မြန်မာပြည်ကိုချစ်သည်
ခေါင်းစဉ်က မြန်မာပြည်ကို ချစ်သည်ဆိုတော့ ဘာပါလိမ့်ပေါ့။ တကယ်ပါ ကျွန်မ မြန်မာပြည်မှာ နေရတာ အလွန်ပျော်ပါတယ်။ ကိုယ့်မြေမို့ ကိုယ်ပြောတာမဟုတ်ပါဘူး။ တကယ့် ချစ်စရာ မြန်မာ ဖြစ်တာ
အမှန်ပါရှင်။ ကျွန်မ ဘာကြောင့် မြန်မာပြည်ကို ချစ်တာလဲဆိုတာ ပြောပြပါမယ်။ ကျွန်မတို့မြန်မာပြည်ရဲ့ ဆောင်ပုဒ်က ဘာတဲ့ ခေတ်မှီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့တဲ့။ ဒီတိုင်းပဲ နည်းပညာတိုးတက်ခေတ်မီနေတဲ့အတိုင်းပါပဲ။ ကျွန်မတို့အတွက် လိုင်းကားတွေကို အဆင်ပြေအောင် စီးနိုင်ရန် ချထားပေးတဲ့အတွက် ၂၀ဝ ကျပ် အထူးကားဆိုတာတွေကိုလည်း စီးခွင့်ရပါတယ်။
နောက်တစ်ချက်က ခရီးသည်များအဆင်ပြေအာင် ခုံပြည့်ဆိုပေမယ့် ခြေနင်းခုံထိ တင်ဆောင်ပေးခြင်းကလည်း တကယ့်ကို မြန်မာအချင်းချင်း ကူညီရိုင်းပင်းတယ်လို့ မြင်မိတယ်။ နောက်တစ်ချက်က
ကားပေါ်မှာ မတ်တတ်ရပ်တဲ့အခါလည်း ကိုင်နေရမှာစိုးရိမ်တဲ့အတွက် လူများကို ကြပ်ပိတ်သိပ်အောင် တင်ပေးထားတာကလည်း တကယ့်ကို ကျေးဇူးတင်စရာကောင်းလှပါတယ်။ ဒီလိုစီးလို့လည်း
ကျွန်မတို့တစ်တွေ ကျန်းမာရေးကောင်းအောင်လည်း လုပ်ဆောင်ထားပေးပါသေးတယ်။ တကယ်လို့ထိုင်ခုံရရင် လမ်းခရီးက အလွန်ဝေးတဲ့အတွက် အထိုင်များပြီး ချိနည့်သွားမယ်လို့လည်းကြိုတင်တွေးပေးထားပါသေးတယ်။ နောက် ထပ်မံပြီး ကားစီးရင်းနဲ့ အနားယူနိုင်အောင်လည်း ဖန်တီးပေးထားပါတယ်။ ကားပေါ်မှာ အိပ်ပျော်လို့ သုံးလေးခါနိုးပေမယ့်လည်း မှတ်တိုင်တွေမှာ
အိပ်ရေးပျက်မှာစိုးသကဲ့သို့ အလိုက်သိစွာကျောက်ချရပ်နားပေးခြင်းအားဖြင့်လည်း ကူညီပို့ဆောင်ပေးပါတယ်။
ချစ်စရာ မြန်မာဆိုတဲ့အတိုင်းပါပဲ။ အများပြည်သူကျန်းမာရေး ညီညွတ်စေဖို့အတွက် လမ်းများကိုလည်း ချိုင့်ခွက်များအဖြစ် သေသေချာချာ မွမ်းမံပေးထားခြင်းဖြင့် ကျွန်မတို့မှာ
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းမှ ကင်းဝေးရတဲ့အတွက်လည်း မြန်မာပြည်မှာ နေရတာ နေပျော်ပါတယ်။ အဲ နောက် နည်းပညာတိုးတက်လာတာနဲ့အညီ မြန်မာပြည်ရဲ့ အင်တာနက်ကွန်နက်ရှင်များကို
ဂရုတစိုက် ပြုပြင်နှေးကွေးပေးထားတာကိုကလည်း တကယ် အလိုက်သိတယ်လို့ ထင်မိပါတယ်။ ဒါက အကြောင်းမဲ့ နှေးကွေးထားတာမဟုတ်ပါဘူး။ ကျွန်မတို့က နိုင်ငံတကာနဲ့
ရင်ဘောင်တန်းနိုင်ဖို့အတွက် အချိန်နဲ့တစ်ပြေးညီ အလုပ်တွေကို လုပ်စေဖို့ အင်တာနက်ဖွင့်ထားရင်း မတက်သေးတဲ့အတွက် အလုပ် နှစ်ခု သုံးခုကို လုပ်ရင်း သုံးစွဲတဲ့အခါ အလုပ်တွေလည်း တစ်ပြိုင်တည်း ပြီးစီးပါတယ်။
