မေမေကြီးကြီး – မောင်သာရ

kaiJanuary 3, 20101min4640

ကျုပ်  မှာ ကျုပ်တို့တူတူမတွေ အား လုံးက’မေမေကြီးကြီးလို့ခေါ် ရတဲ့ကြီးဒေါ်ကြီးတယောက်ရှိတယ်။

ကျုပ်ရဲ့အမေ့မှာမွေးချင်းညီအမငါးယောက်ကြီးများတောင်ရှိခဲ့ပေမယ့် ကျုပ်အမေအ ပါအဝင်အိမ်ထောင်ရှိတဲ့ ညီအမသုံးယောက် လုံးကကျတော့ရှားရှားပါးပါးသားသမီးတယောက်စီပဲမွေးခဲ့တယ်။ အမေ့အောက်ကကျန်နှစ်ယောက်ဆိုရင်တယောက်ကအိမ် ထောင်ရှိရက်နဲ့ သားသမီးလုံးဝမထွန်းကား ဘူး။ အမေ့ညီမအငယ်ဆုံးကျတော့သက်ဆုံးတိုင် အပျိုကြီးဘဝနဲ့အရိုးထုတ်တယ်။မျိုးဆက်ကိုပြတ်ကရော။

ဆိုတော့ကာ ကျုပ်မှာတဝမ်းကွဲဆိုပါတော့။ညီမနှစ်ယောက်ရှိတယ်။ကြုံရပုံကကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲအမေတွေက ချိန်းဆိုတိုင်ပင်ပြီးမွေးကြလေရော့သလား အောက်မေ့ရတယ်၊တယောက်နဲ့တယောက် ကမီးဝင်မီးထွက်တွေချည့်ပဲ။ပြီးတော့အဲဒီ ခေတ်ကအခုခေတ်လိုမဟုတ်ဘူး။ ဆွေသံ ယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြ တော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ် အောက်မှာ သည်တပြုံတမကြီးက ဥမကွဲ သိုက်မပျက်နေကြတယ်။ အတောင်အလက် တွေစုံ၊ပညာတွေတတ်၊အလုပ်အကိုင်တွေ ရ၊ အိမ်ထောင်တွေကျကြလဲ ရေကြည်ရာ မြက်နုရာခွဲခွါမသွားကြဘူး။ ဘိုးဘွားပိုင် အုတ်တံတိုင်းကာ ဧရာမခြံဝန်းကျယ်ကြီး တကွက်ထဲမှာပဲ ကိုယ့်သီးသန့်အိမ်ကလေး တွေနဲ့ကိုယ်နေကြတယ်။ကျုပ်အဒေါ်တွေ နဲ့အိမ်ထောင်ကျကြတဲ့ ကျုပ်ဦးဦးတွေကလဲ ကျုပ်အထင် ပြောရရင်တော့ နဖါးကြိုးအ ထိုးခံထမ်းပိုး အကျင့်သူတော်ကောင်းတွေ ချည့်ပါပဲ။အဲ…ကုသိုလ်ကံညံတဲ့ ကျုပ် တယောက်ပဲ…ကျုပ်မမွေးခင်ကျုပ်အမေ နဲ့ကျုပ်အဖေ ကတောက်ကဆ ဖြစ်ကြပြီး၊ ကျုပ်အဖေဖျာလိပ်ထွက်သွားရတယ်။ ကျန် တဆွေတမျိုးလုံးကတော့ တစည်းတလုံး တည်းပဲ။

အဲ…ခြံရဲ့ရာဟုထောင့်မှာကလဲလျှာထိုးပျဉ်ချပ်ဆယ့်ငါးချပ်ဆင့်အမြင့်တံခါးနဲ့လှောင်ထားတဲ့စပါးကျီရှိတယ်။အဖွား ပိုင် အရှေ့တော (ပုသိမ်ကြီး၊ ဇီးချိုကုန်း၊ ချောင်းပန်း၊ နှမ်းကြဲတဝိုက်) ကလယ်တွေ ကိုသီးစားချထားလို့ရသမျှ စပါးတွေအကုန် သည်ကျီထဲထည့်ထားတာပါ။ဒါအများပိုင်ပဲ။ တဆွေလုံး တမျိုးလုံး တခြံလုံး အချိန်မ ရွေးထုတ်ယူကြိတ်ခွဲစားသုံးပိုင်ခွင့်ရှိတယ်။ရှေးစကား’လက်ရေတပြင်စီး’ဆိုပါတော့။

ဆိုတော့ကာ ကျုပ်တို့ မောင်နှမသုံး ယောက်ကြီးပြင်းလာခဲ့ရပုံကိုခန့်မှန်းကြည့်လို့ရနိုင်ပါလိမ့်မယ်။ကျုပ်တို့ကိုကြုံရာအိမ်မှာကြုံရာအမေကနို့လှန်တိုက်တာပဲ။ဘယ်အဒေါ်ဘယ်အမေကမှလဲသူ့ကလေးကိုယ့်ကလေး ခွဲခြားမနေဘူး။ ကျုပ်တို့ကလဲအ တော်သိတတ်တဲ့အရွယ်အထိကြုံရာအမေ့ နို့ကိုစို့တာပဲ။ ကျုပ်က မောင်နှမတွေထဲမှာ အကြီးဆုံးဆိုတော့ပိုဆိုးတာပေါ့။ ကျုပ်အ မေကစနစ်ကြီးတော့ကျုပ်အခါလည်တာနဲ့ နို့ဖြတ်ပြီ။ပရုပ်ဆီတွေလူးထားပြီးလုံးဝမတိုက်တော့ဘူး။ ဒါပေမယ့်…သူများနို့စို့ တာကိုငေးကြည့်ပြီးကျုပ်နှုတ်ခမ်းလိုက် လှုပ်တာမြင်ကြတော့ ကျန်တဲ့အဒေါ်တွေ က အမေ့ကွယ်ရာမှာ ခိုးတိုက်ကြတယ်။ပြီးခြံထဲမှာပဲ၊ ရိုက်ဖြတ်စင်အောက်မှာနွား စားကျင်းနဲ့ နိုးစားနွားမနှစ်ကောင်ကလဲမွေး ထားလိုက်သေးတယ်။လူကြီးတွေအတွက် ရောကျုပ်တို့အတွက်ရော နို့ကတော့ အလျှံ ပယ်ပဲ။  ဆိုတော့ကာကျုပ်တို့ကအမေတွေအဒေါ် တွေအားလုံးကို မေမေတပ်ခေါ်ကြရတယ် ၊ ‘ကြီးကြီး”ဒေါ်ဒေါ်’မခေါ်ရဘူး။မကြိုက် ကြဘူး၊ကွပ်ညတ်တယ်။အမေမခွဲခြားရဘူး တဲ့။သည်တော့… ဗဟိုအုတ်ခံအိမ်မကြီးရဲ့ ဘယ်ဘက် မျက်စောင်းထိုးခြံရဲ့တနင်္ဂနွေ ထောင့်ကအိမ်မှာနေတဲ့ကျုပ်ညီမဝမ်းကွဲအကြီးမရဲ့ အမေကို… အမေတို့ညီအမငါး ယောက်ထဲမှာလဲ အကြီးဆုံးဖြစ်တဲ့အတွက် ‘မေမေကြီးကြီး’လို့ ကျုပ်တို့က ခေါ်ကြ ရတယ်။နောက်ညာဘက်မျက်စောင်းထိုးခြံ ရဲ့အင်္ဂါထောင့်က အိမ်မှာနေတဲ့ ညီမအငယ်မ ရဲ့အမေကိုကျတော့’အိမ်ရှေ့မေမေ’ခေါ်ရ တယ်။အိမ်ရဲ့ညာတောင်ပံတောင်ဘက်က အိမ်မှာနေတဲ့ သားသမီးမထွန်းကားတဲ့ အ ဒေါ်ငယ်ကိုကျတော့ ရွှေဘိုသားနဲ့ညားတဲ့ အတွက်’ဘိုမေမေ’ခေါ်ကြရတယ်။ အိမ်မ ကြီးရဲ့ မြောက်ဖက်ဘယ်တောင်ပံအိမ်မှာနေ တဲ့ကျုပ်အမေကိုတော့ကျုပ်ကကျုပ်ညီမတွေခေါ်သလို ‘လေးမေမေလို့မခေါ်ရပဲ ‘အမ’လို့ပဲခေါ်ရတယ်၊ကျုပ်တို့အညာမှာ၊ တောဘက်မှာပေါ့နော်..