Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို ) မှ ဖုန်းဆိုင်၊ digital ဆိုင်များကို ခြိမ်းခြောက်စာ (သို့) အသိပေးစာ

Mobile HouseSeptember 15, 20111min50411

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို )       

 

စာအမှတ် – ဂီတ /စီမံ /(ထွေ ) (၁၂၇၀)

နေ့စွဲ – ၂၀၁၁ ခုနှစ် ၊စက်တင်ဘာလ (၇)

အကြောင်းအရာ။   ။Telephone Handset များ၊ MP3,MP4 player များနှင့် Digital Gadet      များရောင်းဝယ် ဖြန့်ဖြူး ဝန်ဆောင်မှုပေးနေကြသော လုပ်ငန်းများသို့အသိပေး ခြင်း။

အထက်ပါ အကြောင်းအရာ နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)သည် အဖွဲ့ ဝင်အနုပညာရှင်များပိုင်ဆိုင်သော တေးသီချင်းများနှင့် ပတ်သက်ပြီး ရပိုင်ခွင့်များတောင်းခံခြင်း၊ အလွဲအသုံးပြုမှုများကို ကာကွယ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။

၂။     ယခုအခါ Telephone Handset များ၊ MP#,MP4 player များနှင့် Digital Gadet များရောင်းဝယ်ဖြန့်ဖြူးဝန်ဆောင်မှု ပေးနေကြသော လုပ်ငန်းများအနက် အချို့ သော လုပ်ငန်းများ သည် မြန်မာနိုင်ငံဂီတအစည်းအရုံးဝင် အနုပညာရှင် အတက်ပညာရှင် နှင့် ထုတ်လုပ်သူတို့ပိုင်ဆိုင်သော တေးသီချင်းများကို မိမိပိုင် ကဲ့သို့ သဘောထားပြီး MP3 Format ဖြင့် Promotion အဖြစ် အခမဲ့ ကူးယူပေးခြင်း၊ အခကြေးငွေဖြင့် ကူးယူပေးခြင်း တို့ကို သတင်းစာ ၊ဂျာနယ်တို့တွင်ပါ ေြာ်ငြာပြီး ပြောင်ပြောင်တင်းတင်း ဆောင်ရွက်နေကြကြောင်းတွေရှိ ရပါသည်။
၃။    ထိုသို့ ကူးယူပေးနေခြင်းကြောင့် မူပိုင်ခွင့်ရှိသော အနုပညာရှင်၊ အတက်ပညာရှင် နှင့် ထုတ်လုပ်သူ များအနေဖြင့်များစွာ ထိခိုက်နစ်နာနေသကဲ့ သို့တည်ဆဲ မူပိုင်ဥပဒေများကို ချိုးဖောက်ရာ ရြောက်နေပါသဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး အနေဖြင့် တရားစွဲဆိုအရေးယူမည် ဖြစ်ကြောင်း နှင့်မိမိ၏လုပ်ငန်းအတွင်း တရားမဝင်ကူယူရောင်းချနေခြင်းရှိပါက လိုအပ်သလို စိစစ်ဆောင်ရွက်ပေးရန်ကြိုတင်အသိပေး ပါသည်။

 

ပြောရရင်ဘာမှန်းလဲမသိဘူး ။ဒီအတိုင်းကြီးပေးသွားတယ် ။မူပိုင်ဥပဒေဆိုတာ ဘာလဲ ဘယ်သူသိကြလဲ။ကိုယ်ဝယ်ထားတဲ့ သီချင်းကိုကူးပေးတာ ဘာဆိုင်လဲ ။သူတို့ ကိုယ်တိုင် ဟိုက ကူး ဒီကကူးနဲ့ ဘယ်မှာ မူပိုင်ရှိလို့လဲ။copy တွေပဲ လုပ်နေကြတာ။အခယူလို့ဆိုတော်သေးတယ် ။မယူတဲ့သူကိုပေးသွင်းရမှာပေါ့ ။ အဆိုတော်တွေတောင် သူတို့သီချင်းပေါက်သေးတယ်။ဘာကြီးကျယ်တာလဲမသိဘူး ။နေပေါ့ ခုအဆိုတော်တွေကမှိုလိုပေါက်နေတာ။ခုနောက် ဆို ဘယ်ဆိုင်မှကူးခွင့် ရတော့မှာ ကူးပေးတော့မှာမဟုတ်ဘူး။ သီချင်းထည့်ချင်တဲ့ သူတွေအနေနဲ့ ကိုယ်ဘာသာဝယ်သွင်းရတော့ မယ်။

