Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေါင်းစဉ် မလိုအပ်ပါ။ (၂)

nigimi77September 20, 20111min71125

ကံ

“လူမစွမ်း နတ်မ” ဆိုသည့် စကားသည် မည်သည့် အချိန်ကာလမှ စတင် ပြီး မြန်မာနိုင်ငံ၏ 

လူနေမှု စနစ် အတွင်းသို ့ ရသေ့စိ်တ်ဖြေ ဝင်ရောက်လာသည်ကို ကျွန်တော် မသိပါ။ 

သိရှိရန်လည်း မလိုအပ်ပါ။   လူဆိုသည်မှာ  ကမ္ဘာပေါ်တွင် သဘာဝတရားက အကောင်းဆုံး

တည်ဆောက်ထားသော သက်ရှိမျိုးနွယ် ဖြစ်ပါသည်။  လူမစွမ်းသည့် အရာသည် မရှိသလောက်

နည်းပါးပါသည်။  ကျွန်တော်တို ့နေ ့စဉ် စားသုံးနေကြသော အစား အသောက်မှ စပြီး  အဝတ်

အထည် ၊ လူသုံးကုန် ပစ္စည်းများ၊  အဆောက်အဦများ၊  ရွှေ  ့လျား သွားလာနိုင်သော အရာဝထ္ထု

မှန်သမျှ အားလုံးသည်  လူတို ့ပြုလုပ်ထားခြင်း ဖြစ်ပါသည်။  လူတို ့၏ အတွေးအခေါ် အယူအဆ

အကြံအစည်များနှင့် လက်တွေ ့ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ထားခြင်းပင် ဖြစ်ပါသည်။

မည်သို ့သော အမည်ရ တန်ခိုးရှင် တစုံတရာ၏ စွမ်းအင်နှင့် ပေါင်းစပ်ရရှိသော အရာဝထ္တုမှ မရှိ

ပါ။  ထို ့အတူပင် ဆုတောင်းခြင်း နှင့်  ဆန္ဒပြုခြင်းအားလည်း ကွဲပြားစွာ သိမြင်ရန်လိုအပ်ပါသည်။

ဆုတောင်းခြင်းသည်  မည်သည့် လုပ်ဆောင်မှုမှ မပါဝင်ပဲ မည်သူတစ်ဦးတစ်ယောက်မျှ ရေရာစွာ

ရှင်းပြနိုင်ခြင်း သက်သေပြနိုင်ခြင်း မရှိခဲ့သော တစ်စုံတစ်ရာအား မျှော်လင့်အားထားစွာဖြင့် မိမိ၏

အခက်အခဲ နှင့် လိုအင်အား ရယူလိုခြင်း အတွက် ပြုလုပ်သော အပြုအမူဖြစ်သည်။

ဆန္ဒပြုခြင်းသည်  မိမိဖြစ်လိုသော အကြောင်းအရာ တစ်ခုကို ကြိုတင်ပြီး  မှန်းဆထားခြင်းဟု

မှတ်ယူနိုင်သည်။  မည်သည့် အကြောင်းအရာ မဆို  Plan ရှိရပေမည်။  ထို Plan အား ပြုလုပ်မည်

ဟု တွေးလိုက်သည်နှင့် ဆန္ဒပြုခြင်း စတင်ဖြစ်ပေါ်သွားသည်။  လုပ်ဖြစ်သည် မလုပ်ဖြစ်သည်ဆို

သည်မှာ အခြားသော အကြောင်းအရာဖြစ်ပါသည်။ 

ကျွန်တော်တို ့ငယ်စဉ် ကလေး ဘဝ အရွယ်မှ စပြီး ယခု မျိုးဆက်သစ် မိဘ ဘိုးဘွားများ ခေတ်

အထိ  မပြောင်းလဲသော အရာများစွာ အထဲမှ  တွေးမိသည့် အကြောင်းများအား ပြန်လည်သုံးသပ်

ကြည့်မည်ဆိုလျှင်  သီတင်းကျွတ်ချိန်တွင် သက်ကြီးများအား ပစ္စည်းပစ္စယ၊အစားအသောက်များ

ဝယ်ယူပြီး  ကန်တော့ကြသည့် မြင်ကွင်းအား ပြန်ကြည့်ကြပါမည်။

လူကြီးများသည် အမြင့်တစ်နေရာတွင်ထိုင်ပြီး လူငယ်များမှ ကျုံ  ့ကျုံ  ့ယုံ ့ယုံ ့ထိုင်ကာ ဝိုင်းဝန်း

ကန်တော့ကြပါသည်။  ထိုအခါ  လူကြီးများ နှုတ်မှ ဘယ်လို စကားမျိုး ပြောခဲ့ပါသလဲ။

ရှေးရိုး စည်း မဖောက်စတမ်း  “ဆု” ပေးခဲ့ပါသည်။ 

၁။ ကျန်းမာပါစေ ။

၂။ ချမ်းသာပါစေ။

၃။ လိုအင်ဆန္ဒ တလုံးတဝနဲ ့ပြည့်စုံကြပါစေ။

အဆိုပါ စကား သုံးရပ် မဖြစ်မနေ ပေးပါလိမ့်မည်။    ကျွန်တော်တို ့ကျန်းမာအောင် ဘယ်လိုလုပ်

သင့်ပါသလဲ။  သက်ကြီးရွယ်အို တစ်ယောက်ယောက်က ပေးသောဆုသည် ကျွန်တော်တို ့၏

နုနယ်သော  အတွေးအခေါ်အတွင်းတွင်  အားအင်တစ်ခု ဖြစ်ကောင်း ဖြစ်စေလိမ့်မည်။

သို ့သော် မိမိ ကျန်းမာစေရန် မိမိက ပြုလုပ် နေထိုင်မှသာ အဆိုပါ ပေးခဲ့သော ဆု သည်  အကျိုး

ရှိပေလိမ့်မည်။  ထို ့အတူပင် အဆိုပါ သက်ကြီးရွယ်အိုများ အတွက် သွားရောက် ကန်တော့ခဲ့

သော အရာဝတ္တုများသည် လည်း  သူတို ့၏ လက်ရှိ လိုအပ်ချက်နှင့် အမှန်တကယ် ကိုက်ညီမှ

သာလျှင် နှစ်ဦးနှစ်ဖက် အကျိုးရှိမည်ဖြစ်သည်။  သူတို ့အား ထိုကဲ့သို ့ ကန်တော့ခြင်းကြောင့်

ရရှလာနိုင်သည်ဟု နှစ်ပေါင်းများစွာကတည်းက ယူဆလာသော “ကုသိုလ်” ဆိုသည့် အရာအား

ခေတ္တ ဖယ်ထုတ်ထားပြီး  မိမိတို ့ လေးစားသော ၊ လေးစားထိုက်သော လူကြီး သူမတို ့၏

မသန်စွမ်းတော့ချိန်တွင်  မိမိ၏ ငွေကြေးဖြင့် ပေးအပ် ပူဇော်ခြင်းသည်သာ မြင့်မြတ်သော

လူ ့ကျင့်ဝတ် ဖြစ်နိုင်ပေသည်။ 

ချမ်းသာပါစေ ဆိုပြီး ချမ်းသာနိုင်လျှင်  ကျွန်တော့်တို ့ မည်သည့် ကျိုးစား အားထုတ်မှုမျိုးကိုမှ

