ်က ဗျာခုထိအေးဆေးဘဲ။
သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုး၊ နယ်ထိန်းများ၊ တာဝန်ရှိပြည်သူ့ရဲဝန်ထမ်းဆိုသူများမည်သည့် အတွက်ကြောင့်ငြိမ်ကြည့်နေကြပါသလဲ။ကောင်းနိုးရာေ နရာတခုသို ့ပြောင်းရွှေ့ပေးဖို့မရှိဘူးလားမေးချင်တယ်ဗျာ။ သက်ဆိုင်ရာလူကြီးမင်းများကိုလည်း မျက်စိကန်းနားပင်းနေကြလေသလားမေးချင်တယ်ဗျ။
အဂတိလိုက်စားမှုပပျောက်ရေး၊လာဘ်ပေးလာဘ်ယူတို့ရန်သူအော်နေမယ့်တက်စား အများပြည်သူလုံခြုံရေး၊ပြည်သူ အများက ယုံကြည်ရသောပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်လိုပါကဆီလျော်သလိုစီမံပေးစေချင်တယ်ဗျာ။
အရင်ကလဲ လိုင်းကြေးယူ၊ခုလဲလိုင်းကြေးယူ ဖမ်းမယ်ဆီးမယ်ဟေ့ဆိုရင် ရှောင်ခိုင်းထား။အဲလိုလုပ်ဖို ့မသင့်တော့ပါဘူး။တလောကငြိမ်သွားပီထင်တာဗျာ ပြန်ဆက်လှုပ်ရှားလာတော့ ငါတို့ရပ်ကွက်သားတွေကြည့်မရတော့ဘူး။မြန်မြန်နေရာရွှေ့ပေးပါဗျာ။
ငါပြောလို ့စိတ်ဆိုးမယ်ဆိုလဲဆိုးကြပေတော့။ငါ့မြို့၊ငါ့ရပ်ကွက်တွက်ပြောစရာရှိတာတော့ပြောရမယ်ကွ။
ဒီပြည့်တန်ဆာအိမ်ကိုဝင်ထွက်သွားလာနေတာမှာ အစိုးရဌာနက အရာရှိတွေပါသလို၊ကျောင်းသားလူငယ်တွေလဲပါ,နေတာဘဲ။ဒါပေမယ့် ဘာကျန်းမာရေးစစ်ဆေးမှုလဲမရှိ၊ပညာပေးဆွေးနွေးကြတာလဲ ခုချိန်ထိမတွေ ့ဖူးလေတော့။ ဆိုင်ရာတို့ရေကိုယ့်မိသားစုပမာသဘောထားစဉ်းစားပေးကြပါအုံး။
ယခုလုပ်ကိုင်နေတဲ့အိမ်ကငှားထားကြတာ၊ခေါင်းက မောင်ရဲပိုင်နဲ ့မမီးမီးဆိုသူတွေဘဲ။ဒီနေရာမှာလာလုပ်နေကြတာ နှစ်နှစ်ကျော်နေပီ။ခုထိဘာမှမပြောင်းလဲဘူး။လုပ်မြဲဆက်လုပ်နေကြတယ်။တော်သေးပီ။
ပြောမယ်သာပြောလိုက်ရတယ် ကြားရသူအပေါင်းကိုအားနားပါရဲ့ဗျာ။
သက်ဆိုင်ရာ နယ်မြေပိုင်အုပ်ချုပ်ရေးမှူး၊နယ်ထိန်း၊ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊အထူးရဲတပ်ဖွဲ့အားလုံးမျက်စိပိတ်နားပိတ်မနေကြဖို့ မသိချင်ယောင်ဆောင်မနေကြဖို့တိုက်တွန်းလိုက်တယ်ဗျာ။
ကျေးဇူးဘဲဗျာ။အားလုံးနားနဲ့မနာဖဝါးနဲ့နာကြပါ ။ပြည်ကြီးတိုးတက်ဖို့ပြည့်တန်ဆာလိုအပ်တယ်ဆိုတဲ့ အဆိုကိုတော့လုံးဝမဆန့်ကျင်ကြောင်းပါ။ဟဲဟဲ. သံတွဲသားတွေမတတ်တာကိုသင်ပေးမယ့်လူပါဗျ။ဟားးဟားး

