စားကြဦးမလား
မိုးစက် ၁ဝတန်းဖြေပြီးကာစ အန်တီလေးရှိတဲ့ ကရင်ပြည်နယ်ထဲကရွာလေးတစ်ရွာကို သွားလည်ဖူးပါတယ်။ တော်တော်ကိုခေါင်တဲ့ရွာလေးပါ။ အန်တီလေးက အဲဒီရွာရဲ့မူလတန်းကျောင်းလေးမှာ ဆရာမတာဝန်ကျပါတယ်။ အဲဒီကျောင်းမှာဆရာမက အန်တီလေးပါမှ ၂ယောက်တည်းရှိပြီး ကျောင်းသားက သူငယ်တန်းကနေ ၄တန်းထိ ၅ဝကျော်ရှိပါတယ်။ မိုးစက်ရောက်သွားတဲ့အချိန်မှာ ရွာခံဆရာမကမီးဖွားခွင့်ယူထားလို့ အန်တီလေးတစ်ယောက်တည်း ၅ခန်းလုံးကိုသင်နေရပါတယ်။ အန်တီလေးအကူအညီတောင်းလို့ မိုးစက်လဲလုပ်အားပေးဆရာမဝင်လုပ်ရပါတယ်။
အိမ်နဲ့ကျောင်းကမဝေးပေမယ့် ဆရာမမရှိလျှင်မရှိသလို သောင်းကျန်းကြသောကလေးများကြောင့် နေ့လည်စာ ကိုတော့ချိုင့်နဲ့ယူပြီး ကျောင်းမှာပဲစားဖြစ်ပါတယ်။ တစ်ရက် နေ့လည်စာစားတဲ့အချိန်မှာ ကလေးတစ်ယောက်က သူ့ရဲ့ထမင်းချိုင့်လေး(စစ်သားတွေသုံးတဲ့ ဟန်းကော)ယူပြီးမိုးစက်ရှေ့မှာလာရပ်ပြီးတော့ ‘ဆရာမ ငါ့ဟင်းယူစား’ လို့ပြောပါတယ်။ အန်တီလေးနဲ့ မိုးစက် ဘယ်လိုသင်သင် နင်ငါဟူသောအသုံးကိုနှုတ်ကျိုးနေသောကလေးများမှာ တော်ရုံနဲ့ပြင်လို့မရကြ။ ‘တော်ပြီသမီးရဲ့ ဆရာမမှာဟင်းတွေအများကြီးပါတယ်’ လို့ပြောလဲမရပါ၊ သူ့ချိုင့်လေးကို အတင်း ထိုးပေးပါတယ်။ ဒါနဲ့မိုးစက်လည်း သူကျေနပ်အောင်ချိုင့်လေးကိုယူကြည့်လိုက်တော့ အပေါ်ကန့်လေးမှာ ငပိရည်ကျဲကျဲ၊ အောက်အကန့်ထဲမှာ ကြွက်ပေါက်စနီတာရဲလေးတွေ လှုပ်စိလှုပ်စိနဲ့။ မိုးစက်လည်း ကိုယ့်ကိုစတယ်ထင်ပြီး တော်တော်စိတ်တိုသွားပါတယ်။ ဒါပေမယ့်သူ့ကိုကြည့်လိုက်တော့ ပကတိမျက်နှာသေလေးနဲ့။ ဘေးကကလေး တစ်ယောက်က ‘ဆရာမနင်ကြွက်မစားဘူးလား စားကြည့်ကောင်းတယ်’ တဲ့၊ ‘ဘုရားရေ ဒီကြွက်အရှင်ကို’ လို့မေးတော့ ဟုတ်တယ်တဲ့။ ပြီးတော့ကြွက်ပေါက်စကို အမြီးကကိုင် ငပိရည်ထဲနှစ်ပြီးပါးစပ်ထဲထည့်လိုက်ပါတယ်။ မိုးစက် သူ့ကိုမကြည့်ရဲတော့ ရင်ထဲပျို့တက်လာကာ ထိုနေ့အဖို့ထမင်းမစားနိုင်တော့ပါ။
