ခင်သာဇာတိ မောင်သာဂိ(၅)
အခန်း(၅)အဘချိုရဲ့နောက်ဆုံးခရီး နဲ့ သာဂိ
အဘချိုသည် ၎င်းသောက်ထားသော ရေနွေးများ သုံးအိုးမြောက် ကုန်သွားပြီဖြစ်၍ ထပ်မံလိုချင်ငြားသော် လည်း သာဂိအား ပြောချင်သည့်စကားများကိုကုန်အောင်မပြောလိုက်ရမည် ကို်စိုး၍ ထပ်တည်ခိုင်းခြင်းမပြုတော့ပဲ ရေနွေးကုန်နေကြောင်းကို မသိကျေးကျွန်ပြုထားလိုက်သည်။ လင်းကြက်ကတွန်လုဆဲ။ တခါတရံ ငှက်ဆိုးထိုးသံများကို ကျယ်လောင်စွာကြားရ၍ တခါတရံတွင် ရှည်လျှားစွာ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးတို့၏အသံများမှအပ မည်သည့်အသံကိုမျှမကြားရ။ အမှောင်ထုသည် လရောင်ကို ကိုက်စားဝါးမျိုပြီး တလောကလုံးကိုုုလွှမ်းခြုံထားပြီတည်း။ ၎င်း အမှောင်ထုကြီးအောက်မှာတော့ လူကြီးနဲ့လူငယ် နားလည်မှုအပြည့် ဖြင့် တောင်းသူက တောင်း၍ပေးသူကလည်း ပေးနေသည်၊ ပြောသူကပြော၍ မေးသူကလည်းမေးနေသည်လူကြီးကလည်း ငါလူကြီးပဲ မင်းထက်ငါသိတယ် ဆိုတဲ့သဘောနဲ့ စွတ်ပြောနေခြင်းမဟုတ်သလို လူငယ်ကလည်း လူကြီးပြောသမျှကို မှတ်သားစရာ များအဖြစ်ဖြင့် နာယူမှတ်သားနေသည်။ အမှန်တော့ ထိုစကားဝိုင်းလေးသည် တရားစကားများကိုထည်သွင်းဆွေးနွေးနေကြခြင်းကြောင့် မင်္ဂလာ ရှိနေခြင်း ကိုတော့နှစ်ဦးစလုံးက မသိပဲနေကြမည်မဟုတ်ပေ။ ထို့အတူနှစ်ဦးစလုံးကလည်း ရပ်တန့်ပြစ်လိုက်ဖို့ အလိုမရှိကြ၊ ရှေ့ဆက်လိုကြသည်။ လောကကြီး၏ အမှောင်တိုက်တစ်ခုလုံးကို ဖယောင်းတိုင်ငယ်တစ်ခုမှ ဖြိုခွင်းနေသလို သာဂိ၏မရင်ကျက်မှုနှင့် လူသားသဘာဝမွေးရာပါ မောဟအချို့ကို အဘချိုက ဉာဏ်ပညာအဖြစ်ပြောင်းလဲနေသည်။ လူသားတစ်ယောက်၏ အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်သော ဆည်းဆာချိန်မှာတန်းတစ်ခုကို အချိန်နှင့်ရင်း၍ ပင်ပန်းမှုနဲ့ငြီးငွေ့မှုများကို ဥပေက္ခာပြုရင်း အားဖြည့်ကူညီသူကလဲသာဂိဖြစ်နေပြန်သည် မဟုတ်ပါလော။
လူကြီးနှင့် လူငယ် မိမိအကျိုးစီ်းပွါးအတွက်ရော လောကကြီး၏အကျိုးစီ်းပွါးအတွက်ပါ ဟန်ချက်ညီစွာဖြင့် လှုပ်ရှားသက်ဝင်နေသော စကားဝိုင်းကလေး။ ထိုစကားဝိုင်းလေးတွင် အဘချိုက မိမိပြောလိုရာများဆက်လက်ပြောဆိုရန် အရှိန်ယူပြီး “အေး သာဂိရေမင်း အဘကိုကူညီမယ်ဆိုရင် လိုက်နာရမဲ့စည်းကမ်းတွေတော့ရှိတယ်၊ ဒါပေမဲ့စည်းကမ်းတွေ ဘယ်လောက်များများပါကိုယ်ကိုယ်တိုင်က ဘဝတခုအတွက် ဘယ်လို ဘောင်တွေနဲ့ဘယ်လိုကန့်သတ်ပြီးဘယ်လိုလျှောက်လှမ်းမယ်လို့ချမှတ်ထားသူ တယောက်အတွက်တော့ ဘယ်နေရာက ဘယ်လိုစည်းကမ်းမျိုးပဲဖြစ်ဖြစ်ဘာမှအရေးမကြီးပါဘူး၊ မင်းက လူသားတွေကို ကူညီမယ်ဆိုတော့ ပထမဆုံးမင်းရဲ့စိတ်ကိုဖြူစင်နေအောင်ထားရမယ်” ဟုပြောလိုက်သဖြင့်သာဂိက “ စိတ်ကိုဖြူစင်အောင်ထားတယ်ဆိုတာ ဘယ်လိုထားရမှအဘရဲ့” ဟု မေးလိုက်လေ၏။ ထိုအခါအဘချိုက “ စိတ်ကိုဖြူစင်အောင်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုလဲ လောဘဒေါသတွေနဲ့မဖျက်စီးဘူး သူများကိုလဲ လောဘဒေါသ တွေနဲ့ပျက်စီးအောင် လုပ်လို တဲ့စိတ် မမွေးဘူးဆိုရင် အဲ့ဒိ စိတ်ကလေးက ဖြူစင်နေတာပေါ့သာဂိရယ်” ဟုပြောပြီးဆက်လက်၍ “ ဒုတိယ အနေနဲ့ ပညာတတ်အောင် သင်ရမယ်” ဟုပြောလိုက်စဉ် သာဂိက “ဘယ်လိုပညာတွေကို
