များများပြောမယ် ( update )
အမှာစာ ။ ။ အရင် က သောကြာ မဂ္ဂဇင်း မှာ ၊ စာရေးဆရာ ရဲ ့မောင်ချစ် ရဲ ့ “ နည်းနည်းပြောမယ် ” ဆိုတဲ့ စာစု များ ကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်ခဲ့ဖူးပါတယ် ။ ယခု ကျွန်တော် က လည်း စာရေးနေပြီ ဆိုတော့ ၊ ကျွန်တော့် ပို ့စ် နာမည် ကို မောင်ပေရဲ ့များများ ပြောမယ် လို ့ပေးလိုက်ပါတယ် ။ မောင်ပေ ရဲ ့ ့များများပြောမယ်ပေါ့နော် ။
အခု ကျွန်တော် ရေးတဲ့ ပို ့စ် ပါ အကြောင်းအရာ များဟာ သိရှိပြီး သား ဖြစ်နေမယ် ဆိုရင် တော့ ၊ လွန်စွာ အားနာမိပါကြောင်း ၊ သည်နေရာ က နေ တင်ကြို တောင်းပန်လိုက်ပါတယ် ။
ဒီနေ ့ကျွန်တော် ကျောက်စိမ်း သင်တန်းသွားတော့ ၊ ဆရာ ပြောတဲ့ ဟာသ လေး ၂ ပုဒ် ကို ပြန်ဖောက်သည် ချပြမယ်နော် ။
ကျောက်စိမ်းအကြောင်း ကို လည်း အားလုံး စုံမှ ၊ တစ်ပို ့စ် ထဲ စုပြီး အကုန်ပေါင်းရေးတင်တော့မယ် ဗျာ ။
ကျွန်တော် တို ့သင်တန်း က သင်တန်းသား ၄၁ ယောက် ရှိပါတယ် ။ ဆရာက ၊ သင်တန်း မှာ ကျောက်ပညာ တင် မက ပဲ ၊ လူပေါင်းနည်း ၊ ပေါင်းသင်းဆက်ဆံရေး ပညာတွေ ကို ပါ ကြားညှပ်သင်ပေးလေ့ ရှိပါတယ် ။
ဒီနေ ့ဆရာက မေးတယ် ၊
“ မင်းတို ့ထဲ မှာ ကိုယ်ပိုင် visiting card လုပ်ထားတဲ့ သူ ၊ ဘယ်နှစ်ယောက် ရှိသလဲ ၊ လက်ညှိုးထောင် တဲ့ ”
သင်တန်းသား ၄ ယောက် လား လက်ညှိုးထောင်ပါတယ် ။
သဘောက တော့ ကျန်တဲ့ သူတွေ မှာ မရှိဘူးပေါ့ ။ ဆရာက ၊ ဒီကဒ် လုပ်ထားသင့်တယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ် ။ လူလူချင်း တွေ ့တဲ့ အခါ ၊ တစ်ဘက်သား က …
“ ဒါ..ကျွန်တော့် ကဒ် ” လို ့ပေးလာတဲ့ အချိန် ၊ ကိုယ် ကလည်း ၊ “ ရော့ဗျာ..ကျွန်တော့်ကဒ် ” လို ့ပြန်မပေးနိုင် ခဲ့ရင်“ impression down ” တယ် တဲ့ ။ (အင်းဂလိ စာလုံးပေါင်း မှားရင် ခွင့်လွှတ်ပါ ) ။
အဲဒီမှာ ဆရာ က ဗစ်စစ်တင်း ကဒ်လို ့သုံးနေရာကနေ ၊ လိပ်စာကဒ် လို ့ပြောင်းသုံးလိုက်တဲ့အခါ ၊ သင်တန်းသား အကိုကြီး တစ်ယောက် က ထပြီး