နောက်တစ်ခါကျတော့ ကလေးတစ်ယောက်က ဘာမပြောညာမပြောနဲ့ သူ့ဟင်းကို မိုးစက်ချိုင့်ထဲခပ်ထည့် လိုက်ပါတယ်။ မိုးစက်လဲလန့်သွားပြီး ‘ဘာဟင်းလဲသမီးရဲ့’ လို့မေးတော့ ငရှဉ့်တဲ့၊ ငါတို့ရွာထိပ်က သချင်္ိုင်းမှာ အများကြီးပဲတဲ့။ မိုးစက် ၂ဇွန်းလောက်ပဲခပ်ရသေးတဲ့ ထမင်းချိုင့်ကိုကြည့်ပြီး သူတို့မသိအောင်သွားသွန်လိုက်ရပါတယ်။ ဆရာမတွေအပေါ် အလွန်ချစ်ကြတဲ့ကလေးတွေပါ။ သူတို့စိတ်မကောင်းဖြစ်မှာလည်း စိုးပါတယ်။ သူတို့လေးတွေက ဆရာမနဲ့မှအတူတူစားချင် ကြတာလေ။ နောက်ရှိသေးတယ် ဖားပေါင်စင်းလို့ခေါ်တဲ့ ဖားသေးသေးကားကားလေးတွေနဲ့ ချက်ထားတဲ့ချဉ်ပေါင်ဟင်းတို့၊ အဲဒီရွာကရခဲ့တဲ့ menu အသစ်တွေနဲ့ ဒီရွာထဲမှာ မိုးစက်ထမင်းဆိုင်ဖွင့်မလို့စဉ်းစားနေတာ အားပေးကြမှာလား 😛 ကျောင်းတက်ဖို့ မိုးစက်ရန်ကုန်ပြန်တော့ ဂျိုင်းတံတားမှာ ကြွက်ပေါက်စတွေကို ဗန်းထဲမှာအများကြီး ထည့်ရောင်းနေတာ တွေ့ခဲ့ရပါတယ်။ အခုတော့အန်တီလေးလဲ မြို့ပေါ်ရောက်သွားပါပြီ။ ကရင်ပြည်နယ်ထဲမှတော့ မထွက်နိုင်သေးပါ။ တစ်ခါတစ်ရံ ထိုရွာလေးနှင့်ကလေးများကိုတော့ လွမ်းမိပါသည်။
28 comments
MaMa
September 8, 2011 at 1:45 pm
စစ်တောင်းစက္ကူစက်ကို နွေရာသီ ကျောင်းပိတ်ရက် စက်ရုံဆင်းတော့ အားတဲ့အချိန်တွေမှာ အဲဒီမှာ အလုပ်လုပ်နေတဲ့ အရာရှိတွေအိမ် သွားလည်တယ်။ အဲဒီမှာ အနေကြာနေပြီဖြစ်တဲ့ အရာရှိတွေက ဒေသထွက် ပုရစ်ကြော်နဲ့ ဧည့်ခံကြတယ်။ မစားရဲဘူးပြောတော့ သူတို့လည်း စစရောက်တုန်းက မစားရဲဘူး ခုတော့လည်း အရသာတွေ့နေပြီတဲ့။
kai
September 8, 2011 at 2:04 pm
တခြားသူတွေတော့ မသိ.. ကျုပ်ကတော့ အားပေးတယ်ဗျို့..
အဲဒီလို ထူးထူးဆန်းဆန်း အကောင်ဗလောင်တွေစားသောက်နေတဲ့ ဓါတ်ပုံလေးတွေလည်း…ကြည့်ချင်ပါတယ်..။
တခါတလေ..ရုံးမှာ..စကားလက်ဆုံပြောရင်.. တခြားနိုင်ငံသားတွေက.. သူတို့ဆီကအံ့ဖွယ်အကောင်ဗလောင်စားသောက်ပုံတွေအကြောင်းပြောကြတာ.. ။
အခုလို.. ကြွက်ပေါက်စကို..ငပိရည်နဲ့အရှင်အတိုင်းတို့စားတဲ့အကြောင်းပြောပြဦးမှ…. 🙂
Moe Z
September 11, 2011 at 8:55 am
်မိုးစက်အသိ ချင်းလူမျိုးဦးလေးကြီးတစ်ယောက်ပြောပြတာတော့ သူတို့ဆီမှာတီကောင်တွေကို စားကြတယ်တဲ့..မိုးကြိုးတီကောင်လို့ခေါ်တဲ့ လက်သန်းလုံးလောက်အကောင်တွေ..
