Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထင်ချင်သလိုထင်…

Moe ZSeptember 22, 20111min63924

မိုးစက် မန္တလေးကို ခဏခဏရောက်ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ရော အမျိုးတွေဆီအလည်သွားတာရောပေါ့။ ဒီတစ်ခေါက်တော့ အလုပ်ကလွှတ်လို့ workshop တစ်ခုသွားတက်ရတယ်။ အလုပ်ကစီစဉ်ပေးတဲ့ ဟိုတယ်မှာပဲ အဖော်တွေနဲ့အတူတည်းဖြစ်ခဲ့တယ်။ အလုပ်ကိစ္စမပါရင်တော့ အမျိုးတွေအိမ်မှာပဲတည်းတယ်။ မဟုတ်ရင် ကိုယ့်ပိုက်ဆံကုန်မှာကိုး  🙂 ။ မိုးစက်က morning person မဟုတ်ပါ။ ကိုယ့်အိမ်မှာဆိုရင် မနက် ရးဝဝ နာရီမထိုးမချင်း ထလေ့မရှိပေမယ့် ခရီးသွားရင်တော့ ၆းဝဝ နာရီဆိုရင်အပြင်ထွက်ဖို့ အဆင်သင့်၊ နေရာဒေသအသစ်မှာ လေ့လာစူးစမ်း(စပ်စု)ရမယ့် အချိန်တွေကိုတော့ အိပ်ပစ်ဖို့နှမျောတယ်လေ။ အခုတစ်ခေါက်မန္တလေးခရီးမှာ တည်းရတဲ့ဟိုတယ်ကမြို့လည်ခေါင်မှာပါ။

ထုံးစံအတိုင်း ၅ နာရီခွဲမှာထ ရေချိုးအဝတ်အစားလဲပြီးတော့ ၆နာရီအတိ။ Breakfast စားဖို့ကစောသေးတော့ အတူလာတဲ့အဖော်တွေကိုစောင့်ရင်း Lobby မှာသတင်းစာထိုင်ဖတ်နေလိုက်ပါတယ်။ ၆နာရီဆိုပေမယ့် sightseeing ထွက်တဲ့ နိုင်ငံခြားသားဧည့်သည့်တွေ၊ check out လုပ်တဲ့သူတွေနဲ့ Reception မှာတော့ စည်ကားနေပါတယ်။ ခဏနေတော့ ကောင်မလေးတစ်ယောက် lift ထဲကထွက်လာတယ်၊ ဒီမှာတည်းတဲ့ဧည့်သည်ပေါ့နော်။ ကြည့်ရတာအသက်က ၂ဝ စွန်းရုံလေးပဲရှိမယ်ထင်တယ်။ လှတယ်ဆိုတာထက် တော်တော်လေးကိုချစ်စရာကောင်းတယ်။ ဝတ်ပုံစားပုံလေးကလည်း အထက်တန်းကျကျလေးဆိုတော့ မိုးစက်လည်းစိတ်ထဲကအမှတ်တွေပေးနေလိုက်တယ်။ အဲဒါမိုးစက်တို့သူငယ်ချင်းတွေ အကျင့်ပဲ။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လှရင်ကြည့်ပြီးအမှတ်ပေးကြတယ်။ ဒီတစ်ခါတော့ မိုးစက် တစ်ယောက်တည်းပေါ့။ အဲဒီကောင်မလေးက Reception ကိုသွားပြီး ဖုန်းခေါ်နေတယ်။ မိုးစက်ထိုင်တဲ့နေရာက သူနဲ့ဆိုရင် ၆ပေလောက်ပဲဝေးတယ်။ ခပ်လှမ်းလှမ်းမှာလည်း လူကြီး ၂ယောက်က TV ကလာတဲ့သတင်းကိုထိုင်ကြည့်နေကြတယ်။ ကောင်မလေးကလည်း ပုံမှန်ပြောနေကြအသံမျိုးပဲဆိုတော့ သူ့ရဲ့အသံကိုအတိုင်းသားကြားနေရတယ်လေ။ တမင်နားထောင်ပြီး သူများကိုယ်ရေးကိုယ်တာကို စပ်စုတာလုံးဝမဟုတ်ရပါ။