“ ဪ..ဆရာက လိပ်စာကဒ် လုပ်ထားလားလို ့ မေးတာကိုး ၊ ကျွန်တော် က အင်းဂလိ လို နားမလည်လို ့ ပါ ၊ လိပ်စာကဒ် ဆိုရင်တော့ ကျွန်တော့် ထဲ မှာ ရှိပါတယ် ” ဆိုပြီး ထပြောပါလေ ရော ။
ဆရာလည်း အတွေးရသွားတယ် ထင်ပါရဲ ့၊ ချောင်းဟန် ့ပြီး ပုံပြင် တစ်ပုဒ် ပြောပြမယ်နော်..ဆိုပြီး ပြောပြတယ် ။
ရှေးတုန်းက တောအုပ်ကြီး တစ်ခု မှာ ကေသရာဇာ ခြင်္သေ့မင်း တစ်ကောင် ရှိတယ်တဲ့ ။
တစ်ရက်ကြ…ခြင်္သေ့ ကြီး က တောထဲက ရှိသမျှ တောကောင်အားလုံး ကို ဆင့်ခေါ်လိုက်တယ် ။
အစည်းအဝေး တက်ရမယ်ပေါ့ ဗျာ ။ တောကောင်တွေ အားလုံး စုံပြီဆိုတော့ ၊ ခြင်္သေ့ကြီး က ပြောတယ် ။
“ မင်းတို ့အားလုံး ၊ တစ်ကောင်ချင်းစီ ၊ ဟောဒီက လိပ် ကို ဟာသ ပြောကြရမယ် ၊ ရယ်အောင် ပြောရမယ် ၊ မင်းတို ့ပြောတဲ့ ဟာသ ကို လိပ် က မရယ်ဘူး ဆိုရင်တော့ ၊ သတ်စားခံရမယ် မှတ် ” ( စားချင်လို ့အကြံအဖန် ထုတာပေါ့ဗျာ )
ဒါနဲ ့တောကောင်တွေ ခဗျာ ဟာသတွေ ပြောကြရတာပေါ့ ။
ပထမ ဆုံး မျောက် က စပြောတယ် ။ သတ်စားခံရမှာ စိုးတာနဲ ့ကြိုးစားပမ်းစား ပြောရှာတယ် ။ ဟန်ပန် အမူအယာနဲ ့ပေါ့ ။ လိပ်က လုံးဝ မလှုပ် ၊ မရယ် ၊ဒါနဲ ့မျောက် သတ်စားခံ လိုက်ရတယ် ။
ဒုတိယ က ယုန် ဗျ ၊ သူလဲ ရယ်အောင် မပြောနိုင် လို ့သတ်စားခံ လိုက်ရပါလေရော ။
တတိယ က သမင်လေး ၊ သူ လဲ အစားခံ လိုက်ရပြန်တယ် ။
နောက်တစ်ကောင် ကြ ကြံ ့ကြီး အလှည့် ။
ကြံ ့ကြီး က သူ ့အလှည့် ရောက်လာလို ့ ၊ ဟာသပြောမယ် ဆိုပြီး လိပ်ရှေ ့မှာ လာရပ်ရုံ ရှိသေး ။
လိပ်က တစ်ဟီးဟီး တစ်ဟားဟား နဲ ့အသားကုန် အော်ရယ် ပါလေ ရော ။
ကြံ ့ကြီး လည်း အံ့အားသင့်ပြီး
“ ဟေ့ကောင် ၊ ငါ ဘာမှ မပြောရသေးဘူးလေ ၊ ဘာလို ့ရယ်တာလဲ ” လို ့မေးလိုက်တယ်
လိပ်က
“ စောစော က မျောက်ကွာ ၊ တော်တော် ဟာသပြောတတ်တာပဲ ၊ ဟားဟားဟား ၊ သူ ပြောတာကို..ငါ..အခု မှ သဘောပေါက်လို ့ရယ်နေတာ ၊ ဟားဟားဟားဟား …တော်တော် ရယ်ရတဲ့ ကောင်ပဲ ”
