အသက်မဲ့တဲ့ အသံမဲ့ ခံစားချက်တွေ
ကျွန်တော်တို ့မကွေးဆေးကျောင်းရဲ ့စာသင်ဆောင် Gallery တွေထဲက ထိုင်ခုံတွေ၊စာတင်ခုံများ၏အသံမဲ့ခံစားချက်တွေပါ။ဖတ်ကြည့်ပေးကြပါဦး။
ကျောင်းမဖွင့်ခင်ရက်တော်တော်ကြာကတည်းကကျောင်းမြေကိုကျွန်တော်ရောက်နေခဲ့ပါတယ်။ကျွန်တော်ဟာကျောင်းသားကျောင်းသူ အသစ်လေးတွေနဲ ့
တွေ ့ရမယ့်ရက်ကိုလက်ချိုးရေတွက်ရင်းစောင့်နေခဲ့ပါတယ်။သူတို ့တွေ ကတက်ကြွလန်းဆန်းနုသစ်နေတဲ့အရွယ်၊လှချင်နေတဲ့အရွယ်ဆိုတော့သူတို ့အနားမှာဆိုရင် ရေမွှေးနံ ့တွေ၊ပေါင်ဒါနံ ့တွေ၊ခေါင်းလိမ်းဆီနံ ့တွေမွှေးကြိုင်နေမှာပေါ့။ဒါပေမယ့် ခုတော့ကျွန်တော်က ကျောင်းဆောင်သစ်ဆောက်လုပ်ရေးသမားကြီးတွေရဲ ့ချွေး
နံ ့တွေကြားမှာ———–
ဒီလိုနဲ ့ဘဲ ကျောင်းဖွင့်တဲ့နေ ့ကိုရောက်လာခဲ့ပါပြီ။ကျွန်တော့်ကိုGallery
ရဲ ့နောက်ဆုံးမှာနေရာချထားပေးလို ့ဝင်လာတဲ့ ကျောင်းသားကျောင်းသူအားလုံးကိုမြင်နေရပါတယ်။
ဟော. ရေမွှေးနံ ့လေးကသင်းနေတာဘဲ။အတော်ဈေးကြီးမယ့်ပုံပဲ။ဒေါက်ဖိနပ်သံလည်းကြားတယ်။ဘုရားသိကြားမ, လို ့အဲဒီ
ကောင်မလေး ကျွန်တော့်အနားမှာထိုင်ပါစေဗျာ။
ကျွန်တော့်ဆုတောင်းလေးမပြည့်ခဲ့ပါဘူး။သူမက ရှေ့တန်းမှာ သွားထိုင်လိုက်လို ့ပါ။
ဟော—-နောက်တယောက်လာပြန်ပြီ။ဒီတယောက်ကဆံပင်စုတ်ဖွာ
နဲ ့(ခေါင်းမဖီးခဲ့ရဘူးထင်ပါတယ်)။အကျီႌကလည်းကြေလို ့။မျက်နှာသစ် သွားတိုက်တောင်မနည်းမီအောင်လုပ်ခဲ့ရတဲ့ပုံပေါက်တယ်။ဒီလိုလူမျိုးကိုတော့ကျွန်တော့်အနားမှာမထိုင်စေချင်ပါဘူး။ဒါပေမယ့် ဘသားချောကကျွန်တော့်အနားမှာပဲ ဒုန်းကနဲ ဆောင့်ထိုင်ချလိုက်တယ်။ကျွန်တော့် ကျောတွေရင်တွေတောင်အောင့်သွားသလိုဘဲ။
“အမေတို ့ကလည်း မတက်ချင်ပါဘူးဆိုနေ. အခုတော့အိပ်ရေးပျက်ရပြီ”တဲ့။ဟောဗျာ.
