နပိုလီယံနှင့် တွေ့ခဲ့ခြင်း(၂)
(၂)
အဲဒီ့လို စိတ်ဝင်စားနေတုန်း သဘောကောင်းတဲ့ စာရေးကြီးက အဖိုးလက်ကိုလာဆွဲတယ် …။ “ လာပါဗျာ .. ဒါ အရူးတွေ အပြေးလေ့ကျင့်နေတာ “ လို့ပြောပြီး ဆက်ထွက်လာခဲ့ကြတယ် …။ အတော်လှမ်းလှမ်းရောက်တော့ မိန်းမတစ်ယောက်နဲ့တွေ့တယ် …။ အရူးမဖြစ်မှာပါပဲ … အဲဒီ့မိန်းမက အဖိုးဆီက ပိုက်ဆံတောင်းလို့ (အဲဒီ့တုန်းက) ပိုက်ဆံ(၁၀)ပြားပေးလိုက်တယ် …။ နောက် မိန်းမတစ်ယောက်နဲ့ ထပ်တွေ့တယ် … သူကလည်း တောင်းလို့ (၁၀)ပြားထပ်ပေးလိုက်တယ် …။
ဒီတော့ စာရေးကြီးက “ နောင်ကြီး .. ဒီလိုသာ တောင်းတိုင်းပေးလို့ကတော့ ဆုံးမှာမဟုတ်တော့ဘူး .. မပေးပါနဲ့ “ လို့တားတယ် …။ အဲ … နောက်တစ်ယောက်ကျတော့ အဖိုးက မပေးတော့ဘူးပေါ့ … အဲဒီ့တော့ ပိုက်ဆံမရတဲ့ အရူးမက “ ဟင် .. သေနာကောင် နင်က မယားငယ်တွေကျတော့ ပေးတယ် .. ငါ့ကျတော့ မပေးဘူး ဟုတ်လား … ဟဲ့.. ငါက နင့်မယားကြီးဟဲ့ .. သေချင်းဆိုးရဲ့“ လို့ လှမ်းအော်ပါလေရော …။ စာရေးကြီးကလည်း “ အဲဒါကြောင့်ပြောတာပေါ့ နောင်ကြီးရယ် “ ဆိုပြီး အဖိုးကိုစောင့်ခေါ်တယ် … အရူးမကိုလည်း နှင်လွှတ်လိုက်တယ် …။
ဒါနဲ့ ဆေးရုံထဲရောက်သွားရော ဆိုပါတော့ … ပထမ အရက်ဖြတ်တဲ့အခန်းတွေကို လိုက်ပြတယ် ..။ သူတို့က အရူးမဟုတ်ကြောင်း၊ လူကြီးသားသမီးတွေနဲ့ အရက်ဖြတ်ချင်သူတွေဖြစ်ကြောင်း ပြောပြတယ် …။ နောက် ဆက်ကြည့်ဖြစ်တာက မိန်းမဆောင် …
“ အမလေး .. ချစ်စရာလေးတော် ..“ လို့ ပေါ်ထွက်လာတဲ့ ခေါင်မိုးထုပ်တန်းပေါ်က အသံ “ အဲဒါ လင်တရူးလေ နောင်ကြီးရဲ့ “ လို့ စာရေးကြီးက ရှင်းပြပြန်တယ် …။ အဖိုးလဲ မြင်မကောင်းတာတွေ ရှိတာကြောင့် တစ်ခြားအဆောင်ဖက်သွားဖို့ စာရေးကြီးကို ပြောရတယ် …။ စာရေးကြီးကလဲ အဖိုးပြောတဲ့အတိုင်း တစ်ခြားအဆောင်ဖက်ကို လိုက်ပို့ပေးတယ် …။ အဲ့လိုနဲ့ ဆက်သွားရင်း လက်သီးလက်မောင်းတန်းပြီး တရားဟောနေတဲ့ အရူးကိုတွေ့တယ် …။ စာရေးကြီးက “ သူက အာဏာရူးပေါ့ “ လို့ ဆိုပြန်တယ် …။ နောက်တစ်ခန်းမှာ တဒိုင်းဒိုင်းနဲ့ စစ်တိုက်နေတဲ့ အရူးနဲ့တွေ့တယ် …။ စာရေးကြီးက အဲဒီ့အရူးအခန်းနားကျတော့ ရပ်ပြီး အဖိုးကိုလှည့်ပြောတယ် “ အဲဒါက စစ်ဘုရင်အရူးလေ .. သူက သူ့ကိုယ်သူ နပိုလီယံလို့ ကြွေးကြော်တာဗျ .. တကယ်တော့ သူက နပိုလီယံအစစ်မဟုတ်ဘူး .. ဒါနဲ့ နောင်ကြီး နပိုလီယံအစစ်ကို မြင်ဖူးသလား “ လို့ အဖိုးကို မျက်နှာချင်းဆိုင်ပြီး မေးတယ် …။ အဖိုးက ဘယ်မြင်ဖူးမှာလဲ အဲဒီ့တော့ “ မမြင်ဖူးဘူး “ လို့ သူ့ကိုကြည့်ပြီး ဖြေလိုက်တယ် …။ အဲဒီ့တော့ စာရေးကြီးက “ မမြင်ဖူးရင် မှတ်ထား … နပိုလီယံအစစ်က ကျုပ်ဗျ “ လို့ပြောပြီး တဟီဟီနဲ့ ရယ်ပါလေရော …။ အဖိုးလည်း အဲဒီ့ကျမှ သူ့မျက်လုံးတွေကို သတိထားလိုက်မိပါတော့တယ် …။ အဖိုးသိလိုက်ပါပြီ …………
သဘောကောင်းဖော်ရွေတယ်လို့ ထင်ထားတဲ့ စာရေးကြီး(စစ်ဗိုလ်ချုပ်ကြီး နပိုလီယံ)ကတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ခြေဖျားထောက် လက်မထောင်ပြီး ထွက်ပြေးသွားပါလေရော …။ အဖိုးလည်း ခပ်လန့်လန့်နဲ့ အမြန်ပြန်ထွက်လာရတာပေါ့ … ပြင်ပလူနာခန်းထဲ ပြန်ရောက်လို့ မကြာခင်မှာပဲ ဆရာဝန်ကြီးနဲ့ ဆရာမ(၂)ယောက် ရောက်လာတယ် …။ အခန်းထဲဝင်သွားပြီး ခနကြာတော့ … “ ဆရာ … လူနာမှတ်တမ်းစာအုပ် မတွေ့ဘူး “ လို့ ဆရာမတစ်ယောက်ထံက အသံထွက်လာတယ် …။ ဆရာမတစ်ယောက်က အပြင်ထွက်လာပြီး ဟိုကြည့်ဒီကြည့်လုပ်တော့ အဖိုးက ခုနက လူတစ်ယောက် လာပြီး စာရင်းသွင်းသွားကြောင်း ပြောရတော့တာပေါ့ …။ ဒီတော့ ဆရာမက “ အဲဒါကြောင့် အရူးတွေကို အပြင်မထုတ်ချင်တာ … တော်တော်လေး နေကောင်းလာလို့ လွတ်လပ်ရေးနေ့အတွက် အခွင့်အရေးလေးပေးမိလိုက်ပါတယ် တကတည်း လွတ်လွတ်လပ်လပ်ကြီးကို လုပ်သွားတော့တာပဲ “ ဆိုပြီး စာအုပ်ယူသွားတဲ့ အရူးနောက်ကိုလိုက်ပါလေရောတဲ့ကွယ် …..။
14 comments
windtalker
September 28, 2011 at 1:46 pm
ချစ်လေးရေ
လစ်မပြေးနဲ ့
ကိုယ်ဘယ်သူ ့ကိုမှ မပေး
ချစ်လေးကိုသာပေး
ရော့ယူပါ
သူကြီးဆီက အာကေလေး
( ကွန်မင့် အတွက် ပွိုင့် )
Shwe Ei
September 28, 2011 at 1:56 pm
ချစ်လေးတို့ကကြွားမပြောဘူး အဖိုးကိုယ်တွေ့ အဖိုးကိုယ်တွေ့။ 😀
chitlay
September 28, 2011 at 2:02 pm
