ဟာသလေးတွေပါ… တွေးတွေးပြီး ရီမောနိုင်ပါစေ…

lu ta loneMay 14, 20102min52

http://media.comicmix.com/media/2009/07/24/batman-killing-joke-poster.jpg

>>>
>>> .
>>> (၁)
>>> ဖခင်…..သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
>>> သား…..ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
>>> ဖခင်…..ဟာ….ငါ့သား တယ်တော်ပါလား…ဘယ်(၂)ခု မတတ်တာလဲ။
>>> သား…..သား “ဒီဟာ” လဲ မတတ်ဘူး။ သား “ဟိုဟာ” လဲ မတတ်ဘူး။
>>> ဖခင်………. ^&(*&!”)(!_)£$”
>>>
>>> (၂)
>>> ဖခင်……….သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
>>> သား……….ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့….သားကြီး

လာ
>>> ရင် ဘွားဘွားကိုယူမယ်။
>>> ဖခင်………ဟာ….ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
>>> လို့မရဘူး သား..
>>> သား…….. ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
>>> ဖခင်………^&!()%^$%!$”*(
>>>
>>> (၃)
>>> ဖခင်……….. သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
>>> သား……….. မသိဘူး ဖေဖေ
>>> ဖခင်……… လူအ..၂ ရတယ်…ဟင်း…ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
>>> ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
>>> သား……….. ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
>>> ဖခင်………..&^!*”^!%”$!£”)(*)
>>>
>>> (၄)
>>> “နင့်အမှတ် ဘယ်လောက်ရလဲ”
>>> “သုည ..နင်ကော”
>>> “ငါလဲ သုညပဲရတယ်”
>>> “အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ
>>> ဘူး”
>>>
>>> ဖခင်……..ဟင်း….ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့…ဟင်း
>>> သား…….. ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
>>> ဖခင်…………&*!^”!%”!^%”!08
>>>
>>> (၅)
>>> ဖခင်………. ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
>>> တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
>>> သား……….. ဖေဖေ….သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်….
>>> ဖခင်…………&*!^”!%”!^%”!08
>>>
>>> တွေးတွေးပြီး…….ရယ်
>>>
>>> .
>>> (၁)
>>> တခါက တိုင်းပြည် အကြီးအကဲ တဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်
>>> တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
>>> ထုတ်ဝေပြီး တလအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီး
>>> သို့ ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့သည်။
>>>
>>> အကြီးအကဲ….. ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
>>> စာတိုက်မှုး……ကောင်းပါတယ်……ဒါပေမယ့် တံဆိပ်ခေါင်းကော် သိပ်မ
>>> ကပ်ဘူးလို့ ပြောကြတယ်။
>>> အကြီးအကဲ……မဖြစ်နိုင်တာ
>>>
>>> ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေး
>>> ကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
>>> အကြီးအကဲ……..ကပ်တာမှ မြဲနေတာပဲ
>>> စာတိုက်မှုး…….သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
>>>
>>> (၂)
>>> တခါက အကြီးအကဲသည် ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိ
>>> ရာ လမ်းတွင် လုယုက်သူနှင့် တိုးသည်။
>>> လုယုက်သူ…….ပါသမျှ ပိုက်ဆံ အကုန်ထုတ်
>>> အကြီးအကဲ…..ငါဘယ်သူလဲ သိလား…ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲ
>>> ကွ
>>> လုယုက်သူ……ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး
>>>
>>> (၃)
>>> တခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခ
>>> ရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံး
>>> ဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်း
>>> ရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့
>>> ကြသည်။
>>>
>>> သတင်းထောက်….ဆရာ…ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
>>> ဆရာဝန်……….အင်း…အခြေအနေ မကောင်းဘူး
>>> သတင်းထောက်……သူ့ရဲ့ နောက်လိုက်တွေကော
>>> ဆရာဝန်……..သူတို့လဲ အခြေအနေ မကောင်းဘူး
>>> သတင်းထောက်……ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
>>> ဆရာဝန်……..ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ
>>>
>>> (၄)
>>> တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။
>>> ဆေးရုံရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. “အကြီးအကဲ ကျန်း
>>> မာပါစေ…နေကောင်းပါစေ….သက်တော်ရှည်ပါစေ…”ဟု ကောင်းချီးပေး
>>> ကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ အကြီးအ
>>> ကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော် “ဒီလူနာက ငါ့
>>> ကိုမြင်တာတောင် မကြိုဆိုပါလား” ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
>>> ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ “လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်း
>>> နေတယ်” ဟူတည်း။
>>>