ဖုန်းပြောတာပဲ ဘာဆန်းလဲလို့မေးရင် မဆန်းပါဘူး။ ဟိုတယ်တွေမှာ ဖုန်းကို အခန်းထဲကလည်းခေါ်လို့ရတာပဲ။ အောက်ထိဆင်းလာစရာမလိုပါဘူး။ သူ့ဟာသူဆင်းပြောတော့ရောဘာဖြစ်လဲ။ ဟုတ်ကဲ့ ဘာမှမဖြစ်ပါဘူး၊ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာပြောလို့ရပါတယ်။ သူပြောတဲ့စကားတွေက ဆန်းတာပါ။ မိုးစက်ကြားတဲ့အတိုင်း အပိုအလိုမရှိကွက်တိ ပြန်ရေးပြပါ့မယ်။ ဖတ်ကြည့်ပါ။

ကောင်မလေး။  ။ အမ ဖုန်းခေါ်ချင်လို့။

Operator ။     ။ ဟုတ်ကဲ့နံပါတ်ပြောပါရှင်။

ကောင်မလေး။  ။ xxxxxxxxxxxxx

အန်တီကျွန်မအခု ဟိုတယ်ရောက်ပြီ။ သူတို့ကလိန်ကကျစ်လုပ်တာ။ ပြောတော့ ၂ ယောက်ဆိုပြီး အခု အားလုံး ၄ယောက်တောင်၊ ကျွန်မတစ်ယောက်တည်း သေသွားမှာပေါ့။

……………………………………………………………………………………………………………………….

တစ်ယောက်ထပ်ခေါ်မယ်လို့ပြောထားတယ်၊ အခုထပ်လွှတ်ပေးဦး

………………………………………………………………………………………………………………………..

သူတို့ကမခေါ်ချင်ဘူး၊ ကျွန်မတစ်ယောက်တည်းမနိုင်ဘူးလို့ ပြောထားတယ်၊ အန်တီပါလိုက်ခဲ့  ဈေးထပ်ညှိရအောင်၊ သူတို့အချင်းချင်းကို ညှိလို့မရသေးဘူး။ အရမ်းကပ်နေကြတယ်၊ အခုကောင်တာကလာဆက်တာ။ ကျွန်မ ဧည့်ခန်းမှာပဲစောင့်နေမယ်၊ အခုလာခဲ့နော်

…………………………………………………………………………………………………………

ပြီးရော ပြီးရော ဒါပဲ..

ဘယ်လောက်ကျလဲ

Operator ။     ။ ၉၀ဝပါ။

ကောင်မလေး။  ။ ဟိုလူတွေ ပေါင်းရှင်းခိုင်းလိုက်မယ်အမ။

ဖုန်းပြောပြီးတာနဲ့ အဲဒီကောင်မလေးက မိုးစက်ရှေ့ကခုံမှာလာထိုင်လိုက်တယ်။ သူငယ်ချင်းတွေလည်း ဆင်းလာပြီမို့ မနက်စာစားဖို့ Dinning Room ဘက်ထွက်ခဲ့လိုက်ပါတယ်။ နာရီကြည့်လိုက်တော့ ၆နာရီနဲ့ ၄၅မိနစ်။ စိတ်ထဲကနေ ခုနကပေးထားတဲ့အမှတ်တွေကို ပြန်နှုတ်လိုက်တာ မိုင်းနပ်စ်တောင်ပြသွားတယ်။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်။

24 comments

  • weiwei

    September 22, 2011 at 10:49 am

    ထင်ချင်သလိုထင်ပစ်လိုက်တယ် ….
    ကောင်မလေး သနားပါတယ်နော် … 🙂

  • ကြောင်ကြီး

    September 22, 2011 at 10:52 am

    အဲဒါမျိုးတွေကြားတာ ရင်ထဲမချိဘူးကွယ်။ တောက်…ငါကလည်း မပြန်နိုင်သေး…

  • နွယ်ပင်

    September 22, 2011 at 10:58 am

    မနက်စောစောစီးစီး အလုပ်ကြိုးစားတဲ့သဘောပါ မိုးစက် ရယ် ……..

