ပြန်ချင်တယ်ဆိုမှ ထီးကမပါ
ဘယ်သူဆိုတဲ့ သီးချင်းလဲတော့ မသိဘူး အစအဆုံးလည်း မဆိုနိုင်တော့ သိသလောက်ကပြောရမယ် ဆိုရင် ” အရင် တို့မြန်မာပြည်က စစ်တပ်ဟာ လူတွေကို သေနပ်အစစ်တွေပြစ်တော့ သေတယ် တခါပဲ အခု ဒီမိုကရေစီ အတု အစိုးရက လူတွေကို လေသနပ်နဲ့ ပြစ်တယ် မသေမခြင်း သေနေတယ်” နား မဒိမ်းအကျင့်ခံရတယ်ပေါ့ နော် ပြန်လာပါ ခွင့်လွတ်ပါတယ် အတူလက်တွဲကြရအောင် စသဖြင့်ပေါ့ မေးစရာ မေးခွန်တွေက ပြည့်လာတယ် ကျုပ်တို ့ဘာတွေလုပ်သွား ခဲ့လို ့လဲ မကောင်းသာ ဘာမှမလုပ်ခဲ့ပါဘူး ကောင်းအောင်လုပ်ခဲ့သူတွေပါ ကျုပ်တို့ရဲ့ အပြစ်ကို မကြည့်ပါနဲ့ သင်တို ့ရဲ့ အပြစ်တွေက ဘာတွေလည်း ဘာလုပ်ခဲ့ကြလည်း သင်တို ့သိပါတယ် နဝတ လက်ထက်မှာ လက်ထက်မှာ စကားလုံး လလလေးတွေကို သုံးပြီး လု ့ငရဲကို ပို့လွတ်လိုက်တဲ့ တရာခံက စစ်တပ် အတိုင်းအဝိုင်းထဲမှာ ပုလင်းတူ ဗူးစွတ် ခင်ရွှေရဲ့ စကားကြောင့် ဦးသိန်းစိန်ဟာ စကားလှလှလေးတွေ သုံးပြီး အတိုက် အခံတွေ ကို ကောင်းကောင်း ဒုက္ခပေးခဲ့တယ်ဆိုတာ သိလိုက်တယ် ဘာတွေလဲဆိုတော့ စစ်အစိုးရလက်ထက်က လူတွေဟာ အထက်ကို ဘယ်လို ဖားရမလဲ အောက်ကို ဘယ်လို ထောင်းရမလဲကိုသာ ပိုသိတဲ့လူတွေ လေ …..
ကျနော်တို ့ ပြန်ချင်တယ် ကို ့နိုင်ငံ ကို ့အိမ်လေ ကိုအိမ်ကို ကိုယ်ပြန်တာ ဘယ်သူ ဘာပြောဘို ့လိုလဲ အခုကျနော်တို ့ မပြန်လည်း ကျနော်တို ့အိမ်ကို ဒေါ်လာ တွေ ယူရိုတွေ တော့ ပုန်မှနပြန်နေတယ် အဲ့ဒါ က အသာတင် အမြတ်ထွက် တဲ့ ဝင်ငွေပါ ကျနော်တို ့ သစ်ပင်တွေ ခုတ်လဲပြီး ပြည်ပမပို့ပါဘူး ဒုက္ခသည်လို ့ တံဆိပ်တပ် Made In Myanmar မလုပ်ပါဘူး ကျောက်မျက်ရတနာတွေ မခိုးထုတ်ပါဘူး ရှေးဟောင်းတွေ မလွင့်ပြစ်ပါဘူး သေနပ်ပြပြီး ဆပ်ကြေးလဲ မတောင်းပါဘူး ကဲ့ …. ဘာအပြစ်တွေကို ခွင့်လွတ်တယ်လို ့ပြောတာလဲ ။
ခေါင်းစဉ်ကို ကိုကားပြရမယ်ဆိုရင် ပြန်ချင်တယ် ထီးကမပါ ထီးတချောင်းက ကျနော့ကို မိုးဒါဏ် လေဒါဏ် ကို ကာကွယ်နိုင်တယ် ဒီမိုကရေစီ အစိုးရက ကျနော်တို ့ကို လေသနပ်နဲ့ ပြစ်တော့ အိပ်လဲနာ စားလည်းနာ သွားနေရင်လဲ နာ …………နာပြီးရင်းနာနေတဲ့ နိုင်ငံသားတွေပါ .. အို လွတ်တော် အမှတ်တို ့ အိုဘယ့် နိုင်ငံသားတွေကို နိုင်ငံလေးတော့ မမဲ့ပါစေနဲ့