သူငယ်ချင်းများသို့ အမှတ်တရ (ရွှေရည်စိုး)

unyuntsoeSeptember 12, 20111min1220

လွန်ခဲ့တဲ့နှစ် (၃၀)လောက်က အဲဒီတုန်းကတော့ ရန်ကုန်တိုင်း ယခုတော့ ရန်ကုန်တိုင်းဒေသကြီး

လှိုင်နယ်မြေ ဒေသကောလိပ်၊ ပထမနှစ် ၊ ဒုတိယနှစ် တက်ပြီး စီးပွားရေးတက္ကသိုလ်ဝင်ခွင့်ရလို့

မေခဆောင်ဆိုတဲ့ အဆောင်မှာနေခွင့်ရခဲ့တယ် ။ အဆောင်မှူးက ဒေါက်တာမြသန်း၊ ဟောကျူတာ

က ဦးဉာဏ်လင်း၊ ဇွဲကပင်ဆောင်က ဦးစိန်မြင့် တို့နှင့် တရင်းတနှီးရှိခဲ့တယ် ။ တက္ကသိုလ်ဓမ္မာရုံ

နှစ် (၅၀) ရွှေရတုမှာ စီးပွားရေးတက္ကသိုလ် အငြိမ့်နှင့် တင်ဆက်ခွင့် ပါဝင်ခွင့်ရခဲ့တယ် ။ အဲဒီတုန်းက

ဝိဇ္ဖာ သိပ္ပံ္ပံ တက္ကသိုလ် ၊ စီးပွားရေးတက္ကသိုလ် တဝင်းတဆက်တည်း နေရာအနှံ အတန်းအားတာနဲ့

သူငယ်ချင်းတွေ သွားကြတယ် ။ ရေတမာတန်းကိုလည်းလျှောက်တယ် ။ ထင်းရူးတန်းလမ်းက

ဘွဲ့နှင်းသဘင်ကိုလည်းသွားတယ် ။ ဘွဲ့နှင်းသဘင်က အဓိပတိလမ်းကိုလည်းလျှောက်တယ်။

ရိုးတံကျဲကျဲ သစ်ပုတ်ပင်ကြီးကိုလည်း မော့ကြည့်တယ်။ တခါတခါ တက္ကသိုလ်စာကြည့်တိုက်

ကြီးထဲမှာ စာအုပ်ရှာဖတ်တယ်။ တခါတလေမှာ နားနေဆောင်အာစီထဲမှာ စန္တရားတီးတာ

ပတ္တလားတီးတာ နားထောင်တယ်။ တက္ကသိုလ် ဆိုင်းဝိုင်းကြီးကို ကိုအောင်သန်းဦးတို့

ဒိုးချောင်ဝင်ပြီးတီးချိန်မှာ နှဲမှုတ်ပေးရတယ် ။ သီချင်းဆိုပေးရတယ်။ ဝါသနာတူ သူငယ်ချင်း

တွေနဲ့ပေါ့။ ကတတ်တဲ့သူငယ်ချင်းတွေလည်းပါတယ်။ ကျောင်းသားဘဝရဲ့ အနာဂတ်ဟာ

အဲဒီအချိန်အခါတုန်းက ဘာမှ ကြိုမစဉ်းစားခဲ့ဘူး ။မသိခဲ့ဘူး ။ တနေ့ပြီးတနေ့ ကျောင်းတတ်ရင်း ပျော်လို့

အားမရဘူး။တနေရာပြီးတနေရာသွားကြတယ်။ မောရင် ဦးယမ်းဘီလူးဆိုင်မှာ ရေခဲ့သုတ်

စားတယ်။ ဂျက်ဆင်ဘက်ကိုသွားရင်း ဦးချစ်ဆိုင်မှာ လက်ဘက်ရည်သောက်တယ်။

အင်းလျားကန်စောင်းမှာ လျှာပူအာပူသောက်တယ် ။ အကြော်စားတယ်။ ကြည့်မြင်တိုင်နယ်မြေ

ရှိ အမှတ် (၃)ဒေသကောလိပ်၊ ဗိုလ်တစ်ထောင် နယ်မြေရှိ အမှတ် (၁)ဒေသကောလိပ်တွေကို

လည်းသွားလည်ကြတယ် ။ စက်မှုတက္ကသိုလ်လည်း ရောက်ဖြစ်အောင်ရောက်တယ် ။

ဆေးတက္ကသိုလ် လိပ်ခုံးကိုတော့ လမ်းလျှောက်ပြီးသွားကြတယ်။ စနေနေ့ တွေမှာ

ရွှေတိဂုံ ဘုရား ရာဟုထောင့်မှာ သူငယ်ချင်းတွေချိန်းပြီး ပုတီးစိပ် ဘုရားရှစ်ခိုးကြတယ်။

သမတရုပ်ရှင်ရုံ ၊ ပပဝင်းရုပ်ရှင်ရုံ ၊ ဂုဏ်ရုပ်ရှင်ရုံ တို့တွင် ရုပ်ရှင်အကြည့်များခဲ့တယ်။

တခါတခါ လိုင်းကားကြပ်ရင်မစီးပဲ အဆောင်ကို မြို့ထဲကနေ လမ်းလျှောက်ပြန်ကြတယ်။

အချိန်တွေ ကုန်လို့ ကုန်မှန်း မသိခဲ့ကြပါ။ အဲဒီတုန်းက ဆုံခဲ့တဲ့ သူငယ်ချင်းတွေ ယခုအခါ

