ကြောင်တကောင်နှင့်အချင်းများခြင်း
လူမှုရေးနယ်ပယ်တွင်လိုက်လျှောညီထွေပေါင်းသင်းပြီး၊ အလိုက်အထိုက်နေလေ့ရှိသောကျနော်သည်လူမှုရေးကောင်းသည်ဟူ
ပြောရန်မဝံ့ရဲသော်လည်းလူမှုရေးညံ့သူမဟုတ်သည်ကိုတော့ရဲဝံ့စွာအာမခံနိုင်ပါသည်။ သို့သော်
ကျနော် “ကြောင်မှုရေး”တွင်ကားလွန်စွာညံ့ကြောင်းဝန်ခံရပေမည်။ နားရှုပ်သွားပါသလား? ရှင်းပါမည်။
လူ့လောကအသိုင်းအဝိုင်းတွင်ကိုယ်နဲ့အယူအဆမတူသူများနှင့်ပြောဆိုငြင်းခုံကြရသည်မှာသဘာဝပင်ဖြစ်သည်။
ဘွဲ့လွန်သင်တန်းများ၏ဆီမီနာများ၊ (Academic
meeting)အကယ်ဒမစ်မီတင်များ၊ ရှေ့နေများ၏အချေအတင်ပြောဆိုငြင်းခုန်
ဆွေးနွေးကြသည်မှာရန်ဖြစ်တော့မည်ထင်ရလောက်အောင်ဖြစ်တာမျိုးပင်ရှိသည်
လွှတ်တော်အစည်းအဝေးများတွင်ထရိုက်ကြ
ထထိုးကြ၍ပွဲဆူကုန်သည်မျိုးလည်းသတင်းများတွင်တွေ့ဘူးသည်။ အစည်းအဝေးခန်းများတွင်ဘဲဥပုံဒါမှမဟုတ်လေးထောင့်စပ်စပ်စားပွဲများခင်းထားရခြင်းမှာတယောက်နှင့် တယောက်ထမဌိုးနိုင်ရန်ဖြစ်သည်ဟုဆရာမောင်စူးစမ်း၏
စာတပုဒ်တွင်ဖတ်ဖူးသည်။
မည်သို့ပင်ဆိုစေကာမှုလူအချင်းချင်းဖြစ်၍အယူအဆမတူငြင်းခုန်မှုလောက်နဲ့တော့အခင်မင်မပျက်နေနိုင်ကြပါသည်။
အငြိုးအတေးအာဃာတရှိသည်ဆိုဦးတော့မိမိကိုယ်တိုင်ဝန်ချတောင်းပန်မှုဒါမှမဟုတ်ကြားဝင်ဖြန်ဖြေပေးမှုနှင့်ပြေလည်သွားနိုင်ပါသည်။
ကျနော့မှာကား
အကြောင်းတိုက်ဆိုင်၍နိုင်ငံရပ်ခြားသို့ရောက်ခဲ့ရသည်။ စရောက်ခါစဖြစ်သဖြင့်အားလပ်ချိန်မျကြည်(TV)
ကြည့်သည်ကများသည်။ တနေ့(TV)အစီအစဉ်တခုမှကြောင်လေကြောင်လွင့်များအ
ကြောင်းပြသည်။ (Narrator)သတင်းနောက်ခံပြောသူကလဲအပြောကောင်းလှသည်။ ဤနိုင်ငံတွင်ကြောင်လေကြောင်လွင့်တသိန်း
ခွဲခန့်ရှိမည်ဟုခန့်မှန်းကြောင်းဆိုပါသည်။ သူတို့၏နေထိုင်သွားလာပုံကိုတင်ပြသောမှတ်တမ်းရုပ်ရှင်ကိုပြပါသည်။
ဘော့စ်ဟု (Narrator)ကနာမည်ပေးထားသောကြောင်လေကြောင်လွင့်တကောင်၏နယ်မြေသတ်မှတ်ပိုင်ဆိုင်ပုံ၊ မယားယူထားပုံ၊ ကြောင်တို့၏
အသက်၁၅နှစ်ဆိုသည်မှာလူသားတို့၏အသက်၆၀
ကျော်အရွယ်နှင့်အတူတူဟုယူဆနိုင်ပုံ၊ စသဖြင့်စိတ်ဝင်စားစရာကောင်းလှသည်။
ဤသို့နှင့်သထိထားကြည့်မိတော့မိမိနေသောအိမ်နားတွင်လည်းကြောင်လေကြောင်လွင့်များစွာရှိကြောင်းတွေ့ရသည်။
တပတ်နှစ်ကြိမ်အမှိုက်သိမ်းစံနစ်အရတညကြိုပစ်ထားကြသောအမှိုက်ကန်လေးထဲမှ အမှိုက်တို့ကိုမွှေနှောက်ရှာဖွေစားသောက်နေ
ကြသောကြောင်အများအပြားတွေ့ရသဖြင့်စိတ်တွင်အကြံတခုဖြစ်မိသည်။ စူပါမားကက်များတွင်ကြောင်စာအိတ်များတွေ့ဖူးသည်။
အဲဒါဝယ်ကြွေးရလျှင်သူတို့လဲစားရမည်၊ အမှိုက်တွေလဲမပွနိုင်တော့ဟုစဉ်းစားမိသည်။
သို့နှင့်မိမိနေသောအခန်းက၂ ထပ်၏ကော်ရစ်ဒါထောင့်