အဲဒါတွေကိုသူတို့က တစ်ညလုံးရေစိမ်လိုက်တော့အထဲကမြေကြီးတွေထွက်သွားပြီး အဖြူရောင်ဖြစ်သွားတယ် ပြီးရင်ပြုတ်ပြီးသုတ်စားတယ်တဲ့ ..
Foreign Resident
September 18, 2011 at 9:37 pm
By the way, I saw in China,
It is quite normal to eat Scorpions, Star Fishes, Sea Horse & etc ( alive or light grill ).
Those were sold in Night Bazaar & a lot of ladies even eat this.
If I have a chance I will post this photos.
kai
September 19, 2011 at 12:30 am
FR တယောက်ပြန်ရောက်ပြီပေါ့…။ အဆင်ပြေ..နေကောင်းကျမ်းမာရှိနေမယ် ထင်ပါတယ်.။
တရုတ်ပြည်ကို.. အနောက်နိုင်ငံကမြန်မာအမြင်နဲ့.. မွှေပြပါဦး.. နော။
စောင့်ဖတ်နေမယ်..။ 🙂
Foreign Resident
September 19, 2011 at 4:00 am
Thanks Kai,
I will try. 🙂
I took more than 2400 photos of China
nature
September 9, 2011 at 12:22 am
ဘုရား၊ဘုရား ကြွက်နီတာရဲကို အရှင်စားတယ်တဲ့။ ငရှဉ့်ကတော့ဘာပဲပြောပြော စားကောင်းသေးတယ်။
Moe Z
September 9, 2011 at 10:25 am
ငရှဉ့်ဆိုပေမယ့် သချင်္ိုင်းကငရှဉ့်လေ..စားမှာပဲလား 🙂
နွယ်ပင်
September 9, 2011 at 11:09 am
ငရှဉ့်က ဈေးမှာရောင်းတာပဲ ဝယ်ရတာဆိုတော့ ဘယ်ကဖမ်းလာသလဲတော့ မသိဘူး
နွယ်ပင်ကတော့ မစားပင်မယ့် တစ်ယောက်သော သူကကြိုက်တဲ့ အတွက် ခဏခဏ ဝယ်ချက်ဖြစ်တယ် ။ နောက်တစ်ခါ ဈေးကဝယ်ရင် ဘယ်က ဖမ်းလာတာလဲလို့ မေးဦးမှ 🙂
pan pan
September 9, 2011 at 11:37 am
မွေးမြူတဲ့ငါးရှဉ့်တွေရှိသလို
အိမ်ရှေ့မြောင်းထဲကဖမ်းတဲ့ ငါးရှဉ့်လည်း ရှိပါတယ်
ချက်တော့မစားရဲဘူး
ငါးရှဉ့်ကြောက်လို့
ချက်ပြီးသားဆို စားချင်တယ် 😛 😀
etone
September 9, 2011 at 2:29 pm
ငါးရှဉ့်တွေကလေ .. အထူးတလည် မွေးစရာမလိုပဲ .. သူ့အလိုလို ပေါက်ဖွားကြီးပြင်းတယ်ထင်ပါရဲ့ .. ဝင်ဒါမီယာထဲမှာ နေတဲ့ သူငယ်ချင်းတစ်ယောက် … နိုင်ငံခြားကိုပြောင်းမယ်ဆိုတော့ .. သူတို့ အိမ်ရော ခြံရော ရှင်းကြတာ … ကွန်ကရစ်နဲ့ လုပ်ထားတဲ့ အိမ်ဘေးက မြောင်းကျဥ်းလေးထဲမှာ … နည်းနည်းနောနောမဟုတ်ဘူး … ငါးရှဉ် ့တွေ … ။ အဲ့ဒီမြောင်းဆိုတာကလည်း …အ ိမ်ထဲက ရေထွက်ပဲရှိတယ်.. သူ့ထဲ ရေအဝင်မရှိဘူး .. အမြင့်မှာမို့ လေ .. ။