လုပ်စရာ မလိုအပ်ပါ။  တကယ်တန်း  ကိုယ်လုပ်မှ ကိုယ်ရနိုင်သည်ကို သိသူ အများကြီးရှိသော်

လည်း ထိုသို ့သော စကားရပ်အား  မိမိ ဘဏ်စာအုပ်တွင် ဂဏန်းတွေ ထပ်တိုးလာသကဲ့သို ့

မမှတ်ယူစေချင်ပါ။  ကျွန်တော်တို ့  “ကံ” ကို ယုံပြီး ပုံစရာ မလိုပါ။  ဉာဏ်နှင့် ဝိရိယ ဖြင့်သာ

ပြုလုပ်နိုင်ပါသည်။  ဉာဏ်နှင့်  ဝိရိယ နောက်တွင် သေချာပေါက် လုပ်ကိုင်ရတော့မည်ဖြစ်သော

ကြောင့် “ကံ” ကို လွဲမှားစွာ သိရှိရန်လည်း မလိုအပ်တော့ပေ။  “ကံ” ဆိုသည်မှာ အလုပ်ပင် ဖြစ်

ပါသည်။  သူ ့အလိုလို ရောက်ရှိလာသော ဘာမှန်း မသိသည့် အရာကြီး မဟုတ်ပါ။

မိမိကိုယ်တိုင် ပြုလုပ်မှ ၊ ပြုလုပ်ချင်သော စိတ်ရှိမှ အရာရာရရှိနိုင်ပြီး နောက်ဆုံးပိတ် ဆု ဖြစ်သည့်

လိုအင်ဆန္ဒများ ပြည့်စုံလာမည်ဖြစ်သည်။  ကျွန်တော်တို ့ရဲ  ့ကံတရား ဆိုတာဟာ အရင် ဘဝက

ဘာလုပ်ခဲ့တယ် ဆိုတာနဲ ့လုံးလုံး မသက်ဆိုင်သောကြောင့်  လက်ရှိ ကာလတွင် အကောင်းဆုံး

လုပ်မှ သာလျင် အနာဂါတ်တွင် ပြီးပြည့်စုံမည် ဖြစ်သည်။ 

ထိုသို ့ဆိုလျင် နောက် ဘဝ အတွက် ဆိုပြီး ရည်ရွယ်ပြီး ပြုလုပ်ကြပါသည်ဆိုသော ကုသိုလ် များ

သည် မည်သူ ့အတွက်ဖြစ်ပါသလဲ  ?????????  အလွန်ပင် ရိုးရှင်းစွာပင် “ငါ့” အတွက်ဖြစ်ပါသည်။

ငါ့ အတွက်ဟု ရည်ရွယ်တိုင်း ငါ့ အတွက် ဖြစ်လာနိုင်ပါသလား။  ဘယ်တော့မှ မဖြစ်လာနိုင်ပါ။ 

ငါ့ အတွက်ဟု ဆိုလိုက်သည်နှင့်  မိမိ တစ်ကိုယ်ရေ ကောင်းစားရေး အတွက် အမြင်သေးနုတ်စွာ

ပြုလုပ်ကြသော အပြုအမူတို ့သည်  ငါ့ အတွက် မဖြစ်စေရုံသာမက  ငါ၏  နောက်မျိုးဆက်

အတွက်ပါ အကျိုးဆုတ်ယုတ်မှုကိုသာ ဖြစ်ပေါ်စေသည်။  

==================================================

“ငါ့” အတွက် ယူကြသော ကုသိုလ် များနှင့် ပတ်သပ်ပြီး အခန်း (၃) တွင် ဆက်ရေးပါမည်။

သဘော မတွေ ့သူများ ပြင်းပြင်းထန်ထန်  နှင့် ကျိုးကြောင်း မှန်ကန်စွာ ဝေဖန် ဆွေးနွေးနိုင်ပါသည်။

25 comments

  • etone

    September 20, 2011 at 10:14 am

    စာတတန် ပေတတန်လုပ်နေသေးတယ် .. .သီတင်းကျွတ်နီးလို့ …. လူကြီးတွေကို မကန်တော့ချင်တိုင်း .. ဟိုဟာဖြစ်သလေး ဒီဟာ ဖြစ်သလေးနဲ့ …. ။ ဆုပေးတိုင်း မဖြစ်တာလည်း သိပေမဲ့ … လူကြီးတွေက အားနာသမှူနဲ့ ပြန်ပြောတာ သိပလား … ကန်တော့ခံပစ္စည်း ဒီအတိုင်းယူထားရမှာ အားနာလို့ 😛 😛

    • akswe

      September 20, 2011 at 11:20 am

      တုံးတုံး … ဟိုကငြိမ်နေတော့ နားရွက် သွားသွားပြီးတံတွေးဆွတ်တယ်….ကြပ်ကြပ်စ..
      မူးလာလို့ ဟိုက နမင်းငစ ပြောရင် သတ်ကြဦးမယ်..ဘယ်သူ့ဆွဲရမှန်းမသိဘူး….
      ကြည့်ရတာ နိဂိမိ ဝါတွင်းရှောင်ထားတယ်ထင်တယ်….စာသံလေသံတွေလည်း အတော် နူးညံ့သွားတယ်မှတ်တယ်…ရေးတာလည်း ပို ကောင်းလာ တယ်
      ကိုရင့်စာတွေမတွေ့တာကြာလို့…သတိရတုန်းပေါ်လာလို့ အားပေးလိုက်ပါတယ်….

      • etone

        September 21, 2011 at 9:15 am

        he he အဘဆွေရေ … သူက ဒီဝါကျွတ် မင်္ဂလာဆောင်တော့မယ်ဆိုတော့ … ယောက္ခမရှိခိုး သွားမကျိုးနည်းအတိုင်းကျင့်ရင်း ပေါက်ကွဲလာတာနဲ့ ဒီလို စာမ ျိုး ရေးမိပါတယ်တဲ့ … သူ့ယောက္ခမကြီးကလည်း ဂေဇက်မှာ ဝင်ဝင်ဖတ်နေကြဆိုတော့ .. စာအရေးသား နည်းနည်းပြောင်းထားပါတယ်တဲ့လေ … ဟီးဟီး … အဲ့ဒါသိလို့ … နားရွက်ကိုသွားသွားပြီး တံတွေးဆွတ်မိတာ 😛 😛

  • Moe Z

    September 20, 2011 at 10:19 am

    လောကမှာကြုံတွေ့နေရတဲ့ အကျိုးအကြောင်းအဆိုးအကောင်းမှန်သမျှ ကံကိုပုံချလို့မရသလို
    အရာအားလုံးက သူဖြစ်ချင်သလိုဖြစ်နေတာလို့လည်း ယူဆလို့မရဘူး..
    မိမိကိုယ်သာကိုးကွယ်ရာပါ..ကံကောင်းတယ် မကောင်းဘူးဆိုတာ မိမိအပေါ်မှာပဲမူတည်တယ်လို့ ယူဆပါတယ်..