ဆုံးဖြစ်နေ၍အဆင်ပြေစွာပင်ကြောင်စာခွက်၊ ရေခွက်များချပြီးမနက်တကြိမ်၊ ညအိမ်ပြန်လာချိန်တကြိမ်အစာထဲ့ရေထဲ့ကြွေးဖြစ်တော့သည်။
ဤအိမ်တွင်(၁၂) နှစ်ကျော်နေခဲ့သဖြင့် ၁၂ နှစ် ဤအလှူခံပုဂ္ဂိုလ်တို့အားဒါနပြုခဲ့သည်။
ကြောင်များအားလုံးလာစားပုံရပါသည်။ အမှိုက်တို့ကိုပွနေသည်ကိုမတွေ့ရတော့။
လာစားသောကြောင်များသည်စိတ်ဝင်စားစရာကောင်းလှသည်။ တခါတရံကြောင်၃ ကောင်ခန့်ခေါင်းချင်ဆိုင်စားနေသည်
ကိုတွေ့ရတတ်သည်။ နောက်မှာစားရန်စောင့်နေသောေ ကြာင်များကစောင့်နေသော်လဲအော်ဟစ်ချင်း၊ ရန်ပြုချင်းအလျင်းမရှိ၊ အေးဆေးငြိမ်သက်စွာစားကြသည်ပိုထူးခြားသည်မှာ ယခင်လာစားဖူးသောေ ကြာင်က လာမစားဖူးသောကြောင်ကိုလမ်းပြခေါ်ဆောင်လာခြင်းပင်တည်း။ (အမျိုးဖြစ်ခြင်လဲဖြစ်မှာပေါ့နော်)
ဤသို့ခေါ်ဆောင်လာရာတွင်ကြောင်အသစ်ကိုအရင်စားစေ၍ကြောင်အဟောင်း (လာနေကြကြောင်)ကဘေးကကြည့်နေသည်မှာ
အံ့ဖွယ်သုတ။ တခုခုရဘို့အတွက်တိုက်ခိုက်ကြ၊ အချင်းချင်းအစာခွက်လုကြလေ့ရှိသောလူသားတချို့ကိုသင်ခန်းစာပေးနေသကဲ့သို့။
ကြောင်များကလာစားသည်မှာလာစားကြသော်လည်းလူကိုတော့အကပ်မခံ၊ မိမိနှင့်ရင်းရင်းနှီးနှီးမရှိကြ။
တကောင်သာထူးထူးခြားခြားမိမိကိုမကြောက်သည်ကိုတွေ့ရသည်။
ခပ်ဝဝကြောင်တကောင်ဖြစ်သည်။
“ဝတ”
ဟုအမည်ကိုယ်ဟာသာကိုယ်ပေးလိုက်သည်။ ဝတသည်အဖြူရောင်တွင်အဝါစက်ကလေးများပါသော၊
မျက်နှာဝိုင်းဝိုင်းခပ်ရွယ်ရွယ်ကြောင်ဖြစ်သည်။
4 နှစ် သားခန့်ရှိမည်ဟုခန့်မှန်းရသည်။ (Narrator)၏စကားကိုကိုးကားရလျှင်
အသက်၂ဝ ကျော် ၂၅ နှစ် ကြားကြောင်လူငယ်ဟုဆိုရမည်။
ဒီလိုနဲ့ပူသောလပေါင်းများစွာကုန်လွန်ပြီးရာသီဥတုလွန်စွာအေးသောကာလသို့ရောက်လာခဲ့ပြီ.။
အရမ်းချမ်းတဲ့တညညဉ့်နက်နက်အချိန်မှာအပြင်တံခါးကိုတယောက်ယောက်ကခေါက်နေသလိုလိုအသံ
ကြားရလို့ချမ်းချမ်းနဲ့ထဖွင့်ကြည့်တယ်။ အိပ်ချင်းမူးတူးနဲ့တံခါးဖွင့်ကြည့်တာဘယ်သူမှမတွေ့။ အောက်ကို
ငုံ့ကြည့်လိုက်တော့
“ဝတ” ကိုတွေ့ပီ၊ ဪမင်းလုပ်တာကိုး။ တံခါးကိုပုတ်ခါဖွင့်ပေးအောင်လုပ်ရမည်ကိုနားလည်သောကြောင်ပါတကား။
လူကိုမော့ကြည့်ပြီး၊ ညောင်ဟုတချက်အော်သည်။ မျက်စိတဲ့တဲ့ကြည့်ပြီးအော်ပုံကထူးခြားသည်။
အပြင်မှာချမ်းလွန်းလှ၍အထဲဝင်ပါရစေလို့ခွင့်ပန်တဲ့သဘောမျိုး။
ဒါနဲ့အသာလမ်းဖယ်ပေးလိုက်ပြီးအထဲဝင်ခိုင်းလိုက်သည်။ အခန်းထောင့်တနေရာမှာစောင်အဟောင်းတထည်ခင်း၍နေရာချပေးလိုက်သည်။
ဝတ ကားနွေးထွေးစွာအိပ်လေပြီ။ အဟောသုခံ ကောင်းလေစွ။
ဒီလိုနဲ့ဝတ မနက်ဆိုထွက်သွားအစာစား၊ ညမိမိပြန်လာချိန်အိမ်ရှေ့မှကြိုသောအလုပ်ကိုပါလုပ်သည်။
ကြောင်တကောင်နှင့်လူတယောက်၏သံယောဇဉ်လို့ဆိုရပေမပေါ့။