သင်ရမှာလဲအဘရဲ့” ဟုဖြတ်မေးလိုက်ပြန်ပါသည်။ အဘချိုကလည်း “ ပညာဆိုတာ အတတ် ပညာနဲ့ အသိပညာနှစ်မျိုးရှိတယ်ကွဲ့ အဘ အဓိက ထားဆိုလိုချင်တာကတော အသိပညာကိုဆိုလိုချင် တာ ၊ ဘာဖြစ်လို ့လဲဆိုတော့ အသိပညာကသာလျှင် မိမိကိုယ်တိုင်ကိုလည်း အထက်တန်းကျကျ ဘဝကိုမြှင့်တင်ပေးနိုင်သလို သူတစ်ပါးရဲ့ ဘဝတွေကိုလဲမြင့်သည်ထက်မြင့်အောင်မြှင့်တင်ပေးနိုင်တယ်ကွဲ့၊ ပြီးတော့ အသိပညာကိုအခြေခံပြီး အတတ်ပညာဆိုတာ ဆက်ဖြစ်လာနိုင်တယ်၊ အသိပညာကိုအခြေခံပြီး တတ်လာတဲ့ ပညာကသာလျှင် လောကကြီးအတွက် ပိုပြီး အသုံးတဲ့ တယ်သာဂိရဲ့” ဟုပြောရင်း
သာဂိ “ဘာမေးစရာရှိဦးမလဲ” ဲဆိုတဲ့သဘော နဲ့ခေတ္တ ဆိတ်ငြိမ်နေလိုက်သည်။ သာဂိကဘာမှမမေးတော့မှ ဆက်လက်၍ “ အေး ပညာသင်တယ်ဆိုတဲ့နေရာမှာလဲ ဘယ်ပညာကို သင်သင် သင်ယူနည်းသုံးနည်းရှိတယ်” ဟုပြောပြီး ရပ်တန့်နေ၍ သာဂိက “ ဘယ်လိုနည်းတွေလဲ အဘချို” ဟုမေးလိုက်သည်။ “အဲ့ဒါပညာသင်နည်း သုံးနည်းဆိုတာ အမှန်တကယ်ကတော့ ဗုဒ္ဓ္ဓစာပေကို လေ့လာတဲ့နည်းသုံးနည်းပါ၊ ဒါပေမဲ့ အဘက အဲ့ဒါကိုသဘောကျလို့ဘယ်လိုပညာရပ်ကိုပဲသင်သင် အဲ့ဒိနည်းသုံးနည်း အမြဲနှလုံးသွင်းပြီး သင်ယူလေ့ရှိတယ်” ဟုပြောပြီး ဆက်လက်၍ “တို့မြန်မာပြည် ဗုဒ္ဓ္ဓသာသနာ့သမိုင်းမှာ ဗုဒ်စ ဗုဒ်လယ် ဗုဒ်ဆုံးဆိုတာရှိတယ် ကွဲ့ အဲ့ဒါကို မင်းကြားဘူးလား” ဟုမေးလိုက်သည်။ သာဂိက “မကြားဘူး”ကြောင်းပြော၍ အဘချိုက “ဗုဒ်စ ဆိုတာ တို့ဗုဒ္ဓဂေါတမမြတ်စွာက သာသနာကိုစတင်ထူထောင်ခဲ့တယ်လို့ဆိုလိုတယ်ကွဲ့၊ ဗုဒ်လယ်ဆိုတာ ကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်
စံတော်မူပြီးတဲ့နောက်ပိုင်း မှာ မြတ်စွာဘုရားရဲ့တရားတော်တွေကိုဖျက်ဆီးမဲ့သူတွေများ လာတာ ကတစ်ကြောင်း၊ နှစ်ပေါင်းကြာမြင့်လာတာကတစ်ကြောင်းကြောင့် အဓိပ္ပါယ်တွေကရှုပ်ထွေးလာသလို သိဖို့လဲပိုမိုခက်ခဲလာခဲ့တယ်။ အဲ့ဒါကို အရှင်မဟာဗုဒ္ဓဃောသ ဆိုတဲ့ကျမ်းတတ်အကျော်အမော် ဆရာတော်တစ်ပါးက ပါဠိကို ပါဠဘာသာနဲ့ပဲပြန်လည်ဖွင့်ဆိုရေးသားခဲ့တယ်ကွဲ ၊ အဲ့ဒါကို အဋ္ဌကထာလို့ခေါ်တယ်ကွဲ့၊ မြန်မာပြည်ကိုသာသနာ ရောက်ပြီးနောက်မှာတော့ ကျမ်းတတ်အကျော်အမော် မြန်မာဆရာတော်တစ်ပါးက နောက်လာနောင်သားတွေ ဗုဒ္ဓ္ဓစာပေကို လွယ်လင့်တကူ သင်ယူ လေ့လာ နိုင်ဖို့အတွက်ပါဠိမြန်မာနှစ်ဘာသာ တွဲစပ်ပြီးအဓိပ္ပါယ်ဖွင့်ဆိုရေးသားခဲ့တယ် ၊ အဲ့ဒါကို တော့ နိဿျလို့ခေါ်တယ်၊ ဆရာတော်ရဲ့ဘွဲ့တော်ကိုတော် ဆရာတော်ဦးဗုဒ်လို့ပဲခေါ်ခဲ့ကြပါတယ်၊ အဲ့ဒိအတွက် မြန်မာ နိုင်ငံဗုဒ္ဓ္ဓစာပေသမိုင်းမှာ ဗုဒ်စ ဗုဒ်လယ် ဗုဒ်ဆုံးဆိုတဲ့ စကားပေါ်ပေါက်ခဲ့တယ်၊ ဆိုလိုချင်တာက အဲ့ဒိအထဲမှာမှ ဗုဒ်လယ် ဖြစ်တဲ့အရှင်မဟာဗုဒ္ဓဃောသ ရဲ့အကြောင်းလေးကိုနည်းနည်းပြောပြချင်တယ်၊ အရှင်မဟာဗုဒ္ဓဃောသဟာ အလွန်တရာဉာဏ်ပညာထက်မြက်တာကတစ်ကြောင်း ဆရာသမားရဲ့သွန်သင်
ပြသမှုနည်းနာနိဿျကောင်းတာကတစ်ကြောင်းမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ပိဋကတ်သုံး ပုံကိုထုံးလို မွှေ ရေလိုနှောက်ကျွမ်းကျင်တတ်မြောက်ခဲ့တယ်၊ အဲ့သလို တတ်မြောက်ခဲ့တဲ့အတွက်လည်း ဆရာတော်ဟာ အလွန်တရာမာန်တက်ပြီး နားထင်သွေးရောက်ခဲ့တယ်ဆိုပါတော့ကွာ၊ ဘယ်လောက်ထိဆိုးသလဲဆိုတော ဆရာကိုတောင်အာခံချင်တဲ့သဘောထိသက်ရောက်ခဲ့တယ်။ ဒါပေမဲ့ ဆရာက အာသဝေါကုန်ခမ်းပြီးသာ းရဟန္တာဖြစ်နေလေတော့ သူရဲ့မာန်မာနဖြစ်ခြင်း၊ ထောင်လွှားတက်ကြွခြင်းတွေကို သိနေတယ်။ ဆရာသမားက တပည့်ကို သနားလွန်းလို့ ဆုံးမတယ်။ ရဟန်းဘဝမှာ စာဘယ်လောက်တတ်တတ်မိမိရဲ့
