သိန်း(၅၀)တန်မွေးနေ့ပွဲနဲ့စပွန်ဆာကိုကို
သိန်း(၅၀)တန်မွေးနေ့ပွဲကို သက်တော်စောင့်ဌား၍ကျင်းပပေးခဲ့ရတဲ့ တက်စ၏သစ်စမင်းသမီးလေး ဝါဆိုမိုးဦးပါ။ဒီသတင်းလေးကို မလေးရှားနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီသော Friday news journal No.18,Aug.19.2011 Celebrity News မှရရှိပါတယ်။ရွာထဲကသိချင်တဲ့သူတွေအတွက်ပါ။
၂၀၀၈ခုနှစ် အကယ်ဒမီဗန်းကိုင်အဖြစ် ပရိတ်သတ် သတိထားမိတဲ့ဝါဆိုမိုးဦး တစ်ယောက် ဒီနေ့ဒီအချိန်မှာတော့ ကားရိုက်တွေ လက်မလည်နိုင်အောင်ဖြစ်နေပါပီ၊အောင်မြင်စပြုလာတဲ့မင်းသမီးလေးတွေရဲ့ထုံ့းစံတိုင်း ဘေးပတ်ပတ်လည်မှာ စပွန်ဆာကိုကိုတွေက ဝိုင်းဝိုင်းလည်နေပါပြီ။နီးစပ်ရာအသိုင်းအဝိုင်းမှာလည်း ဝါဆိုမိုးဦးတစ်ယောက်ဘယ်ကိုကိုရဲ့လက်ကိုတွဲမှာလဲလို့ စောင့်ကြည့်နေခိုက်မှာပဲ “ဇူလိုင်လ ၃ဝရက်နေ့ညက Sedona ဟိုတယ်ကြီးမှာ သူမရဲ့ ၁ရနှစ်မြောက်မွေးနေ့ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလိုက်ပါတယ်။အဲဒီပွဲမှာ အနှပညာရှင်တော်တော်များများစုံညစွာတက်ရောက်ခဲ့ကြသလို “ဝါဆိုရဲ့ချစ်သူပါ”ဆိုပြီးပွဲထုတ်ခဲ့တဲ့ ဖြူဖြူချောချော ကိုလူချော တစ်ယောက်ကိုလည်း တွေမြင်ခဲ့ရပါတယ်။ဒါပေမဲ့ ပွဲစပြီဆိုကတည်းကအနှပညာ အသိုင်းအဝန်းမှာ လူပွဲစားလို့နာမည်ကြီးနေတဲ့ မာမီယောင်ယောင်ဘာယောင်ယောင် ကိုခွန်ချိုဆိုတဲ့လူကိုတွေ့မြင်ခဲ့တာကြောင့်ဒီပွဲလေးက ခွန်ချိုရဲ့ချိတ်ဆက်ပေးမူနဲ့ အောင်မြင်သွားတဲ့ပွဲလေးတစ်ပွဲဆိုတာကို ရောက်လာကြတဲ့သူတိုင်း သိသွားကြပါတယ်။ထူးထူးခြာခြားမြင်ရတဲ့ မြင်ကွင်းတစ်ခုက မွေးနေ့ပွျျွဲာ မွေးနေ့ရှင် ဝါဆိုမိုးဦးရဲ့ဘေးမှာ စကျူရတီ ဘော်ဒီဂတ်နှစ်ယောက်က တကောက်ကောက်လိုက်နေတာ မြင်ရတွေ့ခဲ့တာကြောင့်ခေါင်းထဲမှာမေးခွန်းတွေ တသီကြးပေါ်လာခဲ့ပါတယ်။လူစိတ်ဝင်စားခံရအောင်ပဲလား၊လုပ်ကြံမူတွေပေါ်လာမှာစိုးလို့လား၊ဒါမှမဟုတ်….စသည်ဖြင့်ပေါ့။နောက်ဆုံးမွေးနေ့ပွဲအပြီး ကြားလိုက်ရတဲ့ သတင်းစကားကတော့ ဒီမွေးနေ့ပွဲအတွက် စပွန်ဆာကိုကိုက သိန်း(၅၀)အကုန်ကျခံပြီးလု်ပေးခဲ့တာလို့သိခဲ့ရပါတယ်။တက်သစ်စ မင်းသမီးလေးရဲ့ အသက် ၁ရ နှစ်ပြည့်မွေးနေ့ပွဲက စပွန်ဆာများနဲ့ ခမ်းခမ်းနားနားကျင်းပလိုက်ပြန်ပါတယ်။
ဗာမာပြည်မှာက သူများတိုင်းပြည်တွေလို မိမိလုပ်ချင်တာကို အသက် ၁၈နှစ်မပြည့်ခင်မှာလုပ်လို့ရနေပြီဆိုတော့ မြန်မာပြည်ကြီးတိုးတက်နေပြီပေါ့…..ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့မိန့်ခွန်းထဲကအတိုင်းပါပဲလား..အဘအောင်ဆန်းရေ အိပ်နေရာကထကြည့်ပါဦးလား အဘရယ်….အဘဟော်ခဲ့ ပြောခဲ့အတိုင်း ဗာမာပြည်ကြီးတသွေမတိမ်းလိုက်နာပါတယ်လို့…..လည်ချောင်းကွဲအောင် ကိုရီယားဇတ်ကားတွေထဲကလို ပင်လယ်ဘက်မျက်မူပြီး အားရပါးရသာအော်လိုက်ချင်ပါတော့တယ်…..
