မီးအိမ်ရှင် (သို့) နှလုံးသားတစ်ခု၏ အသက်ဝိညာဉ်
မီးအိမ်ရှင် (သို့) နှလုံးသားတစ်ခု၏ အသက်ဝိညာဉ်
မီးအိမ်ရှင်..
ကျုပ်ရဲ့ Online Fri တစ်ယောက်ပါ…။ Fwd Mail ထဲမှာ ဒီ Nick Name လေးတွေ့တော့ ကျုပ်ရင်ဘတ်ထဲ စူးကနဲဖြစ်သွားတယ်…။ ရင်ခုန်တာ မဟုတ်ဘူးနော်…
တစ်ခုခုပဲ…ဘယ်လိုပြောရမလဲ… မသိစိတ်ရဲ စေ့ဆော်မှုလို့ပြောရမလားပဲ…ခံစားဖူးတဲ့သူတွေသိလိမ့်မယ်… ကျုပ်စိတ်ထဲမှာတော့ အင်း…ငါဖူးစာရှင်များလားပေါ့... ဟီးးး…ကျုပ် Invite လုပ်လိုက်တယ်…ကျားလား မ လား ကျုပ်မသိဘူးနော်… ကြိုပြောထားတာ…အဟဲ…စိတ်ထဲကေတာ့ ဆုတောင်းတယ်လေ… မ, ချောချောလေးဖြစ်ပါစေပေါ့..။
ဟိုင်း…
ဟိုင်း…
နေကောင်းလား….
ကောင်းသားပဲ.. ငါ့ကို သိလို့လား…
သိပါဘူး…စိတ်ဝင်စားလို့…
ဟာ ဟ… အထီးမှန်း အမ မှန်းမသိ ..ပလိန်းကြီး Q နေပါလား…
No, No.. မင်းရဲ Nickname ကို စိတ်ဝင်စားတာ.. ငါ့ကို Fri မလား…
Ok လေ…
မင်းရဲ့ asl ပြောပြပါလား..
ဟိတ်. ဒါတော့ ၇ဝူးကွ…
ကောင်ပြီလေ…C U နော်…
Ok, C U…
နောက်တစ်နေ့…
မင်းက ကိုရင်ဆိုတော့ Boy ပေါ့…
်အင်း… ငါက Boy , ၂၇… ကိုယ်ကိုကိုယ် ရိုးသားရင် မပြောရဲစရာမရှိဘူး…မင်းသာ တခုခု ချို့ယွင်းနေလို့ မပြောရဲတာပေါ့…
(မီးအိမ်ရှင် ဘာမှပြန်မပြောဘူး)
ဟိတ်…
အင်း…သိပ်သိချင်နေလား….
မပြောလည်း ရပါတယ်…ဘာမှ မဖြစ်ဘူး
(တကယ်တော့ သိချင်တာပေါ့ နော)
ငါက Girl, ၂၅…
(အိုး…ဝမ်းသာလိုက်တာ… ဘာဆိုင်လို့လဲ နော်…အင်း ဆိုင်ချင်ဆိုင်လာမှာလေ…)
အဲဒီလိုနဲ့ ကျုပ်နဲ့ သူမ ညတိုင်းတွေ့ဖြစ်တယ်… သူ့အကြောင်း ကိုယ့်အကြောင်းတွေပြောပြတယ်…ေပြာပြတယ်ဆိုတာ Typing နော်…ကျုပ်က မင်းနဲ့ငါနဲ့ ပြောတယ်… သူကလည်း ကျုပ်လိုပဲပြောတယ်…မင်းနဲ့ ငါနဲ့….ကျုပ်တို့ရဲ့ ရင်းနှီးမှုက
တဖြည်းဖြည်းတိုးလာတယ် … ညတိုင်း တယောက်ကို တယောက်
မျှော်တတ်လာတယ်…သူနောက်ကျရင် ကျုပ်က တင်းတယ်… ကျုပ်နောက်ကျရင် သူက
စိတ်ကောက်တယ်…ဒီလိုနဲ့ ငါးလကျော်လာတယ်…မမြင်ဖူးသေးဘူး…စကားမပြောဖူးသေးဘူး…နှစ်ေယာက်လုံးက တွေ့ဖို့ .. ဓါတ်ပုံပေးဖို့ မတောင်းဆိုမိဘူး…ကျုပ်က စကားပြောချင်လို့
ခေါ်ရင်တော့ မကိုင်ဘူးဗျ… Con မကောင်းလို့…. မကြားရလို့ …. နဲ့
အမျိုးမျိုးအကြောင်းပြတယ်… ကြာတော့ ကျုပ်တင်းလာတယ်…တစ်နေ့…
နေစမ်းပါအုံး…မင်းက ငါခေါ်ရင် တစ်ခါမှမကိုင်ဘူး…ဘာသဘောလဲ…ငါနဲ့ စကားမပြောချင်တာလား…
အဲလို မဟုတ်ပါဘူးကွာ… ငါက ဘယ်သူနဲ့မှ စကားမပြောဖူးလို့ပါ…
ငါက မင်းသူငယ်ချင်းလေ… ခင်တာလည်း ၆လ လောက်ရှိပြီ…ဒါတောင် စကားပြောလို့မရဘူးလား…
မရဘူး…ငါ ဘယ်သူကိုမှ စကားမပြောဘူး…
ဒါဆိုလဲ ပြီးရောကွာ…ဒီလောက်ဖြစ်နေရအောင် မင်းက ရွှှေကွပ်ထားလို့လား… အ နေလို့လား…
အင်း…အ နေတယ်…
ပြီးရော…
(ကျုပ်တော်တော်ပေါက်သွားတယ်…ကျုပ်ကိုများ သူက ရွဲ့လို့…ချက်ချင်း Sign Out လုပ်လိုက်တယ်…)
…..