  • xman

    September 20, 2011 at 11:25 am

    nigimi77 ဘာပြောချင်တယ်ဆိုတာတော့ လုံးစေ့ပတ်စေ့မသိသေးလို့ စောင့်ဖတ်ပြီးမှ မန်းတာပေါ့။

    အခုတော့ ဒီအထဲက အစကလေးတစ ဆွဲထုတ် ပြောချင်လို့ပါ။ ရာသီစာလဲဖြစ်နေလို့ပါ။

    သီတင်းကျွတ်ကန်တော့တယ် ဆိုတဲ့ မြန်မာ့ဓလေ့တခုအကြောင်းပါ။

    ဘာဖြစ်လို့ လူကြီးသူမတွေကို သီတင်းကျွတ်မှာ ကန်တော့တာလဲ??
    ဝါခေါင် သို့မဟုတ် နတ်တော်လမှာရော မကန်တော့တာလဲ ??
    နားလည်ထားသလောက်ကတော့ မြတ်စွာဘုရားရှင်ဟာ တာဝတိ ဲသာနတ်ပြည်မှာ အဘိဓမ္မာတရားကို ဟောရင်း ဝါတွင်းသုံးလကို ကုန်လွန်စေပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်းလာပြီး ဆွေတော်မျိုးတော်တို့အကြားမှာ ရေမီးအစုံတန်ခိုးတော်တို့ကိုပြရင်း တရားဟောတယ်ဆိုတာပါ။ (အဲဒါမယုံဘူးဆိုလဲရပါတယ်။ ကျွန်တော်လဲယုံလို့ပြောတာမဟုတ်ပါ။ စာထဲတွေ့တာပြောတာပါ)

    အဲဒီအတိုင်းဆို သီတင်းကျွတ်လပြည့်နေ့ရဲ့ ဇတ်လိုက်က ဘုရားရှင်ပါ။ လူကြီးမိဘများမဟုတ်ပါ။

    ဘာပဲဖြစ်ဖြစ် လူကြီးမိဘ တွေကို ရိုသေတဲ့စိတ် ကျေးဇူးသိတဲ့စိတ် နဲ့ ကန်တော့တာတော့ ဘယ်အချိန်မဆို ကောင်းပါတယ်။ သီတင်းကျွတ်မှာလဲ ကောင်းပါတယ်။

    ဒါပေမယ့် ထုံးစံရှိလို့/ လုပ်နေကျမို့လို့ /လူကဲ့ရဲ့မှာစိုးလို့ /အကျိုးတခုခုကိုမျှော်လို့ လက်ဆောင်ပစ္စည်းနဲ့ သွားကန်တော့တာမျိုးကတော့ ချီးကျူးစရာမဟုတ်ပါ။ ကန်တော့ခံရတဲ့ လူကြီးများကလဲ မကောင်းတတ်လို့ မုန့်သစ်သီးစသည် ပြန်ပေး မုန့်ဘိုးပြန်ပေးရတာ ကလေးတကာ တက်ကန်တော့ရင် မုန့်ဘိုးပေးရမှာ ကြောက်နေရတာဟာလဲ သိပ်တော့မနိပ်ပါ။

    ပိုဆိုးတာက ဒီစစ်အစိုးရရဲ့ အုပ်ချုပ်မှု့အောက်မှာ သီတင်းကျွတ်ဆိုတာ ဝန်ထမ်းလောကအတွင်း အောက်ဆုံးကနေ အထက်ဆုံးအထိ အဆင့်ဆင့် လက်ဆောင်တွေ ပိုက်ဆံတွေ ပုလင်းတွေ ကတ္တီပါဗူးတွေ အသီးသီးနဲ့ ဝတ္တရားကျေကြရ၊ ဆက်ကြေးပေးကြရ၊ ဝေစုပေးကြရ၊ ပို့ဆွမ်းလောင်းကြရတာမို့ မြန်မာတို့ရဲ့ သီတင်းကျွတ်ပွဲတော်ဟာ နှစ်ချုပ် လာဘ်ပေးလာဘ်ယူပွဲတော်ကြီးအဖြစ် ပုံပျက်သွားပြီဖြစ်ပါကြောင်း………..။

    • kai

      September 20, 2011 at 12:03 pm

      အမှန်တော့.. ယူအက်စ်လည်း..
      မွေးနေ့၊ ကျေးဇူးတော်နေ့။ ခရစ်စမတ်၊ ဗယ်လင်တိုင်းမ်ဒေး တနှစ်မှာ စုံပလုံနေအောင် လက်ဆောင် ပေးနေ့တွေ သတ်မှတ်ပေးထားပါတယ်..။
      ကျုပ်စိတ်အထင်.. လတိုင်းလိုလို.. တခုမဟုတ်တခု.. ရှိနေတာပဲ..။

      မြန်မာတွေလို.. လူလူချင်း.. အရည်အချင်းမသိ.. ဂုဏ်သိက္ခာမရှိ.. ဘာမှန်းမသိ…ညာမှန်းမမြင်..ရှိခိုးပူဇော်၊..ဖူးမျှော်မာန်လျှော့….ကန်တော့..နေတာမျိုးတော့မရှိဘူး..။ ကိုယ့်ရဲ့.. မာန်..စိတ်တန်ခိုး..ဘုန်း..ကံ..စွမ်းအင်ကို.. အလကားနေရင်းထိုင်ရင်း.. ပါဝါချစရာ.. ကျစရာဖြစ်အောင်… မလုပ်ကြဘူး..။
      ပြောချင်တာက..
      လက်ဆောင်အပြန်အလှန်ပေးတာ.. လဲတာ..ကောင်းပါတယ်..။ အလုပ်အကိုင်တွေ ပိုထွက်လာပြိး..ငွေကြေးလည်ပါတ်မှုဖြစ်တာပေါ့..။
      ကျေးဇူးရှိသူတွေကို.. ကျေးဇူးသိတတ်စွာ.. လေးစားသမှုပြတာကောင်းပါတယ်..။
      အလွန်အကျွံ. မဖြစ်စေချင်တာပါ..။

      စိတ်ဓါတ်တွေ..အောက်ဆုံးချ.. ပေးနေ..ကြွေးနေ.. ယူနေတာမျိုးကတော့.. ကောင်းတယ်မထင်မိဘူး..။
      =
      ဆိုတော့..
      ယူအက်စ်လည်း.. လာဘ်ပေးလာဘ်ယူမရှိဘူးမထင်လေနဲ့..။
      လွှတ်တော်ထဲ..အစိုးရအဖွဲ့ထဲ.. လော့ဘီလုပ်တယ်ဆိုပြိး.. တရားဝင်ကို ပွဲစားရှိတာ..။
      တိုင်းပြည်ချမ်းသာတော့..လဘ်ထိုး.ငွေပမာဏကြီးနေတာပဲ..ကွာတယ်…။ 🙂