ညစ်နွမ်းမှုစိတ်အစဉ်ဖြစ်တဲ့ လောဘ ဒေါသ မောဟ မာန် မာနတွေကိုမှကုန်စင်အောင်မပြုလုပ်နိုင်ရင် ဘာမှတန်ဖိုးမရှိကြောင်းကိုပေါ့၊ အဲ့ဒိနေရာမှာ မှတ်သားရမှာက လူတွေဟာ ပညာတွေဘယ်လောက်တတ်တတ် အများအကျိုုးရှိအောင် အသုံမချနိုင်ပဲငါပညာတတ်ပဲဆိုပြီး ငါတကောကောနေရင် သူတစ်ပါး အကျိုး နဲ့ကိုယ်ကိုယ်တိုင်ရဲ့အကျိုး ဘယ်သူ့ရဲ့အကျိုးစီးပွားကိုမှ မဖြစ်ထွန်းစေနိုင်တဲ့အတွက်အဓိပ္ပါယ်မဲ့သော၊ အနှစ်မဲ့သော ပညာတတ်ခြင်းသာလျှင်ဖြစ်လိမ့်မယ်ကွဲ့၊ ဒါကြောင့်အသိပညာကို အခြေခံတဲ့အတတ်ပညာကသာလျှင် တန်ဖိုးရှိတယ်လို့အဘပြောခဲ့တာပေါ့” ဟုပြောရင် း ပင်ပန်းသွားဟန်ဖြင့် ခဏရပ်တန့်နေ၏။ သာဂိက “ဆရာတော်ရဲ့ အကြောင်းလေးကို
ဆက်ပြောပါဦးအဘရဲ့ဘာတွေဆက်ဖြစ်လဲ” လို့ဟုပြော၍ အဘချိုက “တိုတိုပြောရရင်တော့ သူမှားကြောင်းကိုလည်းသိသွားသလို သူရဲ့အမှားကိုဆရာကသိတဲ့အတွက်ရှက်လည်းရှက်တာပေါ့ကွယ် ၊ ဒါပေမဲ့ ပညာရှိဆိုတာ မိမိရဲ့အမှားကို ဝန်ခံရဲတဲ့သတ္တိရှိသလို၊ အဲ့ဒိအမှားကိုချက်ချင်း ပြုပြင်နိုင်တယ်၊ ပြီးတော့ မိုက်ပြစ်ကြောင့် ပေးဆပ်ရမဲ့ ဒဏ်တပ်မှုကိုလဲ တာဝန်ယူ ထမ်းရွက်ရဲတယ်၊ ဒီတော့ ဆရာသမားကို တောင်းပန်ပါတယ်၊ ဆရာပေးလိုရာ အပြစ်ပေးဖို့လဲ လျှောက်ထားလိုက်ပါတယ်။ အဲ့ဒိတော့ဆရာက သူနဲ့တန်တဲ့ အပြစ်ဒဏ်ကိုစဉ်းစားတယ်။ ပြီးတော့မှ လောကကြီးအတွက် အကျိုးများနိုင်မဲ့ဒဏ်တစ်ခုကိုတပ်လိုက်တယ်၊ အဲ့ဒါကတော့ မြတ်စွာဘုရားဟောထားခဲ့တဲ့ အဓိပ္ပါယ် သိဖို့ရန်ခက်ခဲတဲ့ ပါဠိတော်တွေကို အဋ္ဌကထာအဖြစ်နဲ့အဓိပ္ပါယ်ဖွင့်ဆိုဖို့တာဝန်ပေးလိုက်တယ်။ ဒီနေရာမှာမှတ်သားရမှာက ဆရာနဲ့တပည့် ဆုပေးဒဏ်ပေးစနစ်ဆိုတာရှိကိုရှိရမယ် ကွဲ့ သာဂိရဲ့ ၊ ဒါပေမဲ့ အပြစ်ပေးတဲ့နေရာမှ အဓိကစဉ်းစားရမှာက ပေးလိုက်တဲ့အပြစ်ဒဏ်က ဘယ်သူတွေကိုဘယ်လောက်ထိ အကျိုးတရား ဖြစ်သွားစေနိုင်လဲဆိုတဲ့ အကျိုးဖြစ်ထွန်းမှုပါတဲ့ ဒဏ်တပ်မှုမျိုး ကသာလျှင် အဖြစ်သင့်ဆုံး
ဒဏ်တပ်မှုနည်းနာတစ်ရပ်ဖြစ်တယ်ကွဲ့၊ ဆရာကတပည့် ကိုဒဏ်တပ်တယ်ဆိုတာ ဒေါသရှေ့ထားပြီးတပ်မဲ့အစား ကရုဏာရှေးထားပြီးတပ်ရတယ်ကွဲ့ ၊ အချို့ကတော့အပြစ်ရှိတဲ့ တပည့်ကို အပြစ်ပေးချင်တယ်၊ အကျိုးရှိအောင် မပေးတတ်ဘူး၊ အဲ့ဒိတော့ဘာလုပ်လဲ၊ နွားကျောင်းသားက နွားကိုဆုံးမသလို ဆုံးမတယ်၊ ရိုက်တယ်၊ တပည့်လည်းနွားဖြစ် ကိုယ်ကိုယ်တိုင်လည်းနွားကျောင်းသားဖြစ် ကောင်းရော၊ ကိုယ့်ဘာသာ အပြစ်ပေးမဆုံးမတတ်တာ၊ အကျိုးရှိအောင် မဆုံးမ မသွန်သင်တတ်တာကို ပဲ ကရုဏာ ဒေါသလို့အမည်တပ်ပြီး တပည့်တွေကိုရိုက်နှက်ဆုံးမနေတဲ့ ဆရာသမားတွေ အများသားကွဲ့သာဂိရဲ့ မင်းလဲ ဆရာတစ်ဆူဖြစ်လာမယ်ဆိုရင်တော့” ဟုပြောပြီး သက်ပြင်းချလိုက်သည်။ သာဂိ က “အဘရေ အဲ့ဒိရိုက်နှက်ပြီးဆုံးမတာကြီး ကိုမုန်းလွန်းလို့ပါအဘရယ်၊ ရွာက အရိုက်ကြမ်းတယ်ဆိုတဲ့ဆရာမတစ်ယောက်ကို ဆိုရင် ကျနော် လေးခွနဲ့ပြစ်ချင်နေတာလက်ကို