များသောအားဖြင့် အမေကို’အမ’လို့ခေါ်တတ်ကြတာပါပဲ။  ကျုပ်ကမြေးထဲမှာလဲအကြီးဆုံး၊အမေက လဲအပျိုတပိုင်းပြန်ဖြစ်နေပြီဆိုတော့ ‘အမေ’အခေါ်မခံချင်လို့မဟုတ်ပါဘူး။ကျုပ်အဖွားကိုယ်တိုင်က သူ့ကိုလဲမြေးအား လုံးက’အမေ’ခေါ်မှကြိုက်တာကို။ ကျန်တဲ့ မြေးမနှစ်ယောက်ကတခါတရံယောင် ယောင်ပြီး’အဖွါး’ခေါ်မိရင် နည်နည်း လောက်မျက်နှာထားတင်းပြပြီး’ဟင်း’ ရုံပဲ’ဟင်း’တယ်။ ကျုပ်ကိုကျတော့ တ အိမ်ထဲအတူနေမို့ လုံးဝယောင်ခွင့်မပြုဘူး၊ ချက်ချင်းပြင်ခေါ်ခိုင်းတယ်၊နော့…ကျုပ် ကိုလဲအချစ်ဆုံးကို။သူ့မှာကမွေးခဲ့တာသမီး ချည့်ငါးယောက်။ မြေးကျတော့လဲယော က်ျားကလေးက ကျုပ်တယောက်တည်း။ပြောလို့သာ မြေးလို့ပြောရတာကို။ လက် တွေ့ကကျုပ်ကအဖွါးလက်ပေါ်မှာပဲကြီးရတာရယ်။ အားလုံးကလဲ’မနာလိုစွာ’အသိ အမှတ်ပြုကြပါတယ်။ ကျုပ်က အဖွါးရဲ့ ‘အသည်း’တဲ့။

ဆိုတော့ကာ ကျုပ်မှာအမေတွေကဖေါ ခြင်းသောခြင်း။အဖွါးနဲ့အတူနေ…လိုတာမရရတာမလိုလို့အပျိုကြီးဖြစ်နေရတဲ့’မေ မေထွေး’ကလဲကျုပ်စာမကျက်ချင်ရင်လူမ မြင်အောင်ပေါင်တွင်းကြောလိမ်ဆွဲတတ် တဲ့အတွက်ကျုပ်ကကျိတ်ပြီး မုန်းနေပေမယ့် ..အမေတယောက်ပါပဲ။ လက်ချိုးရေကြည့် ရင်ကျုပ်မှာအမေခြောက်ယောက်ရှိတယ်။အဲသည်အထဲမှာအမေသုံးယောက်၊ကျုပ်အမေရင်းအပါအဝင်ကကျောင်းဆရာမတွေချည့်ပဲ။မေမေကြီးကြီးနဲ့ရတာ၊ဘိုမေမေနဲ့ရတာတွေကလဲ ကျောင်းဆရာတွေပဲ။ အိမ်ရှေ့ မေမေကသာ ကုန်သည်ပွဲစားနဲ့ရပြီး၊ကျုပ်အဖေကလဲကျောင်းဆရာမဟုတ်၊ သာမန် အောက်တန်းစာရေးကလေးသာဖြစ်တယ်လို့ဆိုပါတယ်။

ဆိုတော့ကာ…အစကိုပြန်ကောက်ရရင်မေမေကြီးကြီးအကြောင်းကိုပြောမလို့…။မေမေကြီးကြီးနဲ့ရတဲ့ယောက်ျားကကျောင်း ဆရာဆိုပေမယ့်မန္တလေးဇာတိမဟုတ်ဘူး။မြေလတ်ပိုင်းမြို့ငယ်လေးတမြို့ကအလယ်တန်းကျောင်းရဲ့ကျောင်းအုပ်။ရာထူးတက် ပြီးမန္တလေးပြောင်းလာတာတဲ့။ ရပုံရနည်း ကတော့ကျုပ်တို့လဲ ဘယ်သိပါ့မလဲ။ဒါပေ မယ့် မေမေကြီးကြီးက ကိုယ့်ယောက်ျား ကိုယ် ဆရာကြင် ဆရာကြင်နဲ့ဆရာတပ်ခေါ် တတ်တာကိုထောက်လို့ရယ်၊အသက်ချင်း ကလဲတပြန်လောက်ကွာပုံရတာကိုထောက် လို့ရယ်… ကျုပ်တို့မေမေကြီးကြီး ခဏခ ဏ စိတ်ကောက်ပြီး ထမင်းဟင်းမချက်ပဲ မစားပဲနေရင် လိုက်လိုက်လာပြီးချော့မော့ နှစ်သိမ့်နေရတတ်တာရယ်ကိုထောက်ချင့် ကြည့်ရင်တော့ကျောင်းမှာဆရာတပည့်များ ဖြစ်ခဲ့ဖူးမလားမပြောတတ်ဘူး၊ထားပါလေ…။ဒါကအရေးမကြီးပါဘူး။သေချာတာကတော့မိန်းမငယ်ငယ်ကလေးယူထားတာရယ်၊မန္တလေးဇာတိမဟုတ်တာရယ်ကြောင့် ဘယ်မှာအိုးခွဲအိမ်ခွဲနေလို့ရမလဲ။ကျုပ်တို့ ‘ချမ်းဧသာစံ’ခြံထဲမှာပဲပေါင်းနေရမှာပေါ့။နောက်ကျုပ်နည်းနည်းကြီးလာတော့မှ အ ကြောင်းသိရတယ်။ မေမေကြီးကြီး မကြာ ခဏစိတ်ကောက်တတ်တာ၊အမေ့အိမ်ဆင်း လာပြီး ငိုတာအိပ်တာတွေက နောက် ကြောင်း မရှင်းမရှင်း ဇာတ်ထုပ်အရှုပ်ရှိလို့ ကိုး…။ဆရာကြင်ကသူတို့မြို့ကလေးမှာသားကြီးမယားကြီးရှိသတဲ့။ သားကြီးနှစ် ယောက်ကဆိုရင် အလုပ်အကိုင်တွေနဲ့ ဆို ပဲ။ ဒါပေမယ့်ပေါင်းလဲ မပေါင်းတော့ပါဘူး၊ အဆက်အသွယ်လဲမရှိတော့ပါဘူးပြောတာပဲ။ကျုပ်အမြင်မှာတော့ဟုတ်သားပဲ။ဆရာ ကြင်မန္တလေးကတဖဝါးမှခွါတာမတွေ့ပါ ဘူး။ တနင်္ဂနွေ နဲ့ ဥပုသ်နေ့ကျောင်းပိတ်တဲ့ ရက်တွေမှာရော၊ နွေရာသီကျောင်းရက်ရှည် ပိတ်ရက်တွေမှာရော နှစ်အိမ်ကြားကမန် ကျည်းအချိုပင်ရိပ် ကွပ်ပျစ်ပေါ်မှာစာအုပ် တပုံ ကျောက်သင်ပုန်းတချပ်နဲ့ ထိုင်ဗေဒင် တွက်နေတောမြင်တာပဲ၊အဲ..တခုတော့ရှိ တယ်။ ဘိုမေမေ့ ယောက်ျားကျောင်းဆရာ လို၊အိမ်ရှေ့နေမေမေရဲ့ယောက်ျားကျောက်ပွဲစားလိုတော့ကျုပ်တို့ကလေးတွေနဲ့လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေလေ့မရှိဘူး။ ကျုပ်တို့တတွေကလဲသူ့သမီးအရင်းကိုယ်တိုင်ရဲ့ ဖေါက်သယ်ချထားချက်အရဟို့မွေး ကင်းစလွန်လာခဲ့ကတည်းက သည်ဘကြီး ကြင်ကောက်တည့်ပြီး ပွေ့ချီလိုက်မှာ ဖက် ရမ်းနမ်းရှုံ့လိုက်မှာကို..