ဝတ အိမ်ထဲအိပ်တာ ၂ လလောက်ကြာသွားခဲ့ပြီး ဖေဖော်ဝါရီလ၏ရေခဲအမှတ်ရောက်သောအအေးဆုံးကာကများရောက်လာပြီ။
တလောကလုံးဖြူဖြူဖွေးဖွေးသောနှင်းများဖုံးလွှမ်းသွားပြီးလှပသော၊ ချမ်းအေးသောကာလများရောက်လာပြီ။
ကျောင်းပိတ်ထားသော်လည်းသုတေသန( )လုပ်စရာ၊ အလုပ်များရှိသဖြင့်ကျောင်းကသွားနေရသည်။
တနေ့ကျောင်းအရောက်၊ သူငယ်ချင်းတယောက်က”မင်းအိမ်မှာကြောင်မွေးထားသလား” ဟုမေးသည်။
အိမ်ကိုအလည်လာဖူးသူမဟုတ်သဖြင့်အံ့ဩသွားပြီး”မင်းဘယ်လိုလုပ်သိတာလဲ” ဟုချက်ချင်းပြန်မေးမိသည်။
ပါးစပ်ကမဖြေပဲတစုံတရာကိုမိမိ၏ဆွယ်တာပေါ်မှယူ၍သူငယ်ချင်းက ပြသည်။ သူပြသည်က ကြောင်မွှေးတွေ။
ရှော့ခ်။
လန့်သွားသည်။ နိုင်ငံတကာမှကျောင်းသားများရှိသောကျောင်းဖြစ်၍(မြန်မာလူမျိုးကို အထင်မသေးစေရန်ဟူသောစိတ်ကလေးနှင့်)အတတ်နိုင်ဆုံး
သပ်သပ်ယပ်ယပ်ဝတ်စားလေ့ရှိသောမိမိ၏ဆွယ်တာပေါ်တွင်ရှိနေသောကြောင်မွှေးများ။
သူငယ်ချင်းကိုအေးကွာ ဟုတ်တယ်ကြောင်တကောင်မွေးထားလို့ဟုရီရီမောမောပြောနေသော်လည်း စိတ်က”တင်း”နေပြီ။
ဒီကြားထဲဟိုကောင်ကရှည်နေသေးတယ်၊ မင်းသိမှာပါ၊ ရောဂါဖြစ်တတ်တယ်၊ ဂရုစိုက်၊ ဘာညာလုပ်နေသေး။
အေးအေး ဟု ခပ်တိုတိုပြောပြီးအိမ်သာဖက်ထွက်လာလိုက်သည်။
ကြောင်မွှေးတွေအဆုတ်ထဲ၊ အသက်ရှူလမ်းကြောင်းထဲဝင်ရင်ပန်းနာရင်ကြပ်၊ အဆုတ်ရောဂါတွေဖြစ်တတ်သတဲ့။
ဆက်ပြီးစိတ်ထဲမှာလဲငယ်ငယ်ကဖတ်ဖူးသောလုပ်ငန်းခွင်အန္တါရာယ်များစာအုပ်ကိုသတိရမိသည်။
ဘိလပ်မြေစက်ရုံတွင်လုပ်သောအလုပ်သမားအဆုတ်ရောဂါနှင့်ဆုံးပါး၍ခွဲစိတ်ကြည့်သောဘိလပ်မြေအ
လုံးလေးတွေအဆုတ်ထဲမှာပြည့်နေကြောင်း၊ ဝါဂွမ်းစက်ရုံမှအလုပ်သမား၏အဆုတ်မှဝါဂွမ်းလုံးကလေးများ၊ အစရှိသဖြင့်။ .။
ဒါနဲ့အိမ်လဲပြန်ရောက်ရော၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်များအကုန်ချွတ်ပြီးလဲသည်။ တခန်းလုံးဖုန်စုပ်စက်နှင့်အသားကုန်စုပ်ပလိုက်သည်။
အိပ်ယာပေါ်မှကြောင်မွှေးများကအိပ်ယာဘေးတွင် မနက်မိုးလင်းလင်းချင်းအိပ်ချင်မူးတူးနှင့်မရှာချင်၍အဆင်သင့်ထုတ်ထားလေ့ရှိသော အဝတ်အစားများပေါ်ကကြောင်မွှေးများက
ဝတ အိပ်ယာ ပေါ်တက်ကြောင်းထင်ရှားပေပြီ။
ပြန်ချိန်စောနေ၍ဝတ ကိုမတွေ့၊ ယင်းအိပ်သောစောင်ကိုယူ၍ အခန်းအပြင်ကော်ရစ်ဒါထောင့်တွင်
ဂျပ်ထူပုံးတခုတွင်ခင်းပြီးပြင်ထားလိုက်သည်။ အိမ်တွင်းကားမသွင်းလိုပြီ။
လာပါဘီမောင်မင်းကြီးသား၊
ညောင် ဟု တ ချက်အော်သည်။ တံခါးနားသွားပြီးအိပ်ရန်နေရာကိုသွားအောင်ညွန်ပြလိုက်သည်။
အေးအေးဆေးဆေးပင်သွား၍အထဲဝင်လိုက်သည်။ အိုကေပေါ့နော်။
ညဉ့်ကနက်လာပြီ၊ အအေးဓာတ်ကသိသိသာသာပိုကဲလာပြီ။ ( )ဖွင့်အိပ်သဖြင့်နွေးနွေးထွေး ထွေး အိပ်ပျော်သွားသည်။
တံခါးကိုပုတ်သံကြားရသည်။ မိုးလင်းခါနီး၍အလင်းရောင်တချို့တွေ့ရပြီ။