သူ ့ဘဝအတွက် ကောင်းဖို ့လုပ်ပေးတဲ့မိဘကိုပဲအပြစ်တင်နေရသေးတယ်. ။
ဒီလိုနဲ ့ဘဲ ကျောင်းတက်ရက်တွေကိုကျော်ဖြတ်လာခဲ့ရတယ်။စာလိုချင်တဲ့လူတွေက ကျွန်တော့်အနားမှာသိပ်မထိုင်ချင်ကြပါဘူး။မမြင်ရမှာစိုးလို ့တဲ့လေ။နေရာမရမှထိုင်ကြတဲ့လူတွေများပါတယ်။စာကိုသိပ်စိတ်မဝင်စားတဲ့ကောင်လေးတ
ချို ့လည်းကျွန်တော့်အနားမှာရှိလေရဲ ့။
နှစ်လယ်ပိုင်းကို ကျော်လာတော့ကျွန်တော့်အနားမှာ စည်စည်ကားကားဖြစ်လာပါတော့တယ်။ကျွန်တော့်နေရာဟာအတွဲတွေအများဆုံး ထိုင်တတ်တဲ့နေရာပေါ့။သူတို ့ပျော်မြူးနေတဲ့ချိန်မှာ. ကျွန်တော်လည်းကြည်နူးရပါတယ်။သူတို ့ရန်ဖြစ်ပြီးစိတ်ဆိုးစိတ်ကောက် နေချိန်တွေမှာတော့ ကျွန်တော့်ကိုယ်ပေါ်ကိုဓါးတွေ နဲ ့လှီးကြတယ်။
ခုတော့ ကျွန်တော့်ကိုယ်ပေါ်မှာဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ ့။ကျွန်တော်လည်း ကျွန်တော့်ကိုယ် ကိုလှစေချင်တာပေါ့။ဒါပေမယ့် ကျွန်တော်ကပြောလည်းမပြောနိုင်. လုပ်လည်းမလုပ်နိုင်ဆိုတော့. သူတို ့ပြ ုသမျှနုနေရတာပေါ့——–
နောက်ပြီး. သူတို ့ကဘာရယ် လို ့မှမဟုတ်ဘဲလျှောက်ရေးတဲ ့ correction ရာတွေကလည်းရှိသေးရဲ ့။ဒါတွေကိုဘယ်သူတွေကဘယ်လိုပြင်ပေးနိုင်မှာလဲ။ပြင်နိုင်တယ်ဆိုပေမယ့်လည်းနဂိုတိုင်းမှပြန်မဖြစ်နိုင်တော့ပါဘူး။
ဒါတွေ ဟာဖြစ်မြဲတရားတွေမို ့ဘယ်သူ ့ကိုမှအပြစ်မတင်ပါဘူး။ဒါပေမယ့်ပြောခွင့်ရရင်. ကျွန်တော်ပြောချင်တာကတော့“ကျွန်တော့် အဖြစ်ကိုသနား ပါဗျာ” လို ့——။
ဒါပေမယ့်ဘယ်လိုမှ စကားပြောလို ့မရတဲ့ဘဝ၊လူတွေကသက်မဲ့လို ့သတ်မှတ်ထားတဲ့ခုံတခုံမို ့ကျွန်တော်ကတော့. ဒီဘဝဒီသံသရာထဲမှဲပဲ ဓါးနဲ ့ထိုးခံ၊correction နဲ ့အရေးခံနေရဦးမှာပါ။——–
6 comments
mgmglusoe
October 1, 2011 at 1:39 pm
ကျောင်းတော်ကြီးကို လွမ်းပါသည်။
ကျောင်းတော်ကြီးကို ခွဲခါွခဲ့ရ ၁၆ နှစ်ကြာမြင့်ခဲ့ရပေပြီ။
ဂျပ်ဆင်ထိပ်က လရိပ်ပြာ နဲ့လည်း အလှမ်းဝေးကွာခဲ့ရသည်။
အဆောင်သူလေးတွေကိုလည်း သတိရ မိနေတော့ချေပြီ။
yetazar
October 1, 2011 at 1:43 pm
လမ်းကလေး …..
တွဲလက်တစ်စုံ ..
သံယောဇဉ်မျက်ဝန်းတွေ …….
ဆွေးရင့်ရင့်ဥဩသံနဲ့အတူ
သစ်ပုတ်ပင်ကြီး
မျက်ရည်တွေနဲ့ရှင်သန်နေလေရဲ့ ………. ။
windtalker
October 1, 2011 at 1:43 pm
မီးမီးသော် တစ်ယောက်
သူ ့အဖြစ်ကို သူ
ဖော်နေပါပြီ
မကွေးဆေး မှ
မော်ကွန်းထိန်းကြီးရေ
တွေ ့ပြီ တွေ ့ပြီ
သူပဲ..သူပဲ
မောင်သန်းထွဋ် ဦး
October 1, 2011 at 11:40 pm
oh! I’m not concern Mg Pae in this case.It is my old feelings but it is stiil fresh in my mind,
mgmglusoe
October 1, 2011 at 11:52 pm
I think i’ve got a cold.And i’ve got a headache. I have got a temperature.
So i want to see the doctor.
မောင်သန်းထွဋ် ဦး
October 2, 2011 at 10:56 am
အသက်မဲ့ပေမယ့် စာတင်ခုံလေးနေရာက ဝင်ခံစားပြီး ရေးလိုက်တဲ့ခံစားချက်ဖြစ်သွားတာ
ပေါ့။ကျွန်တော်တို ့နောက်ဆုံးနှစ်ကနေ
ဟိုး ပထမနှစ်ကျောင်းသားတွေထိ ကျောင်းစာသင်ချိန်ပြေးလိုသူ၊အိပ်ငိုက်လိုသူ တွေက နောက်ဆုံးတန်းကခုံတွေကိုရွေးကြတယ်လေ။အဲဒါလေးကို
သွားသတိရမိလို ့ပါနော်။တခြားတော့ မရှိပါဘူး။