ချဉ်ပေါင်ဟင်းက.. ဗမာ့အော်ရီဂျင်နယ်မဟုတ်ဖူး

kaiSeptember 9, 20117min70549

တည့်တည့်ပဲ ခေါင်းစဉ်တပ်လိုက်တယ်… ချဉ်ပေါင်ဟင်းက.. ဗမာ့အော်ရီဂျင်နယ်မဟုတ်ဖူးခင်ဗျ..။

ပြီးခဲ့တဲ့ ၂ပါတ်က ကုလားဆိုင်( အိနိ္ဒယသားတွေဆိုင်) ဈေးဝယ်သွားရင်း.. အရွက်တွေကြားထဲ.. ချဉ်ပေါင်ရွက် အစည်းလိုက်ရောင်းနေတာမို့.. ဝယ်လာခဲ့တယ်..။

တပေါင်ကို ..၄ဒေါ်လာတဲ့..။ အဲဒါနာမည်မေးလာပြီး.. အင်တာနက်မွှေတာ.. သတင်းတွေ..ပုံတွေ..ရောင်းနေတဲ့ဆိုင်တွေ..တွေ့ရပါတယ်..။
ချဉ်ပေါင်ရွက်နာမယ်က.. Gongura တဲ့..
http://en.wikipedia.org/wiki/Gongura
အိနိ္ဒယဇာတိဆိုပါတယ်..။

ဟိုးအရင်က.. ကုလအတွင်းရေးမှုးချုပ်လုပ်တဲ့ ဦးသန့်က.. နယူးယောက်က သူ့အိမ်မှာ ချဉ်ပေါင်ပင်စိုက်.. စားတာဖတ်ခဲဖူးတယ်..။ ဆိုတော့.. ဗမာအော်ရီဂျင်နယ် ဟင်းတခုလို့ ထင်ခဲ့တာပေါ့..။

သိတော်မူကြတဲ့အတိုင်း.. ဗမာဟင်းစစ်စစ်ဆိုတာ ..တော်တော်ရှားတာကိုး..။

နောက်ပိုင်းနှစ်(လွန်ခဲ့တဲ့၁ဝနှစ်) လောက်ကစလို့တော့.. အယ်လ်အေမှာ ချဉ်ပေါင်ရွက်လတ်လတ်ဆပ်ဆပ်ရပါတယ်..။
ရန်ကုန်ကမျိုးစေ့သွင်းပြိး စိုက်ကြသလားတော့မသိ.. ပူတဲ့ရာသီ.. ဧပြီလောက်ကနေ.. စက်တင်ဘာကုန်အထိလောက်က.. အယ်လ်အေမြေမှာ ချဉ်ပေါင်စိုက်လို့ရတယ်..။

ကချင်တယောက်ကတော့.. အယ်လ်အေနဲ့ မိုင် ၂၀ဝကျော်လောက်နေရာမှာ.. ခြံနဲ့..ချဉ်ပေါင်စိုက်ရောင်းတယ် ကြားဖူးတယ်..။
ဖမ်းမားမားကက်ခေါ်တဲ့.. တနင်္ဂနွေဈေးနေ့တွေမှာ.. လမ်းသွယ်လမ်းပိ်တ်ပြိး လယ်သမားတွေ မြို့တက်ဈေးရောင်းကြတဲ့အထဲမှာ.. ချဉ်ပေါင်ရွက်တွေလည်း ပါလာတတ်တယ.်။။

မြန်မာတွှေ စောစောထ သွားဝယ်ကြတာပေါ့..။ အစည်းတော်တော်ကြိးကြိးမှ ၅ဒေါ်လာလောက်ပဲ..။

ဆိုတော့..
လက်ညောင်းတာနဲ့..စာရေးတာရပ်ပြိ..။
အောက်မှာ ချဉ်ပေါင်ဟင်းရစပီတခု… ကူးတင်ပေးလိုက်ကြောင်း..။ လေကန်ဝေဖန်ကြစေလိုကြောင်း..

ချဉ်ပေါင်ကို.. ယူအက်စ်ကို.. အခြောက်လှမ်းပြိ ပို့မယ်ဆိုရင်.. တပေါင် ၁ဝဒေါ်လာလောက်နဲ့.. အရောင်းအဝယ်ဖြစ်နိုင်ကြောင်း…။

ပစ်ကယ်..(အနှစ်)ကို.. ၃၀ဝ ဂရမ်တပုလင်း ၃ဒေါ်လာလောက်နဲ့ရောင်းကြတာကို တွေ့ရကြောင်း..။

http://www.ishopindian.com/priya-gongura-pickle-with-garlic-pr-21793.html

Priya Gongura Pickle with Garlic

A product description will soon be available.

 

SKU 101402830
Package: 300 gm bottle
Price: $2.79

Red Sorrel Leaves (Gongura Pachadi)

For this Weekend Herb Blogging hosted by Kalyn’s Kitchen, I am blogging about a very interesting sour leaf called Red Sorrel.Hibiscus cannabinus aka red sorrel leaves,roselle,gongura (telugu)pulicha keerai (Tamil),Ambad bhaji,ambada,ambadi(Hindi) are popular sour greens here in the Southern State of Andhra Pradesh.Red Sorrel comes in two varieties, one is green leaf and the other being red variety which is more sour than the green/white stem variety.The leaves are bitter and mildly astringent and have a predominantly acidic taste.The Caribbeans prepare an exotic deep red sorrel punch, a sweet fruit drink with a wild tanginess from the flowers of the red sorrel plant (“sorrel” to Jamaicans) that form its base. These leaves and flowers have a cooling effect and act as an appetizer.

Red Sorrel has some health benefits too and is useful in relieving symptoms of fever. The leaves of this herb are useful in the prevention and treatment of scurvy which is a deficiency caused by lack of vitamin C. Fresh leaves of the plant are useful in stimulating the stomach and aiding its action. These leaves are beneficial in the treatment of jaundice and a tablespoon of fresh red sorrel juice mixed with butter-milk (made from cow’s milk) is recommended once daily in the treatment of jaundice.

Gongura is available in abundance here and Gongura pachadi/pickle is a very popular authentic Andhra pickle variety on the lines of aavakai (raw mango pickle).These greens are used to prepare curries, stews, dals, and spicy pickles.In Andhra ,Gongura is used to prepare dishes such as Gongura Pappu (lentil),Gongura Vepudu(stir fry),Gongura royallu(prawns),gongura mamsam(mutton)and gongura pachadi,the recipe of which I am posting today.The recipe source is amma (my mother)who prepares excellent authentic andhra pickles.

Ingredients:
4 big bunches fresh gongura leaves (red sorrel)
7-8 whole dry red chillis(de-seeded)
1 tsp methi seeds (fenugreek)
7-8 green chillis(less spice ones)
1 tbsp minapppapu (black gram dal)
1 tbsp senaga pappu (bengal gram dal)
1 tbsp coriander seeds
12-15 cloves garlic (peeled and lightly crushed)
4 tbsps oil
salt to taste

Tempering:
3 tbsp oil (yes,its 3 tbsps as its a pickle)
1 tsp mustard seeds
2 whole dry red chillis
10 curry leaves

Seperate the gongura leaves from the stalks and leave them in an open cool and dry place for 2 days so that the leaves wither.After 2 days wash the leaves.Spread over kitchen towel.
Heat 2-3 tbsp oil in a thick bottomed vessel.Add the leaves and fry them till rawness disappears and it becomes soft.Remove and cool.The fried leaves should look like shown in the picture.

In the same vessel add 1 tbsp oil and add methi seeds and fry till light brown and then add coriander seeds,urad dal(black gram),channa dal (bengal gram lentil) and dry red chillis and fry stirring constantly till light brown.Add the slit green chillis and fry for 2 minutes.Remove from fire and cool.
Grind these above ingredients with salt.Now add crushed garlic and the fried gongura leaves and grind very coarsely.It should not be soft.

Now heat 3 tbsps of oil in a pan and add the mustard seeds and let them splutter.Now add the whole dry chillis and curry leaves and fry for 20 seconds.Remove from fire and add to the ground gongura pachadi along with the oil.This pachadi does require a wee bit more oil like most pickles.

This particular pickle can be stored in the refrigerator upto 3-4 weeks and goes well with hot steamed rice and a liberal dose of ghee and sliced raw onions.