တံခါးသွားဖွင့်ကြည့်ရာကိုယ်တော်ချော “ဝတ”။
မော့ကြည့်သည်၊ ညောင် ဟု အော်သည်၊ ဝင်ခွင့်တောင်းနေပြန်ပြီ။
သနားသွားမိသည်။
သူနေရာသူနေမယ်ဆိုရင်မဆိုးပါဘူးဟုတွေး၍ကတ်ထူ၊ ဂျပ်ထူပုံးကိုအိမ်ထဲသွင်းအခန်းထောင့်မှာထားပေးလိုက်သည်။ ထူးထူးခြားခြားလုပ်စရာကလဲမရှိ၊ နဲနဲလဲအိပ်ချင်နေသေး၍ပြန်အိပ်လိုက်သည်။
နိုးလာတော့စောင်အောက်ပိုင်းခြေထောက်ကြားမှာလေးလေးကြီးဖြစ်နေ၍ကြည့်လိုက်ရာ
“ဝတ” ။
ဟာဟု လန့်သွားပြီး၊ ချက်ချင်းအပြင်ကိုခေါ်ထုတ်ပလိုက်ရသည်။
စောင်တွေ၊ အိပ်ယာတွေလျှော်ရအုန်းမှာပါလား။
အိပ်ယာပုံးလေးကိုအပြင်ကော်ရစ်ဒါထောင့်သို့ပြန်ချပေးထားလိုက်သည်။
ဒါနဲ့ညပြန်ရောက်လာရောဆိုပါတော့။
ဝတ တံခါးကို(ခေါက်)ပုတ်ပါပြီ။
ဖွင့်ပေးသည်။ ဝင်ဘို့တော့မခေါ်။
ညောင်ဟုအော်သည်။ ဝင်ပါရစေပေါ့။
မဖြစ်ဘူးကွ၊ မင်းကစည်းကမ်းမရှိဘူး၊ ငါကအိပ်ယာပေါ်အတက်မခံနိုင်ဘူးကွာ။
မင်းအပြင်မှာအိပ်ပါဟုလူ လိုပြောပြီး၊ အိပ်ယာပုံးလေးရှိရာအပြင်ကော်ရစ်ဒါထောင့်သို့ပို့ပေးလိုက်သည်။
ပုံးလေးကိုလဲလုံခြုံအောင်အပေါ်ကစောင်တထည်ထပ်အုပ်ပေးထားလိုက်သည်၊ ဝင်ပေါက်လေးပေးပြီးတော့ပေါ့။
ဝတဝင်အိပ်သည်။ ငြိမ်းချမ်းရေး။
ညကိုလွန်လာပြီ၊ မိုးလင်းခါနီးလေပိုအေးလေမှို့စောင်ကိုတင်းတင်းဆွဲ
ခြုံလိုက်ချိန်ဝတ တံခါးခေါက်ပြီ၊ ထ၍ဖွင့်ကြည့်လိုက်သည်။
ညောင်~~ဝင်ပါရစေဗျာ ဟုဖြစ်မည်ထင်မိသည်။
မဖြစ်နိုင်ပါဘူးကွာ၊ အပြင်မှာပဲမင်းအိပ်ပေးပါလို့ပြောလိုက်သည်။
အတန်ကြာအောင်ကြည့်သည်။
ထပ်ပြောသည် အဲ ထပ်ညောင် သည်။
၂ မိနှစ်ခန့်ကြာသွားသည်။ ထူးထူးခြားခြားတခုတွေးလိုက်မိသည်။
အဝင်တံခါးကအကျယ်ကြီးပဲ၊ ကြောင်ပဲနော် ဝင်ချင်ရင်ပြေးဝင်ရုံပဲပေါ့၊ ဘေးဘယ်ညာကဝင်မလား၊
ခြေထောက်ကြားကဝင်မလား၊ ဝင်လို့ရနေတာပဲ၊ မဝင်တာထူးဆန်းသည်။
အချေအတင်ဖြစ်နေသည်။ ညောင် ပဲ ညောင်နေ့သည်။
ခင်ဗျားရဲ့တရားဝင် ဝင်ခွင့်ကိုလိုချင်ပါသည်ဟုဆိုလိုဟန်တူသည်။
မရပါဘူးကွာ၊ ဟုထပ်ပြောသည်။
၅ မီးနစ်ခန့်ကြာသွားသည်ထင်သည်။ အကြာကြီးတချက်စိုက်ကြည့်ပြီး ဝတ လှုပ်ရှားလိုက်သည်။
ချာကနဲလှဲ့ထွက်လိုက်သဖြင့်အိပ်ယာပုံးလေးရှိရာသွားမည်ထင်လိုက်မိသည်။
မဟုတ်ပါ။
လှေကားရှိရာသို့ဦးတည်သည်။ နောက်ကိုတချက်လှဲ့ကြည့်လိုက်သောဝတ ၏မျက်လုံးများကအဓိပ္ပာယ်ရှိလှသည်။
တလှမ်းခြင်းလှေကားမှဆင်းသွားပေပြီ။
အိမ်ထဲဝင်ရန်ငြင်းဆန်ရင်၊ အပြင်ကဂျပ်ထူပုံးထဲလဲမအိပ်လိုတော့ပီလားဝတ ?
ညသို့ပြန်ရောက်လာခဲ့ပြပြီ။
ဝတကားပေါ်မလာတော့။ အစာလဲလာမစားတော့ပြီ။
၂ရက်၃ရက် စောင့်ကြည့်သော်လည်းပေါ်မလာပြီ။
အကြင်နာတရားကင်းမဲ့သောသင်လိုလူသားတယောက်နဲ့မပတ်သက်ချင်တော့ပြီဟု
သင်တနေရာကနေ ပြောနေမှာလား ဝတ?