သူ့ဗန္ဓုလနှုတ်ခမ်း မွေးကြီးကြောင့် တအားကြောက်ပြီး ပြေး တတ်ကြတာ။    ဆိုတော့ကာ…ဇာတ်လမ်းကိုမြေကြော လေကြောရှုံ့လိုက်ကြစို့ရဲ့…။ ဒုတိယကမ္ဘာ စစ်ဖြစ်ကရောဆိုပါတော့။ ကျုပ်တို့ကို ကျွန် ပြုထားတဲ့ အင်္ဂလိပ်ဘုရင်ခံအစိုးရကအ နောက်ဖက်အိနိ္ဒယဆုတ်ပြေးပြီလေ။’အာရှ သာတူညီမျှရေး”နိပွန်-ဘိရုမာဘန်ဇိုင်း’ဆိုတဲ ့ေြွကးကြော်သံလှလှလေးတွေနဲ့ဂျပန်  တွေတက်လာပြီလေ၊ဘာပဲပြောပြော၊’မင်း ပြောင်းမင်းလွဲ’ကာလ’စစ်ဦးဘီလူး’နဲ့လဲ ရင်မဆိုင်ရဲတော့ကျုပ်တို့လဲမြို့လယ်ကောင် မှာဘယ်အတင့်ရဲနေလို့ရတော့မလဲ။ ပြီး ‘မဟာမိတ်’ဆိုတဲ့လေယာဉ်ပျံကြီးတွေက လဲကျုပ်တို့ခေါင်းပေါ်မှာ နေ့စဉ်ရက်ခြားဆို သလို ငရဲမီးဗုန်းတွေလာကြဲချ စက်သေ နတ်တွေနဲ့ပစ် လူတွေကိုသတ်ဖြတ်နှိပ် စက်နေတာကို..။အရှေ့တောပြောင်းပြေး ကြရတာပေါ့။သိတယ်နော်…။ စစ်ကာလကစစ်အုပ်ချုပ်ရေးလေ၊အစိုးရအုပ်ချုပ် ရေးယန္တရားတွေအကုန်ရပ်။ ရုံးတွေကျောင်း တွေ စက်ရုံအလုပ်ရုံတွေငွေတိုက်ဘဏ်တွေ စီးပွါးရေးလုပ်ငန်းကြီးတွေ နဲ့ သယ်ယူပို့ ဆောင်ရေးတွေလဲအကုန်ပိတ်၊သည်တော့ အစိုးရဝန်ထမ်းတွေကျောင်းဆရာဆရာမ တွေလဲအလုပ်လက်မဲ့ဖြစ်ပေါ့၊လစာဝင်ငွေ လဲခြူးတပြားမှမရကြတော့ဘူးပေါ့။  ဩ…ပြောဖို့တခုကျန်သွားတယ်။ခုန ကဇာတ်လမ်း အကျဉ်းရုံးလိုက်တဲ့အထဲမှာ ပါသွားလို့၊ ဒုတိယကမ္ဘာစစ်မဖြစ်ခင်တနှစ် မှာကျုပ်တို့အဖိုးဆုံးသွားတယ်။ကုသိုလ် ကံကောင်းတယ်လို့ပဲ အောက်မေ့ရတော့မှာ ပေါ့။ စစ်ရဲ့အနိဌာရုံတွေနဲ့ မကြုံရမတွေ့ရ တော့ဘူးပေါ့။နော့မို့ဆိုဒုက္ခ။အဖိုးကအဖွါး ထက်အသက်အများကြီးကြီးတာ။ကောင်း ကောင်းလဲကျန်းမာလှတာမဟုတ်ဘူး။ပြီး တော့အဖိုးကတောသားလဲမဟုတ်ဘူး၊ဘိုး စဉ်ဘောင်ဆက် အရှင်သခင်ဘုရင့် အမှု တော်ထမ်းလာတဲ့မျိုးရိုး။ အင်္ဂလိပ်လက်အောက်မှာမလုပ်မနေရအလုပ်ဝင်လုပ်ရတော့လဲ’၈’မှတ်ဂတ်တဲမှာပထမ’ဆပ်’ကလေး။ နောင်အင်စပက်တော် ခုခေတ်အ ခေါ်တော့ရဲမှူးနေမှာပေါ့။ဘုရားစင်ဘက် ခေါင်းရင်းနံရံမှာချိတ်ထားတဲ့အဖိုးရဲ့ဓာတ်ပုံကရယ်ရတယ်။ကာကီရောင်ရှပ်လက်တိုကာကီရောင်ဘောင်းဘီတိုသားရေခါးပတ်နဲ့။ခြေထောက်မှာကလဲအညိုရောင်သက္ကလပ်ပတ်ကြီးနဲ့အကျအနပါ။ဖိနပ်ကလဲအခု ခေတ်စစ်သားတွေစီးရတာမျိုးလို အစိုးရခြေ နင်းပါပဲ။ ဒါပေမယ့် ဘောင်းဘီတိုကထိုး ကွင်းတွေကိုလုံအောင်မဖုံးနိုင်ထားနိုင်တဲ့အပြင် ခေါင်းပေါ်မှာကလဲဦးထုပ်မဆောင်း ထားဘူး။ ‘ရောင်’နဲ့ဆိုတော့ ကိုယ်တိုင် ပေါင်းရတဲ့ ပန်းရောင်ပိုးပုဝါခေါင်းပေါင်း နဲ့။ ဒါပေမယ့် ကျုပ်တို့အဖိုးကို ပေါ့သေး သေးမထင်နဲ့။အစိုးရကချီးမြှင့်ထားတဲ့ နာ မည်ကောင်းလက်မှတ် နဲ့ လက်ကိုင်ဒင်မှာ နာမည်ရေးထိုးထားတဲ့၄၅ဗို့ ခြောက်လုံးပြူး တလက်လဲရှိတယ်။ နောက်တော့ ဘယ်အ လိုတော်ရိကလက်ထောက်ချလိုက်လို့လဲ မသိဘူး။ဂျပန်ခေတ်ရောက်လာလို့မကြာ ခင်မှာပဲ ဗမာလူမျိုးစကားပြန်နဲ့ပါလာတဲ့ ဂျပန်စစ်ဗိုလ်တကောင်က လက်နက်အပ် ပါဆိုလို့…မြေကြီးထဲမြုပ်ဝှက်ထားတာ ကိုဖေါ်အပ်လိုက်ရတာပဲ။ အဖွါးကတော့ ယောက်ျားနာမည်ပါတဲ့တခုတည်းသောအမွေပစ္စည်းအနေနဲ့ တတ်နိုင်ရင် သေတပန် သက်တဆုံးသိမ်းထားချင်မှာပေါ့၊မျက်ရည် ကျသေးတယ်။အဲသည်တုန်းကအဖိုးလည်း မရှိတော့ပါဘူး။အခုလည်းအဖိုးမရှိတော့၊ သေနတ်လည်း မရှိတော့ပေမယ့် အဖွါးနဲ့ ကျုပ်တို့မိသားစုအားလုံး မျက်နှာမငယ်ရပါ ဘူး။ အရှေ့တောဆိုတာက အဖွါးရဲ့ဇာတိ ချက်မြှုပ်လေ…။ဆွေတွေမျိုးတွေဆိုတာကလက်ညိုးထိုးမလွဲပဲဥစ္စာ။ အခုလိုစစ် ဘေးဒုက္ခရောက်ရလို့ မင်းပြောင်းမင်းလွဲ ဖြစ်လို့သာမြို့ပေါ်ကအထည်ကြီးကိုဖျက် ပြီးခေတ္တယာယီဇာတိရပ်ရွာမှာ ပြန်လာခိုလှုံ တာကို… ဘယ်အဆွေအမျိုးကမသိုင်းဝိုင်း မပံ့ပိုး မကူညီ မဖြည့်စွမ်းပဲနေပါ့မလဲ။ပြီး တော့လဲပြန်ပြောင်းအောက်မေ့ဘွယ်…အဲ သည်ခေတ်တုန်းက လယ်ပိုင်ရှင်ဆိုတာသူ ရင်းဌားသားချင်းလယ်သမားတွေရဲ့အမြင်မှာက ကျေးဇူးရှင်ရယ်လို့ သတ်မှတ်ယူဆ ထားတတ်ကြတာမဟုတ်လား။   ဆိုတော့ကာ အဖွားဇာတိပုသိမ်ကြီးအပါ အဝင်ဇီးချိုကုန်း၊ သစ်ချိုကုန်း၊ညောင်ပင် သာ၊ ချောင်းပန်း၊ နှမ်းကြဲ အစရှိတဲ့ရွာအား လုံးက သူတို့ရွာမှာလာနေကြဖို့ အလုအ ယက်နေရာတွေပေးဖိတ်ခေါ်ကြိုဆိုကြတာပေါ့၊ရွာစုံကလှည်း၁၆စီးနဲ့ ညမှောင်ခိုက်မှာ မြို့ကအိမ်ရှိပစ္စည်းတွေ တိုက်လာကြတော့ တချို့က သူတို့ရွာမှာလာနေစေချင်တဲ့ဆန္ဒ နဲ့ မပြောမဆို ကိုယ့်ရွာကိုယ်မောင်းသွား လိုက်ကြတာ လူတွေလဲကွဲ၊ ပစ္စည်းတွေလဲ ပြန့်ကုန်။ နောက်တနေ့ မိုးလင်းမှမနည်း လိုက်ပြန်စုယူရတယ်။ အဖွားကတော့သူ့ ဇာတိရွာ ပုသိမ်ကြီးက အိမ်ခြေလဲများ စစ်ပြေး သူစိမ်းတွေကလဲများလို့ကြပ်နေ ပြီး၊ မြို့နဲ့လဲမော်တော်ကားလမ်းပေါက်နေတဲ့အတွက် ကြောက်သတဲ့။ဒါပေမယ့်ပုသိမ် ကြီးနဲ့လဲတတိုင်လောက်ပဲဝေး၊နည်းနည်းအတွင်းဘက်ကျပြီး၊ ရွာနံဘေးမှာလဲဆယ့် နှစ်ရာသီရေမပြတ်တဲ့ ဆည်မြောင်းချောင်း ကလေးရှိတဲ့ဇီးချိုကုန်းရွာကိုရွေးလိုက် တယ်။ဘာမှမဟုတ်ဘူး။မသိရင်ခက်မယ်။ဇီးချိုကုန်း ရွာသူကြီး ဦးမောင်ချိုဆိုတာ ကသူ့နိုင်ဖက်။ သူ့ကိုသာဆိုရင်ပြားပြား မှောက်ကြောက်ရတဲ့ ငယ်ကြောက်။ ပြီး ဇီးချိုကုန်းမှာအချမ်းသာဆုံးလယ်ပိုင်ရှင် ကြီးတွေဖြစ်နေကြတဲ့ အဖွါးဒေါ်မမတို့ ဘ ကြီးဦးစံပင်တို့ဆိုတာကလဲ အဖွါးရဲ့ ငယ် ပေါင်း၊ကြာနီကန်ဆရာတော့်ကျောင်းမှာစာအံဖက်တွေလို့ပြောတယ်။ပြီးရေကန်အသင့် ကြာအသင့်ဖြစ်ချင်တော့၊အဲသည်နှစ် ယောက်နေကြတာကလဲရွာ့တောင်ဖျားမှာ ခြံစည်းရိုးချင်းကပ်ရက်ဘာခဲယဉ်းတော့သလဲ။နှစ်ခြံခွပြီးမြေလွတ်နှစ်ဧကလောက်ရ အောင် စည်းရိုးဖျက် ခုတ်ထွင်ရှင်းလင်း လိုက်ကြတယ်။ ပြီး လောင်းရိပ်လွတ်တဲ့ ကွက်လပ်အလယ်မှာခြောက်ပင်သုံးခန်း သက်ငယ်မိုးဝါးထရံကာဝါးပိုးကြမ်းခင်းတဲ့တန်းလျားရှည်ကြီးထိုးတာပဲ။ဗမာ့တောရွာဓလေ့သတင်းမေးလာသမျှလက်ပေါင်းစုံအင်အားနဲ့ဝိုင်းဝန်းဆောက်လုပ်လိုက်ကြတာနေ့ချင်းပြီး အိမ်ယာပေါ့။ ခိုင်မှခိုင်ခန့် မှခန့်။   အဲ…စစ်အတွင်းမှာ အလိုအပ်ဆုံးဖြစ်တဲ့ ဗုံးခိုကျင်းကိုတော့ မြို့နဲ့လဲဝေးပြီး လေ ယာဉ်ပျံမဲမဲကြီးတွေလဲ ခေါင်းပေါ်အဝဲကျဲ လာပြီဆိုပြီး၊နေ့ရွှေ့ညရွှေ့နဲ့တော်တော်နဲ့မတူးခိုင်းဘူး။တူးပြန်တော့လဲတဲကြီးရဲ့မျက်နှာစာခပ်လှမ်းလှမ်းက နေ့ခင်းဘက်ချက် ပြုတ်စားသောက်ကြရာခန်းမဆောင်လို့ဆိုရမယ့်မန်ကျည်းပင်အုပ်အရိပ်အောက်မှာတထောင်သာသာလောက်ပဲ နက်တဲ့ကျင်းတိမ် ကလေးပဲကရော်ကမယ်တူးတယ်။ကျင်းကလူဆင်းထိုင်ရင်ခေါင်းမြေပြင်ပေါ်မှာ လေ။ခက်တာကသည့်ထက်နက်အောင်တထွာတမိုက်ထပ်တူးလိုက်မယ်ဆိုရင်ကိုပဲ ရေထွက်လာတော့တယ်တဲ့။သည်တော့ အောက်မနှိုက်နဲ့။ကျင်းပတ်ပတ်လည်မှာ တောင်ဆုပ်လောက်တိုင်တွေအပြည့်စိုက်။ ပြီး အပြင်ဘက်ကနေ ထန်းလုံးတွေဆင့် ကာ။အမိုးလဲထန်းလုံးထက်ခြမ်းခွဲတွေ နဲ့အခြင်ပစ်။ ပြီးအပေါ်ကမှလှည်းကြမ်း ခင်း တွေနဲ့တထပ်၊ ဝါးကြောဖျာကြမ်းတွေ နဲ့တထပ်၊ နှစ်ထပ်ထပ်ခင်းသည့်အပေါ်ကမှ မြေတွေဖို့။ကျင်းပတ်ပတ်လည်လဲမြေဆိုင်ခဲတွေနဲ့ရံ၊ တနေ့တခါ မြေသိပ်အောင်ရေ ဖျန်းပေး။အဲဒါပဲ။ခုနေကျင်းထဲဝင်ထိုင်ရင်ခေါင်းတော့ကောင်းကောင်း လွတ်ပါတယ်။ သာမန်ကြည့်လိုက်လို့ကတော့ထန်းပင်မြစ်စိုက်ရောင်းဖို့မြေဖို့ထားတာအောက်မေ့ရ မယ်။သိတယ်နော်…။ထန်းပင်မြစ်ဆိုတာ ေြွကကျတဲ့ ထန်းသီးမှည့်တွေထဲကထန်းသီး စေ့တွေကို ဖို့မြေပွပေါ်မှာမှောက်စိုက် တာပေါ့။မြေထပ်ဖုံးစရာမလိုဘူး။ဒါပေ မယ့်စိုက်ခါစမှာတော့မိုးတပြိုက်နှစ်ပြိုက် ကြိုက်တတ်တယ်။ပြီးတမိုးတွင်းလုံးပစ် ထားလိုက်ရုံပဲ။အဲ…ဆောင်းတွင်းရောက် ပြီဆိုတော့မှဖို့မြေတောင်ပို့ကိုဘေးကနေတဖြေးဖြေးချင်းဖဲ့ပြီးလိုသလောက်ဖြိုယူရုံပဲ။မှတ်မိကြပါတယ်နော်။ဆောင်းချမ်းခိုက်မှာ မီးဖိုဘေးက မီးလှုံကြရင်း ဖုတ်စားကြတာ လေ။ ဆီကလေးဆားကလေးနဲ့တို့စားရင် အရသာရှိမှရှိ။အဲ…ကြုံကြိုက်ချင်တော့ ကျုပ်တို့ဖို့မြေတောင်ပို့ ဗုံးခိုကျင်းလဲတူး ပြီးပါလေရော။မိုးကလဲအုံ့မှိုင်းထစ်ချုန်း ရွာချပါလေရော။ရယ်ရတယ်။ ကျုပ်တို့ ဗုံးခိုကျင်းလဲ အသူရာသကြားမင်းရဲ့ စစ်တ လင်းမှာ ချက်ချင်းလက်ငင်းငါးမွေးကန်ဖြစ် သွားပါလေရော။ကျင်းရဲ့အောက်ခြေမြေကသဲကျောက်စရစ်ဆိုတော့အပေါ်ကဖုံးထားတဲ့ထန်းလုံးတွေရဲ့ဖိအားကြောင့်ကျင်းနံရံတွေပါအိကျပြီးပြိုတော့တာပေါ့။လုံးဝသုံးမရတော့ဘူး။ဒါပေမယ့်တော်သေးရဲ့။သိတယ်နော်…။   မန္တလေးဆိုတာ မိုးခေါင်ရေရှားရပ်ကိုး။ ပူတယ်လေ၊ဆယ်နေကဲကျဲကျဲတောက်ပူ တော့တာပေါ့။တပတ်ဆယ်ရက်နဲ့ခြောက်သွားတော့ပြန်ပြင်တူးပြီးပိုခိုင်ခိုင်တောင့် တောင့်ဆောက်ကြတာပေါ့။မြတ်စွာဘုရား တန်ခိုးတော်နဲ့သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကသတိပေးတာလို့ပဲအောက်မေ့ကြပါတယ်။အဲသည်လိုပိုအခိုင်အခန့်လုပ်လိုက်လို့သာပေါ့။မဟုတ်ရင်သေကုန်ပြီ။ ဘယ့်နှယ် မန္တလေးကို ပြန်သိမ်းတော့မြို့ ကို မြောက်ဘက်ကနေ ဂဏန်းလက်မပုံစံနဲ့ပတ်ညှပ်ပြီးဝင်တာထင်ပါရဲ့။ အင်္ဂလိပ် တွေလား