Note:I have used the red stemmed variety of leaves which is more sour than the white stemmed.If you are using the leaves of the white stemmed variety,you can add approx 1-2 tbsp tamarind extract while grinding the ingredients.

http://indiacuisine.blogspot.com/2006/01/weekend-herb-blogging-14-red-sorrel.html

 

49 comments

  • pan pan

    September 9, 2011 at 11:54 am

    ချဉ်ပေါင်ရွက်ခြောက် ၁ပေါင် ၁ဝဒေါ်လာဆိုတော့
    အခြောက်လှမ်းပို့ချင်လာပြီ 🙂
    ဒါပေမယ့် သယ်ယူစရိတ်တော့ ကြီးမလားမသိဘူး
    ပုံမှန်သဘာဝအတိုင်းလှမ်းတဲ့ ချဉ်ပေါင်ရွက်ခြောက်ဆိုရင် ကြိုက်ကြမလားမသိ

  • မီးမီး သော်

    September 9, 2011 at 12:00 pm

    ဟုတ်တယ်နော် ကိုခိုင်ရေ စီးပွားဖြစ်မှာနော့။ဟိ. ဟိ ကျေးဇူးပါ။

  • manawphyulay

    September 9, 2011 at 12:02 pm

    ဘယ်သူ့ဆီက ဆင်းသက်လာတဲ့ဟင်းဖြစ်ဖြစ် စားလို့ကောင်းတာတော့အမှန်ပဲ။ ထမင်းလည်းမှိန်တယ်။ မြန်မာက မူရင်းကော ရှိသေးလို့လား။ အားလုံးလိုလိုက သူများဆီက ဆင်းသက်လာတာတွေကြီးပဲ များတယ်လေ။

  • zawmaung

    September 9, 2011 at 12:17 pm

    မြန်မာက မူရင်းကော ရှိသေးလို့လား။
    I did not agree as I believe , the main reason of no original of us is lack of record make by us and someone record it and become their .Just recently , I saw the post of Myanmar origin become Thailand.

  • ပေါက်ဖော်

    September 9, 2011 at 12:17 pm

    မုန် ့ဟင်းခါး ကောခင်ဗျ….
    ကျနော်ကြားဖူးတာတော့..ယိုးဒယားက စတာဆိုပဲ..

  • kai

    September 9, 2011 at 12:19 pm

    စီးပွားရေးလုပ်ချင်သူတွေကို.. ပုံသေနည်းအကြမ်းလေးတခု.. ချပြမယ်..။
    ချဉ်ပေါင်ရွက်ခြောက်က.. ၁ပေါင် ၁ဝဒေါ်လာဆိုပါစို့..။
    အဲဒါက .. ဒီမှာရောင်းရင် ရနိုင်တဲ့ဈေး..။
    ဆိုတော့..
    သွင်းဈေးက.. တဝက်ဖြစ်ရတယ်..။
    ၅ဒေါ်လာ..။
    အဲဒါကို.. ၃ပုံ ပုံရတယ်..။
    ၁ပုံက.. ပစ္စည်းဖိုး။ ၂ဒေါ်လာ
    ၁ပုံက.. ဝန်ထမ်းခ+သယ်ယူပို့ဆောင်ခ ၂ဒေါ်လာ
    ၁ပုံက.. အမြတ်… ၁ဒေါ်လာ

    အဲဒီဘောင်ဝင်သလား ချိန်ကြည့်ဖို့ပဲ..။ မြန်မာပြည်အခြေအနေနဲ့.. ရာခိုင်နှုန်းနည်းနည်းပြန်ညှိပေါ့..။
    ဘာပဲဖြစ်ဖြစ်.. အယ်လ်အရောက် ချဉ်ပေါင်ရွက်ခြောက် တပေါင် ၅ဒေါ်လာဆို.. ပထမလ(အစမ်း).. ပေါင်၁၀ဝ – ဒေါ်လာ၅၀ဝဖိုး.. ကျုပ်ကပဲ.. စမှာပေးမယ်..။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 9, 2011 at 12:37 pm

    သယ်ယူပို့ဆောင်ခကို
    အကြံဖန်လုပ်တတ်ပါတယ်
    ဆက်သွယ်ကြပါ
    michaeljonnyaungpu@hotmail.com

    • maythakhin

      September 9, 2011 at 11:36 pm

      ဘပု……. logo ကြီးပျောက်သွားပါလား။ logo အရဆိုရင်တော့ အကြံအဖန်လုပ်စရာမလိုပါဘူး။ ဒါရိုက်ပို့လို့ရတယ်နော်။

  • hmee

    September 9, 2011 at 2:27 pm

    အခြောက်လှမ်းတာက စားမကောင်းပါ။ သစ်ရွက်ခြောက်ကို စားရသလိုကြီးပါ။ လက်ဖက်ကို လုပ်သလို လုပ်မှ ချက်စားတဲ့အခါ ချဉ်ပေါင်အရသာ ရတာပါ။ အရွက်တွေကို ရေစင်အောင်ဆေး ရေစစ်ပြီး ပေါင်းခံပါ ပြီးမှ ရေခဲသေတ္တာထဲမှာ ခဲထား စားချင်မှ လိုသလောက်ယူစား ပြန်ခဲထားမှ အဆင်ပြေပါတယ်။

    • kai

      September 9, 2011 at 3:25 pm

      ပြသနာက.. သယ်ယူပို့ဆောင်ခဖြစ်နေတာမို့.. စီးပွားရေးလုပ်တာ..ကြားထဲက.. သယ်သူတွေကချည်း တွက်ချေကိုက်သွားမှာ စိုးလို့ပါ..။
      အဲဒါနဲ့..ရွှေညဏ်တော်စူးရောက်ပြီး.. တပေါင်ကို များများဆန့်မဲ့..အခြောက်ခံထားတာပြောလိုက်တာ..။ အိမ်ကမဟေသီမေးကြည့်တော့မှ.. မှီမမပြောသလို.. ပြောတယ်..။ 🙁
      ဆိုတော့..
      တပေါင်ကို .. လေယဉ်နဲ့လူကြုံအပ်ရင်. သယ်ခချည်း ရဒေါ်လာခင်ဗျ..။
      ဆီနဲနဲထည့် ပေါင်းခံ.. လေလုံပလပ်စတစ်ပုံးနဲ့.. အောက်လမ်းကနေ ဘန်ကောက်ပို့..အဲဒီကနေ..သဘောင်္တင်လိုက်ရင်တော့ သယ်ခသက်သာမယ်ထင်တယ်..။

  • aungnng87

    September 9, 2011 at 4:14 pm

    ချဉ်ပေါင်ကမြန်မာ့အော်ရီဂျင်နယ်ဟင်း ဟုတ်မဟုတ်တော့မသိဘူး။ မလေးမှာတော့ ချဉ်ပေါင်ရွက်ကို မြန်မာတွေဘဲဝယ်တာများတယ်။ ဘင်းဂလားတွေ အိန္ဒိယတွေ ဆိုရင် ချဉ်ပေါင်ရွက်ကိုဘယ်လိုချက်စားရမှန်း
    တောင်မသိကြဘူး။ မလေးတွေက ဆို ပိုတောင်သိမှာမဟုတ်ဘူး။ စိုက်တဲ့ချဉ်ပေါင်ရွက်တွေဆိုရင် ရင့်ထော်နေတာများတယ်။ ချဉ်ပေါင်ချက်လို့မွှေမယ်ဆိုရင် ချဉ်ပေါင်ရွက်ကိုကတ်ကျေးနဲ့သေးသေးဖြစ်အောင်ညှပ်ရတယ်။

  • နီလေး

    September 9, 2011 at 4:33 pm

    သူကြီးက မသိတာကို မရှိဘူးနော် သူကြီးဖြစ်ထိုက်ပါပေတယ် မမီပြောသလို အခြောက်လမ်းတာက စားလို့မကောင်းပါဘူး

  • Shwe Ei

    September 9, 2011 at 4:54 pm

    ချဉ်ပေါင်ဟင်း ဗမာ့အော်ရီဂျင်နယ် ဟုတ်ဟုတ်မဟုတ်ဟုတ် ချဉ်ပေါင်နဲ့ မျှစ်အရည်သောက်ချက်ပြီး (ငါးခေါင်းလေးထည့်) ၊ ငရုတ်သီးဆားထောင်းရံလိုက်ရင် ဟင်းဖြစ်ပြီ။ ကောင်းမှကောင်းဘဲ။

