Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာကိုသိရန် လွယ်ကူသော်လည်း မြန်မာ့စိတ်ထားကိုသိရန်ခက်သည် ဟု နိုင်ငံခြားသား တို့ ပြောစမှတ် ပြုကြလေသည်။

Good IdeaSeptember 18, 20111min3256

အချို့က မြန်မာသည် ပွင့်ပွင့်လင်းလင်း ပြုံးပြုံးရွှင်ရွှင်နှင့် ကမာ္ဘပေါ်တွင် နှစ်သက်ဖွယ်အကောင်းဆုံး လူတစ်မျိုးဖြစ် သည်ဟုဆိုကြသည်။ အချို့က မြန်မာများသည် ဒေါသမထွက်သည့်အခိုက်တွင် စိတ်နေစိတ်ထား အလွန်နူးညံ့ကြ သည်။ ဒေါသထွက်မိလျှင်မူကား ဘီးလူးသဘက်ကဲ့သို့ ဖြစ်လာသည်ဟု ဆိုကြလေသည်။

တစ်ခါက အိန္ဒိယတိုင်း သားမိတ်ဆွေတစ်ဦးက “ကျွန်တော်တို့ ကုလားလူမျိုးများမှာ ဒေါသထွက်၍ လူကိုရိုက်မိလျှင် သွေးထွက်သည် နှင့်တစ်ပြိုင်နက် ရပ်တန့်ကြသည်။ ခင်ဗျာတို့ မြန်မာများမှာ သွေးနီနီရဲကို မြင်ရလျှင် ပို၍ကြမ်းကြုတ်လာသည်” ဟု စာရေးသူအား ပြောကြားဖူးပေသည်။

လူ၏စိတ်ကား ရာသီဥတုကဲ့သို့ ရှိ၏။ ခုတစ်မျိုး ခုတစ်မျိုးပြောင်းတတ်ပေသည်။ မြန်မာ့စိတ်သည် မြန်မာပြည် ရာသီဥတုနှင့် အလွန်တူသည်။ မိုးတွင်အခါ ကမာ္ဘကြီး အရည်ပျော်ကြမည်လောက် တစ်ရက်မစဲ တသဲသဲရွာ သွန်းလျက် နွေရာသီသို့ရောက်သောအခါတွင်လည်း လမ်းပေါ်တွင် ခြေမချနိုင်လောက်အောင် နေ့ညမခြား ပူပြင် တတ်ပေသည်။ သို့သော် ဆီးနှင်းများ ပိတ်ဆို့လျက် ကြာရှည်လေးမြင့်အုံ့မှိုင်းနြေ

ခင်းကား မရှိပေ။ နိုင်ငံခြားသား တို့ကား မြန်မာရာသီနှင့်တူသော မြန်မာ့စိတ်ကို တွေ့မြင်နေကြရခြင်း ဖြစ်ပေသည်။

သို့သော် အရင်းခံဖြစ်သော မြန်မာ့စိတ်ဓာတ်ကား မည်သို့ရှိလေသနည်း။

အဆုံးစွန်အပြင်းထန်ဆုံးမှ မှတ်ကျောင်တင်ကြည့်မှ သိနိုင်ပေသည်။ စိတ်နှင့်ပတ်က်လျှင် သေမင်းနှင့်မျက်နှာချင်း ဆိုင် တွေ့ကြုံရသည့်အခိုသည် နောက်ဆုံးမှတ်ကျောက်ဖြစ်ပေသည်။ ထို့သို့သော မှတ်ကျောက်နှင့် စစ်သည့်အခါ မြန်မာ့စိတ်ဓာတ်သည် မည်သို့ရှိသနည်း။

ဒုတိယကမာ္ဘစစ်ကြီးဒဏ်ကို မြန်မာတို့သည် သုံးနှစ်တိတိ နှစ်ကြိမ်တိုင်တိုင်အပြင် အပြစ်ခံရပေသည်။ မြေပြင်တွင် ဂျပန်တို့က မြန်မာတို့အား ၎င်းတို့၏ စစ်တပ်တည်းဟူသော လမ်းကြိတ်စက်ကြီးနှင့် ပြားပြားဝပ်အောင် သုံးနှစ် တိတိ ဖိ၍လှမ်းခဲ့ကြလေသည်။