ဒီလောက် အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ထားပေးထားတာတောင် ဘာလို့များ ပြည်ပကို သွားပြီး ကျွန်ခံနေကြတာလည်းဆိုတာကို နားမလည်နိုင်အောင် ဖြစ်မိပါတယ်။ နောက် မြန်မာပြည်က
ဖုန်းလိုင်းတွေလုပ်ပေးထားတာကလည်း အလွန်မှ ပညာရှိတွေမှ ဒီလိုလိုင်းမျိုးကို လုပ်ဆောင်နိုင်တဲ့သူလို့တော့ ကျွန်မကတော့ မြင်မိတယ်။ ကျွန်မတို့အတွက် အရမ်းအဆင်ပြေတယ်လို့ ခံစားမိတယ်။
ဟုတ်တယ်လေ။ ဖုန်းလာလို့ကိုင်လိုက်ရင် တကယ်လို့တစ်ဖက်လူက ပိုက်ဆံချေးတာတို့၊ ဒါမှမဟုတ် ကိုယ်မကြည်တဲ့သူတို့ဆီက ဖုန်းလာပြီဆိုရင် ဟဲလို ဟဲလို မကြားရဘူး။ မကြားရဘူး။
ဘာတွေပြောနေတာလဲဆိုပြီး ဖုန်းပိတ်လိုက်တဲ့အတွက် ချေးငှားခြင်းမှာလည်း ကင်းဝေးပါသေးတယ်။ ဈေးသည်များအတွက်လည်း ကားမှတ်တိုင်အမိုးများ သေချာကျကျနန
တည်ဆောက်ထားပေးခြင်းဖြင့် မြို့တော်ကြီး အဆင့်အတန်းမြင့်မြင့် ဈေးသည်များအတွက် စိတ်ပူပေးတာကြောင့်လည်း မြန်မာပြည်ကို ချစ်မိပါသည်။ အမယ် ရှိသေးတယ်နော် မြန်မာပြည်ကို ဘာကြောင့် ကျွန်မ ချစ်မိလည်းဆိုတာက လမ်းဘေးပလက်ဖောင်းပေါ်မှာ ရောင်းချနေတဲ့သူများ ဘေးရန်ကင်းကင်းနဲ့ သားငါးသည်များ အလေးခိုးနိုင်စေရန် ယူနီဖောင်းဝတ်များက ခါးမှာ
တုတ်များဆောင်ပြီး စောင့်ရှောက်ပေးကြတာကလည်း အလွန်ပဲ ဘေးရန်ကင်းလှပါတယ်။ ခေတ်မီတိုးတက်လာတယ်ဆိုတာ ဒီလောက် ပြောရုံနဲ့ သိနိုင်ပါတယ်လေ မဟုတ်ဘူးလား။ နောက် ခေတ်မီတာ
ရှိသေးတယ်ရှင့်။ ဟိုးအရင်တုန်း လိုက်လံတောင်းစားသော သူများသည် စုတ်ပြတ် နုံချာပြီး တကယ်ကို အဆင့်မရှိလှပါဘူး။ ဟော ခု ဘယ်လောက်တိုးတက်လာသလဲ ယူနီဖောင်းဝတ်စုံဖြူအပြည့်နဲ့ဆိုတော့ ပေးတဲ့သူလည်း အဆင့်မြင့်မြင့် ပေးလို့ရတာပေါ့။ အင်း ဒါကြောင့် ကျွန်မ မြန်မာပြည်ကို ချစ်တယ်လို့ ပြောမိတာ မလွန်ဘူးလို့ ထင်ပါတယ်နော်….
14 comments
moonpoem
September 29, 2011 at 3:44 pm
ဟုတ်ပါ့မမနောရယ် လိုင်းကားဘေးကဖြတ်သွားရင် ကွမ်းသွေးထွေးတဲ့အခါ ကိုယ့်မစင်အောင်၊ ခုန်ပြီးရှောင်ရတဲ့အခါကျပြန်တော့လည်း
ကျန်းမာရေးအတွက် အထောက်အကူပြုစေတာမို ့ကျွန်မလည်း မြန်မာပြည်ကို ချစ်လိုက်ပါရစေနော်
chitsu
September 29, 2011 at 4:02 pm
စာဖတ်ပြီးတော့မှကိုယ့်တိုင်းပြည်ကိုပိုတောင်ချစ်သွားပြီ…………..
စေတနာတွေနဲ့ပေါ့လေ…………..နိုင်ငံတော်ကလုပ်ပေးထားတာ
zawmyothu
September 29, 2011 at 4:20 pm
လျှပ်စစ်မီးက လည်း စေတနာ ကောင်းတယ်ဗျ
ကိုးရီးယား ဇာတ်လမ်းစွဲ နေသူတွေ အတွက် ပြတ်တောင်းပြတ်တောင်းနဲ.