      • TTNU

        September 20, 2011 at 9:53 pm

        ဆရာခိုင်ရေ
        ဆရာ ပြောသလို…….
        (မြန်မာတွေလို.. လူလူချင်း.. အရည်အချင်းမသိ.. ဂုဏ်သိက္ခာမရှိ.. ဘာမှန်းမသိ…ညာမှန်းမမြင်..ရှိခိုးပူဇော်၊..ဖူးမျှော်မာန်လျှော့….ကန်တော့..နေတာမျိုးတော့မရှိဘူး..။)

        ဆရာရယ်
        အထက်ပါ ဝါကျလေးဖတ်ရတာ စိတ်မကောင်းဘူး။ မြန်မာတွေလို ဆိုပြီးခြုံ ပြောမဲ့ အစား
        “အချို ့သော မြန်မာ ကပ်ဖါးတွေ လို” လို့ ရေး ရင် တော်သေး။ တို့တွေ ဆီမှာ လူတိုင်း အဲလို မလုပ်ကြပါဘူးကွယ်။ လုပ်တဲ့သူမရှိဘူးလို့ ရေးတာ မဟုတ်ဘူးနော်။ မြန်မာတိုင်း မဟုတ်ဘူးကွာ။

        • kai

          September 21, 2011 at 5:39 am

          ဆရာမကြီးရယ်…ရှေ့ကတွက်.. ထိပ်ဆုံး ၁-၅ ထဲပါနေတဲ့..အပြေးဆုံးနိုင်ငံနဲ့.. ဟိုး..နောက်ကတွက်ရင် ၁-၁ဝထဲပါတဲ့ နိုင်ငံ၂ခု အတွေ့အကြုံ..ဗဟုသုတ..အထွေထွေ…ညှိယူနေတာမှာ.. (နည်းနည်းတော့ ).. လွန်တာရှိ….ဝန္ဒာမိပါ..။
          ဒီဖက်အစွန်းပြန်တက်အောင်. ဟိုဖက်အစွန်းသွားနင်းရတာမျိုးတွေရှိတာပေါ့..။
          Seesaw သဘောပဲလေ…။ 🙂

        • Foreign Resident

          September 23, 2011 at 8:04 am

          Dear villagers,
          In this para, you may see “သူကြီး” ideas,
          ” ဆရာမကြီးရယ်…ရှေ့ကတွက်.. ထိပ်ဆုံး ၁-၅ ထဲပါနေတဲ့..အပြေးဆုံးနိုင်ငံနဲ့.. ဟိုး..နောက်ကတွက်ရင် ၁-၁ဝထဲပါတဲ့ နိုင်ငံ၂ခု အတွေ့အကြုံ..ဗဟုသုတ..အထွေထွေ…ညှိယူနေတာမှာ.. (နည်းနည်းတော့ ).. လွန်တာရှိ….ဝန္ဒာမိပါ..။
          ဒီဖက်အစွန်းပြန်တက်အောင်. ဟိုဖက်အစွန်းသွားနင်းရတာမျိုးတွေရှိတာပေါ့..။”

          That’s why I wrote in my post
          “Thought after “ချဉ်ပေါင်ဟင်း & ဗမာ့အော်ရီဂျင်နယ်”

          – “သူကြီး” try to stimulate your patriotism &
          – “သူကြီး” try to persuade villagers to real & sensible world.
          😛

  • မီးမီး သော်

    September 20, 2011 at 12:13 pm

    စွဲမြဲစွာကျင့်ကြံ၍အလုပ်လုပ်သူတိုင်း အတွကိ ကံကောင်းခြင်းများကဆီးကြိုနေမှာပါနော့။သူကြီးပြောမှဘဲ
    လော့ဘီအကြောင်းသိရပါတယ်။တရားစွဲဆိုခြင်းမပြုကြဘူးလားကိုခိုင်ရေ။

  • windtalker

    September 20, 2011 at 12:40 pm

    အနော် ထင်တာကတော့
    ကန်တော့တယ်ဆိုတာ က ပေါ့နော်
    မတွေ ့တာကြာတဲ့
    မရောက်တာ ကြာတဲ့
    မိသားစု တွေ ၊ အမျိုးတွေ ပြန်လည် တွေ ့ဆုံခြင်း တစ်မျိုး လို ့ပေါ့နော်
    ထင်မိတာပါပဲ

  • moonpoem

    September 20, 2011 at 2:25 pm

    ဘာပဲဖြစ်ဖြစ် သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ကန်တော့ကြတယ်။ သင်္ကြန်မှာ ရေကန်တော့တယ်။
    တန်ဆောင်မုန်းမှာလူကြီးတွေက ကလေးတွေကို ပျော်ပွဲကြေးပေးတယ်ဆိုတာ မြန်မာတွေရဲ ့ချစ်စရာ ဓလေ့တစ်ခုပဲလို ့ထင်ပါတယ်။

  • amatmin

    September 20, 2011 at 3:58 pm

    အခုခေတ်ရဲ့သီတင်းကျွတ်ကန်တော့မှုပုံစံ.အပြောင်းအလဲတွေကြောင့်အရောင်တွေစွန်းထင်းကုန်တယ်ထင်ပါတယ်..
    သီတင်းကျွတ်လက်အုပ်ချီကန်တော့တာကို ကျွန်တော်တို့မြန်မာတွေရဲ့ကျေးဇူးတရားကိုဖော်ပြတဲ့ပုံစံလို့ထင်ပါတယ်ဗျာ။
    ငွေလေး ၊မုန့်လေးဝယ်သွား ထိုင်စကားပြောပြီး..ပြန်တော့မယ်ဆိုရင် ဂလောက်လေးနက်တဲ့ပွဲတော်ဖြစ်လာမယ်မထင်ပါဘူး..
    ဒီနေရာမှာ ရှိခိုးဦးချတယ်ဆိုတာ သူ့ကျေးဇူးတရားကိုအမှတ်တရ ရှိတာကိုပြသရှံမို့လို့
    (ကိုယ်ကသူ့ထက်တဆင့်နိမ့်သွားတယ်လို့မခံစားရပါ)

    ယိုးဒယားတွလဲ .လူတွေ့တိုင်းလက်အုပ်ချီနှုုတ်ဆက်သလို..ကိုရီးယားတွေလဲ.ခါးကိုင်းတတ်ကြပါတယ်..
    ကိုယ်တွေလက်အုပ်ချီကန်တော့တာကလဲ..
    မိဘ.၊ဆရာ.၊ကျေးဇူးရှိသူများကိုကန်တော့တာမို့(လူတိုင်းကိုတော့ကန်တော့မယ်မထင်ပါ.အစွဲလေးတွေကရှိသေးကိုး)
    ဂုဏ်ငယ်တယ်မထင်ပေါင်ဗျာ…

    ဆိုတော့ကာ..ကျေးဇူးတရားကိုသတိတရ ရှိတဲ့ကိုယ်လည်းကျေနပ်.ကျေးဇူးပြုခဲ့ဖူးတဲ့သူလည်းကြည်နူးရတဲ့
    သီတင်းကျွတ်ကန်တော့တာကိုဂုဏ်ယူစွာအသိအမှတ်ပြုပါတယ်…ဒါနဲ့ငွေကြေးကတော့သီတင်းကျွတ် မှ မဟုတ်ပါ.
    အချိန်တိုင်းထောက်ပံ့နိုင်ရင်ပိုကောင်းတယ်ထင်တယ်..