ကျွန်တော် တို ့သင်တန်းသား တွေအားလုံး ပွဲကြ ကုန်ပါလေရော ။
အင်းဂလိ လို နားမလည်ဘူး ဆိုတဲ့ သင်တန်းသား အကိုကြီး လည်း “ လိပ် ” ဆိုပြီး နာမည်သစ် တစ်ခု ရသွားတယ် ။
ဒါနဲ ့ ကျောက်စိမ်း အကြောင်း ဆက်ပြီး သင်ပါတယ် ။
ပြီးတော့ ကျွန်တော် တို ့တစ်တွေ ၊ လက်တွေ ့၊ ပရက်တီကယ် ပေါ့ ဗျာ ၊ ကျောက်စိမ်းတုံး တွေ ၊ ကျောက်စိမ်းဖြတ်သား တွေ ကို ၊ ကျောက်ကြည့် ဓါတ်မီးတွေ နဲ ့ထိုးကြည့် ရပါတယ် ။
အဲဒီမှာ ယခု မှ ကျောက်စိမ်းဆိုတာ စသိတဲ့ ၊ ကျွန်တော် အပါအဝင် သင်တန်းသား အချို ့က ၊ ဓါတ်မီး ထိုးပုံ လွဲနေပါတယ် ။ ယခင် က တစ်ခါ မှ မကြည့်ခဲ့ဖူးတော့ ဗျာ ။
ဆရာ က ကျွန်တော် တို ့မီးထိုးပုံ လွဲနေတာ ကို မြင်တော့ ၊ အိုင်ဒီယာ ရသွားပါတယ် ။
“ ခင်ဗျားတို ့တန်းခွဲ က ယောက်ျားတွေ ချည်းပဲ ဆိုတော့ ၊ ယောက်ျားလေး ပဲ နားထောင်လို ့ကောင်းတဲ့ ဟာသ တစ်ပုဒ်လောက် ပြောချင်ပါတယ် ၊ နားထောင်ချင်ကြလား ” တဲ့။
ဘယ်သူမှ မငြင်းပါဘူး။
ရှေးတုန်း က သူနာပြု သင်တန်းကနေ သင်တန်း ဆင်းပြီးကာစ နာ့စ်မ လေး တစ်ယောက် ရှိတယ် ။ အပျိုလေး ။ သူ အလုပ်စဝင်တော့ သားဖွားမီးယပ် ဌာန မှာ တာဝန်ကြ တယ် ။
နေ ့စဉ် ကလေးလာမွေးတဲ့ ၊ ဗိုက်ကြီးသည် တွေ ကို တွေ ့တော့ ၊ နာ့စ်မ လေး က တွေးမိတယ် ။
“ အင်း…မိန်းမ တွေ နော် ၊ ကလေးမွေးတယ်ဆိုတာ နာကျင်ခံစားရတယ် ၊ ဗိုက်ကြီးတယ် ဆိုတာ က သူတို ့ယောက်ျားတွေ လုပ်လို ့၊ မှောင်တဲ့ မဲထဲ အချိန်မှာ ၊ ဘယ်လို များ လုပ်ကြပါလိမ့် ၊ လျှောလျှောလျှူလျှူ ဖြစ်ပါ့မလား ”
ဆိုပြီး သူ ့ဘာသာ သူ အတွေး တွေ နဲ ့ရှုပ်နေတယ် ။ သူ က အပျိုလေး ဆိုတော့ ၊ ဒီကိစ္စ ကို သူများ ကို လည်း သွားမမေးရဲဘူး ။
တစ်ရက်ကြ မွေးကာနီး လင်မယား ၂ ယောက် ဆေးရုံ ကို ရောက်လာတယ် ။
မိန်းမလုပ်တဲ့ သူ က တော့ နာလွန်းလို ့အော်နေတာပေါ့ ။ ယောက်ျား က တော့ ဘေးကနေ သူ ့မိန်းမ ဗိုက်ကလေး ကို ပွတ်သပ်ပေးရင်း ဗျာများနေတာပေါ့ ။