မဟာမိတ်တို့ကလည်း သုံနှစ်လုံးလုံး တစ်ရက်မနား ကောင်းကင်မှနေ၍ လက်နက်မိုးများရွာချခဲ့သည်။ ဤကဲ့သို့ အထက်ကလည်း မသက်သာ၊ အောက်ကလည်းမသက်သာ နှစ်ဖက်ညှပ်၍ ဖီစီးနေသည့်အထဲတွင် မြန်မာတို့ သည် ဒူးမထောက် ကုပ်မကျိုးဘဲ နေခဲ့ကြပေသည်။ ဂျပန်တို့ စစ်ရေးနိမ့်၍ မဟာမိတ်တို့ အောင်စည်အောင်မောင်း ဆော်ရွမ်းတီးမှုတ်ကာ မြန်မာပြည်အတွင်းသို့ ခြေသံပြင်းပြင်းနှင့် ဝင်၍လာကြသောအခါ မြန်မာများမှာကျောပေါ် တွင် အင်္ကျီအစုတ်စုတ်အပြဲပြဲနှင့် မျက်နှာညှိုးငယ်နွမ်းလှလျှက် တွေ့ရလိမ့်မည်ဟု အထင်ကြီးထင်လျက် လာခဲ့ကြ လေသည်။ ကျောပေါ်တွင် အစုတ်စုတ်အပြဲပြဲနှင့် တွေ့ရကြ၏။ သို့သော် မြန်မာမျက်နှာမူကား ထိုအစုတ်စုတ် အပြဲပြဲကြားမှာပင် ပြုံးရွှင်လျက်ရှိသဖြင့် အံအားသင့်သွားကြရပေသည်။

အနောက်နိုင်ငံသားတို့သည် နှစ်ပေါင်းတစ်ရာကျော်မျှ မြန်မာတို့၏ စိတ်ဓာတ်ကို ချိုးနှိမ်ခဲ့၏။ သို့သော် မြန်မာများ ၏ပြုံးသောမျက်နှာကို မြင်၍သာသွားကြရ၏။ ဂျပန်တို့သည် သုံးနှစ်တိုင်တိုင် မြန်မာ့ကုပ်ပေါ်တွင် ဓားတင်၍ ထားကြ၏။ သို့သော် “ဝါး… ဟား… ဟား” ဟု မြို့ပြကျေးရွာ တောအုံတောင်ကြားများမှ မကျန် မြန်မာ့ရယ်မော သံကို နာခံ၍ ပြေးကြရ၏။

ဤကား မြန်မာတို့သည် သေမင်းနှင့် မျက်နှာချင်းဆိုင်ဝံသော စိတ်ဓာတ်သည်လျင် အရင်းခံဖြစ်ပေသည်။ ဤစိတ် ဓာတ်မျိုးကို မြန်မာတို့သည် ယခုမှ ရသည်မဟုတ်။ ရှေးပဝေသဏီ မြန်မာအဆက်ဆက်က ခံယူခဲ့ကြသော မြန်မာ့အမွေထူးကြီးဖြစ်ပေသည်။

သေရမည်ဘေးနှင့်ကြုံလျှင် လူသည် တုန်လှုပ်မြဲဖြစ်ပေသည်။ အချို့ခြေသေလက်သေဖြစ်ကာ မလှုပ်မရှားနိုင်ဖြစ် သည်။ အချို့သေဇောနှင့် မြောမေ့သွားတတ်ကြသည်။ အချို့စိတ်ချောက်ချား၍သွားတတ်သည်။ သို့သော် အနန္တသူရိယအမတ်သည် တုန်လှုပ်ချောက်ချားခြင်းမရှိ။ ပကတိတည်ငြိမ်သောစိတ်ဖြင့် သမဓိမပျက် ရှိပေသည်။ လူသတ်ပါးကွက်၏ ဓားအောက်၌ အသက်ထါက်ရမည့်လေဘေးကို မတွေး။ လောကကြီးအဆင်မပြေပုံတို့ကို ဆင်ခြင်လျက် သံသရာအရေးကိုသာ တွေးတောစိုးရိမ်သော စိတ်များပေါ်လျက်ရှိပေသည်။

“သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကသာ၊ ဓမ္မတည်း”ဟု လောကကြီး အဆင်မပြေပုံတို့ကို စူးစူးစိုက်စိုက် ရှု့စားမိပေသည်။

လက်ဝဲသုန္ဒန္ဓရအမတ်သည် မဲဇာသို့ အပို့ခံရသည်။ လည်ပင်းပေါ် ဓားတင်၍မသတ်သည် တမည်သာကျန်သည်။ သေဒဏ်အောက်တစ်ထစ်မျှသာ လျော့သော တစ်သက်တစ်ကျွန်းဒဏ်ကို ခံရခြင်းဖြစ်ပေသည်။ တစ်နေ့တစ်နေ့ နှင့် တရွေ့ရွေ့ဆွေးမြည့်၍ သေရမည်ပင်ဖြစ်ပေသည်။ သို့သော် တုန်လှုပ်ချောက်ချားသော်စိတ်မရှိ။ သမာဓိတည် လျက်ရှိသည်။

“မဲဇာတောင်ခြေ၊ စီးတွေတွေတည်”ဟူသော် စကားများသည် ယခုနှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်သည့်အထိ မဲတောင်ကြီးကို လှည့်၍စီးသော မြစ်ရေ၏အသံကဲ့သို့ မြန်မာတို့၏ နားတွင် တသွင်သွင်ကြားလျက်ပင်ရှိပေသည်။

မြဝတီမင်းကြီး ဦးစသည် မဏိပူရ ကသည်းပြည်သို့ ရှေ့တန်းချီ၍ တက်ရ၏။ တောကြီးတောင်ကြီး အသီးသီးဖြင့် ပိတ်ဆီးခြင်းသန်းလျက် လမ်းပန်းမမြင်ဖြစ်၏။ ရှေ့က ဆီးကြိုခုခံမည့် ရန်သူအင်အားကိုလည်း သေချာစွာသိရ သည်မဟုတ်။ မှောင်အတိကျနေသော သန်းခေါင်ယံ၌ သေမင်းခံတွင်းသို့ ခုန်ဆင်းရသကဲ့သို့ရှိ၏။ သို့သော် မြဝတီမင်းကြီး၏ စိတ်သည် ညှိုးငယ်တုန်လှုပ်ခြင်းမရှိ။ အပျော်အပါး တောကစားထွက်သကဲ့သို့ တစ်လမ်းလုံး ဇာတ်ခင်း၍ သွားလေသည်။

ဦးပုည သေရခါနီးတွင် ရေးသားသွားသော လေးချိုးကလေ;ကို လူတိုင်းသိ၏။

“ဟုတ်ပလေ၊ နှုတ်ရွှေဟရမှာဖြင့်၊ ပုဓဗ္မစ ထင်ရဲ့လေ၊ ကောသလငယ်လို့၊ ဘဝမှာ သရေလျှမ်းပါတဲ့၊ ရွှေနန်းစံ ရာနန်းမှ၊ ခါချိန်တန် ပျက်စမြဲဟာမို့၊ စွဲမိသံဝေ။ အကုသိုလ် အနားဂတ်ကယ်က၊ ယခုလာလို့ ဖြတ်သော်ကြောင့်၊ ဇရပ်ကသို့ ပြောင်းရချေ။ ခွေးသေလိုကွဲ့သေရငြား၊ သိလျက်နှင့်ပင် ဝိပါတ်ကြမ္မာငယ်လို့၊ ရွှေဉာဏ်ရှင် မဝေခွဲနိုင် ဘူး။ ပွဲတွေ့အမှား။”