နေရာဒေသအသီးသီးတွင် တာဝန်ကိုယ်စီနှင့် ရောက်ရှိနေကြပေပြီ ။ အချို့သော သူငယ်ချင်း

များက အားနှင့် မာန်နှင့် စီးပွားရေးလောကတွင် ရောက်ရှိနေပြီး အချို့သောသူငယ်ချင်းများ

ကတော့ အနုပညာနှင့် လောကအလှဆင်လျှက်ရှိကြသည်။ အချို့သူငယ်ချင်းများမှာ

ဌာနအသီးသီးတွင် အရာရှိကြီးများ ဖြစ်သွားသကဲ့သို့ အချို့လည်း အရာရှိငယ် ၊ အချို့လည်း

ကျောင်းဆရာ အချို့မှာ ပါရဂူ ၊ဒေါက်တာဘွဲ့ ရရှိသူများဖြစ်သွားကြသည်။ အချို့သူငယ်ချင်း

များမှာ (၉၆) ပါးသောရောဂါနှင့် လောကထဲမှ ကွယ်ပျောက်သွားချေပြီ ။ အချို့သူငယ်ချင်း

များမှာ ယနေ့အထိ အဆက်သွယ်မရ ပြတ်တောက်လျှက်ရှိနေပါသည်။

ကမ္ဘာကြီးသည် ကျယ်ပြောလှပေသည်ဟု သူငယ်တန်းစာတွင် သင်ကြားခဲ့ပါသည်။

ယနေ့ခေတ်အခါတွင် ကမ္ဘာကြီးကရွာလိုပါ ဆိုတော့ ကမ္ဘာကြီးကကျဉ်းမြောင်းသွားပါသည်။

ကမ္ဘာ့ရွာထဲမှာ သူငယ်ချင်းတွေရှိနေသည်။ နည်းပညာအင်တာနက်အကူအညီနှင့် တက္ကသိုလ်

ကျောင်းတက်စဉ်က ဆုံခဲ့ကြသော မေခဆောင်အမျိုးသားများ ၊ သရဖီဆောင်အမျိုးသမီးများ၊

(မောင်နှမအဆောင် ) သတ်မှတ်ထား၍ အတူသစ်ပင်စိုက်ပွဲ ဒိုးပတ်သီချင်းဖြင့် တီးမှုတ်ကခုန်

ခဲ့သည်ကို ကိုစိုးလူ တစ်ယောက် မြင်ယောင်ဆဲ ကြားယောင်ဆဲပါ ……. မနေ့တနေ့ကလိုပါ

သူငယ်ချင်း ။ ဒေါက်တာမြသန်း က ဒိုးပတ်တီးဝိုင်းလေးအတွက် ဒိုးပတ်သီချင်းလေးစပ်ပါ

ဆိုလို့ သံစဉ်လည်းညီအောင် လက်တန်းစပ်ပြီး သံပြိုင်သီဆို တီးမှုတ်ပျော်ရွှင်ခဲ့ကြတယ်။

အဲဒီတုန်းက သစ်ပင်စိုက်ပွဲမှာပေါ့ …..

( မေခဆောင်ဝန်းတစ်ဝိုက် …. သစ်ပင်စိုက်တူပျော်ပျော် ….. ) ၂

ပင်မျိုးရယ်စုံသနော် …… ရှင်သန်စေသား …..

( သီးဖွံ့ထွားလို့ စိမ်းလန်းစိုပြေ (ပြည်) ….. ရွက်ခက်ပွားလို့ အရိပ်ခိုစေ…..)၂

သာယာသောမြေ ….. ဟေ…..

စိုပြေစေသား …. ဟေ့ … ဟေ

မေခသရဖီ မောင်ညီမများရယ် ….

လာလာလေ …. စိုက်ကြပါစို့လား ….။

ဒိုးပတ်သီချင်းကို သံပြိုင်ဆိုကြတီးကြပြီး ကွေးနေအောင်ကတဲ့သူငယ်ချင်းများ

တိုက်ဆိုင်မှု ရှိလျှင် အမြဲသတိရနေလျှက်ပါ ။ သူငယ်ချင်းတို့လည်း သတိရနေမှာပါပဲ။ စာပေ

အနုပညာဝါသနာ ပါတဲ့ကျောင်းအနုပညာအသင်း ဆိုကရေးတီးတွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကိုစိုးလူ

တက္ကသိုလ် ကျောင်းသားဘဝမှာ စာပေအနုပညာ ဝါသနာက ရင်ထဲနှလုံးသားထဲကို ဝင်ရောက်

လာခဲ့တယ်။ သူငယ်ချင်းတွေက စာရူးကဗျာရူးပြောလည်း စိတ်မဆိုးနိုင်ပါဘူး ။ ကျောင်းမှာ

သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် သွားကြလာကြ ၊ ညအခါ အဆောင်တွေမှာ ဂစ်တာတီးသီချင်းဆိုကြ

ဂန္ထဝင်သီချင်းကို ဂစ်တာနဲ့ ပလွေ ၊ စည်းဝါး တွဲပြီးဆိုကြ ၊ ပြန်လာလျှင် စာကြည့်ကြ လက်ဘက်ရည်

ကျကျသောက်ပြီး သန်းခေါင်ထမင်းစားကြ ကျောင်းပြီးသွားတော့ ရင်ထဲမှာ ဟာပြီး နေမချိ

ထိုင်မသာ နေရာအသီးသီးကို ရောက်သွားကြပြီး …. ယခု နှစ် (၃၀) ကြာခဲ့ပါပြီ သူငယ်ချင်း……..။

သတိရလျှင် စာပြန်ပါ သူငယ်ချင်းတို့ ……………………