ကိုယ့် ကိုယ် ကို အ လိုင်း မင်း ချိန် ကြည့် ခြင်း
ကားဘီး အလိုင်းမင်း ချိန်သည် ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ဖတ်ဘူးကြမှာပါ။
ဘီးအလိုင်းမင်း မမှန်ရင် ဘယ်ဘက်ဆွဲလိုက် ညာဘက်ဆွဲလိုက်နဲ့ မောင်းလို့မကောင်းပါဘူး။
ကျွန်တော်တို့ လူတွေမှာလည်း စိတ် အလိုင်းမင်း မမှန်ရင် လုပ်ရကိုင်ရပြောရဆိုရတဲ့ နေရာမှာ အဆင်မပြေတာတွေများပါတယ်။
ဘီးအလိုင်းမင်းချိန်သလိုပဲ၊ စိတ်ကိုလည်း အလိုင်းမင်းချိန်ပေးဘို့လိုပါတယ်။ အပြုသဘောအမြင်ထက် အပျက်သဘောအမြင်က များနေတယ်လို့
ကိုယ့်စိတ်ကို ပြန်သုံးသပ်မိရင် စိတ်ကို အလိုင်းမင်းချိန်ဘို့ လိုနေပါပြီ။
တရားထိုင်တာဟာလည်း စိတ်အလိုင်းမင်း ချိန်နည်းတစ်မျိုးပါပဲ။
စိတ်ဓါတ်ကို ခွန်အားပြည့်စေတဲ့ စာတွေ ဖတ်တာဟာလည်း စိတ်အလိုင်းမင်းချိန်နည်းတစ်မျိုးပါပဲ။
ကျွန်တော်လည်း ကိုယ့်စိတ်ကိုယ် အလိုင်းမင်းချိန်ဘို့ စာတွေ ဖတ်ခဲ့ဘူးပါတယ်။
သင်ယူဘို့ လိုအပ်တယ်ထင်လို့ သင်တန်းတွေ တက်တာဟာလည်း အလိုင်းမင်းချိန်နည်းတစ်မျိုးပါ။
သင်ယူခဲ့ဘူးတဲ့ မှတ်စုတိုလေးတွေထဲက တစ်ခုကို ပြန်တင်ပြတာပါ။
မန်နေဂျာ တစ်ယောက်ရဲ့ များပြားလှတဲ့ လိုအပ်ချက်တွေထဲမှာ သတ္တိရှိဘို့လည်း လိုပါတယ်တဲ့။
အဲဒီသတ္တိက ရန်ဖြစ်ရင် လက်ရဲဇက်ရဲနဲ့ ရိုက်ရဲတာကို ဆိုလိုတာမဟုတ်ပါဘူး။
မိမိစီမံအုပ်ချုပ်ရတဲ့ ဝန်ထမ်းတွေအတွက်
စွန့်လွှတ်သင့်တာကို စွန့်လွှတ်ရဲတဲ့ သတ္တိ၊ အနစ်နာခံသင့်တာကို အနစ်နာခံရဲတဲ့ သတ္တိကို ဆိုလိုတာပါ။
ရစရာရှိရင် မိမိဝန်ထမ်းတွေအတွက် ဦးစားပေးရဲတဲ့ သတ္တိရှိဘို့လိုပါတယ်။
ပြသနာတစ်ခုဖြစ်လာရင် ခေါင်းခံရဲတဲ့ သတ္တိလည်းရှိဘို့လိုပါတယ်။
ပြသနာကို ဝန်ထမ်းတွေလွှဲချပြီး ကိုယ်နဲ့ ဘာမှမဆိုင် သလိုနေတတ်တဲ့ မန်နေဂျာမျိုးနဲ့ ဝန်ထမ်းတွေကလက်တွဲပြီး အလုပ်မလုပ်ချင်ကြပါဘူး။
ရစရာရှိရင် ကိုယ်ကပဲ ခွယူပြီး ပြသနာကြုံလာတော့ မှ ကိုယ့်ဝန်ထမ်းတွေကို လွှဲချနေရင်တော့ ဘယ်တော့မှ အောင်မြင်တဲ့ မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။
အနစ်နာခံရဲတဲ့ သတ္တိမရှိပဲနဲ့တော့ လက်အောက်ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။
နည်းနည်း ချဲ့ထွင်တွေးကြည့်ရင် အလုပ်ခွင်ထဲမှာတင်မဟုတ်ပါဘူး။
မိသားစုထဲမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေ ကြားမှာဖြစ်ဖြစ် အနစ်နာခံတတ်တဲ့လူတွေဟာ နေရာတစ်နေရာ အခိုင်အမာရှိနေတတ်ကြတာပါပဲ။
စွန့်လွှတ်အနစ်နာခံရဲတဲ့ လူတွေမှာ အင်မတန်ကြီးမားတဲ့ ပါဝါ တစ်ခုရှိနေတာ သေချာပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း မိသားစုထဲမှာ၊ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ၊ (ရွာထဲမှာကောပေါ့ဗျာ) သတ္တိရှိသောလူတစ်ယောက်ဖြစ်ဘို့ (မဖြစ်သေးဘူးနော်)
ကြိုးစားနေဆဲပါလို့ ဝန်ခံပါတယ်။
ရွာထဲမှာနေရင်တော့ဖြင့် အနည်းဆုံး ကိုယ်ရေးတဲ့စာကို ဝေဖန်ခံရဲတဲ့ သတ္တိ ရှိဘို့တော့ လိုပါလိမ့်မည်။
ကိုယ့်ကိုယ်ကို အလိုင်းမင်းချိန်ကြည့်တာပါ။
3 comments
nozomi
September 29, 2011 at 1:36 pm
ဒီအနေအထားနဲ့ဆို အလိုင်းမင်းချိန်စရာ မလိုသေးပါဘူး
ရွာထဲမှာနေရင်တော့ဖြင့် အနည်းဆုံး ကိုယ်ရေးတဲ့စာကို ဝေဖန်ခံရဲတဲ့ သတ္တိ ရှိဘို့တော့ လိုပါလိမ့်မည်။
ဟုတ်တယ် အဲဒါတော့လိုတယ်
Tony
September 29, 2011 at 1:43 pm
ကို blackchaw ရေးတဲ့ စာကိုဖတ်ပြီး ကျွန်တော်လဲ ကိုယ့်ကိုယ်ကို အလိုင်းမင်းချိန်လိုက်တာ…..တော်တော်ဆိုးတဲ့ အချိန်နေမှာရှိတယ်။ ဒါပေမယ့်လဲ ကား တားရာ တွေကတော့ မပါးသေးဘူး။ သုံးလို့ရသေးတယ် ဆိုတာတွေ့ရတယ်ဗျ။ အရှ့ဘီး နှစ်လုံးပါးရင် ၊ နောက်ဘီးနှစ်လုံးနဲ့ ပြောင်းတပ်လိုက်မယ်ဗျာ။ အသုံးခံပါသေးတယ်။
“ရွာထဲမှာနေရင်တော့ဖြင့် အနည်းဆုံး ကိုယ်ရေးတဲ့စာကို ဝေဖန်ခံရဲတဲ့ သတ္တိ ရှိဘို့တော့ လိုပါလိမ့်မည်။”
ဒါလဲလက်ခံတယ်ဗျ။ ဝေဖန်ခံရလို့ ဘာမှဖြစ်သွားမှာမဟုတ်ပါဘူး။ internet ထဲမှာ ဝေဖန်ခံရတာ ဘာမှလဲပိုမထူးပါဘူး။ ကျွန်တော်တို့က ကမာ္ဘကျော်တွေမဟုတ်သလို ၊ နာမည်ကြီး ရုပ်ရှင် မင်းသား ၊ အဆိုတော်တွေလဲ မဟုတ်ပါဘူး။ နာမည်တစ်လုံးနဲ့ နေမယ့်သူတွေတွက်ကတော့ အရေးပါရင်ပါမှာပါ။ internet ထဲမှာ နာမည်တစ်လုံးနေချင်လို့လဲ ဘာမှပိုမထူးပါဘူး။
ရွှေအိမ်စည်
September 30, 2011 at 1:03 am
ဝေဖန်ခံနိုင်လေ..ကိုယ်ပိုတိုးတက်လေ လို ့ယူဆရင်..
ဘာလို ့ကြောက်ရမှာလည်း…..
နာမည်ဆိုတာကတော့လူတိုင်းမှာလိုမှာပါဘဲ…
သေချာပါတယ်….အလိုင်းမင်းချိန်တတ်ဖို ့သိနေတာနဲ ့တင်လုံလောက်ပြီ
ဆက်သာကြိုးစားပါအားပေးလျှက်ပါ..။