25 comments

  • တာနော

    September 2, 2011 at 10:27 pm

    ငတာနော သဘောပြောရရင် ငမုန်းပြောစကား မှန်၏ ၊ တစ်မြို့လုံး ဒီတစ်နေရာ အဆိုးဆုံး ဖြစ်၏ ၊
    ရပ်ကွက် အုပ်ချုပ်ရေးမှုး လည်း ဆက်ကြေးကောက်ခံနေ သည်ဟု ကြားသိရ၏ ၊
    မြန်ပြည်ကြီး တိုးတက်စေရအောင်ဟု ဆိုရာတွင် ၎င်းတို့အား အဝေးသို့ပို့သင့်၏ ၊
    မြို့အတွင်း ရှိနေခြင်း မှာ မသင့်တော် မလျှော်ကန် ကြောင်းပါ ၊

  • ရဲအောင်

    September 3, 2011 at 8:00 am

    ဘာမှ မပူနဲ့ ငါသင်ပေးမယ်….ဟား ဟား ဟား….
    ခေါင်းစဉ်မပါ ဆိုတော့ လယ်ထွန်သွားနွားမေ့ နဲ့တူတယ်… သူကြီးပြင်ပေး သင်ပေးလိုက်တာ ဆရာကြီး သိမှ
    သိပါ့မလား..။
    အကျိုးပြုပို့စ်လေး မို့ ကောင်းပါတယ် ဆရာကြီး၊ ပထမဆုံးအကြိမ်ရေးတင်တာဆိုပေမဲ့လဲ တန်းဝင်ပါတယ်။
    ဘာမှမပူနဲ့ ငါသင်ပေးမယ် ဟား ဟား ဟား။

  • zawmaung

    September 3, 2011 at 8:53 am

    သက်ဆိုင်ရာ နယ်မြေပိုင်အုပ်ချုပ်ရေးမှူး၊နယ်ထိန်း၊ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊အထူးရဲတပ်ဖွဲ့အားလုံးမျက်စိပိတ်နားပိတ်မနေကြဖို့ မသိချင်ယောင်ဆောင်မနေကြဖို့တိုက်တွန်းလိုက်တယ်ဗျာ။

    I believe if you know , they know very well . They all get tips from there and close eyes .

  • yetazar

    September 3, 2011 at 2:33 pm

    အဲဒီလိုအိမ်ကို ရပ်ကွက်ကရော ငြိမ်ပြီးကြည့်နေတာပဲလား ။ ဘယ်သူ့ကိုမှတိုင်လို့ အားကိုးလို့မရရင် ရပ်ကွက်လူညီရင်ဖြစ်တာပဲ ။ မြှောက်ပေးတာမဟုတ်ဘူးနော် ။ လုပ်လို့ရတာကိုပြောတာ ။ အဲဒီလိုအိမ်တွေကတော့ မြို့တိုင်းမှာ အနည်းနဲ့အများတော့ရှိတာပဲ ။ ဒါပေမယ့် မဖြစ်သင့်တာတော့အမှန်ပဲ ။ မြို့သိက္ခာကျတယ် ။ လူငယ်တွေပျက်စီးကုန်တော့မယ် ။ တိုင်နေလို့လဲ မထူးတော့ဘူးထင်တယ် ။ လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်တာအကောင်းဆုံးပဲ တဲ့ဗျ ။ စကားပုံရှိတယ် ။

  • water-melon

    September 3, 2011 at 3:10 pm

    ကျနော်တို့ မန်းလေးမှာလည်းရှိတယ်။ သူကတော့ မိန်းထဲမှာ။သူတုို့က ခေတ်အဆက်ဆက် လုပ်တာဆုုိုတော့ တိုင်းမှူးနဲ့လည်းသိတယ်။ တိုင်လည်းအေးဆေးဘဲ။ တစ်ခါဘဲ ဖမ်းခံရတာ စစ်သားနဲ့ ပြသာနာတတ်ပြီး တိုင်လို့ ဖမ်းခံရတယ်။ ခုတော့ပြန်လုုပ်တာဘဲ။တော်ရုံလုုပ်လုို့မရဘူး အဆက်ရှိမှရတာ ကျနော်တော့လုပ်ဘူးဘူး A ကြောက်လို့။ဟီး