မြင်ရတာ အတော်တောင် အံ့ဩသွားတယ် .. များလိုက်တဲ့ ငါးရှဉ့်တွေ .. 🙄
nature
September 9, 2011 at 8:19 pm
ဟော်တယ်မှာချက်တဲ့ ဈေးကြီးပေးနေရတဲ့ ငရှဥ့်ဟင်းက ငရှဥ့်တွေကရော သချိုင်္င်းက မလာဘူးဆိုတာ ဘယ်သူအာမခံနိုင်မလဲ။
pan pan
September 9, 2011 at 8:45 am
ဟိုတလောကလည်း တီဗွီမှာကြည့်လိုက်ရသေးတယ်
အင်ဒိုမှာ ပင့်ကူကြော်တဲ့
အရမ်းကောင်းတယ်ဆိုပဲ
ကြောင်ကြီး
September 9, 2011 at 10:49 am
တခါတလေကြတော့လည်း စဉ်းစားမိတယ်၊ ဒုက္ခသုက္ခပေါင်းစုံနဲ့ နေရတာတောင် ကျနော်တို့တတွေ အကုသိုလ်တွေ မစွန့်နိုင်၊ မဆင်ခြင်နိုင်ကြဘူးနော်။ ေဩာ်လူတွေ လူတွေ… (ရှုံ့ချပြစ်တင်ခြင်း သဘောမျိုး မဟုတ်ရပါ)
pan pan
September 9, 2011 at 11:05 am
ဦးကြောင်ကြီး အဲဒီကရင်ရွာမှာ သွားနေသင့်တယ်
ကြွက်ပေါက်စလေးတွေဆို ဦးကြောင်ကြိုက်မှာ….
etone
September 9, 2011 at 2:44 pm
Moe Z ရေ .. ဖတ်ပြီး အတော် အံ့ဩမိသလို …. ရင်ထဲတောင် သိပ်မကောင်းချင်တော့ဘူး … ။ အန်ချင်မိတယ် 😡
ကြွက်သေးသေးလေးတွေခမျာ ဘယ်လောက် ဒုက္ခရောက်လိုက်မလဲနော် … ။ ဒီကလေးတွေများ လူကြီးတွေဆီက မကောင်းတဲ့ အကျင့်ဆုးိတွေ ကပ်ပါလာတယ် … ။အသားဒီလောက်ပဲ စားချင်ကြသလားနော် … နောက်ပိုင်း အသားတွေ ရှားပါလာလျှင် … လူသားတောင် စားကြဦးမှာလား … 🙁
Moe Z
September 9, 2011 at 2:55 pm
ဟုတ်တယ်မမအိတုံ..မိုးစက်လည်းကိုယ်တွေ့မို့လို့..သူများပြောရင်ယုံချင်မှယုံမှာ..
လူသားစားတာတော့ ကြားဖူးတယ်..သူများပြောတာ..
ဟုတ်မဟုတ်တော့မသိဘူး
Mr. MarGa
September 11, 2011 at 4:26 pm
သူတို.ဆီမှာစားစရာရှားတယ်ထင်တယ်။
ရိုးရာလို.ပဲယူဆရမှာပေါ့
chitlay
September 9, 2011 at 3:11 pm
အောင်မငှီးးးးးးး ဖတ်ပြီးတော့ ပျို့ချင်သလိုလို အန်ချင်သလိုလိုတောင် ဖြစ်လာပြီ … 🙁
အသဲယားစရာကြီး ကြက်သီးတွေတောင်ထတယ်။ ကြွက်အရှင်က မသေဘဲ ပါးစပ်ထဲမှာ ရွစိရွစိလုပ်နေမှဖြင့် မတွေးဝံ့စရာပဲ။
Solomon
September 9, 2011 at 3:45 pm
စေတနာနဲ့ ကြွေးတာ ပဲ မေတ္တာပြ တဲ့ အနေ နဲ့ ကိုယ်လဲ ပြန် စားပြရမှာပေါ့၊ နော့..