23 comments
မီးမီး သော်
September 3, 2011 at 4:10 pm
ဟုတ်တယ်နော်။ဘာတွေဖြစ်ကုန်ကြပီလဲလို ့မေးကြည့်ချင်လိုက်တာ။ခေတ်ကိုက စပွန်ဆာမရှိရင်အောက်ကျသလိုများဖြစ်နေသလား။
lupol
September 3, 2011 at 6:49 pm
မြို့ကြီးပြကြီး ကနေ ကျေးလက်တောရွာ လေးတွေ အထိ စပွန်ဆာ ဆိုတာကြီးက ပျံ့ပွားနေပါပြီ၊
ဝတ်ချင်စားချင်၊ ခေတ်ပေါ် ဒီဇိုင်း ဆန်းဆန်းလေးတွေ ကိုယ်ပေါ်တင်ချင် ကြရှာတဲ့ လုံမပျိုလေး
တွေ ပေါ့ဗျာ။ ဆင်းရဲတဲ့လူတန်းစား တိုင်းကို တော့မဆိုလိုပါဘူးနော်။ အနဲနဲ့အများရှိကြမှာပါ၊
water-melon
September 3, 2011 at 4:11 pm
စပွန်ဆာ စပွန်ဆာ ခေတ်စားနေပါလား။ မဝါဆို မွေးနေ့မှာ အဖေနဲ့အမေကို ကန်တော့ပြီးပြီလား။ အလှူအတန်းရော မပါဘူးလား။ မြန်မာပြည်က မော်ဒယ်တွေ ဥရောပက မင်းသမီးတွေ ဝတ်စားဆင်ယဉ်မှုကုိုလုံးဝလိုက်နိုင်ပါတယ်။ မလိုက်နိုင်တာ တစ်ခုက အလှူအတန်းဘဲ။ ဘာကွာတာလဲ။
yetazar
September 3, 2011 at 7:12 pm
ဪလောက ….. လောက ။ အသက် (၁၇)ဆိုတာ အထက်တန်းကျောင်းသူအရွယ်လေး ။ပညာရေးထက် အိမ်ထောင်ရေးကို ပိုပြီးရွေးချယ်တတ်နေကြပြီလား ။ နောက်ဆို ကိုယ်ဝန်ဆောင်မိခင်ချောချောလေးက အထရာဆောင်းရိုက်လို့ သမီးမိန်းကလေးဆိုရင် မီးဖွါးမယ့် ဆေးရုံစရိတ် စပွန်ဆာပေးကြဦးမလားမသိဘူး ။ လူကြီးတွေပြောပြောနေတဲ့ ဒန့်ကျွဲပင် ပုခက်ဆင် တဲ့ခေတ်ရောက်တော့မယ်ထင်တယ် ။
windtalker
September 3, 2011 at 7:59 pm
ကလေးမ လေးက ၁ရ နှစ်လို ့သာပြောတယ်
ပုံစံက ဘွဲ ့ရပြီး ပုံစံ နဲ ့နော်
zaw min
September 3, 2011 at 8:04 pm
ဘွဲ့ရပြီးလို့ မာစတာတန်းတောင်တက်နေပီလေ…မသိဘူးလားကိုတော်ကာရဲ့….