ဦးပုညသည် မိမိအား အငြိုးသိုလျက်ရှိသော ရန်သူမြို့ဝန်ဦးသာအိုလက်တွင် ဧကန်သေရတော့မည်ကို သိ၏။ သေရမည့်အရေးသည် မျက်မှောက်၌ကပ်၍ထင်ရှာ၏။ သို့သော် တုန်လှုပ်သည့်စိတ်မရှိ။ ဝိဓယပြဇာတ်၊ ကောသ လပြဇာတ်၊ ရေသည်ပြဇာတ်များကို ရေးသားသကဲ့သို့ပင် မလွဲမချော် တည်ကြည်ဖြောင့်တန်းသော် သမာဓိဖြင့် ဆိုချင်သည့်စကားကို ကွင်းကွင်းကွက်ကွက် ဖြစ်ပေသည်။

သက္ကရာဇ် ၁၁၄၃ ခုနှစ် နန်းတက်တော်မူသော ဘိုးတောဘုရားလက်ထက်တွင်လည်း ပုခန်းမင်းသားသည် ဤနည်းသို့ ေသေရမည့်ဘေးနှင့် ကြုံတွေ့လျက် တုန်လှုပ်ချောက်ချားခြင်း ကင်းလျက်ရှိပေသည်။ ပုဂံမင်းသားမှာ ဘိုးတော်ဘုရားနှင့် သီရိမဟာသုဓမ္မမဟာဒေဝီဘွဲ့ခံမြောက် ရွှေရေးဆောင် မိဖုရားကြီးတို့မှာ ဖွားမြင်တော်မူသော သားတော်ဖြစ်ပေသည်။ ၁၁၄၅ခုနှစ် ဖွားမြင်၍ ငယ်အမည်မှာ မောင်ဘဲကြီးဖြစ်သည်။ ဘိုးတော်ဘုရားတွင် သားတော်ပေါင်း ခြောက်ကျိပ် ခြောက်ပါး ရှိသည့်အနက် ပုခန်းမင်းသားမှာ ဘိုးတော်မင်းအဖြစ်ကို ရပြီးနောက် လက်ဦးဖွားမြင်သော သားတော်အကြီးဖြစ်သောကြောင့် အထူးပင် ချစ်မြတ်နိုးတော်မူသည်။ အသက်ငါးနှစ်အရွယ် ၁၁၅ဝ ပြည့်နှစ်တွင် မြန်အောင်မြို့ကို ပေးတော်မူပြီးနောက် အသက်ဆယ်နှစ်အရွယ် ၁၁၅၅ ခုနှစ်တွင် မြန်အောင်မြို့နှင့်လဲ၍ ပုခန်းမြို့ပေးတော်မူသဖြင့် ပုခန်းမင်းသားဟု တွင်လေသည်။ တစ်ခါသော် ဘိုးတော်ဘုရား သည် သားတော် ပုခန်းမင်းသား မဟာဓမ္မရာဇာအား အမျက်တော်ရှိ၍ မြစ်ညာသစ်တောသို့ ပို့တော်မူလေသည်။

မြစ်ညာသစ်တောဆိုသည်ကား တစ်ကျွန်းပို့ ဒဏ်ပေးခြင်းပင် ဖြစ်ပေသည်။ တောကြီးတောင်ကြီး လူသူမနီးဖြစ် လျက် ငှက်ဖျားရောဂါလည်း ထူပြောသောအရပ် ဖြစ်သောကြောင့် သေဒဏ်ပေးသည်နှင့် မခြား ဖြစ်ချေသည်။ ဤကဲ့သို့ နေပြည်တော်နှင်မနီး တောကြီးအတွင်း၌ သေးမင်းနှင့်မျက်ချင်းဆိုင်ရသော်လည်း တုန်လှုပ်ချောက် ချားခြင်းမရှိ။ ပကတိတည်ငြိမ်သော စိတ်ဖြင့် အောက်ပါ ပတ်ပျိုးကို စီကုံးဖွဲ့ဆိုလေသည်။