  • Shwe Ei

    September 20, 2011 at 4:12 pm

    ထုံးတမ်းစဉ်လာတွေကို သွားပီးမျက်စောင်းထိုးမနေပါနဲ့တော့ nigimi77 ရေ။ ဒါတွေရှိနေလို့ဘဲ ကုသိုလ်ရေးကိုမမေ့ မလျော့လုပ်ဖြစ်ကြတာမို့လား။
    ”မိမိ တစ်ကိုယ်ရေ ကောင်းစားရေး အတွက် အမြင်သေးနုတ်စွာ
    ပြုလုပ်ကြသော အပြုအမူတို ့သည် ငါ့ အတွက် မဖြစ်စေရုံသာမက ငါ၏ နောက်မျိုးဆက်
    အတွက်ပါ အကျိုးဆုတ်ယုတ်မှုကိုသာ ဖြစ်ပေါ်စေသည်။” ဆိုတဲ့စကားစုထဲကအတိုင်း ”ငါ့” အတွက်သီးသန့်ကြိုးပမ်းနေကြတဲ့လူမျိုးတွေ နည်းသွားရင်ဘဲ တော်တော် အလုပ်ဖြစ်နေပါဘီ။

    • မှော်ဆရာ

      September 20, 2011 at 6:10 pm

      ထုံးတမ်းစဉ်လာတွေကို သွားပီးမျက်စောင်းထိုးမနေပါနဲ့တော့ nigimi77 ရေ။ ဒါတွေရှိနေလို့ဘဲ ကုသိုလ်ရေးကိုမမေ့ မလျော့လုပ်ဖြစ်ကြတာမို့လား။
      =========မှန်၏===============

  • MOEPWINTPHYU

    September 20, 2011 at 4:54 pm

    ့ကံတရား ဆိုတာဟာ အရင် ဘဝက

    ဘာလုပ်ခဲ့တယ် ဆိုတာနဲ ့လုံးလုံး မသက်ဆိုင်သောကြောင့်
    အဲဒါဆိုလူတွေကဘာလိုအတူတူမဖြစ်ခဲကြတာလဲ ချမ်သာတဲမိဘနဲဆင်းရဲတဲမိဘမှာဝင်စားသူကိုဆိုလိုပါသည်
    ကံတရာဆိုတာအလုပ်လိုခံယူထားပါတယ် ကံကောင်းအောင်လုပ်လိုရတယ်လိုလဲသိပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 20, 2011 at 5:43 pm

    လူကလေး ခွန်နှစ်လုံးပျူး ဆိုလိ်ုတာက လူကြီးသူမတို့ကို ရှိခိုးကန်တော့ခြင်းကြောင့်
    ကုသိုလ်တို့ ကံတို့ဘာညာဘာသာရကာတွေပေါ့ အဲ့ဒါကို ထောင်ပေးလိုက်တဲ့ခါ
    ကိုရင် သဂျီးဂ အပီဝင်ကန်သွားတယ်လား
    ဆိုတော့ကာ
    ဂါရဝေါစ ရိုသေထိုက်သောသူကိုရိုသေခြင်း ဒါကတစ်ကြောင်းပေါ့နော
    အသိတရားရှိပါတယ်ဆိုတဲ့လူသားတွေရဲ့ ပျက်စီးခြင်းဟာ တဏှာ၊ မာန ၊ ဒိဋ္ဌိ
    ဆိုတဲ့အကြောင်းသုံးပါးရှိတယ်လို့တော့စာအုပ်ထည်းမှာဖတ်ဘူးတာဘဲ
    တရားဟောမယ်တော့မအောင့်မေ့နဲ့
    မာနဆိုတဲ့အကြောင်းလေးကို ကျုပ်တို့ နည်းနည်းလေးတီးခေါက်ကြည့်ရအောင်
    ကန်တော့တယ်ဆိုတာ မာနကိုလျှော့ချတယ်လို့ပြောရင်ရနိုင်မလားဘဲ
    တစ်ခြား မလိုအပ်တဲ့လွန်ကဲတဲ့အကြောင်းတွေတော့ ကျုပ်လည်းသိဘူး
    သေခြာတာကတော့ အဲ့ဒါတွေကလည်း ယနေ့ခေတ်ကြီးမှာ
    တော်တော်စောက်ကျိုးနည်းနေတဲ့ အကြောင်းကြီးဘဲ
    ဘုမသိဘမသိ တွေ့ရာလူကိုစွတ်ပြီးဖင်ကုန်းပြီးကန်တော့နေကြတာ
    ဒီနေရာမှ ကျုပ်ဆိုခြင်တာက ရှိခိုးခြင်းနဲ့မာနရဲ့အကြောင်းလေးပါ
    မာနဆိုတာက သိပ်အရေးကြီးတာနော
    မိဖတို့ကို ရှိခိုးခြင်းဆိုတာ မိဖတို့ကို ကိုယ်ကမာနချတာ
    ကိုယ့်ကိုမွေးခဲ့တဲ့ အဖေနဲ့အမေ တွေကို အရွယ်ရောက်လို့
    ပေါ်ဆန်းမွှေး ဆယ်ဘီးကားကြီးခြောက်စီးလောက်ပုံပေးပြီး
    ရော အဖိုးကြီးနဲ့အဖွားကြီး ဒီဆန်တွေကိုယူ သုံးစီးက ကျုပ်စားခဲ့တဲ့ဆန်တွေ
    ကျန်တဲ့သုံးစီးက ခင်ဗျားကြီးတို့ ကျုပ်ကို လူဖြစ်အောင်မွေးခ ဆိုပြီး အိုက်ဒလိုတွေဖြစ်ကုန်မယ်
    ဒါကတော့သဘောကိုပြောတာပါ
    မာနအကြမ်းစားလေးကတော့ မင်းကဘာကောင်လည်း ငါကဘာကောင်လည်း
    ဆိုပြီး မာနတွေကြောင့် စစ်တွေတိုက်ကြ မုဆိုးမတွေဖြစ်ကြတာပေါ့
    အထူးဆိုလိုခြင်တာကတော့ ရှိခိုးခြင်းရဲ့သဘောကတော့ မာန်မာနကိုချခြင်းပါ
    ဘုမသိဘမသိ ဖင်ကုန်းရှိခိုးကြပြီး
    ဘုမသိဘမသိ ကျမ္မာပါစေခြမ်းသာပါစေတွေလုပ်ကြတော့ ရှုပ်ကုန်တာပေါ့
    တဏှာ နဲ့ ဒိဋ္ဌိ အကြောင်းရော နာကြားခြင်သေးသလား