…..
ကိုရင် နေအုံးလေ…
နောက်နေ့ သူ msg တွေ့တယ်…ကျုပ် သူကို Block လုပ်ထားလိုက်တယ်…တပတ်လောက်တော့ ပစ်ထားလိုက်မယ်
၃ ရက်လောက်နေတော့ သူ Mail ရောက်နေတာတွေ့တယ်… ကျုပ် မဖတ်ဘူး…ဖတ်ချင်စိတ်မရှိဘူးေလ…နောက် ၂ ရက်လောက်နေမှ သတိရပြီး ဖတ်ကြည့်လိုက်တယ်…ဘာတွေများ လေပြေထိုးထားမလဲပေါ့…
ကိုရင်… နင် အရမ်းရက်စက်တယ်…၃ ရက်လုံး ငါ နင့်ကို စောင့်နေတယ်… နင်
လုံးဝပေါ်မလာဘူး… ငါ
အရမ်းဝမ်းနည်းတယ်…အရမ်းလည်းအားငယ်နေတယ်…အမှန်အတိုင်းပြော၇ရင် နင်နဲ့
အတူူရှိနေတဲ့ အချိန်တွေမှာ ငါလေ… ရင်ခုန်ရတယ်..ကြည်နူးရတယ်…
နင့်ဆီက အကြင်နာနဲက နွေးထွေးမှုကို ငါခံစားရတယ်…လောကဓံကို ရင်ဆိုင်ဖို့ ခွန်းအားတွေ နင့်ဆီက
ရဖူးတယ်…အဲဒီအတွက် နင့်ကိုငါ တကယ် ကျေးဇူးတင်ပါတယ်… နင် ငါနဲ့
စကားမပြောရလို့ စိတ်ဆိုးမယ်ဆိုရင်တော့ ငါ့ကို တသက်လုံးသာ
မုန်းလိုက်ပါတော့….ဘာဖြစ်လို့လဲဆိုတော့ ငါကလေ… ငါက… မွေးတည်းက
စကားမပြောတတ်တဲ့ အ အ တစ်ယောက်ဖြစ်နေလို့ပဲ…ကျိန်စာသင့်သူချင်းအတူတူ
မြွေကမှ လွတ်လွတ်လပ်လပ် သွားလာခွင့်ရသေးတယ်
တဲ့…ငါကလေ….ကိုယ့်အားနည်းချက်တစ်ခုကို လူတွေသိအောင်ထုတ်ပြဖို့ ငါ့မှာ
သတ္တိမရှိဘူးဟာ… လူဆိုတာ အားနည်းချက်ရှိရင် ဘယ်နေရာမှာပဲရပ်ရပ် သိမ်ငယ်မှုက
အရိပ်လို တွယ်ကပ်နေတတ်တာကိုး… ့
ငါ့ဘဝမှာလေ ယောကျင်္ားတွေနဲ့ ကင်းကင်းနေခဲ့တယ်… နင်နဲ့ကျမှ…
ငါဘယ်ယောကျင်္ားအတွက်နဲ့မှ မျက်ရည်မကျဘူးလို့ စိန်ခေါ်ထားတာ… ဒါပေမယ့် ငါ အခု ငိုနေတယ်လေ…နင်ကို
စိတ်ဆိုးလို့ မဟုတ်ပါဘူး… ငါဘာသာ အားငယ်ပြီး ဝမ်းနည်းပြီး ငိုမိတာပါ…
ရပါတယ်ဟာ… နင် ငါ့ကို မတွေ့ချင်မှတော့ ငါလည်း နင့်ကို ဘယ်တော့မှ
လာမတွေ့တော့ပါဘူး… ကိုရင် စိတ်ထဲမှာ မီးအိမ်ရှင်ဆိုတာ ဘယ်တုန်းကမှ
မသိဖူးဘူးလို့ပဲ သတ်မှတ်လိုက်ပါတော့…ကိုရင်
စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ…တသက်စာ နှုတ်ဆက်လိုက်ပါပြီ…
ဘယ်သူ့ကိုမှ စကားပြောခွင့်မရှိတဲ့…
မီးအိမ်ရှင်
(ကိုရင်… ငါ အားမရှိဘူးဟာ…တကယ်လို့များပေါ့လေ… နင့်ရင်ထဲမှာ မီးအိမ်ရှင် ဆိုတဲ့ အအ
