လုပ်စားခြင်း
အသီးအရွက် များများစား
ရောဂါဘေးကွာသွား
ပြောတာများ
ဒီလိုနဲ ့ဈေးကိုသွား
တွေ ့ရပုံများ
စိမ်းစိမ်းစိုစို လာထား
သူကတော့ မပြောပါကလား
ရေစင်စင်ဆေးထား
ပိုးသတ်ဆေး တွေ ဆိုလား
အပင်သန်ဆေး မို ့လား
အိုလူသား
ရှေ ့ဆက်သွား
ရောက်နေတဲ့ ဈေးပေါက်တစ်ဘက်ခြား
တွေ ့ပ… မလား
ရောင်းပ..မလား
စဉ်းစား ။
( သည်ကဗျာ လေးကို ၊ ကဗျာဆရာ ကမ်းဝေး နှင့် စကားပြောရင်း ရေးဖြစ်ခဲ့ပါသည် ။
ကဗျာဆရာ ကမ်းဝေး ရဲ ့သတိပေးစကားများ ကို ကျေးဇူးတင်ပါသည် )
14 comments
မီးမီး သော်
September 16, 2011 at 12:39 am
ကိုပေ ့လဲ ကဗျာရေးတဲ့ ဖက်ကူးလာပီ။ရွာထဲမှာ အနုပညာရှင်တွေပေါလာပီနော်။ကဗျာလေးက မိုက်ပါတယ်။
“ဘီလူးကြီး”ogre
September 16, 2011 at 7:28 am
အသီးအရွက်
များများစား ဆိုလို့ ကျုပ်လဲ အရွယ်ကရလာတော့
အသက်ကြီးရင် ဗိုက်အရင်ပူဆိုသလို ဗိုက်က အစိတ်ဝင် အိုးလောက်ဖြစ်လာတာနဲ့
အခုတော့ ညနေပိုင် ထမင်းမစားပဲ အသီးအရွက်တွေချည် ကြော်စားနေလိုက်တော့တယ်
ဒီနည်းမှန်တယ်ဗျ ဗိုက်ပြုတ်သွားပြီ.. ဗိုက်ပြုတ်သွားပေမယ်“ မောင်ပေ” ရေးသလို ဗိုက်ထဲ
ဓါတုဆေးတွေတော့ တော်တော် စုမိနေပြီထင်ပ ။။
etone
September 17, 2011 at 10:03 am
တကယ်ဗိုက်ပြုတ်လားဗျို့ ဘီလူးကြီး 🙄 ဒါဆို လိုက်စားကြည့်ဦးမယ်… ။
ကိုပေရေ … ဒီခေတ်မှာ အသီးရွက်ဝယ်စားရတာလည်း မလွယ်ပါဘူး … ပိုးသတ်ဆေးနဲ့ … ပေါက်ရောက်ရှင်သန်တဲ့နေရာမသန့်တာနဲ့ .. အမျိုးမျိုးပဲ …. ။
ဆေးခန်းနားမှာ မြေကွက်လပ်တွေရှိတယ် … အဲ့ဒီမှာ တဲလေးတွေ ထိုးပြီနေကြတယ် … မြေကွက်လပ်ထဲ ရေတွေလည်း ပြည့်နေတယ်… အိမ်သာကလည်း လေးငါးမီတာလောက်ပဲကွာတယ် … မုန်းစရာကောင်းတာက ကန်စွန်းခင်းကြီးရှိနေတယ် အဲ့ဒီအိမ်ကလူတွေ ကန်စွန်းခင်းထဲဆင်းဆင်းပြီး ကန်စွန်းခူးကြတယ် … နေ့တိုင်းခူးတော့ စိတ်ဝင်စားပြီး စပ်စုတာ… ဈေးကိုပြန်သွင်းဖို့ပါတဲ့လေ … ။ အိမ်သာနဲ့ ကန်စွန်းခင်း ဆက်စပ်နေတာ .. မြင်ရတာနဲ့တင် အံချင်တယ် …. ။ ကိုယ်ဝယ်တဲ့ အရွက်များအဲ့ဒီနေရာကလို စိုက်တာများလားဆိုပြီး .. သံသယတွေနဲ့ မစားနိုင်မသောက်နိုင်ဖြစ်ရတယ် … 🙁
weRone
September 16, 2011 at 9:15 am
ဒီခေတ်ကြီးမှာ. ဓါတ်မြေဩဇာ တို့ ၊ ပိုးသတ်ဆေး တို့ မသုံးတဲ့ အသီးအရွက်တွေ တော်တော် ရှားလိမ့်မယ်.. အဲဒါတွေနဲ လွတ်ချင်ရင်တော့ ပိုးပါတဲ့ အသီ တို့ ပိုးကျနေတဲ့ အရွက်တို့ အဲဒါတွေ ကို စားရမလိုဖြစ်နေပြီ။ ကိုယ်တိုင် စိုက်ပျိုးစားမယ် ဆိုရင်လည်.. ရန်ကုန်က တိုက်ခန်းကျဉ်ကျဉ်လေးထဲမှာ နေရတာ ဘယ်နေရာ စိုက်ပျိုးစားကြမလဲ။ အခု ထိကျွန်မ အတွက်ကံကောင်းနေတာ ကျွန်မ တို့နယ်က လူတွေ ပိုးသတ်ဆေးတို့ ၊ ဓါတ်မြေဩဇာ တို့ မသုံးကြသေးလို့ပဲ။ ရွာကို ပြန်တိုင်း လတ်ဆတ်တဲ့ အသီးအနှံတွေ ၊ အသီးအရွက်တွေ စားခွင့်ရှိသေးတယ်။… 😛
ကြောင်ကြီး
September 16, 2011 at 11:33 am
ဟိုမစား
ဒီမစား
လွန်ဂျီးများ၊
ရတုန်းစားထား
မောင်လေပွား
ဘဝတပါး
လူတိုင်းသွား..။
kai
September 17, 2011 at 10:41 am
သင်လည်းသွား
ငါလည်းသွား
မသွားသူမရှိ
ဟားသူတွေထိတဲ့
ဒီလောက…
ယားသူတွေမသိခင်မှာ
ကုတ်ပေးကုတ်ပေး
အဟုတ်မနှေးတဲ့..