  • nozomi

    September 9, 2011 at 5:20 pm

    အဲဒီ ချဉ်ပေါင်ရွက် အခြောက်လှမ်းထားတာကို ကျော်စားရင် ဆီကုန်လဲသက်သာတယ် စားလို့လဲကောင်းတယ်

  • ရွှေအိမ်စည်

    September 9, 2011 at 5:56 pm

    ငါးပိရည်လည်း..ဗမာအော်ရီဂျင်နယ်မဟုတ်ဘူးသူကြီး…
    ဗီယက်နာမ်ကစပါသတဲ ့..သို ့သော်..ကျနော်မစားလို ့..မလေ ့လာဘူး…

    မိတ်ဆွေပြောပြတာကိုပြောတာပါ…။

  • yawhan

    September 9, 2011 at 8:28 pm

    အစားအသောက်တွေ အသီးအနှံတွေကိုမူရင်း ဇာတိက ဘယ်ကလာသလဲဆိုတာ ပြောဖို့တော်တော်ခက်မယ်ထင်ပါတယ်၊
    အာရှသားတွေမှာ ဘာသာစကားမတူပေမဲ့ အခြားဝတ်စားဆင်ယဉ်မှု၊ အက ၊အစားအသောက်တွေက ဆက်စပ်နေပါတယ်။
    သူကြီးရဲ့လေသံနားထောင်ရတာ မြန်မာလူမျိုး၊ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို တော်တော် နာကျည်းနေပုံရတယ်။ရေးထားတဲ့ခေါင်းစဉ်ကိုက နဲနဲချွတ်ချင်တဲ့ဖက်များနေတယ်ထင်တယ်။(စိတ်တော့မရှိနဲ့နော်၊ ဒီလိုဘဲမြင်မိလို့)
    ချဉ်ပေါင်ရွက်ကိုစင်္ကာပူမှာ မလေးတွေ ရောင်းတယ် ၁ကီလို ၂ဒေါ်လာ၊ ဗမာတွေဘဲဝယ်တယ်၊ တခြားလူမျိုးစားတာမတွေ့ဘူး၊
    အိန္ဒိယတွေ ဘင်္ဂလားတွေ ဘယ်လိုစားရမှန်းတောင်မသိဘူး၊
    ငပိကို မလေးလဲစားတယ် ထိုင်းလဲစားတယ် ဗီယက်နမ်လဲစားတယ်၊ ငပိကိုရော ဘယ်ကအစပြုသလဲလို့သိချင်ပါတယ်သမိုင်းမှတ်တမ်းလေးများရှိရင် တင်ပေးပါဦးခင်ဗျ။(တကယ်မသိလို့ပါ)
    ယဉ်ကျေးမှု အကမှာ ချင်းတွေရဲ့ ဝါးညှပ်အကလိုမျိုး မလေးမှာလဲရှိတယ်၊http://www.youtube.com/watch?v=ZIes0eqWep4 ဗီယက်နမ်မှာလဲရှိတယ်http://www.youtube.com/watch?v=n1ID2jaZpVc.
    ကမ္ဘောဒီးယားမှာလဲရှိတယ် http://www.youtube.com/watch?v=nmoPcEvsRZE
    အဝတ်အစားနဲ့ ပါတ်သက်လို့လဲ ကျနော်တို့မြန်မာ ပြည်က တိုင်းရင်းသားဝတ်စုံတွေနဲ့ပါတူတာတွေရှိတယ်။ အဲဒါ ဘယ်က မူရင်း ဘယ်က ကော်ပီလို့ပြောကြမလဲ။
    မုန့်ဟင်းခါး ကိုတော့ မြန်မာနိုင်ငံကလွဲလို့ တခြားနိုင်ငံမှာ မတွေ့ရပါဘူး၊ အုန်းနို့ခေါက်ဆွဲကတော့ ခပ်ဆင်ဆင်တူတာတွေရှိတယ်။
    Laksa တို့ Mee Rubus တို့ မလေးအစားအစာတွေနဲ့ ခပ်ဆင်ဆင်တူနေတယ်။
    ပြောရရင် အများကြီးပါ။
    မူရင်းကိစ္စ ပြောရင် ရာဇဝင်တွေပါ ပြန်လှန်နေရမယ်၊ ဒီချဉ်ပေါင်ကိစ္စကတော့ အဖြေမထွက်လောက်ဘူးထင်တယ်။

    • ဆူး

      September 9, 2011 at 11:27 pm

      သဂျီးက မြန်မာဆိုရင် ချစ်မလိုလိုနဲ့ အရိုးအသားထဲက လိမ့်မုန်းနေတာ..
      ရာဇဝင် စာစီလို့ ကြည့်ရင် ပုဂံခေတ် လောက်က နေ ကြည့်ရင်.. ကမော္ဘဒီးယားက ခမာတွေ အားကြီးလို့ မြန်မာကိုလည်း လာတိုက်ကြတယ်။ နိုင်ငံက နယ်မြေတွေလည်း ပါသွားတာပဲ.. နောက်တော့ မြန်မာတွေ အားကြီးလို့ ထွက်တိုက်ကြ ယိုးဒယားဆိုတာ ငယ်နိုင်ပေါ့.. အဲဒီထဲမှာ မွန်ဂိုတွေကလည်း အငြိမ်မနေကြဘူး ဒီနယ်မြေတွေဘက်ကို မြင်းတွေနဲ့ ဆင်းလာပြီး တိုက်ကြတယ်တဲ့.. ဒီလိုနဲ့ ဘတပြန် ကျားတပြန် ဟိုကတိုက် ဒီကတိုက် နဲ့ ဖြစ်နေတာ.. လူတွေ ဟိုသွားလိုက် ဒီသွားလိုက် နိုင်ငံတွေ အပြိုင်ကျဲနေတာ ယဉ်ကျေးမှုဆိုတာ ဆက်နွယ်မှုတွေ အများကြီး ရှိလာတာပေါ့။ ဘယ်က အစလဲ သိချင်ရင် ဒီအန်အေ စစ်ကြည့်ပါလား.. သဂျီးနဲ့ နီဂရိုးယောက်နဲ့တောင် ဆွေမျိုး အဆက် ၅ဝလောက်က ညီအကို တော်တယ်လို့ ပြောမလား မသိဘူး။

      • kai

        September 9, 2011 at 11:36 pm

        အမျိုးတွေအချင်းချင်း.. အဲဒီလို ..မစွတ်စွဲကောင်းဘူးလေ..။ 🙂

        All of the people alive today can trace their ancestors back to about 10,000 people who lived 175,000 years ago. This is why we share about 99.5% of our DNA with most everyone on the planet. So in a way, we are all related.

        http://www.thetech.org/genetics/ask.php?id=284

        • king

          September 10, 2011 at 6:34 pm

          ကျွန်တော်ကြားဖူးတာတော့ လူမျိုးကြီး သုံးစု ရှိတယ်တဲ့ မွန်ဂိုရွိုက်ရယ် ယူရိုရွိုက်ရယ် နီဂိုရွိုက်ရယ်ဆိုပြီး … ကျွန်တော်တို့တွေကတော့ မွန်ဂိုရွိုက်တွေပေါ့ .. မွန်ဂိုရွိုက်လူမျိုးမှန်း သိချင်ရင် ကလေးဘဝတုန်းက တင်ပါးကိုလှန်ကြည့် ခပ်စိမ်းစိမ်းလေး ဖြစ်နေရင် မွန်ဂိုရွိုက်ပဲတဲ့ .. ကဲကဲ အခုမှတော့ လှန်မကြည့်ကြနဲ့နော် အခုဆိုရင် မရှိတော့ဘူးလေ … 😀 .. ကျန်တဲ့လူမျိုးစု အကြောင်းတော့ သိဘူးဗျ ..သိရင်လည်း မျှဝေပေးပါဦး … 🙂