  • nozomi

    September 22, 2011 at 11:03 am

    အဲဒါမျိုး တစ်ခါကြုံဘူးတယ် နဲနဲကြာပြီ အလုံလမ်းက ဟော်တယ်မှာ
    မနက်စောစော ဧည့်သည်သွားကြိုတာ
    အဲဒီကောင်မလေးတွေကို ကောင်တာ ကမေးနေတာ အိမ်လိပ်စာ လမ်း
    ကောင်မလေးတွေကလဲ ကောင်းကောင်းမပြောပဲ ပေါက်တတ်ကရ ပြန်ဖြေတယ်
    ကောင်တာက ဝန်ထမ်းကောင်မလေးက စောစောစီးစီး ကျက်သရေကို မရှိဘူးဘာညာ နဲ့ ပွစိပွစိ လုပ်တယ်
    သူတို့လေးတွေကတော့ အေးဆေးပဲ မျက်နှာတောင် မပျက်ဘူး
    အသက်က ငယ်ငယ်လေး ရုပ်လေးတွေက ချစ်စရာ ဝတ်ထားတာကလဲ ခပ်မိုက်မိုက် ဒီအတိုင်းတွေ့ရင် ထင်ရက်စရာမရှိ စိတ်မကောင်းရုံကလွဲလို့ ဘာမှမတတ်နိုင်

  • manawphyulay

    September 22, 2011 at 11:19 am

    အင်း… ဒါကလည်း သူ့အကြောင်းနဲ့ သူရှိမှာပေါ့နော်။
    နောက်တစ်ချက်က ဘာမှန်းသေချာမသိပဲ ဖုန်းလေးနယ်စွန်နယ်ဖျားကြားမိတာနဲ့ ကောက်ချက်ချမစောပါနဲ့ဦးကွယ်…

  • မှော်ဆရာ

    September 22, 2011 at 11:26 am

    အမ ..ကျွန်မ ရောက်ပြီ..
    နှစ်ယောက်ပဲပြောထားတာ အခု လေးယောက်ရောက်နေတယ်..
    သူတို့ လေးယောက်စလုံးကို ဆံပင်ဖြူနှုတ်ပေးရမယ်ဆိုရင် ကျွန်မတစ်ယောက်ထဲ ဘယ်နိုင်မလဲ
    နောက်တစ်ယောက်ထပ်လွှတ်ပေး…
    (အဲဒီလို ပြောတာ နေမှာပါ…. ဒါပေမယ့် မထင်ပါ…:P)