ခူပြာဝဲဆေးရောင်းသူ
ဇဗ္ဗူတထောင်
ကြူကာပြောင်တဲ့..
ကိုကိုကြောင်..။ 🙂
taungpawthar
September 16, 2011 at 12:33 pm
organic သီးနှံ တွေတော့ပေါ်နေပါပြီဒါပေမယ့် ဈေးကြီးပြီးသိပ်မပေါသေးတာရယ် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုတာရယ်ကတော့ အားနည်းချက်ဖြစ်နေသေးတယ်
ဆူး
September 16, 2011 at 1:02 pm
အိမ်နောက်ဖေး ဈေးဆိုင်တည် တဲ့ ရှေးက လူကြီးတွေ ဆုံးမ ဖူးတယ်။
ပိုးပါရောစားတော့ အသားဓါတ် အပြည့်ပါတာပေါ့.. ပိုးပေါက်တာ ရွေးဝယ်စား.. ဘေးကင်းတယ် မောင်ပေ.. ဟိဟိ
manawphyulay
September 16, 2011 at 1:12 pm
မောင်ပေရေ… အမ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စိုက်ပြီး ရောင်းနေတယ်နော်… မြန်မြန်လာဝယ်ထား… 😛
etone
September 17, 2011 at 10:24 am
အဲတော့ ….. အချစ်ကဗျာနဲ့ …နည်းပညာသတင်းစာရေး ဆရာမကြီး အပျီးကြို … ဒေါ်မနူဖြောက ဈေးကွက်စီးပွားရေးစနစ် အမြင်ကျယ်ကျယ် အလှမ်းကျယ်ကျယ်ဖြင့် …. ဟင်းသီးဟင်းရွက်ရောင်းနေပါပကောလား … ။ 😛
alinsett
September 16, 2011 at 1:46 pm
ဒါမျိုးရေးတော့လည်း ကောင်းနေတာပါပဲ.လား။
ကိုပေါက်(မန္တလေး)
September 16, 2011 at 10:53 pm
လွန်ခဲ့တဲ့နှစ်သုံးဆယ်
တစ်ရက်ကော်ဖီ 7ခွက်သောက်ရင်ကျန်းမာတယ်တဲ့။
အဲဒီစကားယုံတဲ့လူ နှလုံးရောဂါဖြစ်ရော။
ဟောသိပ်မကြာသေးခင်နှစ်တွေက တစ်နေ့ကိုရေလီတာ???????သောက်ပါကျန်းမာချင်ရင်တဲ့။
ဟောတစ်လောလေးက မှ ရေသောက်တာများရင် ဘာဖြစ်ညာဖြစ်ဆိုပါလာပြန်ရော။
မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက်လိုဘဲ.
ဘယ်သူပြောတာမှ နားမယောင်နဲ့
မြစ်ဇိမ ပဋိ ပဒါ အဲသဟာအကောင်းဆုံး။
တွေးနေလဲသေဘေးကပြေးမလွတ်တော့
ထိချင်ထိ မထိချင်နေ
များများတော့ မတွေးတော့ဘူးကွာ…………….
များများသိရင် စိတ်………………လေ………….ဒယ်
TTNU
September 16, 2011 at 11:04 pm
ဟင်းသီးဟင်းရွက် စားရုံနဲ့ မရသေးပါဘူး ။ အသားဓါတ်ကလဲ လိုသေးတာပါပဲ ကိုဝင်းတောကာ ရယ်။
ကျုပ်ဖြင့် အသားမပါ တဲ့နေ့ appetite ပျောက်လို့ မနည်းလိုက်ရှာရတယ်။ သူ့ ကို ငါးခြောက်လေး၊ ဝက်သားနှပ်လေး၊ ပုစွန်ခြောက်နိုင်နိုင်ပါတဲ့ မန်ကျည်းသီးထောင်းကြော်လေးတို့ နဲ့ ပြန်ချော့ခေါ်ရတာဗျ။
ုhtoosan
September 16, 2011 at 11:20 pm
ကြောင်ကြီး ကဗျာပိုကြိုက်တယ်။