အမေရိကန်တွေလားမသိ။ ကျုပ် တို့ အရှေ့တောတလျှောက်လုံးကိုလဲ အ မြောက်ကြီးတွေနဲ့သခင်မတောင်ဘက်က လေးငါးနာရီလောက်လှမ်းထုလိုက်တာရ စရာကိုမရှိဘူး။ကျုပ်တို့ရွာတွေဝန်းကျင်မှာဂျပန်ဖြင့်တကောင်မှမရှိပဲနဲ့၊လက်နက် ကြီး အင်အားမတန်တဆသုံးပြီး ဖြို့ခွင်း မောင်းထုတ်လိုက်တာ ပြောပါတယ်။ရွာစဉ် တလျှောက်မှာမြောက်ပိုင်းကျတဲ့ဆင်ရွာ ကြီးတို့ညောင်ပင်သာတို့ကျုပ်တို့ဇီးချိုကုန်းတို့ဆိုတာဆိဆိညက်ညက်ကျေပေါ့။ ကျုပ် တို့တဲအိမ်ကြီးလဲ အမြှောက်ကျည်ဆံဗုံးတွေ မှန်ထားလိုက်တာပွစိတက်။ အိမ်တိုင်တ တိုင်မှာလဲထင်းခွဲဓါးမလောက်ရှိတဲ့ ဗုံးဆံ ကြီးတဆံကစိုက်ရက်။ဗုံးခိုကျင်းပေါ်မှာကလဲပြတ်သတ်ကျလာတဲ့သစ်ကိုင်းတွေသစ်ခက်တွေဆိုတာထင်းလှည်းတိုက်လာရပ် ထားသလိုပဲ။  အဲ…ကျုပ်တို့လူတွေအားလုံးလဲတညနေ နဲ့တညဦးလုံး ဘယ်ခေါင်းဖေါ်ရဲကြပါ့မလဲ။ သမ္ဗုဒ္ဓေတွေ အမြီးအမောက်မတည့် တ ယောက်တပေါက်ရွတ်ကြပြီးတုတ်တုတ်မှ မလှုပ်ရဲကြဘူးပေါ့။နားတွေလဲအူ၊ဇောချွေး တွေလဲပြန်၊ လက်ဖျားခြေဖျားအေးကြလို့ ပေါ့။ခေါင်းထဲကိုယ်ထဲမလဲဖုတ်သဲတွေအလိမ်းလိမ်းနဲ့ပေါ့။ ရေငတ်ပေမယ့် ရေကို ဘယ်သူကထွက်ယူရဲပါ့မလဲ။ အဲညမိုးချုပ် တော့မှအမြောက်သံတွေစဲသွားပြီးစက်သေ နတ်သံတွေ သေနတ်သံတေ ွကြားရတယ်။ဘယ်သူတွေကဘယ်သူတွေကိုပစ်နေမှန်း လဲမသိ။ဘယ်လှုပ်ရဲပါ့မလဲ။ ဒါပေမယ့် ကျင်းဝမှာ လူမဲမဲကြီးနှစ်ကောင်လာရပ်ပြီး သေနတ်နဲ့ချိန် အကုန်အပြင်ထွက်ခိုင်း တယ်။ကျုပ်တို့တတွေဆိုတာမေးခိုက်ခိုက် ရိုက်ရက်၊ လက်အုပ်ကလေးတွေချီမျောက် တွေလို ထွက်ကြရတာပေါ့။ ကျုပ်တို့မိသား စုက အင်္ဂလိပ်လိုပြောနိုင်တော့ သူတို့အ တော် သဘောကျသွားတယ်။ ဘာမှမဟုတ် ဘူး။ ဂျပန်သတင်းမေးတာပေါ့။ သည်ရွာ တဝိုက်မှာ ဂျပန်တယောက်မှမရှိပါဘူးပြော တော့မှပြန်ထွက်သွားကြတယ်။ အဲသည် တော့မှပဲ ကျုပ်တို့အားလုံးလဲ သက်ပြင်းချ နိုင်ကြတော့တယ်။ အဲသည်တော့မှရေငတ် မှန်းဆာမှန်းသိကြတော့တယ်။ ဒါပေမယ့် ထမင်းမရှိ၊ဟင်းလဲမရှိတော့ဘူး။ထမင်း အိုးကြီးကလည်း စလောင်းဖုံးလွင့်သွားပြီး ဖုံတွေ အမှိုက်တွေ နန်းချင်းဖုံးလို့။မန် ကျည်းပင်မှာကပ်စင်ရိုက်ပြီး တင်ထားတဲ့ သောက်ရေအိုးနှစ်လုံးကလဲကျကွဲလို့။သံပန်းကန်ပြားအဖုံးနဲ့ အုန်းသီးဆံရေမှုတ် တွေကိုတော့လိုက်ရှာကောက်ယူရတယ်။တော်သေးရဲ့။သောက်ရေထည့်လှောင်ထား တဲ့ စဉ့်အိုးကမြေကြီးထဲ အထိုင်မြုပ် ထား တဲ့အတွက်မကွဲလို့။အင်ဒုံအဖုံးကိုလှပ်ပြီး၊ ရေမှုတ်နဲ့ခပ်သောက်လို့ ရကြတယ်၊ထမင်း ကတော့ မစားကြရပါဘူး။ ထပ်ချက်ရ အောင်ညကြီးမင်းကြီးမီးလဲမမွှေးရဲပါဘူး။       အမယ်…ကြက်တွေကတော့မသေဘူးဟဲ့။ဘယ်သွားပုန်းနေခဲ့ကြတယ်မသိဘူး။လူသံ တွေကြားတော့သူတို့အသံတွေလဲပြန်ကြားလာရတယ်။လူတွေလဲခုမှဖုံတွေသဲတွေချွေး စေးတွေနဲ့ညစ်ပတ်ပေရေနေမှန်းသိပြီး၊ရေချိုးချင်စိတ်တွေပေါ်လာကြတယ်။ဒါပေ မယ့် ချိုးစရာရေ ဘယ်မှာရှိမှာလဲ။ ထုံးစံအ တိုင်းခါတိုင်းလို ရွာ့ပြင်ထွက်ပြီးချောင်းထဲ ခုန်ချ ရေချိုးရအောင်ကဘယ်ထွက်ရဲပါ့မလဲ၊ကျုပ်တို့ကလေးတွေဆိုတာ နားအူလဲမ ပျောက်၊ အကြောက်လဲ တော်တော်နဲ့မ ပြေတော့၊အမေတွေအနားကပ်လို့။ အေး လေ…ဘာပဲပြောပြော စစ်ကြောင်းကျလို့ရွာတွေအိမ်တွေသာညက်ညက်ကြေပေမယ့်  မီးလဲမလောင်၊လူလဲအထိအခိုက်အသေအပျောက်လုံးဝမရှိပါဘူး။တခုတော့ရှိတယ်။နွားတော့လေးကောင်တောင်အမြောက်ဆံ မှန်ပြီးသေတယ်။နောက်တနေ့တရွာလုံးအမဲသားပေါ်တော့တာပေါ့။   ဆိုတော့ကာ…အခုမှဆရာကြင့်တန်ဖိုး ကိုသိကြရတော့တယ်။ ဆရာကြင် က တော့ မရှိတော့ပါဘူး။သွားပြီပဲ။ဒါပေမယ့် သည်အရှေ့တောဘက်ပြောင်း ပြေးခိုလှုံ ကြမယ် ဆိုတုန်းက၊ မေမေကြီးကြီးကတဆင့်ဆရာကြင်ကတွက်ချက်ပြီးသတိပေး တယ်။မြို့ရဲ့ အရှေ့မြောက်အရပ် တနင်္ဂနွေ တောင့်က နဂါးလှည့် မသင့်ဘူးတဲ့။ မ ပြောင်းကောင်းဘူးတဲ့။ ဒုက္ခတွေ့နိုင်တယ် ပြောသားပဲ။ ဒါပေမယ့် ဆရာကြင့်စကား ကို ဘယ်သူကမှအယုံအကြည်မရှိကြဘူး။တောကို သူမလိုက်လာချင်လို့၊မေမေကြီး ကြီးတို့ သားအမိကိုပစ်သွားချင်လို့၊ သူ့ ဇာတိ မြေလတ်မြို့ကလေးကိုသူပြန်ပြေး  ချင်လို့ သက်သက်မဲ့ရမယ်ရှာကပျက်ယပျက် လုပ် တာလို့ပဲထင်ခဲ့ကြတယ်၊အဖွါးကတော့လူ ကြီးမိဘတယောက်နေနဲ့နားလည်ခွင့်လွှတ်လိုက်တယ်။ စစ်အတွင်း