“အောင်မြေသာစံ၊ သောင်ယံသဲက၊ ပုလဲလိုလို၊ ခင်းသာဝကို၊ ရေညိုညို ဒိုးယိုငယ်စီးပါလို့၊ ခရီးသာသာလမ်းမှည လ၊ ရွှေတဲ့ရွှေမြစ်ညာ၊ ရွှေလက်ကယ်ကိုင်ကာ၊ သီတာသောင်ကမ်းခြေ၊ စိမ်းရွှေဖြူရောင်၊ ညိုဝါရောင်သွေး၊ တိမ်စွယ် မှိတ်ကယ်ကမှေး။ ရွှေပြည်တော်၊ မျှော်တိုင်းဝေး။ ရွှေသွေးမျက်ကြည်၊ လေပြေယူသိမ်း၊ မြစိမ်းရောင်ညိုမှိုင်းမို့ ရေတဲ့ရေကန်သာ။ ပဒုံဝေဆာ အငုံရွှေကြာ အမှုံဝေကာ ရဂုံဗွေမှာ၊ ညှိုးညှိုးညင်းညင်း၊ ကြိုင်းသင်းမာလာ၊ ပန်းစုံကသင်း၊ တဆင့်တက်သော်၊ တတောင်ကျော်၊ တမှော်ငုံလျှိုး၊ တချုံတိုး တမိုးသောက်လျှင် တနေဝင်၊ တခွင်မြိုင်ကြီး ဂနိုင်ဆီး၊ တောကြီးတောင်ကာ၊ သေလာတောင်စောင်း၊ ပိတ်ပေါင်းငယ်သာထွေ၊ သပြေပင်နန်း၊ ရေယဉ်စန်းငယ်နှင့် စခန်းအောင်ရန်မြေ၊ အပန်းဖြေကာ၊ ဗလာတူယွန်း၊ သံသာရွှေငှက်ကယ်ညွှန်း။ ။ နှစ်ကိုယ်စံ ဖန်ကိုင်းကျွန်း၊ အလွမ်းငယ်ထွေ၊ ဆော်လေက ဖြူး၊ သာပြန့်ဖြူး၊ မာလာငုံဖူး၊ ထုံလို့မြူး၊ သာထူးဆန်း နန်းရွှေတောင်ညွှန့် နတ်ကယ်စံရာ၊ ချမ်းလေအောင်လို့ ထပ်ကယ်ဖန်လာ၊ မယုံပါဘဲနှင့်လေ။ ရွှေရင်ချမ်းမြအေး၊ မလေးတုန်ချစ်တဲ့ မှုံနှစ်ကယ်လေး၊ ။ တောချောင်မှာ မောင်အိပ်လို့၊ တောထိပ်မှာကွေး၊ တောင်မြင့်ဂန္ဓာက ကြာတိုင်းမွှေး၊ ရေကန်သာကြာတိုင်းအေး၊ နေပြည်တော်မျှော်တိုင်းဝေး”

ပုခန်းမင်းသား၏ စိတ်ထားကိုကြည့်လျှင် အလွန်ထူးဆန်းသကဲ့သို့သော အချက်များကို တွေ့နိုင်ပေသည်။ တစ်ကျွန်းပို့ဒဏ်ထိ၍ သေရမည့်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရသော်လည်း သေရမည့် အနံ့အသက်ဆို၍ စိတ်၌ တစ်စုံတစ်ရာ ခိုအောင်းခြင်းမရှိ။ သေရမည့်ကိစ္စကို ဘေးချိတ်၍ မိမိပတ်ဝန်းကျင်ရှိ လောကဓာတ်ရေမြေတောခန်း တောင်ခန်း လှပပုံများကိုသာလျှင် စိတ်တွင်း၌ ကြည်လင်ခြင်း ရှိနေပေသည်။ ငါ့အား တောခေါင်တောင်ဖျား တစ်ကျွန်းပို့ဒဏ်ကြီး ထိ၍နေလေပြီ။ ဤနေရာ ဤဒေသ လူသူမနီးသည့် တောကြီး၌ ငါသည် တရွေ့ရွေ့ နွမ်းရိသေကျေပျက်စီးရချေတော့မည်တကားဟု ညည်းညူသံဟူ၍ လုံးလုံးမပါဖြစ်ချေသည်။