ယားနေတာပဲ” ဟုပြောလိုက်၍ အဘချိုက “ဟားဟားဟား” ဟု အားရပါးရ အသံကုန်ရယ်မောပြီးမှ “ဘာလို့မပြစ်လိုက်တာလဲ” ဟုမေးလိုက်၏။ သာဂိက “စာသင်ခန်းထဲကို လေးဂွယူလို့မရလို့ပေါ့ အဘရဲ့” ဟုရှက်ကိုးရှက်ကန်း ရယ်သွမ်းလျှက်ပြောလိုက်သည်။ အဘချိုကလည်း “မလုပ်ပါနဲ့သာဂိရယ် အဘချိုကနောက်တာပါ အဲ့ဒါမျိုးကို တော့အဘအားမပေးပါဘူး” ဟုပြောပြီး “အေး စကားစပြတ်သွားတယ်ကွဲ့၊ အရှင်မဟာဗုဒ္ဓအအကြောင်း ထပ်ဆက်လိုက်ပါဦးမယ်…..အဲ့သလို ဆရာကပေးအပ်လိုက်တဲ့အပြစ်ဒဏ်ဒဏ်ကိုခံ ယူဖို့အတွက် စာစတင်ရေးသားခဲ့တယ်….ဒီနေရာမှာလဲ ဆရာတော်က ဘယ်လောက်ထိတော်သလဲ ဆိုတာလေးကိုနည်းနည်းပြောပြဦးမယ်…ပိဋကတ်သုံးပုံထဲက ဝိနည်းပိဋကတ်ရဲ့အစဆုံး ပါရာဇိကဏ် ပါဠိတောကို် စတင်ပြီးဖွင့်ဆိုပါတယ်..အဲ့ဒိပါဠိတော်အဖွင့်ကျမ်းကို ရေးပြီးနောက်တစ်နေ့မှာ စာအုပ်ကပျောက်သွားတယ်၊ ဒါနဲ့ဆရာတော်ကလည်း စိတ်မညစ် ဇွဲမလျှော့ဘဲ နောက်တစ်အုပ်ကိုပြန်လည်ရေးသားတယ်….အဲ့ဒိထပ်ရေးတဲ့စာအုပ်လည်းပျောက်သွားပြန်တယ်…..အဲ့ဒိ တော့ဆရာတော်က ဒီတစ်မျိုးတည်းကိုပဲ သုံးကြိမ်မြောက် ရေးသားလိုက်တယ်ကွဲ့။ အဲ့ဒိ သုံးကြိမ်မြောက်စာအုပ်ကိုရေးသားပြီးတဲ့ နောက်နေ့မှာတော့ အရင်ပျောက်နေတဲ့ စာအုပ ်နှစ်အုပ ်ပြန်တွေ့ပါတယ်.ထူခြားမှုက ဘာလဲဆိုတော့ သုံးအုပ်စလုံးရဲ့ စာမျက်နှာအရေအတွက်၊ စာလုံးပေါင်းသတ်
ပုံ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ဝါကျတည်ဆောက်ပုံတွေဟာ လုံးဝကွဲပြားခြားနားခြင်းမရှိပဲ တစ်ပုံစံတည်း တူညီနေတာကိုတွေ့ရတယ် ကွဲ့” ဟုပြောလိုက်စဉ် သာဂိက “ဟာ ..အဲ့ဒါဆိုရင်အရမ်းထူးဆန်းတာပေါ့နော်” ဟု အလွန်တရာမှအံ့ဩသောမျက်နှာအနေအထားနှင့်မေးလိုက်ပါသည်။ “အေးပေါ့သာဂိရဲ့ မင်းကိုယ်တိုင်ပဲစာတစ်မျက်နှာလောက်ရေးကြည့်ပြီး နောက်တစ်ခေါက်လောက်အရင်စာနဲ့တူအောင်ပြန် ရေးကြည့်ပါလား”…ဟုပြော၍သာဂိက “ဘယ်လိုမှတူမှာမဟုတ်ဘူး အဘအလွတ်မှမရတာ” ဟုပြောလိုက်သည်။ အဘချိုက“အေး ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ သူ့ရဲ့ပင်ကိုယ်အစွမ်းအစနဲ့အစောကတည်းက အကောင်းဆုံးဖြစ်အောင်ရေးထားပြီးဖြစ်တဲ့အတွက် ဒီထက်ယုတ်လျှော့သွားခြင်း၊ ပိုကောင်းလာခြင်းမရှိတော့ ဘဲအဲ့ဒိလို တပုံစံတည်းဖြစ်နေတာကွဲ့၊ ဆရာတော်ရဲ့အစွမ်းအစကိုသိစေချင်တဲ့သိကြားမင်းက စာအုပ်ကို ဖွက်ထားပြီးသုံးအုပ်မြောက်တဲ့နေ့ မှပြန်ပေးလိုက်ခြင်းဖြစ်တယ်လို့မှတ်သားဖူးတယ်၊ အဓိကဆိုလိုရင်း ကတော့ အဲ့ဒိ ဆရာ တော် ရေးတဲ့အဋ္ဌကထာရဲ့ကျမ်းဦးအစပိုင်းမှာပြထားတဲ့စာသင်နည်း သုံးမျိုးကိုပြောချင်တာကွဲ့၊ စာသင်နည်း လို့ဆိုပေမဲ့အဘကတော့ ပညာသင်နည်းလို့ပဲမှတ်ယူစေချင်တယ်၊ဘယ်လိုပညာရပ်မျိုးကိုပဲ သင်ယူ သင်ယူအဲ့ဒိ သုံးနည်းကိုနှလုံးသွင်းသင်ယူလေ့လာစေချင်တယ်ကွဲ့” ဟုပြောပြီး သာဂိရဲ့ အခြေ အနေ ကိုအကဲခတ်သည့်အနေဖြင့် စိုက်ကြည့်လိုက်သည်။ သာဂိက “ဆက်ပြောပါအဘချို ကျနော်အရမ်းကို စိတ်ဝင်စားပါတယ်” ဟုပြော၍ပြီး အဘချို ပြောလာမည့် ပညာသင်နည်းသုံးမျိုး ကိုစောင့်စား နားထောင်နေ
လိုက်သည်။ အဘချိုက “တချို့ကပညာသင်မယ် ဆိုရင် တတ်အောင်တော့သင်ပါတယ် သင်ပြီးရင်အဲ့ဒိပညာ