အားလုံးအတွက်စိတ်မကောင်းစွာဖြင့်။

11 comments

  • mr.lone

    September 15, 2011 at 8:11 am

    ဟုတ်ပါ့ ဘာမှလည်းမဆိုင်ဘူး…ဘာအရူးထကြပြန်ပြီလဲ မသိဘူး… သူများနိုင်ငံတွေလိုလျှောက်လုပ်နေတယ်
    ုသူများလိုလုပ်ချင်လည်း တိုးတက်ရာတိုးတက်ကြောင်းတော့မလုပ်ဘူး… အာဒံ၊ဧဝ၊ဒသ စင်ကာပူမှာသွားပြ
    တုန်းကလည်း နောက်ခံတီးလုံး ကိုဂျပန်ကသီချင်း ထည့်ထားလို့ကမန်းကတန်း online ကပြေးဝယ်ရသေးတယ် ကံကောင်းလို့တရားစွဲမခံရတာ။

    • kai

      September 15, 2011 at 12:30 pm

      အဲဒီရုပ်ရှင်..ယူအက်စ်မှာလည်း ရုပ်ရှင်ပွဲတော်မှာပြဖို့..ဖိတ်ထားတယ်..။
      နောက်ခံတီးလုံး ဂျပန်သီချင်းဖြစ်နေတဲ့အကြောင်း.. နည်းနည်းပိုအသေးစိတ်ပြောပြပါလား..။

      • Zaw Wonna

        September 16, 2011 at 6:37 am

        အခြားနိုင်ငံတွေမှာရော အဲဒီလိုမျိုး သီချင်းတွေကို MP3 အဖြစ်၊ ရုပ်ရှင်တွေကို MP4 အဖြစ် ပြောင်းပြီး ကူးကြတဲ့ ကိစ္စတွေအတွက် မူပိုင်ခွင့်က ဘယ်လိုမျိုး ရှိကြသလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်။

  • pan pan

    September 15, 2011 at 9:08 am

    ဂီတအစည်းအရုံးဗဟိုကတော့ သူတို့လုပ်စဉ်အတိုင်းလုပ်တာတော့ဟုတ်ပါပြီ
    ခုဟာက ပြည်သူတွေပဲ နစ်နာနေသလားလို့
    တကယ်မူပိုင်ဥပဒေတွေလုပ်ချင်ရင် အဆိုတော်တွေကိုပါ ပြဌာန်းလိုက်ပေ့ါနော့
    ခုတော့ အဆိုတော်တွေရော၊ ရုပ်ရှင်ကားတွေရော နိုင်ငံခြားကဟာတွေကို တိုက်ရိုက်သော်၎င်း၊
    ခပ်ဆင်ဆင်သော်၎င်း ကူးယူနေတာတွေ ခွင့်ပြုနေလေတော့…. 🙄

  • taungpawthar

    September 15, 2011 at 12:08 pm

    မူပိုင်ခွင့်ဆိုတာကြီးက တော်တော်ရှုပ်ထွေးပြီး နိုင်ငံတကာမှာတောင်ပြသနာအမြဲဖြစ်နေရတဲ့ကိစ္စပါ။ လွှတ်ထားလို ့လဲမဖြစ် လုပ်ပြန်ရင်လည်းအငြင်းပွားမှုတွေ သူနာကိုယ်နာဖြစ်စေနိုင်တာမျိုးတွေ နဲ ့တော်တော်ခက်ပါတယ် အခုထိတော့ ပြည့်စုံကောင်းမွန်တဲ့မူပိုင်ခွင့်စည်းမျဉ်းဥပဒေတွေမချမှတ်နိုင်သေးပါဘူး အဲဒီတော့ လုပ်ချင်တဲ့သူကိုလုပ်မယ် သူတို ့နဲ ့အဆင်ပြေတဲ့သူကို လွှတ်ပေးထားမယ် ဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်ဘူးပေါ့ဗျာ အကြောင်းရှိလာရင်တော့ ပြည်သူတော်တော်များများဟာ အပြစ်မလွတ်သလို ဖြစ်နေတော့တာပေါ့ သိတယ်မလား ခိုးကူးခွေလက်ဝယ်ထားရင်တောင်အရေးယူလို ့ရတယ်လေ စစ်ကြည့်ပါလား အိမ်တိုင်းနီးနီးမှာခိုးကူးခွေရှိတယ် အားလုံးကို လိုအပ်ရင်အရေးယူလို ့ရတယ်