“ အမလေး…အမေရေ ၊ သမီးတော့ သေတော့မယ် ထင်ပါရဲ ့၊ ဟင်း….ဟင်း..ဒါ ကိုဘမောင်…ရှင့်ကြောင့် ကျွန်မ အခု လို ဖြစ်ရတာ ၊ ရှင့် ကို နဲနဲလေး မှ မကျေနပ်ဘူး ၊ သွား…ရှင့်မျက်နှာ မမြင်ချင်ဘူး ၊ ရှင့်..ဥစ္စာ ကို လည်း အခု သွားဖြတ်ပစ်ချေ ”
မိန်းမ လုပ်သူ က ဇွတ်ကို ပူဆာ ဂျီတိုက်( ချီတိုက် ) ပါလေ ရော ။ ယောက်ျား လုပ်သူ လည်း ကြံရာမရ ဖြစ်ပြီး ၊ နောက်ဆုံး ဈေးထဲကို သွားတယ် ။ ဈေးကနေ ငါးရှည့် တစ်ကောင် ကို ခေါင်းနဲ ့ကိုယ်ပိုင်း လောက် ကို ဓါးနဲ ့ဖြတ်လာပြီး ဖက်ကလေး နဲ ့ထုပ် လာတယ် ။ ဆေးရုံကို ပြန်လာပြီး သူ ့မိန်းမ ကို ပြတယ် ။ ကွတကွတ ပုံစံလေး နဲ ့ပေါ့ ။
“ မိန်းမ ရေ ….ဒီမှာ…မင်းအလိုကျ…ယောက်ျားဥစ္စာ ကို ဖြတ်ခဲ့ပြီ…သိလား… ဒီမှာကြည့်စမ်း ”
ဆိုပြီး ဖက်နဲ ့ထုတ်လာတဲ့ ငါးရှည့် ကို ခပ်လှမ်းလှမ်းကနေ ပြပါလေရော ။
ဒါနဲ ့မိန်းမ လည်း ကျေနပ်သွားပြီး ၊ လင်မယား နှစ်ယောက် ငြိမ်းချမ်းရေး ပြန်ရသွားတယ် ၊ ငါးရှည့်ထုပ် ကို အမှိုက်ပုံး ထဲ ထည့်လိုက်တယ် ။
အဲဒီမှာ..သူတို ့အဖြစ် ကို အစအဆုံး စောင့်ကြည့်နေတဲ့ ၊ နာ့စ်မ လေး ဟာ ၊ လူလဲ ရှင်းရော ၊ အမှိုက်ပုံး ထဲ က နေ ၊ အထုပ် ကို ပြေးကောက်ပြီး ၊ တိတ်တိတ်လေး ၊ သူ ့နားနေဆောင် ကို ပြန်လာတယ် ။
နားနေဆောင် ထဲ ရောက်မှ ၊ အခန်းတံခါး တွေ သေချာပိတ်ပြီး ၊ စိတ်ဝင်တစား နဲ ့အထုပ်ကို ဖြေကြည့်လိုက်တော့
“ ဪ….ငါနဲ ့နှော်….မှောင်တဲ့ မဲထဲ ကြီး ထဲ မှာ ၊ မမြင်မကန်း နဲ ့၊ လျှောလျှောလျှူလျှူ ဖြစ်ပါ့မလား လို ့၊ ငါ့မှာ တွေးပူ နေခဲ့တာ ၊ သူ ့ဟာက မျက်လုံးလေး၂လုံး ပါတာကိုး ၊ ဘယ်လွဲတော့ မလဲ….ဟင်း ”
ဆိုပြီး ပြောလိုက်ပါတော့သတဲ့ ။
ထုံးစံ အတိုင်း ကျွန်တော်တို ့သင်တန်းသားတွေ အားလုံး ရုံပွင့်မတက် ရယ်သံတွေ ကျယ်သွားခဲ့တာပေါ့ ဗျာ ။