၁ပတ်၂ပတ်၊ လုံးဝမလာတော့၊ အက်ဆီးဒင့်တခုခုနှင့်
ဆုံးပါးသည်လားထင်၍ကြောင်လေကြောင်လွင့်များရှိtတတ်ရာနေရာများသွားကြည့်ရာအမှိုက်
ပုံကိုဖွနေသော ဝတ ကိုတွေ့သည်။ အနားသွားသော်ထွက်ပြေးသွားသည်။
ကျနော်ကိုမမြင်ချင်၊ မတွေ့ချင်၍၏သို့ပြုမူသွားသည်မှာထင်ရှားပေပြီ။
သူနှစ်သက်သော ငါး အနံ့အစာတို့နှင့်သေချာစွာဆေးကြောထားသောရေခွက်မှသန့်သန့်လေးများကို ဝတ စွန့်လွှတ်လိုက်ပြီ။
ခုကနေပြန်စဉ်းစားလျှင်လွန်ခဲ့သော၁၅နှစ်ခန့်ဖြစ်၍ ဝတ ခု ချိန်ဆို ကွယ်လွန်ပါပြီ။
သို့သော်သူပေးခဲ့သော သင်ခန်းစာများကား များပြားလှပေသည်။
အဆင့်အတန်းခွဲခြားမိသလား(လူတယောက်ဆိုဘယ်လိုဆက်ဆံမှာလဲ)
အကြင်နာကင်းတာလား(မင်းအမျိုးဆိုဘယ်လိုဖြစ်မလဲ)
ကိုယ်နဲ့ပတ်သက်ဆက်ဆံဘူးသူအပေါ်နောင်တမရအောင်ပေါင်းသင်းနေထိုင်သင့်တယ်။
(LanguageBarrier)ဘာသာစကားအဟန့်အတားကလဲ ဆက်ဆံရေးမှာအရေးကြီးပါလား?
အစရှိသဖြင့်တွေးရင်တွေးသလောက်သင်ခန်းစာများကတော့ယနေ့ထိပါပဲခင်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော်သည်လူမှုရေးကောင်းသည်ဟူပြောရန်မဝံ့ရဲသော်လည်းလူမှုရေးညံ့သူမဟုတ်သည်ကိုတော့ရဲဝံ့စွာအာမခံနိုင်ပါသည်။ သို့သော်ကျနော် “ကြောင်မှုရေး”တွင်ကား………………………
19 comments
nozomi
September 29, 2011 at 2:08 pm
ကိုသစ်မင်း ရဲ့ ပို့စ်လေးကို တော်တော်သဘောကျပါတယ် စဉ်းစားစရာတွေလဲ ရတယ်
ဘာမှ မဟုတ်ဘူးလို့ ထင်ရတဲ့ ကြောင်လေးတွေ အကြောင်းကို စိတ်ဝင်စားအောင် ရေးနိုင်တာက ပညာပါ
NHK က အစီအစဉ်လေးတွေ ကြည့်ဘူးတယ် တကယ်ကြည့်လို့ကောင်းတယ် ကြည့်လိုက်တာနဲ့ ရှင်းကနဲဖြစ်သွားတယ် ကလေးတွေကို ရှင်းပြတဲ့ ပုံစံမျိုးလေးနဲ့ နမူနာ အရုပ်လေးတွေနဲ့ ရှင်းတာ
ဒီမှာ အဲဒီလို အစီအစဉ်လေးတွေ ပြရင်ကောင်းမယ်
moonpoem
September 29, 2011 at 2:18 pm
ကြောင်ချစ်တယ်ဆိုပေမယ့် ကြောင်အမွှေးတွေက လူ ့ကျန်းမာရေးအတွက်မှ မကောင်းတာ ။ သီးခြားထားတာပဲ ကောင်းပါတယ်။
weiwei
September 29, 2011 at 2:34 pm
ဝတ က စိတ်နာသွားတာကမှ ခံစားရတာ တော်ပါသေးတယ် ….
ခွေးကလေးတွေဆိုရင် သခင်က ဘယ်လိုရက်စက်ရက်စက် စိတ်မနာတတ်ကြဘူး … အမြဲတမ်း သခင်ကို ကြိုဆိုနေကြတာ မြင်ရတာ ရင်ထဲမှာ နင့်နေအောင်ခံစားရတယ် …
kai
September 29, 2011 at 2:54 pm
ကြောင်တွေက..သစ္စာမရှိဘူးကြားဖူးတယ်..။
အိမ်မှာ..လူတယောက်ယောက်အသည်းအသန်ဖြစ်ရင်.. အိမ်က ကြောင်ကိုရှာမတွေ့တော့ဘူးပြောကြတယ်..။
အဲဒါမျိုး..အဖိုးကင်ဆာနဲ့ဆုံးတော့.. ကြောင်တွေရှာမတွေ့တာ..ရေးရေးမှတ်မိတာပေါ့..။
ကြောင်က.. လူပမာအနံ ့မခံနိုင်သလားမှမသိတာနော.. လို့တွေးမိတာပါပဲ..