ဘယ်သူမှအလုပ် မရှိကြ၊ဝင်ငွေမရှိကြဘူးမဟုတ်လား။ အဲ တော့ အားနာတာလဲပါ၊ ရှက်တာလဲပါ ကောင်းပါမယ်ပေါ့။ပြီးကြီးကောင့်ကြီးမား နဲ့ယောက္ခမထမီနားလဲ ခိုမစားချင်ဘူးထင် ပါရဲ့ပေါ့။ဝင်မပါဘူး၊လက်ပိုက်ကြည့်နေလိုက်တယ်။နော့…သားမက်နဲ့ယောက္ခမ ရဲ့ အသက်ချင်းကလဲ ဆယ်နှစ်သာသာ လောက်ပဲကွာတာကို။ကျုပ်တို့မေမေကြီး ကြီးကလဲတသက်လုံးမခွဲဖူးတဲ့အမေကိုပစ် ပြီး၊ လင့်မယားကြီးရှိရာအရပ်ကို ဘယ် လိုက်ပါ့မလဲ။      ဆိုတော့ကာ…ကွဲကြလေသတည်းပေါ့။အိမ်မကြီးရဲ့ဘယ်တောင်ပံကအိမ်ထောင် ရေးကံဇာတာညံ့တယ်လို့ပဲပြောရတော့မှာ ပေါ့။ညာတောင်ပံတောင်ညာစံဒေဝီတွေရဲ့ သားမက်တွေကတော့မဆိုးပါဘူး။အနည်း ဆုံး ထင်းခွဲရေခတ် ဟင်းရှာသီးနှံစိုက်ပေါ့။ ရွာဦးကျောင်း အဝီစိတွင်းကသောက်ရေ သုံးရေကိုနေ့စဉ်ဆယ်ထမ်းဆယ်ခေါက် လောက် ခပ်ရတယ်ဆိုတကလဲ လွယ် တာမှတ်လို့။ အိမ်နဲ့ကျောင်းနဲ့က တပြခွဲ လောက်ဝေးတာတယောက်တခေါက်အ လှည့်နဲ့ထမ်းကြရတာ။ တွင်းကလဲ ဘယ် လောက်နက်သလဲဆိုရင်ရေကိုငုံ့ကြည့်လို့မ မြင်ရဘူး။ပြီးတော့ အမျိုးသမီးတွေလဲခပ်  ခွင့်ငင်ခွင့်တွင်းဘောင်ရပ်ခွင့်မရှိဘူး။ကျုပ် တို့ အမေတွေအုပ်စုကတော့၊ ချက်ပြုတ် လျှော်ဖွပ်တာဝန်တွေအပြင်တတ်တဲ့ပညာမနေသာဆိုသလို ပါလာသမျှ သိုးမွှေးထည် တွေကို ပြန်ဖြေပြန်လုံးပြီး ဝါးသီတံဇာထိုး အပ်တွေနဲ့ အင်္ကျီတွေ ခြုံစောင်တွေဦးထုပ် တွေပြန်ထိုးရောင်းကြပေါ့။ ဒါပေမယ့်စစ်အတွင်းမှာဘယ်ကသိုးမွှေးချည်ခင်အသစ် ဝယ်လို့ ရမှာလဲ။ ကုန်တော့အလုပ်ပြုတ် ပေါ့။ပြဿနာကဆန်ဆီဆာစသည့်အခြေ ခံစားကုန်ကမပူရပါဘူး၊ဦးလေးကျောက် (ပွဲစား)ကကြက်တွေမွေးထားလို့ကြက်ဥ လဲအလျှံပယ်စားရပါတယ်။ဒါပေမယ့်စစ်ဒဏ်အမြောက်ကျည်ဒဏ်ကတချီတည်းနဲ့ သေလုမျောပါးခံလိုက်ကြရတော့၊နောက်တကြိမ်ကြော့လာရင်ဘယ်နှယ်လုပ်ကြပါ့မလဲပေါ့။ လူကြီးတွေ ခေါင်းချင်းဆိုင်တိုင် ပင်ကြတယ်။ခုနေရတာကမနက်မိုးလင်းလို့အိပ်ရာကနိုးတာနဲ့ တပြိုင်နက် ကိုယ့် ခေါင်းကိုယ်ဘီးစမ်းသလိုပြန်စမ်းကြည့်နေရတဲ့ဘဝတဲ့။ခေါင်းနဲ့ကိုယ်တဆက်တည်းအိုးစားမကွဲသေးပါလားဆိုတာသေချာမှအသက်တရက်တော့ရှည်ပြန်ပဟဆိုပြီးသက် ပြင်းချလို့ရသတဲ့။  ပြီးတော့လဲဦးလေးကျောက်ကအကြံပြု တယ်။ မန္တလေးတမြို့လုံးကလူတွေ အ နောက်ဖက်ကမ်းစစ်ကိုင်းတောင်ရိုးပြေး၊ ဘုရားရိပ် ကျောင်းရိပ် ခိုလှုံကြတာများ တယ်၊ခုဆိုရင်စစ်ကိုင်းတောင်ရိုးကချောင်တွေမှာမြို့လိုစည်ကားနေပြီဆိုပဲ။ဘုန်းကြီးတပါးဆီကသူသတင်းကြားလာသတဲ့။စစ် ကိုင်းတောင်ရိုး အောက်ဖက်က ‘သရက်ပင် ဆိပ်’တို့အထက်ဖက်က’ဝါးချက်’တို့ဆို ရင် ဈေးဆိုင်တန်းတွေနဲ့ဖြစ်နေပြီတဲ့။ ပြီး အောက်ပြေအောက်ရွာက ရွက်လွှင့်ဆန် တက်လာကြတဲ့ ပိန်းကောမကြီးတွေနဲ့ အောက်ကုန်ငခြောက်ငခြမ်းတွေလဲရောက်လာ၊အကြီးအကျယ်ဈေးကွက်ကြီးဖြစ်နေတယ်ဆိုပဲ။သူ့အနေနဲ့အများကြီးအလုပ်လုပ်လို့ရနိုင်တယ်ပြောတယ်။   ဆိုတော့ကာ…သူကစစ်ကိုင်းတောင်ရိုး ပြောင်းကြဖို့စည်းရုံးမဲဆွယ်တယ်။ ရာနဲ့ချီ ရှိတဲ့ချောင်တွေမှာ ထောင်နဲ့ချီရှိတဲ့ကျောင်း ကန်ဇရပ်တွေဓမ္မာရုံတွေလည်းပေါပါတယ်ပေါ့။ပထမဆုံးသူကိုယ်တိုင်ကူးစုံစမ်း လေ့လာစုံစမ်းလိုက်မယ်ပေါ့။ အဆင်ပြေရင်ပြောင်းနေကြဖို့တခါတည်းစီစဉ်ဆောင်ရွက်ခဲ့မယ်ပေါ့။ သည်အချိန်မှာ ဘိုမေမေ့ ယောက်ျား လေးလေးဘိုကလဲအညံ့မခံပဲအကြံတခုထပ်တင်တယ်။အခုအင်္ဂလိပ်လဲ ပြန်ဝင်လာပြီ၊ မကြာခင် တပြည်လုံးပြန် သိမ်းပြီး အုပ်ချုပ်ရေးယန္တရားကပြန်စရင် ကျောင်းတွေလဲ မလွဲမသွေပြန်ဖွင့်မှာပဲ ပေါ့။ သည်တော့ချောင်တချောင်ကဓမ္မာ ရုံကြီးတခုခုမှာ ဆရာတော်တွေရဲ့အကူအ ညီနဲ့ ကျုပ်တို့မိသားစုအပါအဝင်ကျောင်း တကျောင်း ကြိုတင်ဖွင့်နှင့်သင်ပြနေရင်မ ကောင်းဘူးလားပေါ့။ တောင်ရိုးကဘုန်း တော်ကြီးတွေ သီလရှင်ဆရာလေးတွေ ကို ကျောင်းသုံးပရိဘောဂတွေ အလှူခံ မယ်ပေါ့။ နောင်အခါ အစိုးရ အသိအမှတ် ပြုကျောင်းလဲ ဖြစ်သွားနိုင်တယ်ပေါ့။ လေးလေးဘိုပြောသလို ကျုပ်တို့ကလေး တွေ စာနဲ့ဝေး ပညာရေးနောက်ကျခဲ့ရတာ လေးနှစ်ရှိပြီလေ။ လူကောင်တွေသာ ကြီးလာ၊ အတန်းတွေကငယ်၊အတတ်တွေ က နောက်ကျနဲ့ အတော်ကြိုးစားလုပ်ယူ ကြရမှာဆိုတာ မှန်တယ်။တယောက်ကလက်ငင်းစားဝတ်နေရေးပြေလည်ဖို့ရည်ရွယ်တယ်။တယောက်ကအနာဂတ်အ တွက်ပါရည်ရွယ်တယ်။ အမှန်ကတော့ အ ဖွါးရဲ့ဆုံးဖြတ်ချက်တခုပါပဲ။အဖွါးကအား လုံးရဲ့အမေ၊အိမ်ထောင်ဦးစီးခေါင်းဆောင်ပဲ။ပြဿနာကသည်အရှေ့တောမှာဆက် ပုန်းရှောင်နေလို့က ဘာအာမခံချက်မှ မရှိ ဘူး။    ဆိုတော့ကာ…သားမက်နှစ်ယောက်ရဲ့ အဆိုကို အဖွါးက ခေါင်းညိတ်လိုက်ပါ တယ်။သွားကြ…မြန်မြန်လဲပြန်လာကြ…မှာပြီး လမ်းစရိတ်တွေပါ ထုတ်ပေးလိုက် တယ်။ ဂျပန်ငွေစက္ကူ အစိမ်းရောင်တ ရောင်တည်း’ထောင်မလဲသဲကော်ရ’တွေ ပေါ့။ပြီး သူပဉ္ဇင်းခံပေးခဲ့တဲ့ ဘုန်းကြီးဦး ကောသလ္လရဲ့ ဗေါဓိချောင်မှာ အကျိုးအ ကြောင်းပြောပြလျှောက်ထားပြီး တည်းခို အကူအညီတောင်းဖို့ပါ စာရေးပေးလိုက် တယ်။ဘာအခက်အခဲတွေ့စရာရှိသလဲ။တပတ်မကြာခင်ချောချောမောမောပြန်ရောက်လာကြတယ်။မမြင်ရတာကြာလို့မမှတ်မိ ချင်ချင်ဖြစ်နေတဲ့အဖွါးရဲ့ အနှစ်သက်ဆုံး ငသိုင်းခြမ်းခြောက်ကြီးတွေလဲဂျုံထည့်တဲ့ပိတ်ဖြူအိတ်နဲ့တအိတ်ပါလာတယ်။ ပြီးသ ရက်ပင်ဆိပ်နဲ့သိပ်မဝေးတဲ့ချောင်အတွင်းလမ်းမြင်းလှည်းဂိတ်အထက်နားကမောက္ခသီဝံချောင်ရွာနေမယ်ဆိုရင်နေဖို့သီလရှင်ဇရပ်အောက်ထပ်ကြီးတထပ်လုံးလဲပါးစပ်စရံသပ်ခဲ့တယ်လို့ဆိုတယ်။   ဆိုတော့ကာ…ဇာတ်လမ်းကိုတကြိမ် မြေကြောရှုံ့လိုက်ကြအုံးစို့ရဲ့။ဆိုင်းမဆင့် ဗုံ မဆင့်ဆိုသလို ဆွေကုန်မျိုးကုန်နှုတ်ဆက် မနေကြတော့ပဲအစုတ်ပလုပ် စုပေါင်းထုတ် ခပ်ကုပ်ကုပ် ပြောင်းလာခဲ့ကြတယ်။သိ တယ်နော်။လှည်း၁၆စီးတိုက်ပစ္စည်းနဲ့လူတကျိပ်တယောက်ဆိုတဲ့ဝန်နည်းနည်းမှမ ဟုတ်ပဲ။ပြီးတော့ဧရာဝတီမြစ်ကိုဖြတ်ကူးရတာက’ငှက်’ကလေးတွေနဲ့ပဲကူး ရတာလေ။သည်အထဲ သံယောဇဉ်ကမဖြတ် နိုင်တော့၊ လူတွေနဲ့ယဉ်ပါးနေတဲ့လူတွေရဲ့ ထမင်းဝိုင်းမှာ အတင်းဝင်နှိုက်စားတတ်တဲ့ ဦးလေးကျောက်ရဲ့ ရွှေဒင်္ဂါး ဘိလပ်ကြက် ကြီးဆယ်ကောင်ကလဲ ပါသေးတယ်။ငှား လို့ရသမျှ ငှက်တွေနဲ့ ပိုက်ကျုံးဆိပ်မြစ်ညာ ကကူးတာ တနေကုန်နဲ့မပြီးဘူး။ တော်သ လင်းဧရာဝတီကလဲကျယ်မှကျယ်ကို။ ဦး ပဉ္ဇင်းတွေလဲမနေရ၊ဆရာလေးတွေလဲတ ယောက်တလက်ပေါ့။အေး…နောက်ဆုံး တော့မေက္ခသီဝံမှာဆရာလေးဒေါ်ဓမ္မေသီရဲ့ကျေးဇူးနဲ့အခြေကျကြရောဆိုပါတော့။အဲ အဆင်ပြေချင်တော့ သရက်ပင်ဆိပ်ကအ တက်မှာပါပဲ။ကျုပ်တို့မောက္ခသီဝံချောင်ရဲ့ တောင်ဘက်မှာ သံဃာတော်တွေသာ သီ တင်းသုံးတဲ့ခေမာသကချောင်ဆိုတဲ့ ဧရာမ နှစ်ထပ်ချောင်ကြီး တချောင်ရှိတယ်။ တောင်ကမ်းပါးယံစောင်းမှာဆောက်ထား တာဆိုတော့မြေပြင်နဲ့အညီထပ်မှာသံဃာဆောင်တွေနဲ့ဆွမ်းစားဆောင်စသည်ပေါ့။တောင်ပေါ်ထပ်မှာကတော့ သိမ်တို့ ပိဋ ကတ် တိုက်တို့ကမ္မဌာန်းဆောင်တို့ပေါ့။အဲတရားနာပရိသတ်နှစ်ထောင်ကျော်ဆံ့ တဲ့၊ သို့မဟုတ်သံဃာအပါးငါးရာလောက် စာဖြေနိုင်တဲ့ မှန်စီရွှေချဓမ္မာရုံကြီးလဲရှိ တယ်။ မလျှောက်ရပါဘူး။ ကလေးသူငယ ်တွေရဲ့ပညာသင်ကြားရေးအတွက်နေရာအခက်အခဲတွေ့နေကြတယ်သတင်းကြား တော့ဆရာတော်ဘုရားကြီးဦးဉာဏောဘာ သာဘိဝံသကကျုပ်တို့ လေးလေးဘိုနဲ့ ကျောင်းအုပ်ဆရာကြီးဟောင်းဦးမင်းဟန်ကိုတနေ့ခေါ်တွေ့ပြီးဓမ္မာရုံကြီးမှာယာယီ ကျောင်းဖွင့်ခွင့်ပြုလိုက်ပါတယ်။    ဆိုတော့ကာ…သီတင်းကျွတ်လထုံးစံ ကျောင်းပိတ်ရက်တွေလွန်တော့ကျုပ်တို့တတွေကျောင်းသားဖြစ်ကြပေါ့။ကျောင်းကြီးကခန့်မှန်းပြောရရင်ကြက်တောင်ရိုက်ကွင်းခြောက်ကွင်းသာလောက်ကိုကျယ်ပါတယ်။
ဒါပေမယ့်အခန်းဖွဲ့ကာထားတာမရှိ၊ခန်းမကျယ်ကြီးပေါ့။ပရိဘောဂလဲမရှိသေးတော့ မှန်ကြည့်လို့ရနိုင်လောက်အောင် ပြောင် လက်နေတဲ့ ကျွန်းလျှာထိုးကြမ်းပြင်ကြီး ပေါ်မှာပဲထိုင်ကြရတာပေါ့။နောက်တဖြေး ဖြေးနဲ့တော့အတန်းတိုင်းအတွက် သစ်သား ကျောက်သင်ပုန်းကြီးတွေရလာပါတယ်။စစ်ကြည့်တော့ အရည်အချင်းအလိုက်လဲ အတန်းငါးတန်းခွဲသင်ပြပါတယ်။လုံးဝ ကျောင်းမနေဖူးသေးတဲ့ကလေးတွေကတတန်းသပ်သပ်ပေါ့။ ကျုပ်မှတ်မိသ လောက်တော့ ၁+၂+၃ကတတန်း၊၄+၅+၆ ကတတန်း၊ရနဲ့၈ကတတန်းနဲ့၉+၁ဝက တတန်းအောက်မေ့တာပဲ။အဲ နောက်နှစ်လသုံးလကြာလာတော့ထင်ပါရဲ့။အစတုန်းကလိုကြမ်းပေါ်မှာစာအုပ်ချပြီးကုန်းရေးစရာမလိုတော့ပါဘူး၊တင်ရေးစရာခုံတန်းရှည်ကလေးတွေလုပ်လှူကြတဲ့အလှူရှင်တွေပေါ်လာပါတယ်။ကျုပ်ကတော့စစ်မဖြစ်ခင်ကလည်းငါးတန်း၊ ခုပြန်တတ်တော့လဲငါး တန်းမှာပဲနေရပါတယ်။ ကျုပ်အမေက ‘ကျောင်းဆရာမရဲ့သား စာမလိုက်နိုင်ရင် သိက္ခာကျမယ်’ဆိုပြီး အတန်းတက်မ ထားပါဘူး။   ကျုပ်မှတ်မိသေးတယ်။ကျုပ်နဲ့အတန်း ဖေါ်သိန်းအောင်ဆိုတဲ့ကောင်က တနေ့အင်္ဂ လိပ်စာရာမကိုထမေးတယ်။ာ.