မကြည်.နိုင်အောင်
လုပ်ပေးနေတာ
kai
September 30, 2011 at 2:56 am
ကြည့်ရတာ..လူမျိုးခြားနဲ့တူတယ်..။
ဟေ့.. နင်လူမျိုးခြားမဟုတ်လည်း.. နင့်ဘိုးဘွား(၁၀)ဆက်ကတော့.. လူမျိုးခြားဖြစ်မှာပဲ..။
ဒီလိုမြန်မာပြည်မှာကြီး..မြန်မာ့လေရှုနေသူက.. ဒီလိုမြန်မာပြည်ကိုခနဲ့-ရွှဲ ့ပြောတာဟာ….
တယုတ်တွေ (ဒါမှမဟုတ်)ကလားတွေ (ဒါမှမဟုတ်) ယိုဒရားတွေ(ဒါမှမဟုတ်) ..ဘာကောင်ဟုတ်ဟုတ်ကွာ…(လူတော့သေချာတယ်မဟုတ်လား!!… ) ..
… ရဲ့..
ယုတ်မာပက်စက်.. နို့ဆီခွက်လောက်တောင် ဇောက်မနက်တဲ့အကြံနဲ့လို့…
အင်တာနက်လေးတက်လိုက်.. အလှူလေးလုပ်လိုက်နဲ့..မဟာရန်ကုန်မှာ နေသူက..
.. တောထဲနေ..စပါးစိုက်ရင်း ထမင်းငတ်.. ပေါ်တာလိုက်.. စစ်ပြေးနေရတဲ့.. တိုင်းရင်းသားဘဝတွေမှအားမနာ… ပြောရက်လိုက်တာလို့..
မပြောလိုပါ… မပြောလိုပါ… အရေပြားတထောက် အသားအရောင်ကြည့်၍..
…ရွာခံသူကြီးမှာ..မပြောလိုပါ..။ 🙂
—
နောက်တာနော.. မနောမမ..
တယောက်ထဲစိတ်တိုပြီး.. ဘေးကခွေးသွားကန်မနေနဲ့ဦး..။ 🙂 🙂
manawphyulay
September 30, 2011 at 9:58 am
ကျွန်မရွဲ့ပြောတာမဟုတ်ပါဘူး။ ဘယ်အရာမဆို မြန်မာမှာနေပြီး ဗမာစစ်စစ်ဖြစ်တဲ့အတွက် အကောင်းမြင်တဲ့ဘက်ကပဲ ကြည့်မြင်သုံးသပ်ဝေဖန်တာ ဖြစ်ပါတယ်။ မပြောရက်ပေမယ့် ပြောသွားလိုက်တာ ရစရာကိုမရှိတော့ဘူး သဂျီးရယ်…
နှစ်လုံးပြူးအားကိုးနဲ့ ပြောတယ်လို့ပဲသတ်မှတ်ထားလိုက်ပါမယ်။ ဒါကြောင့် အဘိုးအဘွားတွေက ဆုံးမတာ ကိုယ်ကောင်းတိုင်း သူများ ကောင်းချင်မှကောင်းတာတဲ့။ မှန်တိုင်းလည်း အမှန်ကို မကြည့်ရဘူးတဲ့။ ဪ လောက လောက….
ကြောင်ကြီး
September 30, 2011 at 10:43 am
သဂျီးက မြန်မာစကားတောင် သေးသေးလေးပဲ တတ်တော့တယ်….။ 🙁
angelene
September 30, 2011 at 11:52 am
အမရေ နောက်ဆုံးအပိုဒ်ကလေ “လမ်းဘေးပလက်ဖောင်းပေါ်မှာ ရောင်းချနေတဲ့သူများ ဘေးရန်ကင်းကင်းနဲ့ သားငါးသည်များ အလေးခိုးနိုင်စေရန် ယူနီဖောင်းဝတ်များက ခါးမှာတုတ်များဆောင်ပြီး စောင့်ရှောက်ပေးကြတာကလည်း အလွန်ပဲ ဘေးရန်ကင်းလှပါတယ်။” ဆိုတဲ့ စာသားကိုတော့ တော်တော် ခိုက်တယ်သိလား ဈေးသွားရင်တောင် ယူနီဖောင်းနဲ့လူတွေကို ကြည့်ပြီးတော့ ဈေးဝယ်မှ နို့မို့ဆို ဈေးသည်တွေရဲ့ အလိမ်ခံနေရမယ် ……..
နွယ်ပင်
September 30, 2011 at 12:11 pm
“ဟိုးအရင်တုန်း လိုက်လံတောင်းစားသော သူများသည် စုတ်ပြတ် နုံချာပြီး တကယ်ကို အဆင့်မရှိလှပါဘူး။ ဟော ခု ဘယ်လောက်တိုးတက်လာသလဲ ယူနီဖောင်းဝတ်စုံဖြူအပြည့်နဲ့ဆိုတော့ ပေးတဲ့သူလည်း အဆင့်မြင့်မြင့် ပေးလို့ရတာပေါ့။ ” အစ်မ အဲတာဘယ်သူတွေလဲဟင် မသိလိုု့နော် ….. 🙂
htoosan
September 30, 2011 at 12:47 pm
ြဲ့မန်မာစံတော်ချိန် ည ၈နာရီ ရှိပါပြီ။ သတင်းများကို မောင်ထူးဆန်းမှ ကြေညာပါတော့မည်။
သတင်း ခေါင်းစဉ်..