လိုက်သည်။ အဘချိုက “တချို့ကပညာသင်မယ် ဆိုရင် တတ်အောင်တော့သင်ပါတယ် သင်ပြီးရင်အဲ့ဒိပညာ
ရပ်ကြောင့် ထောင်လွှားတက်ကြွမာန်မာနတွေဖြစ်ပြီး ကိုယ့်လောက်မတတ်သူတွေကိုလွှမ်းမိုးနှိပ်ကွပ် အနိုင်ယူတတ်ကြတယ်၊ တချို့ကလည်း အဲ့ဒိလိုအနိုင်ယူဖို့သက်သက်ဆန္ဒနဲ့ပဲသင်ယူကြတယ်၊ အဲ့ဒိလိုသင်ယူတာဟာ ကိုယ့်အတွက်လဲ အကျိုးမရှိသလို တပါးသူအတွက်လဲ အကျိုးမရှိတဲ့အတွက် …ဘာနဲ့တူလဲဆိုတော့ မြွေကိုဖမ်းတဲ့သူဟာမြွေရဲ့ခန္ဓာကိုယ်တစ်ဝက် ဒါမှမဟုတ် အမှီးက နေကိုင်တွယ ်လို့အဲ့ဒိမြွေရဲ့ကိုက်ခဲမှုကိုခံရပြီး ဒုက္ခရောက်သွားတဲ့သူနဲ့တူတယ်…ဒါကြောင့် ကျော်ဇောလို မာန်မာန တက်လို အခြားလူကို နှိပ်ကွက်လိုတဲ့ ဆန္ဒနဲ့သင်ယူခြင်းဟာ မိမိအကျိုးသူတစ်ပါးအကျိုး ဘယ့်သူ အကျိုးကိုမျှမဖြစ်စေတဲ့အပြင် သင်ယူသူကိုပါပြန်ပြီးဒုက္ခပေးနိုင်တဲ့သင်ယူနည်းဖြစ်တယ်၊ အချည်းအနှီးသော အသုံးမကျသူတို့ရဲ့ပညာသင်နည်းဖြစ်တယ်.အဲ့ဒါကို အလဂဒ္ဒူပမာ စာသင်နည်းလို့ခေါ်တယ်၊ မကျင့်သုံးရမဲ့ ရှောင်ရှားရမဲ့ စာသင်နည်းပေါ့ကွယ်…..နောက်တနည်းက တော့ ကိုယ်ကိုယ်တိုင်လည်းသိအောင်သင်တယ်၊ သူတပါးကိုလည်းသိအောင်လုပ်ပေးတယ်….အဲ့ဒိပညာရပ်နဲ့သူ့အကျိုး ကိုယ့်အကျိုးနှစ်မျိုးပြီးမြောက်လိုတဲ့ ဆန္ဒနဲ့သင်ယူခြင်းဖြစ်တယ်…အဲ့ဒိသင်နည်းကတော့ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးရှိနိုင်တယ် လက်ရှိလူမှု စီးပွားပိုင်းကလွတ်မြောက်ချင်ရင်လည်း ဒီနည်းနဲ့ဆိုရင်လွတ်မြောက်နိုင်တယ် လောကီဘုံမှလွတ်မြောက်ချင်ရင်လည်း ဒီနည်းနဲ့လွတ်မြောက်နိုင်တယ်…တိုတိုပြောရရင် လွတ်မြောက်ရေး သင်ယူနည်းပေါ့..အဲ့ဒါကိုနိဿရနတ္ထ စာသင်နည်းလို့ခေါ်တယ်…နောက်တနည်းကတော့ ဒီပညာရပ်ကို လောကကြီးထဲကနေ မတိမ်ကော မပပျောက်စေလိုတဲ့ အတွက် ထိမ်းသိမ်းစောင့်ရှောက်ချင် တဲ့ရည်ရွယ်ချက်နဲ့ သင်ယူခြင်းဖြစ်တယ် ကိလေသာကုန်ခန်းပြီးဖြစ်တဲ့ ရဟန္တာ ပုဂ္ဂိုလ်မြတ်တွေဟာ တရားဓမ္မအားလုံးကိုနာလည်းပြီးဖြစ်လို့ ပိဋကတ်သင်ယူစရာမလိုတော့ပေမဲ့ ထိမ်းသိမ်းစောင့်ရှောာက်လိုတဲ့ ဆန္ဒနဲ့သင်ယူကြတယ်…အဲ့ဒါကတော့ လောကုတ္တရာပိုင်းပေါ့ကွယ်…လောကီပိုင်းမှာ တော့ ဘွဲ့ရပြီးသူ သို့မဟုတ် ပညာရပ်နဲ့ လုပ်စား ကိုင်စားပြုနိုင်သူတွေဟာ အဲ့ဒိပညာရပ်ကိုမဆည်းပူးလည်းဖြစ်နိုင်ပါရက်နဲ့
လောကရှိလူသားတွေ အတွက်ဆက်လက်လေ့လာ ထိမ်းသိမ်းစောင့်ရှောက်တိုးပွား အောင်ကြံ ဆောင် ပေးခဲ့ကြတယ်ကွဲ့…ဘဏ္ဍာစိုးဟာ မိမိဘဏ်မှာရှိတဲ့ ငွေကြေးအသပြာကိုမပြောက်မပျက်အောင် ထိမ်းသိမ်းစောင့်ရှောက်ခြင်းတဲ့တူတယ်၊ အဲ့ဒါကိုဘဏ္ဍာစိုးနဲ့တူတဲ့စာသင်နည်း သို့မဟုတ် ဘဏ္ဍာဂါရိက စာသင်နည်းလို့ခေါ်တယ် အဲ့ဒိနည်းကတော့ အမြင့်မြတ်ဆုံး သင်ကြားနည်းပေါ့ ကိုယ်ကိုယ်တိုင်အတွက် မလိုအပ်ပေမဲ့ လောကအတွက်လိုအပ်လို့သင်ယူခြင်း၊ တပါးသူအကျိုး သက်သက်ကို မျှော်ကိုးပြီး သင်ယူခြင်းဖြစ်တယ်” ဟုပြောလိုက်သည်။ သာဂိက “ကျနော်စဉ်းစားနေတာ အဘရဲ့ အဘက ဗုဒ္ဓစာပေ