    • kai

      September 20, 2011 at 11:43 pm

      အဟမ်း..
      ကိုရင်အောင်ပုက.. တထွာပြ..တထောင်မြင်တယ်..။
      ==========

      ထိခြင်း ငါးပါး နဲ့ ရှိခိုးပုံ
      “လက်အုပ်ကိုပင်ကြာငုံသွင်၊ အရင်ချီပါလေ။ နဖူးလက်မ ညှိုးဆံစ ထိရလက်အုပ်ပေ။ လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချလေ။”

      စံနစ်ကျတဲ့ကန်တော့နည်းဟာ.. လူကို ခြေလက်ကိုယ်အကုန်ချုပ်လိုက်ပြီး စိတ်ဓါတ်မာန်မာနကို အောက်ဆုံးဆွဲချစေလိုက်တာပဲ..။
      ဒေလ်းကာနယ်ဂျီစာတွေဖတ်ကြည့်။ လူမှာရှိတဲ့.. စွမ်းအင်တန်ခိုးတွေအကြောင်း သိရလိမ့်မယ်..။လောကဓံကို ရင်ဆိုင်ရာမှာ ဒါတွေက..ရှိသင့်ရှိထိုက်တဲ့အချိန်ရှိရတယ်..။ အလကားနေရင်း..ဘုမသိဘမသိ.. မာန်ကျလျှော့ချနေရတာမဟုတ်ဖူးလေ..။

      အခုတော့ လူလူချင်း.. အရည်အချင်းမသိ.. ဂုဏ်သိက္ခာမရှိ.. ဘာမှန်းမသိ…ညာမှန်းမမြင်… အုပ်ပုံကနေစပြီး.. အသက်ကြီးပါတယ်ဆိုတဲ့လူတွေအဆုံး.. ထိုင်မာန်ကျိုးပြခိုင်းနေတော့ကာ.. တမျိုးတွေးမိလာတယ်..။ ဒီဓလေ့ဟာ.. ရှေးဘုရင်စံနစ်နဲ့.. အာဏာရှင်ဘုန်းကြီးတွေက.. လူတွေကို အုပ်ချုပ်ခိုင်းစေလို့လွယ်ကူအောင် အညွှန်ချိုးတဲ့.. သွပ်သွင်းတခုပဲလို့..။

      ဆိုတော့…
      မှတ်ချက်ပေးချင်တာက.
      “သင်၏ကိုယ်ထဲတွင် အင်မတန်မြင့်မြတ်သော သူတဥင်္ီးရှိသည်၊ ထိုသူအား (ယဉ်ကျေးမှုမျက်နှာဖုံးအတပ်ခံပြီး )စိတ်စွမ်းအင်အားမာန်မချပါနှင့်..”

      (“ငါကန်တော့မယ်.. စွမ်းတဲ့သူကျန်ရစ်ဟေ့..”ဆိုတဲ့.. ထိုင်ကန်တော့ခြင်းဟာ.. ပါဝါတန်ခိုးပြိုင်တဲ့သဘောရောက်စေတဲ့..အလောင်းစည်သူမင်းရဲ့ရာဇဝင်ကိုတော့ မရေးပြတော့ဘူး…ရှာဖတ်ကြ…) 🙂

  • မှော်ဆရာ

    September 20, 2011 at 6:12 pm

    ဟာဗျာ ကိုအောင်ဘု ခင်ဗျားကို ကျွန်တော် အရင်က သူလို ကိုယ်လိုပဲ အောင်းမေ့တာဗျ….
    အခုကျတော့မှ….

  • nigimi77

    September 20, 2011 at 6:13 pm

    မိုးပွင့်ဖြူ

    ကျွန်တော့် အမြင်ကို ပြောပြပါမယ်။ ကျွန်တော်တို ့ ဘိုးဘေးဘီဘင် အစဉ် အဆက် တင်မက အထူးသဖြင့် တိဗက်လို နိုင်ငံမျိုးမှာ

    ရှိတဲ့ လူတွေဟာ လူဝင်စား ဆိုတဲ့ အရာကို စွဲစွဲမြဲမြဲ ယုံကြည်လာခဲ့ပါတယ်။ ပြန်လည် ဝင်စားမှုနဲ ့ပါတ်သပ်ပြီး ယခုအချိန်အထိ

    အစွဲ အလမ်းကြီးနေကြဆဲပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဘာသာရေးနဲ ့ပါတ်သပ်ပြီး ပြောဆိုနိုင်မှု လွန်စွာ အားနည်းတာကြောင့်

    သေချာပြီး လက်တွေ ့ကျတဲ့ အချက်ကတော့ ……

    လူဟာ သဘာဝ တရားကပေးထားတဲ့ အဖို အမ မျိုးပွား အဂါင်္တွေ ရှိပါတယ်။ လူချမ်းသာ ဖြစ်ဖြစ် လူ ဆင်းရဲ ဖြစ်ဖြစ် ဒါတွေကို

    သေချာပေါက်ကို ပိုင်ဆိုင်ပါတယ်။ ပိုပြီး သေချာတာကတော့ ကျွန်တော်တိုု ့ငယ်စဉ်က ဖတ်ခဲ့ရဖူးတဲ့ ဘာသာရေးယှက်နွယ်တဲ့

    ပုံ ဝတ္ထုတွေ အထဲကလို ချက်ကို လက်နဲ ့ရစ်ပတ်လိုက်ပြီး ကိုယ်ဝန်ရစေတယ် ဆိုတဲ့ အချက်ကို စဉ်းစားကြည့်ပါ။

    လက်ခံနိုင်တဲ့ ယုတ္တိရှိ အကြောင်းအရာလို ့ထင်မြင်ပါသလား။ ယနေ ့အချိန် အထိ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားမျိုးနွယ် အားလုံးဟာ

    အဖိုနဲ ့ အမ ဆက်ဆံမှုကြောင့်သာ မျိုးဆက်ပြန် ့ဖြစ်ပေါ်လာခဲ့တာပါ။ မိန်းမတွေဟာ တလကို တစ်ကြိမ် ဓမ္မတာ စီးဆင်းမှုနဲ ့အတူ

    မမျိုးဥကို ကြွေကျစေပါတယ်။ ဒီလို မျိုးဥကြွေဆင်းတဲ့ အချိန်နဲ ့ကိုက်ညီစွာ ဆက်ဆံမိချိန်မှာတော့ ယောကျာင်္းတွေရဲ ့ သုတ်ပိုးနဲ ့