ချစ်လေးလဲ တစ်ခါလောက်တော့ နပိုလီယံနဲ့ တွေ့ချင်သား …. 😛
windtalker
September 28, 2011 at 2:06 pm
ချစ်လေး ရေ
နပိုလီယံ ကို တွေ ့ဖို ့မလွယ်ပေမယ့်
မောင်ပေလီယံ @ နပိုမောင်ပေ့ ကို တော့
တွေ ့လို ့ရပါတယ်နော်
တွေ ့ချင်တယ် ဆို ပြောပါနော်
ဟီဟိ
chitlay
September 28, 2011 at 2:22 pm
မောင်ပေလီယံ @ နပိုမောင်ပေ့ ကရော အဲ့လိုမျိုး တိုက်ပုံတွေ ဘာတွေနဲ့ သားသားနားနားဝတ်ထားတဲ့ အသက် (၄၀) အရွယ်လူကြီးလားဟင် … 🙂
lone
September 28, 2011 at 2:15 pm
ထင်တော့ထင်သား…ဟိဟိ…အမှန်တကယ်တော့ ချစ်လေးအဖိုးက ချစ်လေးနေမကောင်းလို့လာပြရင်းဖြစ်ပျက်ခဲ့တာတွေကို ပြောခဲ့တာလေ….. 😛
chitlay
September 28, 2011 at 2:21 pm
lone ရေ အဲ့လိုမဟုတ်ပါဘူးကွယ် … ချစ်လေးက(၁၀)ပြားခေတ်ကိုလဲ မမှီခဲ့ပါဘူးကွယ် … 🙁
lone
September 28, 2011 at 2:37 pm
အဲဒီအချိန်တုန်းက ချစ်လေးက မမှီဘူးလေ…အဖိုးဆီက ပိုက်ဆံပထမဆုံးတောင်းတာ ချစ်လေး
လေ… အဲဒီမှာ အဘိုးနဲ့ ရေစက်ဆုံသွားပြီး ဒီဘဝမှာ အဖိုးရဲ့ မြေးအဖြစ်ပြန်ဝင်စားသွားတာ…
chitlay
September 28, 2011 at 2:45 pm
ဒါဆိုပိုက်ဆံတောင်းလို့ မရတဲ့တစ်ယောက်က lone ဖြစ်မယ်ထင်တယ်နော့ … 😀
lone
September 28, 2011 at 3:50 pm
ဟုတ်တယ်လေ…အဲဒီ့တုန်းက Lone အတင်းလိုက်လုလို့ chitlay တောင်ငိုသွားသေးတယ်…. 😛
ကြောင်ကြီး
September 29, 2011 at 9:55 am
စကားနိုင်လု မနေကြပါနဲ့ ချစ်လေးနဲ့လုံး တို့ရယ်။ ကိုကြောင်ကြီးကိုသာ လာလုကြပါတော့။ နှစ်ယောက်ပေါင်းပြီး လုံးချစ်မယ်ဆိုလည်း………..။ 😳
မှတ်ချက်။ ထက်ဝက်ပိုင်းခြင်း သီးခံပါ။
etone
September 29, 2011 at 1:00 pm
Chitlay က ဆယ်ပြားခေတ်ကို မမှီဘူး .. သူလမ်းလျှောက်တတ်တော့ ငါးမူးခေတ်ရောက်နေပြီ .. တစ်ကျပ်တော့ မပြည့်သေးဘူး 🙄
chitlay
September 29, 2011 at 1:38 pm
etone ရေ ချစ်လေးက ဆယ်ပြားခေတ်လဲ မမှီဘူး ငါးမူးခေတ်လဲ မမှီပါဘူး တစ်ကျပ်ခေတ်တော့ မှီသလိုလိုရှိသား …. 😀
GreeNSheeP
September 28, 2011 at 2:49 pm
အခုခေတ် ဆိုရင်တော့
ပေး တစ်ထောင်
ရော ့ တစ်ထောင်
ဖြစ်မယ် မှတ်တယ်