  • etone

    September 22, 2011 at 11:52 am

    ဟိုတယ်တွေ ၊ မိုတယ်တွေ ၊ တည်းခိုခန်းတွေ ၊ အင်းတွေမှာ .. အဲ့ဒီလိုဟာတွေ တစ်ပုံကြီး ..တစ်ချို့ဆို အဲ့ဒါမလုပ်စားပဲ မော်ဒယ်လုပ်စားလျှင်တောင် အတန်းဝင်မဲ့ ရုပ်မျိုး … ။ ထရိတ်ဒါးသွားတုန်းက တစ်ခါကြုံဖူးတယ် .. ညနေခြောက်နာရီခွဲလောက် … ဓါတ်လှေခါးစီးပြီး တက်တော့ … တံခါးပိတ်ခါနီး ကောင်မလးတစ်ယောက် အတင်းဝင်လာတာ… သူ့ပုံက ပြာပြာသလဲနဲ့ .. ဟောဟဲဟောဟဲ ဖြစ်နေတယ် … ကျွန်မကလည်း မသိတဲ့လူနဲ့စကားမပြောချင်တာကြောင့် မျက်နှာချင်းဆိုင်ဝင်လာတဲ့သူ့ကို ပြုံရုံလေး နှုတ်ဆက်လိုက်တယ် … သူက ပြန်ပြုံးပြတာတင်မကပဲ ..မောလိုက်တာ အစ်မရယ် .. ကျွန်မမေမေကြီးမသိအောင် ခိုးလာရတာ တဲ့ … ။ ဒါနဲ့ စိတ်ဝင်စားပြီး မေမေကြီးက ဘယ်သူလဲမေးတော့ ညီမတို့အလုပ်ရှင်တဲ့လေ … ခေါင်းမကြီး ကိုပြောမှန်း ..သူ့နောက်စကားတွေအရ သိခဲ့ရပြီး စိတ်မကောင်းဖြစ်ခဲ့ပါတယ် .. ကောင်မလေးက အသက် ၂၂ပါ … ။ ဂျပန်အမျိုးသားက အလုပ်ရှင်မသိအောင် ခေါ်ထားလို့ ရောက်လာတာပါတဲ့ ..ဈေးက တစ်သောင်းခွဲနဲ့ ညှိထားတာပါတဲ့လေ … အလုပ်ရှင်သိလျှင် သူမက ငါးထောင်ပဲ ရပြီး အလုပ်ရှင်က တစ်သောင်းယူလို့ပါတဲ့ … ။ သိလျှင် အလုပ်ဖြုတ်မှာမို့ … နေစရိတ်အတွက် … ဒီလိုပဲ ကြားပေါက်ရှာနေရပါသတဲ့ … ။ ကဲ .. အရွယ်ကောင်းလေးတွေ … ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ အလုပ်တွေ လုပ်ပြီး ထိပ်တန်းနေရာတွေ ရောက်နေသင့်တာ(သူများကိုသာ ပြောတာ ကျွန်မတောင် အသုံးမကျလို့ .. ဒုံရင်းကဒုံရင်းအလုပ်ပဲ 🙁 ) … အခုတော့ … နိုင်ငံခြားသားရဲ့ အသုံးချခံဖြစ်ရတယ် .. ရင်နာစရာကောင်းလိုက်တာ … ။ ကောင်မလေးက ဆယ့်ခြောက်ထပ်မှာ ဆင်းသွားသည့် တိုင်အောင် .. ကျွန်မက အတွေးမပြတ်သေးပဲ … ကျန်ခဲ့တယ်လေ 🙄

    • Moe Z

      September 22, 2011 at 12:20 pm

      (သူများကိုသာ ပြောတာ ကျွန်မတောင် အသုံးမကျလို့ .. ဒုံရင်းကဒုံရင်းအလုပ်ပဲ 🙁 ) … အခုတော့ … နိုင်ငံခြားသားရဲ့ အသုံးချခံဖြစ်ရတယ် .. ရင်နာစရာကောင်းလိုက်တာ … ။
      အတူတူပါပဲ မမ etone ရယ်..ကိုယ့်လောက်မှ အတွေ့အကြုံမရှိတဲ့သူတွေ(နိုင်ငံခြားသားတွေ)က ကိုယ့်ထက်ပိုပြီးနေရာရကြတယ် 🙁

  • small cat

    September 22, 2011 at 11:57 am

    အချိန်မှားနေသလားလို့…
    တကယ်တော့အဲ့ဒီအချိန်ကသူတို့ရဲ့အလုပ်သိမ်းချိန်ပါ။
    အပေါ်ကသကောင့်သားလေးယောက်ကလည်း ဒီအချိန်မှာ ဒါမျိုးလုပ်မှာမဟုတ်ပါဘူး….
    တန်တော့…..
    ထင်ရမယ်ဆိုရင် မိုးစက်ကို ညအတွက် ကြော်ငြာသွားတာထင်တယ်။
    စပ်စပ်စုစုနဲ့ ဘယ်အခန်းမှားတည်းသလဲ?….တို့
    လိုအပ်ရင်ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်လေး တို့ မေးလိုက်ရမှာ။
    သူကမေးစေချင်လို့ရှေ့မှာလာထိုင်တာလေ။ ။

    • Moe Z

      September 22, 2011 at 12:15 pm

      ဗုဒေါ္ဓ..မိုးစက်က မိန်းကလေးဆိုတာပထမဆုံး post မှာကတည်းကပြောပြီးသားပါ..
      မနောက်ပါနဲ့ ..