  • lupol

    September 3, 2011 at 5:44 pm

    အဖေါ်ဆောင်ထား (၁) (၂) ဖတ်မထား ဘူးလား၊ တယ်ခက်သကိုး၊ အေ ကြောက်စရာမှ မလိုတာ၊
    ဖစ်မှဖစ်ရလေ၊ Yetazer ပြောသလိုလဲ မဖြစ်သေးဘူးထင်တယ်၊ တောရွာလေးဆိုရင်တော့ဟုတ်မှာပေါ့၊
    ရွာနာတယ်ဆိုပြီးတော့ စုပီး ပြဿနာရှာလို့ရတယ်လေ၊ ခုက မြို့ထဲပိုင်းဖြစ်နေတာမို့ မင်းပြောသလို လွယ်
    လောက်ဘူး ထင်တယ်။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 3, 2011 at 6:34 pm

    အေးငါပြောမယ်ကွ သံတွဲသားတွေစုံလှချီလား။မသိချင်ဆောင်နေတာထက်မသိတာခက်တယ်ကွနော့။အေးငါ့သတင်းလေး ခေါင်းစဉ်မပါသွားတာ သူကြီးတော့ကျေးဇူးတင်ပါသဗျ။

  • yetazar

    September 3, 2011 at 6:59 pm

    အမရေးဂျာ တိုတိုမုန်းမုန်းကရဲ ကျောရိုက်ရင် ကျောက်ချာဂျီးတေပဲ ။ တားတားတို့ကကြောက်တတ်တယ် ။ ဖြေးဖြေးကျောပါဂျ ။ တကတည်း ဟူးးးးးးးးးးးးး ။ တိတော့တိရယ်တိုတိုရဲ့ ဒါပေမယ့် တိဘူးးးး ဟီဟိ ။ တိလွန်းရင်ရဲ လျှာဖြတ်ခံရမှာကြောက်တယ်ဂျ ။ ညောင်တီးပဲချားနေရို့ အရပု လေးတံရဲနားထောင်ရတယ်ဂျ တိုတိုရ … ။

  • mzm

    September 3, 2011 at 8:32 pm

    သက်ဆိုင်ရာလူကြီးတွေကလဲယောကျင်္ားတွေဆိုတော့ဘာပြောကြမှာလဲဗျာချော်လဲရောထိုင်ပေါ့ဗျာ

  • eyes

    September 4, 2011 at 12:38 pm

    သိနေတာကြာပြီးဟေ့ ၊ လုပ်စားနေတာလဲကြာနေပြီ ကြည့်ကောင်းလို့ကြည့်နေကြတာပေါ့ ၊

  • yetazar

    September 4, 2011 at 2:35 pm

    အဟေဟေ ။ ဟုတ်လား ကြည့်လို့ကောင်းတယ်လား ။ တစ်ခါလောက်တော့ကြည့်ချင်သေး ဟေးဟေး ။ မှီမှမှီပါ့ဦးမလား ။ သွားကြည့်မှ ။ ကိုလူမုန်းစစ်မုန်းက ကြောငြာပေးတာနဲ့တူတယ်နော် ။ မနေ့ညက အဲဒီနားမှာလူပိုစည်သွားတယ်တဲ့ … သတင်းကြားမိတာကိုပြောတာ ။ မမီးမီးကတော့ ကိုလူမုန်းစစ်မုန်းကို ကျေးဇူးတင်နေတော့မယ်ထင်တယ် ။ ကြော်ငြာခ ဒေါ်လာပေးမယ်တဲ့ ဟီဟိ ။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 4, 2011 at 5:29 pm

    အေးကွာ။နင်လဲ ပါနေပုံကြတယ်ကွာ။စိတ်တော့မကောင်းဘူး။ငါ့ရပ်ကွက်၊မြို့တွင်းကနေဘဲရွေ့ပေးဖို့တောင်းဆိုတာပါကွာ။မဖျက်ခိုင်းပါဘူး။ငါလဲနင်တို့တွက်ထည့်စဉ်းစားပေးနေပါတယ်ကွ။ဟားဟား

  • mgmglusoe

    September 4, 2011 at 5:46 pm

    အားလုံးအတွက် စဉ်းစားပေးထားတယ်ဆိုတော့ ဆရာကြီးမုန်းပေါ့နော်…..
    တယ် သဘောကောင်းတဲ့ ဆရာကြီးတစ်ပါးပါပဲ…….
    ခုထိတော့ လေးစားနေဆဲပါ ဆရာကြီးခင်ဗျား…. 🙄