saiias.027
September 4, 2011 at 2:34 pm
ပါမောက်ခလေး………. သူ့ဆီပညာသင်ရမယ်…
cobra
September 4, 2011 at 4:09 pm
စပွန်ဆာခေတ်ကြီးပဲ…။
shwemanthar
September 4, 2011 at 4:53 pm
ယောက်ျားလေးများအတွက်စပွန်ဆာရှာနေပါသည်။
စိတ်ဝင်စားသော မမ များဆက်သွယ်ကြပါ။
mgmglusoe
September 4, 2011 at 6:42 pm
ဟုတ်ပါသည်။ စိတ်ဝင်စားပါက ဆက်သွယ်ရန်လိပ်စာပေးပါမည်။ သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ။
tarnawyakkha
September 4, 2011 at 8:41 pm
ဒါက အခုခေတ် ကလေးတွေ ညဏ်ရည်မြင့်လာတယ်လို့ ပြောချင်တယ်။ ဒါမျိုးကို ဒီအချိန်ကတည်းက
လုပ်လို့ရတယ်ဆိုတာ သိနေလို့။
မိုက်ကယ်ဂျော်နီအောင်ပု
September 4, 2011 at 8:57 pm
ကျုပ်မရှင်းတာလေးကိုမေးခွင့်ပြုပါဗျာ
အဲ့သလို စပွန်ဆာ သိန်းငါးဆယ်ပေးလိုက်ပြီးရင် ဘာဖြစ်လဲ ?
ကောင်မလေးကို ဘာညာကွိကွ လုပ်ဒယ်
ကောင်မလေးက ကွိကွခံဒယ် အဲ့လိုလား
ဒါ သူများနှမသားခြင်းနော် ခင်ဗျားတို့အာဘော်ကို မှီပြီး ကျုပ်ကမေးခွန်းထုပ်တာ
ပြောလို့သာပြောတယ်
ကျုပ်ဘဲ ဝါးတားတားဖြစ်တာလား ဘာလားတော့သိဘူး
ကောင်မလေးမျက်နှာ 😀 ဟာ
ကျုပ်မျက်နှာလောက်တော့ အသာလေးရှိပုံပေါ်တယ်
ဆိုတော့ကာ
ဒီငတိမလေးကို စပွန်ဆာပေးတယ်ဆိုတဲ့သူဟာ
တက်သစ်စ အနုပညာရှင်တစ်ယောက်ကို နောင်အလားအလာတွေတွက်
ရင်းနှီးမြုပ်နှံတယ်လို့ရော ခင်ဗျားတို့ ကြံကြံဖန်ဖန် တွေးကြည့်မိဘူးသလား
ငြင်းခုန်တာမဟုတ်ဘူးနော် တစ်ခြားဘက်ကနေတွေးတာပါ
windtalker
September 4, 2011 at 9:05 pm
တန်ဘာဒယ်
ရောင်းသူ ဝယ်သူ အသံတူ ကြတဲ့ ခေတ်ပဲ
နော
ပြောစရာ ဆိုလို ့
ဘာမှ ထွေထူး မရှိပါဘူး
အသက်နဲ ့ရုပ်နဲ ့မလိုက်တာလေး ကို
ဝေဖန်မိတာလေး တစ်ခုပါပဲ
သူ က ဆယ်လီဘလီတီ ဆိုတော့
ပရိသတ်တစ်ဦးအနေ နဲ ့
ဝေဖန်ရတာပေါ့ဗျာ
ကျုပ် တို ့ကြည့်နေတဲ့ တီဘီ ဖန်သားပြင်မှာ ၊ ဇါတ်လမ်းတွေ မှာ
သူ က ကွပြ ကုန်းပြ သရုပ်ဆောင် ပြတာကိုး
သူ သာ သာမန် အရပ်သူ တစ်ဦး ဆိုရင်တော့
ကိုယ်တိုင် အားပေးချင် အားပေးမှာပေါ့…နော
ဟိုအရင် က ရတနာဆိုင်တစ်ဆိုင် တီဘီ မှာ ကြေငြာသလို
` ပိုက်ဆံ များ ရှိလို ့ကတော့လေ….ဟင်းဟင်း ´
ဒါပါပဲ ပု ရေ
တစ်ဘက်ကနေ တွေးမိသလောက် လေးပါ
etone
September 5, 2011 at 1:50 pm
မျက်နှာကြီးက ဒီလောက်ရင့်နေပြီကို အခုမှ ၁ရ နှစ်တဲ့လား … ။
သူ့ရုပ်နဲ့ … မွေးနေ့အတွက်တောင် … သိန်းငါးဆယ်ကျတယ်ဆိုတာ … အင်း … လူသာငယ်တာ ပညာကတော့ မငယ်ပါလားနော် 🙄
windtalker
September 5, 2011 at 2:32 pm
အင်း
စကားမစပ် ဈေးထဲမှာ
ငှက်ပျောသီး အဖီးလိုက်သွားဝယ်တာလေး ကို သတိရတယ်ဗျာ
အစိမ်းတွေ ပဲ ရောင်းတာပါ
အမှည့် အဖီး မြင်ရင် ဆေးတို ့ထားတာ ဖြစ်နိုင်ပါတယ် ။
ဝယ်တဲ့အခါ ၊ ကိုယ်ရွေးလိုက်တဲ့ ငှက်ပျောဖီး အစိမ်းကို
သူ က မေးပါတယ်
ဘယ်နေ ့လောက် စားမှာလဲ ပေါ့
လွယ်လိုက်တာ ဗျာ
ဆေးရည်ထည့်ထားတဲ့ ဇလုံ ထဲ
တစ်ချက် ကောက်စိမ်ပေးလိုက်တယ်
ပြီးတော့ ဘယ်နေ ့ဘယ်ရက် မှည့်မယ်ပါ
ဟောကိန်းထုတ်ပေးလိုက်သေးတယ်
အခုခေတ်များ
ဆေးတွေ က ခေတ်မှီကုန်ပြီ
ဆေးဒဏ်
ဆေးဒဏ်
နွယ်ပင်
September 5, 2011 at 2:50 pm
စပွန်ဆာ စပွန်ဆာ ဒီခေတ်မှာ ဒီဟာကလည်း တော်တော်အရေးပါတယ်ဆိုပဲ ..