တွေကို တော်တော်လေးလေ့လာထားတာပဲနော် ပြီးတော့ ပြောလိုက်ရင်လည်းအမြဲတန်းဗုဒ္ဓစာပေထဲက ဥပမာတွေနဲ့ အဆုံးအမတွေချည်းပဲ” ဟုတခုခုကိုလေးနက်စွာ စဉ်းစားနေသည့်ဟန်ဖြင့် ပြောလိုက်သည်။ ထိုအခါ အဘချိုက “ဟုတ်တယ်သာဂိရဲ့ အဘချိုအနေနဲ့ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ ဆိုကရေးတီးတို့လို ပလေတို တို့လို အရစ္စတိုတယ် တို့လို့ပုဂ္ဂိုလ်ကြီးတွေရဲ့အကြောင်းတွေကိုများစွာ မှတ်သားဘူးပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့အဆုံးအမဆိုတာတွေက တို့ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့နှိုင်းယှဉ်လိုက်ရင် မိုးနဲ့မြေလိုကွာ
ခြားနေတာကို တွေ့ရတယ် သာဂိရဲ့….ပြီးတော့ လောကမှာ သိခြင်းသုံးမျိုးရှိတယ် သာဂိရဲ့ ဉာဏ်သုံးမျိုးလို့လဲခေါ်တာပေါ့ အဲ့ဒါတွေကတော သုတမယဉာဏ်၊ စိန္တာမယဉာဏ်၊ ဘာဝနာမယဉာဏ် ရယ်လို့ပေါ့၊ သုတမယဉာဏ်ဆိုတာကတော့ စာအုပ်စာပေဖတ်လို့ တရားနာလို့ ဟောပြောပွဲ တွေ နားထောင်လို့ သိလာတဲ့ဉာဏ်မျိုးပေါ့..အကြားအမြင် ဗဟုသုတကြောင့်ဖြစ်တဲ့ဉာဏ်လို့ဆိုလိုတယ်၊ စိန္တာမယဉာဏ်ဆိုတာကတော့ အဘရှေ့မှာ ပြောခဲ့တဲ့ အာဂမယုတ္တိ တို့သဘာဝယုတ္တိတို့နဲ့စဉ်းစား ဆင်ခြင်ပြီးတော့ သိလာတဲ့ဉာဏ်ကို ဆိုလိုတယ်…ဘာဝနာမယဉာဏ်ဆိုတာကတော့ ကိုယ်တိုင်ကျင့် ကြံကျိုးးကုတ်အားထုတ်ပြီးတော့၊ တနည်းအားဖြင့် သင်္ခါရတို့ရဲ့ဖြစ်ပျက်မှုအစဉ်ကို အဖန်ဖန်အထပ်ထပ် စူးစိုက်လေ့လာစောင့်ကြည့်ပြီးမှဖြစ်တဲ့ဉာဏ်ပေါ့….အဲ့သလိုလုပ်တာကို ဘာဝနာပွားတယ်၊ ဝိပဿနာ တရားအားထုတ်တယ်လို့ဆိုလိုတယ်၊အဲ့သလိုအားထုတ်ပွါးများခြင်းဖြင့် ဖြစ်လာတဲ့ဉာဏ်ကိုတော့ ဘာဝနာမဝဉာဏ်လို့ခေါ်တာပေါ့ သာဂိရယ်၊ အဲ့ဒိမှာ သတိထားရမှာက ကမ္ဘာကျော်အနောက်တိုင်းတွေးခေါ်
ပညာရှင်ကြီးတွေရဲ့အသိတရား တွေဟာတွေးခေါ်မှုအဆင့်မှာပဲရှိတယ်..ကိုယ်တိုင်အားထုတ်ကျင့်ကြံမှုဆိုတဲ့ လက်တွေ့သဘော နဲ့ဘာဝနာသဘောမပါဘူး ၊ ဗုဒ္ဓကတော့ ကိုယ်တိုင် လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ပြီးတဲ့အပြင် အလုံးစုံကိုသိတဲ့ ပဗ္ဗညုတဉာဏ်တော်ကိုရမဲ့ဘဝအထိ လက်တွေ့ အားထုတ်ခဲ့တာဖြစ်တယ်၊ ဒါကြောင့်အနောက်တိုင်းပညာရှင်ကြီးတွေရဲ့အဆုံးအမဟာ လောကမ ှလွတ် မြောက် ကြောင်းဖြစ်တဲ့အဆုံးမ မပါဘူး လောကီအဆင့်ပဲရှိတယ်၊ ဗုဒ္ဓရဲ့အဆုံးအမတွေကတော့ လောကီအ
ကျိုးစီးပွားရော လောကမှ လွတ်မြောက်ကြောင်းဖြစ်တဲ့လောကုတ္တရာအကျိုးးစီးပွါးရောစုံလင်လှတယ်ကွဲ့၊ တို့နိုင်ငံမှာ အဲ့ဒိလောက်ကောင်းတဲ့ အတွေးအခေါ်အယူအဆ အဆုံးအမတွေရှိနေမှတော့ ဘယ်အနောက်တိုင်းက ပညာရှင်တွေရဲ့အဆုံးအမတွေ ဥပမာတွေကိုယူသုံးနေဖို့လိုသေးလဲ သာဂိရဲ့” ဟု သာဂိကိုမေးငေါ့လျှက် ပြုံးရင်းနဲ့ပြောလိုက်ပါသည်။ သာဂိက နားလည်သဘောပေါက်လက္ခံပြီး ငြိမ်၍နားထောင်နေသဖြင့် အဘချိုကဆက်လက်၍ “အေး သာဂိရေ တို့များပြောနေတဲ့စကားတွေကလည်း များပြီဆိုတော့ လူလေးအနေနဲ့မှတ်ရောမှတ်မိရဲ့လားကွဲ့” ဟုမေး၍ ၎င်းကပင် ဆက်လက်၍ “အဘချိုရဲ့
ကိစ္စကို ကူညီမယ်ဆိုရင်တော့ အသက်လည်း ဆယ်ရှစ်နှစ်ပြည့်ရမယ်ကွဲ့ ဒီတော”့ …ဟုဆက်ပြီးပြောမည် အပြုတွင် “အားအား” ဟုအသံနှစ်ချက်သာထွက်ပြီး လဲကျသွားပါ လေတော့သတည်း။
ဆက်လက်ရေးသားပါဦးမည်……………ရေးသားသူ။ ။နန်းရှင်
8 comments
ပေါက်ဖော်
September 14, 2011 at 3:20 pm
အရှင်မဟာဗုဒ္ဓဃောသ ဆိုတဲ့ကိုယ်တော်က တစ်ကယ်ပဲ ရှိခဲ့သလား..ဗျ..