“ မင်းတို ့တွေ ကျောက်ကြည့်ဖို ့ ၊ မီးထိုး ရင်လည်း လျှောလျှောလျှူလျှူ နဲ ့ ကျောက်ကို သေချာမြင်ရအောင် ထိုးပါကွာ ” တဲ့ ။
ဒါနဲ ့သင်တန်းဆင်းလို ့ပြန်ခဲ့ပါတယ် ။ ပြန်ဖောက်သည် ချချင် လို ့အွန်လိုင်း ပြေးတက်ပြီး ၊ အခုလို ပြီးတဲ့ အထိ သေချာ တိုက်ပင်း ထိုင်ရိုက်ပြီး ၊ publish လုပ်ခဲ့ပါတယ် ။ ပြန်ကြည့်တော့ ၊ ပို ့စ် က တစ်ဝက်ပဲ ပါလာတယ် ။ စိတ်ညစ်ပြီး မနေ ့က ပြန်မတင်ဖြစ်ပါဘူး ၊ တစ်ဝက်တစ်ပျက်ကြီး မို ့ဘယ်သူမှ လဲ မဖတ်ကြလောက်ဘူး လို ့ထင်လို ့ပါ ။ ဒီနေ ့ပြန်ကြည့်တော့ ၊ သူကြီး နဲ ့တစ်ကွ ၊ မန်းထားသူ ၃ ယောက် ကို တွေ ့ရလို ့၊ အားအင်တွေ ဖြစ်ရပါတယ် ။ ဒါနဲ ့ပြီးအောင် ပြန်ရိုက်တင် ခဲ့ပါတယ် ။
ဟုတ်ပါတယ် ၊ အောက်ကတစ်ယောက် မန်းထားသလို ပါပဲ ။
“ နည်းနည်း ပဲ ပြောပြီး များများ နားထောင်ရမှာပါ ” လက်တွေ ့လောကကြီးထဲ မှာ ရှင်သန် တော့မယ် ဆိုရင် ။
အခုဟာ က တော့ မန်းတလေး ဂေဇက် ရွာထဲ မှာ ၊ ကိုယ်သိထားတာလေး ကို ပြန်ဖောက်သည် ချချင် လို ့
“များများ ပြောမယ် ” လို ့ ခေါင်းစဉ် တပ်လိုက်တာပါခင်ဗျာ ။ ကျောက်စိမ်းပညာ ပို ့စ်လေး ကို ဆက်လက် တင်ပေးပါမယ် ခင်ဗျာ ။
———————————–အားလုံးကို ကျေးဇူးတင်ပါတယ်———————————–
11 comments
kai
September 3, 2011 at 5:17 am
ကိုရင်windtalker
စာတွေ.. ကိုယ်တိုင်ပြင်လို့ရပါတယ်နော..။
တန်းလန်းကြီးမို့.. ဖြည့်ပြင်လိုက်ပါဦး…
parlayar46
September 3, 2011 at 2:31 pm
“ကျောက်စိမ်းအကြောင်း ကို လည်း အားလုံး စုံမှ ၊ တစ်ပို ့စ် ထဲ စုပြီး အကုန်ပေါင်းရေးတင်တော့မယ် ဗျာ ။”
အဲဒါကတော့ ပြန်စဉ်းစားပါဦး ကိုတော်ကာရေ။ ပိုစ့်ကောင်းလေးတခုအဖြစ်လဲ အများကလက်ခံပြီး စောင့်ဖတ်သူတွေလဲ ရှိတယ်လေ။ နေ့စဉ်မရေးနိုင်ရင်တောင် သုံးလေးရက် တခါလောက် စုပြီးရေးရင်လဲမဆိုးပါဘူး။ ကိုတော်ကာက ရေးအားလဲ ကောင်းပါတယ်။
မီးမီး သော်
September 3, 2011 at 3:44 pm
