Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

7 GB အခမဲ့ ရယူနိုင်ဖို့ …

စည်သူ အောင်September 23, 20112min4115

ကျွန်တော်တို့ ဖိုင်တွေ သိမ်းဆီးဖို့ အတွက် memory stick ဝယ်ယူသုံးစွဲကြပါတယ်။ အဲ့လိုသုံးစွဲရာမှာ အခက်အခဲ တစ်ခုက virus ကိုက်လို့ ဖိုင်တွေ ပျောက်ဆုံးတာ memory stick တွေ ရေစို ပျက်စီးတာပါပဲ။ အဲ့လို ဖြစ်ပြီဆိုတာနဲ့ အဆိုး ဆုံး ပြဿနာ ကိုယ့် ရဲ့ အရေးကြီး တဲ့ အချက်အလက်တွေ ပျောက်ဆုံး ပျက်စီးကုန်တာပါပဲ။ အဲ့လို အဖြစ်ဆိုးကို ကာကွယ်နိုင်ဖို့ နည်းလမ်းက တော့ စိတ်ချရတဲ့ အွန်လိုင်းပေါ်မှာ ဖိုင်သိမ်းဆီးတဲ့ နည်းလမ်းပါပဲ။

ဖိုင်တွေ ကို အွန်လိုင်းပေါ်မှာ အခမဲ့ သိမ်းဆီးနိုင်ဖို့ ဝန်ဆောင်မှု ပေးနေတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်။ ဆိုက်တော်တော်များများဟာ Free Plan အတွက်ဆိုရင်တော့ 1 GB, 2 GB ထက် ပို မပေးတတ်ကြပါဘူး။ ဒါပေမဲ့ MiMedia ဆိုတဲ့ ဆိုက်ကတော့ 7GB အထိ အခမဲ့ ပေးသုံးထားတာ တွေ့ ရပါတယ်။

အခု အဲ့ဆိုက်ကနေ ဖိုင်တွေ သိမ်းဆည်းပုံ အဆင့်အဆင့် ကို ပြသသွားပါ့မယ်။

ပထမဦးဆုံး MiMedia ဆိုတဲ့ ဆိုက်မှာ register အရင်ဆုံး လုပ်ရပါမယ်။ အဲ့လို လုပ်ဖို့ အတွက် MiMedia ဆိုတဲ့ ဆိုက် ကို Browser မှာ ဖွင့် ပါ ပြီး ရင်  Sign Up ကို ကလစ်နှိပ်ပါ။

 

 

 

နောက်စာမျက်နှာ တစ်ခုမှာတော့ Plan ရွေးချယ်ရမှာပါ။ 7 GB နဲ့ လောက်ငှမယ်ဆိုရင်တော့ အခမဲ့ ရရှိတဲ့ Plan ကို ရွေးချယ်ပါမယ်။ ကျွန်တော်တို့ သုံးမဲ့ Space က 7 GB ထက်သာကျော်နေမယ်ဆိုရင်တော့ တစ်လ ကို $9.99 တန် Premium Plan ကို ရွေးချယ်ရပါမယ်။ သူ့ မှာ နောက်ထပ် ရွေးချယ်စရာ 500 GB Plan နဲ့ 1 TB Plan တွေ လဲ ရှိပါသေးတယ်။ အဲ့ဒီ Plan တွေ အတွက်တော့ တစ်လကို $20 နှင့် $35 အသီးသီး ကျသင့် ပါမယ်။ အခုတော့ Free Plan ကိုရွေးချယ်လိုက်ပါ့မယ်။
100% Free အောက်က Sign Up ကို ကလစ်နှိပ်လိုက်ပါ။

 

 

 

 

 

 

 

 

First Name: မိမိ၏ အမည် ကို ဖြည့် သွင်းရပါမယ်။
Last Name: မိသားစု အမည် ကို ဖြည့် သွင်း ရန်ဖြစ်ပါတယ်။ မိသားစု အမည် ထည့် မသုံးတတ်တဲ့ ကျွန်တော်တို့ လူမျိုး တွေ ကတော့ ကိုယ့်အမည်ကို နှစ်ပိုင်း ပိုင်းပြီး တစ်ပိုင်းစီထည့် လိုက်ရုံပါပဲ။
email: မိမိ ၏ email လိပ်စာ အပြည့်အစုံ ကို ဖြည့်သွင်းရပါမယ်။ (@ နောက်က domain တွေ ကို ပါ ဖြည့် သွင်းဖို့ ပြောတာပါ။)
Password: စကားဝှက် ကို ဖြည့် သွင်းရပါမယ်။ (စကားဝှက်တွေ ထည့်သွင်းရာမှာ 8 လုံးထက် မနည်းလွန်း အလုံး 20 ထက် မများလွန်းတဲ့ စကားစု တွေ ဖြစ်သင့်ပါတယ်)
Confirm Password: အထက် က စကားဝှက် ကို ပြန်လည် ရိုက်သွင်း ရပါမယ်။
Security Question: မိမိ password ကို မေ့ သွားခဲ့ ရင် ပြန်လည်ရယူဖို့ အတွက် ပါ။ ကြိုက်နှစ်သက်တဲ့ မေးခွန်း တစ်ခု ရွေးချယ်လိုက်ပါ။
Security Answer: အထက် က မေးခွန်းရဲ့ အဖြေကို ပြန်လည် ဖြေပေးရမှာ ဖြစ်ပါတယ်။
Referred By: ဒီ ဆိုက်ကို ဘယ်ကနေ သိတာလဲ လို့ မေးထားတာ ပါ။ တစ်ခုခု ဖြေပေးလိုက်ရင်ရပါတယ်။