သ.အ.့.န.မ မိုးသားဆိုတာဘာလဲဆရာမတဲ့။တတန်း လုံးရော တကျောင်းလုံးရော ပွဲကျသွားပါ တယ်။အဲသည်ကောင်နောင်အခါကြီးလာ တော့ ဟံသာဝတီခရိုင် စက်ရှင်တရားသူ ကြီး ဗြ.ှ.ူ.ြ.ှ.ှ ဖြစ်တယ်။ အဲသည် တုန်းကအတန်းဖေါ်ပဲ။ကြည်ညွန့်ဆိုတဲ့ ကောင် နောင်အခါ စစ်ဗိုလ်ကြီးဖြစ်ပြီး သာ သနာရေးဝန်ကြီးဌာနဝန်ကြီးဖြစ်တယ်။ အဲ သည်တုန်းကအတန်းဖေါ်ပဲအမြဲတန်းပြုံး ချိုနေတတ်တဲ့မောင်စိုးဆိုတဲ့ကောင်နောင်အခါကွန်မြူနစ်ဖြစ်၊တောခိုပြီးတောထဲမှာပဲကိုက်ပွဲကျသလား၊ငှက်ဖျားမိသေသလား မသိ၊သတင်းအစအနပျောက်သွားတယ်။ ကျုပ်မှတ်မိသမျှ ကျောင်းနေဘက်တွေကို ပြောပြတာပါ။ကျန်တာတွေတော့နောင်တနှစ်မှာစစ်ကိုင်းမြို့ထဲကိုကျောင်းပြောင်း၊ ကျုပ်တို့လဲမန္တလေးပြန်ပြောင်းနဲ့လူချင်းလဲကွဲကုန်ကြရလို့မေ့ကုန်ပါပြီ။    ဆိုတော့ကာ ပြောစရာကကျုပ်တို့မေမေ ကြီးကြီးအကြောင်းပဲကျန်ပါတော့တယ်။နော့…ကျုပ်တို့မိသားစုကြီးထဲမှာ ထူးခြား ပြောင်းလဲနေတာကသူတယောက်ပဲရှိတာကို။စစ်မဖြစ်ခင်တုန်းက လင်နဲ့သားနဲ့ အိမ် ထောင်ပြည့်။ လူလဲအကောင်းပြကတေ့။ ဟောစစ်မီးလဲငြိမ်းရော။နေရပ်ဟောင်းကိုပြန်ပြောင်းကြမယ်ဆိုတော့အနားမှာယောက်ျားလဲမရှိတော့ဘူး။သူ့ဆရာကြင်လဲစူဠလိပ်၊တခါတည်းပြန်ပေါ်မလာတော့ဘူး။ မေမေကြီးကြီးလဲ မျက်စိလုံးဝမမြင်တော့ ဘူး။ဘယ်လိုဖြစ်သွားရတာလဲဆိုတော့စစ် ကိုင်းတောင်ရိုးက ငလျင်ကြောကျောက် တောင်မဟုတ်လား။အောက်ကပူတာပေါ့။သည်အထဲများသောအားဖြင့်ဖိနပ်ကလဲမ စီးဖြစ်တော့ကျောက်ပူမိကျောက်ခိုးရိုက် တာနေမှာပေါ့။ လူတိုင်းလဲသူ့လိုစီးလိုက် ချွတ်လိုက်နေကြရတာပါပဲ။ ဘာကြောင့် သူ့ကျမှရွေးဖြစ်ရသလဲဆိုတော ့ဝဋ်နာကံနာ လို့ပဲလူမတန်ပြောရမလားမသိပါဘူး။သူ့ ကျမှခြေဖဝါးတွေခြေဖနောင့်တွေကပပ် ကြားတွေအက်ပြီးကွဲကုန်သတဲ့လေ။အဲဒါ ကိုအရှေ့တောကလယ်သူမကောက်စိုက်သမတွေခြေထောက်ဝဲစားတော့ကုလေ့ရှိ ကြတဲ့ဇာတ်ကြမ်းတိုက်ဆေးမြီးတိုနဲ့ကုသ တဲ့။ ကျောက်ပြင်ဖင်မှာ ရေနံချေးနဲ့ဆားကို ကျိတ်သွေးပြီး ခြေဖဝါးပပ်ကြားအက်တွေ ထဲထည့်သတဲ့။ထွန့်ထွန့်လူးပေါ့။ ခံရတဲ့ ဝေ ဒနာက မျက်ရည်ပေါက်ကြီးငယ်တွေကျ၊  မသက်သာလှဘူး။ ဒါပေမယ့်ပျောက်သ လားဆိုတော့၊ဟုတ်နိုးနိုးငုပ်လျှိုးသွားတာ နေမှာပေါ့။လမ်းတော့ပြန်လျှောက်လာနိုင် ပါရဲ့။ဒါပေမယ့်အထက်တက်မျက်စိလာခိုက်ပြီး၊မှုန်ရာကဝါး…ဝါးရာကနေတ ဖြေးဖြေးနဲ့လုံးဝကွယ်သွားရတော့တာပါ ပဲ။အင်း…ကံကွက်ကျားပြီးသူ့မှရွေးဖြစ်ရလေတော့၊ ဒွေးရော ဥပါဒ်ရောဆိုသလို ကျုပ်တို့မေမေကြီးကြီးလဲစိတ်ပါခပ်နောက်နောက်ဖြစ်သွားတော့တာပါပဲ။အရင်ကဓမ္မစကြာတွေပဌာန်းတွေသာအစဉ်ရွတ်ဆို လေ့ရှိတဲ့ကလျာဏယုဝပါးစပ်…ခုတော့ ငယ်တုန်းကကြည့်ဖူးထားတဲ့ဇာတ်ပွဲတွေထဲကသီချင်းတွေချည့်သံနေသံထားနဲ့ပြန်ဆိုနေတော့တာပါပဲ။ကျုပ်အဖို့ကတော့…ဒုတ်ဆွဲတွဲပို့တွဲခေါ်နဲ့ဆေးပြင်းလိပ်မီးခဏခဏညှိပေးရကျိုးနပ်ပါတယ်။ ရှေးဇာတ် သီချင်းပေါင်းချုပ်စာအုပ်ကြီးအပိုင်ရထားလိုက်သလိုပါပဲ၊အရှုံးထဲကအမြတ်ပြောပါတော့။   ဆိုတော့ကာ…ဇာတ်လမ်းကိုချုပ်ရရင်မေမေကြီးကြီးလဲခုတော့ဘယ်ရှိပါတော့မလဲ။မေမေကြီးကြီးမပြောပါနဲ့၊ ကျုပ်အမေ့ မျိုးဆက်လဲတမျိုးဆက်လုံးဆုံးကုန်ကြပါ ပြီ။ကျုပ်တို့နို့စို့ဖက်မောင်နှမသုံးယောက်ထဲကတောင်စိန်မေတယောက်ပြုတ်နှင့်ပြီ။ ‘စန်းငွေ’နဲ့ကျုပ်ပဲကျန်တော့တယ်။ အမယ် ကျုပ်တောင် မြစ်တယောကရနေပြီ။ မြစ်မ ကလေးကို သူ့အဖွါး ကျုပ်သမီး’အိမ့်’က ကျုပ်နာမည် ပေးနည်းအတိုင်းလိုက်ပြီးတ လုံးတည်းပေးထားတယ်၊တနင်္လာသမီး မို့…’ခ’တဲ့။သူမသိဘူးရယ်။’ခ’ဆိုတာ သူမမှီလိုက် မတွေ့ဖူးလိုက်ရတဲ့ကျုပ်တို့ မေမေကြီးကြီးရဲ့နာမည်။ မေမေကြီးကြီးရဲ့ ငယ်နာမည်က’မခ’…။ ကြီးလာတော့ ‘ဒေါ်ခ’…ပေါ့။

မောင်သာရ

မှတ်ချက်။   ။ မန္တလေးဂေဇက်ဒီဇင်ဘာလထုတ်၂၀၀၉)တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
သရုပ်ဖေါ်ပုံကို ပန်းချီသန်းဌေးမောင်မှ ရေးဆွဲပါသည်။

ကူးယူအသုံးပြုလိုသူများ မန္တလေးဂေဇက်သို ့ရည်ညွှန်းပေးကြစေလိုသည်။ ကောမန် ့(မှတ်ချက်)များလည်း ရေးပေးကြစေလိုပါသည်။ ဆရာကြီးအား အကြောင်းကြားပေးပါမည်။