  • MaMa

    September 9, 2011 at 10:32 pm

    ဟိုးးးးးး အရင်တုန်းက ကိုရီးယားကို မြန်မာပြည်ကနေ ငြုပ်သီးအခြောက်တောင့်တွေ ပို့ကြတယ်။ ပြည်တွင်းမှာဆိုရင် ငြုပ်သီးအခြောက်တောင့်ဆိုတာ နှစ်ပေါက်အောင်တောင် ထားကြသေးတာပဲ။ ဒါပေမယ့် နိုင်ငံခြားပို့တဲ့အခါကျတော့ ကွာလတီကို နည်းနည်းလေးမှ အတိမ်းအစောင်းမခံဘူးလေ။ သင်္ဘောက ချက်ခြင်းမတင်နိုင်၊ တစ်လလောက်ကြာတော့မှာ လာတင်တဲ့အခါကျတော့ မှိုတက်တယ်၊ ကွာလတီ မမှီဘူး (အတောင့်အရွယ်အစား၊ အရောင်အသွေး)ဆိုပြီး ရီဂျက်လုပ်လိုက်တာ ငြုပ်သမားတွေ အကြီးအကျယ် ရှုံးလိုက်ကြသေးတယ်။
    သဂျီးရေ- ချဉ်ပေါင်ရွက်အခြောက်ကိုတော့ လုပ်လည်းမလုပ်တတ်ဘူး။ ကြာရှည်ခံဖို့ကလည်း စိတ်မချရဘူး။ ကို်ယ်နဲ့နီးစပ်တဲ့ ငနီတူခြောက်တော့ ပို့လို့ရရင် ပို့ချင်သား။ ပစ္စည်း ကွာလတီနဲ့၊ လိုချင်တဲ့ ပမာဏတော့ ရနိုင်တယ်။ ထုပ်ပိုးနည်းစနစ်နဲ့ သယ်ယူပို့ဆောင်ရေးတွေတော့ နားမလည်ဘူး။

  • အော်ရီဂျင်နယ် ဖြစ်မဖြစ်တော့ မသိဘူး သူကြီးရေ
    ချဉ်ပေါင်ကိုမျှစ်နဲ့ရော ချဉ်ရေချက်
    ငံပြာရေချက် ငရုတ်သီးစပ်စပ်နဲ့တွယ်လိုက်လို့ကတော့ အသားဟင်းမပါလဲ
    ထမင်းတစ်ပန်းကန်မောက်မောက်ကတော့ ရှောခနဲ့ အသာလေးဘဲ

  • ဆူး

    September 9, 2011 at 11:15 pm

    ချဉ်ပေါင်ရွက်ကို အပင်လိုက် ရေစင်စင်ဆေးပြီးတော့ နေလှမ်းထားပြီး ခြောက်သွားတဲ့ အနေအထားမှာ အိတ်လေးနဲ့ လေလုံအောင် သိမ်းထားပြီး လိုအပ်မှ ဆီများများ နဲ့ ကြော်ပေးလိုက်ရင် အပင်လိုက်နဲ့ အရွက်မကြေပဲ စားလို့ ကောင်းပါတယ်။
    အရွက်တွေကို ဒီတိုင်းသာ ရေဆေးပြီး ချက်လိုက်ရင် များသော အားဖြင့် အရွက်ကြေကြေနဲ့ အနှစ်ပုံစံမျိုးတွေ ဖြစ်တတ်တယ်။ အရသာလည်း ချွဲသလို ဖြစ်တယ်။ အခြောက်လှမ်းပြီး ကြော်ရင်တော့ ချဉ်ဖြုံ့ဖြုံ့နဲ့ မချွဲဘူး။
    စကားစပ်.. ချဉ်ပေါင် အရွက်ခြောက် ယူမဲ့ အစား ချဉ်ပေါင်ရွက်ခြောက်တွေကို ဆီနဲ့လိမ့်ပြီး ကြာ်ပြီးသား မှာ စားပါလား။ ပိုအဆင်ပြေမလားတွေးမိတာပဲ.. ခြောက်အောင် ကြော်ထားရင် အထားခံပါတယ်။
    အဲဒီ ချဉ်ပေါင်ကြော်ကို အစိုစားချင်ရင် ရေလေးနည်းနည်း ထည့်ပြီး လိမ့်ကြော်လိုက်..
    ချဉ်ရည်ဟင်းစားချင်ရင် အရည်များများ ထည့်ပြီး ချက်လိုက်.. ဖြစ်တာပဲ.. အရသာက ပါပြီးသားဆိုတော့ သိပ်လိုက်စရာတောင် မလိုဘူး။ ချဉ်ပေါင်ခြောက်တွေကတော့ အအေးခန်းပါတဲ့ ကွန်တိန်နာ လိုမယ် ထင်တယ်။
    လိုချင်တဲ့ ကွာလတီ ကိုတော့ အကြော်သမားနဲ့ ညှိရမယ် ထင်တယ်။ ဘယ်လောက် လိုချင်တာလဲ.. အရည်အတွက် များရင်တော့ စိတ်ဝင်စားတယ်။ အိမ်စားဖို့ အတွက်ဆိုရင်တော့ အလုပ်ရှုပ်ရတာနဲ့ မကာမိဘူး။ များများ လိုချင်တယ် ဆိုရင်တော့ အီးမေးကနေ ဆက်သွယ်လိုက် စုံစမ်းပေးမယ်။
    ဒါနဲ့ နောက်ထပ် တမျိုး ရှိသေးတယ်.. မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကြော်ကြွပ်ကြွပ်တွေ များများ လိုချင်ရင် အသိရှိတယ်။

  • kai

    September 10, 2011 at 12:41 am

    “ရွေဘိုချဉ်ပေါင်.. ကြက်သားဟင်းနဲ့မလဲပေါင်” တဲ့.. ရွှေဘိုသားတွေ.. ရွှေဘိုချဉ်ပေါင်အကြောင်း.. နည်းနည်းလောက်ပြောပြပါလား…။
    အရသာ.. နည်းနည်း..ခါးသက်သက်ကလေးလေ..။

    ဓါတ်ပုံလေးပါ အဆင်ပြေရင်နော..။ကံကောင်းရင်.. အဲဒီအမျိုးအစားက.. မြန်မာ့ဇာတိ စစ်စစ်ဖြစ်နိုင်တယ်..။

  • aye_chan

    September 10, 2011 at 12:49 am

    သူကြီးကချဉ်ပေါင်ကမြန်မာ(ဗမာ)အစစ်မဟုတ်တာကိုတော်တော်ဝမ်းသာတဲ့လေသံပဲ။ သူကြီးရေးတာတွေကို ဖတ်ကြည့်တော့လဲမြန်မာ(ဗမာ) ဖြစ်ရတာကိုရှက်တာလား။ အားငယ်နေတာလား။ တိုင်းပြည်ဆင်းရဲတာ၊မဖွံ့ဖြိုးတာ
    တွေကရှက်စရာလို့ကျွန်တော်တော့မမြင်မိဖူး။
    သူကြီးကနိုင်ငံခြား(အမေရိကား)ကိုတော်တော်အထင်ကြီးပုံပဲ။
    ဘယ်တိုင်းပြည်မှာပဲလူဖြစ်ဖြစ်တိုင်းပြည်(သို့)မိမိကိုယ်တိုင်ပဲပညာ၊
    ဥစ္စာမပြည့်စုံတာကရှက်စရာလို့မမြင်ပါဖူး။
    ရှက်စရာကစိတ်ဓာတ်အောက်တန်းကျတာလို့မြင်ပါတယ်။ကျွန်တော်တို့တိုင်းပြည်ဆင်းရဲလို့ဆို ပီးဘယ်သူကမှမနှိမ်ပါဖူး။စုန်းပူးတွေကနှိမ်ရင်လဲကျွန်တော်ကတော့မြန်မာဆိုတာဒီလိုမျုိုးဟေ့လို့ကျွေးကြော်
    နိုင်အောင်ကြိုးစားပြတယ်။ဆင်းရဲတဲ့တိုင်းပြည်ကလာပေမဲ့ဉာဏ်ရည်ဉာဏ်သွေးရှိတယ်။မြန်မာ
    ပြည်ကလူတွေနိုင်ငံခြားထွက်ဖို့ဆိုတာငွေ(သို့)၊ပညာ(သို့)၊အသိုင်းအဝိုင်းကောင်းမှ
    ရောက်တာပါ။ခြံစည်းရိုးကျော်လာလို့မရပါဖူး။ကျွန်တော်ကတော့တခုခုအောင်မြင်မူရတိုင်း၊
    လူလိုတွေးတတ်၊မြင်တတ်အောင်၊ မြန်မာပြည်ကသင်ကြားဆုံးမကြတဲ့သင်ဆရာ၊မြင်ဆရာ၊
    အွန်လိုင်းအားလုံးကိုကျေးဇူးတင်တယ်။နိုင်ငံခြားအထူးသဖြင့်၊အမေရိကားမှာကမလုပ်မရှုပ်မပြုပ်၊တွေများ
    တယ်လေ။ချဉ်ပေါင်ကစလိုက်တာလိုရင်းမရောက်တော့ဖူး။ဘယ်တိုင်းပြည်ဇာတိပဲဖြစ်ဖြစ်၊အစားအစာဆို
    ရင်လဲစားကောင်းရမယ်။လူဆိုရင်လဲလူ့ဝန်းကျင်ကိုအကျိုးရှိ၊ပြုနိုင်တဲ့အရည်အချင်းရှိတယ်ဆိုရင်၊ကမာ္ဘကြီး
    ရဲ့ဘယ်နေရာပဲရောက်ရောက်၊သူ့တန်ဖိုးနဲ့သူရှိနေမှာလို့မြင်မိပါတယ်။သူကြီးရေပရိုဆိုတာသူ့field
    မှာတော့တော်တာပေါ့။မြန်မာပြည်ကလူတွေလိုတော့တွေ့တဲ့တက်နဲ့မလှော်တတ်ကြပါဖူး။စကားမစပ်
    သူကြီးကဘာပရိုလဲ။သူကြီးလုပ်နေတော့သူကြီးပရိုလား။ဒါမှမဟုတ်နေရာတိုင်းမှာပရိုလား။