nature
September 9, 2011 at 8:50 pm
ငထွေငါးတွေကပိုဆိုးသေးတယ်။ ဖမ်မိပြီး ကြိုးချည်ပြီးရေထဲပြန်လွှတ်ထားလိုက်တာ စားခါနီးပြန်ဖမ်းတော့ ငါး ပါစပ်ထဲမှာ ချီးတွေ။
ဆူး
September 9, 2011 at 10:55 pm
ငါးရှဉ့်တွေက အပုပ် သိပ်ကြိုက်တယ် ပြောတယ်။
ငါးရှဉ့်တွင်းမှာ ခွေးသေကောင်ပုတ်တွေ ထားလိုက်ရင် ခဏလေးပဲ ကုန်ရောတဲ့..
အဲဒီ ကောင်တွေ ရှိတဲ့ တွင်းထဲကို လမ်းသွားရင်းခွေးတွေ ဘာတွေ ခြေချော်ကျရင် အရိုးပဲကျန်တယ် ချက်ချင်းကို ကိုက်စားနိုင်တဲ့ သတ္တိရှိတယ်။
နောက်ပြီး သချင်္ု ိင်းတွေမှာတော့ လူတွေ မြုပ်ပြီးမကြဘူး သူတို့က မြေကြီးအောက်ကနေ တိုးပြီးတော့ အလောင်းရှိတဲ့ နေရာက အသားကို စားသောက်ကြတယ်။ မြေကြီးအောက်မှာ မိုင် ၅ဝ ပတ်လည်လောက် လှည့်ပတ် သွားလာ စားသောက်တတ်ကြတယ်။ အသားများများ စားရရင် များများကြီးထွားပြီး သန်မာကြတယ်။
ကလေးတွေကိုတော့ အရှင်လတ်လတ် စားသောက်တတ်တဲ့ ဓလေ့မျိုး မသင်ကြားပေးသင့်ဘူး။
အရှင်စားတဲ့ အကျင့်နဲ့ အစိမ်းစားတဲ့ အကျင့်က တော်တော် မကောင်းဘူး ဆိုးတယ်။
လူမှု ဆက်ဆံရေး စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အသက်ကြီးလာရင် ကြမ်းတမ်းသွားလိမ့်မယ်။
kai
September 9, 2011 at 11:23 pm
ရန်ကုန်ရောက်တုံး… စုံစမ်းမိသလောက်.. မြန်မာပြည်ငါးရှဉ့်က.. ၃မျိုးရှိတယ်..။
၁) သချ်ိ င်္ုင်းနဲ့.. မြောင်းပုပ်တွေမှာ ရှင်သန်တဲ့ ငါးရှဉ့်၊
၂) မြစ်ထဲက ရွံ ့စပ်စပ်တွေ(မြစ်ဝကျွန်းပေါ်)မှာ ရှင်သန်ကြီးထွားတဲ့ငါးရှဉ့်
၃) ပင်လယ်ထဲက ငါးရှဉ့် (ငါးလင်ဗန်း)
ထိုင်ဝမ်၊ တရုပ်၊ ဂျပန်တွေစားတဲ့ ငါးရှဉ့်က.. ငါးလင်ဗန်းပဲ..လို့ထင်တယ်..။ ဒါပေမဲ့.. တရုပ်ပြည်က အဝယ်များနေတာက.. မြစ်ဝကျွန်းပေါ်က.. ရွံ ့စပ်စပ်ရေစပ်စပ်က နံပါတ်၂ ငါးရှဉ့်လို့ထင်တယ်..။ ဖြစ်နိုင်ရင်.. တရုပ်ပြည်ကို.. နံပါတ်၁ များများပို့နိုင်အောင် လုပ်သင့်တယ်..။ အဲဒီအမျိုးအစားက အင်မတန် အသက်ပြင်းတယ်..။ စားလို့တော့ သိပ်မကောင်းဘူး..ပိုမာပြီး ပိုအရသာပြင်းတယ်..။
ကျုပ်ကတော့ နံပါတ် ၂ ငါးရှည့်ကို အကြိုက်ဆုံးပဲ.။ ဂျပန်၊ကိုရီးယားလိုတိုင်းပြည်ကို ဈေးကြီးတင်ပြီး ရောင်းသင့်တယ်.. ပိုဖြစ်နိုင်ရင်.. ကုန်ချော..အောက်က ပုံကလို.. process လုပ်ပြီးမှ တင်ပို့သင့်တယ်..။
Unagi Kabayaki 3-Pack
Product Number – 06523
Bin Number – FROZEN
Unagi kabayaki is a popular Japanese dish which consists of filleted eel, dipped in sweet soy sauce and then grilled. The dish is commonly served alongside rice, and the sweet soy sauce combined with the grilled flavors create a delicious taste and texture. One taste and you will understand why the Japanese love this dish so much.