  • Thantwethar

    September 4, 2011 at 7:55 pm

    ဖမ်းတယ်ဆိုတာကိုတော့ မထောက်ခံချင်ဘူး။ နေရာရွှေ့တာကိုတော့သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဟာတွေသံတွဲမြို့မှာမရှိဘူးဆိုရင် (ဝိတ်လျှော့တာကိုပြောတာနော်) မုဒိမ်းမှုတွေများကုန်မှာပေါ့။ ကျွန်တော်သိသလောက်တော့ သံတွဲခရိုင်မှာ မုဒိမ်းမှု အများဆုံးမြို့နယ်ဟာ သံတွဲမြို့ဆိုဘဲ။ဒါကြောင့်မို့လို့ သံတွဲကတင်းတဲ့လူတွေ ဝိတ်လျှော့ဖို့နေရာတော့ ထားသင့်တယ်လို့ထင်တာဘဲ ဆရာကြီးမုန်းရေ…….. (ဟုတ်ဖူးလား) 😛 😛

  • ရဲအောင်

    September 4, 2011 at 8:57 pm

    လုပ်ပြန်ပီ လာပြန်ပီ ဆရာလိုလို ငတတ်လိုလို ဘာလိုလို နဲ့ ၊ ဘာမှမသိပဲနဲ့ မုဒိန်းမှုများသလေးဘာလေးနဲ့
    အာရွှီးလာလုပ်နေတယ်၊ တစ်ခါမှ မကြားဖူးဘူး၊ မသိရင် ငြိမ်နေပါငတိရယ်၊ သံတွဲမြို့ကိုလူတွေ မကောင်း
    မြင်ရအောင်ရည်ရွယ်နေသလား ၊ မင်းက ငရှုပ်ပဲကွ။

  • Thantwethar

    September 4, 2011 at 10:25 pm

    ဦးရဲအောင်ရေ…….. ငါကကိုယ့်မြို့ကို မကောင်းမြင်အောင်ရည်ရွယ်တာလား၊တကယ်ပဲ ဝင်ရောက်အကြံပေးဆွေးနွေးတာလားဆိုတာကို စာဖတ်သူတိုင်းသိမှာပါ။ မုဒိမ်းမှုဆိုတာ ဒီတစ်မြို့ထဲမှာ ဖြစ်နေတာမဟုတ်ဘူးကွ။ တနိုင်ငံလုံးမှာဖြစ်နေကြတာ။ ကိုယ့်မြို့မှာ မုဒိမ်းမှုတွေရှိမရှိ ကို သိချင်ရင် သံတွဲမြို့နယ်တရားရုံးမှာသာသွားမေးကြည့်လိုက်တော့ ကိုယ့်လူရေ…….. ဒီနှစ်ထဲမှာ ဇီးဖြူကုန်းက(၈)နှစ်သမီးလေးကို မုဒိမ်းကျင့်လို့ ထောင်အနှစ်(20) ကျသွားတဲ့ မုဒိမ်းမှုကို မင်းမကြားလိုက်ဘူးလား။ ပြီးတော့ (1)လပဲခြားတယ်။အဲဒီရွာမှာပဲ မုဒိမ်းမှုထပ်ဖြစ်တာကို ရော မသိဘူးလား။ မင်းကိုယ့်မြို့ကအကြောင်းကို ဘာမှမသိဘဲနဲ့ ရွာသားတွေတမျိုးထင်အောင် မရေးပါနဲ့ကွာ။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 5, 2011 at 6:07 pm