  • မန်းလေးကနေပြီး အမေရိကကို ချဉ်ပေါင်ရွက်တွေအခြောက်လှမ်းပို့ပြီး
    ရောင်းစားတဲ့ သူဌေးတစ်ယောက်အကြောင်းကြားဘူးပါတယ်

  • ကြောင်ကြီး

    September 10, 2011 at 9:45 am

    သဂျီးက မြန်မာဆို အထင်သေး၊ နိုင်ငံခြားမှ အထင်ကြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ ကျနော်သိတာလေး တခုကို ဝေမျှချင်ပါတယ်။ ဟုတ် မဟုတ်ဆိုတာတော့ သူကိုယ်တိုင် ဖြေရှင်းချင်ရှင်း၊ သို့တည်းမဟုတ် စာဖတ်သူများကိုယ်တိုင် ဆုံးဖြတ်နိုင်ကြပါတယ်။ ဒီလိုပါ…
    သဂျီးနဲ့ နိုင်ငံခြားသား မိတ်ဆွေအချို့ကို ကျနော်အိမ်မှာ ပါတီပွဲအသေးစားလေးလုပ်ပြီး မိတ်ဖြစ်ဆွေဖြစ် ဧည့်ခံပါတယ်။ အားလုံးဆုံတော့ ကျနော်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ သဂျီးနဲ့ငါက ဗမာလို့ (we are Burmese) ပြောမိတယ်။ သူက မျက်စိမျက်နှာပျက်ပြီး မဟုတ်ဘူး၊ ကျုပ်က အမေရိကန်၊ ဒီမှာမွေး၊ ဒီမှာကြီးပြင်းတာ၊ အသားညှပ်ပေါင်မုန့်ပဲ စားတယ်လို့ (I am American, born and grown up in here. I only eat sandwich and burger ) ကပျာကယာ ဝင်ပြောပါတယ်။ နောက်တော့ ဘာမဆိုင်ညာမဆိုင် I go to school by bus. My father is U Ba. He is a doctor. My mother is Daw Mya. She is a teacher. လို့ ဆက်ပါတယ်။ ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့ သူစားမဲ့ ဟမ်ဘာဂါထဲကို ငါးပိကြော်တဇွန်း သူမသိအောင် အသာလေး ညှပ်ထည့်ကျွေး လိုက်ပါတယ်။ အမေရိကန်သဂျီးက စတိုင်မလိုင်နဲ့ အားပါးတရစားပြီး ကောင်းလိုက်တဲ့ ဟုမ်းမိတ်ချိစ်ဘာဂါ၊ လျှာကိုလည်သွားတာပဲနဲ့ အသံထွက် ချီးမွှမ်းပါတော့တယ်။။။။။

    • kai

      September 10, 2011 at 10:19 am

      အဟမ်း..
      အဲဒီတုန်းက.. ဟုမ်းမိတ်ချိစ်ဘာဂါအတွက် ကျေးဇူးပါ..။ ကောင်းတာတော့ အမှန်ပဲ..။
      ကြုံလို့ပြောရရင်.. အဲဒီပါတီပွဲမှာ ဧည့်ခံတဲ့… မြန်မာပြည်က ကျုပ်အတွက်တကူးတကမှာပေးထားတယ်ဆိုတဲ့.. တောအရက်လည်း မမေ့ဘူးဗျို့..။

      ဒါပေမဲ့.. . ဧည့်ခံနေတဲ့ ကိုရင်ကြောင်ကြီးညီမကို…
      “ချစ်လှစွာသော နှမငယ်.. ကျွန်ုပ်၏မျက်နှာနှင့် လက်ကို ဆေးရအောင်ဇလုံတခုနှင့်ကောင်းသောရေကို ယူခဲ့စေချင်ပါသည် ” လို့..ဗမာလိုပီပီသသပြောတာ… မသိချင်ယောင်ဆောင်နေတာတော့ ..တယ်မနိပ်ဘူးဗျာ..။
      ကိုရင့်ညီမက.. အင်္ဂလိပ်လို.. ရွတ်ရှက်ဒွတ်ဒက်လိုက်မှ.. ပြေးယူပေးတာကလား…။

      ထားပါတော့… ဒါတွေ..
      အခု.. “ပုန်းရည်ကြီး၏ ဘဝမှန်”ဆိုပြိး.. သိထားတာလေးထပ်တင်မလို့ဟာ..
      မြို့.. အဲ…. အဲ.. ရွာမေတ္တာခံယူနေရဦးမှာမို့… တော်ပါပြီလေ….။ 🙁

      • မိုက်ကယ်ဂျော်နီအောင်ပု

        September 10, 2011 at 11:21 am

        အဟမ်းအဟမ်း
        သဂျီးမင်းခင်ဗျ
        လူကြီးလူကောင်းပီသစွာ
        စိတ်ဆိုးရင်ဆိုး
        ဆဲရင်ဆဲ
        လက်မပါတမ်းခင်ဗျ

      • MaMa

        September 10, 2011 at 2:33 pm

        “ပုန်းရည်ကြီး၏ ဘဝမှန်”ဆိုပြိး.. သိထားတာလေးထပ်တင်မလို့ဟာ..
        သဂျီးကတော့ လုပ်ပြီ။ အမြီးပေးပြီးမှ မကျွေးတော့ပါဘူးဆိုပြီး ပြန်ယူသွားတယ်။
        တို့ရွာက သဂျီး ပညာလည်းကြီး သဘောထားလည်း ပြည့်ရှာတယ်လို့ နောက်ကွယ်မှာ ရွာသားတွေ ပြောနေကြတာ သိသိကြီးနဲ့။ ရွာမေတ္တာအစစ်အမှန်ကို သဂျီးရပြီးသားပါ။
        စာရေးပြီး မတင်ရင်တော့ ပြောင်းပြန် ပြန်ရေးရလိမ့်မယ်။
        ကြောက်ပြီလား။ 😛

      • nature

        September 10, 2011 at 6:14 pm

        တော်တော်ဆိုးတဲ့သူကြီး အမြည်းပေးပြီးမှ မကြွေးပဲပြန်သိမ်းသွားတယ်။

      • Mr. MarGa

        September 11, 2011 at 4:15 pm

        သူကြီးကရွာသူကြီးဖြစ်ပြီးရွာမေတ္တာတောင်မခံယူရဲဘူးလားဗျ
        သတ္တိလဲမရှိဘူး

  • zawmaung

    September 10, 2011 at 10:05 am

    Ha Ha , now the topic need to change from “Origin of Gongura ” to “Origin of Thegyi”

    I believe its show that everyone love Thegyi and tease him.