Price: $29.95
MaMa
September 11, 2011 at 2:12 pm
ငါးရှဉ့်နဲ့ ငါးလင်ဗန်း မတူပါ။ ငါးမျိုးကွဲတွေ ဖြစ်ပါတယ်။ ငါးလင်ဗန်းက ငါးရှဉ့်ထက် အကောင်ပိုကြီးတယ်။ ငါးလင်ဗန်းလဲ တရုတ်လူမျိုးတွေ ကြိုက်ကြတယ်။ ဒါပေမယ့် နယ်စပ်ကနေ ဘော်ဒါထရိတ်ကနေတော့ ငါးရှဉ့်ပဲ သွားကြတယ်။ ဒီရောက်နေတဲ့ (အထည်ချုပ်လိုက) တရုတ်ဧည့်သည်တွေကတော့ စားသောက်ဆိုင်တွေ သွားရင် ငါးလင်ဗန်းမှာစားကြလေ့ရှိတယ်။
မီးမီး သော်
September 9, 2011 at 11:30 pm
မြန်မာပြည်မှာတော့ ကရင်လူမျိုးက နည်းနည်းတော့ အစားကြမ်းတယ်ပြောရမယ်ထင်တယ်နော်။ကရင်ကြီးတွေက ထမင်းစားပြီးရင်လက်သုတ်ပုဝါကိုရှာမနေတော့ဘဲ ပုဆိုးနဲ ့ရှင်းပစ်ကြတယ်လေ။မှတ်မှတ်ရရပါ ။
monmon
September 11, 2011 at 12:34 pm
မွန်မွန် လည်း ငါးရှဉ့်အရမ်းကြိုက်တာ..အချဉ်ဆီပြန်လေးဆို ရှယ်ပဲ…
ငါးရှဉ့်ကို ဖမ်းတာတော့မပြောတတ်ဘူး… ဟိုတလောက စာသင်တဲ့ အိမ်မှာ ရွာက ပို့လိုက်တဲ့ ငါးရှဉ့်ကို ချက်တယ်တဲ့… မွန်မွန်လည်း စားတာပေါ့…
ူစားပြီးခါမှ စားတာသာကောင်းတာတဲ့.. လုပ်တာကတော့ မလွယ်ဘူးတဲ့…
ငါးရှဉ့်တွေကို ပြာလူးပြီး သတ်ရတာဆိုပဲ… တပည့်မလေးဆို အိမ်က အရှင်ကြီးပေးလိုက်လို့ မဖြစ်မနေမို့လို့သာ လုပ်ရတာ ညဘက်ဆို အိပ်လို့တောင် မပျော်ဘူးတဲ့… တော်တော်ကြောက်တယ်တဲ့..
အောင်မယ်လေး.. မစားခင်ပြောတာမဟုတ်ဘူး.. စားပြီးမှ ပြန်အန်ထုတ်လို့လည်း မရ..