    ပေါင်းစပ်ဖို ့ အခွင့် အရေးသာခဲ့ရင် ကိုယ်ဝန်ရှိခြင်းကို စတင်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ အသက်ဇီဝက တဖြည်းဖြည်းစတင်

    ပါတင်။ အလွန်ကို သဘာဝတရားဆန်တဲ့ လက်တွေ ့သဘောပါ။ အဲဒီနောက်တော့ ကိုးလ လွယ်ပြီး ၁ဝ နေရင် မွေးဖွားပါပြီ။

    အဲဒီဖြစ်စဉ်ကို မဖြစ်မနေ ကျင်လည်ရသူတွေဟာ ပိုက်ဆံ ချမ်းသာနေတဲ့ မိဘလည်း ဖြစ်နို်င် သလို ဆင်းရဲ တဲ့ မိဘတွေလည်း

    ဖြစ်နိုင်ပါတယ်။ ချမ်းသာတဲ့ မိဘ နှစ်ဦးက ဆက်ဆံလို ့ကလေးရလာတဲ့ အခါ ဒီကလေးဟာ သေချာပေါက် ပြည့်ပြည့်စုံစုံ နေရမှာ

    ပါ။ ဒါကို ကြည့်ပြီး ဆင်းရဲ တဲ့ မိဘ နှစ်ဦး ဆက်ဆံရေးကနေ မွေးဖွားလာတဲ့ ကလေးကို ကြည့်ပြီး ဒီကလေး အရင် အတိတ်ဘဝ

    က ပြုလုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေကြောင့် ယခုလို ဘဝမျိုးနဲ ့နေရတယ်လို ့ဆိုပြီး ဆင်းရဲတဲံ မိဘကနေ ပေါက်ဖွားလာတဲ့

    အပြစ်ကင်းစင်တဲ့ လူသားငယ် တစ်ယောက်ကို အရင် အတိတ်ဘဝက ဒါန မျိုးစေ့ မကောင်းခဲ့လို ့ဆိုပြီး အဲဒီ ကလေးရဲ ့ လူဖြစ်

    လာခြင်း အပေါ် ဂုဏ်သိက္ခာ ညိုးနွမ်းနိုင်စေတဲ့ အတွေးအခေါ်မျိုးဟာ မြင့်မြတ်တဲ့ လူ ့ကျင့်ဝတ်နဲ ့မလျော်ကန်ဟု ထင်ပါသည်။

    ဆင်းရဲသော ကလေးသည်လည်း ကြီးပြင်းလာချိန်တွင် သူ၏ အစွမ်းအစနှင့် ကြိုးပမ်းမှုတွေကြောင့် လူချမ်းသာ ဖြစ်လာနိုင်သလို

    လူချမ်းသာကလေးသည်လည်း သူ၏ အရည်အချင်း အပေါ်မူတည်ပြီး ဆင်းရဲ မွဲတေသွားနိုင်ပါသည်။ ထိုအခါတွင် အရင်ဘဝက

    ဒါနမျိုးစေ့ ကောင်းခဲ့သော်လည်း အဘယ် ရဟန်းအား သူဖုန်းစားဟု ပြောမိသောကြောင့် “ဝဋ်” အား ရှောင်လွဲ မရနိုင်သော

    ကြောင့် ဟု အစရှိသော သားရေကွင်းကဲ့သို ့ လိုရာဆွဲနိုင်သော အတွေး အခေါ်များဖြင့် ပညတ်ကြမည် ဆိုလျင် သင့်တော်မျှတ

    သော လူ ့ကျင့်ဝတ် အကြောင်းတရားများ ဖြစ်နိုင်ပါသလားဆိုသည်ကို သံသယ ဖြစ်ပေါ်စေပါသည်။

    • ငရဲသား

      September 21, 2011 at 12:15 am

      ဆရာကြီးက တစ်ကယ်ပြောင်းလဲသွားတာပဲဗျ
      အဆင်ပြေ ချောမွေ့ခြင်းက မင်္ဂလာ တစ်ပါးပါ..
      ( အာချောင်တာနော်.. ) :mrgreen:

  • pooch

    September 20, 2011 at 7:07 pm

    ဗျို့ ဦးလေး 77 အရမ်းကို ပြောင်းလဲသွားတယ် ဒါမျိုးအပြောအဆို အရေးအသားကို အင်မတန် ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ အမှန်တိုင်းဝန်ခံ ရရင် အရင်ကဆို စကားပြောရမှာကို အတော်လေးလန့်နေမိပါတယ်။ ဒါကြောင့် ဘာမှ ပြန်မပြောခဲ့တာပါ။

    ကြုံလို့ ပြောလိုက်ပါအုန်းမယ် ။ ဦးလေးပြောသလို ကွမ်းသွေးထွေးတဲ့ အလေ့ကို ကိုယ်တွေလည်း အရမ်းမုန်းပါတယ် ။ ဦးလေးပြောခဲ့တဲ့ အထဲက တချို့ တဝက်တွေကိုလည်း လက်ခံပါတယ်။

    ဒီစာစုနဲ့ ပတ်သတ်ပြီး ကိုယ်လက်ခံယုံကြည်ထားတဲ့” ကံ” ဆိုတာကို ပြောရရင် တော့” အလုပ် “ပါပဲ ။ အတိတ်ဘဝက ကိုယ်လုပ်ခဲ့တဲ့ အလုပ် ( ကံ )ကြောင့် ယခု လက်ရှိဘဝမှာ လူချင်းတူရင်တောင် အသက်ရှုပုံခြင်းကွာကြပါတယ်။ အဲ့ဒီကွာခြားမှုကို အခုလက်ရှိ ဘဝမှာ ကိုယ်ကြိုးစားရင် ကြိုးစားသလို အောင်မြင်အောင်လုပ်လို့ ရပါတယ်။ လုပ်ခဲ့ကြတဲ့ သာဓကများက အများကြီးပါပဲ။ ပြောလို့တောင် မကုန်ပါဘူး။

    ဘာမှမလုပ်ပဲနဲ့ ကံကို ပဲ ပုံချတတ်တဲ့ အကျင့်ကတော့ အင်မတန်မှကို မကောင်းတာမှ ။ ပြောရရင် အတိတ်ကံကို လည်း ယုံတယ် ။ အခုလက်ရှိ ဘဝမှာ အဲ့ဒီကံကို ပြောင်းလဲအောင်လုပ်လို့ ရတာကိုလည်း လက်ခံတယ် ။