  • စုံ စုံ

    September 10, 2011 at 10:46 am

    သဂျီးရေ
    ပို့စ်ထက်မန်းထားတာတွေကိုအရမ်းသဘောကျတယ်
    သူများတွေလိုလည်လည်ဝယ်ဝယ် ဝင်မမန်းတတ်တော့လဲ
    မန်းထားတာတွေဖတ်ရင်းနဲ့ဘဲ ဗဟုနဲ့သုတယူသွားပါတယ်
    စကားမစပ် ကိုကြောင်ကြီးမန်းထားတာတော့အကြိုက်ဆုံးဘဲ 😛

  • တညင်သား

    September 10, 2011 at 11:42 am

    ဒီလိုပြောချင်လို့ ဒီဆိုဒ်ကို ထောင်ထားတာပါ သဘောပေါက်ကြရဲ့လားမသိဘူး ပြောပါစေ ရွာသားတွေ သီခံပြီးဖတ်ကြပေါ့ဗျာ… 🙁
    ချဉ်ပေါင်ရွက်အခြောက်ကို ရေနွေးလေးနဲ့ ခဏလောက်စိမ်ပြီးမှ ကျော်စားရင် ကောင်းပါတယ် ဆီကုန်လဲ သတ်သာတယ် သိပ်လဲမချဉ်တော့ဘူး.. အော်လဂျင်နယ်လောက်တော့ မကောင်းဘူးပေါ့ ..ဒါပေမဲ့ ဒီချဉ်ပေါင်က ကြော်စားတဲ့ချဉ်ပေါင်မဟုတ်ဘူး.. ရွှေဘိုချဉ်ပေါင် ( ချဉ်ပေါင်ခါး) က ကြော်စားတာပါ ဒီချဉ်ပေါင်က ချဉ်ရေဟင်း ၊ဟင်ချိုးဟင်း လောက်ပဲ လုပ်စားလို့ ကောင်းပါတယ်.. အရွက်ခြောက်ထုပ်တွေက အရင့်တွေပါတော့ ပိုဆိုးတာပေါ့…….

  • hmee

    September 10, 2011 at 5:10 pm

    ချဉ်ပေါင်ခါးကို ချဉ်ပေါင်လက်ကြား လို့လည်း ခေါ်ပါတယ်။ အဲ့ဒီ့ချဉ်ပေါင်လက်ကြား အပင်က အခေါက်ကို ချဉ်ပေါင် လျှော်ထုတ်ပါတယ်။ အသီးကို အခွံခွာကာ ချဉ်ပေါင်သီးယို လုပ်သလို ချဉ်ပေါင်သီးကြော်လည်း ကြော်စားသလို အစေ့တွေကို ကြိတ်ပြီး ဆီလည်း ထုတ်ပါတယ်။ ချဉ်ပေါင်ကို အခြောက်လှန်းပြီးစားတာက မသွေ့တသွေ့မှာပဲစားကောင်းတာ။ မသွေ့တသွေ့ပဲလှန်းတော့ မှိုက လိုက်လာရော။ ကြာရှည်ခံအောင် ခြောက်တာက အရသာ သိပ်မကောင်းလှဘူး။ ရေနွေးဖျောပြီး ကြော်လည်း အတူတူပါပဲ။ မှီ လာခါစက ချဉ်ပေါင် အစည်း ၆ဝတောင် ခြောက်လာတာပါ။ အချဉ်ရည်ချက်လည်း မကောင်း၊ စွန်တန်လို ဟင်းချိုချက်ရင်တော့ နဲနဲ စားဖြစ်တယ်။ ရေနွေးဖျောပြီး ကြော်တော့ စားမဲ့သူမရှိလို့ ကိုယ်ပဲ နှာမျောပြီး ကျိတ်မှိတ် စားရတယ်။ ဒါပေမဲ့ ချဉ်ပေါင် အရသာမရဘူး။ ဒါနဲ့ စီနီယာတွေ မေးမှ ပေါင်းခံပြီး ထုတ်လာတာ အကောင်းဆုံးမှန်းသိတယ်။ ပြီးတော့ အဲ့ဒီ အထုတ်တွေကို ခဲထား လိုမှထုတ်စား (၆)လလောက်တော့ အေးဆေး ခံတယ်လေ။ ကြော်လာတော့ ဆီဆိုတာက ရအောင် အပေါက်ရှာတတ်တော့ ခရီးဝေးတဲ့ အတွက် မလွယ်ပါ။

  • naywoonni

    September 10, 2011 at 6:28 pm

    ချဉ်ပေါင် ဟင်းတင်မဟုတ်ပါဘူး
    (၁) အမျှင်ဖတ်ထားသောဆန်- ဆန်ခေါက်ဆွဲ
    (၂)ငံပြာရည်
    (၃)နနွင်းမကင်း
    (၄)မုန့်လက်ဆောင်း
    (၅)ကောက်ညှင်းကျည်တောက်
    တို့ဟာလည်း ယိုးဒယားမှ ရရှိတဲ့ ယဉ်ကျေးမှု အစားအစာများဖြစ်ပါတယ်…….
    ဆရာကြီး ဦးဖေမောင်တင်ရဲ့ ယိုးဒယားရမှရရှိသော ယဉ်ကျေးမှု စာအုပ်မှာ အတိအလင်းဖော်ပြထားလေရဲ့……..

  • padonmar

    September 10, 2011 at 6:54 pm

    လွန်ခဲ့တဲ့ ၅နှစ်လောက်က LA ကသူငယ်ချင်းတစ်ယောက်လိုချင်တယ်ဆိုလို့ လူကြုံကောင်းတုံး ချဉ်ပေါင်စေ့ကို လျက်ဆားလုံးကော်ဗူးထဲ ထည့်ပြီးပို့ပေးဘူးပါတယ်၊ကံကောင်းလို့ scan မှာမတွေ့လို့လား တိုင်းရင်းဆေးထင်သွားလို့လားမသိ လွှင့်ပစ်မခံရဘဲ ချောချောမောမောရောက်သွားပါတယ်။
    သူ့အိမ်နောက်ဖေးမှာစိုက်ထားပြီး အပင်လေးတွေပေါက်တော့ သူငယ်ချင်းက ဓါတ်ပုံလေးရိုက်ပို့လိုက်ပါသေးတယ်။
    သဂျီးလိုချင်ရင် အဲဒီလိုနည်းနဲ့ ပို့ပေးမယ်လေ၊(ဖါးထားတာ၊ပွိုင့် ၁၀၀ဝ လောက်များပေါင်းပေးမလားလို့)

  • alinsett

    September 10, 2011 at 7:46 pm

    ချဉ်ပေါင် ဟင်းဆို မကြိုက်လို ့ သိပ်တောင် လေ ့လာမထားမိ..။
    ဒါပေမယ် ့ဒါ ဟာ မြန်မာ ဟင်းလို ့ပဲ..ထင်မိတယ် ။ ခုလို ရှင်းပြတော့မှပဲ…သိသွားတာပါ ။ကျေးဇူးပါနော့။

    နောက် လည်း တခြားဟင်းတွေ ရဲ ့ သမိုင်းကြောင်းကိုလေ ့လာပေးပါဦးလား။

  • pwint pwint

    September 10, 2011 at 7:55 pm

    ဘယ်သူတွေဘာပြောပြော သူကြီးရဲ့ ချဉ်ပေါင်ဇာတိမှန် ကြိုးပမ်းမှုကြီးကို အသိအမှတ်ပြု လိုက်ရပါ တယ်။ ရှေ့ဆက်ပြီး “မုန့်ဟင်းခါးအစ၊ ဥရောပ”၊ “ပေါ်တူဂီက ငပေရိကို ခိုးချထား တဲ့ မြန်မာ့ငပိရည်” တို့လို ရွာသားတွေအတွက် အကျိုးရှိမယ့် သုတေသနစာတမ်းမျိုးတွေ ဆက်ရေးပေးဖို့ မေတ္တာရပ်ခံပါရစေ။