MG ရွာ နေ ဒေါ် မနောဖြူသေး ..သည်းခံပါခင်ဗျာ.. ဒေါ်မနောဖြူလေး အား မနေပေါင်တော်မြိုု့ နေ သမ္မတ ကြီးမှ ” ပိုလီ ယားနာ” သည်းခံပါခင်ဗျာ ..ပိုလီယာနာ ဆုတံဆိပ်ချီးမြှင့်လိုက်ခြင်း ..
chitsu
September 30, 2011 at 1:58 pm
သတင်းကြော်ငြာသူရယ်မှန်အောင်ကြော်ငြာပါ
MOEPWINTPHYU
September 30, 2011 at 2:49 pm
ချစ်စရာတွေပြောသွားလိုက်တာ ချစ်ပါတယ်ဆိုမှ
မြန်မာပြည်ကမခွာချင်အောင်ပြောနေပြန်ပြိီ
ဒါကြောင်သူများတွေနိုင်ငံခြားလိုပြောနေတာတောင်မသွားတာ မြန်မာပြည်ကိုချစ်လို…
etone
September 30, 2011 at 3:57 pm
မြန်မာ့နည်းမြန်မာ့ဟန်
မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး …ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။
ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ ( ဂဲဟုအသံထွက်သည်။ ) (စင်ကာပူရောက်မြန်မာကလေးများဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့် အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများ
ဝါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း..ရောဆဲ ရောလတ္တံ့လို့သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင်လုပ်သည်။
ကြက်သားရေထိုး
နောက်တစ်ခုကကြက်သားကိုရေထိုးတာ။ ဆရာဝန်မဖြစ်လိုက်တဲ့ ကြက်သားသည်တစ်ယောက်ငယ်အိမ်မက်ကိုလွမ်းပြီး ကြက်သားထဲရေထိုးကြည့်ရာကနေမကြုံစဖူး အတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။ မြန်မာအိမ်ရှင်မတွေအိမ်မှာကြက်သားကို ရေထည့်ပြုတ်စရာမလိုအောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။ မြန်မာပြည်တွင်လုပ်သည်။
ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်
နောက်တစ်ခုက ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ ဂဲလို့ အသံမထွက်ဘူး။ ခဲပဲ။
ခဲလေသမျှ သဲရေကျက ခဲလို ခဲလို့ အသံထွက်တယ်။ ပုစွန်ထုပ်တွေက အမေကျော်ဒွေးတော်လွမ်းပြီး … အိတ်စပို့စ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေတော့ … မြန်မာပြည်သူပြည်သားတွေအတွက်အင်မတန်ကြီးတဲ့ပုစွန်ထုပ်ခေါင်းတွေကျန်ခဲ့တယ်။
အဲဒီခေါင်းကိုတောင်လေးလေးပင်ပင်ရှိအောင်ခဲလေးဘာလေးထည့်ပေးတယ်။ ….
အင်မတန်မှစေတနာကောင်းတဲ့ တို့လူမျိုးပါတကား။
ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီ
တကမာ္ဘလုံး ကြိုက်တဲ့နေရာသွားရှာကြည့် ချက်နို့ဆီလို ခဲအောင်လုပ်ထားတဲ့နို့ဆီမတွေ့ရဘူး။ မတွေ့ရတာကို အကောင်းမမှတ်ပါနဲ့။ လုပ်ဖို့မသင့်လို့မလုပ်တာပါပဲ။ အဲဒါကိုလည်း အင်မတန်မှ ရွှေဉာဏ်တော် ထက်မြက်တော်မူတဲ့ငနဲတွေက နို့ဆီကို ရှိတဲ့ chemical တွေသုံးပြီးခဲအောင်လုပ်ကြပါတယ်။ အင်မတန်မှ ကျန်မာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ချက်နို့ဆီကို ထုတ်ယူရရှိပါတယ်။ မြန်မာပြည်တွင်လုပ်သည်။
ပါရာစီတမောသွေးဆေး
တွေးကြည့်ရင်းနဲ့ တရုတ်မှာ နို့မှုန့်ထဲ မယ်(လ်)မင်းရောတာလောက်တော့ တို့နိုင်ငံသားတွေက ပျင်းတောင်ပျင်းသေးတယ်လို့ပြောလိမ့်မယ်။ မြန်မာအပူကျဆေးတစ်မျိုးဆိုရင် ပါရာစီတမောကို အမှုန့်ကြိတ်ပြီး မြန်မာမှုပြုလိုက်လို့ အပိတ်ခံလိုက်ရတာလည်းရှိပါတယ်။ မြန်မာတိုင်းရင်းဆေးအစ ပါရာစီတမောကလို့တောင်အသိအမှတ်အပြုခံရမလိုဖြစ်သွားပါတယ်။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။
ဂီယာတုတ်ထောက် ၊ ကတ်တောက်ကြိုးချည် ၊ ဆပ်ပြာမှုန့် အင်ဂျင်ဝိုင်
မော်တော်ကားမောင်းတတ်တယ်ဆိုတာ မဆန်းပါဘူး။ အတော်လေးလွယ်တာပါပဲ။ ဒါပေမယ့် တကမာ္ဘလုံးက ဒရိုင်ဘာတွေ ဘယ်လောက်တော်တယ်ပြောပြော တုတ်နဲ့ဂီယာတိုင်ကိုထောက်ထားဖို့ ဘယ်သူမှ မတွေးမိခဲ့ကြဘူး။ မြန်မာတွေက တွေးမိတယ်။ မြန်မာပြည်တွင်လုပ်သည်။
ဆိုးဆေးလှလှ
အစားအစာဆိုးဆေးကို အရောင်သိပ်မလှလို့ အဝတ်ဆိုးဆေးတွေဘာတွေသုံးပေးတဲ့ သဒ္ဓါတရားမျိုး မြန်မာတွေမှာပဲရှိတယ်။ စေတနာသုံးတန် (သုံးတန်ဆိုရင် အလတ်စားယာဉ်ဖြစ်ပြီ) ပြဌာန်းပြီး သုံးပေးတာ။ အရောင်လှတဲ့ မျှဉ်ငါးပိတို့ဘာတို့စားရင် အူတွေပါ ဆေးဆိုးပြီးသားဖြစ်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်သုံးချက်ပြတ်တာပေါ့လေ။
ဖရဲသီးရောင်းရင် ဓားမှာ ဆေးသကြားသုတ်ထားတဲ့လူမျိုးလည်း သိပ်များများမရှိလောက်ဘူး။ အဲဒါလည်းမြန်မာပြည်တွင်လုပ်သည်။
ရွှေညောင်ပင်ကို ကားပြရတယ်
ဂျပန်ကလာတဲ့ကားတွေ ညောင်ပင်ရှေ့မှာတက်လိုက်ဆင်းလိုက်မလုပ်ရင် အင်ဂျင်ပြဿနာရှိနိုင်တယ်၊ အတိုက်အခိုက်များမယ်လို့ယုံတာမျိုးလည်း မြန်မာပြည်တွင်လုပ်သည်ပဲ။ ရွှေညောင်ပင်လို့ခေါ်တယ်။ အခုရေးပြီးသလောက်ကို ကလေးတွေကိုပဲဖတ်ခိုင်းကြည့် ကိုယ့်တို့တွေ အတော်လေးပေါတာ၊ချာတာ၊ညံ့တာ၊ သုံးမရတာ အတော်လေးသဘောပေါက်လောက်ပြီ။
စားအုန်းဆီမွှေးမွှေး
တကမာ္ဘလုံးမှာ စားဖို့မသင့်တော်ဘူးလို့ တညီတညွတ်တည်း သတ်မှတ်ထားတဲ့စားအုန်းဆီကို ပေါပေါလောလောရောင်းပေးတာမျိုးကိုကြတော့ကွက်လပ်ကွက်လပ်ရဲ့ စေတနာလို့ပဲထားလိုက်ကြရအောင်။ မြန်မာပြည်တွင်လုပ်သည်။ (ပန်းနှမ်းနဲ့ဆီအုန်းမှမစိုက်ရင် ဘိန်းပြန်စိုက်ရမလားလို့ လက်ညှိုးပြန်ထိုးမှာလည်း စိုးရပါတယ်။) ဘိန်းကစိုက်ကိုမစိုက်တော့ဘူး။ မိတဲ့အခါကြတော့ ကွန်တိန်နာနဲ့ကိုမိတယ် ။
ExpiryDate ဖြစ်ရင် label လဲပေးတယ်
