ဆုတောင်း
နီးနီးလေးနဲ့ ဝေးနေတာ
ငါတို့နှစ်ယောက်လား…။
သူငယ်ချင်းဆိုတဲ့
စည်းတစ်ဖက်စီမှာ
ငါတို့ နှလုံးသားတွေ
သေဆုံးခဲ့ရတယ်။
မဖြစ်နိုင်ဘူးဆိုတဲ့
ခေါင်းစဉ်အောက်မှာ
ငါတို့မျက်ဝန်းတွေကို
မေ့ပစ်ခဲ့ရတယ်။
မျိုသိပ်ခြင်းတဲ့…
အပြောလွယ်သလောက်
အလုပ်ခက်လိုက်တာဟာ။
တမ်းတခြင်းတွေ အပြည့်နဲ့
ငါ့ရင်တစ်ခုလုံး
နာကျင်နေပြီ
ကံတရားရယ်…
နောင်ဘဝမှာတော့
ဆုံစည်းပါရစေ…။ ။
11 comments
mzm
September 18, 2011 at 7:43 pm
တောင်းတဲ့ဆုနဲ့ပြည့်ပါစေဗျာ အကြောင်းတိုက်ဆိုင်ပေါ့လေ
mandalarthu
September 18, 2011 at 8:48 pm
အားမလျော.ပါ နဲ. နော်။
တနေ.နေ.တော. အိမ်မက်တွေမှန်ကန်လာမှာပါ။
ဆုတောင်းနေတာထက် ကြိုးစား ကြည်.တာက ပိုပြီး ထိရောက်နိူင်ပါလိမ်.မယ်။
ပျော်ရွှင်ပါစေ။
nature
September 18, 2011 at 9:02 pm
ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်။ အဓိက ကတော့ တောင်းတဲ့ဆုပြည့်အောင် ဘာတွေလုပ်ရမလဲ ။ ဘာတွေလုပ်သင့်သလဲဆိုတာ သိဖို့လိုမည်ထင်ပါသည်။ အောက်ပါလင့်ကလေးကိုဖွင့်ကြည့်ပါ။
http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc10/004-Dr-Nandamalabhivamsa-mp3-10-SuTaungPyaukWaMyatDama.mp3
ဆူး
September 18, 2011 at 9:11 pm
ဆုတွေလည်း မတောင်းချင်တော့ဘူး မောလှပြီ။
အလုပ်တွေလည်း မလုပ်ချင်တော့ဘူး ပန်းလှပြီ။
အပြောတွေလည်း မကောင်းချင်တော့ဘူး နွမ်းလှပြီ။
မီးမီး သော်
September 18, 2011 at 10:57 pm
အို နောက်ဘဝဆိုတာ မသေချာဘူးလေ။ကြိုးစားပြီးနားလည်မှုယူသင့်တယ်လေနော့။
naywoonni
September 18, 2011 at 11:00 pm
ဘာတွေများ တစ်ဖက်သတ်ပေါက်ကွဲနေသလဲ နှမငယ်…။ ကြိုက်ရင် ရအောင်ယူလိုက် ..။နောက်ဘဝဆိုတာမပြောနဲ့ မနက်ဖြန်တောင်သေချာတာမဟုတ်ဘူး….။
“ငါးကင်စားသူများ” တဲ့ ကြားဖူးသလား …။
မွန်မွန်
September 19, 2011 at 12:19 pm
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတယ်လို့ ပြောကြပေမယ့် မွန်မွန်တော့ မျှော်လင့်ရတာတွေလည်း မောလှပါပြီ။ မျှော်လင့်ထားလို့ ဖြစ်မလာရင်လည်း ခံစားချက်က ပြင်းလှပါတယ်။ ဒါကြောင့် နေတတ်သလိုပဲ နေနေတော့တယ်..။
etone
September 19, 2011 at 2:56 pm
မျှော်လင့်လို့ ပြသနာ ဖြစ်နေတာမို့လား .. မမျှော်လင့်နဲ့ လုပ်ချင်တာလုပ်လိုက် … ။
သူငယ်ချင်းဆိုတဲ့ စည်းတွေဘာတွေကလည်း စာထဲမှာပဲ ရှိတာ .. သူငယ်ချင်းအနေနဲ ့ ခင်ပြီး ကြိုက်လို့ ယူသွားတဲ့ လူတွေ ဒီခေတ်မှာ ဒုနဲ့ ဒေးပဲ … ။ သတိ္တမရှိလျှင်တော့ .. အဝေးခံလိုက်တော့ …ပြီးမှ ဆွေးမနေနဲ့ … ကိုယ်ဘာသာကိုယ်သရဲဘောကြောင်လို့ပဲ လို့ စိတ်ဖြေလိုက်တော့ … 🙄
manawphyulay
September 19, 2011 at 12:44 pm
နောက်ဘဝကမှ မသေချာတာ ခုဘဝမှာပဲ ဆုံကြပါလား…
surmi
September 20, 2011 at 12:54 am
———ခေတ် ၊ ဈေး မဆစ်နဲ ့
ကြိုက် ရင်ယူထား ၊ ဈေးမများ ဘူး
နောက်ပြန် လှည် ့ကြည် ့၊ မရှိ တော ့ ဘူး
ကဲ ဒီတော ့ — တကယ် ဖြစ် ချင် တကယ် လုပ် ၊ အဟုတ် ဖြစ်ရ မည် တဲ ့
လုပ် ချင်တာလုပ် လိုက် တော ့တူ မကြီး ရေ ——-
နွယ်ပင်
September 20, 2011 at 10:26 am
ဒီနေ့နဲ့ နက်ဖြန်တောင် သိပ်ယုံရတာမဟုတ်ဘူး
နောက်ဘဝဆို ပိုလို့တောင်ဝေးပေါ့
နောက်ဘဝကျရင် သူကကိုယ့်မမှတ်မိရင် ဘယ်လိုလုပ်မလဲ 🙂
အဲတော့ ဒီဘဝမှာတင် ရအောင်သာကြိုးစားလိုက် မွန်မွန်ရေ ………..