အောက်က Box ကတော့ လူသားလား Program ကနေ Register လုပ်တာလားဆိုတာ ကို စစ်ဆေးဖို့ အတွက်ပါ။ အထက်က မြင်နေရတဲ့ စာသား အတိုင်း ရိုက်ထည့် လိုက်ရုံပါပဲ။ အကြီး အသေး အရေးကြီးတဲ့ အတွက် အကြီး အသေးခွဲခြားရိုက်ပေးရပါမယ်။

ပြီးရင်တော့ Sign Up ကို နှိပ်လိုက်ပါ။

Register ပြုလုပ်တဲ့ အဆင့် အားလုံး ပြီးမြောက်သွားပါပြီ။ မိမိ data တွေ အလွယ်တစ်ကူ သိမ်းဆီးနိုင်ဖို့ အတွက် MiMedia က ပေးတဲ့ Program တစ်ခုကို ဒေါင်းလုပ် လုပ်ပြီး ထည့်သွင်းရပါမယ်။

 

www.thantwe.com မှ ကူးယူဖော်ပြသည်။

တရားဝင် ပြန်လည် ကူးယူဖော်ပြခွင့် ရှိသည့်အတွက် ဖြော်ပြခြင်းဖြစ်ပြီး။  www.thantwe.com သို့ အကြောင်းမကြားပဲ။ www.thantwe.com မှ လက်မခံ ပဲ ထပ်မံ ကူးယူခွင့်မရှိပါ။

5 comments

  • etone

    September 23, 2011 at 3:43 pm

    ဗဟုသုတအနေနဲ့ မှတ်သားသွားပါတယ် .. နောက်များ သုံးဖို့ ကြုံခဲ့လျှင် လိုက်လုပ်ပါဦးမယ် … ။
    ဒါနဲ့… 4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။ ဆိုတာလေးတော့ သတိရပါ မိတ်ဆွေ ။ 🙄

  • lulaymg

    September 23, 2011 at 5:27 pm

    7 GB ကြီးများတောင်မှ ဆိုတော့ အခွင့်အလမ်း ကောင်းလိုက်တာ
    ဒါနဲ့ တစ်ခြားဆိုဒ်တွေကို မတင်ပါဘူး ကိုယ်ပိုင်ကူးယူ သိမ်းထားလို့ရော ရပါသလားဗျာ

  • စည်သူ အောင်

    September 23, 2011 at 6:06 pm

    http://www.thantwe.com ဆိုတာ ကျွန်တော် ပိုင်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးက လဲ ကျွန်တော် ကိုယ်တိုင်ရေး ထားတာ ဖြစ်ပြီး။ ဒီဆောင်းပါးနဲ့ ပတ်သက်လို့ CopyRight ကျွန်တော့် မှာ ရှိပါတယ်။ ဒီအတွက် ပြန်လည်တင်ပြတာ ဖြစ်ပါတယ်။ မအိတုံ

  • windtalker

    September 23, 2011 at 8:39 pm

    ကိုစည်သူအောင် ရဲ ့
    ကိုယ်ပိုင် အရေးအသား ဆိုတာ သိရတဲ့ အတွက်
    ဝမ်းသာ မိပါတယ်
    မှတ်လည်း မှတ်သားသွားပါတယ်
    မအီးတုံး က မသိသေးလို ့၊ သတိပေးမိတာပါ ။
    ကိုစည်သူအောင့် က အသစ်တစ်ယောက်မို ့
    မအီးတုံး က စေတနာ နဲ ့ပါ ။
    ကိုစည်သူအောင့် လို
    ကိုယ်ပိုင်အရေးအသား များ နဲ ့
    ဝင်ရောက်လာတာကို
    နွေးထွေးစွာ ကြိုဆို အားပေးပါတယ်
    ဂေဇက်က အုန်းခရီရေးရှင်းတွေ ကို လိုအပ်နေပါတယ် ဗျာ
    နောင်လည်း
    ကိုစည်သူအောင့်ရဲ ့
    ကိုယ်ပိုင် တွေ ကို
    စောင့်မျှော်နေပါမယ် နော်

  • စည်သူ အောင်

    September 23, 2011 at 10:49 pm

    ဟုတ်ကဲ့ ကျွန်တော် နောက်ရက်တွေ မှာ ခရီးသွားဖို့ ရှိတဲ့ အတွက် ဝင်ရေး ဖြစ်ဦးမှာ မသေခြာပေမဲ့ နောက်ပိုင်း အားလျှင် တတ်နိုင်သလောက် ကျွန်တော့ ဆောင်းပါးတွေ ကိုတင်ပေးပါ့မယ်။

Leave a Reply