အစားအသောက်တွေမှာ ExpiryDate ဆိုတာပါတယ်။မုန့်လုပ်ငန်းတွေက အဲဒါမထည့်ရင်ရောင်းလို့မရဘူး။ တစ်ပါတ်တစ်ခါ ဆိုင်တွေဆီသွားပြီး၊ ကျန်တဲ့မုန့်ထုပ်တွေ၊ Expiredဖြစ်သွားတာတွေကို သွားသိမ်းတယ်လို့တော့ မတွေးပါနဲ့။ Expiry Date အသစ်လာကပ်ပေးတယ်။ အံ့ဖွယ် ဉာဏ်ကြီးရှင်တွေများတဲ့နိုင်ငံပါတကား။
ပလတ်စတစ်အကြော်
အကြော်ကြော်ရင် ထပ်ခါတလဲလဲကြော်တယ်။ ပြည့်ဝဆီတွေဟာ ဘာဖြစ်စေတတ်လဲလာမပြောနဲ့မသိဘူး။
စားချင်ရင်ဝယ်။ အဲဒီလို ကျန်းမာရေး အသိပြည့်ဝကြတယ်။ ဒီလိုမျိုး သမာရိုးကျအကြော်သမားထက် တစ်ပန်းသာတဲ့သူက အခု ပလတ်စတစ်ရေဘူး ထည့်ကြော်နေပြီဆိုတော့ နောက်ဆိုရင် recycle လုပ်မရတဲ့ ဘာမဆို ထည့်ကြော်ဖို့စိတ်ကူးထားသလားတောင်တွေးမိပါတယ်။ ငယ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်စိုက်မတ်မတ်ထောက်ခံခဲ့ပေမယ့် ဒီ reuse၊ replace၊ recycle အကြော်ကြီးကိုတော့ ဘယ်လောက်ပဲ Green အကြော်ပြောပြော မစားနိုင်ဘူး။ မြန်မာပြည်တွင် ပလတ်စတစ်ကြော်နေပြီ။
ယမ်းစိမ်းကင်
သေဒဏ်ပေးခံလိုက်ရတဲ့နို့မှုန့်ထဲ မယ်(လ်)မင်းရောတဲ့ တရုတ်က သက်ကြီးရွယ်အိုလင်မယားခမျာ မြန်မာပြည်မှာ လူဖြစ်တာ အရတော်လေစွလို့ တဖွဖွပြောသွားခဲ့ရှာမှာ။ အသားတွေ ငါးတွေကင်ဖို့ အသားကင်အတွက် ယမ်းစိမ်းဆိုတာမျိုးကလည်း ကင်ဆာဖြစ်မယ့်အမျိုးအစားပဲရှာဖွေပြီးသုံးပေးတယ်။ အကင်တွေက ဖရီးရာဒီကယ်လ်များပြီးသားကို ယမ်းကလည်း ဖြစ်ကတက်ဆန်းဆိုတော့ ကျန်းမာရေးနဲ့ လွှတ်ကိုညီညွတ်တော့တာပါပဲ။ မြန်မာပြည်တွင်လုပ်သည်။
ပိုးလောက်လန်းရေသန့်ဗူး
ရေသန့်ဗူးထဲမှာ ပိုးလောက်လန်းလေးတွေ မွေးထားတာမျိုးကိုလည်း မြန်မာပြည်မှာလုပ်သည်။ ဗူးတွေက ရေညှိတတ်နေတဲ့ရေသန့်ဗူးတွေကိုလည်း ဦးဆွေးဆံမြည့်သုံးတယ်။ ရေသန့်ရောင်းတဲ့သူကလည်း သူ့ဗူးတွေကို
ရာသက်ပန်ရိုးမြေကျသုံးစွဲတယ်။ အဲဒါကမထူးဆန်းသေးဘူး။ အဲဒီရေသန့်ကုမ္ပဏီ အိုင်ဆက်အို လက်မှတ် ရသွားလေသတည်းကမှထူးဆန်းတာ။ မယုံမရှိနဲ့ … မြန်မာတွေက ပါရမီရှုင်တွေချည်းပဲ။ ပါရမီသေတစ်ယောက်မှမပါဘူး။
သတင်းစာ ရေစိမ်
အိမ်မှာသတင်းစာရောင်းတိုင်းစိတ်ညစ်ရတယ်။ ကိုယ့်ဘာသာကိုယ် မရောင်းခင်ချိန်ကြည့်ရင် လေးပိဿာလောက် ရှိရာကနေ သူတို့ချိန်ရင် နှစ်ပိဿာကကိုမတက်ဘူး။ အဲဒါနဲ့ ကိုယ့်ကိုယ်ကို အင်ဂျင်နီယာကောင်း မပီသဘူးတော့အထင်မခံနိုင်ဘူး။ သူ့အလေးတစ်ပိဿာကိုတောင်းပြီး ကိုယ့်အလေးနှစ်ပိဿာနဲ့ချိန်ပြလိုက်တယ်။ တွေ့လား .. မင်တစ်ပိဿာက ငါ့နှစ်ပိဿာရှိတယ် ပိုက်ဆံတိုးပေးမလား အားလုံးပြန်ထုတ်မလားဆိုမှ တိုးပေးတယ်။ နောက်တစ်ခါကြတော့ သူလည်း ညာလို့ကောင်း၊ ကိုယ်လည်း အချင်းမများရအောင် သတင်းစာတွေကို ရေစိမ်ထားရတယ်။ မြန်မာပြည်တွင်လုပ်သည်။