    • yawhan

      September 10, 2011 at 10:14 pm

      pwint pwint says:
      သူကြီးကဤဆိုရင်လိုက်ဤ မယ်ဆိုတဲ့ ဒေါ်ပွင့်ပွင့်ရဲ့“မုန့်ဟင်းခါးအစ၊ ဥရောပ”၊ “ပေါ်တူဂီက ငပေရိကို ခိုးချထား တဲ့ မြန်မာ့ငပိရည်” ဆိုတဲ့ ဗဟုသုတလေးမျှဝေပါဦးခင်ဗျ။

      • pwint pwint

        September 11, 2011 at 6:30 pm

        yawhan says:
        သူကြီးကဤဆိုရင်လိုက်ဤ မယ်ဆိုတဲ့ ဒေါ်ပွင့်ပွင့်ရဲ့“မုန့်ဟင်းခါးအစ၊ ဥရောပ”၊ “ပေါ်တူဂီက ငပေရိကို ခိုးချထား တဲ့ မြန်မာ့ငပိရည်” ဆိုတဲ့ ဗဟုသုတလေးမျှဝေပါဦးခင်ဗျ။

        ကိုယောဟန်ရေ…သူကြီးသုတေသနပြုဖို့ စာတမ်းခေါင်းစဉ်တွေ ကူစဉ်းစားပေးတာပါ။ “ပုန်းရည်ကြီး စွန့်ဦးတီထွင်ခဲ့သူ ကူဗလိုင်ခန်”၊ “ဟာလဝါအစ ဟာဝိုင်အီက” ၊ “မာယာခေတ်က ထမနဲဖော်မျူလာ တူးဖော်တွေ့ရှိချက်စစ်တမ်း” ။ ကူစဉ်းစားပေးကြပါအုန်း။ :))

  • zaw min

    September 10, 2011 at 8:11 pm

    သူကြီးရေ..ချဉ်ပေါင်ကို မျိုးစေ့နဲ့စိုက်စရာမလိုဘူးဗျ…ချဉ်ပေါင်ရိုးကို မြေကြီးထဲမှာထိုးစိုက်ထားရုံနဲ့ အညွန့်တွေပြန်ထွက်လာပါတယ်..နောက်နေ့မှ ကျနော့်ဆိုင်ရဲ့ နောက်ဖေးမှာဆိုက်ထားတဲ့ ချဉ်ပေါင်ပင်ပုံတွေတင်ပေးလိုက်ပါ့မယ်…သူကြီးရေ… အမေရိကားမှာအောင်မြင်နေတဲ့ မြန်မာလူမျိုးစီးပွါးရေးလု်ငန်းရှင်တွေအကြောင်းလေး ဘာလေးတင်ပေးပါအုံးဗျ…အခု သမ္မတ အိုဘားမားက အသေးစားလုပ်ငန်းရှင်တွေကို ချီးမြှင့်တဲ့အထဲမှာ မြန်မာလူမျိုး ဖီးလစ်မောင်လည်းပါတယ်လို့သိရပါတယ်။ ဦးဖီးလစ်မောင်ဟာ အမေရိကား ၁၉၈၉ ခုနှစ်မှရောက်ပါတယ်..သူရောက်စဉ်က သူမှာဒေါ်လာ ၁၃ ဒေါ်လာပဲပါတယ်လို့သိရပါတယ်၊ဘဝကို အခက်အခဲမျိုးစုံမှကြိုးစားရင်း အခုအခါ ပြည်နယ်ပေါင်း ၂၈ပြည်နယ်မှာ သူ့ရဲ့ဆူရှိကုမ္ပဏီခွဲတွေဖွင့်လစ်နိုင်ခဲ့ပါပြီ…သမ္မတကတော် မီရှယ်အိုဘားမားရဲ့ အထူးဧည့်သည်တော်အဖြစ် အိမ်ဖြူတော်မှဖိတ်ကြားခြင်းခံရတယ်လို့ ဒီနေ့မနက် rfaသတင်းမှာဖတ်လိုက်ရပါတယ်…www.rfa.org/burmese/news.မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်…မြန်မာလူမျိုးများ အတွက်ဂုဏ်ယူစာသတင်းလေးများဒီဆိုဒ်မှာ နည်းလောက်ရေးကြည့်ပေးစေချင်ပါတယ်…

    • kai

      September 11, 2011 at 1:04 am

      ကိုဖိလစ်မောင်ကို.. မန္တလေးဂေဇက်သတင်းစာက.. နှစ်တော်တော်ကြာကတည်းက.. အင်တာဗျူးထားပြိး .. “ထင်ရှားကြော်ကြား မြန်မာများကဏ္ဍ”မှာ.. ပုှံနှိပ်ဖေါ်ပြဖူးပါတယ်..။
      ပြန်တင်ပေးပါ့မယ်..။

  • pooch

    September 11, 2011 at 8:04 am

    ” အရင်တုန်းကတော့ လူတွေဟာ သူတို့ ကိုယ်သူတို့ တိုးတက်မှု ရှိရန် အလို့ငှာ အသိပညာတွေကို ရှာဖွေ ဆည်းပူးကြတယ်၊ ဒီအချိန်ကာလ မှာတော့ တခြားသူတွေကို ဖိနှိပ်ဖို့ အတွက် အသိပညာတွေ ရှာဖွေနေကြတယ် ” ( ကွန်းဖြူးရှပ် )

    တို့များ သူကြီးလည်း ကိုယ့်အမျိုးကိုယ် အရိုးစွဲအောင် မုန်းပြီး ဖိနှိပ်ဖို့အတွက် များ အသိပညာတွေ ရှာဖွေနေသလားမှတ်ရတယ်။ နောက်ဆို ဗမာ ဆိုတဲ့ နာမည် ဟာ ” အိုဘားမား ” တို့ ဆီက ကော်ပီကူးတာတို့ ၊ မန္တလေး ဆိုတဲ့ အမည်နာမ ဟာလည်း အမေရိကန်နိုင်ငံ ၊ လပ်စ်ဗီးဂပ် မြို့မှာရှိတဲ့ MandalayBay Hotel ဆိုတဲ့ ဆီကနေ မင်းတုန်းမင်းကြီး ကော်ပီ ကူးချတာတွေတောင် တွေ့လာနိုင်ပါတယ်။ လုပ်ပါ လုပ်ပါ။ အားမနာပါနဲ့ ။ တို့များသူကြီး ဘယ်လို အထောက်အထား များနဲ့ ဘယ်လောက်ထိ ရှာဖွေနိုင်တယ် ဆိုတာ စောင့်ကြည့် အသိအမှတ်ပြုရတာပေါ့။
    ဒါပေမဲ့ wikipedia ဆိုတာကလည်း အင်တာနက် ခေတ်မှာ ဦးသူ မှတ်ပုံတင်တာမျိုးဆိုတော့ သူချည်းပဲတော့ မလုံလောက်ဘူးထင်တယ် ။ ဆိုင်ရာ နိုင်ငံက ကျမ်းကိုးများကိုပါ ဖော်ပြနိုင်ရင်တော့ ပိုပြီး တိကျပြီး လက်ခံနိုင်တာပေါ့။ နှောင်းလူတို့ အတွက်လည်း အကျိုးရှိပါတယ်။

    သို့သော် အမျိုးကို မုန်းတဲ့စိတ်နဲ့တော့မလုပ်ပါနဲ့လေ ။ အမှန်တရားကို မြတ်နိုးတဲ့ စိတ်နဲ့ တူးဖော်ပါ ။ လူတွေကို အမှန် သိစေချင်တဲ့ စိတ်မျိုးတော့ မွေးဖို့လိုမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တင်ထားတဲ့ ခေါင်းစဉ်က စကားထဲက ဇာတိပြနေလို့ပါ။ နောက် ဘုရားဟောတဲ့ ကာလာမ သုတ်ကိုလည်း ဘာမဆိုင် ညာမဆိုင် သွားသတိရလို့နေပါတယ်။

    ဒါနဲ့ သူကြီးက အပြောလွယ်ပြီး အလုပ်ရှော်သလိုပဲနော်။ ၂ ပုဒ်ထက်ပိုမတင်ရပြောပြီး ၃ ပုဒ်တင်လားတင်ရဲ့။ မကူးရဘူး ဆိုပြီး ပြန်ကူးတင်ပါလား ဆိုလားဆိုရဲ့ ။ တမျိုးပဲနော်။ ဒါနဲ့ မသိလို့ မေးပါရစေ ။ ဒီဆိုဒ်ကို ထောင်ထားရတဲ့ ရည်ရွယ်ချက်လေးကရော ဘာများပါလိမ့်နော်။ တကယ်မသိလို့မေးတာနော်။ နောက် ဆည်းပူးခဲ့ရတဲ့ ပညာရပ်ကရော ဘာများပါလိမ့်။