ဤမျှ ခိုင်မာတောင့်တင်းသော စိတ်ထားများကို ရှေးပဝေသဏီအစဉ်အဆက်ကပင် မြန်မာတို့ ရရှိခဲ့ကြပေးသည်။ အာကာဝေ ဟင်ကောင်းကင်ပြင်ကြီးသည် မှုန်ချင်းမှုန်၊ ပြာချင်ပြာ၊ မည်းချင်မည်းဖြစ်သကဲ့သို့ မြန်မာ့စိတ်ဓာတ် သည် ရယ်ချင်ရယ်၊ ငိုချင်ငို၊ ညိုချင်ညိုဖြစ်တတ်သော်လည်း အတွင်းဓာတ်ခံကား အခက်အခဲနှင့်တွေ့ ရလေလေ တင်းမာလေလေဖြစ်လျက် ဒုက္ခနှင့်တွေ့ရလေလေမလျှော့သောစိတ်ဖြင့် ရွှင်ပျလေလေဖြစ်သောကြောင့် မြန်မာရှိလေရာရာ၌ ရယ်မောသံကို ကြားနေရခြင်းဖြစ်ပေကြောင်း …။

**ဇေယျာ**
(၁၉၄၉)

အွန်လိုင်းမှာ စာလျှောက်ဖတ်ရင်းနဲ့ http://jacbaburma.blogspot.com/2011/08/blog-post_2768.html ဒီဘလော့မှာ တွေ့လာလို့ ဘော်ဒါတွေ ဖတ်ရအောင် တင်ပေးလိုက်တာပါ။

ဒီဆောင်းပါးလေး ဖတ်ပြီးတော့ ဆရာမောင်ဇေယျာများ ကြားမယ်ဆိုရင် ပြောလိုက်ချင်တာကတော့ “ဆရာရေ အရင်တုန်းက မြန်မာတွေကတော့ အခက်အခဲနှင့်တွေ့ ရလေလေ တင်းမာလေလေ၊ ဒုက္ခနှင့်တွေ့ရလေလေ မလျှော့သောစိတ်ဖြင့် ရွှင်ပျလေလေ ဆိုတဲ့အတိုင်း ရှိခဲ့ပေမယ့် အခု မြန်မာတွေကတော့ ဆိုးဝါးလွန်းတဲ့ နိုင်ငံရေးလောကဓံကို မခံနိုင်ကြလောက်အောင် မောပန်းကြတဲ့အတွက် ရယ်စရာကို ရှာကြံပြီး ရယ်နေရတာပါ ဆရာရေ…”လို့။

အားလုံးကို လေးစားလျှက်…

Good Idea

6 comments

  • Father

    September 18, 2011 at 10:03 pm

    စိတ်သည်လက်ရှိအခြေအနေပေါ်မူတည်သည်။ခေတ်အလိုက်ပြောင်းလဲမှုရှိသည်။

  • thihayarzar

    September 18, 2011 at 10:56 pm

    မြန်မာလူမျိုးတွေရဲ့စိတ်ဓာက်ကိုသိချင်ရင်တော့ တောရွာတို့ အညာတို့မှာ သွားကြည့်မှ ဖြစ်မယ်… မြို့ကြီးလေ လူလိမ်တွေပေါလေပဲ … နိုင်ငံခြားသားတွေဆိုရင် ပိုပြီးတော့တောင် လိမ်ကြတယ် ……. မိမိအတွက် တိုင်းပြည်ကို သိက္ခာမချပါနဲ့ ………..

  • မီးမီး သော်

    September 18, 2011 at 11:04 pm

    Good idea ရဲ ့အတွေးလေးကောင်းပါတယ်။ခုလိုဝေမျှပေးတော့ကျေးဇူးပါနော်။ဒီနေရာလေးကိုကြိုက်တယ်လေ……

    “””တစ်ခါက အိန္ဒိယတိုင်း သားမိတ်ဆွေတစ်ဦးက “ကျွန်တော်တို့ ကုလားလူမျိုးများမှာ ဒေါသထွက်၍ လူကိုရိုက်မိလျှင် သွေးထွက်သည် နှင့်တစ်ပြိုင်နက် ရပ်တန့်ကြသည်။ ခင်ဗျာတို့ မြန်မာများမှာ သွေးနီနီရဲကို မြင်ရလျှင် ပို၍ကြမ်းကြုတ်လာသည်” ဟု စာရေးသူအား ပြောကြားဖူးပေသည်။”””