မင်းသမီးငယ်လေး 0ါဆိုမိုးဦးလဲ စပွန်ဆာကောင်းကောင်းရသွား ရှာပြီပေါ့နော် ..
ဒီတော့ ဒီလောကမှာသူလဲ မျက်နှာမငယ်ပဲ လူတန်းစေ့သွားပြီလို့ ပြောလို့ရသွားပြီပေါ့ …
pan pan
September 5, 2011 at 4:31 pm
၁ရနှစ်တဲ့လား
ထင်ဘူးနော်
ကိုယ်ထက်တောင် ကြီးမယ်မှတ်တယ်
အော်……..ငါတော်တော်နုပါလားဟရို့
စပွန်ဆာတဲ့
စပါဆွန်
လာအစ်ကိုရဲ့
ဝါဆို
😀 😀
manawphyulay
September 5, 2011 at 4:43 pm
အဲ ဒီကောင်မလေးက ဒါတောင် ခုမှ ၁ဝ တန်းပဲရှိသေးတယ်နော်….. ဘွဲ့ရရင်တော့………
Aung Myat Way
September 5, 2011 at 4:53 pm
လူသားတစ်ယောက်ဟာမိခင်ဝမ်းကမွှေးဖွားသန်စင်ပြီးတဲ့နောက်မှာ
လူသားအချင်းချင်းလူသားတစ်ယောက်ဖြစ်ထွန်းလာတယ်ဆိုတာပြော
ပြတာလိုကျနော်ကတော့ဒီလိုပဲမြင်ပါတယ်ဒါ့ကြောင့်မွေးနေ့ပွဲတွေ
လုပ်တာပါ
nayminn
September 5, 2011 at 5:39 pm
သိန်း – ၅ဝ ….. မိဘမဲ့ဂေဟာ လှူလိုက်ရင် ဘယ်လောက် အကျိုးရှိမလဲနော်။
taungpawthar
September 15, 2011 at 12:48 pm
ဆေးကျောင်းသူတွေတောင်စပွန်ဆာထားနေကြတာလေ အနုပညာရှင်ဆိုတာကတော့ ပြောမနေတော့နဲ ့ သူတို ့ဘက်ကကြည့်တော့လဲ စပွန်ဆာမရှိရင် ရပ်တည်ရခက်တယ်ထင်ပါရဲ ့ဗျာ
အဓိက ကတော့စပွန်ဆာပဲရှာရှာ ဘာပဲလုပ်လုပ် သူတပါးကိုမထိခိုက်ပဲ မိသားစုအကျိုး အများအကျိုး ကိုပြန်ပြီး ကြည့်ရှုဆောင်ရွက်ပေးနေရင်တော့ နားလည်ပေးရမှာ လို ့ပဲယူဆပါတယ်
Toungoo Thar
November 1, 2011 at 9:15 pm
စပွန်ဆာလား …
စ ပွန်းတာလား
စိတ်ဓါတ်တွေ ပွန်းပဲ့ကုန်ပြီလား…
yadanar nwe
August 16, 2012 at 3:26 pm
သိန်း50 တန် မွေးနေ့ပွဲကြီးလုပ်ပြီးတော့ ဘာများရလိုက်လည်းရှင်
မြန်မာနိုင်ငံမှာလိုအပ်နေတာတွေ အများကြီးပါ။ 1 သိန်းဖိုးလောက် မွေးနေ့ပွဲလုပ်ပြီး 49 သိန်းကို လိုအပ်တဲ့နေရာမှာ လှူပေးမယ်ဆိုရင်တော့ ပြည့်သူ့ အချစ်တော် ဖြစ်လာမယ်ထင်ပါတယ်