ဆီကို ရေထိုး ၊ ဘိလပ်မြေ ကျစ်စာခဲရော
အော်မေ့တော့မလို့ … ဆီကို ရေထိုးတဲ့ကိစ္စရှိသေးတယ်။ ညဘက် ဓာတ်ဆီလမ်းမှာထည့်ရင် တစ်ဂါလံထည့်ရင် ဂါလံဝက်လောက်ပဲပါတယ်။ ဂါလံခွက်ကိုက လုပ်ထားတာ။ ဒီထက်နားလည်တဲ့ငနဲတွေကြတော့ ဓာတ်ဆီကို ရေနွေးနဲ့ရောပြီးရောင်းတာရှိသေးတယ်။ ကြုံဖူးသူများ သိကြမှာပါလေ။ မြန်မာတွေရဲ့ ထိုးထွင်းဉာဏ်နဲ့ ပြည့်စုံမှုမှာတော့ စံထားလောက်တယ်မဟုတ်ပါလားခင်မျာ။ ဘိလပ်မြေကို ကျစ်စာခဲရော ပါကင်ပြန်ပိတ် …. ဒါလည်းမြန်မာပြည်တွင်လုပ်သည်။
မြေမှုန့် သနပ်ခါး
သနပ်ခါးထဲ မြေမှုန့်ရောတာလည်းရှိသေးတယ်။ မြေကြီးဝယ်ထားတာတင်မနည်းဘူး။ ရောဖို့ဆိုပဲ။ အင်မတန်ကြီးကျယ်တဲ့အမြော်အမြင်ပေတကား။ မြန်မာပြည်တွင်လုပ်သည်။
သနပ်ခါးအတုလည်းရှိသေးတယ်။ ကြက်ဥအတုထုတ်တဲ့ တရုတ်တွေကို သနားတာပေါ့။ သွေးကြည့်ရင် သနပ်ခါးအနံ့တောင်ထွက်သေးတယ်။ အပေါ်ယံလေးမှာ မည်သို့မည်ပုံလုပ်လိုက်သည်မသိ၊ သနပ်ခါးအနံ့ထွက်လေသတည်းတွေပဲ။ မြန်မာပြည်တွင်လုပ်သည်။ မြန်မာတွေလုပ်တတ်တာအများကြီးရှိသေးတယ်။
ဘယ်သူရှာဖွေစုဆောင်းထားတာလဲ မသိဘူး။ မှတ်သားလောက်ပါတယ်…….မိတ်ဆွေတို့လည်း Made in Myanmar ထဲက ဘာတွေ ကျန်သေးလဲဆိုတာ ဝိုင်းဖြည့်ပေးလိုက်ပါအုံး……
ကားခုံတွေပြင်တယ်
ဂျပန်တို့ ကိုရီးယားတို့ ဆီက ကားတွေရောက်လာတုန်းက ထိုင်ခုံတွေက 45 ခုံပါ။ ခုံတွေနဲနဲပြန်ကျဉ်း၊ နဲနဲညာညှိလိုက်တယ်။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျတော့ 85 ခုံတွေဘာတွေ ဖြစ်ကုန်ပါတယ်။ တို့များနိုင်ငံမှာ အရေးပေါ်ကိစ္စ လည်း မရှိလေတော့ အရေးပေါ်ထွက်ပေါက် များကိုလည်း ခုံနဲ့ ပိတ်ပစ်ကြပါတယ်။ ဒါနဲ့ပဲ ခရီးသည်များခမျာ ကားစီးရင် ဒူးထောင်စီးရတာတို့ ဖင်တစ်ခြမ်း ထိုင်ရတာတို့တွေ ဘာတွေ ဖြစ်လာပါတယ်။ လိုင်းကားဆိုတာမျိုးကလည်း ဂတ်စ်အိုးထားရဖို့ အဓိကဆိုတော့ လူက ဘယ်လိုထိုင်ထိုင်..ရတယ်မဟုတ်လားဗျာ။ မြန်မာပြည်တွင်လုပ်ပါသည်။
ဝါးပိုးဝါး နဲ့ ဆလပ်လောင်း
လွန်ခဲ့သောနှစ်များဆီက .. ဆောက်လက်စ အဆောက်အဦးတစ်ခုကို ဝင်စစ်တော့ တိုက်အလည်တိုင်တွေမှာ သံချောင်းတွေ ရှိရမယ့် အစား ဝါးပိုးဝါးတွေခံပြီး ဘိလပ်မြေလောင်းတာတို့ အောက်ခံ ဆလပ်လောင်းတော့လည်း သံချည်သံကွေးမလုပ်ပဲ ဝါးပိုးဝါးနဲ့ ဆလပ်လောင်းတဲ့ နည်းပညာသစ်ကို အသုံးပြုနေတာကို တွေ့ရပါသတဲ့။ ဒါနဲ့ ကမ္ဘာကို ဒီနည်းပညာသစ်ချပြဖို့ မဝံမရဲ ဖြစ်နေသေးတာကြောင့် ကန်ထရိုက်ကို အစိုးရ အစောင့်အရှောက်နဲ့ ထားပြီး ဆက်လက်လေ့လာနေကြပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်။