ဟုတ်သားဘဲ ကိုလေပွကြီးရယ်။ဆရာလူထုစိန်ဝင်းကတော့ ပြောဖူးပါတယ် နည်းနည်းပြော များများနားထောင်ပါတဲ့။
zaw min
September 3, 2011 at 3:46 pm
ကိုတော်ကာရေ…ဒုတ နဲ့တော့ရပ်မထားနဲဗျ…..များများပြောမယ်ဆိုပီးတော့….ဟင်းနော်….ဒေါသထွက်သံ
“ဘီလူးကြီး”ogre
September 3, 2011 at 7:06 pm
နာ့စ်မ လေး အဖြေမှန်သိသွားလို့တော်တော့တယ်
နောက်မို့ တစ်လွဲတွေ လိုက်တွေးနေရင်အခက်ပဲ ကိုပေရေ
minthar
September 3, 2011 at 8:34 pm
ရိုးသားတယ်ဆိုတဲ့လူတွေပါးစပ်ဖျားကမုသားစကားတွေများများပြောတာကြားဖူးတယ်
ရိုးသားတယ်ဆိုတဲ့ကျေးလက်မှာမူခင်းတွေခဏခဏဖြစ်သလိုမျိူးပေါ့
alinsett
September 4, 2011 at 3:04 pm
နည်းနည်းပဲ..ပြောပြော များများပဲ..ပြောပြော။ ကိုယ် ကတော့ စာ..ဆို အကုန် ဖတ်မှာပဲ။..ရေးတဲ ့သူကို လည်းကျေးဇူးတင်ပါတယ် ။
ဆက်ရေးပါဦး။
ပေါက်ဖော်
September 4, 2011 at 3:47 pm
အဲသလိုလုပ်ပါဂျ..
အဲညက များများပြောမယ်ဆိုပြီး တစ်ဝက်ထဲနဲ ့ ထားသွားတယ်
ပြီးတော့ သူ ့ဘာသာ ကွဲနေတာကို သဂျီးကို အပြစ်တင်နေသေး (ကြပ်လိုက်ပြီ… :P)
သိုင်းကွက်နင်းပြီးရွာထဲ ဝင်လာရင်တော့ နတ်ဖွက်လိမ့်မယ်..တတိထား..ဘာ 😀
အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း
September 4, 2011 at 5:44 pm
ဟေ တရုတ်ပေါက်ဖော်ရ ဒီမှာလဲ နတ်ဖွက်တာရှိသေးသလား။အံ့ဩပါတယ်ကွာ။
ပေါက်ဖော်
September 4, 2011 at 8:40 pm
အိုပါ့ လူမုန်းစစ်မုန်း.ရေ
၀.နာမီက ပေါက်ဖော် ရှိုပေမဲ့…၀.က စီလုတ် ဟုတ်ဝူးလေ…
ရွာကိုဝီတုန်းက ပေးချာနံမီ…မီချိလို ့….တွေ ့ရာပေးလိုက်တဲ့ နာမီပါ
အီမှန်စီကယ်တော့..ဝါ့က…ကီယားကြီး..
ဟာရေး..ဟာရေး…… 😛
အားလားမားဒစ်ချကို ဒန်းချား..
mgmglusoe
September 4, 2011 at 5:53 pm
ဩကာသလောက၊ သတ္တလောက ၊ သင်္ခါရလောက၊ လောကသုံးပါးထဲမှာ အံ့ဩစရာတွေ အများကြီးရှိတယ်
ဆိုတာ မကြုံဖူးသူတွေ ကြုံကြရတော့မယ်။ များများတော့မပြောတတ်ဘူး။ နဲနဲပဲပြောမယ်။ ဒါလောက်ပါပဲ။