ခွေးကတော့.. သခင်သေလည်း.. သူပါအိပ်ယာနားခွေနေတတ်တာမြင်ဖူးတယ်..။
ဟုတ်မဟုတ်.. အတွေ့အကြုံလေးတွေပြောကြပါဦး..။
=
အပေါ်ကစာထဲက.. ဝတ ဆိုတဲ့ကြောင်ကိုတော့..အံ့ဩမိတယ်..။
သူက..အုပ်ထိမ်းသူ(သခင်)အမိန့်လည်းနာမခံသေး.. သူ့စိတ်ချည်းပဲပုံစံပေါ့..။
အံ့ဖွယ်သုတပဲ..။ 🙂
etone
September 29, 2011 at 3:17 pm
ယုတိ္တမရှိ လက်မခံနိုင်ပေမဲ့ … အဲ့ဒီလို ပြောကြတာပဲ .. တိုက်ဆိုင်တာလား မသိဘူး .. ဖိုးဖိုးနာမကျန်းဖြစ်တုန်းက အဲ့ဒီအချိန် အိမ်မှာ ကြောင် ဆယ့်နှစ်ကောင်ရှိတယ် .. တပတ်လောက် အားလုံး အိမ်လည်ထွက်ကုန်ကြတယ် … 😛 နေပြန်ကောင်းပြီး ထူထူထောင်ထောင်ဖြစ်လာမှပဲ .. ပြန်လာကြတယ် … ။
တက်နင်းမိပြီး ဦးနှောက်မကောင်းတဲ့ ကြောင်လေးကျတော့ နောက်တစ်နှစ် ဖိုးဖိုး အသည်းသန်ထပ်ဖြစ်တဲ့အခါ သူလည်း ပြေးရမှန်းမသိဘူးထင်တယ် … ။ ရောဂါမရှိပါပဲ … အကောင်းကြီးကနေ အိပ်ယာထဲခွေပြီး နှစ်ရက်မြောက်နေ့ကျတော့ သေရော … ။ အဲ့ဒီနှစ်ကလည်း ဖိုးဖိုး မသေခဲ့ဘူး … ။ တိုက်ဆိုင်တာပဲ ဖြစ်မှာပါ … လောကမှာ အသေစား အသေခံလို့မှ မရတာ .. ။
တကယ်သေတဲ့နှစ်လည်းရောက်ရော .. အိမ်မှာ ဘာကြောင်မှမရှိတော့ဘူး … ။ 🙁
etone
September 29, 2011 at 3:01 pm
ကျွန်မသာဆို … သံယောဇဉ်ကြောင့် ကြောင်မွေးကပ်လည်း နှင်ထုတ်မိမှာ မဟုတ်ဘူးလေ … ။ အပြင်ပုံပန်း သဏ္ဍန်တွေထက် စိတ်ခံစားမှုကို ဦးစားပေးတဲ့ ကျွန်မအတွက်တော့ … ဇာတ်လမ်းလေး ဖတ်ပြီး ကြောင်လေးကို သနားမိတယ် … ။ အလေလွင့်ဖြစ်တဲ့ ဘဝမှာ နားခိုရာလိုချင်တဲ့ သဘောပါပဲ … ။
အခုကျွန်မမွေးထားတဲ့ ကြောင်လေးဆိုလျှင် မနက်တိုင်း အိပ်ယာထဲဝင်ပြီး လာနှိုးတတ်တယ် … အရင်ကနှိုးလျှင် မျက်နှာကို လက်ဖဝါးလေးနဲ့ ပုတ်ပြီး နှိုးတတ်လို့ စိတ်မကြည်ပဲ နှိုးလာရတဲ့ တစ်ရက် မျက်နှာကို လက်နဲ့ ပုတ်လျှင် ရိုက်ခံရမယ်လို့ … လက်ကလည်းရွယ်ပြ ပါးစပ်ကလည်း ပြောပြတော့ .. စိတ်ကောက်ပြီး သုံးလေးရက်လောက် လာမနှိုးတော့ဘူး … ။ သူကြိုက်တဲ့ ရေခဲမုန့်ကျွေး ၊ ကန်စွန်းရွက်ကျွေးပြီး ပြန်ချော့လိုက်တော့မှ … ဒီနေ့ထိ ပြန်လာနှိုးပေးတယ် … နှိုးနည်းကတော့ ပြောင်းသွားတယ် … အရင်ကလို လက်နဲ့ မပုတ်တော့ပဲ … မျက်စိ ဖွင့်မကြည့်မချင်း တစာစာ အော်နေတော့တာ .. စိတ်မထင်လျှင် ခေါင်းကြီးတိုးပြီး .. နှာခေါင်းလေးနဲ့ …. လာလာနမ်းတယ် … ။ မကြိုက်ပေမယ့် သိတတ်တဲ့ သူ့ရဲ့စိတ်လေးကို သဘောကျလို့ နေသာသလို နေခိုင်းလိုက်တော့တယ် … ။ အလုပ်သွားခါနီးလည်း .. ကြောင်စာလေး ထည့်ထည့်ပေးခဲ့ရတယ် … မေ့သွားလျှင် နောက်ကလိုက်ပြီးတောင်းတာ လမ်းမပေါ်ထိရောက်တယ် … ။ နောက်ပိုင်း ရုံးမသွားခင် အစာချကျွေးတဲ့ အလုပ်ကိုတော့ ကြောင်လေးကို သနားတဲ့စိတ်နဲ့ .. သတိထားပြီး လုပ်ပေးပါတယ် … 🙂
ပေါက်ဖော်
September 29, 2011 at 3:25 pm
ဝတ သံယောဇဉ်ပေါ့
ကြည့်ရတာ ကြောင်ချစ်တတ်ပုံပေါ်တယ်နော့်
အရင်က ကျနော်လဲ.. ခြင်ထောင်ထဲ ကြောင်ထည့်ပြီး အိပ်တာဗျ
တော်တော်ချစ်ဖို ့ကောင်းတယ်..သူများလာတောင်းလို ့ပေးလိုက်ရတယ်
ဒါပေမဲ့..
ချစ်ဖို ့ကောင်းအောင်နေတတ်တဲ့ကြောင်တွေရှိသလို..တွေ ့တာနဲ ့ရိုက်သတ်ချင်အောင် အကျင့်မကောင်းတဲ့ကြောင်တွေလဲရှိတယ်…
အီးပါ..သေးပေါက်..လစ်တာနဲ ့ခိုးစား..တဲ့….ကြောင်မဲကြီးတွေ
ကျနော်..သတိထားမိတာတစ်ခုက..ကြောင်လိမ်မာ..သို ့.