ဘီစကစ်အမှုန့် ကွေကာအုတ်
ကွေကာအုတ် ဆိုတာကို တရင်းတနှီး ဖြစ်နေကြပြီးတဲ့ ကိုယ်တို့အတွက်ကတော့.. ဘီစကွတ်ကွေကာအုတ် ဆိုတာကလည်း ဒီကနည်းပညာပါပဲ.. oat ဆိုတဲ့ ဂျုံနဲ့ လုပ်ရမယ့် ကွေကာအုတ်ကို ရွှေမြန်မာအချို့က ဘီစကွတ်စက်ရုံက အကျိုးအပဲ့ မုန့်အစတွေ ဝယ်ပြီး နိုင်ငံတကာအဆင့်မီ ကွေကာအုတ် ထုတ်ပါသတဲ့။ ကောင်းလေစွ ။
အုန်းဆံခွံ ခြင်ဆေးခွေ
တစ်ခါကဈေးထဲမှာ အုန်းဆံဖတ်တွေ ကားလိုက်လာလာဝယ်လို့ ဘာလုပ်ဖို့တုန်း တိုးတိုးတိတ်တိတ် စုံစမ်းကြည့်တော့ ခြင်ဆေးခွေ ထုတ်ဖို့အတွက် အဓိက က အုန်းဆံဖတ်ဖြစ်ပါသတဲ့။ အုန်းဆံဖတ်မီးရှို့မှတော့ ခြင်ပြေးတာ မဆန်းပါဘူးလို့ပဲပြောချင်တယ်။
နွားနို့တစ်ရူးဖတ်
နွားနို့ ထဲကို ရေရောတာကို မပြောတော့ဘူး။ နွားနို့သောက်ဖူးကြတယ်မဟုတ်လား ။ အဲဒီနွားနို့ ထဲမှာ မလိုင်ဖတ်ကလေးတွေ ပါတယ်လေ။ မလိုင်ဖတ်မပါရင် မသောက်ချင်တဲ့ သူတွေ ၊ နွားနို့ အစစ်လို့ မထင်သူတွေအတွက် မလိုင်ဖတ်အတုပေါ့ဗျာ။ နွားနို့သောက်ချင်စိတ်လည်း ပျောက်ရင်ပျောက်သွားလိမ့်မယ်။ တစ်ရူးလိပ်အဖြူတွေကို ကျစ်ပြီး ဖဲ့ပြီး နွားနို့ထဲထည့်ပါသတဲ့။ မြန်မာပြည်တွင် လုပ်ပါသည်ဗျာ။ သာကီဝင် ရွှေမြန်မာတွေပါ။
ဖွဲနုငရုတ်သီးမှုန့်
ဟယ် .. ဒီငရုတ်သီးအနုမှုန့် ကဘာမှလည်း အရသာမရှိပါ့လား…. အရောင်ထွက်တာပဲရှိတယ်…
မှုန့်နေတာပဲ ဆိုရင်တော့ ငရုတ်သီးမှုန့် အရသာခံမနေပါနဲ့ ..ဖွဲအရသာကိုုသာ မြည်းကြည့်ပါတော့လို့ပြောချင်ပါတယ်။
ပုံနှိပ်စာအုပ်အတု
ဟုတ်ကဲ့ ….. ဒါကတော့ .. ပြဌာန်းစာအုပ်တွေ အပြင်ရောက်နေတဲ့ ဈေးကွက်တစ်ခုပါ.. လူကြုံမှာတာနဲ့ တစ်ခါဝယ်ပေးဖူးတယ်..ကျောင်းက စာအုပ်က ခွဲတမ်းနဲ့ ရတာမလို့တဲ့.. ကလေးက ဖတ်စာအုပ်မရဘူးတဲ့ (ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီး တည်ဆောက်မလို့ဟာကိုကွာ …. တောက်… ဖတ်စာအုပ်မရှိတာနဲ့ မဆောက်လိုက်ရဘူး ) ဤကား စကားချပ်……….
ဝယ်ခဲ့ပေးဆိုတာနဲ့ ဝယ်ဖူးတယ်.. ဈေးကလဲကောင်း စာရွက် အသား ကလဲကောင်း .. အပြင်က စာအုပ်က ပိုကောင်းနေတယ်..ဟ ဆိုတော့ ရောင်းတဲ့လူက အတုမို့ လို့ ကောင်းတာပါတဲ့ဗျာ………
မျှဝေလိုက်ပါသည်
Posted by ပြတိုက်သူလေး on January 8, 2011 at 7:30pm
alinsett
September 30, 2011 at 5:58 pm
ကိုယ် ကတော့ ချစ်လွန်းလို ့လား..=ဘာလားတော့မသိ..ဒီတိုင်းပြည်ထဲ..နေရတာကို တော်တော်.စိတ် ညစ်နေပြီ။
ထွက်တောင်ပြေးချင်နေတာ..။
ဘာပဲ.ပြောပြော ..မနော ပြောသလို ချစ်ပါသည်…ပါပဲ။
windtalker
September 30, 2011 at 6:59 pm
ဗမာပြည် ကို ချစ်ရမယ်လေ
ဗမာ တွေ က
တော်ရုံတန်ရုံ ဆို
ခွင့်လွှတ်ကြတာမို ့
….