  • ပေါက်ဖော်

    September 22, 2011 at 12:37 pm

    ဘယ်လိုထင်ထင်..
    အဲလိုနေရာတွေမှာတော့ မထင်ရက်စရာတွေပဲ…..
    လုံးဝကို ထင်ရက်စရာမရှိ….မြင်မှသိ..နှမြောလှပါဘိ

  • thit min

    September 22, 2011 at 12:48 pm

    ကြံ့ကြံ့မခံနိုင်စရာလောကဒဏ်တွေနဲ့ကြုံရတာဆိုတာထက်
    ကောင်းကောင်းနေကောင်းကောင်းစားချင်လို့ဆိုတာမျိုးတွေလဲပါမယ်ထင်ပါရဲ့။
    အပြစ်တော့မတင်ရက်ပါဘူး။သနားမိတာပါပဲ။
    ယောက်ကျားလေးတွေတောင်ချောင်သလိုလုပ်စားနေကြသေးတာဘဲလေ။

    • Foreign Resident

      September 23, 2011 at 4:27 pm

      အပြစ်တော့မတင်ရက်ပါဘူး။သနားမိတာပါပဲ။ Yes

  • chitsu

    September 22, 2011 at 1:38 pm

    သူလည်းသူ့အကြောင်းနဲ့ပေါ့နော်
    စိတ်တော့မကောင်းပါဘူး

  • windtalker

    September 22, 2011 at 8:56 pm

    အော်…မိုးဇက် နှယ်
    “ နံနက် ၁
    နေ ့ ၁
    ည ၃ ”
    ဆိုတာများ မကြားဖူးလို ့ထင် ။

    • kai

      September 23, 2011 at 4:31 am

      နေ့ ၄၊ ည ၆၊ ထမင်းစားပြီး ၁ လို့ဖတ်ဖူးပါတယ်ကွယ်…။
      အကြိမ်ရေကို ပြောတာပါ..။
      Mr. & Mrs. Smith( Smith (Brad Pitt) and Jane Smith (Angelina Jolie))ရုပ်ရှင်မှာတော့.. ၁ဝကြိမ်လို့ ဘရက်ပစ်ကပြောတယ်မှတ်မိတာပဲ.. မြန်မာတွေက ထမင်းစားတခါ ပိုတယ်..။ 🙂

  • ဆူး

    September 22, 2011 at 9:18 pm

    ကောင်မလေး သနားစရာ ကောင်းတယ် ထင်တာပဲ။

  • kai

    September 23, 2011 at 4:26 am

    သိသလောက်တော့..
    အဲဒါမျိုး တယောက်စာဈေးပြော..၂ယောက်ဝင်..၃ယောက်ဝင်.. တကမ္ဘာလုံးရဲ့.. နိုင်ငံတိုင်းရဲ့.. အဲဒီလောကမှာဖြစ်နေတာပဲ..။ တန်ရာတန်ကြေးရအောင်.. ခေါင်းဆိုတာရှိပြိး.. သူက.. အဲဒါမျိုးတွေမဖြစ်အောင်.. တန်ရာကြေးရအောင်.. တာဝန်ယူကာကွယ်ပေးတာလို့.. ထင်ပါတယ်..။

    အပေါ်က… မိုးဇက်စာမှာလည်း.. အန်တီလာဖို့ .ကောင်မလေးကခေါ်နေတယ်မဟုတ်လား..
    အဆင်ပြေသွားမှာပါ…။ 🙂

    ကျုပ်ကတော့.. လူတကာက.. မိန်းကလေးတကာကို.. အမှတ်ပေး..အထင်မှား.. မသေချာ… အမြင်မှားနေကြတာထက်စာရင်… ဥပေဒေအရ.. ပြည့်တန်ဆာကို.. တရားဝင်လုပ်ပေးတာကို ဖြစ်စေချင်မိတယ်..။
    အဲဒါမျိုး.တွေ..လုပ်ခွင့်ရှိတဲ့.. နေရာဒေသလည်း.. သတ်သတ်မှတ်မှတ်ရှိသင့်တာပေါ့…။
    ယဉ်ကျေးမှု.. ကျမ်းမာရေး၊ လူမှုရေး အကုန်အတွက်ပိုကောင်းမယ်ထင်မိတယ်..။

  • nature

    September 23, 2011 at 6:05 am

    ဟော်တယ်မှာဆိုတော့ ကြေးကြီးတယ်ထင်တယ်။ ကျနော်ကြားဖူးသလောက်ကတော့ အပြင်မှာဆို ၃-၄ ယောက်လောက်ကတော့ ပုံမှန်ရှိတယ်ကြားဖူးတာပဲ။ ဟုတ်မဟုတ်တော့ မသိပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 23, 2011 at 10:08 am