    နောက် သူကြီးကို အကြံလေးပေးကြည့်တာပါ။ ကိုခိုင်ဆိုတဲ့ နာမည် က မြန်မာဆန်နေသလားလို့ ဘို ဆန်ဆန်လေး ပြောင်းသင့်တယ် ။ မိုက်ကယ် ဂျက်ဆင်လို အရေခွံချွတ်ပြီး အရောင်ပြောင်းသင့်တယ် ။ နဖူးမှာလည်း Made in USA လို့ တက်တူးလေး ထိုးထား ။ နောက်ဆို သူများတွေ မေးစရာမလိုတော့ဘူးလေ။ သူကြီး သေရင် wikipedia မှာ Made in USA လို့ မှတ်တမ်းလေး တို့ပေးမယ်။ နောက်ကြောင်း အေးအောင်ပါ။ ဘယ်သူမှ ငြင်းလို့ မရအောင်ပေါ့။ 🙂 🙂
    သေရင် လွမ်းလို့ ရအောင် လွမ်းစရာလေးတွေတော့ ထားခဲ့မှ ဖြစ်မယ်နော်။ 🙂

    ” ပဲပြားပင်ကဲ့သို့ မကျင့်မူဘဲ သစ်ပင်ကြီးကဲ့သို့ ကျင့်ကြံခဲ့ သဖြင့် ရာဇဝတ်ဘေး သင့်ခဲ့ရပေသည်တကား” လို့ ပြောခဲ့ တဲ့ ရှေးစကားလေး ကိုလည်း သတိရမိပါတယ်။ကိုယ်ကတော့ ပဲပြားနဲ့ အပင်ကြီးဆိုရင် အပင်ကြီးနေရာမှာပိုဖြစ်ချင်တယ်။ အပင်ကြီးက မလဲခင် နှစ်ပေါင်းများစွာ အေးမြတဲ့ အရိပ်အာဝါသကို ပေးခဲ့တယ်။ ကျေးငှက်တို့အတွက်လည်း နားခိုစရာဖြစ်တယ်။မောပန်းသူတွေ အရိပ်ခိုလို့ရတယ်။လေဒဏ် မိုးဒဏ်ကြောင့် လဲပြိုသွားရင်တောင် သူ့ကို အကျိုးရှိရှိ အသုံးပြုလို့ရသေးတယ်။
    ပဲပြားပင်ကတော့ ဘယ်နေရာမှာများ နှမြောစရာရှိလဲ ။ လေတိုက်ရာ လိုက် ယိမ်းနွဲ့ နေတတ်လို့ ရှင်သန်နေရစ်တာပဲ ရှိတယ်။ ဘယ်သူ့မှလည်း အကျိုးမပြု သေသွားတော့လည်း အပင်ကြီးလို အသုံးမဝင်။ နှမြော စရာ တစက်မှမရှိဘူး။ (လူထုစိန်ဝင်း)

    သူကြီး အမျက်တော်ရှလို့ ရွာပြင်ထုတ်လည်း သူကြီးအနားမှာ ကိုယ်ကတော့ ပဲပြားလို လေယူရာတိမ်းယိမ်းလို့ အသုံးမကျ မရှင်သန်ချင်ဘူး ။ အပင်ကြီးလိုပဲ အသေခံပြီး ရွာပြင် မဲဇာကို ပျော်ပျော်ကြီး ထွက်ပေးမယ်။ 🙂

    • Mr. MarGa

      September 11, 2011 at 4:07 pm

      ဖြောင်းဖြောင်းဖြောင်း
      (သစ်ကိုင်းကျိုးသံ)

  • thit min

    September 11, 2011 at 5:53 pm

    အိမ်း………ခက်တော့ကုန်ပါပြီကွယ်…..
    ပြောလိုရင်းတွေလွဲကာချော်လို့…….
    သူကြီးကရောမြန်မာ့အော်ရီဂျင်နယ်ဟုတ်မဟုတ်အငြင်းပွါးကုန်ကြပါပေါ့မင်းကြီးများ………….

  • xman

    September 11, 2011 at 8:49 pm

    အော် … မပြီးသေးပဲကိုး

    ကျွန်တော့်အမြင်တော့
    စားစရာတွေ စားသုံးပုံတွေ ပြင်ဆင်ချက်ပြုတ်ပုံတွေ ဆိုတာ
    ဘယ်ကအော်ရီဂျင်နယ် လို့ ပြောဘို့ ခက်ပါတယ်။

    အပင်တွေ အကောင်တွေ ဆိုတာ လူတွေ စ စားမှ စတီထွင်တာမဟုတ်ဘူးထင်တယ်။
    သူ့ဟာသူ ရေမြေ သဘာဝ ရာသီဥတု အလျှောက် ဖြစ်ပေါ်ပြန့်ပွားနေပြီးမှ
    နီးတဲ့လူက ဆပ်ဆပ်ဆော့ဆော့ စားမိရင်းနဲ့
    ဘာမှမဖြစ်ရင် စားလို့ရတယ်လို့ ယူဆပြီး ဆက်စားကြတာဖြစ်မယ်။

    အဲတော့ ဘယ်ကအော်ရီဂျင်နယ်ဖြစ်ဖြစ်ပေါ့ ၊
    ပြောပြတဲ့သူရှိတော့လဲ သိရတာပေါ့
    သူ့ကိုနိုင်အောင် ပြိုင်ငြင်းနိုင်သူရှိလာတော့လဲ
    နောက်တမျိုးသိရတာပေါ့လို့ …
    ရိုးရိုးလေး တွေးမိပါတယ်။

    ဒါလောက်နဲ့တော့ သူကြီးကိုစွပ်စွဲဘို့ မလုံလောက်သေးလို့ ဆက်လက်ပြီး အချက်အလက်စုဆောင်းပြင်ဆင်ကြဘို့
    နိဗ္ဗာန်အကျိုးမျှော်ရင်း နှိုးဆော်လိုက်ရပါကြောင်း ………။ 🙁

  • kai

    September 12, 2011 at 1:05 am

    “Don’t shoot the messenger” was first expressed (very obliquely) by Shakespeare in Henry IV, part 2 (1598) and in Antony and Cleopatra:
    Don’t the kill the messenger because you don’t like the message.

    သတင်းစကား.. အချက်အလက် သယ်ယူပြန်ပြောပြသူကို သတင်းစကားအချက်အလက်အား.. မိမိနှင့်သဘောမတွေ့ မကြိုက်သက်နှစ်သက် ကာမျှနှင့်… မသတ်စကောင်း…။

    တကယ်တော့.. ပြန်ပြောတင်ပေးလိုက်တဲ့..အချက်အလက် မဖြစ်နိုင်ဘူးထင်ရင် အချက်အလက်နဲ့ ပြန်ငြင်းဖို့ပဲ..။
    (ဘာမဆိုင်ညာမဆိုင်).. သတင်းစကား.. အချက်အလက် သယ်ယူပြန်ပြောပြသူကို ဦးတည်တိုက်ခိုက်နေရင်တော့.. စာဖတ်သူတွေ.. အကျိုးများဖို့.. တယ်မရှိပေဘူးဗျ…။ 🙂

    ဆိုတော့..
    ပုန်းရည်ကြီးနဲ့ ပါတ်သက်တဲ့ အစတချို့ ဆွဲမိထားပါတယ်..။
    အဲဒါကို.. ပြန်ဆွေးနွေးရေးမလို့ဟာ.. သတင်းသယ်သူ အသတ်ခံလိုက်ရတာမို့..” ဂွ”သွားပြီဖြစ်ကြောင်း…။
    “ဂွိ” မှပဲ…ပြန်ရှာတင်ပေးမည်ဖြစ်ကြောင်း..။ 🙂

  • MaMa

    September 12, 2011 at 8:39 am

    သဂျီးကတော့ ရွာသားတွေကို ပြန်ပြီး ဒို့အရေး အော်ပြီး ဘွိုင်ကော့ လုပ်နေပြီ။

Leave a Reply