ချစ်စရာ.ကြောင်တွေဟာ…သူတို ့ကို စိတ်နာအောင်.အသားနာအောင်.တစ်ခုခုလုပ်မိလိုက်ရင် ဘယ်တော့မှ ပြန်မလာတော့ဘူး..ဗျ
သောက်ချိုးမပြေတဲ့ ကြောင်သူခိုးတွေက ရိုက်ထုတ်လဲ..အချိန်တန်ရင်..လာလာခိုးစားတာပဲ
အဲတာဆိုးတယ်
နွယ်ပင်
September 29, 2011 at 3:42 pm
အရင်ကတော့ အိမ်မှာ ကြောင်ကလေး တစ်ကောင်မွေးဖူးတယ်
ကရင်နှစ်သစ်ကူးမှာမွေးလို့ သူ့ကို ကရင်လို့နာမယ်ပေးထားတာ
ကရင်က ကြောင်ပါးလေးပေါ့ သူ့ကို ချစ်တဲ့သူ အစာကျွေးနေကျလူဆို
အနားမှာ ကပ်ပြီး မစာလဲ အစာလိုက်တောင်းတက်တယ် တစ်ခါတစ်လေများ
သူ့မှာ အစာတောင်းနေရင်း ဗိုက်အရမ်းဆာနေသလိုမျိုး ပျာယာခတ်ပြတာတို့
မြေကြီးပေါ်မှာ လူးလိမ့်ပြတာမျိုးတွေပါ လုပ်ပြတက်တယ် တကယ်လည်းချကျွေးရာ
အသားလေးတွေ ချည်းရွေးစားသွားရော ဒီကောင်လေးက တစ်ခြား ကြောင်တွေလို
ကြောင်စာကျွေးရင် ကြောင်စာတစ်မျိုးတည်းကိုပဲ မစားဘူး ကြောင်စာစားလိုက်
ထမင်းနဲ့ ဟင်းနယ်ကျွေးတာ စားလိုက်နဲ့ အစားကလဲ ကြီးတော့ ဝတိုနေတာပဲ
တစ်နေ့တော့ ကြွက်ခုတ်ရင်း လေးလွှာလောက် အမြင့်ကပြုတ်ကျတာ အောက်က
ပုလင်းကွဲပေါ်ပြုတ်ကျရင်း သေသွားတယ်လေ ကရင်လေး သေသွားတော့
တစ်အိမ်လုံး စိ်တ်မကောင်းဖြစ်လိုက်ရတာ အဲသည့်နောက်ပိုင်းက စပြီး
အိမ်မှာ ဘယ်အကောင်ကိုမှ မမွေးဖြစ်တော့ဘူး ကြောင်လေးကို သံယောဇဉ်ဖြစ်တော့
တော်တော်လေး ခံစားလိုက်ရတယ် စိတ်ထဲလဲ မကောင်းလိုက်တာ အရမ်းပဲလေ ……….
pooch
September 29, 2011 at 4:27 pm
အတော်လေးကို အတွေးပါတဲ့ စာလေးပါ။ ဖတ်ပြီး…ခဏတောင်ငိုင်သွားတယ်။ ကိုယ့်ကိုကိုယ်ပြန်တွေးမိလို့ပါ ။
ကျမတို့ အိမ်မှာ အယ်လ်ဇေးရှင်းခွေးတွေမွေးထားတာ ၁၅ နှစ်ကျော်လောက်ရှိပြီ ။ စစချင်းတော့ ၂ ကောင်ပေါ့ ။နောက် မျိုးပွားတာ ဆုံးတာနဲ့ အခု နောက်ဆုံး ၁ ကောင်ရှိတယ်။ လူလို စကားမပြောတတ်တာပဲ ရှိတယ်။ ပြောတာ အကုန်နားလည်တယ်။ ကျမနဲ့တော့ မတည့်ဘူး။ အရိုးသားဆုံး ဝန်ခံရရင် အဲ့ဒီခွေး လူပါးဝတယ်ထင်လို့ ။ ခွေးက ဘယ်တော့မှ ခွေးလို မနေဘူး။ လူလိုနေချင်တယ်။
အမေ့အသဲကျော်ပါ ။ ကျမနဲ့တော့ တကျက်ကျက်။ အမေက ကျမထက် အဲ့ဒီခွေးကို ဆို သဲသဲလှုပ်မို့ ကြည့်မရတာလည်းပါတယ်။ သံယောဇဉ်တော့ ရှိတာပေါ့။
ဒါလေးဖတ်ပြီး ရင်ထဲ ထိသွားတယ် ။ ကျမသူနဲ့ ငြိမ်းချမ်းရေးယူလိုက်အုန်းမယ်။ ဒုတိယ ကိုသစ်မင်းလို နောင်တမရချင်ဘူး။
ကိုသစ်မင်းပြောတဲ့ ကြာင်ကပေးတဲ့ သင်ခန်းစာလိုမျိုး အတွေးအခေါ်က အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ကျမ ဒါလေး သူငယ်ချင်းတယောက်ကို share ချင်ပါတယ် ။ ခွင့်ပြုပါ။
thit min
September 30, 2011 at 5:53 am
ဟုတ်ကဲ့ရှယ်ပေးပါ။ကောင်းပါတယ်။ခွင့်ပြုပါတယ်။
——————————————————–
မြန်မာပြည်မှာတုန်းကတော့ကြောင်မျိုးစုံတွေ့ဘူးပါတယ်။
နှိပ်ပေးတတ်တဲ့ကြောင်၊အိပ်ချင်လာရင်ပုဆိုးကိုလာဆွဲတဲ့ကြောင်၊ခြေထောက်နဲ့ဘက်ကစ်ကစ်ပြီးတံခါးပိတ်တတ်တဲ့ကြောင်၊
ပြတင်းပေါက်ကခုန်ချတတ်လို့၆ထပ်အခန်းကိုအိမ်အပြောင်းမှာအရင်အိမ်ဘဲလိုထင်ပြီးခုန်အချအောက်ကျခါနီးလေးမှာ
ကိုယ်ကိုကိုယ်မှားမှန်းသိသွားပြီးမာလကီးရားသွားတဲ့ကြောင်၊ကြွက်မြင်ရင်လန့်ပြေးတတ်တဲ့ကြောင်ပေါက်စလေး အများကြီးတွေ့ဘူးပေမဲ့ခုလောက်လူနဲ့ဆန့်ကျင်တတ်တဲ့ပုံစံမျိုးနဲ့ကြောင်မျိုးကိုမတွေ့ဘူးခဲ့ပါဘူး။
ကြောင်ကြီး
September 30, 2011 at 7:55 am
ဝတ ဝတ
သူ့ဘဝ
မလှပပေမဲ့
တသသ
ဖြစ်သူများရှိ..