    ကြောင်သားသားလေးပြောတာကို ထောက်ခံတယ်
    မနက်စောစောစီစီး အာရုံစွမ်းဘုံးတဲ့အချိန်ကြီး
    ကျုပ်ဖြင့် တစ်ခါမှ မကြားဘူးပါဘူး
    အဲ့သည်အချိန်ဆိုတာ ညကတည်းက လောကဓံကို ရုန်းရင်းကန်ရင်း
    ချိနဲ့ပြီး ဖတ်ဖတ်မောလို့ ဖလက်ပြတဲ့အချိန်
    မသကာ ညဉ့်နက်ကတည်းကနေ ဟဝှပြုကြပြီး အဲ့သည်အချိန်က
    အပုတ်ချိန်တောင်ရောက်နေပြီ မယုံရင် လက်ညှိုးနဲ့ထိုးပြီးနမ်းကြည့်ပါလား 😀
    အံ့ဖွယ်ဘဲ ဘိန်းမုန်ကိုသာ တစ်ယောက်တစ်ခြမ်းကိုက်ခြားတာလုပ်ဘူးတယ်
    လေးရောက်ကြီးတောင်
    ကျုပ်နဲ့များကွာပါ့
    ကျုပ်ကတော့ တစ်ယောက်ထည်း လေးငါးခြောက်ခုစားတာ မုန့်ဆီကျော်
    …………….
    ဒါနဲ့ စမောလ်ကက်ဆိုတဲ့လူ ဘစ်ကက်ဆိုတာ အားကျပြီး စမောကက်လုပ်ထားသလားသိဘူး
    လစ်တဲလ်ကက် ဒါမှမဟုတ် ကစ်တဲလ် ဆိုတဲ့နာမည်မျိုးဘဲပေးသင့်တယ်
    ပုံ………
    ……….ဗေဒဝိဇ္ဖာ နာမည်ပေးအကြော်အမော် မိုက်ကယ်ဂျော်နီအောင်ပု

  • yetazar

    September 23, 2011 at 2:39 pm

    ကောင်းရောင်းကောင်းဝယ်ဆိုတဲ့စကားမှာ ဘာတွေပါတယ်ဆိုတာကို မသိတဲ့မိန်းကလေးတွေ ခိုးစားတာမဟုတ်ဘူးဆိုတဲ့အတွေးတွေတွေးမိရာက ခုလိုဖြစ်ကုန်တယ်လို့ထင်ပါတယ် ။

  • htoosan

    September 23, 2011 at 4:48 pm

    ကောင်း…ရောင်း…….ကောင်း…..ဝယ် ….. မယုံရင် ကိုပေါက်ဖော်မေးကြည့် …

    Moe Z ရေ .
    Moe Z တင်တဲ့ post ဖတ်လာတာ အောက်ဆုံး ရောက်တော့ Moe Z ရဲ့ လျှာတစ်လစ်ကြီး တွေ့ တော့ ဘယ်ဘက်ကတွေးတွေး ဒီpost နဲ့ ဒီပုံ တယ်လိုက်ပါလားလို့……..

  • htoosan

    September 23, 2011 at 4:55 pm

    စာကျန်ခဲ့ လို့၊ ပြန်ပြင်ချင်လို့.. ပွုင့် လိုချင်လို့မဟုတ်ပါ။…..

    ကောင်း…ရောင်း…….ကောင်း…..ဝယ် ….. ဟုတ်မဟုတ်သိချင်ရင် ကိုပေါက်ဖော်မေးကြည့် …

    Moe Z ရေ .
    Moe Z တင်တဲ့ post ဖတ်လာတာ အောက်ဆုံး ရောက်တော့ Moe Z ရဲ့ လျှာတစ်လစ်ကြီး တွေ့ တော့ ဘယ်ဘက်ကတွေးတွေး ဒီpost နဲ့ ဒီပုံ တယ်လိုက်ပါလားလို့……..

    “ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်။”

Leave a Reply