မလေး တစ်ယောက်ကို ခင်နေသေးတယ်ဆိုရင်တော့ မနက်ဖန်လာခဲ့ပါ… ငါ
နင်မလာမချင်းစောင့်နေမယ်… သိပ်တော့လည်း မျှော်လင့်မထားပါဘူးလေ…)
သွားပြီဗျာ…ကျုပ် မှားသွားပြီ…မှားတာမှ တစ်ကြိမ်တည်းမဟုတ်ဘူး… ပထမ… သူ့ကို
ချောင်ပိတ်ပြီး ရိုက်ခဲ့တယ်… နောက် သူ့မေးလ်ကို Neglect
လုပ်ခဲ့တယ်…ပြီးတော့ သူချိန်းတဲ့နေ့ ကျုပ်
မသွားနိုင်ခဲ့ဘူး…သူကျုပ်ကို အထင်သေးသွားတော့မယ်…
မုန်းသွားတော့မယ်…အခုဆို သူမတစ်ယောက်တည်း အားငယ်နေတော့မယ်… ကျုပ်လည်း
တစ်သက်လုံး နောင်တရနေတော့မယ်….
သူများ ရောက်လာမလားဆိုပြီး နေ့တိုင်း နေ့မအိပ ညမအိပ် ကျုပ်စောင့်နေမိတယ်…သူကတော့ လုံးဝကို
ပေါ်မလာတော့ပါဘူး…အော်…အခုဆို မီးအိမ်ရှင်ကို မတွေ့ရတာ
သုံးလတောင်ကျော်သွားပြီလေ…
မီးအိမ်ရှင် … မင်းပြတ်သားလွန်းတယ်…ငါ့အမှားတွေကို ဝန်ခံချင်လို့ပါ.. ပြီးတော့ မင်းကို…..
ဒီ Post လေးကိုဖတ်မိရင် ငါ့ကိုခွင့်လွှတ်တယ်ဆိုရင် ကျေးဇူးပြုပြီး ငါ့ဆီကိုပြန်လာခဲ့ပါ….မင်းမလာမချင်း ငါစောင့်နေပါ့မယ်…
(ကျုပ်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ… မီးအိမ်ရှင်ကိုတွေ့ရင် ကျေးဇူးပြုပြီး
ပြောပေးကြပါ… ကျုပ် သူကို မျှော်လင့်နေပါတယ် လို့…..)
Eth counts in its own way,
သတ္တဝါအပေါင်းတို့သည် ကံတရား၏အလိုအတိုင်းသာ ဖြစ်ကြကုန်၏။ ။
တောက ကိုရင်
(မရွှေအိနဲ့ ကိုရဲတေဇာအတွက် ဟိုတုန်းက ကိုရင်ရေးထားတာလေး တင်ပေးလိုက်ပါတယ်…
သီးခံပြီး ဖတ်ပေးကြပါ…)
2 comments
မီးမီး သော်
September 7, 2011 at 11:04 pm
ဟိ ဟိ။ကိုရင့် မလဲ ဇာတ်လမ်းလေးတွေနဲ ့ပါလားနော်။တွေ ့မယ်ဆိုရင်တော့ပြောပေးဖို ့
မဖြစ်နိုင်ပါဘူး—-
စနေတာဆို–
ပြောဖို ့ဖြစ်နိုင်ရင် ပြောပေးပေါ့မယ်လေ နော်
Shwe Ei
September 9, 2011 at 9:23 am
ကိုရင်ရေ ကွန်နက်ရှင်ဖျက်နေလို့ မန့်တာနောက်ကျသွားတယ်။ ကိုရင်ရဲ့ ဖြစ်ရပ်မှန်ဆိုရင်တော့ ဝမ်းနည်းစရာဇာတ်လမ်းလေး ဖြစ်နေတဲ့အတွက် စိတ်မကောင်းပါဘူးဘဲ ပြောရတော့မှာ။ အရေးအသားကောင်းပါတယ်။ ဆက်ရေးပါအုံး။