  • မီးမီး သော်

    September 15, 2011 at 12:12 pm

    အမလေးနော်….ဒါဆို ဖုန်းကring သံလေးဖျက်ပေးရတော့ မှာပေါ့။စိတ်ကုန်လိုက်တာ။ဘယ်လို မူတွေလဲ။ခုတမျိုးတော်ကြာနေတမျိုးပါလား။

  • yetazar

    September 15, 2011 at 12:50 pm

    အဲဒီလိုအမိန့်ထုတ်မယ်ဆိုရင်တော့ တစ်ခုပဲပြောစရာရှိတယ် ။ စီဒီခွေတွေကို အိတ်ဆောင်နားထောင်နိုင်မယ့် စက်ကလေးတွေ သူတို့တီထင်ပေးပြီတော့ပေါ့ ။ ဘယ့်နှယ်ဗျာ ။ ခရီးသွားရင်းသီချင်းနားထောင်ချင်ရင် စီဒီစက်ကြီးသယ်သွားရမှာလား ။ မီးမရှိတဲ့နေရာတွေမှာ ဘယ်လိုနားထောင်မလဲ ။ အလုပ်ဆိုတာ လုပ်တိုင်းကောင်းတာမဟုတ်ဘူး ။ ဦးနှောက်နဲ့စဉ်းစားရသေးတယ် ။

  • aungnng87

    September 15, 2011 at 12:58 pm

    အခုပြောနေတာက MP3, MP4တွေ Digital gadget shop ရောင်းတဲ့ဆိုင်တွေကိုပြောတာပါ။ သုံးနေတဲ့သူတွေကိုပြောတာမဟုတ်ဘူးထင်တယ်။ ဘာဘဲဖြစ်ဖြစ် မူပိုင်ခွင့်တို့ လိုင်စင်တို့ဆိုတာ ပြည်သူတွေကိုထိခိုက်တာဘဲ။

  • windtalker

    September 15, 2011 at 1:16 pm

    ကျွန်တော် က တော့
    ရှင်းတယ်
    ဖုန်းစကိုင်ကတဲ က
    အမေရိကန်ပိုင်း2 ထဲက
    သီချင်းအယ်ဘမ်
    အမြည်းပေးထားတဲ့ ၊ အလကားပေးထားတဲ့ တီးလုံးတိုတိုလေး တွေ ကို
    ဒေါင်းလုပ်ဆွဲပြီး
    ရင်းတုံး လုပ်ထားလိုက်တယ်
    အေးတာပဲ

  • Nan Shin

    September 15, 2011 at 8:37 pm

    ကျနော်လည်းအတူတူပဲဗျို့…မြန်မာအသံလဲ နားမထောင်ရရင်မနေနိုင်ဘူး…ကော်ပီဆိုရင်လဲမကြိုက်းဘူး
    အဲ့ဒိတော့ ကြာနီကန်ဆရာတော်ရဲ့ အနန္တငါးပါးကို ရှိခိုးပါ၏ဘုရား.ဆိုတာကိုပဲ ဓမ္မဒေါင်းလုပ်ကနေဒေါင်း
    ပြီးသုံးတယ်…….

  • minthakhin

    September 16, 2011 at 12:50 am

    ဟုတ်ပဗျား “အာဒမ်ရယ်ဧဝရယ် ဒသရယ်” ဇာတ်ကားမှာ အရှက်ကိုကွဲတာပဲ။ (အရှက်မရှိ သွားပြချင်တာကိုး)။တော်သေးတယ် စင်ကာပူကို အရင်သွားပြလို ့၊ဂျပန်ကိုသာ အရင်သွားပြလို ့ကတော့ ဟီး ဟီး ဟီး။
    အဲဒါကြောင့်မိုလို ့ စင်ကာပူကပေးမပြရဲတာတဲ ့ မြန်မာကားတွေကို။ ဇာတ်ကွက်တွေကအစ၊ သီချင်းအဆုံး
    ခိုးချထားတာတွေပဲ ကိုး။ အမှန်ကတော့ copyright ကအကောင်းဆုံးပဲဆိုတာ ငြင်းလို ့မရပါဘူး။ဒီလိုမူပိုင်ခွင့်ရှိမှ တိုးတက်မှာပဲလေ။ ဒါပေမယ်လို ့ သူတို ့ကတောင် ဘာတစ်ခုမှ မလိုက်နာပဲ သုံးတဲ့သူတွေ (ပြည်သူတွေကို) ကျတော့ ဟိုဟာမလုပ်နဲ ့ ဒီဟာမလုပ်နဲ ့ ဆိုလို ့ကတော့ ဘယ်သူကနာခံချင်မှာ မဟုတ်ဘူး။

Leave a Reply