    ကိုယ့်ကို လူတလုံးသူတလုံး ဖြစ်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘ၊ သွန်သင်ပြသလမ်းညွှန်ခဲ့တဲ့ ဆရာ၊ ရိုသေလေးစားထိုက်တဲ့ အဆွေအမျိုး များကို ကန်တော့တာ ကောင်းတဲ့လုပ်ရပ်ပါ။ မသေတသက် လုပ်သင့်တဲ့ လုပ်ရပ်ပါ။ ကိုယ့်ရဲ့စိတ်စေတနာကို ဖော်ပြတာမို့ ကိုယ်တိုင်ကတော့ မိဘ ဆရာ ဆွေမျိုးများကို အလျဉ်းသင့်သလို မကြာမကြာကန်တော့လေ့ ရှိပါတယ်။ ဆုတွေပေးရင် ပျော်သလို မုန့်ဖိုးရရင်လည်း အင်မတန်ကို ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ပျော်ပျော်ကြီးယူခဲ့ဖူးပါတယ်။ အခုတော့ ဆုပဲရပြီး မုန့်ဖိုးမရတော့လည်း ကန်တော့တဲ့ အခါတိုင်း ဝမ်းမြောက်ဝမ်းသာ ဆုတွေ တပွေ့ တပိုက်ကြီး ယူပြီး ပြန်တာပါပဲ။

    စကားစပ်လို့ ပြောရရင် သူကြီးမန်းလေးမှာ ရှိရင်လည်း ရွာလူကြီးဆိုပြီး သွားကန်တော့ အုန်းမှာပါ။ ဒါပေမဲ့ သူကြီးဆီက တော့ ဒေါ်လာ ၁ ထောင်လောက် မဖြစ်မနေ မုန့်ဖိုးရမှ ကန်တော့မှာပါ။ အခု တော့ လူသစ်တွေ များလို့ သူကြီး ဖြူကာပြာကာ ဖြစ်နေတယ်လို့ သတင်းသဲ့သဲ့ ကြားလို့ ဒီနှစ် သတင်းကျွတ်တော့ မကန်တော့တော့ပါဘူး။ လက်ရှောင်လိုက်ပါ့မယ်။ ထီပေါက်တယ် သတင်းကြားလို့ ကတော့ သူနေတဲ့နေရာထိကို လိုက်ပြီး ကန်တော့မှာပါ။ ပြီးမှ လေယာဉ်ခ တွေ စားစရိတ်တွေ ရော ပေါင်းပြီး တောင်းမှာပါ။ 🙂 🙂 🙂

  • ုhtoosan

    September 20, 2011 at 8:06 pm

    ကံ မရှိ ဉာဏ်ရှိတိုင်း မွဲ ကို ဘယ်နားထားပြစ်မလဲ သိချင်ပါသည်။
    ကံ သည်အလုပ်မည်သည်ကို ၅ဝ % ပစ်စုပ်ပန် ကံ အဖြစ်၎င်း ကျန် ၅၀% ကို အတိတ်ဘဲခေါ်ခေါ် ကြိုက်သလိုခေါ်နိုင်သော ကံအဖြစ်၎င်း ယုံကြည်ပါသည်။

    အလုပ်လုပ်ရက်နှင့်မွဲနေသူများ အလုပ်မလုပ်ဘဲ ကံတရားကြောင့်ချမ်းသာနေသူများ လက်ညိူးထိုးမလွဲရှိနေပါသည်။ ယခု မြန်မာ အစိုးရများလက်ထက်တွင် ပိုများလာပါသည်။

  • မြန်မာပြည်ရဲ့ နာမည်ကြီး ဘုန်းတော်ကြီးတစ်ပါး သူက (အဘိဉာဉ်ရထားတယ်လို့ယူဆရတယ်) ၂လုံး၃လုံးဂဏန်းပေးရင် ပေါက်တာပဲဗျာ။ သူကလေ .. ှဇွဲကပင်တောင်နားမှာပေါ့။ သဘာဝကျောက်ဆိုင်ကြီး ကို ထုခွဲနေတဲ့ လူတွေရှိတယ်။ အဲဒီကထွက်လာတဲ့ ကျောက်ဆိုင်တွေကို သူ့ရဲ့ မောင်တိန်းပေါ်ကို တင်သွားတယ်။ ပိုနေတဲ့ ကျောက်တုံးတွေကို ရွာထဲက ကရင်မလေးတွေကို ခေါ်ပြီး တောင်အောက်ကို တွန်းချခိုင်းလိုက်တယ်။ အဟီး… မျက်စိနဲ့တပ်အပ်မြင်ခဲ့တာကို ပြောတာနော့။ ဘုန်းကြီးနာမည်သာ ထည့်ရေးလိုက်လို့ကတော့ ကျွန်တော့်ကို ဝိုင်းဆဲ ကြမှာပေါ့ဗျ။ ဒီပို့စ်နဲ့ ဆိုင်မဆိုင်ဆိုတာကတော့ ကိုယ်တွေးတဲ့ ရှုထောင့်လိုတယ်။ တွေးချင်သလိုသာ တွေးကြ ပါတော့ဗျာ။ မြန်မာပြည်မှာက အဲဒီလိုလေ။ အဘိဉာဉ်ကြီးနဲ့ တိုင်းပြည်တက်အုပ်ချုပ်ချင်လို့တော့ ဘယ်ရမလဲ။ အဘိဉာဉ်ဆိုတာ အောက်ထစ်ဆုံး အသိပညာကိုတောင် မှီရဲ့လား။ (သွားပါပြီဗျာ ကျွန်တော်တော့အဝီစိပဲ။ ) တစ်ယောက်ယောက်ကိုတော့ ထိုင်ရှိခိုးမှဖြစ်တော့မယ်။

  • MOEPWINTPHYU

    September 21, 2011 at 11:18 am

    လူ ့ကျင့်ဝတ်
    အဲဒါကိုတောသိပ်မသိပါဘူး
    ဘာလိုလဲဆိုတောလူတွေဟာကိုယ်လက်ခံတာကိုယ်လုပ်ချင်တာလုပ်နေတယ်လိုထင်မိလိုပါ
    လူလူချင်ဆက်ဆံတာကိုကြည်ပါအုံး ချမ်းသာသူကိုတစ်မျိုးဆင်ရဲသူကိုတစ်မျိုး
    ချစ်သူကိုတစ်မျိုးမုန်းသူကိုတစ်မျိုူးဆက်ဆံနေကြလိုပါ….
    ညတုန်းက စဉ်းစားမိတယ်
    အရင်ဘဝကကံကအခုဘဝမှာမပါခဲဘူးဆိုရင်
    လူတွေအားလုံးက စက်ရုံကထွက်လာတဲကုန်တွေလို တစ်မျိုးတစ်စားတည်ပဲရှိပြီး
    သူတိုလူလောကတဲ မှာသူတိုလှုပ်ရှားတဲပေါ်မူတည်ပြီး သူတိုဘဝအောင်မြင်မူမအောင်မြင်မူတွေဖြစ်လာရင်
    တောလက်ခံပါတယ်
    (စဉ်းစားမိတာကိုပြောတာပါ )
    မိုးပွင်ကလည် ဘာသာရေးကိုမသိသေးပါဘူး သေချာလည်မလေ့လာရသေးပါဘူး
    မိုးပွင်လက်ခံထားတဲအကြောင် ကိုချပြရုံပါ

Leave a Reply