    စိတ်ပျက်တယ်ကွာ။ရှုပ်နေတာဘဲ။နင်တို့ပြောနေတာ ငါ့ပို့စ်တော့ပျက်ပီကွာ။

  • မီးမီး သော်

    September 5, 2011 at 10:25 pm

    အေးအေးဆေးဆေးဆွေးနွေးမလားလို ့ပါ။ခုထိမေးလ်လိပ်စာတောင်းထားတာပြန်မပြောပါဘူး။အမြင်မတော်လို ့တိုက်ရိုက်ပြောတာကိုမဝေဖန်ပါနဲ ့ဆိုတော့လဲ ခက်သားနော့။အင်း ဆြာမုန်းပြောတဲ့ လူ ့ဂွစာဆိုတာ သူတို ့ဘဲနေမှာပါ။ရွာထဲရပ်ထဲမှာ စည်းကမ်းတကျနဲ ့ပြောကြဆိုကြတာအားလုံးမြင်ချင်ကြမှာပါ။သူကြီးနှင့်တကွအားလုံးကိုတောင်းပန်ပါတယ်။နာမည်တပ်ပြီးပြောရပါတယ်ဆိုတာကလဲ သူကြီးရေ မပြောမပြီး၊မတီးမမြည်တဲ့ သံတွဲသားဂွစာတွေကြောင့်ပါနော်။ဂရုဏာရှေ ့ထားနားလည်ပေးပါရှင်။

    • pannu

      September 5, 2011 at 10:53 pm

      သူကြီးပြောသလို စနစ်တစ်ကျ နဲ့ကို စိတ်ဓါတ်ရေးရာပိုင်းတွေ ခြစားပျက်စီးနေကြတာပါ။ ကြောင်သူတော်ကြွက်သူခိုးတွေ..။

  • True Faith

    September 6, 2011 at 2:49 am

    အင်း မြို့လည်ကောင် ဒီလိုအိမ်ရှိနေတာတော့ မသင့်တော်တာ အမှန်ပဲဗျာ။ တာဝန်ရှိသူ လူကြီးမင်းများလည်း ပုံမှန်ဖောက်သည်တွေ ဖြစ်နေသလားမှ မသိတာ။ ဟီး ဟီး။ အဲတော့ ဒီလိုလုပ်ဗျာ။ ရပ်ကွက်ထဲက ကာလသားတွေစု စီမံကိန်းဆွဲပြီး မှောင်တဲ့အချိန် လူချေတိတ်ချိန်မှာ -ျီးထုပ်နဲ့သာ နေ့စဉ်ပစ်ပေတော့ဗျို့။ ဒါဆို တခုခုတော့ ထူးခြားမယ် ထင်မိတာပဲဗျ။ ရပ်ကွက်ကလည်း မလိုချင်၊ လူကြီးမင်းများလည်း ငွေယူ မျက်စိမှိတ်လေတော့ ဒီနည်းနဲ့ အရင်ဆုံး သူတို့နားရွက် တံတွေးစွတ်ကြည့်တဲ့သဘောပေါ့ဗျာ။ အကြံပေးတာနော်။ လုပ်မလုပ်တော့ ကိုကို သံတွဲသားတို့သဘော။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 7, 2011 at 11:14 am

    အေးကွာ နင်တို ့ပူစရာကိုမလိုတော့ဘူး။အားလုံးစိတ်ချမ်းသာရပီ။အရင်ကတော့ရပ်ကွက်ထဲမှာအမုန်းခံပြောမယ့်လူမရှိတော့ ဝင်ပြောရတာပါကွာ။ခုဆိုရင် ဂျိတ္တာရွာဘက်ရွှေ့ပေးလိုက်တယ်။အားလုံးကိုကျေးဇူးတင်တယ်ဗျို့။

    တော်သေးတယ်ဗျို့ ကျုပ်ပို့စ်လေးပိတ်မခံရတာ။ဂွစာတွေ အိပ်ပျော်နေလို့ထင်တယ်။သူကြီးရေ ကျုပ်ကတော့အားလုံးကိုကျေးဇူးတင်သဗျို့။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 7, 2011 at 5:56 pm

    အားလုံးကိုကျေးဇူးတင်သဗျို့။ဟားဟား ဒါပေမယ့် ပြောရအုံးမယ်. အဲဒီနေ ့ညက ပြည့်တန်ဆာအိမ်ကို နယ်ထိန်းနဲ ့အဖွဲ့က ဒီနေညတွင်းချင်းရွှေ့ပေးပါ။မနက်ဆိုရင်ဖမ်းရပါလိမ့်မယ်တဲ့ဗျ။မဆိုးဘူး အားလုံးပြောင်းရွှေ့ပေးတယ်။အားလုံးကိုကျေးဇူးပါဘဲ။နှုတ်ဧ။်စောင်မ ခြင်း၊လက်ဧ်။်စောင်မခြင်းနဲ့ပြည့်စုံပါစေဗျား။

Leave a Reply