အဘချိုက တစ်ကယ့်အဖြစ်ကိုပြောပြတာလား..
ဇာတ်လမ်းအရမိုလို ့လား..ရှင်းပြခဲ့ဦးဗျ..
စိတ်ဝင်စားဖို ့ကောင်းပါတယ်
ဆက်ရေးပါဦး..
မီးမီး သော်
September 14, 2011 at 5:14 pm
“”ပီးတော့ လောကမှာ သိခြင်းသုံးမျိုးရှိတယ် သာဂိရဲ့ ဉာဏ်သုံးမျိုးလို့လဲခေါ်တာပေါ့ အဲ့ဒါတွေကတော သုတမယဉာဏ်၊ စိန္တာမယဉာဏ်၊ ဘာဝနာမယဉာဏ် ရယ်လို့ပေါ့၊ သုတမယဉာဏ်ဆိုတာကတော့ စာအုပ်စာပေဖတ်လို့ တရားနာလို့ ဟောပြောပွဲ တွေ နားထောင်လို့ သိလာတဲ့ဉာဏ်မျိုးပေါ့..အကြားအမြင် ဗဟုသုတကြောင့်ဖြစ်တဲ့ဉာဏ်လို့ဆိုလိုတယ်၊ စိန္တာမယဉာဏ်ဆိုတာကတော့ အဘရှေ့မှာ ပြောခဲ့တဲ့ အာဂမယုတ္တိ တို့သဘာဝယုတ္တိတို့နဲ့စဉ်းစား ဆင်ခြင်ပြီးတော့ သိလာတဲ့ဉာဏ်ကို ဆိုလိုတယ်…ဘာဝနာမယဉာဏ်ဆိုတာကတော့ ကိုယ်တိုင်ကျင့် ကြံကျိုးးကုတ်အားထုတ်ပြီးတော့၊ တနည်းအားဖြင့် သင်္ခါရတို့ရဲ့ဖြစ်ပျက်မှုအစဉ်ကို အဖန်ဖန်အထပ်ထပ် စူးစိုက်လေ့လာစောင့်ကြည့်ပြီးမှဖြစ်တဲ့ဉာဏ်ပေါ့”””
နန်ရှင်ရေ ကြိုက်လို ့ကူးယူပြီး ပြန်မန် ့ခဲ့တာပါ။ကျေးဇူးပါနော့
nature
September 14, 2011 at 8:53 pm
ကောင်းလိုက်တာနန်းရှင်ရေ။ သာဂိက နန်းရှင်များလား ။ ရတနာမြေပုံလေးဘာလေးရရင်မျှပါဦး။
Nan Shin
September 14, 2011 at 9:41 pm
အရှင်မဟာဗုဒ္ဓဃောသဆိုတာ တကယ်ရှိခဲ့ပါတယ်။ဘုရားဟော ပါဠိတော်တွေအားလုံးကို အဋ္ဌကထာ
ပြန်ဆိုရေးသားခဲ့တဲ့ ရဟန္တာအရှင်မြတ်ပါ။ဗုဒ်စ ဗုဒ်လယ် ဗုဒ်ဆုံးဆိုတဲ့နေရာစကားလုံးမှာ အရှင်မဟာ
ဗုဒ္ဓဃောသဆိုတာ ဗုဒ်လယ်ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးမှာ ဓမ္မရေးရာအားလုံးကို အရှိအတိုင်းရေး
သားမှာပါ။အမှန်တကယ်က ဗုဒ္ဓရဲ့ဓမ္မတွေကိုတင်ပြချင်တာပါ။စာဖတ်သူများပိုပြီးစိတ်ဝင်စားမှုရှိအောင်
ဇာတ်လမ်းထွင်ထားတဲ့သဘောပါပဲ။
kai
September 15, 2011 at 7:23 am
သူ့စာတွေထဲမှာပဲ.. သူဟာ ရဟန္တာမဟုတ်ကြောင်း.. အရိယာမဟုတ်ကြောင်း ရေးထားခဲ့တယ်ကြားဖူးတယ်..။
အင်္ဂလိပ်လိုမှာလည်း.. အောက်ကအတု်င်းဝေဖန်ထားတာရှိတယ်..။
ဆိုတော့…အရှင်မဟာဗုဒ္ဓဃောသ ကို..မြန်မာထေရဝါဒက.. အယုံကြည်လွန်နေတယ်လို့.. ထင်မိတယ်..။
==
Australian Buddhist monastic Shravasti Dhammika writes: “Even Buddhaghosa did not really believe that Theravada practice could lead to Nirvana. His Visuddhimagga is supposed to be a detailed, step by step guide to enlightenment. And yet in the postscript he says he hopes that the merit he has earned by writing the Vishuddhimagga will allow him to be reborn in heaven, abide there until Metteyya (Maitreya) appears, hear his teaching and then attain enlightenment.” [23] Dhammika believes there is a contradiction in Buddhaghosa’s position: Buddhaghosa has compiled what is intended to be a complete and authoritative guide to gaining enlightenment through the practice of the teachings of the Pali Canon, but seems to desire for himself