မဟုတ်ပါ
ကလေကဝ
မနေရလေမှ
ဒီဘဝဒီမျှ
ရှိစေတော့..
ကျွေးမွေးအစာ
နွေးအိပ်ယာနဲ့
သခင်ရဲ့စာနာမှု
ဘဝအတုမှာ
ငါသာယာခဲ့..
ပြန်ပေးဆပ်လို
နောင်ကြုံဆုံ
ဘုံဘဝ
နုံခြာလှတဲ့
သုညမဖြစ်လို….။
pooch
September 30, 2011 at 10:31 am
ကျေးဇူးပါ share လိုက်ပါပြီ။ ဒါနဲ့ ကြားမိလားမသိဘူး။” ဝတ” က အခု လူဝင်စားဘဝနဲ့ ရွာထဲရောက်နေတာကြာပြီ။ တွေ့မိသေးလား…. ရွာထဲ က အပျိုမှန်သမျှ တယောက်မှ အလွတ်မပေးတတ်ဖူး။ သူကြီလည်း သူ့ကို ဆို ကြောက်ရတယ်။ 🙂 🙂
Shwe Ei
September 30, 2011 at 12:01 pm
ကျမကတော့ ကြောင်ရော ခွေးရောအကုန်ချစ်။ သူတို့နဲ့လည်း ပလူးပလဲနေတာဘဲ။ ရောဂါတွေ ဘာတွေ တွေးပူမနေဘူး။ သေရင်လည်းငိုရတာအမော။ အခုတော့ အိမ်မှာ အာပြဲစိန် ဆိုတဲ့ ကြောင်မလေးတကောင်ဘဲရှိတယ်။ ကမြင်းလိုက်တာလွန်လို့။
nozomi
September 30, 2011 at 12:08 pm
ဒေါ်ရွှေအိ စကားပြောတာ နဲနဲ ဆင်ခြင်နော်
ကျမကတော့ ကြောင်ရော ခွေးရောအကုန်ချစ်။
ကိုကြောင်ကြီးက ဒီစကားစောင့်နေတာ ဘယ်အချိန် ဘေးနားပေါ်လာမလဲ ကြည့်နေဦး
char too lan
September 30, 2011 at 4:19 pm
ကြောင်ကလေး ခွေးကလေး ဘာလေး ညာလေး ဘာတစ်ကောင်မှမချစ်တတ်ဘူး
ဒါပေမယ့် KingKaung ဇာတ်ကားထဲကကောင်ကြီးနဲ့ Planet of the apes ကားထဲကကောင်တွေကို သဘောကျတယ်ဗျာ… အရမ်းမိုက်ဒယ်……. 🙂
thit min
September 30, 2011 at 5:50 pm
ထူးဆန်းတာတခုရေးဘို့ကျန်ခဲ့တယ်ဗျို့။
အဲဒီကြောင်လေကြောင်လွင့်လေးတွေကိုအစာကြွေးရတာစကားပုံတခုပြင်ရမလိုပဲဗျ။
သူတို့နိုင်ငံကအမှိုက်ပုံကဟာရယ၊်စူပါမားကက်ကကြောင်စာမဟုတ်ရင်မစားဘူးနော်။
တခါသားကြောင်စာဝယ်ဘို့သတိလစ်သွားလို့အိမ်မှာမြန်မာပြည်ကပြန်လာတဲ့သူငယ်ချင်း
လက်ဆောင်ပေးထားတဲ့ငါးခူကြော်လေးဖဲ့ပြီးထမင်းနဲ့နယ်ကြွေးတာ”ညံ့လှချီလား”ဆိုတဲ့ဒီဇိုင်းနဲ့
တချက်နမ်းကြည့်ပြီးဘယ်ကောင်ကမှမစားဘူး။မီးမြင့်ပုံက။
အင်း …………..ငါးကြော်မကြိုက် ကြောင်မိုက်စကားပြင်ရမဲ့ပုံ^^
koyinmaung
September 30, 2011 at 6:59 pm
အနောက်နိုင်ငံလူတွေနဲ့အာရှကလူတွေ အစားအသောက်ကြိုက်တာချင်းမတူသလို
ကြောင်တွေလဲ အစာ ကြိုက်တာခြင်းဘူးနော်….
အနောက်နိုင်ငံကကြောင်တွေအကြောင်းခုမှသိရတယ်…..
thit min
September 30, 2011 at 9:05 pm
ကိုရင်မောင်ရေ
အနောက်မဟုတ်ပါဘူးခင်ဗျာ။အရှေ့ပါ၊အာရှပါပဲ။
windtalker
September 30, 2011 at 9:10 pm
ကိုသစ်မင်း ကြောင် အကြောင်း ဖတ်ရတော့
မောင်ပေ့ ကြောင်တွေ ကို သတိရမိတယ်
အမှတ်သဲညှာ ကြီးတာတော့ အမှန်ပဲ ကိုသစ်မင်းရေ
သူတို ့ကို တစ်ချက်လောက် ကန်မိရင်
ရိုက်ခဲ့မိရင်
ကိုယ့်အနား ကို ၃ ၊ ၄ ရက်လောက် မကပ်ချင်ဘူး ဗျ
နောက်ပြီး
ငယ်ကတည်း က ထမင်းနဲ ့ငါးနဲ ့ပဲ နယ်ကျွေးခဲ့တော့
တစ်ခါတစ်လေ ငါးမရလို ့
ကြက်သား ဆိတ်သားပြောင်းကျွေးရင်
ဆရာသမား များ က မစားတော့ပြန်ဘူး
တယ်ခက်တဲ့ ကြောင်တွေ
( ဂေဇက် က ကိုကြောင် မဟုတ်ဘူးနော )