နောက်ပြီး ရှိသေးတယ်.. ဂဏန်း…
ဂဏန်းပါလာတယ်.. စားပါဦးတဲ့.. အရမ်းကောင်းတယ်တဲ့..
ဒီတစ်ခါတော့ ကြိုမေးလိုက်တယ်.. အရှင်လတ်လတ်ပြုတ်ထားတာမို့လားဆိုတော့… အရှင်ကို မပြုတ်လို့ ဘယ်လိုလုပ်မလဲတဲ့.. အဲဒါမှ ကောင်းတာတဲ့…
လုံးဝကို မစားတော့ဘူး…
မြို့ပေါ်မှာသာ ရေခဲရိုက်တာတို့.. ပံ့သကူသားတို့ စားရတာ… ဟိုးရွာတွေမှာဆိုရင် တိရစ္ဆာန်ဆို ကိုယ်တိုင်သတ်ပြီး စားကြတာ…
သူတို့ကတော့ ရိုးနေပြီဆိုပေမယ့်… မနေနိုင်ဘူး ပြောမိတယ်.. ဝဋ်ဆိုတာ တကယ်ရှိတယ်လို့….
ကြောင်ကြီး
September 11, 2011 at 12:45 pm
အဲသာပြောဒါပေါ့။ မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာကိုးကွယ် အခြေခံငါးပါးသီလထဲက ပါဏာတိပါတာကံ မလုံသူများတယ်။ တောမှာဆို မွန်မွန်ပြောသလို ဘဝကိုကြုံသလို ဖြတ်သန်းနေသူ အများကြီးပဲ။ သူတို့ပတ်ဝန်းကျင် အခြေအနေနဲ့ အပြစ်ပြောဖို့လည်းအခက်၊ ကိုယ်လည်းသူတို့နေရာမှာဆို သတ်ချင်သတ်မိမှာပဲပေါ့။ ဝယ်စားလို့မရ၊ ဝယ်ဖို့ပိုက်ဆံမှ မရှိတာ။ ရုပ်ဝါဒီသဂျီးက ပြောလိုက်ရင် မြန်မာတွေ မကြီးပွားတာ ဗုဒ္ဓဝါဒနောက် အလိုက်လွန်နေလို့နဲ့ ရမ်းသမ်းပြောသေတယ်။ တောရွာတွေမှာသွားကြည့် အရက်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ပွဲ၊ လောင်းကစားပွဲ အစုံရှိတယ်။ ဘုရားဟောအတိုင်း မလိုက်ဘဲ ကိုယ့်လှေကိုယ်ထိုး ပဲခူရောက်ရောက် ထိုးနေတဲ့သူကအများစု။ သူက အိမ်မှာဘုရားစင်ရှိ၊ လက်အုပ်ချီဘုရားရှိခိုး၊ ဘုန်းကြီးဆွမ်းလောင်း မြင်တာနဲ့ ဗုဒ္ဓဝါဒကြောင့် တိုင်းပြည်ပျက်တယ် ဇွတ်အုပ်တော့တာပဲ။ မှတ်ထားသဂျီးရေ ဘုရားဟောသလို ကိုယ့်အလုပ်ကိုယ်မလုပ် ကိုယ့်ဝတ္တရားကိုယ်မကျေပြွန်ကြလို့ ဆင်းရဲတွင်းနက်တာ..။ မှတ်လောက်သားလောက် သဂျီးကိုဝိုင်ဖဲ့ကြပါဗျို့…။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
September 19, 2011 at 3:41 am
ဒီတစ်ခါ ဦးကြောင်ကြီးကို ရာနှုန်းပြည့်ထောက်ခံတယ်ဗျာ။ မြန်မာတွေ ဆင်းရဲတွင်းနက်တာ အပျင်းကြီး တာရယ်။ အကြွားအဝါများတာရယ်၊ ချွေတာတာကို ရှက်စရာလို့မြင်တာရယ်။ မနာလိုစိတ်များတာရယ် အဲဒါတွေက အခြေခံ။