  • TTNU

    September 18, 2011 at 11:31 pm

    မြန်မာ ကိုသိဖို့ လွယ်ပေမဲ့ မြန်မာ စိတ်ထားကို သိဖို့ ခက်တယ် လို့ နိုင်ငံခြားသားတွေကပြောတယ် ဆိုတာ လက်ခံပါတယ်၊ ဒါပေမဲ့ သူတို့ နိုင်ငံခြားသားတွေက သိဖို့လည်းခက်တယ်၊ သူတို့စိတ်ထားသိ ဖို့ လည်း ပိုခက်ပါသေးတယ်။ ယေဘုယျအားဖြင့် မြန်မာအများစုဟာ ပွင့်လင်း ကြတယ်၊ ရင်းနှီးခင်မင်လွယ်ကြတယ်။
    နိုင်ငံခြားသားတွေက မြန်မာပြည်လာတုန်းသာ ခဏ ဟန်ဆောင်ပြီး ချိုသာသလိုနေကြတာ။ သူတို့တိုင်းပြည်မှာအတည်ကြီးတွေရယ်။ အထူး သဖြင့် ဗြိတိသျှတွေပေါ့။ တစ်ယောက်ယောက် မိတ်ဆက်မပေးရင် ရုပ်တည်ကြီးတွေပါ့။ မြန်မာတွေရဲ ့ စိတ်ရင်း အမှန်က လူသားဆန်တယ်ဆိုတာ သူတို့ မလေ့လာတတ်ကြတာပါ။ Materialists မဟုတ်ကြဘူလေ။ ( အများစုကို ခြုံ ငုံပြောတာပါနော်)။
    သွေးနီနီရဲရဲ ကို မြင် တိုင်းစိတ်ရိုင်း မဝင်တတ်ကြပါဘူး။ ငါ ၏ဦးခေါင်းသည် သွေးချင်းချင်းနီ သော်လည်း
    ငါ ဦးညွှတ်မည်မဟုတ်ဆိုတဲ့ စိတ်ဓါတ် သာ ရှိကြတာပါ။

  • maungmoenyo

    September 19, 2011 at 5:24 am

    သေချာတာတခုတော့ရှိပါတယ်…နိုင်ငံခြားသားတွေနဲ့ တွေ့တဲ့ အခါတိုင်းမြန်မာတွေက တဖက်က ပြောသမျှ စကားတွေကို ခတ်ပြုံးပြုံးလုပ်ပြီးခေါင်းတဆတ်ဆတ် လုပ်လေ့ရှိကြတာပါဘဲ။ တကယ်သိလို့လားလို့မေးရင် ဘာတခုမှမသိပါဘူးလို့ပြောရမလိုပါဘဲ။ ဒီအပြစ်ကင်းစင်ရိုးသားပြီးတဖက်သားကို အားနာပြီး ရှက်တတ် ကြောက်တတ်ပြီး နိုင်ငံခြားသားနဲ့ ဆက်ဆံခဲ့တဲ့ သမိုင်းနောက်ကြောင်းခံနည်းလှတဲ့ မြန်မာ တို့ရဲ့ ဒိလို အပြုအမူကို နိုင်ငံခြားသားတွေက ဒီနေ့အထိနားမလည်နိုင်ကြပါဘူး။

  • ရွှေဘိုသား

    September 19, 2011 at 9:42 am

    ိမြန်မာတွေစိတ်ဓာတ်သိချင်ရင် ကျနော်တို. ရွာလိုက်ခဲ. ရွှေဘို မြို.နားမှာ
    ထမင်းဖတ်ကျွေးတာ လိုက်မစားလို. ရွာသားက စိတ်တိုပြီး ဓားနဲ.လိုက်တာ တစ်ခါဖြစ်ဖူးတယ် ရွာမှာ

Leave a Reply