the option of being taught in person by a Buddha rather than claiming he will be enlightened by the practices set forth in the Visuddhimagga. Shravasti Dhammika interprets this as indicating that Buddhaghosa does not believe that following the practice set forth in the Visuddhimagga will really lead him to Nirvana. Devotion to Metteya was common in South Asia from early in the Buddhist era, and is believed to have been particularly popular during Buddhaghosa’s era.[24][25]
Nan Shin
September 15, 2011 at 8:00 am
ဒါကတော့ ကျနော်တို့လည်းအသေအခြာမသိပါ။စာအရှိအတိုင်းမှတ်သားဘူးသည်ကိုသာ ရေးသားခြင်း
ဖြစ်ပါတယ်။၎င်းစာရေးသူကိုယ်တိုင်လည်း အသေခြာသိမည်မထင်ပါ။သူကိုယ်တိုင်လည်း သူနှင့်နည်းစပ်
သည့် စာပေနှင့်သူ့ယုံကြည့်ချက်အတိုင်းရေးသားခြင်းဖြစ်ပါလိမ့်မည်။၎င်းကိစ္စသည် အရှင်မဟာဗုဒ္ဓဃောသ
ကိုယ်တိုင်ရဲ့ ကိစ္စပဲဖြစ်ပါတယ်။ကျနော်ဆိုလိုရင်းက၎င်းအရှင်ရဟန္တာဖြစ်မဖြစ်မဟုတ်ပါ။မူဝါဒအမျိုးမျိုးကွဲ
ပြားမှုအပေါ်မှာ သင်ကြိုက်သလိုလက္ခံယုံကြည့်နိုင်ပါတယ်။
ကြောင်ကြီး
September 15, 2011 at 8:22 am
ဆြာနန်းရှင်ရေးထားတဲ့ ဒီပို့စ်အထိမှာတော့ အရှင်မဟာ
ဗုဒ္ဓဃောသကို ရဟနာ္တအဖြစ် မတွေ့ရသေးဘူး။ ပညာမာနထောင်လွှားလို့ ဒဏ်ဖြေနေရတဲ့ ပုထုဇဉ်ဘဝပဲ ရှိသေးတယ်။ နောင်ကြမှ ဖြစ်သွားရင်တော့ မသိဘူး။ ကွန်းမန့်အနေနဲ့ ဒီပို့စ်မှာပဲ တိတိကျကျ ပြန်ရှင်းပါအုံး။။
စစ်အစိုးရအလိုတော်ရိ အဓမ္မဝါဒီ ကတ်တီးကတ်ဖဲ့ ဂွစွာသဂျီး ဦးခိုင်ခင်များ..
ဝိပဿနာကျင့်စဉ်အပေါ် အမြင်မှားမှုများသည် ခေတ်တိုင်းတွင်ရှိပါသည်။ ဒီဖက်ခေတ်တွင်လည်း ဒွါရဂိုဏ်းချုပ် ဝိနည်းဓိုရ် ဇီးကုန်းဆရာတော်သည်လည်း အရိယာသာသနာသည် လူပုဂ္ဂိုလ်အတွက်မဟုတ်၊ ရဟန်းသံဃာများသာ ထိုက်တန်သည်ဟု လွဲမှားစွာ ယုံကြည်ခဲ့ပြီး သဲအင်းဂူဆရာတော်ကြီးနှင့် ဆုံတွေ့ကာ နားလည်မှုအမြင် ပြောင်းလဲသွားသူ ဖြစ်ပါသည်။
အသံဖိုင် http://www.mediafire.com/?p5tgq2di2s97h52
ထိုကဲ့သို့ယုံကြည်ယူဆမှုမျိုးသည် အထူးသဖြင့် ရှေးမြန်မာဘုရင်များလက်ထက်တွင် ထွန်းကားခဲ့ဟန် တူပါသည်။ ဂမ္ဘီရဆန်သည် ဆိုချင်ဆို ရှေးဆရာတော်ကြီးများ မိန့်မှာခဲ့သလို သာသနာကို အကြမ်းဖျဉ်းပိုင်းလျင် ဝိပဿနာ၊ သမထ၊ သီလ၊ ဒါန၊ ပရိယတ္တိ ခေတ်ငါးခေတ် ရှိသည့်အနက် ပထမနှစ် ငါးရာနောက်ပိုင်း တိမ်မြှုပ်သွားသော အကျင့်သာသနာသည် ယခု သာသနာတပတ် ပြန်လည်လာသည့် ပထမနှစ်ငါးရာ (၂၅၀၀-၃၀၀၀) ဝိမုတ္တိခေတ်တွင် ဝိပဿနာအကျင့် ပြန်လည်ပေါ်ထွက်လာသည်ဟု ယူဆပါသည်။
Shwe Ei
September 21, 2011 at 2:29 pm
ကျွန်တော်ကတော့ ဒီပို့စ်ထဲမှာ ”အလဂဒ္ဒူပမာ စာသင်နည်း၊ နိဿရနတ္ထ စာသင်နည်း၊ ဘဏ္ဍာဂါရိက စာသင်နည်း ” တွေအကြောင်းရှင်းပြထားတာကြိုက်တယ်။ နန်းရှင်ရဲ့ သာဂိပို့စ်နဲ့လွဲနေတာ တပတ်လောက်ရှိပီ။ အခုမှ ဖတ်မိလို့ ဝင်မန့်တာ။ အသိပညာကို အခြေခံပီး ရလာတဲ့အတတ်ပညာမျိုးကမှ တကယ်အကျိုးရှိတယ်ဆိုတာကိုလဲ ထောက်ခံတယ်ဗျာ။